အခန်း (၃၁၉)
Vol. 22 Ch. 319
အသက်ရှုကြိမ်အနည်းငယ်ကြာပြီးနောက်
အဆုံးမဲ့ပင်လယ်၏ နက်ရှိုင်းသောနေရာ၌ ခမ်းနားထည်ဝါစွာတည်ရှိနေသည့် ကျောက်စိမ်းခန်းမ တစ်ခုကိုလှမ်းမြင်လိုက်ရသည်။ ၎င်းက ရှေးဟောင်းခေတ် တော်၀င်ပင်လယ်သားရဲများ၏ ခန်းမဖြစ်ပေသည်။
ဤသို့ဖြင့် ရှန်တောင် တံခါး၀ဆီသို့ရောက်လာ၏။ လက်ရှိအချိန်တွင် တော်၀င်ခန်းမအတွင်းသို့ ကောင်းကင်ဘုရင်အဆင့် ဘိုးဘေးများ ပြန်မရောက်ကြသေးသော်လည်း စစ်မျက်နှာအသီးသီး၌ တာ၀န်ကျနေသူများ ပြန်ရောက်နေကြချေပြီ။
သူတို့အမူအရာက အလွန်မာနကြီးပြီး မောက်မာဟန်ရ၏။
“ ရှန်ကျူးလျိုရဲ့ ဦးဆောင်မှုအောက်မှာ နန်ကျိုးအရှေ့ပိုင်းက လူသားတွေ ရှုံးနိမ့်သွားခဲ့ပြီ…”
ထိုစကားအားကြားလျှင် ရှန်ကျူးလျိုက အောင်ပွဲခံဟန်ပြုလိုက်သည်။
“ အရှေ့ပိုင်းနယ်မြေမှာ ဒေသ (၄၀)ရှိတယ်… ငါက (၁၈)ခုကို ဆက်တိုက်သိမ်းပိုက်ခဲ့ပြီးပြီ…”
ထိုစကားထွက်လာသည်နှင့် ပတ်၀န်းကျင်တစ်ခုလုံး ခေတ္တတိတ်ဆိတ်သွား၏။ သူတို့အားလုံး မြင့်မြတ်အဆင့်မှလူများဖြစ်ကြပြီး နန်ကျိုးကို တိုက်ခိုက်ရာတွင် ဦးဆောင်နေကြသူများဖြစ်သည်။
သို့သော် ဒေသ(၁၈)ခုအား ဆက်တိုက်သိမ်းပိုက်နိုင်ခြင်းက အလွန်ကြောက်မက်ဖွယ်မှတ်တမ်းတစ်ခုဖြစ်ကြောင်း နားလည်ကြ၏။
အရှေ့ပိုင်းနယ်မြေ၏ ထက်၀က်ကို သိမ်းပိုက်ထားပြီးပြီဟု ယူဆနိုင်သည်။
“ ကောင်းတယ်… မဆိုးဘူး…”
မြင့်မြတ်အဆင့် နံပါတ်(၁)၏ ချီးကျူးစကားကိုကြားလိုက်လျှင် ရှန်ကျူးလျို အံ့အားသင့်သွားပြီး ခေါင်းညိတ်လိုက်သည်။
မြင့်မြတ်အဆင့် နံပါတ်(၁)မှ လူက ကောင်းကင်ဘုရင်အဆင့်အောက် ပင်လယ်သားရဲများအားလုံး ခေါင်းဆောင်ဖြစ်ပြီး မျိုးဆက်သစ် တော်၀င်ပင်လယ်သားရဲများကြား အသန်မာဆုံးဖြစ်၏။
ထိုလူက ရှန်ကျူးလျိုအား ချီးကျုးစကားဆိုလိုက်သည်ကိုမြင်လျှင် ကျန်သူများ စတင်ပူပန်လာကြသည်။
“ အဲ့တာက အရမ်းကောင်းတာအမှန်ဘဲ… ဒါပေမယ့် ငါ့အောင်မြင်မှုကလည်း မဆိုးပါဘူး….”
ရှန်ဒေါင်က ပြုံးပြီး ရှေ့တစ်လှမ်းတိုးကာ ပြောလိုက်သည်။
“ ငါက အထောက်အပံ့အဖြစ်နဲ့ နန်ကျိုး အဓိကဒေသတွေကို လှည့်ပတ်သွားခဲ့ပြီးတော့… လူသားတော်တော်များများကို သတ်ခဲ့တယ်.. အဲ့အထဲမှာ လူသားဘုရင်အဆင့်က တစ်ယောက်တောင်ပါသေးတယ်….”
ထိုစကားအားကြားလျှင် ကျန်တော်၀င်ပင်လယ်သားရဲများ ပိုပြီးစိတ်ပူလာကြ၏။
အပြာရောင်အကြေးခွံများနှင့် မြင့်မြတ်အဆင့် နံပါတ်(၁)မှ တော်၀င်ပင်လယ်သားရဲက ပြုံးလျက် ခေါင်း တစ်ဆတ်ဆတ်ညိတ်လိုက်သည်။
သူ၏ နာမည်က ရှန်စီဒေါင်ဖြစ်ပြီး တော်၀င်ပင်လယ်သားရဲများအကြား သွေးအသန့်စင်ဆုံးလူဖြစ်ကာ ပင်လယ်ဘုရင်နှင့် အနီးစပ်ဆုံးဖြစ်သည်။
သူက အလွန်သန်မာရုံမျှမက တွေးခေါ်နိုင်စွမ်းလည်းကောင်းသည်ဖြစ်ရာ ကောင်းကင်ဘုရင်အဆင့်အောက်မှ လူများအား ဦးဆောင်သူအဖြစ် သတ်မှတ်ခံခဲ့ရ၏။
ယခုအချိန်တွင် အစီအရင်ခံမှုများကြောင့် နန်ကျိုးမှ လက်ရှိတိုက်ပွဲအခြေအနေအား အကြမ်းဖျင်း သဘောပေါက်နေချေပြီ။
လက်သီးအား တင်းကြပ်စွာ ဆုပ်ထားမိလိုက်သည်။
ခမ်းနားသော အောင်ပွဲ…!
အဆုံးမဲ့ပင်လယ် မဟာမိတ်၏ ပထမအဆင့် ထိုးစစ်အောက်တွင် နန်ကျိုးက အကျဘက်ရောက်နေချေပြီ။
သူတို့ဘက်မှ အလေးသာနေမှုကြောင့် ရှန်စီဒေါင်၏ နှလုံးများ ပြင်းထန်စွာခုန်ပေါက်လာပြီး နန်ကျိုးအား ချက်ချင်းသွားသိမ်းလိုစိတ်များပင် ဖြစ်ပေါ်လာ၏။
“ ဒါနဲ့ တောင်ပိုင်းတပ်ဖွဲ့ကရော…”
ရှန်စီဒေါင် အလွန်စိတ်အခြေအနေကောင်းနေသဖြင့် ပြုံးရွှင်စွာမေးလိုက်သည်။
လူတိုင်း နောက်လှည့်ကြည့်လိုက်လျှင် ခေါင်းငိုက်စိုက်ကျကာရပ်နေသော ရှန်တောင်အား တွေ့လိုက်ရသည်။ သူ့နာမည်အား ကြားလိုက်သောကြောင့် ရှန်တောင် ခေါင်းမော့ကြည့်လိုက်၏။ သူ့အမူအရာက ကျန်လူများနှင့် ကွဲထွက်နေသည်။
ရှန်စီဒေါင် တစ်စုံတစ်ခုအား ခံစားမိလိုက်ပြီး မျက်၀န်းများ မှေးကျဉ်းသွား၏။
“ ရှန်တောင်… တောင်ပိုင်းနယ်စပ်က အားလုံးထဲမှာ အားအနည်းဆုံး ဖြစ်သင့်တယ်မဟုတ်ဘူးလား…”
ထိုစကားအားကြားလျှင် ရှန်တောင်တစ်ကိုယ်လုံး တုန်ခါသွား၏။
ထို့နောက် လူအုပ်ကြီးအား မှုန်မှိုင်းနေသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ ငါ… ရှုံးနိမ့်ခဲ့တယ်….”
ထိုစကားအားကြားသည်နှင့် ပတ်၀န်းကျင်တစ်ခုလုံး ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် ကျယ်လောင်စွာ ဟားတိုက်ရယ်မောသံများ ထွက်ပေါ်လာ၏။
“ ဟားဟားဟား… ရှန်တောင်.. သူ ရှုံးနိမ့်ခဲ့တယ်လို့ ပြောလိုက်တာလား….”
“ သူက တောင်ပိုင်းတပ်ဖွဲ့ကို ဦးဆောင်တာမလား… တောင်ပိုင်းနယ်စပ်က နန်ကျိုးရဲ့ အားအနည်းဆုံးအပိုင်းလေ…”
“ သူ ဘယ်လိုတောင် ရှုံးခဲ့တာလဲ… စိတ်ဓာတ်ကျနေတဲ့ မျက်လုံးတွေနဲ့ အမှိုက်ကိုကြည့်ဦး… ဟားဟားဟား….”
မြင့်မြတ်အဆင့်တွင်ပါ၀င်သူတိုင်း ကိုယ်စီသန်မာသူများဖြစ်ကြပြီး နံပါတ်(၁)မှလွဲလျှင် အချင်းချင်း လိုလိုချင်ချင်လက်ခံကြသူများမဟုတ်ပေ။
ဒီနေ့ မင်းငါ့ကို နိုင်သွားတာလား… နောက်နေ့ မင်းကို ပြန်အနိုင်ယူမယ်…!
ဤသို့ဖြင့် အချင်းချင်း အဆက်အပြတ် ယှဉ်ပြိုင်နေခဲ့ကြ၏။
ယခုတွင် ရှန်တောင်က သူ့ဟာသူ ချောက်ကမ်းပါးထိပ်ရောက်သွားခြင်းပင်။
“ မြင့်မြတ်အဆင့်က ကျန်လူတိုင်း အနိုင်ရခဲ့တာကို မင်းက ဘယ်လိုလုပ်ပြီး ရှုံးသွားတာလဲ…”
ရှန်ကျူးလျို၏ နှုတ်ခမ်းထောင့်စွန်းတွင် လှောင်ပြုံးတစ်ခုရှိနေပြီး ရှန်တောင်အား အထင်းသေးစွာကြည့်လိုက်၏။
“ ဘယ်လို အမှိုက်ပါလိမ့်…”
အားလုံးထဲတွင် ရှန်တောင် တစ်ယောက်တည်းသာ ရှုံးနိမ့်ခဲ့သည်။ ၎င်းက အမှိုက်ဟုခေါ်ဆိုခံရရန် တိုက်တန်၏။
တော်၀င်ပင်လယ်သားရဲများအနေဖြင့် တစ်ချိန်တုံးက ကျွန်ဖြစ်ခဲ့သူများ ထံတွင် အဘယ်ကြောင့် ရှုံးနိမ့်ရမည်နည်း။
၎င်းက တော်၀င်ပင်လယ်သားရဲများအတွက် အရှက်ရမှုကြီးဖြစ်သည်။
“ အမှိုက်ကောင်…”
ရှန်တောင် အလွန်ရှက်ရွံ့သွား၏။ လူတိုင်း၏ အထင်သေးသောအကြည့်များအောက်၌ တွင်းတူးပြီး ပုန်းနေချင်စိတ်များပင် ဖြစ်ပေါ်လာသည်။
“ ရွှမ်ယီ.. သူက အရမ်းသန်မာလွန်းတယ်….”
ထိုသို့ပြောလိုက်စဉ် ရွှမ်ယီ၏ ဓားချက်အား ပြန်မြင်ယောင်လာပြီး ရှန်တောင် တစ်ကိုယ်လုံး တုန်ယင်သွား၏။
ထိုတိုက်ခိုက်မှုက လူသားဘုရင်အဆင့်မှ မည်သူမဆိုး တာဆီးနိုင်သည့်အရာ မဟုတ်ပေ။
ရွှမ်ယီကို ရှုံးနိမ့်ခဲ့ခြင်းမှာ သူအားနည်းသောကြောင့်မဟုတ်ချေ။ ထို ရွှမ်ယီက လူမဆန်သောကြောင့်သာဖြစ်၏။
ထို့ကြောင့် အထင်သေးခံရချိန်၌ မနေနိုင်ဘဲ မိမိကိုယ်ကိုယ် ကာကွယ်ပြောဆိုလိုက်သည်။
“ အိုး… အရမ်း သန်မာတာလား…?”
သို့သော် ပြန်လည်ရရှိလိုက်သည်က ကျန်သူများ၏ ဒေါသတကြီး တုန့်ပြန်မှုများသာဖြစ်၏။
ဤနေရာ၌ ရှိနေသူများမှာ တော်၀င်ပင်လယ်သားရဲများအကြားမှ အစွမ်းထက်ဆုံးသူများဖြစ်ကြသည်။ ကိုယ်စီ အလွန်သန်မာကြ၏။
ယခု ရှန်တောင်က သူတို့ကြောက်ရမည့် အရမ်းအစွမ်းထက်သူတစ်ယောက်ရှိသည်ဟု ပြောလိုက်သလော…?
“ မင်းပြောပုံအရ သူက အရမ်းသန်မာတယ် ဆိုပါတော့… ဘယ်လိုစွမ်းအားတွေရှိလဲ ပြောပါဦး…”
ရှန်စီဒေါင်က လက်ဝှေ့ယမ်းလိုက်လျှင် အားလုံးတိတ်သွားကြ၏။
ရှန်စီဒေါင်အပါအ၀င် လူတိုင်းမျက်လုံးများ ရှန်တောင်အပေါ်သို့ ကျရောက်နေသည်။
နန်ကျိုးတွင် လူသားဘုရင်အဆင့်ဆိုပြီးရှိကြောင်း သူတို့သိထားကြ၏။ ရွှမ်ယီက အလွန်သန်မာသည်ဆိုလျှင် ထိုစာရင်းထဲ၌ အဆင့်တော်တော်လေးမြင့်ရမည်။ လူသားများအကြားတွင်လည်း အစွမ်းထက်သူများရှိသေးကြောင်း သူတို့နားလည်ထားကြ၏။
“ သူ့နာမည်က ရွှမ်ယီ… လူသားဘုရင်အဆင့်မှာ (၉)ယောက်မြောက်ပဲ….”
ရှန်တောင်၏ မျက်နှာက အလွန်ပျက်ယွင်းနေပြီး သူ့စကားက လူတိုင်းကို အံ့ဩသွားစေသည်။
ရှန်စီဒေါင်၏ မျက်၀န်းထဲတွင်လည်း မယုံကြည်နိုင်မှုများ ယှက်သန်းသွားပြီး ရှန်ဒေါင်အား ဂရုတစိုက်ကြည့်နေလေသည်။
ရှန်တောင်၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများနှင့် အသက်ရှုသံ မူမမှန်ခြင်းသာမရှိလျှင် ရှန်တောင်၏ စွမ်းအားကို သံသာ၀င်မိကြပေလိမ့်မည်။
လူသားဘုရင်အဆင့်ဇယားမှ နံပါတ်(၉)အား မည်သို့ရှုံးခဲ့ရသနည်း။
“ အမှိုက်ပဲ…”
ရှန်ဒေါင်က အထင်သေးစွာပြောလိုက်၏။