အခန်း (၃၂၂)
Vol. 22 Ch. 322
ထိုအချိန်တွင် တောင်ပိုင်းနယ်စပ် အထက်ကောင်းကင်ယံတွင်…
ပေ(၁)ရာကျော် ရှည်လျားကျယ်ပြန့်သည့် စိတ်ဝိညာဉ်ဖန်သားပြင်တစ်ခုပေါ်လာသည်။
၎င်းအတွင်း အစွမ်းထက်ကျင့်ကြံသူတစ်ဦး၏ ပုံရိပ်လည်း ထွက်ပေါ်လာ၏။
ထိုမြင်ကွင်းက နန်ကျိုး၏ နယ်မြေ(၄)ခုလုံးတွင် ပေါ်နေခြင်းပင်။
ထိုလူထံမှ တောင်ကြီးတစ်လုံးကဲ့သို့ အရှိန်အဝါများ ဖြာထွက်နေသည်။ ၎င်းက စိတ်ဝိညာဉ်ပုံရိပ်တစ်ခုဖြစ်သည့်တိုင် လူများအား ဖိအားပေးနိုင်စွမ်းရှိနေ၏။
ရွှမ်ယီလည်း ခေါင်းမော့ကြည့်လိုက်သည်။
၎င်းက ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည့်အပြင် ကောင်းကင်ဘုရင်များအကြား၌ပင် အလွန်အစွမ်းထက်သူဖြစ်၏။
“ အဲ့တာ လူသားညွန့်ပေါင်းတပ်ဖွဲ့ကြီးက ထိပ်တန်း ကောင်းကင်ဘုရင် ကျောင်းကျီပဲ….”
တစ်စုံတစ်ယောက်က မှတ်မိသွားပြီး တီးတိုးပြောလိုက်သည်။
ကျောင်းကျီက အလွန်ကြွနေသော လူအုပ်ကြီးအား ငုံ့ကြည့်လိုက်၏။
သူ့လို အလွန်တည်ငြိမ်သူတစ်ယောက်တောင် အလိုလိုပြုံးနေမိသည်။
သို့သော် သိပ်မကြာခင် ပြန်တည်သွားပြီး
“ လူသားမျိုးနွယ်က ရဲဘော်တို့…”
“ ကျုပ် ကျန်းကျီ အားလုံးကို ကြေညာစရာကိစ္စတစ်ခုရှိတယ်…”
ကျန်းကျီက သူ့အား အာရုံစိုက်နေသော လူအုပ်ကြီးအားကြည့်ကာ ခေတ္တမျှရပ်လိုက်ပြီး
“ ကျုပ်တို့ လူသားတွေ ဒီစစ်ပွဲမှာ အနိုင်ရသွားပြီ….”
“ ဟေး…”
နန်ကျိုးတစ်ခုလုံး ပွတ်လောညံသွား၏။
အစောနကတည်းက သူတို့နိုင်သွားပြီဖြစ်ကြောင်း သိပြီးဖြစ်သော်လည်း ၎င်းက အမျိုးမျိုးသောစစ်ပွဲနယ်မြေများမှ သတင်းများသာဖြစ်ပြီး အတည်ပြုရသေးခြင်းမရှိချေ။
ယခုတွင် ကောင်းကင်ဘုရင် ကျောင်းကျီကိုယ်တိုင် အတည်ပြုလိုက်ပြီဖြစ်၏။
“ ကျုပ်တို့ ဒီစစ်ပွဲကို အောင်နိုင်ခဲ့ပေမယ့်… ပေးဆပ်မှုများစွာလည်းရှိခဲ့တယ်….”
ကျောင်းကျီ၏ လေသံပြောင်းသွားပြီး တဖြည်းဖြည်းလေးနက်လာခဲ့သည်။
သူ့ထံမှ စကားကြောင့် နဂိုက တက်ကြွစွာအားပေးနေသည့် လူအုပ်ကြီးလည်း တိတ်ဆိတ်သွား၏။
“ ကျုပ်တို့ လူသားမျိုးနွယ် ဘယ်လိုအနိုင်ရခဲ့တယ်ဆိုတာ မင်းတို့သိကြလား… တောင်ပိုင်းနယ်မြေကလွဲပြီး ကျန်နယ်မြေ (၃)ခုမှာ ဆုံးရှုံးမှုများစွာကြုံခဲ့ရပေမယ့် ပင်လယ်သားရဲတွေကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့တယ်….”
ကျောင်းကျီက ခေတ္တရပ်လိုက်ပြီး
“ အဲ့ဒါ နန်ကျိုးက အသန်မာဆုံး ကျင့်ကြံသူတွေရဲ့ စွန့်လွှတ်အနစ်နာခံခဲ့မှုကြောင့်ပဲ…”
“ ဟွမ်ဖူပိုင် ၊ လင်းယွဲ့ ၊ အန်းချီ ၊ ရဲ့ရှောင်..….”
ရွှမ်ယီ အနည်းငယ် အံ့အားသင့်သွားသည်။ သူက အပြင်လောကအား သိပ်ပြီးဂရုမထားသည့်တိုင် ထိုနာမည်များကိုမူ ကြားဖူး၏။
၎င်းတို့က နန်ကျိုးမှ အသန်မာဆုံးသော ကောင်းကင်ဘုရင်များထဲ ပါ၀င်သည်။
ဤစစ်ပွဲတွင်လည်း တက်ကြွစွာ ဦးဆောင်ပါ၀င်ခဲ့၏။
“ သူတို့… စစ်ပွဲမှာ ကျဆုံးသွားခဲ့ပြီ…”
ဟမ်…
ဟင်…
ဟာ…
အောက်ဘက်မှ လူများ ဆူညံနေကြသည့်တိုင် ကျောင်းကျီက အသံမြှင့်ပြီး သူ၏ စကားကိုဆက်လိုက်သည်။
“ ပြီးတော့… လူသားအင်ပါယာ ဟောင်ထန်… စစ်ပွဲမှာ ပင်လယ်သားရဲ အင်ပါယာ (၂)ဦးကို သတ်ပြီး သူလည်း သေဆုံးသွားခဲ့တယ်…”
အားလုံး ထိတ်လန့်သွားကြ၏။
ရွှမ်ယီပင် မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုကဲ့သို့ ဆုံးရှုံးမှုက အလွန်၀မ်းနည်းစရာပင်။
နန်ကျိုး၌ အင်ပါယာအဆင့် ကျင့်ကြံသူ(၄)ဦးသာရှိ၏။
ယခု တစ်ယောက် ကျဆုံးသွားချေပြီ။
“ အဲ့တာကြောင့် ကျုပ်တို့ အနေနဲ့ စစ်ပွဲမှာ အနိုင်ရခဲ့တယ်ဆိုရင်တောင် ဒီအခိုက်အတန့်ကို နှလုံးသားထဲမှ စွဲစွဲမြဲမြဲ မှတ်သားထားရမယ်….”
ကျောင်းကျီက လေးနက်စွာပြောလိုက်၏။
“ ပင်လယ်သားရဲမျိုးနွယ်ရဲ့ စွမ်းအားက အရမ်းခိုင်မာတယ်… သူတို့ဘက်က အင်ပါယာအဆင့်(၂)ယောက် ကျဆုံးသွားခဲ့ဝာာတောင် ကျုပ်တို့အနေနဲ့ သူတို့ကို အမြတ်ပြတ် ရှင်းလင်းဖို့က လက်တွေ့မဆန်တဲ့ အိမ်မက်တစ်ခုပဲ….”
“ ဒါပေမယ့်…..”
ကျောင်းကျီက ခေတ္တရပ်တန့်လိုက်ပြီး လူငယ်မျိုးဆက်များအား လက်ညှိုးညွှန်လိုက်ကာ
“ ကိုယ့်လူတို့ မင်းတို့အားလုံးက ကျုပ်တို့ လူသားမျိုးနွယ်ရဲ့ အနာဂါတ် မျှော်လင့်ချက်တွေပဲ…”
“ မင်းတို့သာ ရှေ့ဆက်ကြိုးစားသွားနေသရွေ့ တစ်နေ့မှာ ပင်လယ်သားရဲမျိုးနွယ်ကို အမြစ်ဖြုတ်နိုင်ပြီး… ဒီနေ့နဲ့ ရှေးတုန်းက ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေအတွက် လက်စားချေနိုင်လိမ့်မယ်လို့ ကျုပ်အခိုင်အမာယုံကြည်တယ်….”
လူတိုင်း တိတ်ဆိတ်သွားကြ၏။
ရွှမ်ယီပင်လျှင် လက်သီးဆုပ်ထားမိလိုက်သည်။
(၃)မိနစ်ခန့် ငြိမ်သက်လိုက်ပြီးနောက် ကျောင်းကျီက ဆက်ပြောလိုက်၏။
စောနက သူပြောခဲ့သောစကားများက လူတိုင်းကို သွေးများဆူပွက်စေခဲ့သော်လည်း ယခုစကားများက ပြန်လည် တက်ကြွသွားစေသည်။
“ ကောင်းပြီ… အခု စစ်ပွဲ အောင်မြင်မှုတွေကို ဖတ်ကြတာပေါ့…”
“ ပထမဆုံးအနေနဲ့… ကောင်းကင်ဘုရင်အဆင့်အောက်မှာ စစ်ပွဲအပေါ် အများကြီး အကျိုးပြုခဲ့တဲ့ လူ(၁၀)ယောက်ရှိတယ်….”
“ အနာဂါတ်မှာ ဒီလူတွေက ကျန်တဲ့လူတွေထက် ပိုကြီးတဲ့ ၀န်ကိုထမ်းဆောင်ရလိမ့်မယ်….”
…
“ (၁၀)ယောက်မြောက်က ဝူယူ - လျိုမိသားစု ၊ လျိုဝုဂျီ - စစ်ပွဲအမှတ် (၁၉၈၀၀၀)….”
ကောင်းကင်ဘုရင် ကျောင်းကျီ၏ အသံက မိုးခြိမ်းသံအလား ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားသည်။
စစ်ပွဲအမှတ် (၁၉၈၀၀၀)…
အမှတ် (၂)သိန်းနား ကပ်နေချေပြီ။ လူတိုင်း ပင့်သက်ရှိုက်လိုက်မိကြ၏။
ကျောင်းကျီပင်လျှင် ထုတ်ပြော ဂုဏ်ပြုရသော ကိစ္စဖြစ်သဖြင့် လူတိုင်း စိတ်ကိုကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။
သို့သော် ရမှတ်က လူတိုင်းကို ထိတ်လန့်သွားစေဆဲဖြစ်၏။
မူလဘုရင်အဆင့် ပင်လယ်သားရဲက အမှတ်(၁၀၀)သာတန်သည်။
လူသားဘုရင်အဆင့်ပင်လျှင် အမှတ်(၁၀၀၀)သာရှိ၏။
ထို လျိုဝူဂျိ ဘုရင်အဆင့်အောက် ပင်လယ်သားရဲ မည်မျှသတ်ပစ်ခဲ့သနည်း။
လူတိုင်း ထိတ်လန့်ရုံသာဖြစ်ပြီး စစ်ပွဲအမှတ်များနှင့်ပတ်သက်ပြီး မည်သူမှ မေးခွန်းမထုတ်ကြချေ။
အကြောင်းပြချက်က အလွန်ရိုးရှင်းသည်။ ထို လျိုဝူဂျီက လူသားဘုရင်အဆင့်၌ နံပါတ်(၇)ဖြစ်၏။
သူက ယခင် ရွှမ်ယီထံ အရိုက်ခံခဲ့ရသည့် ယောင်မူထက် ပိုအစွမ်းထက်သည်။
ယောင်မူ၏ စွမ်းအားက ကောင်းကင်ဘုရင်တစ်ဝက်နှင့်ညီမျှသည်ဖြစ်ပြီး ထိုမှတဆင့် လျိုဝူဂျီ၏ စွမ်းအားကို ခန့်မှန်းနိုင်သည်။
ထို လျိုဝူဂျီက လက်မထပ်ဘဲ အတူနေပြီး မွေးလာသည့် တရားမ၀င် သားတစ်ယောက်ဖြစ်၏။
သို့သော် သူက လျိုမိသားစု အမွေဆက်ခံသူဟူသော ဂုဏ်ပုဒ်ကို ကြမ်းတမ်းစွာ သိမ်းပိုက်ခဲ့သည်။
သူ့အား ၀ိုင်းရံထားသော လျိုမိသားစုမှ ကောင်းကင်ဘုရင်တစ်၀က်အဆင့် အကြီးအကဲ (၁ဝ)ယောက်ကို အနိုင်ယူခဲ့၏။
သို့သော် လူတိုင်းကို ပို၍ အံ့အားသင့်စေသည်က အမှတ်(၂)သိန်း၀န်းကျင် ပိုင်ဆိုင်ထားသည့် လျိုဝူဂျီက (၁၀)ယောက်မြောက်နေရာတွင်သာ ရှိနေသောကြောင့်ပင်။
အထက်မှလူများက မည်မျှ အံ့ဩဖွယ်ကောင်းမည်နည်း။
လျိုဝူဂျီ၏ စစ်ပွဲအမှတ်ကိုကြားပြီးနောက် တောင်ပိုင်းနယ်စပ်မှ ကောင်းမလေး တစ်ဦး တုန်လှုပ်သွား၏။
ထို ပမာဏက တော်တော်လေးသက်ရောက်မှုကြီးမားသည်။
တခဏမကြာတွင် သူမ ပြန်လည် သတိ၀င်လာ၏။
ထို့နောက် သူမ၏ လှပသော မျက်လုံးလေးများဖြင့် မလှမ်းမကမ်းတွင်ရပ်နေသည့် ရွှမ်ယီအား တိတ်တဆိတ် ငေးကြည့်လိုက်သည်။
သူမ၏ လက်သီးလေးအား တင်းကြပ်စွာ ဆုပ်လိုက်ရင်း
“ ဆရာရွှမ်တိုက်ခဲ့တဲ့ စစ်ပွဲက ရမှတ်တွေ ဘယ်လောက်များလဲ ဆိုတာ ငါလည်းမသိဘူး… စောင့်ကြည့်ရမယ်….”
ထိုကောင်မလေးက နာကစ်ဆစ်ဂိုဏ်းမှ လင်းရွှမ်အာဖြစ်ပြီး သူမနံဘေးတွင် စီနီယာအစ်ကို ယွဲ့ဝူလည်းရှိနေသည်။
အစပိုင်းတွင် လင်းရွှမ်အာကို သူ့လူအဖြစ် သတ်မှတ်ထားခဲ့သော်လည်း ရွှမ်ယီထွက်ပေါ်လာစဉ် သူမ ရွှမ်အား မည်မျှစွဲလမ်းနေကြောင်း တွေ့လိုက်ရ၏။
အထူသဖြင့် ရွှမ်ယီကို အလွန်မနာလိုဖြစ်နေမိသည်။
ယခု လင်းရွှမ်အာ၏ စကားကိုကြားလျှင် မနေနိုင်ဘဲ ပြုံးလိုက်မိ၏။
“ ဂျူနီယာ ညီမလေး… ရွှမ်ယီကို အရမ်းအထင်ကြီးမနေနဲ့… လင်းဝူဂျီက လူသားဘုရင်အဆင့်မှာ နံပါတ်(၇)ပဲ… သူတောင်မှ (၁၀)ယောက်မြောက်နေရာမှာရှိနေတယ်….”
“ အဲ့ဒီ ရွှမ်ယီ သူက လူသားဘုရင်အဆင့်မှာ နံပါတ်(၉)ပဲ… ဘယ်လိုလုပ်ပြီး လျိုဝူဂျိ အထက်မှာရှိနိုင်မှာလဲ….”
ယွဲ့ဝူ၏ စကားကြောင့် လင်းရွှမ်အာ အာရုံပျက်သွား၏။ ထို့နောက် ၎င်းအား လျစ်လျူရှုထားလိုက်တော့သည်။
ညိုးငယ်ကာ ပူပန်နေသော မျက်နှာလေးဖြင့် ကျောင်းကျီ၏ စကားများကို အာရုံစိုက်နားထောင်နေလိုက်သည်။
“ (၉)ယောက်မြောက်က ခွန်ယု - ချန်ကျန်းဇောင် ၊ ကုံရွှမ် - စစ်ပွဲရမှတ် (၂၁၀၀၀၀)…..”
သူကလည်း လူသားဘုရင်အဆင့်မှ သန်မာသူတစ်ယောက်ဖြစ်ပြီး နံပါတ်(၆)နေရာတွင်ရှိသည်။
ကောလဟာလများအရ သူ့ဂိုဏ်းမှ ကောင်းကင်ဘုရင်အဆင့် အကြီးအကဲနှင့် တိုက်ကွက်ပေါင်းများစွာ အပြန်အလှန်တိုက်ခိုက်နိုင်သည်ဟု ဆိုကြ၏။
တိုက်ကွက် ဒါဇင်ပေါင်းများစွာ တိုက်ခိုက်ပြီးမှ ရှုံးနိမ့်သွားခဲ့သည်။
နားထောင်နေသော လူများထံမှ အာမေဋိတ်သံများကို ဂရုမထားပဲ ကျောင်းကျီက ဆက်လက် ကြေညာလိုက်၏။