ဖန်မျိုးနွယ်၏ ရောင်ဝါ
Vol. 100 Ch. 1391
အနည်းငယ် နာကျင်နိုင်သည်ဟု စာရွက်ပေါ်တွင်ရေးသားထားသော သတိပေးချက်ကို စဉ်းစားပြီး မြေပေါ်တွင်လူးလှိမ့်နေသော သူမသည် ကျယ်လောင်စွာ ကျိန်ဆဲချင်မိသည်။
ဒါက ဘယ်လိုလုပ် ‘အနည်းငယ်’ ဖြစ်ရမှာလဲ။ သူမ ကြုံတွေ့နေရသော ထိုငြီးငွေ့စရာကောင်းသော နာကျင်မှုသည် ကြက်သွေးရောင်မီးတောက်နှင့် သူမခန္ဓာကိုယ်ရောစပ်စဉ်က အရိုးထဲထိစိမ့်အောင် နာကျင်မှုနှင့်ယှဉ်နိုင်သည်။
သူမသည် နာကျင်မှုကို မခံစားနိုင်တော့သဖြင့် လျှာကိုက်မိမည်စိုးသဖြင့် တဘက်တစ်ထည်ထုတ်ကာ အားပါပါကိုက်လိုကိ်သည်။
သူမသည် ခရမ်းရောင်အရည်သည် ဝိညာဉ်စွမ်းအင်အဖြစ်ပြောင်းသွား ကာ ခန္ဓာကိုယ်တစ်လျှောက်လှည့်ပတ်နေသည်ကို ခံစားမိလေသည်။
သွေးကြောတစ်လျှောက် စီးဆင်းသည့်အချိန်တိုင်းတွင် ကျယ်ပြီးသား သွေးကြောသည် ပို၍ပင်ကျယ်လာသည်။
သူမ၏ ပင်မအကြောများဆီသို့ရောက်သည့်အခါတွင် လည်ပတ်လာကာ မကြာခင်တွင် အထဲမှဝိညာဉ်စွမ်းအင်သည် ပို၍စုရုံးလာသည်။
ထို့နောက်တွင် အကြောမျှင်နှင့် သွေးကြောမျှင်များဆီသို့ ဝင်သွားပြီး ခြင်ဆီရိုးဆီသို့ဝင်သွားပြီးနောက်ဆုံးတွင် အရိုးနှင့် သွေးများထဲသို့ ပျော်ဝင်သွား လေသည်။
သူမ၏ သားရဲများသည် စိုးရိမ်နေပုံပေါ်ကာ နာကျင်မှုကြောင့် လဲကျသွား သော သူမကိုကြည့်ပြီး ပြောရုံအပြင်မတတ်နိုင်ခဲ့ကြပေ “ယူယူ အဆင်ပြေမှာပါ နော်”
“ဟုတ်တယ် သူမရောင်ဝါက တည်ငြိမ်နေတယ်” ရှောင်ချီ ပြောလိုက် သည်။
“သူမရဲ့ ကျင့်ကြံမှုအဆင့်တက်မလာပေမဲ့ အားအင်ကတော့ တိုးတက် လာတာကို ခံစားလို့ရတယ်” ဟိန်းသံထောင်ချီ ထပ်ပေါင်းပြောလိုက်သည်။
“သူမရောင်ဝါလည်း နည်းနည်းပြောင်းသွားသလိုပဲ”
သူမ ဘာစားလိုက်တာလဲ။ တကယ်ပဲ လူတစ်ယောက်ရဲ့ ရောင်ဝါကို ပြောင်းပေးတဲ့ဟာလား။
ရှီမာယူယူ၏ ရောင်ဝါအပြည့်အဝငြိမ်ကျသွားရန် အချိန်အတော်ကြာ သည်။ ထိုအချိန်တွင် သူမ ခန္ဓာကိုယ်သည် ရေထဲမှထွက်လာသကဲ့သို့ ခြောက် သွေ့သည့် အစိတ်အပိုင်းမှာမရှိသလို ခံစားရသည်။
သူမသည် မြေပေါ်တွင် အားမရှိသလိုလှဲလျောင်းလိုက်သည်။ သူမ၏ သားရဲများသည် သူမကို ဝိုင်းလာကြသည်။
“ယူယူ့ရောင်ဝါက အဒေါ်ဖန်ရဲ့ရောင်ဝါနဲ့ နည်းနည်းတူတယ်လို့ ခံစားရ တယ်” ဟိန်းသံလေးသည် ထိုအရာများတွင် အာရုံခံစားနိုင်စွမ်းပါးသဖြင့် ရှီမာယူယူကို အနံ့ခံပြီးနောက် ပြောလေသည်။
“အဲလိုပုံပဲ” ငှက်လေးသည် ခေါင်းညိတ်ပြီး မေးလိုက်သည် “ခရမ်းရောင် သလင်းကျောက်နဲ့ အဒေါ်ဖန်နဲ့ကြားမှာ ပတ်သတ်မှုများရှိလို့လား”
ထိုအချိန်တွင် ရှီမာယူယူ မသိစိတ်မှလှုပ်ရှားလာကာ သူမခန္ဓာကိုယ်မှ ရောင်ဝါအားလုံးကို ပြန်ရုတ်သိမ်းသွားလေသည်။ အခုချိန်တွင် အားလုံးသည် ပုံမှန်အတိုင်းပင်။
“ဟေး ရောင်ဝါမရှိတော့ဘူးလား” ဟိန်းသံလေးသည် ဂရုတစိုက် အနံ့ခံ ကြည့်ကာ အစောပိုင်းက ရောင်ဝါမှာ အမှန်တကယ် ပျောက်ကွယ်သွားလေ သည်။
“ယူယူ ပြန်ဆွဲယူလိုက်တာပဲ” အိပ်မက်လေး ခန့်မှန်းလေသည်။ “ယူယူက အရမ်းပင်ပန်းနေပြီ သူမကို အနားယူခိုင်းလိုက်တော့၊ အကုန်လုံးအပြင်ထွက် မယ် သူမကို မနှောင့်ယှက်နဲ့တော့” ကြက်သွေးရောင်မီးတောက် ပြောလိုက်ရာ သားရဲအားလုံး ထွက်သွားလေသည်။
ရှီမာယူယူသည် ထိုလုပ်ငန်းစဉ်အတွင်းတွင် နိုးကြားစေရန် အသိစိတ်ကပ် ထားသည်။ သို့သော် ဝိညာဉ်စွမ်းအင်သည် သွေးထဲသို့ပေါင်းစည်းသွားသည့် အချိန်တွင် သူမသည် စိတ်အေးကာ အိပ်မောကျသွားလေသည်။
သူမ ပြန်နိုးလာချိန်တွင် တစ်ညနှင့် တစ်ရက်ကုန်လွန်သွားပြီဖြစ်သည်။
“နောက်ဆုံးတော့ နိုးလာပြီပဲ”
ဝိညာဉ်လေး၏ အသံသည် သူမနားထဲသို့ဝင်လာကာ သူမ မျက်တောင် ခတ်လိုက်ပြီး အိပ်ရာပေါ်မှထပြီး ပြောလိုက်သည် “မင်းတို့က ငါ့ကိုအိပ်ရာပေါ် ပြောင်းပေးတာလား”
သူမ စိတ်အေးလက်အေးဖြစ်သွားချိန်တွင် ချက်ချင်း အိပ်မောကျသွား သည်ကို မှတ်မိလိုက်သည်။ ထိုစဉ်က သူမသည် မြေပေါ်တွင် လဲနေတုန်းဖြစ် သည်။
“အင်း” ဝိညာဉ်လေး ပြောလိုက်သည် “အကုန်လုံး အပြင်မှာ၊ မင်းနိုးလာ တာကို အာရုံခံမိလို့ လာစစ်ကြည့်တာ ဘယ်လိုခံစားရလဲ”
ရှီမာယူယူသည် အစောပိုင်းက ကြုံခဲ့ရသော အရိုးထိနာကျင်မှုကို ပြန် တွေးပြီး ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်ရင်း ပြောလိုက်သည် “ငါ အရမ်း သက်တောင့်သက်သာဖြစ်တာကို ခံစားရတယ်၊ အဆင့်တက်တာထက်တောင် ခံစားလို့ကောင်းတယ်၊ ငါ့အား နည်းနည်းပိုများလာတယ်လို့ထင်တယ်”
“ရောင်ဝါကရော” ဝိညာဉ်လေး သတိပေးလိုက်သည်။
ရှီမာယူယူ နားထောင်ပြီး အာရုံခံလိုက်ပြီးနောက် မျက်လုံးဖွင့်လာကာ တအံ့တဩထအော်လေသည် “ငါ့ခန္ဓာကိုယ်ထဲမှာ ရောင်ဝါအပိုတစ်ခု ဘာလို့ရှိ နေရတာလဲ၊ ဒါကအဒေါ်ဖန်တို့ရဲ့ ရောင်ဝါနဲ့တူနေတယ်၊ ဒါက… ငါစားလိုက် တာက အဒေါ်ဖန်တို့ဟာနဲ့အတူတူပဲလား ဘယ်လိုဖြစ်တာလဲ”
“ငါလည်းမသိဘူး” ဝိညာဉ်လေးသည် သူမနှင့်ဖန်ရူယန်တို့ ဆက်ဆံရေး ကောင်းပုံကိုစဉ်းစားကြည့်ပြီး သူမ တစ်စုံတစ်ရာသိရမည်ဟုထင်သည်။ “မဟုတ်ရင် မင်းဆရာကိုမေးကြည့်လေ၊ သူက အခုလေးတင်မှ အဲဒီကနေပြန် လာတာလေ၊ သူတစ်ခုခုတော့သိလောက်မှာပေါ့”
ရှီမာယူယူလည်း စဉ်းစားကြည့်ပြီးနောက် ရေချိုးရန်သွားလိုက်သည်။
သူမ အခန်းသို့ပြန်သွားသည့်အချိန်မှာ မကြာလှပေ။ သူမ အတားအဆီး ကို ဖျက်ပြီးသည်နှင့် အဘိုးနတ်ဆိုးနေသည့်နေရာသို့ ဦးတည်လိုက်သည်။
အဘိုးနတ်ဆိုးသည် သူမ ခဏနှင့်ရောက်လာလိမ့်မည်ဟု ထင်မထား သဖြင့် အနည်းငယ်အံ့ဩသွားသည်။
“ဆရာ ကျွန်မ မေးချင်တာလေးရှိလို့ပါ” သူမ အဘိုးနတ်ဆိုးကို မြင်သည် နှင့် တိုက်ရိုက်ပင်ပြောလိုက်သည်။
အဘိုးနတ်ဆိုးသည် သူမကို ထိုကဲ့သို့ မမြင်ဖူးသဖြင့် ပြောလိုက်သည် “ဘာဖြစ်လို့လဲ၊ ခုနကဘာလို့မမေးတာလဲ”
“ကျွန်မ စိတ်နဲ့လူနဲ့မကပ်လို့ပါ” ရှီမာယူယူ ပြောလိုက်သည် “ဆရာ ဒီရောင်ဝါနဲ့ ရင်းနှီးလား”
သူမသည် ခန္ဓာကိုယ်မှရောင်ဝါထုတ်ပြီး သူ့ကိုကြည့်လိုက်သည်။ သူ၏ ထိတ်လန့်သွားသော အမူအရာကိုကြည့်ပြီး အဖြေရနိုင်လောက်သည်ဟု သူမ သိလိုက်သည်။
“ဘုရားရေ မင်းမှာ ဘာလို့ဖန်မျိုးနွယ်ရဲ့ရောင်ဝါရှိနေတာလဲ၊ အစတုန်းက ငါ့ကိုစောင့်ပေးတဲ့ အစောင့်ထက်တောင် ပိုသန်မာတဲ့ပုံပဲ” အဘိုးနတ်ဆိုး အော် လေသည် “ဒါက ဖန်မျိုးနွယ်ရဲ့ ထူးခြားတဲ့ရောင်ဝါလို့ သူတို့ပြောတာကြားဖူး တယ်၊ ဒါပေမဲ့ မင်းက ရှီမာမိသားစုက မဟုတ်ဘူးလား”
ရှီမာယူယူ လန့်သွားသည် “ဆရာ သေချာရဲ့လား”
“ဒါပေါ့၊ မင်းရဲ့ဆရာက ကလေးမှမဟုတ်တာ၊ အဲတော့ ငါ မလိမ်နိုင်ဘူး လေ” အဘိုးနတ်ဆိုးပြောလိုက်သည် “ဘာလို့အဲလိုမျိုးဖြစ်ရတာလဲ”
ရှီမာယူယူသည် ခေတ္တမျှတိတ်သွားကာ ပြောလိုက်သည် “အသည်းကွဲ တောင်ကြား တည်ထောင်တဲ့နေ့က အဒေါ်ဖန်က လူလွှတ်ပြီး လက်ဆောင်ပေး ခဲ့တယ်၊ လွန်ခဲ့တဲ့ရက်ပိုင်းက အဒေါ်လင်ရှီးလာတုန်းက ကျွန်မဧကရာဇ်အဆင့် ရောက်တာကိုမြင်ပြီးတော့ အထဲကပစ္စည်းကိုသုံးဖို့ သတိပေးခဲ့တယ်”
“ဖန်မျိုးနွယ်က လက်ဆောင်ဟုတ်လား အရမ်းကောင်းတာဖြစ်ရမယ်” သူ သည် နှစ်ခြိုက်စွာ ပြောလေသည်။
ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “နောက်တော့ အားတဲ့အချိန်မှာ သေတ္တာဖွင့်ပြီးကြည့်လိုက်တာ၊ အထဲမှာခရမ်းရောင် သလင်းကျောက်နဲ့ အဲ့ဒီ အောက်မှာ စာတိုလေးရှိနေတယ်၊ ပြောထားတာက သလင်းကျောက်ကို အရည်ဖြစ်အောင်သန့်စင်ပြီး သောက်ဖို့ပဲ… ပြီးတော့ ဒီလိုဖြစ်လာတာပဲ”
“အဲဒါက မင်းခန္ဓာကိုယ်မှာ ဖန်မျိုးနွယ်ရောင်ဝါထားပေးနိုင်တာပဲ၊ ပြီးတော့ ဒီသလင်းကျောက်က တကယ်ထူးခြားလို့ပဲဖြစ်ရမယ်၊ ပြီးတော့ ခရမ်း ရောင်သလင်းကျောက် တစ်တိုင်းပြည်လုံးကိုရှာရင်တောင် မများဘူး၊ ငါထင် တာတော့ ဖန်မျိုးနွယ်မှာတောင် အများကြီးမရှိလောက်ဘူး” သူ သက်ပြင်းချ လိုက်သည်။
“အဒေါ်ဖန်…” ရှီမာယူယူသည် ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုကို ခံစားမိ သည်။ သူမ ရောင်ဝါတင်မဟုတ်ဘဲ သူမ၏ သွေးကြောများ ဝိညာဉ်စွမ်းအင်များ ပြောင်းလဲသွားသည်။
“မင်းမှာ အခုဖန်မျိုးနွယ်ရဲ့ ရောင်ဝါရှိနေပြီ၊ ပြီးတော့ ရှေ့လျှောက် အန္တရာယ်နဲ့ ကြုံရတဲ့အခြေအနေတိုင်း ဒီရောင်ဝါကိုထုတ်လိုက်တာနဲ့ အဆင်ပြေသွားလိမ့်မယ်” သူသည် သူမကို ပြောလိုက်သည်။
“အဲလောက်တောင် ချဲ့ကားသွားတာလား” ရှီမာယူယူသည် အံ့ဩသွား သည်။
“ဒါက မင်းက ဖန်မျိုးနွယ်ရဲ့ အဆင့်အတန်းကိုမသိလို့လေ” ဘိုးနတ်ဆိုး သည် သူ၏ အဖိုးတန်တပည့်လေးကိုကြည့်ကာ ဖန်မျိုးနွယ်အကြောင်း ပြော သင့်မပြောသင့်ကို စဉ်းစားနေသည်။ သို့သော် စဉ်းစားကြည့်ရာ သူမသည် ထို အဆင့်နှင့်ဝေးကွာနေသည်။ သူမသာ ပြောချင်ပါက ဖန်ရူယန်ကိုယ်တိုင် ပြော လိမ့်မယ်။
စဉ်းစားပြီးနောက် သူသည် သူမပခုံးကိုပုတ်ပြီး ပြောလိုက်သည် “မင်းရဲ့ အဒေါ်ဖန်က မင်းကိုတကယ်သဘောကျတယ်ထင်တယ်၊ အဲဒါကြောင့် ဒီလို တန်ဖိုးရှိတာကိုပေးတာပေါ့၊ ဒါက မမြင်ရတဲ့ ကာကွယ်မှုတစ်ခုလိုပဲ”
“ဖန်မျိုးနွယ်…” ရှီမာယူယူ ရေရွတ်လိုက်သည်။ “အဒေါ်ဖန်ရဲ့ ဒဏ်ရာကို ကုဖို့ ဖြစ်နိုင်သလောက် မြန်မြန်နည်းလမ်းရှာရမယ်”
“မင်းကတော့ အမြဲတမ်း လိမ္မာတဲ့ကလေးဖြစ်နေတာပဲ” အဘိုးနတ်ဆိုး သည် အလွန်ကျေနပ်နေသည်။ သူမသည် တခြားသူများကို ပျော်မွေ့စေနိုင် သည်သာမကဘဲ တခြားသူများက သူမကိုကောင်းမွန်စွာဆက်ဆံပါက နှစ်ဆ ပြန်ကောင်းပေးသည်။
သို့သော် သူမကို ထိခိုက်စေသည့်လူများကိုတော့ စိတ်ထားမနူးညံ့ မကြင် နာနိုင်ပေ။
“တောင်ကြားဒုခေါင်းဆောင် တောင်ကြားခေါင်းဆောင်က လာဖို့ ဖိတ်ကြားလိုက်ပါတယ်” လူတစ်ယောက်သည် ခြံဝန်းအပြင်မှ ကျယ်လောင်စွာ သတင်းပို့လေသည်။
“နောက်တစ်ဆင့်ကို ဆွေးနွေးဖို့ ဖန်အာခေါ်တာဖြစ်မယ်၊ ဒါဆိုရင် ဆရာ နားတာကို မနှောင့်ယှက်တော့ပါဘူး၊ အရင်ဆုံး နားလိုက်ပါ၊ ကျွန်မတို့ ဆွေးနွေးပြီးရင် အကုန်လုံးကို နလန်ထူနိုင်အောင်လုပ်ပြီး တိမ်တိုက်ဂူကို လက်စားချေဖို့ လူလွှတ်လိုက်ပါမယ် သွေးကိုသွေးနဲ့ပြန်ဆပ်ရအောင် ကျွန်မ သေချာလုပ်ပေးပါမယ်”
***