← Chapters

အခန်း (၃၂၃)

Vol. 22 Ch. 323

အခန်း (၃၂၃)

Vol. 22 Ch. 323

“ (၈)ယောက်မြောက်က အန်ယု-ရှုဂျရာ ၊ ရွှမ်ဟိုင် - စစ်ပွဲအမှတ်(၂၂၅၀၀၀)…”

“ (၇)ယောက်မြောက် ကတော့ ကြယ်ဒေသ-တိုင်ချန်ဂိုဏ်း ၊ ရှပိုင်ချန်- စစ်ပွဲအမှတ်(၂၃၉၀၀၀)…”

“ (၆)ယောက်မြောက် ကန်ဒေသ-ကုံကျာ ၊ ကုံယု- စစ်ပွဲအမှတ် (၂၄၃၀၀၀)…”

၎င်းတို့(၃)ယောက်လုံး လူသားဘုရင်အဆင့်ဇယားမှ မဟုတ်ကြပေ။

သို့သော် ထိပ်တန်းဒေသကြီး (၁၀)ခုမှဖြစ်ပြီး ၎င်းတို့ဒေသ၌ အလွန်ကျော်ကြားသူများဖြစ်ကြသည်။

အထွတ်အထိပ်လူသားဘုရင်အဆင့်မှ အစွမ်းထက်ကျင့်ကြံသူများဖြစ်၏။

စစ်ပွဲရမှတ် ထိပ်တန်း(၁၀)ယောက်စာရင်းတွေ ပါ၀င်နေခြင်းက သိပ်အံ့ဩစရာတော့မဟုတ်ပေ။

“ ထိပ်ဆုံး(၁၀)ယောက်ရဲ့ ရမှတ်တွေက အရမ်းများတာပဲ…”

တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်၏။

အနီးပတ်၀န်းကျင်မှ လူများကလည်း ခေါင်းညိတ် သဘောတူလိုက်ကြသည်။

သို့သော် စဉ်းစားကြည့်လိုက်လျှင် အရမ်းအံ့ဩစရာတော့မရှိချေ။

ပင်လယ်သားရဲများက အလုံးအရင်းစစ်ချီလာခဲ့ကြခြင်းဖြစ်၏။

အရေအတွက်က သန်းပေါင်းများစွာရှိသည်။

သို့သော် စစ်မြေပြင်(၄)ခုအား ဖြန့်ကျက်တိုက်ခိုင်းခြင်းဖြစ်သဖြင့် ထိပ်ဆုံး(၁၀)ယောက်၏ ရမှတ်များက သိပ်ပြီး ခြားနားမှုမရှိချေ။

အဆင့်နိမ့်သားရဲများမှ ရသော အမှတ်များက သူတို့ကို ခွဲခြားပေးသွားခြင်းမဟုတ်ပေ။

မူလုဘုရင်နှင့် လူသားဘုရင်အဆင့် သားရဲများကို သတ်ဖြတ်ခြင်းက အဆုံးအဖြတ်ပေးသွားခြင်းဖြစ်၏။

ယွဲ့ဝူက စိတ်မကောင်းချင်ယောင်ဆောင်လိုက်ပြီး

“ ၀မ်းနည်းစရာပဲ… ဆရာရွှမ်သာ ရှန်တောင်ကို သတ်ခဲ့မယ်ဆိုရင် ထိပ်ဆုံး(၁၀)ယောက်ထဲ ပါကောင်းပါသွားနိုင်တယ်….”

သူ့အသံက ကျယ်လောင်စွာထွက်ပေါ်လာ၏။

လင်းရွှမ်အာတင်မဟုတ် အနီးပတ်၀န်းကျင်ရှိ ကျန်လူများလည်း ကြားသွားသည်။

တစ်ယောက်ပြီးတစ်ယောက် အေးစက်သော မျက်၀န်းများဖြည့် လှည့်ကြည့်လိုက်ကြ၏။

လင်းရွှမ်အာလည်း ချွင်းချက်မဟုတ်ပေ။

“ စီနီယာ… ရှင့်စကားတွေကို ထိန်းထိန်းသိမ်းသိမ်းမပြောဘူးဆိုရင် ကျွန်မတို့ ဒီမှာပဲ လမ်းခွဲကြစို့… ကျွန်မ တစ်ယောက်တည်း ပြန်လိုက်တော့မယ်….”

ထိုစကားအားကြားလျှင် ယွဲ့ဝူ ၏ အမူအရာက ရုတ်ချည်း တင်းမာသွားပြီး ပြန်ပြောရန် ပါးစပ်ပြင်လိုက်သည်။

သို့သော် လင်းရွှမ်အာက ထိုလူနှင့် ဘာစကားမှ ပြောချင်စိတ်မရှိတော့သဖြင့် တစ်ဖက်လှည့်ပြီး လျစ်လျူရှုထားလိုက်တော့၏။

၎င်းကိုမြင်လျှင် ယွဲ့ဝူ အံကြိတ်မိလိုက်သည်။

ထိုအချိန်တွင် ကျောင်းကျီ အချက်အလက်များ ဖတ်ပြနေသည်က (၃)ယောက်မြောက် အလှည့်သို့ရောက်နေချေပြီ။

(၄)ယောက်မြောက်နှင့် (၅)ယောက်မြောက်တို့က လူတိုင်းခန့်မှန်းထားသည့်အတိုင်း သိပ်ပြီးခြားနားမှုမရှိချေ။

( ၂၄၅၀၀၀) နှင့် (၂၄၉၀၀၀) ဖြစ်ကြ၏။

ယခုအချိန်တွင် ကျောင်းကျီက (၃)ယောက်မြောက်အား ကြေညာတော့မည်ဖြစ်ရာ လူတိုင်း အာရုံစိုက်လိုက်ကြသည်။

“ စစ်ပွဲ ရမှတ်စာရင်း (၃)ယောက်မြောက်က ဝူယု-ထန်ကျင်း မင်းဆက် ၊ ကျင်းယွဲ့…..”

“ လူသားဘုရင်အဆင့် ပင်လယ်သားရဲ (၃)‌ယောက် ၊ မူလဘုရင်အဆင့် (၂၆)ယောက် နဲ့ အခြေတည်ဝိညာဉ်အဆင့် ပင်လယ်သားရဲ (၁၀၀၀၀၀)ကျော် သတ်ဖြတ်ခဲ့တယ်….”

“ စစ်ပွဲရမှတ်က (၃၁၉၇၀၀)….”

ဝိုး…

၎င်းကို ကြားပြီးနောက် တောင်းပိုင်းနယ်မြေမှလူများ ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။

ထို ကျင်းယွဲ့က ထန်ကျင်းမင်းဆက်မှ န၀မမင်းသားဖြစ်ပြီး လူသားဘုရင်အဆင့်ဇယား၌ နံပါတ်(၂) လည်းဖြစ်သည်။

တောင်ပိုင်းထက် မြောက်ပိုင်းတွင် ပိုပြီး လှုပ်လှုပ်ရှားရှားဖြစ်နေ၏။

ယခင် တိုက်ပွဲတွင် မြောက်ပိုင်းက အခြေအနေဆိုးရွားခဲ့သော်လည်း ကျင်းယွဲ့က အကောင်းဆုံးကြိုးစားခဲ့သည်။

သူတစ်ယောက်တည်း စွမ်းအားဖြင့် ပင်လယ်သားရဲမျိုးနွယ်မှ ထိပ်တန်းကျင့်ကြံသူ (၉)ယောက်ကို တားဆီးထားခဲ့ပြီး (၃)ယောက်ကို သတ်ဖြတ်ကာ ကျန်(၆)ယောက်အား ထွက်ပြေးသွားစေခဲ့၏။

ဤသို့ဖြင့် မြောက်ပိုင်းမှ တပ်ဖွဲ့များ ပြန်ဆုတ်ခွာနိုင်ရန် အချိန်ဆွဲ ဖန်တီးပေးခဲ့သည်။

သူတို့အားလုံး လက်ရှိအချိန်၌ ကျင်းယွဲ့၏ စစ်ပွဲရမှတ်အပေါ် အံ့အားသင့်နေကြပြီး ၎င်းထက် ပိုအံ့အားသင့်စရာကိစ္စက ကျင်းယွဲ့ အနေဖြင့် အဆင့်(၃)နေရာ၌သာ ရှိနေခြင်းဖြစ်၏။

ဒါဆို ပထမလူနှင့် ဒုတိယလူက မည်သို့သော အောင်မြင်မှုများ ဆောင်ရွက်ခဲ့သနည်း….?

လူသားဘုရင့်အဆင့် ဇယား၌ နံပါတ်(၁) ဖြစ်သူက ယခု အဆင့်(၁)ဖြစ်ရမည်ဟု မည်သူမှ မဆိုလိုချေ။

အကယ်၍ သူက ဒုတိယဆိုလျှင် ပထမက မည်သူနည်း...?

သူက ပထမဆိုလျှင် ဒုတိယက မည်သူနည်း…?

တောင်ပိုင်းနယ်မြေမှလူများ မသိစိတ်အရ ရွှမ်ယီအား ကြည့်လိုက်ကြသည်။

“ ဆရာရွှမ်က ဒုတိယမြောက်လူ ‌ဖြစ်နေမလား….?”

သူတို့ အမြင်ကို ဖော်ထုတ်ဆွေးနွေးလိုက်ကြ၏။

သူတို့တောင်ပိုင်းတပ်ဖွဲ့အား ကယ်တင်ပေးခဲ့သူက ထိပ်ဆုံး(၁၀)ယောက်စာရင်းတွင်ပါ၀င်ပြီး ကြီးကျယ်သော ဂုဏ်ကျက်သရေမျိုး ပိုင်ဆိုင်နိုင်ရန် သူတို့ မျှော်လင့်နေကြသည်။

သို့သော် ထိုကိစ္စက မည်မျှ ခက်ခဲကြောင်းကိုလည်း နားလည်ထားကြ၏။

ရွှမ်ယီ အလွန်အစွမ်းထက်တာ မှန်သည်။

သို့သော် စစ်ပွဲရမှတ်စာရင်းမှ အောင်မြင်မှုကိုများကို ကြားလိုက်ရလျှင်….

နဂိုက ရွှမ်ယီအပေါ် ထားရှိသည့် ယုံကြည်ချက်များ တဖြည်းဖြည်း ယိမ်းယိုင်စ ပြုလာနေချေပြီ။

လင်းရွှမ်အာပင် ပူပန်စွာဖြင့် အင်္ကျီအား တင်းကြပ်စွာ ဆုပ်ကိုင်ထားမိ၏။

ရွှမ်ယီအား စိုးရိမ်စွာ တစ်ချက် လှမ်းကြည့်လိုက်သည်။

သူမ လေးစားရသော အိုင်ဒေါ ဤကိစ္စနှင့် ပတ်သက်ပြီး စိတ်ထိခိုက်သွားမည်ကို စိတ်ပူနေမိ၏။

နံဘေးနားမှ ယွဲ့ဝူက

“ ကြီးကျယ်ခမ်းနားတဲ့ဆရာသခင်နဲ့ ပတ်သက်ပြီး ဘာလို့ လူတိုင်း ဒီလောက်တောင် စိတ်ပူနေကြတာလဲ… ဆရာရွှမ်က ဒုတိယမြောက် မဖြစ်နိုင်ဘူး… သေချာပေါက် ပထမနေရာ ဖြစ်ရမယ်….”

သူ၏ လေသံက အလွန်စိတ်အားထက်သန်နေသည်။

သို့သော် မျက်၀န်းထဲ၌ ဖုံးကွယ်မရသော လှောင်ပြောင်လိုဟန်များရှိနေပြီး သူ၏ စိတ်ရင်းကို ဖော်ပြနေသည်။

သူအာပေါက်မတတ်ပြောနေသော်လည်း ရွှမ်ယီက သူ့စကားများကို ကြားပင် မကြားရပေ။

သူ့ထံသို့ရောက်လာသည်က အနီးပတ်၀န်းကျင်မှ လူများ၏ စူးရှသော အကြည့်များသာ။

လင်းရွှမ်အာလည်း ယွဲ့ဝူအား လှည့်ကြည့်လိုက်သည်။ ယခုတစ်ကြိမ်တွင် သူမ မျက်၀န်းများထဲ၌ ယခင်ကဲ့သို့ ဒေါသများ ၊ လျစ်လျူရှုမှုများ ပျောက်ကွယ်နေပြီး ခံစားချက်ဟူ၍ စိုးစင်းမျှမရှိတော့ချေ။

သူမက လေအေးအေးဖြင့်

“ ဒါဆိုရင်လည်း စီနီယာရဲ့ ကောင်းမွန်တဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ်….”

လင်းရွှမ်အာ၏ အမူအရာကြောင့် ယွဲ့ဝူ၏ နှလုံးသားထဲ၌ ဒေါသမီးတောက်တစ်ခု ဟုန်းကနဲ ထတောက်သွားသည်။

ချက်ချင်း လင်းရွှမ်အာ၏ အင်္ကျီလည်ပင်းကို ဆွဲကိုင်ပြီး ရွှမ်ယီနဲ့ ပတ်သက်ပြီး ဘယ်အရာက ထိုမျှ ကောင်းမွန်နေလဲဟု မေးပစ်လိုက်ချင်သည်။

သို့သော် ထိုသို့ သတ္တိမျိုး သူ့တွင်မရှိချေ။

လင်းရွှမ်အာက နာကစ်ဆစ်ဂိုဏ်း၌ မင်းသမီးလေးဖြစ်သည်။

ဤတစ်ကြိမ် လင်းရွှမ်အာနှင့် အတူတိုက်ခိုက်ခွင့်ရခြင်းက သူအလွန်ကံကောင်းသောကြောင့်ဖြစ်၏။

သူတို့ (၂)ယောက်အကြား ဆုံနိုင်ရန် အခြေအနေသိပ်မရှိချေ။

ဤသို့ဖြင့် ယွဲ့ဝူ သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး

“ ကျေးဇူးဘဲ…”

ထိုအချိန်တွင် ကောင်းကင်ဘုရင် ကျောင်းကျီက ဒုတိယမြောက်လူနှင့်ပတ်သက်ပြီး ဖတ်ပြလိုက်၏။

“ စစ်ပွဲရမှတ်စာရင်းရဲ့ ဒုတိယနေရာကတော့ ရှန့်ကုန်း ဂိုဏ်းက ကျောင်းချီပဲ ဖြစ်ပါတယ်….”

ဟင်…

တောင်ပိုင်းတပ်ဖွဲ့၀င်များ ကြားကြားချင်း ထိတ်လန့်သွားပြီး စိတ်ဓာတ်ကျစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဒုတိယမြောက်လူက သူတို့ မျှော်လင့်ထားသကဲ့သို့ ရွှမ်ယီ မဟုတ်ပေ။

“ ရှန့်ကုန်းဂိုဏ်း ၊ ကျောင်းချီ…”

“ လူသားဘုရင်အဆင့် ပင်လယ်သားရဲ(၆)ယောက် ၊ မူလဘုရင်အဆင့် ပင်လယ်သားရဲ(၃၈)ယောက် ၊ အခြေတည်ဝိညာဉ်အဆင့် ပင်လယ်သားရဲ (၁၂၀၀၀၀)ကျော်….”

“ စစ်ပွဲရမှတ် ( ၃၃၉၇၀၀)….”

All Chapters