← Chapters

အခန်း (၃၂၄)

Vol. 22 Ch. 324

အခန်း (၃၂၄)

Vol. 22 Ch. 324

သူက နန်ကျိုး လူသားဘုရင်အဆင့်ဇယား၌ နံပါတ်(၁)ဖြစ်သည်။

ကျင်းယွဲ့ကဲ့သို့ စစ်ပွဲ၌ တက်ကြွစွာပါ၀င်ခဲ့သူလည်းဖြစ်၏။

သို့သော် သူ၏ လုပ်ဆောင်မှုများက ကျင်းယွဲ့ထက် ပိုအံ့အားသင့်စရာကောင်းသည်။

ကျင်းယွဲ့က ပင်လယ်သားရဲ ခေါင်းဆောင်များကို တစ်ကိုယ်တော် ခုခံတိုက်ခိုက်ပြီး မိမိတို့အဖွဲ့သားများ ပြန်ဆုတ်နိုင်ရန် အချိန်ဆွဲပေးခဲ့၏။

ကျောင်းချီဦးဆောင် တိုက်ခိုက်ခဲ့သည့် နယ်မြေတွင်မူ ပင်လယ်သားရဲများ၏ ခြုံခိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး ဆုံးရှုံးမှုများစွာကြုံတွေ့ခဲ့ရသည်။

သို့သော် သူက ရှေ့တန်း၌ ပင်လယ်သားရဲများအား တစ်ယောက်တည်း ခုခံတိုက်ခိုက်ခဲ့၏။

အဖွဲ့သားများ ပြန်လည် စုစည်းအားဖြည့်ပြီးချိန်တွင် ဆုံးရှုံးသွားသော ဒေသ (၁၃)ခုအနက် (၂)ခုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

အဓိက ဒေသ(၂)ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော်လည်း တောင်ပိုင်းနယ်မြေမှ အောင်မြင်မှုနှင့် ယှဉ်လျှင် သိပ်မကြီးကျယ်တော့ချေ။

သို့သော် တောင်ပိုင်းနယ်မြေအား ဦးဆောင်တိုက်ခိုက်ခဲ့သည့် ပင်လယ်သားရဲများတွင် ခေါင်းဆောင်အဖြစ် မြင့်မြတ်အဆင့်မှ ရှန်တောင် တစ်ယောက်တည်းဖြစ်ကြောင်း သိထားရန် လိုအပ်သည်။

အနောက်ပိုင်းနယ်မြေတွင်မူ မြင့်မြတ်အဆင့်မှ (၄)ယောက်တိတိပါ၀င်၏။

ထိုတိုက်ပွဲ၌ လူသားများဘက်မှ အခြေအနေမကောင်းမွန်ခဲ့ချေ။

နန်ကျိုး လူသားဘုရင်အဆင့်ဇယားမှ (၃)ယောက် ဆုံးရှုံးသွားခဲ့၏။

အဆင့်(၁၀) နှင့် အဆင့်(၈)တို့ဖြစ်ကြသည်။

အဆင့်(၃)ပင် အသတ်ခံခဲ့ရ၏။

သို့သော် ကျောင်းချီက ၎င်းတို့အား အောင်မြင်စွာ ခုခံတိုက်ခိုက်နိုင်ခဲ့သည်။

လူသားဘုရင်အဆင့် ဇယား နံပါတ်(၁) ဟူသော ဂုဏ်နှင့် ထိုက်တန်ပေသည်။

သို့သော် သူက ဒုတိယမြောက်လူဆိုလျှင် ထိပ်ဆုံး ပထမနေရာမှလူက မည်သူနည်း…?

လူတိုင်း အသက်ရှုအောင့်ထားမိလိုက်ကြ၏။

ထိုအချိန်တွင် ကျောင်းကျီလည်း သူ့ထံသို့ရောက်လာသည့် အချက်အလက်အစီအရင်ခံစာကို ထုတ်ယူနေချေပြီ။

စစ်ပွဲရမှတ်များနှင့် အချက်အလက်များအား အကျဉ်းချုံးကာ ကျောင်းကျီထံသို့ အချိန်နှင့်တပြေးညီ ပေးပို့နေခြင်းဖြစ်၏။

ယခု ထိပ်ဆုံးနေရာမှ လူ၏ အချက်အလက်များ ကျောင်းကျီလက်ထဲသို့ ရောက်လာပြီဖြစ်သည်။

၎င်းအား မဖတ်ရသေးဘဲ ကျောင်းကျီလည်း အတွင်းမှ အချက်အလက်များအား ကြိုမသိနိုင်ပေ။

လက်ရှိ ဆယ်ယောက်မြောက်မှ ဒုတိယအထိ အချက်အလက်များက အလွန်ကောင်းမွန်လှသည်။

ကျောင်းကျီလည်း အလွန်စိတ်ကျေနပ်နေ၏။

သူ့အမြင်တွင် ပထမနေရာမှလူက ကျောင်းချီနှင့် သိပ်ပြီး ကွာခြားမည်မဟုတ်ပေ။

ထိုအတွေးအား ရင်၀ယ်ပိုက်လျှက် လက်အတွင်းမှ အချက်အလက် အစီအရင်ခံစာအား ဖွင့်ကြည့်လိုက်သည်။

သို့သော် ကျောင်းကျီ၏ မျက်လုံးများ ၎င်းအထက်သို့ရောက်သွားလျှင် အသက်ရှုရပ်သွားသလို ခံစားလိုက်ရ၏။

မျက်လုံးများလည်း အနည်းငယ်မှေးကျဉ်းသွားခဲ့သည်။

လက်ရှိတွင် ကျောင်းကျီ၏ ပုံရိပ် အလင်းဖန်သားပြင်ကြီးက စစ်ပွဲနယ်မြေ (၄)ခုလုံးနှင့် နန်းကျိုးအထက်ကောင်းကင်ယံ၌ ရှိနေပြီး လူတိုင်းနီးပါး မြင်နိုင်သည်။

ကျောင်းကျီ မျက်နှာထက်မှ အမူအရာပြောင်းလဲသွားမှုများကြောင့် လူတိုင်း အချင်းချင်း တီးတိုးဆွေးနွေးလိုက်ကြ၏။

“ ပထမနေရာက လူရဲ့ စစ်ပွဲရမှတ်နဲ့ အောင်မြင်မှုတွေက ဘယ်လောက်တောင်ရှိလို့လဲ… ကောင်းကင်ဘုရင် ကျောင်းကျီတောင် အံ့ဩသွားတယ်ဆိုတော့….”

“ ငါ့အထင်တော့ အဲ့တာက ကျင်းယွဲ့နဲ့ ကျောင်းချီထက် အများကြီးပိုလောက်တယ်… မဟုတ်ရင် ကောင်းကင်ဘုရင် ကျောင်းကျီ အခုလိုဖြစ်မှာမဟုတ်ဘူး….”

….

မြောက်ပိုင်းစစ်ပွဲနယ်မြေတွင်…

အနီရောင် ၀တ်စုံအား၀တ်ဆင်ထားပြီး အနက်ရောင်ဆံပင်ရှည်များ ကျော၌ ပြန့်ကျဲနေပြီး သူရဲကောင်းဟန်ပန် အပြည့်ဖြင့် လူငယ်တစ်ဦးက စပ်ပုဆိန်တစ်ချောင်းအား လက်၌ ကိုင်ဆွဲထားပြီး လေထဲ၌ ရပ်နေခဲ့သည်။ သူက ကောင်းထက်ထက်မှ အလင်းဖန်သားပြင်ရှိရာ ဘက်သို့ ငေးကြည့်နေ၏။

နောက်တွင် စစ်ပွဲမှ တပ်မှူးများက လေးစာမှုအပြည့်ဖြင့် ထိုလူငယ်လေးအား ကြည့်နေကြသည်။

မြောက်ပိုင်းနယ်မြေ၌ ဤတိုက်ပွဲတွင် တိယန်ကျင်း မင်းဆက်မှ ထိုလူငယ်က ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။

တိုက်ပွဲအခြေအနေကို အလှည့်အပြောင်းလုပ်ပြီး လူပေါင်းများစွာ အသက်ကို ကယ်တင်နိုင်ခဲ့သည်။

ထိုလူငယ်က တိယန်ကျင်း မင်းဆက်မှ န၀မမင်းသားဖြစ်ပြီး ယခု စစ်ပွဲအောင်မြင်မှုများ အဆင့်တွင်လည်း တတိယနေရာ၌ ရပ်တည်နေသူဖြစ်သည်။

ဤစစ်ပွဲ၌ မြောက်ပိုင်းနယ်မြေ၏ သူရဲကောင်း ကျင်းချန်ဘုရင် ကျင်းယွဲ့…

လက်ရှိ အချိန်တွင် ကျင်းယွဲ့၏ မျက်နှာထက်၌ မည်သည့် မနာလိုမှု ၊ ဒေါသများမရှိချေ။

ထိုအစား အပြုံးများဖြင့်ပြည့်နေ၏။

မျက်၀န်းများထဲ၌ တိုက်ခိုက်လိုစိတ်များ တဖျတ်ဖျတ်တောက်ပနေသည်။

လူသားဘုရင်အဆင့်ဇယားမှ နံပါတ်(၂) ဖြစ်ပြီး ကျင့်ကြံခြင်းလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းကတည်းက တိုက်ပွဲမျိုးစုံအား ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည်။

တိယန်ကျင်း မင်းဆက်မှ စတင်ခဲ့ပြီး သိုင်းနယ်မြေ တစ်ခုလုံး၌ပင် သူ့အား စိန်ခေါ်ယှဉ်ပြိုင်နိုင်သူ တစ်ယောက်မှ မရှိခဲ့ချေ။

လူသားဘုရင်အဆင့်(၇) လျိုဝူဂျိလည်း တစ်ချိန်တုန်းက သူ့အား စိန်ခေါ်ပြီး ရှုံးနိမ့်ခဲ့ဖူးသည်။

သူ့ဘ၀ တစ်လျှောက်လုံး တစ်ခုတည်းသော ရှုံးနိမ့်မှုမှာ လူသားဘုရင်အဆင့်ဇယား နံပါတ်(၁)မှ ကျောင်းချီနှင့် တိုက်ပွဲဖြစ်သည်။

လူတိုင်း ဘ၀တွင် ကျရှုံးမှာများ ရှိစမြဲပင်။

ကျောင်းချီကို ရှုံးနိမ့်ခဲ့သော်လည်း ကျင်းယွဲ့၏ တိုက်ခိုက်လိုစိတ်က အနည်းငယ်မျှ လျော့ကျသွားခြင်းမရှိချေ။

သိုင်းတာအိုလမ်းကြောင်းဆိုတာ ဘယ်တော့မှ ဖြောင့်ဖြူးမနေဟု သူအခိုင်အမာယုံကြည်ထား၏။

ဤတစ်ကြိမ် ရှုံးနိမ့်လျှင် နောက်တစ်ကြိမ် အနိုင်ရအောင် ကြိုးစားမည်ဖြစ်သည်။

‘ မင်းက ဘယ်လောက်ကြီးမားတဲ့ တောင်ကြီးဖြစ်နေပါစေ.. တစ်နေ့မှာ ငါ ကျင်းယွဲ့ အဲ့တောင်ကို လက်ထဲက စပ်ပုဆိန်နဲ့ ရအောင်ဖြိုမယ်…’

“ အခု ငါ့မှာ နောက်ထပ် ပြိုင်ဘက်တစ်ယောက်ရှိလာတော့မယ်…”

“ ငါ အရမ်းသိချင်နေပြီ… မင်းက ဘယ်သူများလဲ…”

ကျင်းယွဲ့ အသာအယာပြုံးလိုက်ပြီး ကောင်းကင်ဘုရင် ကျောင်းကျီထံမှ ကြေညာမှုအား စိတ်အားထက်သန်စွာ စောင့်နေလိုက်၏။

“ မကြာခင် မင်းဘယ်သူလဲ ငါသိရတော့မှာပါ….”

လက်တွင်းမှ စပ်ပုဆိန်က ပြင်းထန်သော တိုက်ခိုက်လိုစိတ်ကို ခံစားမိဟန်ဖြင့် လှုပ်ခါသွား၏။

တစ်ချိန်တည်းတွင် အနောက်ပိုင်းနယ်မြေ၌

ကျင့်ကြံသူများစွာရှေ့၌ အဖြူ၀တ်လူငယ်တစ်ဦး တင်ပလင်ခွေ ထိုင်နေ၏။

စစ်တပ်ခေါင်းဆောင်ဟု ယူဆရသူတစ်ယောက်က သူ့နောက်နား၌ ကပ်လျက် ရိုကျိုးစွာရပ်နေသည်။

ထိူလူငယ်၏ ပုံစံနှင့် ဟန်ပန်က အလွန်ရိုးရှင်းပြီး မည်သည့်ထူးခြားချက်မှမရှိချေ။

လူအုပ်ထဲ၌ နေပါက သာမန်အတိုင်းဖြစ်နေပေလိမ့်မည်။

သို့သော် လက်ရှိအနောက်ပိုင်းနယ်မြေ၌ သူ့အား မလေးမစားပြုဝံ့သူတစ်ယောက်မျှမရှိချေ။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော တစ်ရက်ကျော်က ထိုလူငယ်၏ ဦးဆောင်မှုဖြင့် အဓိက ‌ဒေသနှစ်ခုကို ပြန်လည် သိမ်းယူနိုင်ခဲ့သောကြောင့်ပင်။

အနောက်ပိုင်းနယ်မြေ၏ ကျရှုံးမှုနှင့် လူပေါင်းများစွာတို့အသက်အား ကယ်တင်ခဲ့သည်ဟု ဆိုရပေမည်။

ကျောင်းကျီ သူ့နာမည်ကို ကြေညာပြီးမှ အဖြူ၀တ်လူငယ် ဖြည်းညှင်းစွာ မျက်လုံးဖွင့်လာခဲ့သည်။

“ အင်း… ငါက ပထမနေရာမှ ရှိမနေဘူးပဲ….”

သူ့နောက်၌ ရပ်နေသော လူလည်း တုန်လှုပ်သွား၏။

အဘယ်ကြောင့်ဆိုသော် အဖြူ၀တ်လူငယ်၏ ခွန်အားကို မည်သူမှ အတိအကျမသိနိုင်သောကြောင့်ပင်။

လူသားဘုရင်အဆင့် နံပါတ်(၁) ၊ ရှန့်ကုန်းဂိုဏ်းမှ ဆင်းသက်လာသူ ကျောင်းချီ…

ပင်လယ်သားရဲ မျိုးနွယ်မှ ထိပ်တန်းကျင့်ကြံသူ(၄)ယောက်ပေါင်းတိုက်တာတောင် သူ့ကို အနိုင်မယူနိုင်ခဲ့ပေ။

ထို့နောက် ပင်လယ်သားရဲများဘက်မှ လူသားဘုရင်အဆင့်(၆)ယောက်ကိုပင် သတ်ပစ်ခဲ့၏။

အဓိကဒေသ(၂)ခုအား ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်းမှာ ကျောင်းချီက အဓိကနေရာမှ ပါ၀င်သည်။

သို့တိုင်အောင် သူက ပထမနေရာတွင် ရှိမနေဘူးလား….?

အနောက်ပိုင်းနယ်မြေမှ လူတိုင်း အံ့ဩမှင်သက်သွားကြ၏။

နောက်ဆုံးတွင် ကောင်းကင်ဘုရင်ကျောင်းကျီ စိတ်ပြန်လည်တည်ငြိမ်သွားပြီး ဖြည်းညှင်းစွာပြောလိုက်၏။

သို့သော် အမည်ကို တိုက်ရိုက်တန်ပြောလိုက်ခြင်းတော့မဟုတ်ပေ။

ထိုအစား ထိုလူ၏ အောင်မြင်မှုများကို အရင်ဖတ်ပြလိုက်၏။

“ အခြေတည်ဝိညာဉ်အဆင့်နဲ့ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် ပင်လယ်သားရဲ (၂)သိန်းကျော် ရှင်းပစ်ခဲ့တယ်….”

နန်ကျိုးမှ ကျင့်ကြံသူတိုင်းနီးပါး ထိတ်လန့်သွားကြ၏။

ကျောင်းချီနှင့် ကျင်းယွဲ့တို့ပင် မျက်ခုံးပင့်လိုက်မိကြသည်။

ကျောင်းကျီက ဆက်လက်ပြီး

“ မူလဘုရင်အဆင့် ပင်လယ်သားရဲ (၅၉)ယောက် နဲ့ လူသားဘုရင်အဆင့် ပင်လယ်သားရဲ (၁၇)ယောက်ကိုလည်း ရှင်းပစ်နိုင်ခဲ့တယ်….”

ဘုန်း…

ကိန်းဂဏန်းအရေအတွက်က လူတိုင်းကို ထိတ်လန့်သွားစေ၏။

လူသားဘုရင် (၁၇)ယောက်တောင်လား…?

ဘယ်လိုမျိုးလဲ...?

ထိတ်လန့်သွားကြသော်လည်း ၎င်းနှင့်ပတ်သက်ပြီး မည်သူမှ မေးခွန်းမထုတ်ကြချေ။

အဘယ်ကြောင့်ဆိုသော် မှတ်တမ်းတင် ကျောက်စိမ်းပြားက လိမ်ရန်မဖြစ်နိုင်သောကြောင့်ပင်။

ယခုတွင် လူတိုင်းစိတ်ထဲ၌ အတွေးတစ်ခုသာရှိတော့၏။

ထို ပထမှနေရာမှလူက မည်သူနည်း…?

All Chapters