← Chapters

အခန်း (၃၂၅)

Vol. 22 Ch. 325

အခန်း (၃၂၅)

Vol. 22 Ch. 325

ခေတ္တမျှရပ်နားပြီးနောက် ကျောင်းကျီ ဆက်ပြောလိုက်၏။

သူ၏ အသံက နန်ကျိုးတစ်ခွင်လုံး မိုးခြိမ်းသံအလား ပျံ့နှံ့သွားလေသည်။

“ စစ်ပွဲရမှတ်ပေါင်း (၄၄၂၉၀၀)ပိုင်ဆိုင်ရရှိထားတဲ့လူကတော့ ဗဟိုသူတော်စင် အကယ်ဒမီက ရွှမ်ယီပဲ ဖြစ်ပါတယ်….”

ဘုန်း…

နန်ကျိုးမှ လူများ စိတ်အားထက်သန်စွာဖြင့် အချင်းချင်း ကျယ်လောင်စွာ ဆွေးနွေးလိုက်ကြ၏။

ထိုပမာဏက သူတို့အာရုံကို အလွန်ဆွဲဆောင်သွားခဲ့သည်။

ရမှတ်ပေါင်း (၄၄၂၉၀၀)…

ဒါက ဘာကိုဆိုလိုသနည်း…?

လူသားဘုရင်အဆင့် နံပါတ်(၁) ကျောင်းချီထက် (၈)သောင်းကျော် များနေသည်။

“ ရွှမ်ယီ…”

တခြားစစ်နယ်မြေ(၃)ခုမှ စစ်ပွဲရမှတ် ထိပ်ဆုံးအဆင့်၀င်သူတိုင်း ထိုနာမည်အား နှလုံးသားထဲ၌ မှတ်ထားလိုက်ကြ၏။

တောင်းပိုင်းနယ်မြေရှိ ရွှမ်ယီကို အရှင်လတ်လတ်မြင်တွေ့နေရာသော လူများက ပို၍ မှင်သက်နေမိကြသည်။

ရွှမ်ယီ၏ ရမှတ် အလွန်မြင့်မည်ဟု သူတို့ ကြိုတင်ယူဆထပြီး‌ဖြစ်‌သော်လည်း ဤမျှ များပြားနေမည်ဟု မထင်ထားခဲ့ကြချေ။

အထူးသဖြင့် နာကစ်ဆစ်ဂိုဏ်းမှ ယွဲ့ဝူဖြစ်သည်။ အံ့ဩလွန်း၍ မေ့လဲမတတ်ပင်ဖြစ်နေ၏။

အချိန်တန်ကြာပြီးနောက်မှ နှုတ်ဖျားမှ အသံတိုးတိုးထွက်ပေါ်လာသည်။

“ မဖြစ်နိုင်ဘူး… ရွှမ်ယီက ရှန်တောင်ကိုတောင် သတ်ခဲ့တာမဟုတ်ဘူးလေ… ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ….”

ထိုစကားထွက်‌ပေါ်လာသည်နှင့် ပတ်၀န်းကျင်မှ စူးရှသောအကြည့်များ သူ့ထံသို့ ကျရောက်လာတော့၏။

သို့သော် သူတို့ စိတ်ထဲတွင်လည်း သံသယများရှိနေဆဲပင်။

အဘယ်ကြောင့်ဆိုသော် ဆရာရွှမ်က ပင်လယ်သားရဲများစွာကို သတ်ခဲ့သည်မှန်သော်လည်း ရှန်တောင်က လျှို့ဝှက်နည်းလမ်းဖြင့် လွတ်မြောက်သွားခဲ့၏။

လူများ၏ သံသယများကို နားလည်သဖြင့် ‌ကောင်းကင်ထက်မှ ကျောင်းကျီက သူ့လက်အား ဝှေ့ယမ်းလိုက်သည်။

အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ပုံရိပ်မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။

စစ်ပွဲ၌ ပါ၀င်ခဲ့သူတိုင်း သယ်ဆောင်ထားရသည့် ကျောက်စိမ်းပြားလေးက စစ်ပွဲအမှတ်များကို မှတ်သားရန်သာမက ပုံရိပ်များကို မှတ်တမ်းတင်ရန်လည်း အသုံး၀င်သည်။

အထူးသဖြင့် တိုက်ပွဲ ရင်ဆိုင်နေချိန်များကိုသာ အဓိက မှတ်တမ်းတင်ထားခြင်းဖြစ်၏။

ယခု ထုတ်ဖော်ပြသလိုက်သည့် မှတ်တမ်းက အဆုံးမဲ့ပင်လယ်ထဲ၌ မြင့်မြတ်အဆင့်၀င်များကို ရွှမ်ယီ သတ်ဖြတ်ခဲ့ချိန်ဖြစ်သည်။

“မင်းပဲ ငါ့ကို လက်တစ်ဖက်နဲ့ သတ်ပစ်မယ်လို့ပြောခဲ့တယ်မဟုတ်လား….”

“ ကိုင်း.. ငါရောက်လာပြီ…”

ရွှမ်ယီ၏ သာမန်ဆန်သောအသံက ကောင်းကင်ထက်ရှိ ပုံရိပ်ဖန်သားပြင်၌ ထွက်ပေါ်လာသည်။

သူက ချက်ချင်းတိုက်ခိုက်လိုက်ပြီး ဓားရောင်က အဆက်မပြတ်တောက်ပနေခဲ့၏။

ဓားတစ်ချက်ချင်းစီတိုင်းက ပင်လယ်သားရဲများအား သေသူသေ ဒဏ်ရာရသူရ ဖြစ်သွားစေသည်။

အချိန်တိုလေးအတွင်း ပါရမီရှင် ပင်လယ်သားရဲ (၁၀)ယောက်လုံးကို သတ်ပစ်ခဲ့၏။

ဓားချက်များ ဆက်တိုက်လွှတ်နေသည့် ရွှမ်ယီ၏ ပုံစံက ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည့် အင်မော်တယ် ဓားသမား တစ်ဦးအလားပင်။

နန်ကျိုးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

လူတိုင်း အမူအရာအမျိုးမျိုးဖြင့် မည်သည့်စကားမှမပြောဘဲ ဆက်လက်စောင့်ကြည့်နေကြ၏။

အချိန်တစ်ခုကြာပြီးနောက် တောင်ပိုင်းရှိ တပ်ဖွဲ့များထံမှ သက်ပြင်းချသံများထွက်ပေါ်လာသည်။

ယခုမှ သူတို့အာရုံများ လက်ရှိအ‌ခြေအနေသို့ ပြန်လည်လာခြင်းဖြစ်၏။

လူတိုင်း ရွှမ်ယီအား ကြောက်ရွံ့ လေးစားသောမျက်၀န်းများဖြင့် ကြည့်လိုက်ကြသည်။

ယခင်က ရိုသေလေးစားမှုများသာ ရှိခဲ့သော မျက်၀န်းများထဲ၌ ကြောက်ရွံ့မှုအရိပ်အယောင်များလည်း စွန်းထင်းနေချေပြီ။

အရှေ့ပိုင်းစစ်ပွဲနယ်မြေ

ထိုနေရာရှိ တပ်ဖွဲ့၀င် (၁)သိန်းကျော်ရှေ့၌ ကုံရွှမ်နှင့် လျှိုဝူဂျိတို့က ထိုမြင်ကွင်းအား ခေါင်းမော့ကာ ငေးကြည့်နေကြသည်။

တော်၀င်ပင်လယ်သားရဲများအား သတ်ဖြတ်နေပြီး ရွှမ်ယီ၏ သူရဲကောင်းဆန်သော အသွင်အပြင်…

၎င်းတို့အထဲမှ တစ်ယောက်နှင့် တိုက်ခိုက်ဖူးသောကုံရွှမ် အနည်းငယ်ခေါင်းယမ်းလိုက်မိသည်။

လျိုဝူဂျိလည်း သက်ပြင်းအရှည်ကြီးချလိုက်၏။

ထို့နောက် လျိုဝူဂျိနှင့် တစ်ယောက်ကို‌တစ်ယောက်ကြည့်ရင်း စိတ်ဓာတ်ကျစွာ ပြုံးမိလိုက်ကြသည်။

သူတို့က အထွတ်အထိပ် လူသားဘုရင်အဆင့်မှ ပါရမီရှင်များဖြစ်ကြ၏။

သို့သော် ရွှမ်ယီနှင့် ယှဉ်လိုက်လျှင်မူ စွမ်းအားအရာ၌ ကွာခြားချက် ကြီးလွန်းလှသည်။

အနည်းငယ်မျှ မဟုတ်ဘဲ အလွန်ကွာခြားလွန်းသည်ဖြစ်ရာ ယှဥ်ပြိုင်တိုက်ခိုက်ရန်ပင် စိတ်မကူးဝံ့ကြချေ။

လက်ရှိအချိန်တွင် သူတို့က လူသားဘုရင်အဆင့်ဇယား၌ ရွှမ်ယီထက် မြင့်နေသေးသော်လည်း စစ်ပွဲပြီးဆုံးချိန် မကြာခင်တွင် ရွှမ်ယီက သူတို့ အထက်သို့ရောက်သွားမည်မှာ အသေအချာပင်။

မြောက်ပိုင်းစစ်နယ်မြေတွင်…

စစ်တပ်ခေါင်းဆောင်တစ်ယောက်ဖြစ်ဟန်တူသူ တစ်ဦးက ကျင်းယွဲ့အား စိတ်ပူနေသောမျက်၀န်းများဖြင့် ကြည့်လိုက်သည်။

နဂိုက စိတ်အားထက်သန်ကာ မျှော်လင့်ချက်အပြည့်ဖြင့်ဖြစ်နေသည့် ကျင်းယွဲ့က ထိတ်လန့်ဟန်ဖြစ်သွားပြီး ခေါင်းငုံ့ထားသည်ကို မြင်လိုက်သောကြောင့်ပင်။

စိတ်ထဲ၌ စိုးရိမ်မှုများ တိုးပွားလာ၏။

သို့‌သော် တစ်ခဏအကြာတွင် ကျင်းယွဲ့ ပြန်လည်ခေါင်းမော့ကာ ရယ်မောလိုက်ပြီး လက်ထဲမှ စပ်ပုဆိန်ကာ ကိုင်လျက် မြေပြင်ထက်သို့ ဆင်းလိုက်သည်။

ထို့နောက် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။

“ သူက စစ်ပွဲရမှတ်စာရင်းမှာ ပထမနေရာကလူ ဖြစ်ထိုက်ပါတယ်… အံ့ဩစရာပဲ… ဒါပေမယ့် ငါ ကျင်းယွဲ့ လုံး၀ လက်လျှော့မှာမဟုတ်ဘူး…”

“ ဗဟိုသူတော်စင် အကယ်ဒမီက ရွှမ်ယီ… ကောင်းပြီ… ငါ မင်းနာမည်ကို စွဲစွဲမြဲမြဲမှတ်ထားမယ်….”

မြောက်ပိုင်းစစ်နယ်မြေမှ လူများ ရင်ကော့ကာ ကျောကိုဖြောင့်လျက် ရပ်လိုက်ကြသည်။

အားမာန်နှင့် မာနအပြည့်ရှိသော ကျန်းရှန်ဘုရင် ကျင်းယွဲ့အား လေးစားမှုအပြည့်ဖြင့်ကြည့်နေကြ၏။

သို့သော် စပ်ပုဆိန်အား ဆုပ်ကိုင်ထားသည့် ကျင်းယွဲ့က နေရာ၌ မရှိတော့ချေ။

အနောက်ပိုင်း စစ်နယ်မြေတွင်…

အဖြူ၀တ်လူငယ်က ထွက်သွားချေပြီ။

သူက ပင်လယ် ကမ်းရိုးတမ်းနားသို့ ရောက်လာပြီး လှိုင်းလုံးများအား တစ်ယောက်တည်း ငေးကြည့်နေခဲ့သည်။

အချိန်အတန်ကြာပြီးနောက် သက်ပြင်းချလိုက်၏။

လူသားဘုရင်အဆင့် နံပါတ်(၁) ဖြစ်သည့် သူ့ဘ၀၌ စိန်ခေါ်မှုပေါင်း ကြုံတွေ့ခဲ့ဖူးသည်။

သို့သော် ဤတစ်ကြိမ်၌ သိပ်ပြီး စိတ်ကျေနပ်မှုမရခဲ့ချေ။

သူကိုယ်တိုင်လည်း ပင်လယ်သားရဲ မျိုးနွယ်နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သူဖြစ်၏။

ထို့ကြောင့် ၎င်းတို့ ခွန်အားနှင့်ပတ်သက်ပြီး တခြားသူများထက် ပိုသိပေသည်။

ထို ရွှမ်ယီ၏ ဓားချက်က မည်မျှ အစွမ်းထက်ကြောင်း တွေးပင်မတွေးနိုင်တော့ချေ။

ရွှမ်ယီ၏ စွမ်းအားက နားမလည်နိုင်သော နယ်ပယ်တစ်ခုသို့ ရောက်နေချေပြီ။

မကြာခင် လူသားဘုရင်အဆင့် ဇယား၌ သူ့နေရာတွင် ရွှမ်ယီ၏ နာမည်က အစားထိုးသွားတော့မည်။

ပြောရမည်ဆိုလျှင် ထို ဂုဏ်ပုဒ်များနှင့် ပတ်သက်ပြီး သူ သိပ်ပြီးဂရုမစိုက်ချေ။

သူ မခံမရပ်နိုင်ဖြစ်နေသည့် ကိစ္စက ရွှမ်ယီ၏ စွမ်းအား ထိုမျှ အလွန်မြင့်မားနေခြင်းကိုပင်။

ရွှမ်ယီက သူတို့အားလုံးထက် လျှင်မြန်စွာ ကောင်းကင်ဘုရင်အဆင့်သို့ ရောက်သွားနိုင်၏။

မှန်ပေသည်။ ထိုအဆင့်ကို ဖြတ်ကျော်ရန် ထင်သလောက်မလွယ်ကူပေ။

တချို့ကျင့်ကြံသူများအနေဖြင့် ၎င်းအား ချိုးဖျက်ရန် အိမ်မက်ပင် မမက်နိုင်ကြချေ။

သို့သော် ရွှမ်ယီက တိုက်ခိုက်နိုင်စွမ်းက လူသားဘုရင်အဆင့် အကန့်အသတ်ကိုကျော်လွန်နေချေပြီ။

စစ်ပွဲပြီးနောက် အချိန်သိပ်မကြာမီ ကောင်းကင်ဘုရင်အဆင့်သို့ ရောက်သွားမည်မှာသေချာသည်။

တစ်နည်းအားဖြင့် ရွှမ်ယီထံမှ ထိုဂုဏ်ပုဒ်ကို ပြန်လည် လုယူနိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။

ကျောင်းချီအနေဖြင့် အနာဂါတ်၌ မည်မျှပင် မြင့်တက်သွားစေကာမူ ဤဖြစ်ရပ်က ဘယ်တော့မှ ဖျောက်ဖျက်၍ ရတော့မည်မဟုတ်ချေ။

လူသားဘုရင်အဆင့်၌ အလွန်အစွမ်းထက်သူတစ်ယောက်အနေဖြင့် ယခင်က စိတ်ထဲမထားခဲ့သည့် ဂုဏ်ပုဒ်ကို ဆုံးရှုံးသွားချေပြီ။

“ ဗဟိုသူတော်စင် အကယ်ဒမီက ရွှမ်ယီ….”

ထိုနာမည်အား ထပ်တလဲလဲရေရွတ်ရင်း ကျောင်းချီ၏ အသံက တဖြည်းဖြည်း အေးစက်၍လာသည်။

“ ငါ ကျိန်ဆိုတယ်… ကောင်းကင်ဘုရင်အဆင့်ရောက်ပြီးရင် ငါ မင်းနဲ့ တိုက်ခိုက်မယ်….”

…..

ကောင်းကင်ထက်မှ‌ တောက်ပနေသော အလင်းရောင်က တဖြည်းဖြည်း မှိန်ဖျော့ ပျောက်ကွယ်သွားလေသည်။

သို့သော် လူအများစုက စောနက မြင်ကွင်းထဲတွင် ပိတ်မိနေဆဲဖြစ်ပြီး ပြန်လည်သတိ၀င်မလာကြသေးချေ။

နောက်ဆုံးတွင် တောက်ပိုင်းနယ်မြေရှိ စစ်နယ်မြေ၌ တစ်ယောက်က စိတ်‌ဓာတ်ကျနေဟန်ဖြင့်

“ ဆရာရွှမ်… သူက လူသားရော ဟုတ်သေးရဲ့လား….”

သို့သော် ထိုလူက ပတ်၀န်းကျင်မှ အကြည့်စူးစူများကို မရရှိခဲ့ချေ။

ထိုအစား ပတ်၀န်းကျင်မှလူများလည်း လေးနက်စွာ ခေါင်းညိတ်လိုက်ကြ၏။

ရွှမ်ယီပင် ထိုစကားကြောင့် တဒင်္ဂါမျှ အံ့ဩသွားခဲ့သည်။

All Chapters