အခန်း (၃၂၈)
Vol. 22 Ch. 328
ရွှမ်ယီ ဟောခန်းမကြီးသို့ ရောက်လာပြီဖြစ်၏။
စာသင်ခန်းကျယ်ကြီးအတွင်း၌ မည်သည့် စားပွဲ ထိုင်ခုံမျှ မရှိချေ။
ခန်းမအတွင်း ကျောင်းသားများပြည့်နှက်နေခဲ့ပြီး ရွှမ်ယီ စကားပြောလာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
ရွှမ်ယီက လက်ဆန့်လိုက်ပြီး ကျောင်းသားများ လေ့လာရန်အတွက် ဓားရည်ရွယ်ချက်အား ထုတ်လွှတ်ပေးတော့မည်။
ထိုအချိန်တွင် သူ့လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွား၏။
ကိုင်လင်းအာ ဘုရင်အဆင့် ဖြတ်ကျော်သွားသည်ကို ခံစားမိသောကြောင့်ဖြစ်သည်။
ထို့နောက် ရွှမ်ယီထံမှ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာ၏။
ကျောင်းသားများ “…….”
အားလုံး အလင်းတန်းများ ပျောက်ကွယ်သွားသည်အထိ ရွှမ်ယီအား မှင်သက်စွာ ကြည့်နေခဲ့ကြသည်။
သူတို့ အသိ၀င်လာပြီးနောက်
တစ်ခုခုဖြစ်သွားတာလား….?
သူတို့ ရှေ့မှ ဆရာရွှမ်ယီက အတန်းထဲသို့ စ၀င်လာစဉ်ထက် အဆများစွာ ပိုသန်မာသွားကြောင်း ခံစားမိလိုက်ကြသည်။
ခါးသီးစွာဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။
…..
ရွှမ်ယီက သင်ကြားမှုက အမြဲတမ်း လျှင်မြန်စွာ ပြီးဆုံးသွားလေ့ရှိသော်လည်း အကျိုးသက်ရောက်မှုက အံ့မခန်းပင်။
သူ၏ ဓားရည်ရွယ်ချက် အဆီအနှစ်ကြောင့် ကျောင်းသားများစွာတို့ တိုးတက်သွားပြီး ကနဦးဓားရည်ရွယ်ချက်ကို နားလည်သွားသူများလည်း ရှိသည်။
သို့သော် အတန်းပြီးချိန် ၎င်းတို့မျက်နှာများ သိပ်မကောင်းကြချေ။
အဘယ်ကြောင့်ဆိုသော် ရုတ်တရက် အဆင့်တက်သွားသည့် ရွှမ်ယီကြောင့်ဖြစ်၏။
၎င်းက ထိုးနှက်ချက် ကြီးမားလွန်းလှသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ရွှမ်ယီလည်း ဘာမှ မတတ်နိုင်သောကြောင့် ကူကယ်ရာမဲ့သလို ခံစားလိုက်ရ၏။
သို့သော် ယခုအချိန်တွင် စိတ်အညစ်ဆုံးဖြစ်နေသူက မင်ယွဲ့ရှု ဖြစ်ပေသည်။
သူမက အပြင်းအထန်ကြိုးစားပြီး ဘုရင်အဆင့်သို့ ချိုးဖျက် နိုင်ခဲ့သော်လည်း ကိုင်လင်းအာက သူမထက် ခြေတစ်လှမ်းစောသွားခဲ့သည်။
အရံတာ၀န် ဆုလာဘ်ကြောင့် လက်ရှိအချိန်တွင် ရွှမ်ယီ၏ ကျင့်ကြံမှုက အလတ်အလတ်လူသားဘုရင်အဆင့်မှ အထွတ်အထိပ် လူသားဘုရင်အဆင့်သို့ အလွန်နီးကပ်သွားပြီဖြစ်၏။
ယခုအချိန် သာမန် ကောင်းကင်ဘုရင်များနှင့် ရင်ဆိုင်ရပါက မရှုံးနိမ့်နိုင်ဟု ခံစားနေမိသည်။
သူ၏ ကျင့်ကြံခြင်းလှိုဏ်ဂူသို့ ပြန်ရောက်လျှင် ရွှမ်ယီ ဆက်လက်ကျင့်ကြံလိုက်၏။
သူ့ ကျင့်ကြံမှုက အထွတ်အထိပ် လူသားဘုရင်အဆင့်နှင့် အလွန်နီးကပ်နေပြီဖြစ်ရာ ၎င်းအား ချိုးဖျက်နိုင်ရန် ရည်မှန်းထားသည်။
….
ရွှမ်ယီ တံခါးပိတ်ကျင့်ကြံနေစဉ် နန်ကျိုး၌ ကိစ္စတော်တော်များများ ဖြစ်ပျက်လာခဲ့သည်။
ရှန့်ကုန်းဂိုဏ်း အထက်ကောင်းကင်ယံ၌ အဖြူ၀တ်လူငယ်တစ်ဦး လေထဲ၌ တင်ပလင်ခွေ ထိုင်နေ၏။
သူ့နောက်ကျောဘက်တွင် စိတ်ဝိညာဉ်စွမ်းအင်များက အပိုင်းအများသဖွယ် ပြန့်ကြဲနေပြီး တိုင်လုံးများအဖြစ် ပြောင်းလဲကာ ကောင်းကင်ထက်သို့ ထိုးတက်သွားလေသည်။
နေသာကာ ရှင်းလင်းနေသည့် ကောင်းကင်ပြာကြီးက ချက်ချင်း ညကောင်းကင်သဖွယ်ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်စွမ်းအင်တစ်ခုဖြစ်ပေါ်လာကာ ကြယ်များ တစ်လုံးပြီးတစ်လုံး တောက်ပလာည်။
ဤသည်မှာ ကျင့်ကြံမှု ချိုးဖျက်နေခြင်းကြောင့် ဖြစ်ပေါ်လာသည့် မြင်ကွင်းဖြစ်ပြီး စကြာ၀ဠာကြီး တစ်ခုလုံး ၎င်းအား ဦးညွှတ်နေသည့်အလားပင်။
ထိုလူငယ်၏ ပုံစံက စကြာ၀ဠာကြီး အလယ်မှ ဘုရင်တစ်ပါးနှင့် တူညီနေပြီး မည်သူမှ ၎င်းအား မဆန့်ကျင်နိုင်ပုံ ပေါ်နေ၏။
၎င်းက လူသားဘုရင်အဆင့် နံပါတ်(၁) နှင့် စစ်ပွဲရမှတ်အဆင့် နံပါတ်(၂)နေရာမှ ကကျောင်းချီဖြစ်သည်။
သူက ကောင်းကင်ဘုရင့်အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားနေခြင်းဖြစ်ပြီး အသက်(၁၀၀)ပင် မပြည့်သေးသည်ဖြစ်ရာ သူသာအောင်မြင်သွားပါက နန်ကျိုး၌ ကောင်းကင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်သည့် အသက်ငယ်ဆုံးလူဟူ၍ မှတ်တမ်း ၀င်သွားပေလိမ့်မည်။
လူသားဘုရင်နှင့် ကောင်းကင်ဘုရင်တို့အကြား အဓိကကွာခြားချက်ကြီးမှာ ဥပဒေသများအပေါ် အဆင့်မြင့်ထိန်းချုပ်နိုင်စွမ်းဖြစ်၏။
ကောင်းကင်ဘုရင်အဆင့်၌ စိတ်ဝိညာဉ်ဒြပ်စင်နုတ်များကို ဖွဲ့စည်းပြီး စိတ်ဝိညာဉ်ဒြပ်စင် စက်၀န်း တည်ဆောက်ရသည်။
ထိုအဆင့်သို့ရောက်ရှိပါက ပြင်ပမှ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူ အသုံးပြုစရာမလိုတော့ဘဲ မိမိခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်များဖြင့် စိတ်တိုင်းကျ တိုက်ခိုက်နိုင်ပေလိမ့်မည်။
စိတ်ဝိညာဉ်ဒြပ်စင်နုတ် ပိုများလေ ပိုပြီး အစွမ်းထက်လေဖြစ်၏။
လက်ရှိတွင် ကျောင်းချီ၏ ဦးခေါင်းအထက်၌ ကြယ်(၉)လုံး လင်းလက်နေသည်ဖြစ်ရာ စိတ်ဝိညာဉ်ဒြပ်စင်နုတ် (၉)ခု ဖွဲ့စည်းပြီးပြီဖြစ်ကြောင်း သိနိုင်သည်။
ကြယ်(၃)လုံးဖြင့် ဖွဲ့စည်းထားသည် စိတ်ဝိညာဉ်ဒြပ်စင်စက်၀န်းက ကောင်းကင်ဘုရင်တစ်၀က်အဆင့်ကို ကိုယ်စားပြုပြီး..
ကြယ်(၉)လုံးဖြင့် ဖွဲ့စည်းထားသည့် စက်၀န်းကျ သာမန် ကောင်းကင်ဘုရင်အဆင့်ကို ကိုယ်စားပြုသည်။
သို့သော် ကျောင်းချီက ကောင်းကင်ဘုရင်အဆင့်သို့ပင် မချိုးဖျက်ရသေးဘဲ ထိုအဆင့်သို့ ရောက်နေပြီဖြစ်၏။
“ မယုံနိုင်စရာဘဲ… ဒီလူငယ်က အသက်(၁၀၀) မပြည့်သေးဘူး.. ဟုတ်တယ်မလား….”
ကောင်းကင်ဘုရင်တစ်ဦး ထံမှ အံ့ဩကာ ရေရွတ်လိုက်သံထွက်ပေါ်လာ၏။
လက်ရှိအချိန်တွင် ရှန့်ကုန်းဂိုဏ်းရှိကာ ဒေသတင်မဟုတ် ပတ်၀န်းကျင် ဒေသမှ ကောင်းကင်ဘုရင်များလည်း အံ့အားသင့်နေကြသည်။
သို့သော် ကျောင်းချီ၏ အံ့ဩဖွယ် ဖြစ်စဉ်က ထိုမျှနှင့် မရပ်တန့်သေးပေ။
သူ၏ စိတ်ဝိညာဉ် သွေးကြောများ တုန်ခါလာပြီး နောက်ထပ် ကြယ်များ ထွန်းလင်းတောက်ပလာခဲ့သည်။
ကျောင်းချီ၏ ပတ်၀န်းကျင်တွင် စိတ်ဝိညာဉ်ဒြပ်စင်နုတ် (၁၇)ခု ဖွဲ့စည်းပြီးဖြစ်ကာ ၎င်းတို့က ကြယ်တံတားတစ်ခုအလား ပြောင်းလဲပြီး ကျောင်းချီထံသို့ ဆင်းသက်လာ၏။
“ ဟင်း… လူငယ်တွေက စိတ်မထိန်းနိုင်ဘူး… လောဘကြီးလွန်းတယ်….”
တချို့ ကောင်းကင်ဘုရင်များ ဝေဖန်လိုက်ကြ၏။
အကြောင်းမှာ အဆင့်ချိုးဖျက်စဉ် စိတ်ဝိညာဉ်ဒြပ်စင်နုတ် များလွန်ပါက ၎င်း၏ စွမ်းအားကို ထိန်းချုပ်ရန် ခက်ခဲပြီး မတော်တဆ တန်ပြန်ဒဏ်ရာများပင် ရနိုင်ချေရှိသည်။
ရှန့်ကုန်းဂိုဏ်းမှ ယခင်ဂိုဏ်းချုပ်ဟောင်းလဲ လေထဲသို့ စိုးရိမ်တကြီးကြည့်နေခဲ့သည်။ သူက ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူဖြစ်သော်ငြား ကျောင်းချီ တစ်ခုခုဖြစ်သွားမှာ စိုးသောကြောင့် မတည်ငြိမ်နိုင်ဖြစ်နေရ၏။
သို့သော် တစ်ခဏကြာပြီးနောက် ဂိုဏ်းချုပ်ဟောင်း၏ တင်းမာကာ ပူပန်နေသော မျက်နှာက ပြန်လည် ပြေလျော့သွားခဲ့သည်။
မည်သည့် မတော်တဆမှု ပြသနာမှ မရှိခဲ့ချေ။ ကျောင်းချီက စိတ်ဝိညာဉ်ဒြပ်စင်များအား အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး နဂိုက နဂါးငွေ့တန်းကြီးအလား ဖြစ်နေသည့် ကောင်းကင်ကြီးက တုန်ခါလာပြီး ပြိုကျ ပျက်စီးသွားခဲ့သည်။
မိုင်ထောင်ပေါင်းများစွာ ကျယ်ပြန့်ပြီး ကြည်လင်သော ကောင်းကင်ကြီးထက်၌ အဖြူ၀တ်လူငယ်လေးတစ်ယောက် ရှင်းလင်းစွာ ရပ်တည်ကျန်ခဲ့သည်။
ယခုအချိန်မှစပြီး ကျောင်းချီက လူသားဘုရင်အဆင့် ကျင့်ကြံသူမဟုတ်တော့ချေ။ ကောင်းကင်ဘုရင်အဆင့်သို့ အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ပြီး အစောပိုင်းကောင်းကင်ဘုရင်အဆင့်သို့ ရောက်သွားပြီဖြစ်၏။
ထို့အပြင် သူက စိတ်ဝိညာဉ်ဒြပ်စင်နုတ် (၁၇)ခုကို ဖွဲ့စည်းခဲ့ပြီးဖြစ်သောကြောင့် အလယ်အလတ် ကောင်းကင်ဘုရင်အဆင့်နှင့် ခြေတစ်လှမ်းသာဝေးတော့သည်။
“ ဒီနှစ် လူသားဘုရင်အဆင့်ဇယားက နှစ်ပေါင်း(၁၀၀၀၀)အတွင်းမှာ အထင်ရှားဆုံး ဖြစ်လိမ့်မယ်….”
ကောင်းကင်ဘုရင် တစ်ယောက်က မှတ်ချက်ပေးလိုက်၏။
ထိုစကားကို ကြားလျှင် ကျန်ကောင်းကင်ဘုရင်များလည်း မှင်သက်သွားပြီး စိတ်ထဲ၌ ဓားတစ်ချောင်း ကိုင်ဆွဲထားသည့် အဖြူ၀တ်လူငယ်လေး တစ်ယောက်၏ ပုံရိပ် ထွက်ပေါ်လာသည်။
ဗဟိုသူတော်စင် အကယ်ဒမီ ရွှမ်ယီ…
….
ဤအတောအတွင်း အကြောင်းကိစ္စ တော်တော်များများ ဖြစ်ပျက်ခဲ့သည်။
ကျောင်းချီ ကောင်းကင်ဘုရင်အဆင့်သို့ ချိုးဖျက်ပြီးနောက်ပိုင်း လူသားဘုရင်အဆင့် ဇယား၌ အပြောင်းအလဲများစွာ ဖြစ်ပွားခဲ့၏။
ယခင် အဆင့်(၇)နေရာမှ လျှိုဝူဂျိက အဆင့်(၁၀)သို့ ကျဆင်းသွားခဲ့သည်။
ဝူယုက အသစ်ပေါ်ပေါက်လာသော ပါရမီတစ်ဦးအား ရှုံးနိမ့်ခဲ့ပြီး လူသားဘုရင်အဆင့် ဇယားမှ ဖယ်ရှားခံလိုက်ရ၏။
ရှပိုင်ချန်လည်း လှံသိုင်းပါရမီရှင်တစ်ဦးထံ ရှုံးနိမ့်သွားပြီး အဆင့်(၅)မှ ကျဆင်းသွားခဲ့သည်။
ထို့အပြင် ပင်လယ်သားရဲမျိုးနွယ် ကျူးကျော်ခြင်း၌ ထွက်ပေါ်လာခဲ့ပြီး လူသားဘုရင်အဆင့်ဇယား၌ ပါ၀င်သွားသည့် ကုံယုနှင့် ရှုလန်ဟိုင်တို့နှစ်ယောက်လည်း အသစ်ထွက်ပေါ်လာသော ပါရမီရှင်များထံ ရှုံးနိမ့်သွားပြီး လူသားဘုရင်အဆင့်ဇယားမှ ဖယ်ရှားခံခဲ့ရသည်။