← Chapters

ဓားပျံဖြင့် သတ်ဖြတ်ခြင်း

Vol. 15 Ch. 188

ဓားပျံဖြင့် သတ်ဖြတ်ခြင်း

Vol. 15 Ch. 188

"သူ့ကို သတ်"

ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်၏ ကျင့်ကြံသူများနှင့် နတ်ဆိုး သန်းပေါင်းများစွာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်သောကြောင့် အမှတ်တစ် လေးထောင့်ကွက်၏ အစီအရင်ကိုပင် အနည်းငယ် တုန်ခါသွားစေသည်။ ရဲချင်းထျန်နှင့် စကားပြောနေဆဲဖြစ်သော ခရမ်းရောင်ဧကရာဇ်က ရုတ်တရက် မင်သက်သွားကာ သူ၏ မျက်လုံးများ သွေးနီရောင် သန်း၍ မျက်နှာတစ်ခုလုံး ညှိုးငယ်လာသည်။ ဆယ်စုနှစ်တစ်ခုကျော် သူ ကြိုးစားပမ်းစား ပြုစုပျိုးထောင်ခဲ့သော အမွေဆက်ခံသူများက မျက်စိတစ်မှိတ်အတွင်း လေးယောက် သေဆုံးသွားကာ တစ်ခဏမျှပင် မခုခံနိုင်ခဲ့ပေ။ ဤသည်မှာ ရဲချင်းထျန်၊ မူတန်းရှီ နှင့် ယို ဖုန်းတို့ အလွန် ရင်းနှီးသော မြင်ကွင်းတစ်ခု ဖြစ်ကာ ဖြစ်နိုင်ခြေကို ခန့်မှန်းခဲ့ကြသော်လည်း ဤရလဒ်မျိုး မဟုတ်ချေ။ ခန့် နောက်ဆုံးတွင် ယွမ်ရှောင်သည် မဟာကပ်ဘေးကို ဆင့်ခေါ်ပြီး ကောင်းကင်ဘုံကို ဒေါသထွက်စေနိုင်စွမ်း ရှိသည့် ကြီးမြတ်သော ကံကြမ္မာနှင့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

ခရမ်းရောင်ကောင်းကင် အိမ်ရှေ့စံ၏ မျက်နှာက သွေးနီရောင်သန်း၍ ရှုံ့မဲ့နေသပြီး သေဆုံးသွားသည်မှာ သူ၏ ညီငယ် ညီမငယ်များဖြစ်ကာ သူတို့ ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့၍ ဆယ်စုနှစ်တစ်ခုကျော် အစ်ကိုကြီးဟု ခေါ်ဆိုသည်ကို ချစ်ခင်စွာ နားထောင်ခဲ့သည်။ သို့သော် ခေါင်းပြတ်လေးလုံးသာ ကျန်ရစ်ခဲ့သောကြောင့် ဒေါသ၊ လက်စားချေလိုစိတ်နှင့် သတ်ဖြတ်လိုစိတ် ခံစားချက်များက အိမ်ရှေ့စံ၏ ရင်ဘတ်၌ မီးတောင်ကဲ့သို့ တားဆီးမရနိုင်အောင် ပေါက်ကွဲထွက်လာသည်။ သူက သူတော်စင် နယ်ပယ် ကျင့်ကြံသူဖြစ်ကာ လေမီးတောက် ကပ်ဘေး ငါးခုကို ကျော်ဖြတ်နိုင်ခဲ့ပြီး ချီစွမ်းအင်ကို မြင့်မြတ်ချီအဖြစ် ပြောင်းလဲနိုင်ခဲ့ရာ ခရမ်းရောင် စွမ်းအင်စီးကြောင်းသည် သူ၏ ဒန်တန် နှင့် စွမ်းအင်ကြောများမှတစ်ဆင့် စီးဆင်းရင်း သူ၏ အရေပြားပေါ်သို့ပင် လျှံထွက်နေသည်။ ၎င်းက သူ၏ မျက်နှာ၊ ဆံပင်၊ အရေပြား၊ နှင့် ပန်းထိုးဝတ်ရုံမှတစ်ဆင့် တိုးထွက်လာကာ အိမ်ရှေ့စံကို ခရမ်းရောင် အင်မော်တယ် နတ်ဘုရားတစ်ပါးနှင့် တူညီသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။ အင်မော်တယ်နတ်ပြည်ထောင်များ၏ သမိုင်းတွင် သူတော်စင် နယ်ပယ်သို့ ရောက်ရှိခြင်းသည် မည်သည့် ကျင့်ကြံသူအတွက်မဆို ကြီးကျယ်သော ပြောင်းလဲမှုတစ်ခု ဖြစ်သည်။

လူတစ်ယောက်က သူတော်စင် အဖြစ်သို့ ရောက်ရှိသည်နှင့်တပြိုင်နက် တိုက်ခိုက်ရေး စွမ်းရည် တဟုန်ထိုး မြင့်တက်သွားကာ သူတော်စင် နယ်ပယ်အောက်မှ မည်သူ့ကိုမဆို လွှမ်းမိုးနိုင်သည်။ ဤအချက်ကြောင့် သူတော်စင်များက နတ်ဘုရားတိုက်ကြီး နှင့် နတ်ဆိုးတိုက်ကြီးတွင် လေးစားဖွယ် အဆင့်အတန်းတစ်ခုကို ဆုပ်ကိုင်ထားနိုင်ခြင်း၏ အကြောင်းရင်း ဖြစ်သည်။ ယခုအချိန်အထိ အင်မော်တယ်စစ်ပွဲတွင် သူတော်စင်နယ်ပယ် ဆယ့်သုံးဦးလုံး လက်တွေ့တွင် တန်းတူမရှိဘဲ ပြိုင်ဘက်ကင်းဖြစ်နေကြ၏။

ယွမ်ရှောင်က လေမီးတောက် ကပ်ဘေး နယ်ပယ်ဖြစ်သောကြောင့် အစွမ်းထက်သော်လည်း သူတော်စင်နယ်ပယ်ကို ဆန့်ကျင်နိုင်စွမ်းရှိမရှိမှာ မေးခွန်းထုတ်စရာဖြစ်နေသည်။ ဤမျှ အစွမ်းထက်နေပြီးဖြစ်သည်။ ပတ်လည်တိုက်ပွဲ၏ အင်အားအကြီးဆုံး တိုက်ပွဲသည် ပတ်ဝန်းကျင်ရှိ လူတိုင်းနီးပါး၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့ပြီး ဖြစ်ပွားနေသော အခြား တိုက်ပွဲ ရာပေါင်းများစွာကို လျစ်လျူရှုထားလိုက်ကြသည်။

ဒေါသထွက်နေသော အိမ်ရှေ့စံက စကားတစ်ခွန်းမှ မဆိုဘဲ မှော်ရတနာတစ်ခုကို ဆင့်ခေါ်ပြီး ၎င်းသည် ခရမ်းရောင် မြူခိုးဖြင့် ဝန်းရံထားပြီး ခရမ်းရောင် သလင်းကျောက်များ ထည့်သွင်းမြှုပ်နှံထားကာ ပျက်စီးခြင်း၏ အင်အားဖြင့် ပြည့်နှက်နေသည်။ ၎င်း၏ မျက်နှာပြင်တွင် ဂါထာစာလုံးများဖြင့် ဖုံးလွှမ်းနေပြီး လေပြင်းယပ်တောင်ထက် ပို၍ အစွမ်းထက်သည်မှာ ရှင်းလင်းပြီး အနည်းဆုံး နဂါးငွေ့တန်း အလယ်အဆင့် ဖြစ်ကာ

ဓားတစ်ချောင်း ဖြစ်သည်။

“ဓားတစ်ချောင်းကလည်း မှော်ရတနာလည်း ဖြစ်နိုင်လား”

ယွမ်ရှောင်က နောက်လှည့်၍ နန်းကုန်းရှုကို မေးသည်။

“တိတိကျကျ ပြောရရင် ရတနာအမျိုးအစား အများစုက ဓားတွေပဲ”

နန်းကုန်းရှုက ရှင်းပြသည်။

“ဒါက ငါတို့လို ဓားကျင့်ကြံသူတွေအတွက် တော်တော်လေး ကသိကအောက် ဖြစ်စေတယ်”

ဓားလက်နက်မှာ ဓားကျင့်ကြံသူများအတွက်သာ သီးသန့်ဟု သူက ထင်ထားခဲ့သည်။

“ခရမ်းရောင် ချီ ဓား”

ဓား ပေါ်ထွက်လာသည်နှင့်တပြိုင်နက် အံ့ဩတကြီး တီးတိုးသံများ လှိုင်းလုံးတစ်ခုပမာ လူအုပ်ကြား ပျံ့နှံ့သွားသည်။ အိမ်ရှေ့စံ၏ မျက်လုံးများတွင် ခရမ်းရောင် အရိပ်အငွေ့ဖြင့် တောက်လောင်နေပြီး လက်ထဲတွင် ခရမ်းရောင် ချီ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ မီးလျှံများက ဓားသွားပေါ်တွင် ကခုန်နေပြီး ပြိုင်ဘက်ကင်းအရှိန်အဝါတစ်ခု ထွက်ပေါ်နေကာ ပြိုင်ဘက်ကို ဖိအားပေးနိုင်စွမ်းရှိ၏။

"ယွမ်ရှောင် ငါကမှ အစစ်အမှန်ဓားကျင့်ကြံသူပဲ"

အိမ်ရှေ့စံက တောက်ပသော ဓားဖြင့် ချိန်ရွယ်၍ လေကြီးလိုက်သည်။

ယွမ်ရှောင်က သူ၏ ဓားဝိညာဉ်ကို သုံးပေရှည်သော အပြာရောင် ဓားအဖြစ် ပြောင်းလဲလိုက်ရာ ဓားအော်ရာ ၂၅၀ လွှာသည် ၎င်း၏ပတ်ပတ်လည်တွင် တဝှီဝှီ မြည်ဟီးနေ၍ ဓားစက်ကွင်း ငါးခု ဝိုင်းပတ်နေသည်။ သူ၏ အဖြူရောင် ဝတ်ရုံက လေထဲတွင် လွင့်ပျံနေကာ နတ်ဘုရားဆန်ဆန် မျက်နှာသွင်ပြင်ကို ထင်ရှားစေသည်။

"တကယ်လား။ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ၊ ငါက ဘဝတစ်လျှောက်လုံး ကိုယ့်ကိုကိုယ် ဓားကျင့်ကြံသူတစ်ယောက်လို့ ထင်ခဲ့တယ်။ အလင်းပြစမ်းပါဦး"

ယွမ်ရှောင်က သရော်သည့်ပုံစံဖြင့် ပြန်ဖြေသည်။

"ငါက ဓားအော်ရာနဲ့ ဓားဝိညာဉ်ကို ပဆင့် မြှင့်တင်ဖို့ ကြိုးစားပမ်းစား လုပ်နေစရာ မလိုအပ်ဘူး။ ဒီမှော်ရတနာ လက်ထဲမှာ ရှိနေရင် ငါ့ဓားက မရေမတွက်နိုင်တဲ့ ဓားဝိညာဉ်တွေကို ဖျက်ဆီးနိုင်တယ်"

အိမ်ရှေ့စံက နှာခေါင်းတစ်ချက်ရှုံ့၍ ဓားကျင့်ကြံမှု လမ်းစဉ်ကို မထီမဲ့မြင်ပြုသော အဖွဲ့တစ်ခုကို ကိုယ်စားပြုသည်။ ယွမ်ရှောင်ကို သတ်ဖြတ်ရန် ကြိုးပမ်းရုံသာမက သူ ဂုဏ်ယူထားသည့် အရာအားလုံးကိုပါ ဖျက်ဆီးလိုနေခဲ့သည်။

"ဆက်ပြော"

"ဓားဝိညာဉ်တွေက မွေးရာပါ ကန့်သတ်ချက်များ ရှိပေမယ့် မှော်ရတနာမှာ မရှိဘူး။ လုံလောက်တဲ့ ငွေနဲ့ ကျောထောက်နောက်ခံ ရှိနေရင် ဘယ်သူဖြစ်ဖြစ် ပြိုင်ဘက်ကင်း မှော်ဓားတစ်လက် ပိုင်ဆိုင်နိုင်ပြီး ဓားတာအိုရဲ့ ဘုရင်တစ်ပါး ဖြစ်လာနိုင်တယ်။ မှော်ဓားကလည်း ဓားမြှောင်၊ ဓားရှည်နဲ့ ဓားပျံအဖြစ် ပြောင်းလဲနိုင်ပြီး အတွေးနဲ့ ထိန်းချုပ်ရင်း မီတာ ထောင်ပေါင်းများစွာ အကွာမှ ရန်သူကို သတ်ဖြတ်နိုင်တယ်"

"မင်းပြောစရာ ကုန်ပီလား"

"ငါ့ဓား ဖျက်ဆီးခံရရင်တောင် ရိုးရိုးရှင်းရှင်း အစားထိုးနိုင်တယ်။ ဒါပေမယ့် မင်းရဲ့ ဓားဝိညာဥ် ဖျက်ဆီးခံရရင် သေဆုံးရလိမ့်မယ်။ မင်းတို့လို အရူးတွေက ကိုယ့်အရိုးကို အခြားသူရဲ့ အမြင့်မြတ်ဆုံး မှော်ရတနာများနှင့် တိုက်ခိုက်နေကြတယ်။ ငါက မင်းတို့ရဲ့ လမ်းစဥ်ကို အမှိုက်လို့ သတ်မှတ်တယ်။ မင်း ဝန်ခံရဲလား"

အိမ်ရှေ့စံက ဓားလမ်းစဥ်ကို အထင်သေးစွာ ရှုံ့ချနေသည်။

"သဘောတူတယ်"

စကားအဆုံးတွင် ယွမ်ရှောင်၏ အဖြူရောင် ပုံရိပ်က လျှပ်တပြက် ပျောက်ကွယ်သွားပြီး အိမ်ရှေ့စံ၏ ရှေ့တည့်တည့်တွင် ပြန်လည် ပေါ်ထွက်လာသည်။ သူ၏ အပြာရောင် ဓားသွားက ကြယ်အလင်းဖြင့် တောက်ပနေပြီး နက္ခတ်တာရာတစ်ခု၏ ပုံသဏ္ဌာန်ဖြင့် အောက်သို့ ခုတ်ပိုင်းလာခဲ့သည်။ နတ်ဆိုးစွမ်းရည်လေးခုလည်း ပေါင်းစပ်ပါဝင်နေပြီး တစ်ချက်တည်း ခုတ်ပိုင်းရုံဖြင့် သူ၏ ဓားက ကြယ်တံခွန်ပမာ ကျဆင်းလာပြီး သတ်ဖြတ်လိုစိတ်ပြင်းထန်နေသော်လည်း လာရာလမ်းကို ခန့်မှန်းမရနိုင်လောက်အောင် အနုပညာဆန်ဆန် လှပနေ၏။

အိမ်ရှေ့စံက နှာခေါင်းရှုံ့၍ ကောက်ကျစ်စွာ ပြုံးပြီး ဓားလမ်းစဥ်ကို လှောင်ပြောင်ခြင်း အကြောင်းအရင်းမှာ ယွမ်ရှောင် ဒေါသထွက်ကာ ထိပ်တိုက်ရင်ဆိုင်လာစေရန်ပင်။ သူကိုယ်တိုင်လည်း ဓားတာအိုကို ကျင့်ကြံသူဖြစ်ပြီး မြင့်မြတ်ချီဖြင့် ရတနာဓားကို အားဖြည့်၍ ဓားစွမ်းအင်ကို ဘက်ပေါင်းစုံသို့ ဖြန့်ထုတ်ပစ်လိုက်သည်။

ထန်

လျင်မြန်သော လှုပ်ရှားမှုဖြင့် သူက ခရမ်းရောင် ချီ ဓားကို ရှေ့သို့ ထိုးစိုက်လိုက်ရာ မရေမတွက်နိုင်သော ဂါထာစာလုံးများ ဓားထိပ်ဖျားဆီသို့ တိုးဝင်သွားကာ ပြိုးပြက်တောက်ပသော ခရမ်းရောင် အလင်းတစ်ခု ပေါက်ကွဲထွက်လာ၍ ပတ်ဝန်းကျင် စစ်မြေပြင်ကို ခဏအတွင်း ခရမ်းရောင်အလင်းများ ထွန်းလင်းသွားစေသည်။

ခရမ်းရောင် ချီ ဓားသိုင်း၊ ခရမ်းရောင် နေမင်း

ထိပ်တန်းအဆင့် မှော်ဓားတစ်ခုကို နဂါးငွေ့တန်း အဆင့် ဓားသိုင်းဖြင့် တိုက်ခိုက်လိုက်သောကြောင့် အိမ်ရှေ့စံက အသာစီး ရမည်ဟု ယုံကြည်ထားသည်။ သူ၏ မျက်လုံးများက ခရမ်းရောင် အလင်းဖြင့် တောက်ပနေကာ တိုက်ကွက်နှစ်ခု ရင်ဆိုင်မိစဥ် ထွက်ပေါ်လာသော ထန်ခနဲ အသံစူးစူးကြောင့် မရေမတွက်နိုင်သော ပရိသတ်များ သူတို့၏ နားများကို အုပ်ကိုင်လိုက်မိပြီး ဓားသွားများ ဆုံသည့်နေရာတွင် မီးပွားများ လွင့်စင်လာသည်။

ခရမ်းရောင် ချီ ဓား၏ အားကုန် စွမ်းအားနှင့် ဂါထာစာလုံးများက ယွမ်ရှောင်၏ ဓားရှိ နတ်ဆိုးစွမ်းရည်နှင့် ဓားအော်ရာကို ထိပ်တိုက်ရင်ဆိုင်မိသောအခါ တန်ပြန်လှိုင်းများ ပေါက်ကွဲအားပြင်းပြင်း ပြန့်ထွက်နေသည်။

ဘုန်း

အားနည်းသော ကျင့်ကြံမှုကြောင့် ယွမ်ရှောင်က ခြေလှမ်းများစွာ နောက်ဆုတ်ပေးလိုက်ရပြီး ကြမ်းပြင်၌ အက်ကြောင်းများ ဖြစ်ပေါ်လာသည်။ သို့သော် သူက လျင်လျင်မြန်မြန်ဖြင့် လှုပ်ရှားနေဆဲဖြစ်ပြီး ကျန်တစ်ဖက်တွင် အိမ်ရှေ့စံ နေရာမှ မရွေ့ဘဲ ရပ်နိုင်ခဲ့သော်လည်း ယွမ်ရှောင်၏ ဓားမှ ထုတ်လွှတ်သော ရေ၊ သွေး၊ လေ နှင့် မိုးကြိုး၏ နတ်ဆိုးစွမ်းရည်များ သူ့ကို လွှမ်းခြုံသွားသည်။ ထူထပ်သည့် ဓားအော်ရာများကြောင့် သူ၏ မှော် ချပ်ဝတ်တန်ဆာ စုတ်ပြဲသွားကာ လက်နှင့်မျက်နှာပေါ်တွင် ဓားဒဏ်ရာ ခပ်နက်နက် ကျန်ရစ်ခဲ့ပြီး ခန္ဓာကိုယ် တစ်ဝက်၌ သွေးဖြင့် ရွှဲရွှဲစိုနေသည်။

"သူက ငါ့အောက် အားနည်းပေမယ့် ဓားစက်ကွင်းနဲ့ နတ်ဆိုးစွမ်းရည်က ထိရောက်တယ်"

အိမ်ရှေ့စံက သူ၏ မျက်နှာမှ သွေးကို လက်ဖြင့် သုတ်ရင်း ယွမ်ရှောင်ကို မယုံနိုင်စွာ စိုက်ကြည့်နေသည်။ ယွမ်ရှောင်၏ ဓားဝိညာဉ်က ခရမ်းရောင် ချီ ဓားနှင့် ထိပ်တိုက်ရင်ဆိုင်မိသောအခါ ကြေမွသွားခြင်း ရှိမရှိကို သူအသိချင်ဆုံး ဖြစ်သော်လည်း မြင်လိုက်ရသော မြင်ကွင်းကြောင့် မင်သက်နေ၏။ ပျက်စီးသွားရမည့်အစား ယွမ်ရှောင်၏ ဓားက အရွယ်အစား ကြီးမားလာကာ ခြောက်ပေ ရှည်သော ဓားပျံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ပျံဝဲနေသည်။ ဤ ဧရာမ အပြာရောင် ဓား၌ ဓားအော်ရာနှင့် ဓားစက်ကွင်းများ ထွက်ပေါ်လာသောအခါ ပြိုးပြက်တောက်ပနေသဖြင့် အသက်ရှူမှားလောက်အောင် လှပနေသည်။

ဝှစ်။

အိမ်ရှေ့စံ၏ တိုက်ကွက်ကို ခုခံပြီးသည်နှင့်တပြိုင်နက် ယွမ်ရှောင်က ခြောက်ပေ ဓားပျံပေါ်သို့ ခုန်တက်သွားကာ ဓားသွားပေါ်တွင် ခိုင်မာစွာ ရပ်တည်၍ ဓားဖျားကို အိမ်ရှေ့စံထံ တည့်တည့် ချိန်ရွယ်လိုက်သည်။

"ဓားပျံပေါ်တက်ပြီး ထွက်ပြေးဖို့ ကြိုးစားနေတာလား"

အိမ်ရှေ့စံက အထင်သေးဟန်ဖြင့် ခရမ်းရောင် ချီ ဓားကို ဆုပ်ကိုင်ပြီး ယွမ်ရှောင်ထံ ပြေးဝင်တိုက်ခိုက်လိုက်ကြသည်။

ဓားပျံ ကျင့်စဉ်၊ လျှပ်တပြက် လအလင်း

အကွာအဝေးတစ်ခုတွင် ရှိနေသော နန်းကုန်းရှုသည် တစ်စုံတစ်ခုကို ခံစားမိသောကြောင့် ဒဏ်ရာကုသမှုကို ခဏရပ်ပြီး တောက်ပနေသော မျက်လုံးများဖြင့် စောင့်ကြည့်ခဲ့သည်။ ထိုအချိန်တွင် ယွမ်ရှောင် နှင့် ဓားပျံက နေရာမှ ပျောက်ကွယ်သွားပြီး

မျက်စိတစ်မှိတ်အတွင်း ဓားမြှောင်တစ်ခုနှင့် ယှဉ်နိုင်သော အမြန်နှုန်းဖြင့် သူ့ကို အပြာရောင် မုန်တိုင်းတစ်ခုအလား သယ်ဆောင်၍ ကောင်းကင်ကို ဖြတ်သန်း တိုက်ခတ်သွားသော ဧရာမ သားရဲတစ်ကောင်ပမာ အိမ်ရှေ့စံထံ ဝက်ခေါင်းထိုး ပြေးဝင်တိုက်ခိုက်ပစ်လိုက်သည်။

မြင်ကွင်းသည် လူတစ်ဦးထံ ပြေးဝင်တိုက်ခိုက်လိုက်သော မြင်းရိုင်းတစ်ကောင်ပမာ အရှိန်အဟုန် ပြင်းထန်ပြီး နားကွဲမတတ်ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ အမှန်တကယ်တွင် ဤအကွက်မှာ ကြယ်သတ်ဓားသိုင်း၏ လျှပ်တပြက် လအလင်း နှင့် ဆယ်ကြိမ်ဓားသိုင်း၏ ပေါင်းစပ်မှု ဖြစ်သည်။

အိမ်ရှေ့စံ၏ မြင်ကွင်းမှ ယွမ်ရှောင် နှင့် သူ၏ ဓား ပျောက်ကွယ်သွားကာ ဓားလမ်းစဥ်ကို နှိမ့်ချကဲ့ရဲ့သော အပိုစကားများပြောဆိုခဲ့သော်လည်း တစ်ဖက်လူ၏ ဓားကွက်ကိုပင် မမြင်နိုင်တော့ချေ။

ဝုန်း

သို့သော် သွေးနီရောင် သန်းနေသော ဧရာမ မျက်လုံး ကိုးဆယ့်ကိုးလုံးက သူ၏ ရှေ့တည့်တည့်တွင် ပေါ်လာပြီး မျက်လုံး တစ်လုံးချင်းစီသည် မကောင်းဆိုးဝါး ဝိညာဉ်တစ်ခုကို ကိုင်စွဲထားကာ သူ၏ ဝိညာဉ်ကို သရဲတစ္ဆေဆန်သော အကြည့်များဖြင့် ခြောက်လှန့်လျက်ရှိသည်။

"အား"

သွေးများက အိမ်ရှေ့စံ၏ မြင်ကွင်းကို ဖုံးလွှမ်းသွားကာ သေစေနိုင်လောက်သော အကြောက်တရားသည် သူ၏ ဝိညာဉ်ကို ဆုပ်ကိုင်လာခဲ့သည်။ ထို့နောက် သူက တစ်ကိုယ်လုံး ကြောက်စိတ်များ စိမ့်တက်လာကာ ခရမ်းရောင် ချီ ဓားကို အလန့်တကြား ဝှေ့ယမ်း၍ ခရမ်းရောင် ချီ ဓားသိုင်းဖြင့် သွေးရူးသွေးတန်း ခုတ်ပိုင်းနေသည်။ ဤမှော်ရတနာက ပထမဆုံးအကြိမ်အနေဖြင့် စွမ်းအားကင်းမဲ့နေသည်ဟု ခံစားလိုက်ရ၏။

"မဟုတ်ဘူး"

အိမ်ရှေ့စံက အသံကုန် အော်ဟစ်လိုက်ပြီး ကြီးမားသော အပြာရောင် ဓားဖျားသည် ရုတ်တရက် လျှပ်တပြက် ထွက်ပေါ်လာကာ ခရမ်းရောင်ချီဓားကို လွင့်ထွက်သွားစေသည်။ အဖြူရောင် ဝတ်ရုံဝတ် လူငယ်တစ်ဦးက ဓားပျံကို ကျွမ်းကျင်စွာ ထိန်းချုပ်၍ ခြောက်ပေရှည်သော ဧရာမ အပြာရောင် ဓားဖျားဖြင့် အိမ်ရှေ့စံ၏ ရင်ဘတ်ကို တည့်တည့် ထိုးဖောက်သွားသည်။

ဘုန်း

ဓားပျံထိပ်တွင် အိမ်ရှေ့စံက တံစို့ထိုးခံလိုက်ရပြီး ပေနှစ်ရာကျော်သည်အထိ ဒရွတ်တိုက်ပါသွားကာ သွေးစွန်းလမ်းကြောင်း ဖြစ်တည်လာသည်။ ဓားဖျားက ထိုမင်းသား၏ ရင်ဘတ်နှင့် ကျောရိုးကို ထိုးဖောက်၍ အမှတ်တစ် လေးထောင့်ကွက်၏ နံရံသို့ ထိုးစိုက်ပစ်လိုက်ရာ တိုက်ပွဲကွင်းပြင်တလျှောက် တုန်ခါသွားသည်။

"အား"

အိမ်ရှေ့စံက လေထဲတွင် တွဲလောင်းကျနေပြီး ဓားဖြင့် နံရံတွင် ထိုးစိုက်ခံထားရသောကြောင့် သွေးနှင့် အတွင်းအင်္ဂါ အပိုင်းအစများ အောက်သို့ ပြုတ်ကျလာ၏။

"ယွမ်ရှောင်…"

သူ၏ မျက်လုံးများက ထိတ်လန့်မှုနှင့် ကြောက်စိတ်ကြောင့် ကျွတ်ကျလုနီးပါး ဖြစ်နေသည်။ ဓားပျံပေါ်တွင် ယွမ်ရှောင်က အေးစက်စက် ရပ်နေပြီး နတ်ဘုရားတစ်ပါးပမာ ခန့်ညားစွာ ထင်မှတ်ရသည်။

"ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်"

ကျောက်ရှောင်ထန်က တအံ့တသြ အော်ဟစ်လိုက်မိသည်။

"ဓားချက် မဟုတ်ဘူး။ ယာဥ်တစ်စင်းနဲ့ ဝင်တိုက်ပစ်လိုက်တာမျိုး ဖြစ်လိမ့်မယ်"

ချန်ကျင်းက သူ၏ဦးခေါင်းကို စိတ်လှုပ်ရှားစွာ ရိုက်ပစ်လိုက်ပြီး ခွန်အားထိန်းချုပ်မထားသဖြင့် မူးဝေသွားစေသည်။

"အရမ်းလန်းတယ်။ ဓားပျံတစ်ချောင်းက လူသတ်နိုင်သလား။ တိုက်ကွက်ကလည်း အရမ်းပြင်းထန်လွန်းတယ်"

လန့်ကော်က ယွမ်ရှောင်ကို လေးစားသော အကြည့်ဖြင့် ချီးကျူးလိုက်သည်။ ကျင့်ကြံသူတိုင်းနီးပါးအနေဖြင့် ဓားပျံတစ်ချောင်းကို လူသတ်ရန် အသုံးပြုခြင်းအား ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်လေသည်။

All Chapters