← Chapters

ကောင်းကင်အောက်က အကောင်းဆုံးတောင်ကြား ၁

Vol. 100 Ch. 1392

ကောင်းကင်အောက်က အကောင်းဆုံးတောင်ကြား ၁

Vol. 100 Ch. 1392

ရှီမာယူယူသည် ရှီမန်ဖန်၏ ခြံဝန်းရှိရာသို့လာရာ လူတစ်ယောက်သည် ခန်းမဆီသို့ သူမကို တိုက်ရိုက်လမ်းပြသွားလေသည်။

သူမဝင်လိုက်သည်နှင့် ဘိုင်ရှန်းနှင့် တခြားသူများပါ အထဲတွင်ရှိနေသည် ကိုတွေ့လိုက်ရသည်။

“ဖန်အာ၊ ငါ့ကိုခေါ်တယ်ဆိုတော့ ငါကူညီပေးနိုင်မယ့်ဟာ တစ်ခုခုများ ရှိလို့လား” ရှီမာယူယူသည် ရှီမန်ဖန်ဘက်သို့လျှောက်သွားကာ သူ့ဘေးတွင် ထိုင်လိုက်သည်။

“သူတို့က တိုက်ပွဲအခြေအနေကိုတော့ ပြောပြပါတယ် ဒါပေမဲ့ အသုံးဝင် တဲ့သတင်းမရှိဘူး၊ နင့်ကိုခေါ်တာက တစ်ခုခုတွေ့ထားတာရှိလား မဟုတ်ရင် လည်း အံ့ဖွယ်နတ်ဆိုးတောင်ကြားကလူတွေမှာ သဲလွန်စများရှိမလားလို့ပါ” ရှီမန်ဖန် ပြန်ဖြေလိုက်သည်။

“ငါတို့ ဝင်ပါလိုက်တဲ့အချိန်က တိုက်ပွဲဖြစ်နေပြီ၊ အတူတူပဲ… ငါ့မှာလည်း သတင်းအများကြီးမရှိဘူး” ရှီမာယူယူသည် သူ့ကို အမှန်အတိုင်းပြောလိုက် သည်။

“ဆိုလိုတာက သူတို့အကြောင်း ဘာမှမသိသေးဘူးပေါ့” ဘိုင်ရှန်း သက်ပြင်းချလေသည်။

“လုံးဝကြီးသဲလွန်စမရှိတာတော့မဟုတ်ဘူး၊ အနည်းဆုံးတော့ သူတို့ရဲ့ ယေဘုယျ တိုက်ပွဲသက်ရောက်မှုကို သိရတယ်” ရှီမာယူယူ ပြောလိုက်သည် “နောက်ပိုင်း ငါတို့ တိုက်ခိုက်ဖို့ ရွေးလိုက်တဲ့လူရဲ့အားက ဒီအဆင့်ထက်တော့ မနိမ့်ဘူး”

“ဟုတ်တယ်၊ ငါတို့မှာ တိကျသေချာတဲ့စွမ်းအားရှိသရွေ့တော့ သူတို့ကို နိုင်ဖို့က ပြဿနာမဟုတ်ဘူး” ရှီမန်ဖန် ပြေလိုက်သည် “ဒါပေမဲ့ ပင်မတိုက်ခိုက် မှုကို မကြေညာခင်ကို သူတို့ကိုစစ်ဆေးဖို့ လူလွှတ်ဖို့လိုသေးတယ်”

“မဟုတ်ဘူး အဲဒီကိုလူလွှတ်တာက အသုံးဝင်တဲ့သတင်းဘာတစ်ခုမှ မရ တာဖြစ်နိုင်တယ်” ရှီမာယူယူ ပြောလိုက်သည် “နီရဲပျားတွေကို စစ်ကြည့်ခိုင်းပြီး မေးလိုက်တာက ပိုလွယ်ဦးမယ်”

“ဟုတ်ပြီ”

“ဆရာ သူတို့က ကျွန်တော်တို့နဲ့ ဘယ်လောက်ကြာအောင်နေဦးမှာလဲ” သူ့ခြံဝန်းတွင် လူများပြည့်နေသည်နှင့် အတောမသတ်နိုင်သော မေးခွန်းများ မေးသည့် ထိုအမျိုးသမီးကို တွေးမိသည့်အခါတွင် မျက်ခုံးပင့်မိသည်။

“သူတို့က အံ့ဖွယ်နတ်ဆိုးတောင်ကြားပြင်ပြီးတာနဲ့ ပြန်မှာပါ” ရှီမာယူယူ ပြောလိုက်သည်။ အနီးကပ်ကြည့်လိုက်ရာ ဒိုင်ယိ၏ အမူအရာမှာအနည်းငယ် ထူးဆန်းနေသည်ကို မြင်ပြီး မေးကြည့်လေသည် “ဘာဖြစ်လို့လဲ ပဋိပက္ခဖြစ်လို့ လား”

“အင်း… ပဋိပက္ခတော့မဟုတ်ဘူး ဒါပေမဲ့ အဲဒါက ဒီအတိုင်း…”

ဒိုင်ယိသည် ရုတ်တရက် ရပ်သွားပြီး စိတ်တိုစရာတစ်ခုခုကို တွေးနေသည် နှင့်တူသည်။

“ဒီအတိုင်း ဘာဖြစ်လဲ”

သူ့အပြုအမူမှာ အနည်းငယ်ထူးဆန်းနေသည်။

“ဘာမှမဟုတ်ပါဘူး”

“တကယ်လား”

“တကယ်”

သူ့ကိုဘယ်သူယုံမှာလဲ။ အားလုံးသည် သူ့ကိုထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ကြပြီး သူမသည် သူ့ဘေးတွင်ရှိနေသော နီအန်းယိကိုလှည့်ပြီး ပြော လိုက်သည် “အန်းယိ မင်းပြော”

“ဟေး ဆရာ ဒါကဒီလိုရှိတယ်… ဒိုင်ယိက အံ့ဖွယ်နတ်ဆိုးတောင်ကြား မှာတုန်းက မိန်းကလေးတစ်ယောက်ကိုကယ်လိုက်တာ ဒါပေမဲ့ အဲမိန်းကလေး ကသူ့ရဲ့သူရဲကောင်းလို ကယ်တင်မှုကို စွဲလမ်းသွားတယ်၊ သူမက မြင်မြင်ချင်း ချစ်မိသွားတာလေ အခု သူမက အမြဲတမ်းသူ့နားမှာနှောင့်ယှက်နေတာ” နီအန်းယိ၏ အပြုံးက ဘယ်လိုဖြစ်ပြီး ရိုက်ချင်စိတ်ပေါက်စေတာလဲ။

“ဒါကောင်းတဲ့ကိစ္စပဲ၊ မင်းက အစ်ကိုကြီးလည်းဖြစ်တယ်၊ မိသားစုတစ်ခု တည်ထောင်ဖို့ အချိန်ရောက်ပြီ၊ အခု မင်းကိုသဘောကျတဲ့မိန်းကလေးကို တွေ့ နေပြီ ဒီအတိုင်းပဲလုပ်လိုက်တော့” ရှီမာယူယူသည် အလွန်လေးနက်သော အမူအရာဖြင့် ပြောလေသည်။

“ဆရာ သူမဟုတ်တာပြောတာတွေကို နားမထောင်နဲ့” ဒိုင်ယိ ပြန်ချေပ လေသည်။ “အဲမိန်းကလေးက အမြဲတမ်း အသက်ကယ်တဲ့အကြောင်းနဲ့ သဘောကျကြောင်းတွေပဲပြောနေတာ သူမကြောင့် စိတ်တိုလို့သေတော့မယ်”

“အိုး ဟုတ်လား၊ မင်းတို့ နှစ်ယောက်ကို အစည်းအဝေးမတိုင်ခင်တွေ့ လိုက်ပါမယ်၊ မင်းတို့နှစ်ယောက်က ပျော်ပျော်ကြီး စကားပြောပြီး ရယ်မောနေ ကြတာ၊ ကြည့်လိုက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားနေကြတာ ထင်တာပဲ၊ မင်း သူမကိုပိုဆက်သွယ်မိပြီး ပိုကြိုက်သွားမှာကို ကြောက်နေတာ မဟုတ်ဘူးလား” နီအန်းယိသည် ကောက်ကျစ်သောအပြုံးပြုံးလေသည်။

“ညီလေး ၆ ငါထင်တာတော့ မင်း အရိုက်ခံချင်လို့ယားနေပြီထင်တယ်၊ ဟုတ်လား၊ ငါနဲ့ လက်သီးချင်းဖလှယ်မလား” ဒိုင်ယိသည် သူ့ကိုစိုက်ကြည့်လေ သည်။

“ဘာမှရှက်စရာမလိုဘူး၊ ငါတို့ညီအစ်ကို ဆယ်ယောက်ထဲမှာ ပထမဆုံး အချစ်ကိုတွေ့တဲ့လူတစ်ယောက်အနေနဲ့ ငါတို့က မင်းကိုထောက်ပံ့ပေးမှာပါ ဟုတ်တယ်မလား ကုန်ရန်”

ကုန်ရန်သည် ခေါင်းညိတ်ကာ ပြောလိုက်သည် “ခယ်မတစ်ယောက်ရလာဖို့ကို စိတ်မရှိပါဘူး”

“မင်း လက်ထပ်ပြီးရင် ဘယ်လိုဖြစ်မလဲဆိုတာ သိချင်နေပြီ” လောင်ဘိုင် သည်လည်း စနောက်ရာတွင်ပါဝင်လာသည်။

“မင်းတို့….” ဒိုင်ယိသည် သူတို့ကိုစိုက်ကြည့်ပြီး ပြောလိုက်သည် “ငါတို့က အလုပ်ကိစ္စပြောနေကြတာလေ မဟုတ်တာတွေ မပြောကြနဲ့တော့”

“ဒါလည်း အလုပ်ကိစ္စလို့တွေးရမှာပဲ” ရှီမာယူယူ ကျီစားလိုက်သည် “ငါတို့က တစ်ဖွဲ့တည်းဖြစ်နေပြီ မင်းဘဝရဲ့ အရေးကြီးတဲ့ကိစ္စတွေကလည်း တောင်ကြားရဲ့ အလုပ်ကိစ္စပဲ”

“ဆရာ…” ဒိုင်ယိသည် ရှီမာယူယူအားကြည့်လိုက်သည်။ ပြီးနောက် သူမ သာ စကားဆက်ပြောလျှင် တွင်းတူး၍သာ ပုန်းချင်တော့သည်။

ရှီမာယူယူ ပြုံးပြီးပြောလိုက်သည် “ဟုတ်ပါပြီ ငါ မင်းကိုမစတော့ဘူး၊ ဒါပေမဲ့ မင်း သူတို့ကိုစောစောပြန်စေချင်ရင်တော့ မဖြစ်နိုင်သေးဘူး၊ ပြီးတော့ အံ့ဖွယ်နတ်ဆိုးတောင်ကြားက ပြန်မကောင်းသေးဘူး၊ နလန်ထူဖို့က အချိန် တချို့လိုသေးတယ်၊ ပြီးတော့ ငါတို့အာရုံစိုက်ရမှာက တိမ်တိုက်ဂူကိုရှင်းဖို့ပဲ အဲဒါကြောင့် ပြန်လည်ထူထောင်တာက နှေးနိုင်တယ်”

“အံ့ဖွယ်နတ်ဆိုးတောင်ကြားက အဲလိုမျိုးဖျက်ဆီးခံလိုက်ရတာ ပြန် ဆောက်လို့ရနိုင်ပါ့မလား” နီအန်းယိ မေးလိုက်သည်။

“အဲဒါက ဆရာနဲ့ကျန်တဲ့လူအပေါ်မှာ မူတည်တယ်၊ ဘာပဲဖြစ်ဖြစ် ငါက တောင်ကြားရဲ့ သခင်မလေးတစ်ယောက်အနေနဲ့ တခြားသူတွေကို မေးရမှာပဲ ကိုယ့်ဘာသာလုပ်မှာတော့မဟုတ်ဘူး” ရှီမာယူယူ ပခုံးတွန့်လေသည်။

“အကျပ်အတည်းကာလမှာ ဆရာပဲ စိတ်ချရတယ်” ရှီချန်း ပြောလိုက် သည်။

တောင်ကြားသခင်မလေးဖြစ်သော သူမကြောင့်သာမဟုတ်လျှင် အံ့ဖွယ် နတ်ဆိုးတောင်ကြား၏ ပျက်စီးမှုမှာ တွက်ချက်ရနိုင်မည်မဟုတ်ပေ။

ထို့နောက်တွင် ရှီမာယူယူသည် နီရဲပျားများကို ခေါ်ထုတ်ကာ တိမ်တိုက်ဂူ ရှိရာသို့ လွှတ်လိုက်သည်။

ထိုနောက်ရက်များတွင် သူမသည် သူမ၏ ခြံဝန်းတွင်နေကာ ရှီမာလျူရွှမ် ကို ကုသပေးခြင်းနှင့် အလုပ်များနေခဲ့သည်။ နီရဲပျားများမှ သတင်းကိုတော့ ရှီမန်ဖန်နှင့် လျန်ဝူမင်ကို ပို့ဆောင်လေသည်။

အဘိုးနတ်ဆိုးသည် ဝူလင်းယူအား မကြာမကြာလာစစ်ကြည့်လေ့ရှိ သည်။ သူသည် နေ့စဉ်နှင့်အမျှ သတင်းအချက်အလက်များ အပုံလိုက်ရောက် နေသည်ကို မြင်သောအခါ နီရဲပျားများမှပို့လိုက်ခြင်းဖြစ်သည်ကို သိသော ကြောင့် ရင်ထဲတွင် အလွန်ထိမိလေသည်။

သူမတွင် နီရဲပျားများရှိသည်ဟု ပထမဆုံးအကြိမ်သိစဉ်က အဖြစ်ကို သူ မှတ်မိတုန်းပင်။ သူမသည် သူ့ကိုနီရဲပျားတအချို့နှင့် နီရဲပျားရည်တစ်ပုလင်းကို ပေးခဲ့သည်ကို သူ လေပေါ်လမ်းလျှောက်နေရသလိုပင်။

ပြန်စဉ်းစားကြည့်လိုက်ရာ… သူတကယ်ပဲ လွယ်လိုက်တာ။

ရှီမာယူယူသည် သူ၏ ပီတိဖြစ်နေသော အမူအရာကိုမြင်ပြီးနောက် သူ့အတွေးကို သူမ မသိတော့ပေ။

သူ သူမကိုကြည့်နေသည်ကို မြင်သောအခါ လက်ထဲမှ စုတ်တံကိုချပြီး သတင်းရေးနေသည်ကို ရပ်လိုက်ကာ မေးလေသည် “ဆရာ စီနီယာအစ်ကို့ဆီ လာလည်တာလား”

အဘိုးနတ်ဆိုးသည် သတိပြန်ဝင်လာကာ လေးနက်စွာ ပြောလေသည် “ဒီတစ်ခါ သူ့ကိုလာတွေ့တာမဟုတ်ဘူး မင်းကိုလာတွေ့တာ”

“ဆရာ နေ့တိုင်းလာနေတာကို ဒီနေ့မှ ဘာပြောချင်လို့လဲ”

“အခုတလော တောင်ကြားအခြေအနေကို သိလား” အဘိုးနတ်ဆိုးမေး လိုက်သည်။

“တောင်ကြားလား အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ပြောနေတာလား၊ အဲဒီက ကိစ္စတွေကို ကျွန်မမစီမံတော့ ဘယ်လိုလဲဆိုတာကို မသိတော့ဘူး” ရှီမာယူယူသည် ချက်နှင့်လက်နှင့် ပြောလိုက်သည်။

“အဲဒါက အံ့ဖွယ်နတ်ဆိုးတောင်ကြားကိစ္စတင်မဟုတ်ဘူး၊ အသည်းကွဲ တောင်ကြားလည်းပါတယ်” အဘိုးနတ်ဆိုးပြောလိုက်သည်။

“အသည်းကွဲတောင်ကြားနဲ့ အံ့ဖွယ်နတ်ဆိုးတောင်ကြားလား”

ရှီမာယူယူသည် အနည်းငယ်အံ့ဩသွားလေသည် “အခုတလော အပြင် ကို မထွက်ဖြစ်ဘူး၊ သတင်းလည်းမမေးဖြစ်မိဘူး၊ ဘာဖြစ်လို့လဲ နှစ်ဖက်လုံးက အဆင်မပြေကြဘူးလား”

“မဟုတ်ဘူး ဆန့်ကျင်ဘက်ပဲ နှစ်ဖက်လုံးက အရမ်းကိုအဆင်ပြေတယ်” သူ ပြန်ဖြေလေသည်။

ကောင်းရုံတင်မဟုတ်ဘဲ အားလုံး၏ မျှော်လင့်ထားသည်ထက်ပင် ပိုကောင်းနေသေးသည်။

‘အံ့ဖွယ်နတ်ဆိုးတောင်ကြား’ ဆိုသည်မှာ မှန်သည် မှားသည်ကို သီးခြား ရှင်းလင်းမှုမရှိဘဲ အရာအားလုံးကို သူတို့စိတ်ခံစားချက်အပေါ်တွင်မူတည် သည်။ သူတို့သည် ကဏ္ဍတိုင်းတွင် အလွန်လိုက်လျောညီထွေရှိသည်။

ပြီးတော့ အသည်းကွဲတောင်ကြားမှလူများသည် ရှီမန်မိသားစုမှလွဲပြီး အားလုံးနီးပါးမှာ သွေးမိစ္ဆာမြို့မှဖြစ်ကြသည်။ ဓားသွားပေါ်တွင် နေထိုင်ခဲ့သော လူများသည် ပို၍ပွင့်ပွင့်လင်းလင်းပြောတတ်ကြသည်။

သူတို့ စတင်ဆက်ဆံရသည်နှင့် သူတို့သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အဆင်ပြေ လှသည်ကို တွေ့ရသည်။ အကြောင်းမှာ သူတို့စိတ်ထဲတွင် ရှီမာယူယူဟူသော တူညီသော စံပြပုဂ္ဂိုလ်ရှိနေသည်။ သူတို့သည် တူညီချက်များစွာရှိသည်ကို တွေ့ လာရသည်။

သူအနည်းငယ် တွေဝေနေသည်ကို ရှီမာယူယူမြင်သောအခါ ပြောလိုက် သည် “ဆရာ ဘာပြောချင်တာလဲ ပြောလိုက်ပါ”

“တကယ်တော့ ငါပြောချင်တာတော့မဟုတ်ဘူး ဒါပေမဲ့ ဒီကိစ္စမှာ မင်းရဲ့ အတွေးကိုလည်း သူတို့က မေးခိုင်းနေတာ” အဘိုးနတ်ဆိုး ကြေညာလေသည်။

ရှီမာယူယူပြုံးပြီး ပြောလိုက်သည် “ဟုတ်ပါပြီ ဘာများလဲ”

“အင်း သူတို့ပြောတာက အံ့ဖွယ်နတ်ဆိုးတောင်ကြားနဲ့ အသည်းကွဲ တောင်ကြားက ပေါင်းလို့ရမလားတဲ့” အဘိုးနတ်ဆိုးသည် နောက်ဆုံးတွင် လာရသည့်ရည်ရွယ်ချက်ကို ပြောလိုက်တော့သည်။

***

All Chapters