ကောင်းကင်အောက်က အကောင်းဆုံးတောင်ကြား ၂
Vol. 100 Ch. 1393
ရှီမာယူယူသည် သူပြောလိုက်သည့်စကားကို ကြားသောအခါ မယုံနိုင်စွာ ဖြင့် မျက်တောင်ခတ်လေသည်။
“ဆရာ ဘာပြောလိုက်တယ်”
တောင်ကြားနှစ်ခုကို အင်အားပေါင်းမယ်ဟုတ်လား။
အံ့ဖွယ်နတ်ဆိုးတောင်ကြားကလူတွေ သဘောတူရဲ့လား။
“ဒါက ငါအကြံပေးတာမဟုတ်ဘူး အဲလူတွေတစ်ခုပြောကြတာပဲ” အဘိုး နတ်ဆိုးပြောလိုက်သည် “တောင်ကြားနှစ်ခုက တပည့်တွေက အရမ်းအဆင် ပြေတဲ့ပုံပေါက်တယ်၊ နောက်တော့ အခုနေတာတင်မဟုတ်ဘဲ ဒီမှာပဲ တစ်သက် လုံးနေမယ်လို့ ဘယ်သူပြောလိုက်လဲမသိဘူး”
ထိုအကြောင်းပြောရင်းနှင့် ရှီမာယူယူသည် နေရာရွေးရာတွင်တော်လှ သည်ဟု သူ အမွှမ်းတင်ချင်သည်။ အပြင်ဘက်ရှိ သဘာဝအတားအဆီးနှင့်ဆို လျှင် တခြားသူများ တိုက်ခိုက်ရန်မလွယ်ပေ။
ထို့ကြောင့်ပင် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများသည် ထိုနေရာ ရောက်ပြီးနောက်တွင်လည်း သဘောကျခြင်းဖြစ်သည်။ ရှီမာယူယူသာ သူ့ အတွေးကိုသိလျှင် ဆွံ့အသွားပေတော့မည်။
အစပိုင်းတွင် သူမသည် ဖြေဆေးရရန် အားများစွာစိုက်ထုတ်ပြီး လေ့လာ ခဲ့ရသည်။ နောက်ဆုံးမှပင် ရှီချန်းကျိနှင့် တွဲလုပ်မှပင် အောင်မြင်ခဲ့ခြင်းဖြစ် သည်။ ဖြေဆေးမရှိရင် ဘယ်သူက ဒီနားမှာပတ်သွားနိုင်မှာလဲ။
“ဆရာ… ဆရာဦးလေးနဲ့ တခြားသူတွေက လာပြောခိုင်းတာလား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ်”
ထိုအဘိုးကြီးများသည် ရှက်ရွံ့ကာ သူမသည် သူ၏တပည့်ဖြစ်သည်ဟု အကြောင်းပြသဖြင့် သူသည် သူမကိုလာပြောရခြင်းဖြစ်သည်။
“ဆရာ အသည်းကွဲတောင်ကြားအကြောင်းကို ဘယ်လောက်နားလည်လဲ” ရှီမာယူယူသည် ထပ်မံမေးပြန်သည်။
“ဟင်” အဘိုးနတ်ဆိုးသည် နောက်ပြန်ဆုတ်သွားလေသည်။
“ဒီလိုထားရအောင် ဆရာ ကျွန်မက ဖန်အာနဲ့ ထူးခြားတဲ့ဆက်ဆံရေးရှိ တယ်ဆိုတာ သိတယ်နော်၊ အသည်းကွဲတောင်ကြားက အစတုန်းက လက်စား ချေဖို့ တည်ထောင်ထားတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ ကျွန်မတို့ ရွေးထားတဲ့ အများစုကလည်း သွေးမိစ္ဆာမြို့တော်ကပဲ၊ သူတို့အသက်တွေက ကျွန်မလက်ထဲမှာရှိနေတယ်၊ ကျွန်မက သူတို့ကိုတည်ငြိမ်တဲ့ဘဝနဲ့ ငြိမ်းချမ်းမှု ကိုပေးချင်တယ် ဒါပေမဲ့ သူတို့ကိုလိုအပ်ရင်တော့ သူတို့က အသက်ပြေးပြီး လုပ် ပေးကြမှာပဲ၊ အဲဒါကြောင့် တောင်ကြားကိုဝင်လာတိုင်းမှာ သူတို့အကုန်လုံးက သစ္စာဆိုပြီး ကျွန်မနဲ့ အသည်းကွဲတောင်ကြားကို ဘာမှမလုပ်ပါဘူးလို့ ကျိန်ဆိုရ တယ်”
အဘိုးနတ်ဆိုးသည် သူမ၏ ဖိစီးလှသော ထူးခြားသည့် အပြုမူကြောင့် လန့်သွားသည်လား မဟုတ်ရင် သူမပြောသည့်စကားကြောင့် အံ့ဩသွားသည် လားမသိပေ၊ သူမကို အချိန်တစ်ခဏမျှ ပြန်မဖြေနိုင်ပေ။
ရှီမာယူယူ ဆက်ပြောလေသည် “အဲတော့ ဆရာ အင်အားစုနှစ်ခုပေါင်းဖို့ ကို ကျွန်မက သဘောတူလို့ရတာမဟုတ်ဘူး၊ ဒါပေမဲ့ အံ့ဖွယ်နတ်ဆိုးတောင် ကြားက ဒီအချက်တွေကို လက်မခံဘဲနေလို့ရတယ်၊ ပြီးတော့ ဘယ်သူမှ သစ္စာ မဆူးချင်ကြဘူးလေ”
“မင်းနည်းလမ်းက တကယ်ကောင်းပါတယ်၊ မင်းခန္ဓာကိုယ်ထဲက သစ္စာနဲ့ဆိုရင် တောင်ကြားကတပည့်တွေက ဂိုဏ်းကိုသစ္စာဖောက်ချင်မှာမဟုတ်ဘူး”
“ဒါပေမဲ့ သာမန်အင်အားစုတွေမှာ ဒါမျိုးမရှိဘူးလေ၊ ထူးခြားတဲ့အခြေအနေတွေကြောင့်သာ ကျွန်မကပဲ ဒီဟာကိုလုပ်တာ” ရှီမာယူယူ ပြောလိုက် သည် “ကျွန်မက ဆရာနဲ့ သွေးလက်စွပ်ကြောင့် အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ တောင်ကြားသခင်မလေးဖြစ်ခဲ့ပေမဲ့ အဲဒါကိုမလုပ်နိုင်ဘူး၊ ကျွန်မက တောင်ကြားတပည့်တွေကို မစည်းကြပ်နိုင်ဘူး၊ ကျွန်မ သဘောကို ဆရာ ဦးလေးနဲ့ တခြားသူတွေကိုပြောဖို့ ဆရာ့ကိုတော့လိုလိမ့်မယ်”
“ဟုတ်ပြီ ငါပြန်သွားပြီး သူတို့ကိုပြောလိုက်မယ်” အဘိုးနတ်ဆိုးပြောပြီး ထွက်သွားလေသည်။
ရှီမာယူယူသည် အဘိုးနတ်ဆိုး၏ကျောပြင်ကို ကြည့်ပြီး စိတ်ထဲတွင် သက်ပြင်းချမိသည်။
ယခုအချိန်တွင် အင်အားစုနှစ်ခုပေါင်းစပ်လိုက်ခြင်းသည် ကိစ္စကောင်း တစ်ခုဖြစ်သော်လည်း သူတို့သစ္စာဆိုရပါက သဘောမတူနိုင်ချေမြင့်လှသည်။
သူမသည် တောင်ကြားတပည့်ကြားတွင် သူမ၏ ရာထူးကိုလျော့တွက် ထားသည်။
အသည်းကွဲတောင်ကြားက သူတို့အတွက်ဆွဲဆောင်မှုတစ်ခုသာဖြစ်နေပါ က သစ္စာဆိုပြီးမှဝင်ရမည့်အကြောင်းကို သိသွားလျှင် အံ့ဖွယ်နတ်ဆိုးတောင် ကြားတပည့်များ နောက်ဆုတ်သွားနိုင်သည်။ သို့သော် ရှီမာယူယူကို တောင်ကြားနှစ်ခုကြားမှ တစ်ခုကိုသာရွေးခိုင်းလာပါက သူမ မည်သည့်ဘက် ကို ရွေးချယ်ရမည်နည်း။
အဖြေကတော့ ရှင်းနေပြီ။
သူမသည် နှစ်ပေါင်းများစွာ အသည်းကွဲတောင်ကြားတွင် လုပ်ကိုင်ခဲ့ပြီး ထိုအင်အားစုကို ကိုယ်တိုင်လက်ဖြင့် တည်ထောင်ခဲ့သည်။ သူမက အသည်းကွဲ တောင်ကြားကို ဘယ်လိုလုပ်လက်လျော့ရမှာလဲ။
ထို့ကြောင့် သူမသည် အံ့ဖွယ်နတ်ဆိုးတောင်ကြားကိုလက်လျော့ပြီး တောင်ကြားသခင်မလေးအဖြစ်ကို စွန့်လွှတ်လိုက်မည်။
ထိုအခြေအနေကို စဉ်းစားလိုက်ရာ သစ္စာဆိုသည့် စိတ်ပိုင်းဆိုင်ရာ အတားအဆီးတချို့ရှိထားသူများသည် သူတို့၏ သဘောထားများကို ဖော်ပြနိုင် မည်ဖြစ်သည်။
ထို့အပြင် ထိုသစ္စာသည် ဖိစီးမှုမရှိပေ။ အနာဂတ်တွင် တောင်ကြားကို မပြစ်မှားရန်သာ သူတို့ကို သစ္စာဆိုခိုင်းခြင်းဖြစ်သည်။ ထို့ကြောင့် တခြားသော ကန့်သတ်ချက်များမရှိပေ။
ကိစ္စများစွာ ကြုံတွေ့ပြီးသောလူများသည် သစ္စာရှိကာ အနာဂတ်တွင် သစ္စာဖောက်မည်မဟုတ်ပေ။
သို့သော် အင်အားစုနှစ်ခုကို ပေါင်းစည်းကာ အင်အားစုအသစ် တစ်ခု အဖြစ် အသိအမှတ်ပြုရန်မဟုတ်ဘဲ အံ့ဖွယ်နတ်ဆိုးတောင်ကြားသည် အသည်း ကွဲတောင်ကြားသို့ ဝင်လာရန် မဖြစ်နိုင်စရာ မရှိကြောင်း တချို့လူများ ပြောလာ ကြသည်။
ရှီမာယူယူသည် အဘိုးနတ်ဆိုးဆီမှ သတင်းကြားလိုက်ချိန်တွင် မျက်လုံး များပြူးလာကာ မယုံနိုင်စွာဖြင့် အော်လေသည် “မဟုတ်လောက်ပါဘူး သူတို့ တွေရူးသွားကြတာလား”
“ဟင် အဲဒါက သူတို့စိတ်ထဲမှာ မင်းကဘယ်လိုနေရာမှာ ရောက်နေလဲ ဆိုတာ မင်းမသိလို့ပြောတာပဲ” အဘိုးနတ်ဆိုး သက်ပြင်းချလေသည် “မင်းက တောင်ကြားသခင်လေးရာထူးကို လက်လျော့ပြီး တောင်ကြားကထွက်သွားပြီး အခုကစပြီး အသည်းကွဲတောင်ကြားက တောင်ကြားဒုခေါင်းဆောင်ပဲလုပ် တော့မယ်လို့ ဘယ်သူက သတင်းလွှင့်လိုက်လဲမသိဘူး၊ ကောင်လေးတွေက ကြားတာနဲ့ လုပ်လက်စတွေချပြီးတော့ကို အသိအမှတ်ပြုသစ္စာဆိုဖို့ သဘော တူလိုက်ကြတယ်၊ ဘယ်လိုလဲ အကုန်လုံးဒီလိုဖြစ်သွားပြီဆိုမှတော့ မင်း အခု ဘာပြောဦးမှာလဲ”
“ဒါက…”
ရှီမာယူယူသည် ဆွံ့အသွားတော့သည်။ ဒီသတင်းက ဘယ်လိုလုပ် ထွက် သွားတာလဲ။
“ဒီကိစ္စကို စနောက်တာလို့ပဲထင်လိုက်လို့ ဖန်အာနဲ့တောင် မတိုင်ပင်ရ သေးဘူး…”
“အသည်းကွဲတောင်ကြားကလူတွေက ပျော်တောင်ပျော်နေကြသေး တယ်” အဘိုးနတ်ဆိုးပြောလိုက်သည် “သူတို့လည်း သတင်းတွေသိမှာပါ”
ထိုကိစ္စသည် အောက်မှတပည့်များဆီသို့ ပြန့်သွားရာ အထက်မှလူများ လည်းမသိနိုင်စရာမရှိဟု ရှီမာယူယူလည်း ခံစားမိသည်။ သူတို့သည် ကိုယ်တိုင် လာမရှာဘဲ ထိုကိစ္စကို သူမကို ဆုံးဖြတ်ခိုင်းစေချင်သည်နှင့် တူသည်။
“ကျွန်မသွားပြီး ကြည့်လိုက်ဦးမယ်” ရှီမာယူယူသည် သတင်းများကို စုစည်းလိုက်သည်။ ပြီးနောက်တွင် အဘိုးနတ်ဆိုးနှင့် ထွက်သွားလိုက်သည်။
အသည်းကွဲတောင်ကြားသည် အမှန်တကယ်ပင် အရင်နှင့်မတူတော့ပေ။ လူပိုများလာကာ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများသည် တစ်သားတည်း ဖြစ်နေကြကာ နေရာတစ်ခုလုံးသည် သက်ဝင်လှုပ်ရှားနေကြသည်။ အသည်း ကွဲတောင်ကြားနှင့် အံ့ဖွယ်နတ်ဆိုးတောင်ကြားများ နေရာတိုင်းတွင် အတူတွဲ တွေ့ကာ သာမန်ခင်မင်ရင်းနှီးမှုမျှသာ မဟုတ်ပေ။
“သူတို့က အရမ်းအဆင်ပြေနေကြတာပဲ” သူမ အံ့ဩသွားသည်။
“မင်းက တစ်နေကုန် မင်းခြံထဲမှာပဲ အလုပ်များနေတာကို၊ ဘာမှမသိတာ သဘာဝပဲလေ၊ ငါ မြင်သလောက်ဆိုရင် သူတိုက အကုန်လုံးကို မျှဝေခံစား နေကြပြီ” အဘိုးနတ်ဆိုးသည် ခါးထောက်ကာ နှာမှုတ်လေသည်။
အဟွတ် အဟွတ်…. သူပြောချင်တာက အသည်းကွဲတောင်ကြားကလူ တွေနဲ့ အံ့ဖွယ်နတ်ဆိုးတောင်ကြားက ဆင်တူလို့ အတူရှိနိုင်တယ်လို့ပြောတာ လား။
သူမ လှည့်ကြည့်လိုက်ရာ မိန်းကလေးတစ်ယောက် နောက်မှလိုက် သောကြောင့် တောင်ကြားတစ်လျှောက်ပြေးလွှားနေသော ဒိုင်ယိမှလွဲ၍ သဘောထားကွဲလွဲသည့်ပုံစံများ မမြင်ရပေ။
“အင်း ကျွန်မ ဖန်အာတို့နဲ့ သွားဆွေးနွေးလိုက်ပါဦးမယ် ပြီးရင် ဆရာ ဦးလေးနဲ့ ဆွေးနွေးလိုက်ပါမယ်”
“မင်း သဘောတူပြီဆိုတော့ သူတို့ကို သတင်းကောင်းပြောလိုက်ဦးမယ်”
သူတို့နှစ်ယောက်သည် လမ်းကြားထဲတွင် လမ်းခွဲလိုက်ကြသည်။ အသည်းကွဲတောင်ကြား၏ အစည်းအဝေးခန်းမသို့သွားသည့်လမ်းတွင် အုပ်ချုပ်သူများကို အစည်းအဝေးချက်ချင်းလာရန် ပြောလိုက်သည်။
သူမ ရောက်ချိန်တွင် တခြားလူများလည်း ရောက်နေကာ ပင်မခန်းမတွင် သူမကို စောင့်နေကြသည်။
“အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ဘယ်လိုထင်လဲ” သူမသည် တည့်တိုးပင် မေးလိုက်သည်။
“အဆင်ပြေတယ်လို့ထင်တယ်၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားက အရမ်း သန်မာတယ်၊ အထူးသဖြင့် နယ်ပယ်အမျိုးမျိုးမှာ သခင်မျိုးစုံရှိတယ်လေ၊ ပြီးတော့ ကျုပ်တို့မှာလည်း အဲဒါလိုအပ်နေတယ်၊ ကျုပ်တို့သာ အတူပေါင်းစည်း နိုင်ရင် အင်အားက သေချာပေါက် နောက်တစ်ဆင့်ရောက်သွားမှာပဲ” ဘိုင်ရှန်း ပြောလိုက်သည်။
“အဘိုးဘိုင် ကျွန်မက အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ တောင်ကြား သခင်မလေးမဖြစ်ချင်ဘူးဆိုတဲ့ ကိစ္စကိုဖြန့်လိုက်တဲ့သူက လောင်ဘိုင်မလား” ရှီမာယူယူသည် ရုတ်တရက်မေးလေသည်။
***