အခန်း (၈)
Vol. 1 Ch. 8
သူမသည် ကလေးပါရမီရှင်ဖြစ်ပေမယ့် ရောက်လာသည့်တိုင် သူမအား အာရုံမစိုက်ခဲ့ပေ။ ၎င်းက သူမကို စိတ်တိုစေသည်။
သူမအဖွားသည် အရင်က သာ့ချောင်ကို ဂရုမစိုက်ခဲ့သဖြင့် သူမလည်း ဂရုမစိုက်ပေ။
သူမ ထွက်သွားတာ ငါးရက်သာ ရှိသေးသော်လည်း သူမ၏ အဖွားက ယခုကဲ့သို့ သာ့ချောင်ကို ဒီလောက်ထိ ကာကွယ်ပေးနေတာလဲ?
သူမ မသိတဲ့ကိစ္စတစ်ခုခု ဖြစ်ခဲ့တာလား?
ချောင်ရှို့ကျီက သူမ၏ ညီမကို ဆူသည်အား သာ့ချောင်က မြင်သောအခါ ချက်ချင်း ရှင်းပြသည်။ "အဖွား ညီမလေး က သမီး ကို အ နိုင် ကျင့် တာ မ ဟုတ် ဘူး ညီမလေး ကူ ညီ ပါ တယ်"
ချောင်ရှို့ကျီက သူမခေါင်းကို ပုတ်ပြီး ပြောလိုက်သည်။ "သမီးရဲ့မိုက်မဲတဲ့ ဦးနှောက်လေးနဲ့ တကယ်လို့ လူတစ်ယောက်က သမီးကို ရောင်းလိုက်ရင် အဲ့လူအတွက် ပိုက်ဆံပါ ထိုင်ရေပေးနေမယ့်ပုံမျိုး။ ပြော၊ ငါးကို ဘာလို့ လိုချင်လို့လဲ"
"ကြည့်၊ လှတယ်" သာ့ချောင်၏လက်သေးသေးလေးသည် သူမ၏ အဝတ်ထောင့်ကို ဖမ်းကိုင်လိုက်ပြီး အနက်ရောင်တောက်ပသော မျက်လုံးတစ်စုံဖြင့် သူမကို ကြည့်နေသည်။ သူမ၏မျက်လုံးထဲတွင် အရည်လဲ့သည်။
ချောင်ရှို့ကျီ၏ ထောင့်မှ ကြည့်လျှင် သူမ၏ ကော့နေသော မျက်တောင်များက အနည်းငယ် တုန်နေတာကို တွေ့နေရသည်။
ဒီလိုမျက်လုံးတစ်စုံကို ဘယ်သူက ငြင်းဆန်နိုင်မလဲ။
ချောင်ရှို့ကျီက ခေါင်းလှည့်ပြီး ပြောလိုက်သည်။ "ဒီငါးအတွက် ကြက်ဥတစ်လုံး လဲလှယ်လိုက်မယ်၊ ဘယ်လိုလဲ"
သူမဘာလုပ်နိုင်တော့မှာလဲ?
သူက ကျေကျေနပ်နပ်ကြီး လဲလိုက်သည်!
ဤငါးက အရမ်းငယ်သဖြင့် အသားမရှိပေ။ ထို့အပြင် ဤငါးသည် အရသာမရှိပေ။ ကြက်ဥတစ်လုံးနဲ့ ဘယ်လိုယှဉ်နိုင်မလဲ။
အညစ်အကြေးတွင်းထဲ ပစ်ချခြင်းမှာ သူက ထိုအချိန်တွင် စိန်ခေါ်ခံရခြင်းကြောင့် ဖြစ်သည်။ အခု ကြက်ဥတစ်လုံးရှိသဖြင့် အရာအားလုံးကို ဆွေးနွေးနိုင်သည်။
ဖန်ရုံလျန်က ငါးကို ချက်ချင်း လက်လွှဲပေးလိုက်သည်။
ချောင်ရှို့ကျီက သူ့ကို မချော့ပေ။ သူမ အိတ်ကပ်ထဲမှ ကြက်ဥတစ်လုံးကို ထုတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ဖန်ရုံလျန်သည် နှစ်သစ်ကဲ့သို့ပင် ရွှင်မြူးသွားသည်။ ဘာကိုမှ ဂရုမစိုက်တော့ဘဲ အိမ်သို့ ကြက်ဥတစ်လုံးနှင့် ပြန်သွားသည်။
"အစ်ကို၊ ညီလေးကိုစောင့်နေ!" ညီဖြစ်သူ ဖန်ရုံရော့သည် အမီလိုက်နိုင်ရန် သူ၏ခြေထောက်တိုများဖြင့် လမ်းလျှောက်ခဲ့သည်။
ချောင်ရှို့ကျီက တစ်ဝက်သေနေသော ငါးကို သာ့ချောက်ထံသို့ ပေးလိုက်သည်။ ထို့နောက် ကြက်ဥနှစ်လုံးကို ထုတ်ကာ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
"ကျေးဇူးပဲ အဖွား!" သာ့ချောင်က ငါးကို ကိုင်ထားပြီး သူမမျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းနေသည်။
"အိမ်ကို မြန်မြန်ပြန်။ သမီးက ကြက်ဥကို ခွဲလိုက်ရင် အဖွားက သမီးကို ဘယ်လိုရိုက်မယ်ဆိုတာ ကြည့်နေ!"
ချောင်ရှို့ကျီက ပြောပြီးသည်နှင့် ရှောင်ချောင်ကိုပင် မကြည့်ဘဲ လှည့်ထွက်သွားသည်။ သူမကို ကြက်ဥတစ်လုံးမှ ပေးဖို့ မစီစဉ်ထားဘူး၊
ရှောင်ချောင်သည် ချောင်ရှို့ကျီ၏ ကျောပြင်ကို ကြည့်ရင်း ဟင်းခတ်ပုလင်းတစ်ခု မှောက်သွားသလို ခံစားလိုက်ရသည်။ အရသာက ရောစပ်နေ၏။
ငထစ်မ သာ့ချောင်သည် သူမ၏ အဖွားမျက်လုံးထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
သို့သော်လည်း မကြာခင်မှာပင် သူမ သက်သာရာ ရသွားပြန်သည်။
အဲဒါက ဘာအသုံးဝင်မှာလဲ? နှစ်နှစ်ကြာပြီးနောက်တွင် သူမ၏အဖွားသည် အဖိုးဖြစ်သူ ရွှယ်ချွမ်နှင့်အတူ သေဆုံးသွားမည်ဖြစ်သည်။
ဤသည်ကို ပြောရလျှင် ဤမိန်းမက ထူးဆန်းသည်။ သားသမီး၊ မြေးများကို မချစ်ဘဲ ခင်ပွန်းဖြစ်သူ ရွှယ်ချွမ်ကိုသာ ချစ်သည်။
အရင်ဘဝတွင် သူမ၏အဘိုးသည် နှစ်နှစ်အကြာတွင် ရုတ်တရက် အပြင်းဖျားသွားခဲ့သည်။ သူမ၏အဖွားက သူ့ကို ကောင်းကောင်း ပြုစုစောင့်ရှောက်ခဲ့သော်လည်း သူက ဆုံးပါးသွားခဲ့သည်။ နာရီဝက်လောက်အကြာတွင် အဖွားက သူ့နောက်ကို လိုက်သွားခဲ့သည်။
သို့သော်လည်း သူမက သိချင်နေသေးသည်။ သူမအဖွားက သာ့ချောင်ကို ဘာလို့ရုတ်တရက် သိပ်ကောင်းတာလဲ?
သူမသည် လက်ချောင်းများကို ပူးကာ ညှိုးငယ်သောအမူအရာဖြင့် ပြောလိုက်သည်။ "အစ်မ၊ အဖွားက ညီမလေးကို မကြိုက်ဘူးလား"
သာ့ချောင်သည် သူမအဖွား၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်နေခဲ့သည်။ ရှောင်ချောင်၏ စကားကို ကြားလိုက်သောအခါတွင် သူမ အာရုံများ ပြန်လည် ရောက်ရှိလာသည်။ "မဟုတ်ဘူး အဖွားက ညီမလေးကို ကြိုက်ပါတယ်"
ရှောင်ချောင်သည် လှပပြီး ဉာဏ်ကောင်းသည်။ သူမ၏ အပြုံးကလည်း ချိုသာသဖြင့် လူတိုင်းက သူမကို သဘောကျကြသည်။
ရှောင်ချောင်က သူမ၏ ပြောင်မြောက်တဲ့ တုံ့ပြန်မှုကို အရမ်းမကျေမနပ်ဖြစ်ပြီး ပြောလိုက်သည်။ "ဒါပေမယ့် အဖွားက ညီမလေးကို ကြက်ဥ မပေးဘူး!"
သာ့ချောင်က ကြက်ဥမရရှိသဖြင့် စိတ်ဆိုးနေသည်ဟု ထင်ခဲ့သည်။ သူမ အိတ်ကပ်ထဲမှ ကြက်ဥတစ်လုံးကို ချက်ချင်းထုတ်လိုက်ပြီး ပေးလိုက်သည်။ "ညီမလေး ဒီမှာ!"
ရှောင်ချောင်က မဆိုင်းမတွဘဲ ကြက်ဥကို လက်ခံလိုက်ပြီး မေးလိုက်သည်။ "မမ၊ ဘာလို့ အဖွားက မမအပေါ် ရုတ်တရတ် အရမ်းကောင်းနေတာလဲ"
သာ့ချောင်က မသိမသာ တခစ်ခစ်ရယ်ပြီး ပြောလိုက်သည်။ "မသိဘူး"
သာ့ချောင်က တမင်တကာ ဖုံးကွယ်နေသည်ဟု ရှောင်ချောင်က ခံစားရသည်။ သူမ ပိုပြီး မကျေမနပ်ဖြစ်သွားသည်။
သူမ၏ မျက်လုံးတွေ လှည့်လိုက်ပြ သာ့ချောင်၏ တခြားအိတ်ကပ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "မမ၊ မေမေက ကြက်ဥ မစားရတာ ကြာနေပြီ။ မေမေဆီကို ကြက်ဥ ပို့ပေးလိုက်မယ်။ မမက သူ့ကို လွမ်းတယ်ဆိုတာ သိရင် အမေက သေချာပေါက် ဝမ်းသာသွားလိမ့်မယ်!"
သာ့ချောင်၏ မျက်နှာက ရှင်းပြရခက်သော အမူအရာ ဖြစ်နေသည်။
ရှောင်ချောင်က မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။ "မမ၊ မပေးချင်ဘူးလား"
သာ့ချောင်က သူ့အိတ်ကပ်ထဲက ကြက်ဥကို ထိလိုက်ပြီး ပြောလိုက်သည်။ "ဖေဖေ စား ဖို့ ပေး ချင် တယ်..."
သူမထံတွင် ဥအများကြီးရှိပါက သူမအမေကို ပေးချင်ပါသည်။ သို့သော်လည်း ယခုတွင် တစ်လုံးသာ ကျန်တော့သည်။ ကူးကူက ဥမဥသည်မှာ ငါးရက်ရှိပြီ။ သူမအဖေ၏ ခန္ဓာကိုယ်ကို မြန်မြန်ပြန်ကောင်းလာစေရန် သူမဟာ အာဟာရဖြည့်ပေးစေချင်သည်။
ထိုအချိန်တွင် ချောင်ကျန်းကျွင်းသည် သာ့ချောင်ကို ကာကွယ်ရန် ကျောက်တုံးကို ထိမှန်သည်။
သို့သော်လည်း ကလေးကို ဝမ်းမနည်းစေရန်နှင့် ဖန်းရှောင်ကျွမ်းက ကလေးကို အပြစ်မတင်စေရန် အတွက် ဤလျှို့ဝှက်ချက်ကို သူ့နှလုံးသားထဲတွင် သိမ်းဆည်းထားပြီး ဘယ်သူ့ကိုမှ မပြောခဲ့ပေ။
ထို့နောက် ကလေးကို သူ၏အခြေအနေအမှန် မပြောဘဲနေသဖြင့် သာ့ချောင်သည် သူမအဖေက မကြာခင်တွင် ပြန်ကောင်းလာမည်ဟု အမြဲတွေးနေသည်။
ရှောင်ချောင်က ပြောလိုက်သည်။ "အမေက မမကို မကြိုက်တာ မဆန်းပါဘူး၊ မမက မျက်လုံးဖြူ ဝံပုလွေပဲ!"
သာ့ချောင်က စိတ်မသက်မသာဖြင့် ခေါင်းငုံ့လိုက်သည်။
သို့တိုင် သူမ ကြက်ဥကို မထုတ်ခဲ့ပေ။
ကြက်ဥကို မယူနိုင်သဖြင့် ရှောင်ချောင်သည် အေးစက်သော မျက်နှာဖြင့် လှည့်ထွက်သွားသည်။
မထင်မှတ်ပဲ သူမ ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် ခြေတစ်ဖက်က ပျော့ပျောင်းသော အရာတစ်ခုကို နင်းမိလိုက်သည်။
သူမ အောက်ကို ငုံ့ကြည့်လိုက်သောအခါ မျက်နှာက လုံးဝ မည်းနက်သွားသည်။
သူမ မစင်ပုံ တက်နင်းမိသွားတယ်!
ဒီနေရာမှာ မစင်စွန့်ရအောင် ဘယ်လောက်တောင် အကျင့်ယုတ်ရတာလဲ?
ရှောင်ချောင်က တစ်ယောက်ယောက်ကို သတ်ချင်နေသည်!
ရှောင်ချောင်က မစင်နင်းမိသွားသည်ကိုမြင်သောအခါ ဘေးက ကလေးများက ရယ်လိုက်ကြသည်။ "ရှောင်ချောင်က မစင်နင်းမိသွားပြီ၊ ရှောင်ချောင်က မစင်နင်းမိသွားတာ!"
ရှောင်ချောင်က ဒေါသထွက်လွန်းသဖြင့် မျက်နှာသည် လုံးဝ နီမြန်းသွားသည်။
"ညီမလေး၊ ဘာဖြစ်တာလဲ" ညီမဖြစ်သူ၏ အော်ဟစ်သံကို ကြားသောအခါ သာ့ချောင်လန့်သွားသည်။
ပြေးသွားကာ ကြည့်လိုက်ပြီး သူမ၏ နူးညံ့သော နှာတံလေးသည် ရှုံ့တွသွားသည်။
သူမညီမ၏ ဖိနပ်တစ်ဝက်က မစင်ထဲ နှစ်မြှုပ်နေသည်။ အနံ့အရမ်းဆိုးသဖြင့် ညီမလေးက ဒေါသအရမ်းထွက်နေသည်မှာ မဆန်းပေ။
ရှောင်ချောင်၏ မျက်နှာသည် မည်းမှောင်သွားသည်။ သူမ၏ ဖိနပ်ကို သာ့ချောင်ဆီ ဆန့်ကာ ပုံမှန်ကဲ့သို့ ပြောလိုက်သည်။ "အစ်မ၊ ဖိနပ်ကို သန့်ရှင်းရေး လုပ်ပေး"
သာ့ချောင်က ခဏလောက် ထိတ်လန့်သွားသည်။
သာ့ချောင်က သဘောမတူသည်ကို မြင်လိုက်သောအခါ ရှောင်ချောင်၏ မျက်နှာက ချက်ချင်း မဲ့သွားခဲ့သည်။
သာ့ချောင်ကို ခြိမ်းခြောက်တော့မည့် အချိန်တွင်ထွက်သွားသော ချာင်ရှို့ကျီက ရုတ်တရက် ပြန်ရောက်လာခဲ့သည်။
"သာ့ချောင်၊ နင်က ဘာလို့ အိမ်မပြန်တာလဲ? နင့်အဖေက အိမ်မှာ တစ်ယောက်ထဲ ရှိတယ်။ ဘယ်သူမှ မရှိတဲ့အတွက် ရေတစ်ခွက်တောင် သောက်လို့မရဘူး။ အပြစ်ရှိသလို မခံစားရဘူးလား? ကောင်းတာကို မလေ့လာဘူး။ အဲဒီအစား မျက်လုံးဖြူဝံပုလွေတွေဆီကနေ သင်ယူနေတယ်။ မြန်မြန်မပြန်သေးဘူးလား?"
အဖွား၏ ဆူပူကြိမ်းမောင်းသံကိုကြားတော့ သာ့ချောင်က နောက်မကျရဲတော့ပေ။ "ညီ မ လေး၊ ကိုယ့် ဘာ သာကိုယ် သုတ် လိုက်။ မ မ အိမ် ပြန် ရ တော့ မယ်"
စကားပြီးပြောသည်နှင့် ရှောင်ချောင်၏ တုံ့ပြန်မှုကို မစောင့်ဘဲ ကျောပေါ်ရှိ ခြင်းတောင်းကို ကိုင်ကာ ထွက်ပြေးသွားခဲ့သည်။
ရှောင်ချောင်သည် သာ့ချောင်၏ နောက်ကျောကို စိုက်ကြည့်ကာ ငါးပူတင်း ကဲ့သို့ ဒေါသထွက်သွားသည်။
သာ့ချောင်သည် သူမအဖွားထံသို့ ပြေးသွားပြီး ရှက်ပြုံးလေးပြကာ "အဖွား" ဟု တိုးတိုးလေး အော်ဟစ်လိုက်သည်။
သူမ၏ အနက်ရောင်မျက်လုံးများနှင့် ဆုံပြီးနောက် ချောင်ရှို့ကျီ၏ ဆူပူမည့် စကားများသည် သူမ ပါးစပ်မှ ထွက်မလာတော့ပေ။ "အိမ်ကို စောစောပြန်ဖို့ ငါပြောခဲ့တယ် မဟုတ်လား"
"ဥ ပေး တယ် ညီမလေး။" သာ့ချောင်က သူမ ညီမမကို ကြက်ဥတစ်လုံးပေးသည်အား ဖုံးကွယ်ခြင်းမရှိခဲ့ပေ။
ချောင်ရှို့ကျီက ရှောင်ချောင်ကို မကြိုက်ပေမယ့် သာ့ချောင်က ကြက်ဥတွေ ပေးခြင်းကို မတားပေ။
ရှောင်ချောင်ကို မကြိုက်ရခြင်းမှာ ရိုးရှင်းသည်။ သူမ၏ မျက်လုံးတွေက တွက်ချက်လွန်းတာကြောင့် ဖြစ်သည်။
ရှောင်ချောင်သည် နာခံပြီး ထက်မြက်သည်ဟု လူတိုင်းက ပြောကြသည်။ သူမသည် ထိုကလေးသည် အမှန်တကယ် ထက်မြက်သည်ဟု ခံစားမိသော်လည်း သူမသည် ကြာဖြူထက်ပင် လှည့်စားတတ်သည်။
အကယ်၍ သူမသည် အမှန်တကယ် အပြစ်ကင်းစင်ပြီး ကြင်နာပါက သူမအစ်မသည် ဆာလောင်မွတ်သိပ်နေပြီး ပိန်လှီလာသည်ကို သူမ ဂရုမစိုက်ဘဲ နေမည်မဟုတ်ပေ။
သူမကိုယ်တိုင် အဝတ်အသစ်ဝတ်ပြီး သူ့အစ်မဖြစ်သူကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စွန့်ပစ်ထားတဲ့ အဝတ်ဟောင်းကို ဝတ်ခွင့်ပေးမည် မဟုတ်ပေ။ ဖိနပ်က အပေါက်ပေါင်းများစွာ ပေါက်သွားသည့်အခါ သူမက ဘယ်တော့မှ အကူအညီမပေးပေ။
ထို့အပြင် သူမသည် ချိုမြိန်စွာ ပြုံးပြုံးရွှင်ရွှင် ပြုံးပြလိုက်ပြီး တစ်ဖက်တွင် သူမ၏ မျက်နှာသည် မထီမဲ့မြင်ပြုသည့် အကြည့်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်ကို သူမကိုယ်တိုင် တွေ့ဖူးသည်။ ထိုအပြုအမူသည် လေးနှစ်အရွယ် ကလေးလုပ်သင့်သည်နှင့် လုံးဝမတူပေ။
ရှောင်ချောင်ကို တစ္ဆေ သိမ်းပိုက်ခြင်း သို့မဟုတ် ထိုကဲ့သို့သော အဖြစ်မျိုး ချောင်ရှို့ကျီသည် မည်သည့်အခါမှ မတွေ့ခဲ့ရပေ။ သူမသည် ငယ်ငယ်ကတည်းက ဉာဏ်ထက်ခဲ့သည်ဟုသာ ထင်ခဲ့သည်။
သို့တိုင် ကလေးသည် တွက်ဆလွန်းသဖြင့် သူမကို မနှစ်သက်နိုင်ပေ။
သူမနှင့် နှိုင်းယှဉ်လျှင် သာ့ချောင်သည် ရိုးရှင်းသော အရူးလေး ဖြစ်သည်။ အရောင်းခံရလျှင်တောင် လူတွေကို ပိုက်ဆံရေတွက်ဖို့ သူမက ကူညီနေဦးမည်။
အခုပင် သူမထွက်သွားပြီး လမ်းတစ်ဝက်တွင် ရုတ်တရတ် မသက်မသာခံစားရသဖြင့် ပြန်လှည့်လာခဲ့သည်။ ထိုစဉ် ရှောင်ချောင်က သာ့ချောင်ကို မစင်သုတ်ပေးရန် တောင်းဆိုနေသည်ကို သူမကြားလိုက်ရသည်။
ဟုတ်ပါတယ်၊ သူတို့အားလုံးဟာ ဒုက္ခပေးသူတွေပဲ။