အခန်း (၁၅)
Vol. 2 Ch. 15
သူမ ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ဘယ်သူ့ကိုမှ မတွေ့ပေ။ သူမ၏ ခန္ဓာကိုယ်ကို လှည့်ကြည့်လိုက်သောအခါ သူမအစ်ကိုသည် သူမနှင့် နှစ်မီတာဝေးသော နေရာသို့ ဆုတ်သွားသည်ကို တွေ့လိုက်ရသည်။
ဘာအထောက်အပံ့လဲ?
ချောင်ကျန်းကျွင်းကို ဘယ်လို အသေသတ်ရိုက်မှာလဲ?
သူမ ဒေါသထွက်သွားခဲ့သည်။ "အစ်ကိုကြီး၊ ဒီလောက် အဝေးကြီးမှာ ဘာလုပ်နေတာလဲ?"
ဖန်းဖူကွေ့က မျက်တောင်ခတ်ကာ ထိုင်ချလိုက်ပြီး သူ့ဖိနပ်မျက်နှာပြင်ကို ထိလိုက်သည်။ "ငါ့ဖိနပ်ကြိုးတွေ ချောင်သွားပြီ။ ချည်ထားရမှာပေါ့၊ မဟုတ်ရင် လမ်းလျှောက်ရင် လဲလိမ့်မယ်"
ဖန်းရှောင်ကျွမ်း၏ မျက်လုံးများသည် သူ့ဖိနပ်ပေါ်သို့ ကျရောက်သွားသည်။ သူမ မယုံချင်ပေ။
သူ့ဖိနပ်မှာ ကြိုးတောင် မရှိပေ။ ချည်ဖို့ဘာကြိုးတွေလိုလို့လဲ?
ချောင်ရှို့ကျီက အရူးအုပ်စုနှင့် အချိန်ဖြုန်းရန် အလွန် ပျင်းနေသည်။ "နင်တို့ ချက်ချင်း ထွက်သွားရင် ပိုကောင်းမယ်။ မဟုတ်ရင်..."
သူမ လက်သီးကို ဆန့်ထုတ်လိုက်ပြီး လက်ဆစ်တွေကို ချိုးလိုက်သည်။
ဖန်းရှောင်ကျွမ်း၏ ခြေထောက်များသည် ကွေးညွှတ်သွားပြီး ကြောက်လန့်သဖြင့် မြေပြင်ပေါ်သို့ လဲကျလုနီးပါးပင်။
လူလေလူလွင့် ဖန်းဖူကွေ့ကလား?
ချောင်ရှို့ကျီက လက်သီးဝှေ့ယမ်းလိုက်သောအခါ သူ့ညီမကို ထားခဲ့ပြီး ထွက်ပြေးသွားသည်။ တစ္ဆေတစ်ကောင်က သူ့နောက်ကို လိုက်နေသကဲ့သို့ပင်။
ဖန်းရှောင်ကျွမ်းက ခေါင်းကို လှည့်လိုက်ပြီး အစ်ကိုဖြစ်သူက သူမကို ထားသွားသည်အား ကြည့်နေသည်။ သူမသည် ဒေါသတကြီးဖြစ်ကာ ခြေထောက်ကို ဆီနှင့်ထိုးထားသကဲ့သို့ လျင်မြန်စွာ ထွက်ပြေးသွားသည်။
သာ့ချောင်သည် အခန်းတွင်းတွင် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။ 'သမီး အမှားလုပ်မိတယ်' ဟူသော အမူအရာက သူမ၏ မျက်နှာပေါ်တွင် ထင်ဟပ်နေသည်။
"အဖေ၊ သမီးက မကောင်းဘူး။ အမေ့ကို ငါးပေးဖို့ မေ့သွားတယ်"
သူမ အမေရောက်လာမှသာ အမေ့ဆီကို ငါးပို့ရန် မေ့သွားမှန်း သူမသိလိုက်သည်။ သူမ တမင် မလုပ်ပါ။ သူမဘာကြောင့် မေ့သွားမှန်း မသိပေ။
ချောင်ကျန်းကျွင်းက မဖြေရသေးမီပင် ချောင်ရှို့ကျီ၏ အေးစက်စက် နှာမှုတ်သံကို ကြားလိုက်ရသည်။
"ဘာမကောင်းဘူးလဲ? နင်က အလုပ်ကောင်းကောင်းလုပ်ခဲ့တယ်၊ မဟုတ်ရင် ချောင်အိမ်မှာ သူကြိုက်သလို လုပ်နိုင်တယ်လို့ သူတကယ်ထင်နေမယ်!"
ဒုတိယချောင်က အကြောသေသွားသည်။ ဖန်းရှောင်ကျွမ်းကို သူ့နေရာနှင့်သူ မထားလျှင် တစ်ချိန်တွင် သူမက ပြဿနာ ရှာလိမ့်မည်။
ထို့ကြောင့် သူမသည် ဤရက်များအတွင်း ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရသည့်တိုင် ဖန်ရှောင်းကျွမ်း ပြန်လာရန် ဖန်မိသားစုသို့ တစ်ခါမျှ မသွားခဲ့ပေ။
ဖန်မိသားစုက ဘယ်လိုမိသားစုမျိုးလဲဆိုသည်ကို သူမသိသည်။
ဖန်းရှောင်ကျွမ်းက ပိုက်ဆံပြန်ယူလာသောကြောင့် လက်ရှိတွင် သူတို့အိမ်မှာ နေခွင့်ပြုရန် ဆန္ဒရှိနေသေးသည်။
ပိုက်ဆံကုန်သွားသည်နှင့် သူတို့မိသားစုက တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်လဲဆိုသည်ကို သူစောင့်ကြည့်နေသည်။
နောက်ဆုံးတွင် ဒုတိယချောင်၏ စိတ်ပျက်စရာဖြစ်သည်။ အစပိုင်းတွင် ထိုအမျိုးသမီး ဖန်ရှောင်ကျွမ်းက သူ့ကို လှည့်စားခဲ့သည်။
အိမ်ထောင်ကျပြီးနောက်တွင် ခင်ပွန်းသည်၏ အာဏာကို မပြသနိုင်ခဲ့ပေ။ ထို့ကြောင့် ဖန်ရှောင်ကျွမ်းသည် မထိန်းချုပ်နိုင်သည်အထိ ဖြစ်သွားခဲ့သည်။
ထိုအကြောင်းကို တွေးပြီးနောက် သူမက ချောင်ကျန်းကျွင်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ "ငါထွက်သွားတာနဲ့ သာ့ချောင်ကို ဖန်းအိမ်ကို ငါးပို့ခိုင်းဖို့ မစဥ်းစားနဲ့။ ငါသိသွားရင် ဘယ်လိုလုပ်မလဲဆိုတာ ကြည့်နေ!"
သူ၏ ကလေးရှေ့တွင် အဆူခံရသဖြင့် ချောင်ကျန်းကျွင်း၏ မျက်နှာသည် ပြုတ်ထားသော ပုဇွန်ကဲ့သို့ နီမြန်းသွားသည်။ "ကျွန်တော်... မလုပ်ဘူး"
တကယ်တမ်းတွင် သူက ဤအိမ်ထောင်ရေးကို နောင်တရနေပြီ။
လူတိုင်းက သူ ဖန်ရှောင်ကျွမ်းကို အရူးအမူးစွဲလမ်းပြီး လက်ထပ်ခဲ့သည်ဟု ထင်ကြသည်။ သို့သော် ထိုကဲ့သို့ မဟုတ်ပါ။
ထိုတုန်းက သူ့အဖေက ပြင်းထန်စွာ ဖျားနေသည်။ သူ့အဖေကို အာဟာရပြည့်ဝစေရန် တောင်ပေါ်တက်ပြီး တောရိုင်းပစ္စည်းများကို သွားရှာခဲ့သည်။
တောရိုင်းပစ္စည်းများကို ရှာတွေ့မည့်အစား တောင်စမ်းချောင်းတွင် ရေချိုးနေသော ဖန်ရှောင်ကျွမ်းကို တွေ့သွားမယ်လို့ ဘယ်သူထင်ထားမှာလဲ?
ထိုအချိန်တွင် သူမက ဘာမှမဝတ်ထားသဖြင့် သူ မြင်လိုက်ရသည်။ သူမက သေလုမတတ် ငိုကြွေးနေသည်။ သူ့ထံတွင် ရွေးချယ်စရာမရှိတော့သဖြင့် သူမကို ဇနီးအဖြစ် လက်ထပ်မည်ဟု ကတိပေးလိုက်သည်။
ထို့အကြောင်းကြောင့် သူ့အမေ မည်သို့ပင် ကန့်ကွက်သည်ဖြစ်စေ ဖန်ရှောင်ကျွမ်းနှင့် လက်ထပ်ရန် တောင်းဆိုခဲ့သည်။ မဟုတ်လျှင် ဘဝပျက်သွားလိမ့်မည်။
အိမ်ထောင်ကျပြီး မကြာခင်မှာပင် ဖန်ရှောင်ကျွမ်းက သူမ၏ ဇာတိရုပ်မှန်ကို ပြသခဲ့သည်။ ပျင်းရိပြီး ဒေါသကြီးသူပင်။
ဖန်မိသားစုအိမ်သို့ ပစ္စည်းကောင်းများအားလုံးကို ပြောင်းရွှေ့သွားရုံသာမက အလုပ်မသွားဘဲ အိမ်မှုကိစ္စလည်း မလုပ်ပေ။
နေ့တိုင်း သူမက သူသည် နှေးကွေးသူ၊ မစွမ်းဆောင်နိုင်၊ လူအများ နှစ်သက်အောင် မနေတတ်ဟု နေ့တိုင်း ငြီးတွားနေတတ်သည်။ သူ့ကိုလက်ထပ်ရန် သူမက ၈ ဘဝလောက် ကံမကောင်းမှု စုစည်းခဲ့သည် ဖြစ်ရမည်။
ထိုသည်က အဆင်ပြေသေးသည်။ သူသည်းမခံနိုင်သည်မှာ မီးဖွားစဉ် သွေးဆင်းခြင်းက မတော်တဆမှုတစ်ခုမှန်း သိသာပါသည်။
ထိုအရာအားလုံးအတွက် ကလေးတစ်ယောက်ဖြစ်သော သာ့ချောင်ကို အပြစ်တင်ပြီး ညှဉ်းပန်းနှိပ်စက်ရန် ကြိုးစားသည်။
ဤတစ်ခါတွင် သူက လေဖြတ်သွားသည်။ထိုအခြေအနေတွင် သူမက အိမ်ပြန်ပြေးပြီး သူ၏ ဝန်ထုပ်ဝန်ပိုးများကို သူ့မိဘတွေဆီ တွန်းပို့လိုက်သည်။ ဤသည်က သူ၏နှလုံးသားကို လုံးဝ အေးခဲသွားစေသည်။
ဖန်ရှောင်ကျွမ်းသည် စိတ်ပျက်လက်ပျက်ဖြင့် အိမ်သို့ ပြေးသွားသောအခါ နေပူထဲတွင် ခြေထောက်နှစ်ဖက်ဖြင့် ရေစိမ်နေသည့် သူမအစ်ကိုကို တွေ့လိုက်ရသည်။ သူမ ဒေါသကို မထိန်းနိုင်ဘဲ ပြောလိုက်သည်။
"အစ်ကိုကြီး၊ ဒါက အစ်ကိုပြောတဲ့ ငါ့ကို ထောက်ပံ့တာလား?"
သူက အီးတစ်ချက်ပင် မပေါက်ရဲပေ!
ဖန်ဖူကွေ့က ၎င်းကို ရှက်ရွံ့သည်ဟု လုံးဝမခံစားရပေ။ သူက ခြေထောက်ကို ချိတ်ပြီး ပါးစပ်ထဲတွင် မြက်ပင်ကို ကိုက်ဆွဲထားသည်။
"ညီမလေး၊ အစ်ကိုကြီးက မင်းကို မထောက်ပံ့တာ မဟုတ်ဘူး၊ ဒါပေမယ့်အစကတည်းက ငါတို့မှားနေပြီဆိုတာ ရုတ်တရက် သိလိုက်ရတယ်။ ချောင်မိသားစုရဲ့အိမ်ကို တရားမျှတမှုရှာဖို့ မသွားသင့်ဘူး။ ဓားပြတွေကို ဖမ်းမှာလို့ ပြောခဲ့တယ်မဟုတ်လား? ခေါင်းဆောင်ကို အရင်ဖမ်းသင့်တယ်။ အဲ့ဒီမုဆိုးမလင်းဟွေ့ကို သွားရိုက်နှက်သင့်တယ်!"
"ဓားပြတွေကို ဖမ်းဖို့၊ ခေါင်းဆောင်ကို အရင်ဖမ်း" ဆိုတဲ့ စကားကို ဒီလိုမျိုး သုံးတာလား?
ဖန်ရှောင်ကျွမ်းက သံသယတွေအပြည့်နှင့်ပင်။
သို့သော် သူမအစ်ကိုပြောသည်ကို သူမ နားလည်သည်။ ထိုအကြောင်းကို တွေးပြီးနောက် သူမ အစ်ကိုပြောသည်က ကျိုးကြောင်းဆီလျော်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
အမှန်တကယ်ပင်။ အကယ်၍ ခွာသေးသေးလေး လင်းဟွေ့က တခြားသူ၏ ယောက်ျားကို တနေကုန် မတွယ်တာနေလျှင် ချောင်ကျန်းကျွင်းက ဘာလို့ သူမကို ငါးတွေပို့ပေးနေတာလဲ?
ဒီလိုနှင့် မောင်နှမနှစ်ယောက်က ထွက်လာပြန်သည်။
လင်းဟွေ့နေထိုင်ရာအိမ်သို့ ရောက်သောအခါ ဖန်ရှောင်ကျွမ်းသည် ခါးထောက်ပြီး အော်ခေါ်လိုက်သည်။
"လင်းဟွေ့၊ လင်းဟွေ့။ ထွက်လာခဲ့စမ်း!"
လင်းဟွေ့သည် မုဆိုးမဖြစ်လာပြီးနောက် သူမ၏ မိခင်မိသားစုသို့ ပြန်မပြောင်းခဲ့ပေ။ အိမ်ထောင်ကျတုန်းက နေ့သည့်အိမ်မှာ အခုချိန်ထိ နေထိုင်နေတုန်းပင်။ သူမ၏ မိခင်မိသားစုနှင့် အတော်လေး ဝေးကွာပြီး ရွာရှိ ပညာတတ်လူငယ်နေရာနှင့် အလွန်နီးသည်။
လင်းဟွေ့သည် လွန်ခဲ့သော နှစ်ရက်က နေမကောင်းဖြစ်ပြီး အပြင်မထွက်ခဲ့ပေ။ ထို့အပြင် သူမသည် မုဆိုးမဖြစ်သောကြောင့် ရွာရှိလူများနှင့် ခပ်ခွာခွာနေခဲ့သည်။
ထို့ကြောင့် သူမနှင့်ပတ်သက်သော ကောလဟာလအရှုပ်အရှင်းများ ပျံ့လွင့်နေသည်ကိုလည်း သူမ မသိသေးပေ။
ထိုအချိန်တွင် တစ်ယောက်ယောက်က သူမကို ခေါ်သံကြားသောအခါ အိပ်ယာပေါ်မှ ရုန်းကန်ထပြီး ချောင်းတဟွတ်ဟွတ်ဆိုးကာ တံခါးအပြင်ကို ထွက်သွားသည်။
ဖန်းရှောင်ကျွမ်းက သူမအိမ်ရှေ့သို့ ရောက်နေသည်ကို မြင်သောအခါ အံ့သြသွားသည်။ "ရှောင်ကျွမ်း၊ ငါ့ကို ရှာနေတာလား?"
လင်းဟွေ့နှင့် ဖန်ရှောင်ကျွင်းတို့သည် သူငယ်ချင်းကောင်းများဖြစ်ကြသည်။ သူတို့နှစ်ယောက်လုံးက လှပပြီး ရွာထဲရှိ ကွမ်းတောင်ကိုင်များ ဖြစ်ကြသည်။ အချို့အရာများ ဖြစ်ပျက်ပြီးမှသာ သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးက ပြိုကွဲသွားသည်။
ဖန်ရှောင်ကျွမ်း၏ မျက်လုံးများက မီးတောက်လောင်နေသည်။ "လင်းဟွေ့၊ နင်က သေသင့်တဲ့ မိန်းမပဲ၊ မင်းရဲ့ ခြေဖဝါးမှာ အနာတွေ ပေါက်နေတယ်၊ မင်းကို အစိုဓာတ်ပေးမယ့် ယောက်ျားမရှိရင် မင်း အသက်မရှင်နိုင်ဘူး မဟုတ်လား? ငါ့ယောက်ျားကို လှည့်စားချင်နေတယ်ပေ့ါ။ ငါနင့်ကို မသတ်ရဲဘူးလို့ နင်ထင်နေလား?!"
လင်းဟွေ့၏ဆံပင်ကို ဆွဲယူရန် ခြေလှမ်းပြင်ရင်း ပြောလိုက်သည်။
လင်းဟွေ့သည် အံ့သြသွားကာ နောက်ပြန်ဆုတ်ပြီး သူမ၏လက်ကို ရှောင်လိုက်သည်။ သူမ မျက်နှာက စာရွက်လို ဖြူဖျော့နေခဲ့သည်။
"ရှောင်ကျွမ်း၊ နင်ဘာတွေပြောနေတာလဲ? တစ်ခုခုကို နားလည်မှုလွဲနေတာလား?"
"ဖီ၊ ဘာနားလည်မှုလွဲနေတာလဲ?" ဖန်ရှောင်ကျွမ်းက သူမဆံပင်တွေကို ဆွဲလိုက်ပြီး မြေပြင်ပေါ် သို့ အတင်းဖိလိုက်သည်။
"လူထောင်ပေါင်းများစွာနဲ့ အိပ်နေတဲ့ နင်က ကျန်းကျွင်းကို မမြူဆွယ်ဘူးဆိုရင် သူက နင့်ကို ငါးပေးမှာလား?"
လင်းဟွေ့က အရိုက်ခံလိုက်ရသည်။
ရက်အနည်းငယ်ကြာ နေမကောင်းဖြစ်ပြီးနောက် သူမမှာ ခွန်အားလုံးဝမရှိတော့ပေ။ ဤကဲ့သို့ ဆွဲထုတ်ခံလိုက်ရာ သူမသည် ဘန်းခနဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူမသည် နာကျင်လွန်းသဖြင့် ညည်းငြူမိသည်။
ငါးပို့တာလား?
ဒါက ဘယ်တုန်းက ဖြစ်တာလဲ? သူမက ဘာကြောင့်မသိခဲ့တာလဲ?
သာ့ချောင်က ငါးကို လင်းဟွေ့ဆီသို့ သွားပေးချိန်တွင် သူမက ဆေးသောက်ပြီး အိပ်ပျော်နေသည်။ အဆိုပါ ငါးကို လင်းဟွေ့၏ ဒုတိယခယ်မဖြစ်သူက လက်ခံပြီး အိမ်သို့ ယူဆောင်သွားခဲ့သည်။
ထို့အပြင် သူမက လမ်းတစ်လျှောက်ရှိ လူတိုင်းကို ကြွားဝါခဲ့သည်။ ထို့ကြောင့် လင်းဟွေ့နှင့် ချောကျန်းကျွင်းတို့ တွဲနေကြသည်ကို လူတိုင်းက ပိုယုံကြည်လာကြသည်။
ဖန်ရှောင်ကျွမ်းသည် လင်ဟွေ့က ဘာမှမပြောသည်ကိုမြင်ပြီး သူမမှန်သည်ဟု ယုံကြည်သွားသည်။ သူမက ပို၍ ဒေါသထွက်လာသဖြင့် လက်ကို မြှောက်ပြီး မျက်နှာပေါ် သို့ ရိုက်ချလိုက်သည်။
လင်းဟွေ့၏ ဆံပင်များက ဖရိုဖရဲဖြစ်ကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ သူမ၏ မျက်နှာသည် နီရဲနေပြီး ရောင်ရမ်းနေသည်။ သူမကို ကြည့်ရသည်မှာ အလွန် သနားစရာကောင်းလှသည်။
ဖန်ဖူကွေ့သည် သစ်ပင်ကို မှီလိုက်သည်။ သူ၏ပါးစပ်က ပြုံးနေသည်။ သူမကို တားရန် ရည်ရွယ်ချက် မရှိပေ။
ထိုအချိန်တုန်းက လင်းဟွေ့နှင့် လက်ထပ်ချင်သော်လည်း သူမက သူ့ကို မနှစ်သက်ခဲ့ပေ။ သူမသည် အသက်တိုသော တစ္ဆေတစ်ကောင်ကို ရွေးချယ်ခဲ့သည်။
ဟက်၊ သူမနှင့် ထိုက်တန်တယ်။
မနီးမဝေးတွင် နေထိုင်သော ပညာတတ်လူငယ်များသည် အသံကြားသဖြင့် ပြေးထွက်လာသောအခါ အမျိုးသမီးနှစ်ဦး ရန်ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။
အထူးသဖြင့် ချောမောလှပသော အမျိုးသမီးနှစ်ဦး၏ ရန်ပွဲများကို မြင်တွေ့ရသဖြင့် သူတို့ မကူညီနိုင်ဘဲ အံ့ဩသွားကြသည်။
ဖန်ရှောင်ကျွမ်းက တစ်ယောက်ယောက် လာသည်ကို မြင်သောအခါ ပို၍ပင် စိတ်အားထက်သန်လာခဲ့သည်။