← Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

ထိုအချိန်တွင် လင်းဟွေ့သည် မျက်နှာဖြူဖျော့ဖျော့နှင့် အိမ်မှထွက်ကာ ရွာအဝင်ပေါက်ရှိ ရေတွင်းဆီသို့ ဦးတည်သွားခဲ့သည်။

ရေတွင်းဟောင်းသို့ ရောက်သောအခါ ဘာမှ မပြောဘဲ ရေတွင်းဝ၌ ခုန်ဆင်းသွားခဲ့သည်။

ရေစင်သံ ကြားပြီးနောက် လူက ပျောက်ကွယ်သွားသည်။

အဒေါ်ကြီးတစ်ယောက်က ရေသွားခပ်ရန် လာသောအခါ ထိုမြင်ကွင်းကို မြင်လိုက်သည်။ ဘန်းခနဲ ပြုတ်ကျသံနှင့်အတူ ရေပုံးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

သူမက အော်ဟစ်ပြီး အကူအညီတောင်းလိုက်သည်။ "တစ်ယောက်ယောက် လာကြပါဦး။ တစ်ယောက်ယောက်က ရေတွင်းထဲကိုခုန်ချသွားပြီ။ တစ်ယောက်ယောက် မြန်မြန်လာကြပါ!"

ရွာထဲရှိ လူများက အတင်းအဖျင်းပြောရသည်ကို ကြိုက်သော်လည်း လူဆိုးများတော့ မဟုတ်ပေ။ ရေတွင်းထဲကို လူတစ်ယောက် ခုန်ချသသည်ကို ကြားသောအခါ လူကယ်ရန် အိမ်ထဲမှ ပြေးထွက်လာကြသည်။

လင်းဟွေ့က ကံကောင်းခဲ့သည်။ မိုးမရွာသည်မှာ ကြာပြီဖြစ်သဖြင့် ရေတွင်းဟောင်းမှ ရေက သိပ်မနက်ပေ။ အားလုံးရောက်လာသည်နှင့် သူမကို ရေတွင်းထဲမှ အမြန်ဆယ်ထုတ်ကြသည်။

လင်းဟွေ့သည် မြေပြင်ပေါ်တွင် လဲလျောင်းနေ၏။ သူမ၏ မျက်နှာမှာ သွေးရောင်များ မရှိဘဲ ဖြူဖျော့နေ၍ ဆံပင်များက သူမမျက်နှာကို ရစ်ပတ်နေကာ မျက်လုံးများကို တင်းတင်းမှိတ်ထားသည်။ သူမသေသွားသကဲ့သို့ပင်။

သူမကို ဆွဲတင်လာသော ကလေးနှစ်ယောက်က ကြောက်လန့်ပြီး မြေပေါ်ကို လဲကျသွားသည်။

ရွာရှိ ​ဆရာဝန်က ရောက်လာပြီး သူမ၏ သွေးခုန်နှုန်းကို စစ်ဆေးခဲ့သည်။ "စိတ်မပူနဲ့၊ သူ အသက်ရှင်နေသေးတယ်!"

အားလုံးက ချက်ချင်း သက်ပြင်းချလိုက်သည်။ သူမ မသေတာ ကောင်းတယ်။ ကောင်းပါတယ်။

မဟုတ်လျှင် နေ့ခင်းဘက် ပွဲကြည့်တဲ့သူများက ဒီညတွင် အိပ်မက်ဆိုးများ မက်လိမ့်မည်။

"အားလုံးအဆင်ပြေပါတယ်။ ဒါနဲ့ သူမဘာလို့ ရေတွင်းထဲကိုခုန်ဆင်းတာလဲ" နေ့ခင်းဘက် ရွာမှာမရှိတဲ့လူတစ်ယောက်က မေးသည်။

"အိုး၊ ဖန်မိသားစုရဲ့ မောင်နှမနှစ်ယောက်ကို အပြစ်တင်ရမယ်"

"ဟုတ်တယ်၊ ဖန်မိသားစုရဲ့ မောင်နှမနှစ်ယောက်က မောက်မာလွန်းတယ်၊ ငါ မင်းကို ပြောပြမယ်..."

ထိုကိစ္စကို မသိလိုက်ကြသော သူများအားလုံးကို လူတိုင်းက ပြောပြကြသည်။

နားထောင်ပြီးနောက် လင်းဟွေ့သည် ထိုသို့သောလူဖြစ်သည်ဟု လူအချို့က မယုံကြပေ။ အချို့က ကောင်းမွန်တဲ့ ပြပွဲကို လွတ်သွားတယ်ဟု ညည်းတွားကြသည်။

ဤအခိုက်အတန့်တွင် အဝေးမှ အော်သံတစ်ခုက ထွက်ပေါ်လာသည်။ "ဟွေ့အာ၊ ငါ့သမီး..."

လူတိုင်းက လှည့်ကြည့်လိုက်သောအခါ လင်းဟွေ့၏ အမေ ဝမ်ချိုးယင်နှင့် သူမ၏ သန်မာသော သားငါးယောက်က ပြင်းထန်သည့် အမူအရာများနှင့် ပြေးလာသည်ကို တွေ့လိုက်ရသည်။

ထိုအချိန်မှပင် လင်းဟွေ့က လင်းမိသားစု၏ ရတနာကြီးဖြစ်သည်ကို လူတိုင်းသတိရသွားကြသည်။

လင်းမိသားစုသည် မျိုးဆက်သုံးဆက်တိုင်အောင် ယောက်ျားလေးများကိုသာ မွေးဖွားခဲ့သည်။ လင်းဟွေ့တွင် သူမအထက်တွင် အစ်ကိုငါးယောက်ရှိသည်။

နောက်ဆုံးတွင် ကလေးမလေးကို ရပြီးနောက် လင်းမိသားစုက သူမအား အလွန်အမင်း အလိုလိုက်ခဲ့သည်။ ရွာရှိ အခြားမိန်းကလေးများက သူမလောက် တန်ဖိုးထားမခံရပေ။

ယနေ့ အရိုက်ခံရချိန်တွင် လင်မိသားစု၏ ယောက်ျားများက ရေလှောင်ကန်ဆောက်ရန် သွားနေကြပြီး မိန်းမများက မြို့၌ မင်္ဂလာဆောင်သွားနေကြသည်။ လင်းဟွေ့၏ ဒုတိယခယ်မ တစ်ဦးတည်းသာ သူမကို ဂရုစိုက်ရန် ကျန်နေခဲ့သည်။

သို့သော် လင်းဟွေ့၏ ဒုတိယခယ်မမှာ စိတ်မချရပေ။ သာ့ချောင်ပေးသော ငါးကို ရရှိပြီးနောက် သူမသည် အိမ်နီးချင်းထုတ်လုပ်ရေးအဖွဲ့ရှိ သူမ၏ မိခင်အိမ်သို့သွားကာ ငါးတစ်ကောင်ကို ပေးခဲ့သည်။

ရလဒ်အနေနှင့် လင်းဟွေ့က အချိန်အတော်ကြာ အရိုက်ခံရပြီး သူမကို ကူညီရန် ဘယ်သူမှ ထွက်မလာခဲ့ကြပေ။

ထိုအချိန်တွင် လင်းဟွေ့က ရေတွင်းထဲသို့ ခုန်ချသွားသည်ကို လင်းမိသားစုမှ ကြားလိုက်ရသည်။ သူတို့ ဘယ်လို စိတ်အေးနိုင်မလဲ?

ဝမ်ချိုးယင်သည် အသက် ၆၀ နီးပါးရှိသော်လည်း ပြေးသောအခါတွင် ခြေထောက်တွင် တောင်ပံတပ်ထားသကဲ့သို့ပင် ဖြစ်သည်။

မျက်လုံးမှိတ်ပြီး မြေကြီးပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသော သမီးဖြစ်သူကို မြင်လိုက်ရသဖြင့် ငိုကြွေးလိုက်မိသည်။

"သနားစရာသမီးလေး၊ သမီးဘာဖြစ်သွားတာလဲ? သမီး အရမ်းကို နာကျင်ခဲ့မှာပဲ။ မေမေ ပြန်လာတဲ့အထိ စောင့်သင့်တယ်။ သမီးမှာ အစ်ကိုတွေ အများကြီးရှိတယ်။ အမေတို့က ဘယ်လိုလုပ်ပြီး သမီးကို ခံစားခိုင်းရက်မှာလဲ?"

လင်းဟွေ့၏ အကိုငါးယောက်လုံးသည် သူတို့၏ မျက်နှာပေါ်တွင် စိတ်ပူပန်မှုနှင့် ဒေါသများ ရှိနေကြသည်။ လင်းဟွေ့က ဘာဖြစ်သွားတာလဲဟု အနီးရှိလူများကို မေးကြသည်။

ဖန်မိသားစုက သူတို့ညီမကို ရိုက်ကြောင်း သိလိုက်သောအခါ လူငါးဦး၏ မျက်လုံးများက မီးတောက်လာသည်။

ဖန်းမိသားစု၏ မောင်နှမက ဤနေရာတွင် ရှိနေလျှင် သေသည်အထိ အရိုက်ခံရမှာ သေချာသည်။

လင်းဖုန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ "သေလိုက်စမ်း၊ ငါ့ညီမကို ရိုက်နှက်ဖို့ သတ္တိရှိတယ်ပေ့ါ။ အသက်ရှင်နေရတာ ငြီးငွေ့နေပြီ ထင်တယ်"

အခြားညီအစ်ကိုများက မီးစာထပ်ထည့်သည်။ "သူတို့ကို ကြမ်းပြင်ပေါ်မှာ မရိုက်ရင် ငါတို့ရဲ့ လင်းမိသားစုမှာ တစ်ယောက်မှမရှိဘူးလို့ ထင်နေကြလိမ့်မယ်!"

ထို့​ကြောင့် ညီအစ်ကိုငါးယောက်က အုပ်စုနှစ်စုခွဲရန် ဆုံးဖြတ်လိုက်သည်။ ပဉ္စမမြောက်သည် သူတို့၏ ခြောက်ယောက်မြောက်ညီမကို သယ်ဆောင်ကာ မိခင်နှင့်အတူ နေအိမ်သို့ ပြန်လာခဲ့သည်။

ကျန်သော ညီအစ်ကိုလေးယောက်က စာရင်းရှင်းရန် ဖန်မိသားစု၏ အိမ်ဆီ သွားကြသည်။

အရင်က ပွဲကောင်းကို လွတ်သွားသဖြင့် နောင်တရနေသော ရွာသူရွာသားများက ချက်ချင်း စိတ်လှုပ်ရှားနေကြသည်။ "မြန်မြန် လာကြ။ ကြည့်စရာ ပွဲကောင်းလေး တစ်ခုရှိတယ်"

လင်းမိသားစု၏ ညီအစ်ကိုလေးယောက်သည် ဖန်မိသားစု၏ အိမ်သို့ ဝင်သွားကြသည်။

ထိုအချိန်တွင် ဖန်မိသားစုသည် ညစာစားနေကြသည်။စားသောက်နေစဉ်တွင် သာ့ချောင်သည် မျက်လုံးဖြူဝံပုလွေတစ်ကောင်ဖြစ်ပြီး ကောင်းသောအရာများရရှိသောအခါ အဖွား၏ မိသားစုကို ဂရုမစိုက်ကြောင်း ညည်းညူနေကြသည်။

ဖန်းရှောင်ကျွမ်းက အပြင်းအထန် ကြိမ်းမောင်းလိုက်သည်။ "အဲဒီကလေးက ကပ်ဆိုးနတ်ဘုရားပဲ၊ မွေးကတည်းက သူ့ကို မကြိုက်ဘူး။ စောစောက သိခဲ့ရင် သူ့ကို လည်ပင်းညှစ်သတ်ပြီး သတ်ပစ်ခဲ့မှာ။ အဲ့တာဆိုရင် ကျွန်မ အိမ်မပြန်နိုင်တဲ့အထိ ဆိုးရွားနေမှာမဟုတ်ဘူး!"

ချောင်ရှို့ကျီက ထိုစကားကိုကြားလျှင် အူနာသည်အထိ ရယ်မောသွားလိမ့်မည်။

သူမသည် သူမမိခင်အိမ်သို့ ပြန်ချင်သူဖြစ်သည်မှာ ထင်ရှားသည်။ သာ့ချောင်နဲ့ ဘာဆိုင်လို့လဲ? လူပျင်းတောင် ဒီလောက်ပျင်းစရာကောင်းတဲ့ ရှင်းပြချက် မရှိဘူး။

ထိုအချိန်တွင် ဖန်မိသားစု ခြံတံခါးသည် ဝုန်းခနဲ ပွင့်သွားသည်။

"အမလေး၊ ဘယ်သူက ပြဿနာ လာရှာနေနေတာလဲ?" အဘွားကြီးဖန်က ကြောက်လန့်တကြား ထအော်လိုက်သည်။ ဖန်ရုံရော့သည် သူမ၏ ရင်ခွင်ထဲတွင် ထိတ်လန့်စွာ ငိုနေသည်။

ဖန်ဖူကွေ့က မြေပြင်ကို တံတွေးထွေးပြီး မတ်တပ်ထရပ်လိုက်သည်။ "F- သူ့အမေ။ ဘယ်သူက ငါတို့ ဖန်အိမ်မှာ ​လာရိုင်းရဲတာလဲ?"

ဖန်ရှောင်ကျွမ်း၏နှလုံးသားထဲတွင် ထူးဆန်းသော ကြိုတင်သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။ သို့သော်လည်း သူမက ဘာမှမပြောနိုင်မီတွင် သူမအစ်ကိုက ပြေးထွက်သွားသည်။

ဖန်ဖူကွေ့က ပြေးထွက်လာသည်။ ထိုလူကို ရှင်းရှင်းလင်းလင်း မမြင်ရသေးမီတွင် အိတ်အရွယ်အစား လက်သီးတစ်ချက်က သူ့မျက်နှာကို နှုတ်ဆက်လိုက်သည်။

"ဘန်း!"

ဖန်ဖူကွေ့၏ မျက်လုံးကို လက်သီးနှင့် ထိုးမိသွားသည်။ နာကျင်မှုက သူ့ကို ဆိုးဆိုးရွားရွား အသက်ရှုကြပ်စေသည်။ "ငါ -ိုး မ..."

"ဘန်း!"

နောက်တစ်ချက်။

ယခုတစ်​ခါတွင် အခြားမျက်​စိတစ်ဖက်ကို ထိသွားသည်။

"ရပ်..."

"ဘန်း!"

တတိယအကြိမ် ထိုးပြီးနောက်တွင် သူ့နှာခေါင်းရိုး ပြိုကျလုနီးပါးဖြစ်နေပြီဟု ခံစားရသည်။ သူ့နှာခေါင်းအေးလာပြီး နှာခေါင်းသွေးနှစ်ကြောင်း စီးဆင်းလာသည်။

အဘွားကြီးဖန်က သူမသား အရိုက်ခံရသည်ကို မြင်သောအခါ ဝက်တစ်ကောင်လို အော်ဟစ်နေသည်။ "မင်းတို့ ဘယ်လိုလုပ်နေတာလဲ? ရပ်လိုက်၊ အခုချက်ချင်း ရပ်လိုက်!"

ဖန်ရှောင်ကျွမ်းက နောက်ဆုံးမှ ထွက်လာသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ အရမ်းထိတ်လန့်သွားပြီး ခြေထောက် အားနည်းသွားသည်။

ယခုမှပင် သူမက ဘာ့ကြောင့် ထူးထူးခြားခြား ကြိုတင်သတိပေးချက် ခံစားနေရလဲဆိုသည်ကို သူမ သိလိုက်သည်။ လင်းဟွေ့တွင် အစ်ကိုငါးယောက်ရှိသည်ဆိုတာကို သူမ မေ့သွားခဲ့သည်။

သူမတို့နှစ်ယောက်သည် အရင်တုန်းက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ချိန်၌ လင်းဟွေ့က အိမ်တွင် အလိုလိုက်ခံရသည်ကို သူမ မနာလိုဖြစ်ခဲ့သည်။

သူမနှင့်မတူပေ။ သူမသည် အိမ်မှုကိစ္စများကို လုပ်ရရုံသာမက အိမ်တွင် အရသာရှိပြီး အသုံးဝင်သော ပစ္စည်းအားလုံးကို သူမ၏ အစ်ကိုကြီးအား ဦးစွာ ပေးအပ်ခဲ့သည်။ သူမအလှည့်သို့ ရောက်သောအခါ သူမက အပိုင်းအစအနည်းငယ်သာ ရရှိသည်။

အဘွားကြီး ဖန်သည် ကလေးငါးဦး မွေးဖွားခဲ့သည်။ ပထမနှစ်ယောက်က သမီးတွေ ဖြစ်သည်။ တတိယမှာ သားဖြစ်သည်။ နောက်ပိုင်းတွင် ကလေးနှစ်ယောက် ထပ်မွေးခဲ့သော်လည်း သမီးများ ဖြစ်ကြသည်။

ထို့ကြောင့် ဖန်မိသားစု၏ တစ်ဦးတည်းသော အမျိုးသား ဖန်ဖူကွေ့သည် ရတနာတစ်ခုလို ဆက်ဆံခံရသည်။ အငယ်ဆုံးသမီးဖြစ်သည့် ဖန်ရှောင်ကျွမ်းသည်ပင် အထူးဂရုစိုက်မှု မခံယူခဲ့ရပေ။

ထိုအချိန်တွင် သူမသည် လင်းဟွေ့အား ရိုက်နှက်ရသောအခါ ကျေနပ်သော်လည်း လင်းဟွေ့၏ အစ်ကိုငါးယောက်က လင်းဟွေ့ကို တန်ဖိုးထားသည်အား မေ့သွားခဲ့သည်။

သူမသည် နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ အခန်းဆီသို့ တိတ်တဆိတ် ပြန်သွားရန် ကြိုးစားခဲ့သည်။

သို့သော်လည်း သူမက ခြေတစ်လှမ်း နောက်ကျသွားသည်။

လင်းဟွေ့၏ အကြီးဆုံးခယ်မ ယွမ်စုဟွားသည် ရှေ့သို့ ပြေးထွက်လာပြီး သူမ၏ ဆံပင်ကိုဆွဲကိုင်ကာ ပါးကို ငါးချက်၊ ခြောက်ချက်လောက် ရိုက်သည်။

ဖန်ရှောင်ကျွမ်း၏ မျက်နှာက ချက်ချင်း နီမြန်းသွားခဲ့သည်။

သို့သော်လည်း ဤသည်က မပြီးသေးပေ။

ယွမ်စုဟွားက သူမကို မြေကြီးပေါ်သို့ဆွဲတင်ကာ လင်းဟွေကို ယခင်က သူမလုပ်ခဲ့သကဲ့သို့ ကြီးမားသောခန္ဓာကိုယ်ဖြင့် သူမဗိုက်ပေါ်ထိုင်ချလိုက်သည်။

ထို့နောက် 'ဖက်၊ ဖက်၊ ဖတ်' အသံဖြင့် နောက်တစ်ကြိမ် ထပ်ရိုက်ပြန်သည်။

"တုံး...အ..."

ဖန်ရှောင်ကျွမ်းက "ရပ်လိုက်ပါ" ဟု ပြောချင်သော်လည်း သွားနှစ်ချောင်း ကျိုးသွားသည်။

ထို့ကြောင့် သူမစကားက အသံထွက်မှားနေသည်။ သူမ၏ပါးစပ်ထဲတွင် သံချေးအရသာတစ်ခု ရှိနေသည်။

သို့သော်လည်း ၎င်းက အဆုံးမဟုတ်သေးပေ။

လင်းဟွေ့၏ တတိယခယ်မသည် ကြက်မစင်အိုးကြီးကို ဘယ်ကရခဲ့သည်လဲ မသိရပေ။ သူမက အမြန်ပြေးပြီး ဖန်ရှောင်ကျွမ်း၏ မျက်နှာပေါ် သို့ ကြက်မစင်များကို လောင်းချလိုက်သည်။

"မသာမ၊ ငါ့မိသားစုရဲ့ ဆဌမမြောက်ညီမကို ရိုက်နှက်ရဲတယ်ပေ့ါလေ! ငါတို့ လင်းမိသားစုကို သေသွားပြီလို့ ထင်နေတာလား? ချီးသွားစားလိုက်တော့!"

"အား..." ဖန်ရှောင်ကျွမ်းက အဓမ္မကျင့်ခံရသကဲ့သို့ အော်ဟစ်နေခဲ့သည်။

သူမ တကယ်ကို ပြိုလဲသွားလိမ့်မည်!

ရွံမုန်းစရာကြီး။ ဤ ခွေးမနှစ်ကောင်က သူမပါးစပ်ထဲကို တကယ်ပဲ ကြက်ချေးတွေ ထည့်ရဲသည်။

ဖန်မိသားစုနှင့် လင်းမိသားစု၏ ကိစ္စသည် အလွန်ကြီးမားသောကြောင့် ချောင်မိသားစုက ၎င်းကို မသိချင်သော်လည်း သိရသည်။

ဖန်ဖူကွေ့သည် ဤကိစ္စကို ချောင်မိသားစုဆီ ဖြန့်ရန် ခွင့်မပြုကြောင်း လူများကို ခြိမ်းခြောက်ထားသဖြင့် ​ ယခင်က ချောင်မိသားစု လုံးဝ မသိခဲ့ပေ။ ဘယ်သူလုပ်လဲ ဆိုသည်ကို သူသိသွားလျှင် သူတို့ ပြဿနာတက်လိမ့်မည်။

ရွာထဲရှိ လူတိုင်းက ဖန်ဖူကွေ့ကို မကြောက်ကြပေ။ သို့သော် ထိုသို့သော ဘာမှအသုံးမကျသောသူနှင့် ရင်ဆိုင်ရသောအခါတွင် တတ်နိုင်လျှင် နှိုးဆွမည်မဟုတ်ဟု တွေးထားသောကြောင့် မပြောဘဲ ဖြစ်သွားသည်။

All Chapters