ကောင်းကင်အောက်က အကောင်းဆုံးတောင်ကြား ၃
Vol. 100 Ch. 1394
သူမ မေးခွန်းမေးလိုက်ရာ ဘိုင်ရှန်းသည် မငြင်းဆန်ဘဲ ရယ်သာရယ်နေ လေသည်။
“ဆရာ တကယ်တော့ လောင်ဘိုင်က ဘာမှမလုပ်လိုက်ပါဘူး၊ သူက တခြားသူတွေ စကားပြောနေတုန်းကို ဒီအတိုင်းပဲဝင်ပြောလိုက်တာ လောင်ဘိုင်က သူ့အတွေးကို ခန့်မှန်းပြီးပြောလိုက်တာကို ဆရာက အံ့ဖွယ် နတ်ဆိုးတောင်ကြားရဲ့ တောင်ကြားသခင်မလေးအဖြစ်ကနေ ထွက်မယ်ဆိုပြီး ဘယ်လိုလုပ် အဆုံးသတ်သွားလဲမသိဘူး”
ရှီမာယူယူ၏ ပါးစပ်မှာတွန့်တက်သွားသည်။ ဒီလူတွေက အမှန်ကို အမှား နဲ့ရောပြီး သတင်းဖြန့်ရဲတာလား။
“မင်းတို့ တကယ်ပဲ သူတို့နဲ့ ပေါင်းစည်းဖို့အစီအစဉ်ရှိတာလား” သူမ မေးလိုက်သည် “ဖန်အာ နင် ဒါကိုသိလား”
“အစ်မ ဒေါသမထွက်ပါနဲ့ ငါလည်း ဒီကိစ္စကိုသိတယ်” ရှီမန်ဖန် ပြောလိုက်သည် “ပြီးတော့ ဒီကိစ္စကိုအရင်ပြောတဲ့သူတွေကလည်း အံ့ဖွယ်နတ်ဆိုး တောင်ကြားကလူတွေလေ၊ လောင်ပိုင်က ဒီအတိုင်းပဲ အလိုက်သင့်နေလိုက် တာ၊ ပြီးတော့ အခုအခြေအနေက ရှုပ်ထွေးနေတယ်လေ၊ ပေါင်းစည်းပြီးရင် တော့ ငါတို့အင်အားလည်း ပိုအားကောင်းလာမယ်၊ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အင်အားပိုလိုတယ်၊ ပြီးတော့ နင်လည်း အဲဒီကိုမလွှတ်နိုင်ဘူးမလား”
ရှီမာယူယူ သက်ပြင်းချလိုက်သည်။ ရှီမန်ဖန် ပြောသည်မှာမှန်သည်။ သည်တိုင်းပြည်သို့ရောက်ပြီးမကြာခင်တွင် အံ့ဖွယ်နတ်ဆိုးတောင်ကြားနှင့် ဆက်သွယ်မိသော်လည်း သေးသေးလေးတိုင်းသည် နွေးထွေးခဲ့သည်။ ထိုအချိန် ကြယ်ကိုးပွင့်သမုဒ္ဒရာရှိ ခရမ်းရောင်ရေနဂါးမျိုးနွယ်ဆီသို့ သူမ သွားသည်ဟု သတင်းကြားသည်နှင့် လျန်ဝူမင်သည် တွေဝေခြင်းမရှိလိုက်လာသည်။
သူမဆရာအတွက် လာခြင်းဖြစ်သည်ဟု ဆိုသော်လည်း သူ၏ ပူပန်မှုမှာ အစစ်အမှန်ဖြစ်သည်။
အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများသည်လည်း မတွေ့ဖူးသော်လည်း လေးစားကာ သူမကိုဂရုစိုက်ခဲ့သည်။
အဲလို အံ့ဖွယ်တောင်ကြားက လျှို့ဝှက်ဆန်းကြယ် အင်အားစုရဲ့ နှောင့်ယှက်မှုကြောင့် ဒုက္ခရောက်နေတာကို သူမဘယ်လိုလုပ် လက်လွှတ်နိုင် မှာလဲ။
“အံ့ဖွယ်နတ်ဆိုးတောင်ကြားနဲ့ အသည်းကွဲတောင်ကြားက အားမနည်း ဘူး၊ ဒါပေမဲ့ ပြည်မကပိုပိုပြီး ရှုပ်ထွေးလာတယ်၊ ဂိုဏ်းတွေလည်း ပိုပြီး ဖျက်ဆီး ခံလာရတယ်၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားက ထူးခြားပေမဲ့ ဒီအတိုင်း နယ်ပယ် အသီးသီးက ကျွမ်းကျင်သူ သခင်တွေများလို့လေ၊ ယူယူ မင်း သူတို့ကို ခဏ တော့ကယ်နိုင်လိမ့်မယ် ဒါပေဲ့ တစ်ချိန်လုံးတော့မရဘူး” ဘိုင်ရှန်း ထောက်ပြ လေသည်။
“ဒီအချက်ကိုလည်း နားလည်ပါတယ်” ရှီမာယူယူ သက်ပြင်းထပ်ချလိုက် သည် “ဒါပေမဲ့ သူတို့ကို အသည်းကွဲတောင်ကြားနဲ့ ပေါင်းစည်းခိုင်းလိုက်တာက သူတို့အတွက် စိတ်မကောင်းဖြစ်လို့ပါ၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားကို တည်ထောင်တဲ့သူသာ ဒီအကြောင်းသိရင် အုပ်ဂူထဲကနေ ထွက်လာပြီး ကျွန်မ ကို လည်ပင်းလာညစ်မှာစိုးရတယ်”
“အစ်မ ငါတို့ပြောတကို အထင်လွဲနေပြီ” ရှီမန်ဖန် ရှင်းပြလေသည် “သူတို့ က အသည်းကွဲတောင်ကြားကို လာပေါင်းမယ်လို့ ပြောတာမဟုတ်ဘူး”
“အသည်းကွဲတောင်ကြားကို လာပေါင်းတာမဟုတ်ဘူးလား”
“ဟုတ်တယ် ငါတို့က အင်အားစုတစ်ခု ပြန်တည်ဆောက်ဖို့ စီစဉ်ထားတာ ပြီးတော့ အံ့ဖွယ်နတ်ဆိုးတောင်ကြားနဲ့ အသည်းကွဲတောင်ကြားတို့ နှစ်ခုလုံးက ဒီအင်အားစုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတွေရှိကြတယ်”
“ပြန်ဖွဲ့စည်းမယ်ပေါ့ ပေါင်းစည်းတာမဟုတ်ဘူး”
ရှီမာယူယူ မှင်တက်သွားပြီး သူတို့ကိုတအံ့တဩကြည့်လိုက်သည်။
“မင်းတို့ တကယ်လုပ်ချင်တာလား”
အံ့ဖွယ်နတ်ဆိုးတောင်ကြားသာ ဝင်လာလျှင် အသည်းကွဲတောင်ကြားမှ တာဝန်ရှိသူများသည် ထိုနေရာတွင်သာရှိနေမည်။ သို့သော် ပြန်လည်ဖွဲ့စည်း လိုက်ပါက ကွာခြားသွားမည်။ သူတို့သည် ပြောရေးဆိုခွင့်ရှိသည့်နေရာ တစ်ဝက်ကို ပေးရတော့မည်။
ထိုအရာသည် လူတိုင်းအလွယ်တကူသဘောတူနိုင်သည့်အရာ မဟုတ် ပေ။
“ငါတို့က အာဏာကိုလောဘတက်တဲ့လူတွေမဟုတ်ဘူးလေ အဲဒါ ကြောင့် သပွတ်အူလိုက်နေတဲ့ ကိစ္စတွေကို ဂရုစိုက်တာမဟုတ်ဘူး”
ထိုလူများသည် သူတို့၏ စွမ်းရည်ထက် သာလွန်သော အရာကို လုပ်ရန် တွန်းပို့ခြင်းခံထားရသည်ကို ရှီမာယူယူလည်း နားလည်သည်။ သူမအား ကောင်းစွာထိထားသဖြင့် သူမသည် အုပ်ချုပ်ရေးကိစ္စများကို စီမံလိုခြင်းမရှိ သည်ကိုလည်း သိထားကြသည်။ ထို့ကြောင့်ပင် သူတို့က အသည်းကွဲတောင် ကြားတစ်ခုလုံးကို ထောက်ပံ့နေရခြင်းဖြစ်သည်။
“မင်းတို့အားလုံးရော သူတို့ရောသဘောတူမှတော့ လုပ်ချင်တာကိုသာ လုပ်ပါ” သူမ အတွေးများကိုပြောပြီးနောက် အပြင်မှအစောင့်ကိုခေါ်လိုက်သည် “ဆရာဦးလေးနဲ့ ဆရာတို့ကိုဒီကိုလာဖို့ ဖိတ်လိုက်ပါ အကြီးအကဲတွေကိုလည်း ပြောလိုက်ပါ”
“ဟုတ်ကဲ့ပါ တောင်ကြားဒုခေါင်းဆောင်” အပြင်မှလူ ပြန်ဖြေလေသည်။
ခဏအကြာတွင် လျန်ဝူမင်သည် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ အကြီးအကဲအုပ်စုဖြင့် ရောက်လာသည်။
ပင်မခန်းမတွင် ခုံများထပ်ခင်းလိုက်ပြီး အသည်းကွဲတောင်ကြားမှလူများ သည် တစ်ဖက်တွင်ထိုင်ကြသည်။ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှလူများရောက် လာပြီးနောက်တွင် လျန်ဝူမင်သည် ရှီမန်ဖန်ဘေးတွင်ထိုင်ပြီး ကျန်လူများသည် တခြားတစ်ဖက်တွင်ထိုင်ကြလေသည်။
“ဆရာဦးလေး ဆရာနဲ့ အကြီးအကဲတို့ ဒီလိုရုတ်တရက် အစည်းအဝေး လုပ်လိုက်ရတဲ့ အကြောင်းအရင်းကို သိပြီးမယ်ဆိုတာ သေချာပါတယ်၊ အဲတော့ အပိုတွေမပြောတော့ပါဘူး” ရှီမာယူယူသည် ပြုံးပြီးပြောလေသည် “ဒီကိစ္စကို ဘယ်လိုစဉ်းစားလဲမသိဘူးရှင့်”
“ကျုပ်တို့က ရှုပ်ထွေးနေတဲ့အချိန်ကိုရောက်နေတယ်၊ ဒီကမ္ဘာမှာ ကျုပ် တို့ နေရာကိုပြောရမယ်ဆိုရင်… နိမ့်လားလို့ပြောရင် မနိမ့်ဘူး၊ မြင့်လားလို့ မေးပြန်ရင်လည်း မြင့်တယ်လို့ပြောလို့မရဘူး၊ အဲဒါကြောင့် ကျုပ်တို့ အင်အား ပေါင်းစည်းပြီး ပိုသန်မာအောင်လုပ်ရမယ်” လျန်ဝူမင်သည် ချင့်ချိန်ပြီးပြောလေ သည်။
သူ့စကားများသည် ဘိုင်ရှန်းနှင့် တခြားသူများ၏ အတွေးနှင့်တူလေ သည်။ ပြောရလျှင် ထိုစကားများသည် အားလုံး၏ အတွေးပင်ဖြစ်သည့်ပုံပင်။
ပြီးနောက် လျန်ဝူမင်သည် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများ၏ အတွေးများကို ပြောပြလေသည်။ သူတို့သည် ပြန်လည်ဖွဲ့စည်းရန် သဘောတူ ကြသော်လည်း အသည်းကွဲတောင်ကြားကို ဝင်ပေါင်းရန်သဘောတူကြပေ။ ထိုသည်မှာ ပြီးခဲ့သည် ဆွေးနွေးမှု၏ ရလဒ်ဖြစ်သည်။
ထိုအချက်မှာလည်း အသည်းကွဲတောင်ကြား၏ မျှော်လင့်ချက်နှင့် အစီအစဉ်ဖြစ်ရာ နှစ်ဖြွ့သည် လျင်မြန်စွာပင် သဘောတူညီချက်ရလေသည်။ မြန်ဆန်လွန်းသဖြင့် ရှီမာယူယူပင် အံ့ဩလေသည်။
သူမသည် အရှိန်မြင့်လာသော အပြန်အလှန်ဆွေးနွေးမှုကိုကြည့်ပြီး အံ့အားသင့်နေသည်။ တစ်နာရီအတွင်းတွင် ထိုကိစ္စသည် အတည်ပြုပြီးလေ သည်။
သူတို့ပြီးသောအခါ တစ်ချိန်လုံး နှုတ်ဆိတ်နေသော သူမကို နှစ်ဖက်လုံး ကြည့်ပြီးမေးလိုက်ကြသည် “ယူယူ ဘယ်လိုထင်လဲ”
သူတို့က သူမအတွေးကိုပါ မေးနေတာလား။ သူတို့က သူမထက်အရင်ကို အကုန်အတည်ပြုပြီးပြီလေ၊ သူမအတွေးကို ဘာလို့မေးနေသေးတာလဲ။
“ကျွန်မအတွက်တော့ ပြဿနာမရှိပါဘူး ဆရာတို့အကုန်လုံးပဲ ဒီကိစ္စကို ဆုံးဖြတ်လို့ရပါတယ်”
“အင်း ဒီလိုဆိုမှတော့ ခုနက ဆွေးနွေးတဲ့ပုံစံအတိုင်းပဲသွားကြတာပေါ့” လျန်ဝူမင် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ”
….
မကြာမီတွင် အံ့ဖွယ်နတ်ဆိုးတောင်ကြားနှင့် အသည်းကွဲတောင်ကြားမှ လူများ အင်အားစုနှစ်ခုမှ တစ်ခုတည်းအဖြစ် ပေါင်းစည်းမည်ဆိုသည့် သတင်းရ လေသည်။ မည်သူမှ လာပေါင်းခြင်းမဟုတ်၊ မည်သူက အထက်တွင်ရှိသည် ဆို သည်မျိုးမဟုတ်ပေ။ အနာဂတ်တွင် အားလုံးသည် တစ်ယောက်နှင့်တစ် ယောက် ညီတူညီမျှချစ်ခင်ပြီး ကူညီသွားရန်ဖြစ်သည်။ နေရာကိုတော့ အသည်းကွဲတောင်ကြားကို ရွေးလိုက်ကြသည်။
နှစ်ဖက်လုံးမှ လူများသည် ရွှင်လန်းအားရကြသည်။ အသည်းကွဲတောင် ကြားမှလူများသည် အံ့ဖွယ်နတ်ဆိုးတောင်ကြား တိုးလာသဖြင့် ဆေးနှင့် ဝိညာဉ်လက်နက်များ ပိုရနိုင်မည်ဟု တွေးနေကြသည်။
အံ့ဖွယ်နတ်ဆိုးတောင်ကြားမှလူများ၏ အတွေးတွင်တော့ အသည်းကွဲ တောင်ကြားမှလူများသည် သွေးမိစ္ဆာမြို့တော်မှ ဖြစ်ကြသဖြင့် သူတို့၏ တိုက်ပွဲ စွမ်းအားမှာ အပြင်တောင်ကြားမှတပည့်များထက် သန်မာသည်ဟု တွေးကြ သည်။ သူတို့နှင့်ဆိုလျှင် အနာဂတွင် ပို၍လုံခြုံသည်ဟု ခံစားရသည်။
ထို့ကြောင့် အားလုံးကို လုပ်ဆောင်ရန် အစီအစဉ်တွင်ထည့်ကြသည်။ အင်အားစုနှစ်ခု ပေါင်းစည်းသည်ကို ကမ္ဘာကြီးကို ကြေညာရန် အကြီးအကျယ် လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ရင်းနှီးသော အင်အားစုအားလုံးကို ဧည့်သည် အဖြစ်ဖိတ်ကြားပြီး သူတို့၏ အသိအမှတ်ပြုပွဲကို မျက်မြင်သက်သေအဖြစ်ထား ရှိမည်။
သို့သော် တိမ်တိုက်ဂူကို လက်စားချေမည့်ကိစ္စကို နောက်ဆုတ်ထား လိုက်သည်။ အကြောင်းမှာ တောင်ကြားမှတပည့်များသည် တောင်များတွင် အိမ်ဆောက်ရမည်ဖြစ်သည်။ သူတို့သည် တဲတွင်နေရန်မလိုတော့ပေ။
ဟင်း အကုန်ဖြေရှင်းပြီးရင်တော့ တိမ်တိုက်ဂူတော့ ပြေးမလွတ်ပါဘူး။
ထို့ကြောင့် ဖိတ်စာများကို တစ်ခုချင်းစီပို့ကြသည်။ တောင်ကြားမှ တပည့် များသည် ထိုအခမ်းအနားအတွက် စိတ်အားထက်သန်စွာဖြင့် ကျယ်ဝန်းသော တောင်ကြားကိုရွေးကာ ပတ်ပတ်လည်မှတောင်များကို ရှင်းပြီး မြေပြန့်အဖြစ် လုပ်ကြကာ ကွင်းပြင်ကျယ်တစ်ခု တည်ဆောက်ကြလေသည်။ အဆုံးမရှိ လုနီးပါးဖြစ်နေသော ကွင်းပြင်ကို ရှီမာယူယူကြည့်ပြီး မတတ်သာဘဲ နှုတ်ခမ်း တွန့်လိုက်သည်။
ဒီလောက်ကြီးတဲ့ကွင်းပြင်နဲ့ဆိုရင် လူ ရာချီထောင်ချီနေဖို့ကို ပြဿနာ မရှိနိုင်ဘူး။
ပြီးနောက် တောင်ကြားတွင် မူလနေကြသော အဆိပ်သတ္တဝါများသည် သူတို့၏ တိုက်ပွဲကျွမ်းကျင်မှုတို့ကြောင့် ကြောက်ရွံ့ကာ နှင်ထုတ်ခံရပြီး အသတ်ခံရမည်ဟု ထင်ထားကြသည်။ ကံကောင်းစွာပင် ရှီမာယူယူသည် သူတို့ ကို ထိခိုက်အောင်မလုပ်ဘဲ ကာကွယ်ပေးမည်ဟု ကတိပေးခဲ့သည်။
အသည်းကွဲတောင်ကြားနှင့် အဆိပ်ပြင်းသောသတ္တဝါ တို့၏ လိုက်ဖက်ညီ သော နေထိုင်မှုဘဝကိုမြင်လိုက်ရခြင်းကြောင့် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ တပည့်များ၏ မျက်လုံးထဲတွင် အံ့ဩမှုများဖြစ်ကြသည်။
ထိုအချိနတွင် တောင်ကြားအပြင်ဘက်မှ ကြီးမားသော လှိုင်းဂယက်ဖြစ် လာသည်။ ဖိတ်ကြားထားခြင်း ရှိသူ မရှိသူအားလုံး အသည်းကွဲတောင်ကြားကို အာရုံစိုက်မိသွားကြခြင်းဖြစ်သည်။
***