အပိုင်း (၁၃၇၇)
Vol. 93 Ch. 1377
ပြိုင်စံရှားဂိုဏ်း၏ ဆေးဟောခန်းမကို ဖွင့်လှစ်ခဲ့သည်မှာ လဝက်ကျော်ကြာမြငိ့ခဲ့ပြီ ဖြစ်၏။ ယွမ်သခင်လေးသည် ဂိုဏ်းဆီသို့ ပြန်မလာခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းနှင့် ဆိုင်နှစ်ခုကြား ရှိအကွာအဝေးသည် ဝေးကွာလှသောကြောင့်အသွားအပြန်လုပ်မည်ဆိုလျှင် အဆင်မပြေလှချေ။
ထို့ကြောင့် လင်းယွမ်မြို့မှာသာလျှင် နေထိုင်ရ၏။ ကျွင်းချောင်ရှောင်း၏ အစီအစဉ်သည်လည်း တစ်လအတွင်း အလုပ်ဖြစ်ခဲ့သည်။ ထို့ကြောင့် တစ်လအတွင်း ဆေးပင်များကို ရင့်မှည့်အောင် ပြုလုပ်ပြီး ဆေးလုံးများကို ဖော်စပ်တော့၏။
"ဂိုဏ်းချုပ်"
တစ်နေ့မှာတော့ ဟယ်ဝူတီ သည် သူ့အားလာရောက်တွေ့ဆုံသည်။ "ကျွန်တော် သိုင်းနယ်မြေအဆင့်ကို ချိုးဖျက်ရောက်ရှိခဲ့ပြီ"
"မြန်လှချည်လား"
ကျွင်းချောင်ရှောင်း၏ မျက်နှာသည် အံ့ဩမှုများနှင့် ပြည့်နှက်သွား၏။ အတွင်းစည်း၊တပည့်များကြားတွင် ရီရှင်းချန်သည် အခုမှ သိုင်းနယ်မြေထိပ်ဆုံးအဆင့်ကို ချိုးဖျက်ရောက်ရှိခဲ့ခြင်း ဖြစ်၏။
သို့ပေမဲ့ ဟယ်ဝူတီမှာတော့ သိုသိုသိပ်သိပ်နေထိုင်ပြီး ကြွားဝါမှုမရှိချေ။ သို့ပေမဲ့ သိုင်းနယ်မြေထိပ်ဆုံး အဆင့်ဆီသို့ ရောက်ရှိလျက်ရှိ၏။ သူကပြောလိုက်သည်။ "ဂိုဏ်းချုပ် … ကျွန်တော့်ကို အပြင်ဖက်ထွက်ပြီး လေ့ကျင့်ခွင့်ပြုပါ"
ဂိုဏ်းထဲတွင် များပြားလှသော အရင်းအမြစ်များ တည်ရှိနေသည်ဆိုသော်လည်း ဂိုဏ်းထဲတွင် လေ့ကျင့်ရခြင်းထက် အပြင်ဖက်သို့ထွက်၍ လေ့ကျင့်ရခြင်းသည် ပို၍စိတ်လှုပ်ရှားဖွယ်ကောင်း၏။
အချက်အလက်အားဖြင့်လည်း ရီရှင်းချန်သည်လည်း ထိုကဲ့သို့အတွေးမျိုး ရှိနေ၏။ ၎င်းသည် စီးဆင်းရေမြို့တွင် စုမုချန်၏ ရိုက်နှက်ခြင်းကို ခံရပြီးနောက် ဂိုဏ်းထဲတွင် သိုသိုသိပ်သိပ်နေပြီး ကျင့်ကြံရန် ဆုံးဖြတ်ခဲ့၏။ သူသည် အဆင့်ချိုးဖျက်ပြီးနောက် အပြင်ဖက်သို့ထွက်ရန် စဉ်းစားထားခဲ့သည်။
"ဘယ်လောက်ကြာမှာလဲ"
"ဒါက ပြောဖို့ခက်တယ်"
"ဘာပဲဖြစ်ဖြစ် အပြင်ထွက်ရင် မင်းတို့အနေနဲ့ ဂရုစိုက်ရမယ်"
ဂိုဏ်းသည် အခုမှ အထက်နယ်မြေသို့ ရောက်ရှိလာခြင်း ဖြစ်၏။ များပြားလှသော သိုင်းပညာအရင်းအမြစ်များနှင့် အချက်အလက်များကို ပေးထားခဲ့သည်ဆိုလျှင်တောင်မှ အချိန်ကာလတစ်ခုအထိ ဆေးဝါးများကို မပေးနိုင်သေးချေ။
ထို့ကြောင့် တပည့်များသည် ကိုယ့်ကိုယ်ကိုယ် ပိုမိုအားကိုးနိုင်စေရန် အပြင်ဖက်သို့ထွက်၍ လေ့ကျင့်ခြင်းမှာ အကောင်းမွန်ဆုံး ရွေးချယ်မှုပင် ဖြစ်၏။ အန္တရာယ်များရှိသလို အခွင့်အရေးများလည်း ဖြစ်ပေါ်လာနိုင်၏။ သို့ပေမဲ့ ကုန်းရှန့်သည် အနည်းငယ်တော့ စိုးရိမ်ပူပန်နေမိ၏။ သူကပြောလိုက်သည်။ "ရှင်းချန်နဲ့ ရှောင်ကျီကို ခေါ်သွားလိုက်။ လမ်းမှာ တစ်ယောက် နဲ့ တစ်ယောက် ဂရုစိုက်ကြ"
"ကောင်းပါပြီ"
ဟယ်ဝူတီ သည် ထွက်ခွာသွားပြီသည့်နောက် အပြင်ဖက်သို့ထွက်ကာ လေ့ကျင့်မည်ဖြစ်ကြောင်း ထိုနှစ်ယောက်ကို ပြောဆို၏။ ၎င်းတို့နှစ်ယောက်သား ၏ ပြန်လည်ပြောဆိုမှုသည် ချက်ချင်းသွားကြစို့ ဟူ၍ပင် ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့သုံးယောက်သည် ဂိုဏ်းမှ ထွက်ခွာသွားခဲ့၏။ သူတို့သည် ဂိုဏ်းချုပ်၏ ကာကွယ်ပေးမှုမရှိသော ခရီးတစ်ခုကို စတင်လျှောက်လှမ်းတော့မည် ဖြစ်၏။
"နေအုံး"
သူတို့တောင်ခြေဆီသို့ နောက်သည့်အချိန်မှာပဲ အနောက်ဖက်ဆီမှ အသံတစ်ခုထွက်ပေါ်လာသည်။ "ကျုပ် မင်းတို့နဲ့လိုက်မယ်"
ကျွင်းချောင်ရှောင်းသည် ၎င်းတို့သုံးယောက်တည်း ထွက်သွားမည်ကို စိုးရိမ်ပူပန်မိ၏။ ထို့ကြောင့် ခန်းမသခင်ကျိအား နောက်မှလိုက်ပါသွားစေ၏။ ထို့ပြင်ခန်းမသခင်ကျိက အထက်နယ်မြေတွင် နေထိုင်ခဲ့သောကြောင့် အတွေ့အကြုံကောင်းများလည်း တည်ရှိနေ၏။
"ဘယ်ကိုသွားကြမှာလဲ"
ခရမ်းရောင်ဘုရင်သည် ဂုဏ်ယူစွာဝင့်ကြွားစွာ မေးလိုက်၏။ သွားမည့်နေရာကိုသာ မှန်မှန်ကန်ကန်ပြောပါက ဤဘုရင်သည် တစ်ဖက်လူ၏ လုံခြုံရေးကို အမှန်ပင် အာမခံရဲလျက်ရှိသည်။
ဟယ်ဝူတီ သည် မြေပုံကို ထုတ်ယူပြီးနောက် အနီရောင်အစက်တစ်ခု ရေးမှတ်ထားသော နေရာကို လက်ညိုးထိုးပြလိုက်၏။ "နတ်ဆိုးဘုရင်လှိုဏ်ဂူ"
ရီရှင်းချန်နှင့် ရှောင်ကျီတို့သည် ထိုတည်နေရာကို မြင်သည့်အချိန်မှာတော့ ဂျူနီယာညီလေးသည် ဤခရီးစဉ်ကို သွားရန် အစောကြီးကတည်းက ပြင်ဆင်ခဲ့ကြောင်း သိရှိသွား၏။
မူလအားဖြင့်မောက်မာလျက်ရှိနေသော ခရမ်းရောင်ဘုရင်သည် ရုတ်တရက်လေးနက်သွား၏။ သူက ပြောလိုက်သည်။ "ဒါက အထက်နယ်မြေတွေရဲ့ တားမြစ်တည်နေရာတွေထဲက အန္တရာယ်များတဲ့ တားမြစ်တည်နေရာတစ်ခုလေ။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် အထဲကိုဝင်သွားတာနဲ့ ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး"
"အမှန်ပဲ။ ဒါပေမဲ့ အန္တရာယ်များပါတယ်ဆိုတဲ့ နေရာကို သွားပြီးတော့ လေ့ကျင့်ချင်တာ" ဟယ်ဝူတီ က ပြန်ပြောလိုက်သည်။
ရီရှင်းချန်နှင့် ရှောင်ကျီတို့ကလည်း သဘောတူညီလိုက်သည်။ အန္တရာယ်မရှိသည်ဆိုပါက အဘယ်သို့ စွန့်စားသည်ဟု သတ်မှတ်ရေ"ပြီးတော့"
ဟယ်ဝူတီ က ပြောလိုက်သည်။ "ကျုပ်တို့က အပြင်ဖက်တည်နေရာတွေမှာပဲ လေ့ကျင့်မှာပါ"
"ကောင်းပြီ"
နဂါးကလန်ထဲသို့ဝင်၍ နဂါးဥကိုပင် ခိုးယူခဲ့သော ဟောခန်းသခင်ကျိသည် တစ်စက်ကလေးမှ ကြောက်ရွံ့နေလိမ့်မည် မဟုတ်ချေ။ တည်နေရာချိုးဖြတ်ခြင်းအဆင့်ကိုပင် မရောက်သေးသော ဤသောက်ကလေးသုံးကောင်တောင်မှ သွားရဲသည်ဆိုတော့ သူ့အနေဖြင့် အဆုံးစွန်ထိ လိုက်ပါပေလိမ့်မည်။
"သွားကြရအောင်"
၎င်းတို့လေးယောက်သည် အနောက်သို့ တစ်စက်ကလေးမှ လှည့်မကြည့်ဘဲ အင်မော်တယ်တောင်တန်းဆီမှ ထွက်ခွာခဲ့၏။
"ဂိုဏ်းချုပ်"
တောင်၏ ဂိတ်တံခါးတွင် မတ်တပ်ရပ်လျက်ရှိနေသော လီချင်းယန်သည် ပြောလိုက်မိသည်။ "သူတို့ကို အပြင်ဖက်သွားပြီး လေ့ကျင့်စေတာက အရမ်းကို အန္တရာယ်များလိမ့်မယ်လို့ ခံစားမိနေတယ်"
သူ့အနေဖြင့် ဂျူနီယာညီလေးများနှင့် လိုက်ပါသွားချင်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် သူ့အား အင်မော်တယ်တောင်ပေါ်ရှိ မဖွံ့ဖြိုးသေးသော တည်နေရာများကို အဆောက်အဦးများဆောက်လုပ်ရန် တာဝန်ပေးအပ်ထား၏။ ထို့ကြောင့် ဤအတောအတွင်း သူသည် အလုပ်လုပ်ကိုင်နေရ၏။
"ဟောခန်းသခင်ကျိ လိုက်သွားပြီဆိုမှတော့ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး"
အထက်နယ်မြေသည် အလွန်အန္တရာယ်ကြီးလှကြောင်းကို ကျွင်းချောင်ရှောင်းသည် မသိပဲမနေချေ။ သိုပေမဲ့ တပည့်များသည် ထွက်ခွာသွားရန် စီစဉ်ထားပြီးပြီ ဆိုမှတော့ လွတ်လွတ်လပ်လပ်နှင့် မိမိကိုယ်ကို နားလည်ပြီး ကြီးပြင်းလာစေရန် သူလွှတ်လိုက်ခြင်းဖြစ်သည်။
……..
ဘုန်း ဘုန်း …..။
ပြိုင်စံရှားဂိုဏ်းနှင့် မိုင်တစ်ထောင်ကွားဝေးသည့် တောနက်ထဲမှာတော့ အလွန်အားကောင်းသည့် မွန်းစတား အော်ရာများ ထွက်ပေါ်နေ၏။ ပတ်ဝန်းကျင်တွင် ရှိနေသော ပန်းပင်နှင့်သစ်ပင်များသည် တုန်ခါလျက်ရှိ၏။
ခရမ်းရောင်ဘုရင်သည် ခန္ဓာကိုယ်တစ်ပိုင်း ဗလာကျင်းဖြင့် တည်နေရာထဲတွင် မတ်မတ်ရပ်လျက်ရှိ၏။ အဘယ့်ကြောင့်ဆိုသော် သူတိုက်ခိုက်နေသည့် သားရဲများသည် အားနည်းလွန်းလှ၏။ ထို့ကြောင့်အင်္ကျီကိုချွတ်၍ တိုက်ခိုက်ခြင်းကပင် သင့်တော်နေပြီဖြစ်၏။ ဘောင်းဘီချွတ်စရာ မလိုချေ။
ရီရှင်းချန်နှင့် အခြားသောနှစ်ယောက်တို့သည် စိတ်ပျက်လက်ပျက်နှင့် ကြည့်ရှုလျက်ရှိ၏။ ဤတည်နေရာသို့ ရောက်ရှိလာခြင်းမှာ သူတို့တိုးတက်အောင် လေ့ကျင့်ရန်အတွက်ပဲ ဖြစ်၏။ သို့ပေမဲ့ ခရမ်းရောင်ဘုရင်သည် ရှေ့မှဦးဆောင်ကာ တိုက်ခိုက်လျက်ရှိနေ၏။
"သွားကြရအောင်" ခရမ်းရောင်ဘုရင်သည် ခပ်တည်တည်နှင့်ပင် ပြောလိုက်သည်။
ထို့ကြောင့် အားလုံးသည် မျက်စိစုံမှိတ်ကာ ၎င်းခေါ်ဆောင်ရာနောက်သို့သာ လိုက်ပါသွားကြ၏။
နတ်ဆိုးဘုရင်လှိုက်ဂူဆီသို့ သွားရာလမ်းမှာတော့ သူတို့သည် များပြားလှသော အဆင့်မြင့်သားရဲများကို ကြုံဆုံခဲ့သည်။ သို့ပေမဲ့ အားလုံးကို ခရမ်းရောင်ဘုရင်က ရှင်းလင်းခဲ့သည်။
ဟယ်ဝူတီ၊ ရီရှင်းချန်နှင့် ရှောင်ကျီတို့မှာတော့ ပွဲကြည့်ရုံသက်သက်ပင် လိုက်ပါခဲ့ရသလို ဖြစ်နေ၏။
ဟုတ်ပေသည်၊ ဂိုဏ်းချုပ်သည် ဟောခန်းသခင်ကျီအား သူတို့အား ကာကွယ်ရန် လိုက်ပါခိုင်းခဲ့ခြင်း ဖြစ်၏။ သို့ပေမဲ့ လမ်းတစ်လျှောက် တွေ့ကြုံရသော ပြဿနာများအားလုံးကို ဟောခန်းသခင်ကျီက ဖြေရှင်းပေးလျက် ရှိနေသည်။
ဝေါင်း ဝေါင်း ……။
တစ်ရက်မှာတော့ သိုင်းနယ်မြေအဆင့်နှင့် နှိုင်းယှဉ်၍ရသော သားရဲတစ်ရာကျော်တို့သည် တောနက်ထဲတွင် စုစည်းလျက်ရှိ၏။ ၎င်းတို့သည် ရီရှင်းချန်၊ ဟယ်ဝူတီ နှင့် ရှောင်ကျီတို့အား ဝိုင်းပတ်ထား၏။ ဤတစ်ကြိမ်မှာတော့ ခရမ်းရောင်ဘုရင်သည် မတိုက်ခိုက်ချေ။ သူသည် အဝေးတစ်နေရာရှိ ကျောက်တုံးပေါ်တွင် မတ်တပ်ရပ်ကာ ပြောလိုက်၏။ "မင်းတို့ရဲ့ စွမ်းဆောင်ရည်ကို ပြကြတော့"
"...." သူတို့သည် မည်ကဲ့သို့ ထဆဲရမှန်းမသိပင် ဖြစ်မိနေကြ၏။
……….
တစ်လကြာပြီးနောက် ယွမ်သခင်လေးသည် ဂိုဏ်းဆီသို့ ပြန်ရောက်လာသည်။
"အရင်ဆုံး မပြောနဲ့အုံး"
ကျွင်းချောင်ရှောင်းက ဖြတ်ပြောလိုက်၏။ "ခင်ဗျားဘယ်လောက်ရှာလာနိုင်လဲ ကျုပ်ခန့်မှန်းမယ်"
"...." ယွမ်သခင်လေးသည် ပါးစပ်ကို တင်းတင်းစေ့ထားသည်။
"ဆယ်သန်းလား"
"နည်းလွန်းတယ်"
"သန်းနှစ်ဆယ်လား"
"နည်းလွန်းတယ်"
ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါဖြစ်လို့နေ၏။ ဆေးဆိုင်တွင် များပြားလှသော ဆေးလုံးများရှိကြောင်းကို သူသိလို့နေ၏။ သို့ပေမဲ့ သူသတ်မှတ်ထားသည့် ဈေးနှုန်းအရဆိုလျှင် အားလုံးကို ရောင်ချရလျှင်တောင် ရရှိနိုင်မည့် ဈေးနှုန်းသည် သန်းနှစ်ဆယ်သာ ဖြစ်၏။
ယွမ်သခင်လေးက ပြုံးလိုက်သည်။ "ဂိုဏ်းချုပ်။ ဒီဆေးလုံးက သာမန်ဆေးလုံးတွေထက်ပိုပြီး အားကောင်းတယ်ဆိုတာ သိတဲ့နောက်မှာ မြို့အသီးသီးမှာရှိနေတဲ့ မိသားစုတွေအားလုံးက မူရင်းဈေးထက် နှစ်ဆပိုပြီး ပေးခဲ့ကြတယ်။ ဒါကြောင့် ဆရာဖန်းက သန့်စင်ပြီးသား ဆေးလုံးတစ်သုတ်စာအတွက် သန်းသုံးဆယ် ရှာနိုင်ခဲ့တယ်"
ကျွင်းချောင်ရှောင်းသည် သူ၏မျက်နှာကို လက်များဖြင့်အုပ်ကာ အားရပါးရ ရယ်မောလိုက်၏။
"ဂိုဏ်းချုပ်"
ယွမ်သခင်လေးသည် အားပျော့စွာ ပြောလိုက်မိသည်။ "ဂိုဏ်းချုပ်အနေနဲ့"
ဆွစ်
ကျွင်းချောင်ရှောင်းက ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ ပြီးသည့်နောက် ထိုင်ခုံပေါ်သို့ ခြေတစ်ဖက်တင်ကာ သီချင်းအော်ဆိုေ"သဝေထိုး ငရေ ဝဆွဲ ငွေ …. ရေးရေး … ရေး"
ဝေါ့
သီချင်းသံကြားပြီးနောက် ယွမ်သခင်လေးသည် သွေးများပင် အန်ထွက်လာခဲ့သည်။ သူသည် ကြောက်လန့်တကြားနှင့် ဟောခန်းထဲမှ အမြန်ဆုံး ထွက်ခွာသွားခဲ့သည်။
ကျွင်းချောင်ရှောင်းမှာတော့ ပျော်ရွှင်လျက်ရှိနေသည့် မျောက်တစ်ကောင်ကဲ့သို့ပင် ဟောခန်းထဲတွင် လှည့်ပတ်ကာ ကခုန်ရင်း သီချင်းအော်ဆိုလျက်ရှိနေ၏။
ဆေးလုံးတစ်သုတ်စာအတွက် ကုန်ကျငွေသည် ယွမ်စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းသာရှိ၏။သို့ပေမဲ့ ပြန်လည်ရောင်းချသည့် အခါမှတော့ သန်းသုံးဆယ် အထိ ရှာဖွေနိုင်ခဲ့၏။ ကျွင်းချောင်ရှောင်းအနေဖြင့် သီချင်းထဆိုရသည်မှာ အံ့ဩဖွယ် မဟုတ်တော့ချေ။
သူတို့အနေဖြင့် ဆေးဆိုင်ဖွင့်ထားသည်မှာ တစ်လခွဲမျှသာ ရှိသေး၏။ လုံလောက်သည့် ဆေးပင်အရင်းအမြစ်ကိုသာ ထောက်ပံ့နိုင်ပါက မည်မျှရရှိနိုင်မည်နည်း။
ဆယ်နှစ်ဆိုရင်ရော ….
ရရှိနိုင်မည့် ကြွယ်ဝချမ်းသာမှုသည် ခန့်မှန်းကြည့်၍ပင် မရတောချေ။
"ချမ်းသာပြီ။ ငါတို့ချမ်းသာပြီ"
ကျွင်းချောင်အေကြီးအကဲဝေသည် အမိန့်ကိုရရှိပြီးနောက် ဆေးဟောခန်းမဆောင်ရှိ လူများကိုစုစည်းပြီး ဆေးပင်များကို အားတက်တရော စိုက်ပျိုးတော့သည်။
တောဝက်ရိုင်းလေးသည်လည်း မဖွံ့ဖြိုးသေးသည့် တည်နေရာများရှိမြေဆီလွှာများကို ဝါးမြိုကာဖြင့် အားကောင်းလှသော ဆေးဥယျာဉ်ကြီးကို စတင်ကာ ဖန်တီးတော့၏။
အားလုံးကြိုးစားနေစဉ်မှာပဲ ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် တည်ငြိမ်စွာ ထိုင်နေ၏။ သူသည် သားရဲခန်းမဆောင်ကို ဆင့်ခေါ်လိုက်၏။ သူသည် သားရဲဥအား မျိုးဖောက်ရန် စဉ်းစားနေခြင်းပင် ဖြစ်သည်။
ဆွစ်
မိုးကြိုးကြံ့ဥကို နှိပ်ကြည့်ပြီး လီချင်းယန်ဆိုသည့် နာမည်အား ရွေးချယ်လိုက်၏။ ကျွင်းချောင်ရှောင်းတွင် များပြားလှသော ပဋိညာဉ်သားရဲများ ရှိနေသောကြောင့် တစ်ခါတစ်ရံတွင် မည်မျှရှိနေကြောင်းကိုပင် မမှတ်မိတော့ချေ။
ထို့ကြောင့် သူ၏တပည့်ကို ပဋိညာဉ်သားရဲတစ်ကောင်ပေးရန် စဉ်းစားခဲ့၏။ အနာဂတ်တွင် ပိုက်ဆံများ ရှိမည်ဆိုပါက လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသူများကိုလည်း ပေးရပေလိမ်မည်။
အရာအားလုံး လုပ်ဆောင်ပြီးနောက် သားဖောက်မည်ဆိုသည့် ခလုတ်သည် လင်းလက်သွားခဲ့၏။ ကျွင်းချောင်ရှောင်းသည် အသက်ကို ပြင်းပြင်းရှုပြီးနောက် ဆုတောင်းလိုက်၏။ "ပေးရတဲ့ပိုက်ဆံနဲ့ ထိုက်တန်တဲ့ သားရဲတစ်ကောင်ရမယ်လို့ မျှော်လင့်တယ်"
“ဒင် …. သားဖောက်မှုစတင် … တစ်ဆယ် … ကိုး … ရှစ် .... တစ်"
“ဒင် … မိုးကြိုးကြံ့သည် အောင်မြင်စွာဖြင့် သားပေါက်ခဲ့၏။ တပည့်လီချင်းယန်နှင့် အလိုလျောက် ပိ၃ိညာဉ်ရေးထိုးမှု စတင်နေပါပြီ"
"ချီးတဲ့မှ"
ကျွင်းချောင်ရှောင်းသည် ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်မိသည်။ "မြန်လိုက်တာ"