← Chapters

အပိုင်း (၁၃၈၀)

Vol. 93 Ch. 1380

အပိုင်း (၁၃၈၀)

Vol. 93 Ch. 1380

လင်းဖန်တောင်တန်း

ဤအရာသည် အထက်နယ်မြေ၏ အလွန်ကျော်ကြားလှသော တောင်တစ်ခုဖြစ်သည်။ များပြားလှသော ဂိုဏ်းများသည် ဤနေရာသို့ ရောက်ရှိလာပြီး တာအိုဆွေးနွေးပွဲကို ပြုလုပ်တတ်ကြ၏။ လက်ရှိအချိန်မှာတော့ ထိုတောင်ဆီသို့ တက်ရာ လှေကားထစ်များတွင်တော့ များပြားလှသော သိုင်းကျင့်ကြံသူများသည် တစ်လှမ်းချင်း လှမ်းလျှောက်လျက်ရှိ၏။

ထိုသူများထဲတွင် ကျွင်းချောင်ရှောင်းလည်း ပါဝင်နေ၏။ သူသည် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းကိုငုံ့ကာ ခပ်စိုက်စိုက် လျှောက်လျက်ရှိ၏။ သူ့အနေနှင့် အားကောင်းလှသည့် အရှိန်အဝါ များလည်း မရှိချေ။

“စီနီယာအစ်ကို.... သူဘာလို့ တစ်ယောက်တည်း ဖြစ်နေရတာလဲ”

“သူက ပွဲလာကြည့်တဲ့ လွတ်လပ်သော ကျင့်ကြံသူ တစ်ယောက်ယောက်လည်း ဖြစ်နေနိုင်တယ်လေ”

တောင်တတ်လမ်းအတိုင်း လှမ်းလျှောက်လျက် ရှိနေသည့် သိုင်းကျင့်ကြံသူများသည် အဖွဲ့လိုက် တက်လာနေကြ၏။ ကျွင်းချောင်ရှောင်း သာလျှင်တစ်ယောက်တည်း ဖြစ်သည်။ ထို့အပြင် ကျွင်းချောင်ရှောင်း သည် မည်မျှ သိုသိုသိပ်သိပ် နေသည်ဆိုဆို အမှောင်ထဲတွင် ထွန်းလင်းလျက် ရှိနေသည့် ပိုးစုန်းကြူးကဲ့သို့ပင် တောက်ပလျက်ရှိ၏။

များပြားလှသော ဂိုဏ်းများသည် ဤတစ်ကြိမ် လင်းဖန်တောင်တန်းဆီသို့ ရောက်ရှိလာ၏။ သူတို့၏ အလုံးစုံသော အားအင်အဆင့်သည် အားမကောင်းလှဘူး ဆိုသော်လည်း သိုင်းပညာရှင်များ၏ ကျင့်ကြံခြင်းအဆင့်ကတော့ ညီမျှလျက်ရှိသည်။ သိပ်မကွာခြားကြချေ။

“ဒီတစ်ခါ အစည်းအဝေးက ပိုပြီးတော့ အဆင့်အတန်း ရှိစေဖို့ ငါ မျှော်လင့်မိတယ်” ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းပြီးသည့်နောက် စိတ်ထဲမှာ ကြိတ်ကာ ဆုတောင်းလျက်ရှိနေမိသည်။ သူသည် ဖြစ်နိုင်သမျှ သီးခြားတာဝန်ကို ပြည့်စုံစေချင်မိသည်။

စနစ်က ဆွံ့အသွားမိ၏။ “လက်ခံသူအနေနဲ့ ဒီလိုအဆင့် ဂိုဏ်းတွေရဲ့ အစည်းအဝေးပွဲကို မတက်ဘဲနဲ့ တကယ့် ထိပ်တန်းဂိုဏ်းတွေရဲ့ အစည်းအဝေးကို သွားပြီး တက်ချင်တဲ့ ဆန္ဒများ ရှိနေတာလား”

ပြိုင်စံရှားဂိုဏ်းသည် အောက်နယ်မြေတွင် တကယ့်ကို ကြီးကျယ်လှသည့် ဂိုဏ်းတစ်ခုဖြစ်သော်လည်း လက်ရှိ အချိန်၌ အထက်နယ်မြေတွင်တော့ ဘာမှပြောပလောက်သည့် ဂိုဏ်းတစ်ခု မဟုတ်ချေ။ သူ့အနေနှင့် တခြားသော သူများကို ခေါင်းငုံ့ကြည့်ရန် အရည်အချင်းလည်း မရှိချေ။

တောင်ပေါ်သို့ တက်သည့် လှေကားများအတိုင်း လျှောက်လာပြီး သူ၏ မြင်ကွင်းများသည် ဖန်တီးပြုလုပ်ထားသော မြေတည်နေရာ အမြင့်ကြီးဆီသို့ ရောက်ရှိ သွား၏။ ထိုနေရာတွင်တော့ များပြားလှသော သိုင်းကျင့်ကြံသူများသည် စုဝေးလျက်ရှိ၏။ ကျွင်းချောင်ရှောင်း အနေဖြင့် ထိုအရာကြီးကို မြင်သည့်နောက် ခန်းမသခင်ရှစ်နှင့် သွားရောက်ခဲ့သည့် ဟွာတောင်တန်း၏ သိုင်းတာအို ဆွေးနွေးပွဲကိုပင် ပြန်လည် အမှတ်ရမိ၏။

“ရပ်စမ်း”

သူ့အနေနှင့် လှမ်းလျှောက်သွားရန် ပြင်နေတုန်းမှာပဲ သိုင်းကျင့်ကြံသူ တစ်ဦးက တားဆီးလိုက်၏။ ပြီးနောက် တင်းတင်းမာမာဖြင့်မေးမြန်းလိုက်သည်။ “ဒါက ဂိုဏ်းတွေ ကျင်းပတဲ့ အစည်းအဝေး။ ဂိုဏ်းသားမဟုတ်တဲ့ လူတွေ ဒီထဲကို ဝင်ခွင့် မရှိဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကျုပ်က ဂိုဏ်းတစ်ခုက မဟုတ်ဘူးဆိုတာ ခင်ဗျားရဲ့ ဘယ်မျက်လုံးနဲ့ ကြည့်ပြီး ပြောလိုက်တာလဲ”

“ဒီ ဘယ်ဘက်မျက်လုံးနဲ့ ညာဘက်မျက်လုံးပေါ့” သိုင်းကျင့်ကြံသူတစ်ယောက်သည် ပေါ့ပေါ့ပါးပါးဖြင့် ပြန်ဖြေလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒါဆိုရင်လည်း ခင်ဗျားရဲ့ မျက်လုံးတွေကို မြန်မြန်ကုသဖို့ ကျုပ် အကြံပေးချင်တယ်။နောက်ဆို ကန်းသွားအုံးမယ်”

“ခင်ဗျား” သိုင်းကျင့်ကြံသူသည် ချက်ချင်းပဲ ဒေါသထွက်သွားသည်။

ကျွင်းချောင်ရှောင်းသည် ထိုသူကို လျစ်လျှူရှုကာဖြင့် ကြည်လင်ရှင်းလင်းသည့်အသံဖြင့် အော်လိုက်၏။ “ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျွင်းချောင်ရှောင်း၊ လင်းဖန်တောင်တန်းရဲ့ ဂိုဏ်းအစည်းအဝေးကို လာပြီး တက်ပါ တယ်”

ပြောပြီးသည့်နောက် ဂိုဏ်းချုပ်တစ်ယောက်၏ အော်ရာများသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ သူ့အနေနှင့် ပြောင်တိပြောင်စပ်နေသည့်အချိန်မျိုးတွင် ကုန်းရှန့်သည် အလွန်ပဲ ပြောင်နောက်နောက်ရှိ၏။ သို့ပေမဲ့ လေးနက်သည့်အချိန်မျိုးမှာတော့ ကုန်းရှန့်သည် ပြောင်စပ်စပ် ရှိနေတုန်းပင်။

“ပြိုင်စံရှားဂိုဏ်း ဟုတ်လား”

တစ်ယောက်နှင့်တစ်ယောက် ကြွားဝါလျက်ရှိသည့် များပြားလှသော ဂိုဏ်းအသီးသီးမှ သိုင်းကျင့်ကြံသူများသည် တစ်ယောက်ကို တစ်ယောက် ထပ်မံကြည့်ရှုလိုက်၏။ သူတို့၏ မျက်လုံးထဲတွင်တော့ အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။

အားလုံးသောသူတို့သည် အရှေ့တောင်ဘက်တွင် နေထိုင်ကြသူများဖြစ်၏။ မူလအားဖြင့် သူတို့သည် အထက်နယ်မြေဆီသို့ တက်လှမ်းလာသော ဤဂိုဏ်းအကြောင်းကို ကြားဖူးခဲ့၏။ ထို့အပြင် အင်ပါရီယန် နတ်ဓားဂိုဏ်းနှင့် ရေခဲဓားမော့ဂိုဏ်းတို့ကိုပင် ကြီးကြီးမားမား ဆုံးရှုံးအောင် ပြုလုပ်ခဲ့သည့် ဂိုဏ်းတစ်ခုဖြစ်ကြောင်း သိရှိခဲ့ပြီးဖြစ်သည်။

“သူကိုး... တောင်ခြေမှာတုန်းက ငါမြင်ခဲ့တဲ့လူပဲ”

ထို့အပြင် တချို့သောသူများသည် အင်ပါရီယန်နတ်ဓားဂိုဏ်းနှင့် တခြားသောဂိုဏ်းများ စုစည်း၍ ပြိုင်စံရှားဂိုဏ်းရှိရာ အင်မော်တယ်တောင်ဆီသို့ သွားရောက်ပြဿနာရှာသည့် အချိန်က ပွဲကြည့်ပရိသတ်သဘော လိုက်ပါ၍ ကြည့်ရှုခဲ့ဖူး၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအား ယခင်တုန်းက မြင်ဖူးခဲ့သူများလည်း ပါဝင်နေ၏။

“အခုမှ အသစ်တက်ရောက်လာတဲ့ ဂိုဏ်းတစ်ခုက ဒီလိုမျိုး အစည်းအဝေးကို လာပြီးတက်တယ် ဟုတ်လား။ သူတို့ကို သူတို့ ဆရာကြီးလို့ တကယ်ပဲ ထင်နေတာလား”

ဂိုဏ်းတစ်ခု၏ အထက်ပိုင်း အကြီးအကဲတစ်ယောက် သည် မပျော်ရွှင်စွာဖြင့် ပြောလိုက်မိ၏။ ဤနေရာတွင် ရှိနေသော ဂိုဏ်းများသည် မည်သူမှ ရွှမ်အဆင့်ဂိုဏ်းများ မရှိကြချေ။ သို့ပေမဲ့ ၎င်းတို့သည် စီနီယာ ဆိုသည့် ဟိတ်ဟန်များကို ထုတ်ဖော်ကာဖြင့် တားဆီးရန် ပြင်ဆင်နေကြခြင်းဖြစ်၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားတို့ ဒီကျွင်းကို မကြိုဆိုဘူးလား”

“ကောင်လေး”

အကြီးအကဲတစ်ယောက် ပြောလိုက်၏။ “မင်းက ဂိုဏ်းတစ်ခုရဲ့ခေါင်းဆောင်ဆိုပေမယ့် ဒီနေရာမှာ အသစ်ပဲလေ။ အထက်နယ်မြေကို ခြေချပြီး တကယ့်ကို ကြီးမားတဲ့ ကိစ္စရပ်တွေ ပြုလုပ်ပြီးမှ ဒီအစည်းအဝေးကို လာ တက်သင့်တယ်လို့ ထင်တယ်”

သူ၏ စကားလုံးများသည် နူးညံ့ကြင်နာလွန်း၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းကို ပြောချင်သည်မှာ ဤအစည်းအဝေးကို တက်ရောက်ရန် ပြိုင်စံရှားဂိုဏ်းမှာ အရည်အချင်း မရှိဟု ဆိုခြင်းပင်။

“အကြီးအကဲလန်”

ကြည့်ကောင်းပြီး ကျက်သရေရှိလှသည့် ရုပ်ရည်သွင်ပြင်နှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ပြောလိုက်သည်။ “အဲလိုပြောလို့ မဖြစ်ပါဘူး။ ပြီးတော့ ပြိုင်စံရှားဂိုဏ်းကလည်း ဂိုဏ်းတစ်ခုပဲလေ။ အဝေးကနေ လာပြီးတော့ ပွဲတက်တယ်ဆိုမှတော့ ဘာလို့ သူ့ကို ငြင်းပယ်ရမှာလဲ”

ကျွင်းချောင်ရှောင်းသည် ထိုသူ့အား ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်လိုက်၏။ ဂိုဏ်းအသီးသီးရှိ တခြားသောကျင့်ကြံသူများသည် သူ့အား ပွင့်ပွင့်လင်းလင်း အထင်မြင်သေးလျက်ရှိနေကြသော်လည်း ထိုသူသည် သူ့ဘက်မှ ရပ်ကာ ပြောဆိုပေးလျက်ရှိ၏။

စနစ်က ပြောလိုက်သည်။ “ဒါက အထက်နယ်မြေရဲ့ တောင်ပြာဂိုဏ်း ဗားရှင်းနဲ့တူတယ်”

“ဂိုဏ်းချုပ်ကျွင်း”

ကြည့်ကောင်းလှသည့် သက်လတ်ပိုင်းအရွယ်လူသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ကျေးဇူးပြုပြီး ဝင်ခဲ့ပါ”

“ကျေးဇူးတင်ပါတယ်” ကျင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်လိုက်မိ၏။ ပြီးသည့်နောက် သူ၏ရှေ့တွင် ရှိနေသော သိုင်းကျင့်ကြံသူများ အားလုံးကို လျစ်လျှူရှုကာဖြင့် ရှေ့တည့်တည့်ဆီသို့ လှမ်းလျှောက်ခဲ့သည်။

မြေပြင် တည်နေရာကြီးကိုတော့ ထူးခြားသည့်ကျောက်တုံးများဖြင့် ဖန်တီးပြုလုပ်ထား၏။

“ဒင်... သီးခြားတာဝန်ပြည့်စုံ၊ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် နှစ်သိန်းကို ရရှိ၏”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၂၄၀၀၀၀”

“ဒင်... လက်ခံသူသည် သီးခြားတာဝန်အား ပြည့်စုံအောင် ပြုလုပ်နိုင်သည့်အတွက် ဂုဏ်ယူပါသည်။ ဖုံးကွယ်ထား သည့်ဆုလာဘ် - အတွေ့အကြုံအဆောင် တစ်ခု၊ အရိပ်တစ်ထောင်ကိုယ်ပွား နည်းစနစ် တစ်ခု”

“လျှို့ဝှက်ကျမ်းစာတောင် ပေးတာလား” ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် သိုလှောင်လက်စွပ်ထဲသို့ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ အဝါရောင်စာအုပ်တစ်အုပ် တည်ရှိနေသည်ကို မြင်လိုက်ရ၏။

“တောင်းပန်ပါတယ်”

အပြင်ဘက်မှာတော့ သူသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ကျုပ်ဆီမှာ လုပ်စရာ လေးတွေရှိလို့ အရင်ပြန်သွားပါအုံးမယ်”

တာဝန်ပြည့်စုံသွားပြီဖြစ်သလို လျှို့ဝှက်သိုင်းကျမ်းကိုလည်း ရရှိခဲ့၏။ ထို့ကြောင့် အမြန်ဆုံးပြန်ကာ လေ့လာမှ ဖြစ်ပေလိမ့်မည်။ ဤပွဲကို တက်ရောက်ပြီး တခြားသူများ ကြွားဝါပြောဆိုနေသည်ကို ငုတ်တုပ်ကြီးထိုင်၍ နားထောင်ရန် သူ့၌ အစီအစဉ် မရှိချေ။

များပြားလှသော ဂိုဏ်းအသီးသီးမှ သိုင်းကျင့်ကြံသူများသည် ဆွံ့အသွားခဲ့ကြ၏။ “ဂိုဏ်းအစည်းအဝေးကို လေးလေးနက်နက် ထားလို့ မရပေဘူးလား။

“ဂိုဏ်းချုပ်ကျွင်း”

ကြည့်ကောင်းလှသည့် သက်လတ်ပိုင်းလူသည် ပြုံးကာပြောလိုက်သည်။ “လင်းဖန်တောင်ရဲ့ သိုင်းတာအို အစည်းအဝေးဆိုတာ နှစ်အနည်းငယ်ကြာမှ တစ်ခါ ကျင်းပတာလေ။ ဒီကိုရောက်နေပြီဆိုမှတော့ ကိုယ့်ရဲ့ အမြင်တွေ ကျယ်သွားအောင် ဒီမှာပဲ နေလို့မရဘူးလား”

“ကောင်းပြီ”

တစ်ဖက်လူသည် သူ့အတွက် ပြောဆိုပေးခဲ့သည့်လူတစ်ယောက် ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်း အနေဖြင့် ထွက်ခွာသွားမည့် အကြံအစည်ကို ရပ်တန့်လိုက်၏။ ထို့အပြင် အနည်းငယ်သော ဗဟုသုတများ ရရှိမည် ဆိုလျှင်လည်း မဆိုးလှချေ။

“အင်ပါရီယန် နတ်ဓားဂိုဏ်းက ရောက်လာပြီ” ရုတ်တရက် သိုင်းကျင့်ကြံသူတစ်ယောက်သည် လှေကားထစ်ဆီမှ လှမ်းကာ အော်ဟစ်လိုက်၏။

“ချီးတဲ့မှ... ဒီဂိုဏ်းကလည်း လာပြီး ပွဲတက်တာလား”

လင်းဖန်အစည်းအဝေးသည် နှစ်စဉ်နှစ်တိုင်း ကျင်းပသည်ဆိုသော်လည်း အင်ပါရီယန် နတ်ဓားဂိုဏ်းနှင့် တခြားသော ရွှမ်ဂိုဏ်းများက ဦးစီး၍ ကျင်းပပြုလုပ်သည်ဖြစ်ကြောင်းကို ကျွင်းချောင်ရှောင်းက မသိရှိချေ။

ဆွစ် ဆွစ်

ထိုအချိန်မှာတော့ အင်ပါရီယန်နတ်ဓားဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲများသည် တောင်၏လှေကားထစ်များ အတိုင်း တက်လျှောက်လာ၏။ ရှေ့ဆုံးမှလျှောက်လာသည့်လူသည် ဆံပင်ဖြူများနှင့် အဘိုးအိုတစ်ယောက်ဖြစ်ပြီး အသက်ခုနှစ်ဆယ် နီးပါးခန့်ရှိ၏။ သူ၏ အကြည့်များသည် ဓားတစ်ချောင်းကဲ့သို့ စူးရှလွန်းလှ၏။ ထို့အပြင် ကြောက်မက်ဖွယ်ကောင်းသည် ဓားအော်ရာများ ထွက်ပေါ်နေ၏။

“ချောင်ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်” များပြားလှသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများ၊ အကြီးအကဲများသည် လက်သီးကို ဆုပ်ကာဖြင့် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ကြသည်။

ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပိုမိုကာ စိတ်ဝင်စားလာခဲ့၏။ ယခုရောက်ရှိလာသည့်လူသည် ဂိုဏ်းချုပ်ပင် ဖြစ်ပေလိမ့်မည်။ ယခုမှ သူထွက်ခွာသွား၍ နောက်ကျသွားပြီဖြစ်၏။

“ဂိုဏ်းချုပ်ချောင်”

ကြည့်ကောင်းလှသည့် သက်လတ်ပိုင်းလူသည် ကျွင်းချောင်ရှောင်းကို လက်ညှိုးထိုးကာ စဦး မိတ်ဆက်ပေးလိုက်သည်။ “ဒါက ပြိုင်စံရှားဂိုဏ်း ဂိုဏ်းချုပ်ပါ”

ထိုလူသည် ပြုံးလျက်ရှိ၏။ သို့ပေမဲ့ သူ၏အပြုံးသည် အဓိပ္ပာယ်များ ပါဝင်နေ၏။

ကျွင်းချောင်ရှောင်းသည် အရူးတစ်ယောက် မဟုတ်ပေ။ ချက်ချင်းပင် တစ်ဖက်လူ ပြုလုပ်ချင်သည့်အရာကို နားလည်လိုက်မိ၏။ သူ့အား ထောင်ချောက်ဆင်ကာ ဤနေရာတွင် နေထိုင်ရန် ပြောဆိုခဲ့ခြင်းပင် ဖြစ်တော့သည်။ “ချီးတဲ့မှ... အထက်နယ်မြေက လူတွေက လူတွေကို ဘယ်လိုလှည့်စားရမလဲဆိုတာ ကောင်းကောင်းသိနေတာပဲ”

စနစ် “ငါက တစ်ချိန်လုံး ရင်နာအောင် ပါးပိတ်ရိုက်ခံနေရတာ။ အခု ငါ့အလှည့်မဟုတ်ဘူး။ မင်းအလှည့်ပဲ”

“ဪ”

ချောင်ပိုင်လျှို၏ အကြည့်များသည် ပိုမိုကာ အေးစက်သွား၏။ သူ၏ အမြူတေအသွင်ပြောင်းခြင်း တတိယ အဆင့် ကျင့်ကြံခြင်းသည် အလုံးစုံ ထွက်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်ဆီမှ ဓားကဲ့သို့ ထက်ရှလှသည့် အော်ရာများ သည် တည်နေရာအနှံ့ဆီသို့ပင် ပျံ့နှံ့ကုန်၏။ သူ၏ ဂိုဏ်းတည်နေရာထဲသို့ ဝင်ရောက်လာပြီး ဓားများကို လုယူသွားသည့်အပြင် ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကိုပင် ညှစ်ထုတ်ခဲ့သေး၏။ ထို့ကြောင့် တစ်ဖက်လူ အား သူပစ်မှတ်ထားသည်မှာ နားလည်ပေးနိုင်စရာ ကိစ္စရပ်ပင်ဖြစ်သည်။

များပြားလှသည့် မုန်တိုင်းနှင့် အခက်အခဲများကို ရင်ဆိုင်ခဲ့ဖူးသော ကျွင်းချောင်ရှောင်းအနေဖြင့် တည်နေရာမှာတင် မတ်မတ်ရပ်လျက်ရှိ၏။ ဓားကဲ့သို့သော အော်ရာများသည် သူ၏ခန္ဓာကိုယ်ဆီသို့ ကျဆင်းလျက် ရှိနေသည်ကို ခပ်တည်တည်နှင့် နေထိုင်နိုင်စွမ်း ရှိနေသည်။ သူသည် ထူးမခြားနားသလို ပြောလိုက်၏။ “ဒါဆိုရင် ဒါက အင်ပါရီယန်နတ်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပေါ့။ အင်း... အခုလို တွေ့ရတာ ဂုဏ်ယူပါတယ်ဗျာ”

“ဂိုဏ်းချုပ်ကျွင်း”

ချောင်ပိုင်လျှိုသည် ထူးမခြားနားသလို ပြောလိုက်၏။ “ကျုပ်တို့ ဂိုဏ်းကြားထဲမှာ မဖြေရှင်းရ သေးတဲ့ ရန်ငြှိုးအကြွေးတွေ ရှိနေသေးတယ် မဟုတ်လား”

သူ့အနေနှင့် ရွှမ်ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်သာ မဟုတ်ပါက တစ်ခါတည်း ဓားကိုထုတ်၍ ခုတ်ပိုင်း သတ်ဖြတ်မိမှာ သေချာသည်။

“ဟား ဟား ဟား ဟား” ကျွင်းချောင်ရှောင်းသည် ခြောက်ကပ်ကပ် ရယ်မောလိုက်၏။ လက်ရှိအခြေအနေမှာတော့ သူဘာပြော၍ ရမည်နည်း။

“ရေခဲဓားမော့ဂိုဏ်းက လာတယ်”

ထိုအချိန်မှာပဲ နောက်ထပ် လူတစ်ယောက်က ထပ်ပြီး အော်ဟစ်လိုက်၏။ တောင်၏လှေကားထစ်အတိုင်း ကြောက်မက်ဖွယ်ရာကောင်းပြီး လေးလံလွန်းသည့် အော်ရာများ ထွက်ပေါ်နေ သည့် သိုင်းကျင့်ကြံသူ အနည်းငယ်တို့သည် လှေကားထစ်အတိုင်း တက်လှမ်းလာခဲ့၏။

“ချီးတဲ့မှ... နောက်ထပ် ရန်သူတစ်ယောက် ထပ်လာပြန်ပြီ”

“ဂိုဏ်းချုပ်”

ကြည့်ကောင်းလှသည့် သက်လတ်ပိုင်းအရွယ်လူသည် ကြည့်ကောင်းလှသည့် အပြုံးမျိုးကို ပြုံးကာ သူ့အား မိတ်ဆက်ပေးလေသည်။ “ဒါ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ”

ချီးတဲ့မှ …..။

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲလျက်ရှိ၏။ ကျုပ်ခင်ဗျားကို သေချာ မှတ်ထားမယ်။

All Chapters