← Chapters

အပိုင်း (၁၃၈၁)

Vol. 93 Ch. 1381

အပိုင်း (၁၃၈၁)

Vol. 93 Ch. 1381

အင်ပါရီယန်နတ်ဓားဂိုဏ်းနှင့် ရေခဲဓားမော့ဂိုဏ်းတို့သည် တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း ရန်ငြိုး တည်ရှိကြသည့် ဂိုဏ်းများဖြစ်၏။ ၎င်းတို့သည် တွေ့ဆုံလိုက်သည်နှင့် တစ်ဖက်နှင့်တစ်ဖက် ရန်စောင်ခြင်းကို ပြုလုပ်လျက်ရှိ၏။

သို့ပေမဲ့ လက်ရှိအချိန်မှာတော့ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ရန်စောင်ရမည့်အစား ကျွင်းချောင်ရှောင်းကို ပစ်မှတ်ထားလျက် ရှိနေ၏။ ၎င်းတို့၏ ဘုံရန်သူသည် ကျွင်းချောင်ရှောင်းပင် ဖြစ်နေသည်။

ဝှစ် ဝှစ်

လင်းဖန်တောင်ပေါ်မှာတော့ ပြင်းထန်လှသည့် ဓားနှင့် ဓားမော့အော်ရာများ ထွက်ပေါ်လာ၏။ သိုင်းကျင့်ကြံသူ များသည် အမှန်ပင် ဉာဏ်ကောင်းလှသူများဖြစ်၏။ ၎င်းတို့သည် တိုက်ပွဲတစ်ခုပြုလုပ်နိုင်ရန် မြေတည်နေရာ အကွာအဝေးတစ်ခုကို နောက်ဆုတ်ကာ ဖန်တီးပေးလိုက်၏။

ကျွင်းချောင်ရှောင်းသည် မတ်မတ်ရပ်နေသည်ဆိုသော်လည်း အနည်းငယ် စိုးရွံလျက်ရှိ၏။ ငါ ဒီကိုလာပြီးတော့ ဂိုဏ်းက ဆရာကြီးတွေ ဝါကြွားတာကို လာနားထောင်တာလေ။ ဘယ်လိုဖြစ်ပြီး ဒီလိုအဆုံးသတ်မျိုး ဖြစ်ရတာလဲ။

“ကောင်လေး”

ရေခဲဓားမော့ဂိုဏ်းက ဂိုဏ်းချုပ်သည် အေးစက်စက် ပြောလိုက်သည်။ “တိုက်ခိုက်လိုက်ရအောင်”

ဓားမော့ကို ကျင့်ကြံထားသည့်လူများသည် တကယ်ပင် တည့်တိုးဆန်လှ၏။ ၎င်းတို့သည် လိုရင်းမဟုတ်သော အကြောင်းအရာများကို လှည့်ပတ်ကာ ပြောဆိုရသည်ကို စိတ်မဝင်စားလှချေ။ ၎င်းတို့၏ စိတ်ထဲတွင် တစ်ခုတည်း သာလျှင် ရှိ၏။ တိုက်ခိုက်ရန်ပင်ဖြစ်၏။

“တောင်းပန်ပါတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က သိုင်းတာအိုအစည်းအဝေးကို လာပြီး တက်ရောက်တာလေ။ တိုက်ခိုက်ဖို့ မဟုတ်ဘူး။ ခင်ဗျားတို့ တကယ်လို့ တိုက်ခိုက်ချင်တယ်ဆိုရင် နောက်ရက်ထိ ခဏစောင့်ကြတာပေါ့”

ကုန်းရှန့်သည် ကြောက်ရွံ့တတ်သူ မဟုတ်ချေ။ သူ့အနေနှင့် ဂိုဏ်းဆီသို့ အမြန်ဆုံး ပြန်၍ လျှို့ဝှက်ကျမ်းစာကို လေ့ကျင့်ချင်သောကြောင့် ငြင်းဆိုရခြင်းဖြစ်၏။

“ဒင်... သီးခြားတာဝန် အသက်ဝင်”

“........”

ကျွင်းချောင်ရှောင်း၏ နှလုံးသားထဲတွင်တော့ ပြိုလဲလျက် ရှိနေသည်။ “ငါ့ကို အတင်းတိုက်ခိုက်ခိုင်းတော့မယ်နဲ့တူတယ်”

သူခန့်မှန်းသည်မှာ မှန်ကန်၏။ စနစ်၏ မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည့်အချိန်မှာတော့ အင်ပါရီယန်နတ်ဓား ဂိုဏ်း၏ ဂိုဏ်းချုပ်အား အနိုင်ယူခြင်း - ဝ/၁၊ ရေခဲဓားမော့ဂိုဏ်း၏ ဂိုဏ်းချုပ်အား အနိုင်ယူခြင်း - ဝ/၁ ဟု ရေးသားထား၏။

“ကြည့်”

စနစ်သည် ခိုင်မာစွာ ပြောလိုက်သည်။ “သီးခြားတာဝန် ပြည့်စုံဖို့အတွက် ရှောင်ပြေးလို့ မဖြစ်တော့ဘူး”

ဤကဲ့သို့ ဖြစ်ပေါ်လာသည်ဆိုမှတော့ သူ့အနေနှင့် လုပ်စရာရှိတာ လုပ်ရပေတော့မည်။ သို့ပေမဲ့ တစ်ဖက်ဂိုဏ်းချုပ် နှစ်ယောက်၏ အားအင်အဆင့်သည် အမြူတေအသွင်ပြောင်းခြင်းအဆင့်သုံးတွင် တည်ရှိနေ၏။ တစ်ယောက်သည် ဓားလမ်းစဉ်တွင် အလွန်ကျွမ်းကျင်လှပြီး နောက်တစ်ယောက်မှာတော့ ဓားမော့လမ်းစဉ်တွင် ကျွမ်းကျင်လွန်းလှ၏။ သူ့အနေနှင့် တခြားသော အကူအညီများကို ထုတ်ဖော်ကာ အသုံးမပြုပါက မည်သို့မှ အနိုင်ယူနိုင်မည် မဟုတ်ချေ။

စနစ်က ပြောလိုက်၏။ “စနစ်က တာဝန်ကို ထုတ်ပေးဖို့ပဲ တာဝန်ရှိတာလေ။ မင်းအနေနဲ့ ဒီအရာကို အောင်မြင်နိုင် မလား။ မအောင်မြင်နိုင်ဘူးလားဆိုတာက ကိုယ့်အရည်အချင်းပေါ်မှာပဲ မူတည်တယ်”

“.........”

ကျွင်းချောင်ရှောင်းသည် ထ၍ ဆဲချင်စိတ်ပင် ပေါက်လျက်ရှိသည်။

“ကောင်လေး”

ရေခဲဓားမော့ဂိုဏ်း၏ ဂိုဏ်းချုပ် မိုကိုင်ရင်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “ဒါက မင်းရဲ့သဘော မဟုတ်တော့ဘူး”

ဘုန်း

လေးလံလှသော ဓားမော့ကြီးတစ်စင်းသည် သူ၏ရှေ့တည့်တည့်တွင် ပေါ်ပေါက်လာ၏။ ထိုဓားမော့ကြီးပေါ်တွင် ရှုပ်ထွေးလှသည့် အစီအရင်မျဉ်းကြောင်းများ ရေးထိုးထားသည်။ တစ်ချက်ကြည့်လိုက်သည်ဆိုသည်နှင့် ဤအရာ၏ အရည်အသွေးသည် နိမ့်ကျလှမည် မဟုတ်ကြောင်း အားလုံးက သိရှိနိုင်စွမ်းရှိ၏။

တာဝန်ပေါ်ပေါက်လာပြီဆိုမှတော့ သူ့အနေနှင့် တိုက်ခိုက်ရပေလိမ့်မည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ကြိတ်ကာ စဉ်းစားလျက်ရှိ၏။ သူ့အနေနှင့် စည်းဓားမော့ကြီးကို ထုတ်ဖော်၍ အသုံးပြုရမည်လား။ သို့မဟုတ်..

မှန်ပေ၏။ အထက်နယ်မြေဆီမှ စဦးလက်ဆောင်အဖြစ် ပေးအပ်ထားသည့် လက်ဆောင်များ သူ့၌ တည်ရှိနေသေးသည်။

ဘုတ်

ကျွင်းချောင်ရှောင်းသည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် စွန်းဝူခုန်း ဝတ်စုံ ဖြစ်တည် လာသည်။ သူသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်၏။ “ဒါဆိုရင် တိုက်ခိုက်ကြတာပေါ့”

သူသည် တစ်ဖက်လူ များနှင့် အဆင့်ကြီးနှစ်ဆင့် ကွာခြားနေသည်ဆိုသော်လည်း စဦးလက်ဆောင်ထုပ်က ပေးအပ်ထားသည့် လက်ဆောင်များနှင့် တခြားသော ပစ္စည်းများ တည်ရှိနေ၏။ တစ်ဖက်လူများအား အနိုင်မရဘူး ဆိုသည်ကို မယုံကြည်နိုင်ပေ။

ဝှစ် ဝှစ်

ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများသည် ခပ်ဝေးဝေးတည်နေရာဆီသို့ လှမ်းဆုတ်လိုက်ကြသည်။ အလယ်တွင်တော့ တိုက်ခိုက်ရန် တည်နေရာကြီးတစ်ခု ဖြစ်တည်လာ၏။ တချို့ဆိုလျှင် ထိုင်ခုံပုလေးများကို ထုတ်ယူ၍ ကွာစေ့များကို ကိုက်ကာ ပွဲကြည့်ရန် ပြင်ဆင်နေကြ၏။

............

ဟူး

လေအေးများ တိုက်ခိုက်လာပြီးသည့်နောက် တည်နေရာကြီးတစ်ခုလုံးသည် လေးနက်သွား၏။

ဂျွတ်

မိုကိုင်ရင်သည် ဦးခေါင်းကို ခါယမ်းလိုက်၏။ သူ၏ခန္ဓာကိုယ်ဆီမှ အရိုးချိုးသည့်အသံများ တဂျွတ်ဂျွတ်နှင့် ထွက်ပေါ်နေသည်။ သူ၏ ရှေ့တည့်တည့်တွင် ရှိနေသော လေးလံလွန်းသည့် ဓားမော့ကြီးသည် ပိုမိုကာ တောက်ပ လာ၏။ ကြည့်ရှုရသည်မှာ အနည်းငယ် တုန်ခါလျက်ရှိပြီး သွေးဆာလောင်သည့် ပုံစံမျိုးဖြစ်သည်။

“အမှိုက်လေး”

မိုကိုင်ရင်သည် ဓားမော့၏ ဓားနှောက်ကို လက်တစ်ဖက်ဖြင့် လှမ်းကိုင်ကာ ပြောလိုက်သည်။ “မင်းရဲ့ လက်နက်ကိုပြစမ်း။ ကျုပ်က လက်နက်မဲ့တဲ့လူတစ်ယောက်ကို အနိုင်ကျင့်တာ မဖြစ်ချင်ဘူး”

သူသည် တကယ့်ကို စည်းစနစ်ကျသည့် လူတစ်ယောက်ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ကျုပ်က လက်သီးနဲ့ပဲ ပြဿနာတွေကို ဖြေရှင်းရတာ ကြိုက်တယ်” သူ့အနေနှင့် လက်နက်ကို ထုတ်ဖော်၍ မတိုက်ခိုက်ချင်၍ မဟုတ်ပေ။ သို့ပေမဲ့ တစ်ဖက်၏ လက်နက် နှင့် ယှဉ်ပြိုင်တိုက်ခိုက်မည်ဆိုလျှင် သူ၏ ကောင်းကင်စတေးခြင်းလှံနှင့် ကောင်းကင်နဂါးဓားတို့သည် ယှဉ်ပြိုင် တိုက်ခိုက်နိုင်ပါ့မလား မသေချာသောကြောင့်ပင်။

“မဖြစ်သေးဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အင်း... တချို့ပစ္စည်းတွေ ထုတ်ပြီးတိုက်မှ ဖြစ်လိမ့်မယ်နဲ့ တူတယ်”

စနစ်က ပြောလိုက်၏။ “အဆင့်မြှင့်တင်ထားတဲ့ လောကလက်ချောင်း လက်နက်ကြီးကို ထုတ်ပြီးတိုက်လေ။ လက်ခံသူအနေနဲ့ အဲတာကို ထုတ်ပြီး တိုက်လို့ရနေတာပဲ”

“ဟုတ်ပြီ” ကျွင်းချောင်ရှောင်းသည် သူ၏ဂိုဏ်းချုပ်ကိုယ်ပိုင်လက်နက်ဖြစ်သည့် လောကလက်ချောင်း လက်နက် ကြီးကို ထုတ်ဖော်လိုက်သည်။ လောကလက်ချောင်း လက်နက်ကြီးသည့် အဆင့်မြှင့်တင်ပြီးသည့်နောက် စုတ်တံ တစ်ခုကဲ့သို့ ဖြစ်တည်လျက်ရှိသည်။

ထိုလက်နက်၏ ပုံပန်းသွင်ပြင်ကို မြင်သည့်အချိန်မှာတော့ အားလုံးသည် ရယ်မောလိုက်မိ၏။

တခြားသော နည်းလမ်းလည်း မရှိချေ။ ဤအဆင့်မြှင့်တင်ထားသည့် လောကလက်ချောင်း လက်နက်ကြီးသည် သနားစရာ ကောင်းလှသည့် စုတ်တံတစ်ခု၏ ပုံပန်းသွင်ပြင်မျိုး ရှိသည်ဆိုသော်လည်း အမှန်ပင် အားကောင်းလှသည် ဆိုသည်ကို တခြားသူများက မသိရှိချေ။

မိုကိုင်ရင်သည် မျက်ခုံးကို ပင့်ကာပြောလိုက်၏။ “မင်းက လက်ရေးလှ ပြိုင်ချင်တာလား”

“ဒါက တိုက်ခိုက်ပွဲလေ”

ကျွင်းချောင်ရှောင်းသည် သူ၏ နတ်ဘုရားလက်နက်ကို ကိုင်ဆောင်ပြီးနောက် ခန္ဓာကိုယ် ဆီမှ တောင်နှင့်ချောင်းများကိုပင် ဝါးမြိုနိုင်စွမ်းရှိသည့် အော်ရာများကို ထုတ်ဖော်လိုက်၏။ နတ်ဘုရားလက်နက်နှင့် ဆိုလျှင် သူသည် တောင်များ၊ ချောင်းများကိုပင် အုပ်စိုးနိုင်သည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ သို့ပေမဲ့ မိုကိုင်ရင်တစ်ယောက် သူ၏ ဓားမော့ကြီးကို မြှောက်ကိုင်လိုက်သည့်အချိန်မှာတော့ အဆင့်ကွာခြားမှု သည် ပိုမိုကာ သိသာလာခဲ့၏။

ဘုန်း

ဓားမော့အလင်းတန်းများ ဖြတ်သန်းသွားပြီး မြေတည်နေရာကြီးတစ်ခုလုံး လှုပ်ခါသွားသည်။

ဘုတ် ဘုတ် ဘုတ်

ကျွင်းချောင်ရှောင်းသည် ဆက်တိုက်ဆိုသလိုပဲ အနောက်သို့ ဆုတ်ခွာခဲ့ရ၏။ ခန္ဓာကိုယ်အား ဟန်ချက်ညီအောင် ထိန်းချုပ်ပြီးနောက် သူသည် အံကို ကြိတ်ကာဖြင့် တွေးလိုက်မိ၏။ အင်း...အမြူတေ အသွင်ပြောင်းခြင်း အဆင့်သုံးက တကယ့်ကို အားကောင်းလွန်းတာပဲ။

“ပေါက်ကရ”

စနစ်က ပြောလိုက်သည်။ “အထက်နယ်မြေရဲ့ အဆင့်တစ်ခုတိုင်းက ပိုပြီးကြောက်ဖို့ကောင်းတယ်။ အဆင့်တစ်ခု ကွာခြားမှုဆိုတာက လုံးဝကို အကြီးအကျယ် ကွာခြားမှုပဲ။ တောင်လောက်နီးနီး ကြီးတယ်”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “အဲလောက်ကြီး စိတ်ဓာတ်ကျအောင် လုပ်မနေနဲ့”

ဝှစ်

ရုတ်တရက် မိုကိုင်ရင်သည် သူ၏ဓားမော့ကြီးကို ဝှေ့ယမ်းလိုက်၏။ ၎င်း၏ ကိုယ်ပိုင်အားအင်နှင့် လက်နက်ဆီမှ ထွက်ပေါ်လာသည့် အားအင်များသည် အလုံးစုံ ဖြစ်တည်လာပြီးသည့်နောက် လေဟာနယ်တစ်ခုလုံးကိုပင် ထိုးခွဲ လောက်သည်အထိ ကြီးကျယ်ခမ်းနားသော တိုက်ခိုက်မှုကြီး ဖြစ်ပေါ်လာသည်။

ကျွင်းချောင်ရှောင်း၏ လက်များမှာတော့ သာမန်ပုံစံကျလှသည့် စုတ်တံကြီးတစ်ခု တည်ရှိနေ၏။ ကြည့်ရသည်မှာ တစ်ဖက်မှအင်အားကြီးရန်သူကို တံမြက်စည်းတစ်ချောင်းနှင့် ရင်ဆိုင်တိုက်ခိုက်မည့် ကလေးလေးတစ်ယောက် နှင့်ပင် ဆင်တူနေလေ၏။

ဘုန်း …။

ဓားမော့၏အလင်းတန်းသည် အလွန်လေးလံပြင်းထန်စွာဖြင့် ဆင်းသက်လာ၏။ ကုန်းရှန့်အနေနှင့် ရှောင်ရှားနိုင် လိုက်သည်ဆိုသော်လည်း လှိုင်းအဟုန်များကြောင့် အနောက်ဘက် တော်တော်ဝေးဝေးဆီသို့ လွင့်စင်သွားရပြန် သည်။

“အင်း... အားအင်အဆင့်အရဆိုရင် တကယ့်ကို တစ်ဖက်စောင်းနင်းကြီးပဲ”

“ဂိုဏ်းချုပ်မိုနဲ့ တိုက်ခိုက်ဖို့ သူ့ကို ဘယ်သူကများ သတ္တိပေးခဲ့တယ် မသိဘူး”

တိုက်ကွက်အနည်းငယ်လောက် ယှဉ်ပြိုင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းတစ်ယောက် မည်မျှ အခြေအနေ ဆိုးရွားနေသည်ကို ကောင်းကောင်းသိရှိနိုင်၏။ ထို့ကြောင့် သိုင်းကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ပြစ်တင်ဝေဖန်ပြောဆိုနေကြ၏။

ဝှစ် ဝှစ်

မိုကိုင်ရင်သည် သူ၏ဓားမော့ကြီးကို ဝှေ့ယမ်းလိုက်၏။ ဓားမော့၏အရိပ်နှင့် အလင်းတန်းများသည် တည်နေရာ တစ်ခုလုံးကို လွှမ်းခြုံနေ၏။ ပြောရမည်ဆိုလျှင် ဤလူသည် သူ၏ဓားမော့စွမ်းရည်ကို ထုတ်ဖော်ပြသကာ ဝါကြွား နေခြင်းပင် ဖြစ်၏။ သူသည် အခွင့်အရေးကို အရယူ၍ များပြားလှသော ဂိုဏ်းအသီးသီးမှ လူများအား သူ၏ ပြည့်စုံလှသည့် ဓားမော့နည်းစနစ်ကို ထုတ်ဖော်ကာ ပြသနေခြင်းပင်။

ဆွစ် ဆွစ်

ကျွင်းချောင်ရှောင်းသည် ထိုအရာကို ခုခံရန်အတွက် စွမ်းရည်ကင်းမဲ့လို့နေ၏။ ထို့ကြောင့် နောက်ဆီသို့သာ တဆုတ်တည်း ဆုတ်နေရတော့သည်။ တခြားသော အမြူတေပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများသာဆိုပါက ဤတိုက်ခိုက်ချက်များကို တစ်ချက်ကလေးတောင်မှ ရှောင်ရှားနိုင်လိမ့်မည် မဟုတ်ချေ။

ဆွစ် ဆွစ်

ဓားမော့၏ အရိပ်များသည် ပိုမိုကာ ကြမ်းတမ်းလာ၏။ အမြန်နှုန်းသည်လည်း ပိုမိုကာ တိုးတက်လာသည်။

ကျွင်းချောင်ရှောင်းမှာတော့ နည်းလမ်းမျိုးစုံကို အသုံးပြုကာ ရှောင်ရှားနေရ၏။ သူ့အနေနှင့် အထက်နယ်မြေသို့ ရောက်ရှိချိန်တွင် အလွန် အားနည်းလှသည်ဟု ခံစားနေမိ၏။

“ကောင်လေး”

မိုကိုင်ရင်သည် သူ၏ဓားမော့ထဲသို့ ကျန်းချီများကို ထည့်သွင်းကာ အေးစက်စက် ပြောလိုက်သည်။ “မင်းလုပ်နိုင်တာ ဒါအကုန်ပဲလား”

ဝှစ်

သူသည် ဓားမော့ကြီးကို မြှောက်ကိုင်ပြီး အလွန်ပြင်းထန် ရက်စက်လွန်းလှသော ဓားကွက်ကို ထုတ်ဖော်ကာ သုံးချက် တိတိ ခုတ်ပိုင်းလိုက်၏။

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

မြေပြင်တစ်ခုလုံး ကွဲအက်ပြီး ဓားမော့ရာများသည် တည်နေရာအနှံ့တွင် ပေါ်ပေါက်လာသည်။

“သွားပြီပဲ” အားလုံးသည် ခေါင်းကို ခါယမ်းလိုက်ကြ၏။

ဒင် ဒင် ဒင်

ရုတ်တရက် သံသံချင်း ထိမှန်သည့်အသံများ ထွက်ပေါ်လာခဲ့ပြီး မြင်ကွင်းကို ကြည့်ရှုလိုက်ပြီးနောက် လူအားလုံး သည် မျက်လုံးအပြူးသား ဖြစ်သွားခဲ့၏။ တစ်ဖက်လူသည် ကြောက်ဖို့ကောင်းလှသော ဓားမော့ခုတ်ပိုင်းချက် သုံးခုကို တစ်ချက်ကလေးမှ မရှောင်ရှားခဲ့ချေ။ ထိုအစား လက်ကိုမြှောက်ကာဖြင့် တားဆီးလျက်ရှိ၏။

“အမ်”

မိုကိုင်ရင်၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။ တစ်ဖက်လူ၏ အသားအရေသည် ရွှေကဲ့သို့ လင်းလက်တောက်ပလျက် ရှိနေသည်ကို သူရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ဆွစ်

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် သူ၏ရှေ့တွင် ချက်ချင်း ပေါ်ပေါက်လာ၏။ ညာဘက်လက်၌ ကျန်းချီများကို စုစည်းကာ အရှေ့ဘက်ဆီသို့ ထိုးနှက်လိုက်၏။ တိုက်ခိုက်ရာတွင် အရှေ့ကို တစ်လှမ်းချင်းစီ တိုးတက်လာ၏။ သို့ပေမဲ့ ထိုတစ်လှမ်းချင်းစီတိုင်းသည် မျက်လုံးနှင့် သေချာမမြင်ရလောက်အောင်ပင် မြန်ဆန် လွန်းလှ၏။ ထို့ကြောင့် မိုကိုင်ရင်သည် ဘာတစ်ခုမှ မပြုလုပ်နိုင်ဘဲ ဖြစ်လို့နေခဲ့၏။

ဘုန်း

နားကွဲလောက်စရာ ကျယ်လောင်သည့်အသံကြီး ထွက်ပေါ်လာပြီး လင်းဖန်တောင်ကြီး တစ်ခုလုံးသည်ပင်လျှင် တုန်ခါသွားသည်။

ဘုတ် ဘုတ် ဘုတ် ဘုတ်

ထိုအသံကြီး ငြိမ်သက်သွားပြီးသည့်နောက် ဓားမော့ကို ကိုင်ဆောင်ထားသည့် မိုကိုင်ရင်သည် အနောက်ဘက် ဆယ်ပေအဝေးဆီသို့ လှမ်းဆုတ်သွားရ၏။ ပြီးနောက် သူသည် သွေးတစ်လုတ် အန်ထုတ်လာခဲ့သည်။ ဂိုဏ်းအသီးသီးမှ သိုင်းကျင့်ကြံသူများသည် ဆွံ့အသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ရေခဲဓားမော့ဂိုဏ်းမှ ဂိုဏ်းချုပ်၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်နေသည်သာမက ၎င်းကိုင်ဆောင်ထားသည့် ဓားမော့တွင်လည်း လက်သီးရာကြီးက ထင်ထင်ရှားရှား ဖြစ်တည်နေ၏။ ဓားသည် အက်ကွဲကြောင်းများ ဖြစ်တည်နေပြီး အချိန်မရွေး ပျက်ဆီးတော့မလိုပင်။

ဆွစ်

ကျွင်းချောင်ရှောင်းသည် သူ၏ လက်သီးချက်ကြီးကို ပြန်ရုတ်လိုက်၏။ ပြီးနောက် အဝေးတစ်နေရာတွင် တွေဝေ ငေးငိုင်စွာဖြင့် ကြည့်ရှုလျက်ရှိနေသည့် ချောင်ပိုင်လျှိုဆီသို့ လှမ်းကြည့်ကာ ပြောလိုက်၏။ “ခင်ဗျား အလှည့်ပဲ”

ဤတစ်ကြိမ်မှာတော့ ကြည့်ရှုနေကြသူများ၏ မျက်လုံးသည် အလုံးစုံပြူးကျယ်နေသည်။ တစ်ဖက်လူ၏ အသားအရေ၊ ဆံပင်၊ မျက်ခုံးနှင့် မျက်လုံးများ အားလုံးသည် ရွှေရောင်ဖြစ်လို့နေသောကြောင့်ပင်။

All Chapters