ကောင်းကင်အောက်က အကောင်းဆုံးတောင်ကြား ၄
Vol. 100 Ch. 1395
တိမ်တိုက်ဂူမှ အံ့ဖွယ်နတ်ဆိုးတောင်ကြားကို တိုက်ခိုက်ရန်အတွက် လျှို့ဝှက်ဆန်းကြယ်သော အင်အားစုနှင့် ပေါင်းစည်းလိုက်သည့် အချက်ကို တိုင်းပြည်တစ်ခုလုံးသိကြသည်။ လူအများစုမှာ အံ့ဖွယ်တောင်ကြားကို သွား ကြည့်ကြရာ ပြားနေသောတောင်များကိုသာ မြင်တွေ့ခဲ့ရသည်။ အံ့ဖွယ်တောင် ကြားသည် အမုန်းတရားဖြင့်အံကြိတ်ကာ မကြာခင်တွင် ပြန်တိုက်ခိုက်လိမ့် မည်ဟုလူတိုင်းထင်ထားကြသည်။
နောက်ထပ် ပွဲကြီးပွဲကောင်းတစ်ပွဲကြည့်ရတော့မည်ဟု အားလုံးထင်ထား ကြသည်။
သို့သော် အခုချိန်တွင် သူတို့ထင်မှတ်ထားသည့် ပွဲနှင့်လုံးဝကွာခြားသာ ပွဲကြီးတစ်ပွဲဖြစ်နေသည်။
အံ့ဖွယ်နတ်ဆိုးတောင်ကြားသည် အသည်းကွဲတောင်ကြားနှင့် ပေါင်းစည်းလိုက်ပြီး အင်အားစုအသစ်တစ်ခုတည်ထောင်လိုက်သည်။ ထိုသတင်းမှာ အလွန်အံ့ဩဖွယ်ရာကောင်းလေသည်။
အသည်းကွဲတောင်ကြား၏ တောင်ကြားခေါင်းဆောင် ရှီမန်ဖန်သည် လုပ်ကြံခံရကာ အပြင်းအထန်ဒဏ်ရာရပြီး သတိမေ့နေသည်ဟု သတင်းကြား ထားကြသည်။ သူ သတိရအောင် လုပ်နိုင်သည့်သူမရှိပေ။ အသည်းကွဲတောင် ကြား၏ အင်အားသည် ရှီမာယူယူကို ရှာရန်သုံးထားသည်။ အကယ်၍ သည် အချိန်တွင် အံ့ဖွယ်နတ်ဆိုးတောင်ကြားသည် ရိုးရှင်းသောပေါင်းစည်းမှုမဟုတ် ဘဲ သိမ်းပိုက်ခြင်းဖြစ်မည်ကို ကြောက်မိကြသည်။
ကျွတ် ကျွတ် ရှီမာယူယူက အသည်းကွဲတောင်ကြားရဲ့ တောင်ကြား ဒုခေါင်းဆောင်ပဲ။ သူမပြန်လာပြီး အံ့ဖွယ်နတ်ဆိုးတောင်ကြားက အသည်းကွဲ တောင်ကြားကို ပေါင်းယူလိုက်တယ်ဆိုတာကိုသိရင် ဘယ်လိုတွေဖြစ်လာမလဲ မသိနိုင်ဘူး။ အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ တောင်ကြားသခင်မလေးအနေနဲ့ အသည်းကွဲတောင်ကြားကို တရားမျှတမှုပြန်ယူဖို့ ကူညီလောက်မလား။
သေချာတာပေါ့ အဲဒါကလည်း သူမက အသက်ရှင်လျက်ပြန်လာနိုင်မှပါ။
သူမသည် လူအများရှေ့မှ ကြာရှည်စွာပျောက်သွားဖူးခြင်းမရှိပေ။ သူမ သေနေလောက်ပြီ။
လူအများသည် ထိုဖြစ်နိုင်ချေကို စဉ်းစားမိသောအခါ ပျော်သွားကြလေ သည်။ သူတို့သည် သူမကိုရန်မစရဲသောကြောင့် သူမ သေသွားသည်ဆိုသည်မှာ သတင်းကောင်းဖြစ်သည်။ ဟားဟားဟား…
ပြီးနောက် သူမ လက်ဖြင့်ဖန်တီးထားသော အသည်းကွဲတောင်ကြားသည် သူမ ဂိုဏ်း၏ ဝါးမျိုခြင်းကိုခံလိုက်ရသည်။ စဉ်းစားကြည့်လိုက်ရုံနှင့် သူတို့ကို ပျော်ရွှင်စေသည်။
ရှီမာယူယူ အသည်းကွဲတောင်ကြားမှ သတင်းများကိုကြားသောအခါ နှုတ်ခမ်းတွန့်မိလေသည်။
“ဘေဂုံ ငါက အဲလောက်မုန်းဖို့ကောင်းလား” သူမသည် သူမမျက်နှာကို ထိလိုက်သည်။ သူမက မခံမရပ်နိုင်ကိစ္စဘာမှမလုပ်ထားတဲ့ပုံပဲကို။ သူမက လူသားမျိုးနွယ်ကို ထိခိုက်မယ့် တစ်ခုခုကိုလုပ်ခဲ့လို့လား။ သူမ သေသွားဖို့ကို ဘာလို့များ လူအများက မျှော်လင့်နေတာလဲ။
ဘေဂုံထန်သည် သူမနှင့်အတူ လက်ဖက်ရည် သောက်နေကြသည်။ အလှလေးနှစ်ယောက်သည် တောင်ထိပ်ရှိကျိုင်းပင်အောက်တွင် ထိုင်ကာ ပန်းရနံ့ရှုရှိုက်ရင်း ပန်းလက်ဖက်ရည်အရသာခံကာ လွတ်လပ်စွာ စကားပြော ရယ်မောနေကြသည်။ ထိုမျှ မျက်စိပဒသဖြစ်လှသောမြင်ကွင်းကြောင့် ဖြတ် သွားသော တပည့်များသည် မတတ်သာဘဲ လှည့်ကြည့်ကြရလေသည်။
နီရဲပျားများဆီမှ သတင်းကြားပြီးနောက် သူမ၏ တုံ့ပြန်မှုကို ဘေဂုံထန် ကြည့်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။
“နင်က အဲလောက်လူနည်းနည်းလေးကိုပဲ ပြစ်မှားမိတယ်ထင်နေလား ပြီးတော့ တချို့ဆိုရင် နင် သူတို့ကိုမပြစ်မှားရင်တောင် သူတို့ထက်တော်တဲ့လူ တွေကို မကြိုက်ကြတာချည်းလေ”
“ငါ ကျွမ်းကျင်သူတော်တော်များများကို မပြစ်မှားဖူးပါဘူး၊ ငါ ရှင်းလိုက် တဲ့လူတွေအကုန်လုံးက သူတို့ဘာသာသေလမ်းရှာတာပဲ” ရှီမာယူယူ နှာခေါင်း ရှုံ့လေသည်။
“သူတို့မျက်လုံးထဲမှာတော့ နင်က မှားတဲ့လူပဲ၊ နင်က မျက်စိဆံပင်မွှေး စူးစရာဖြစ်နေတာ” ဘေဂုံထန် ထောက်ပြလေသည်။
“အဲဒါလည်းမှန်တာပဲ အဲလူတွေရဲ့ အတွေးတွေက ငါတို့နဲ့မတူဘူး” ရှီမာယူယူ သက်ပြင်းချလိုက်သည်။
“ဘုန်း”
အနည်းငယ်ဝေးသော နေရာမှ ပေါက်ကွဲသံ လွှမ်းခြုံသွားသည်။ သူမ ထို ဦးတည်ဘက်သို့ကြည့်ပြီး နှုတ်ခမ်းတွန့်လိုက်သည် “အဲလူတွေရဲ့ စိတ်အား ထက်သန်မှုကတော့ မြင့်တယ်”
“ပြီးတော့ အဲဒါရဲ့ အကြောင်းအရင်းကဘာဖြစ်မယ်ထင်လဲ” ဘေဂုံထန် စနောက်ပြီး ကျီစားလေသည် “နင့်ရဲ့ ဆွဲဆောင်မှုက ဒီလောက်မြင့်တာ အရင် ကမမြင်ဖူးဘူး… အဲတပည့်တွေက နင့်အတွက်ပေါင်းစည်းချင်တယ်လို့ ထင် တာပဲ”
“ငါ့ဆွဲဆောင်မှုကအမြဲတမ်း မြင့်နေတာပဲ မဟုတ်ရင် နင်တို့တွေ ဘာလို့ ငါးစာဟပ်မိပြီး ဒီအထိလိုက်လာတာလဲ” ရှီမာယူယူသည် ပြုံးပြီးပြောလေ သည်။
သူမ ဒုံချန်းတိုင်းပြည်တွင်ရှိစဉ်က သူမ မြို့ထဲသို့သွားလျှင် လမ်းဘေးတွင် စောင့်နေသော လူတချို့မြင်ခဲ့သည်ကို မှတ်မိသေးသည်။
အဲတုန်းက ငါက သူတို့မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူးလေ။ ဒါပေမဲ့ ဒီလူ တွေကတော့ အဘိုးကိုသွားကယ်မယ်လို့သိတာနဲ့ သွားမယ့်လမ်းက အန္တရာယ် များတာကိုသိတာတောင် တွေဝေမှုမရှိလိုက်လာတာပဲလေ။
“နင် မဟာမိတ်ကိုဖိတ်လိုက်လား” ဘေဂုံထန်သည် သူမ အတိတ် အကြောင်းတွေးနေစဉ်တွင် စကားဖြတ်ပြောလေသည်။
“အင်း” ရှီမာယူယူ ပြောလိုက်သည် “ငါ သူတို့ကို ဖိတ်ဖို့အစီအစဉ်မရှိပါ ဘူး ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငါက မဟာမိတ်ရဲ့ နာမည်ခံခေါင်းဆောင်ဖြစ်နေ သေးတယ်လို့ပြောလို့လေ၊ တခြားသူတွေ ဖိတ်ခိုင်းလိုက်တယ်၊ ငါသာ သူတို့ကို မဖိတ်ရင် အဲအဘိုးကြီးတွေက လာပြီးကန်လိမ့်မယ်”
“အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ အင်အားစုကို မဟာမိတ်နဲ့ ငါတို့နိုင်ပါ့မလား ဆိုတာမသိဘူး” ဘေဂုံထန် ပြောလိုက်သည်။
“မနိုင်နိုင်ဘူး” ရှီမာယူယူသည် အရင်နေ့က ရှီမန်ဖန်နှင့် တခြားသူများ သုံးသပ်ချက်ကို ပြောပြလိုက်သည်။ ထိုအင်အားစုသည် တစ်ဖွဲ့တည်းဖြစ်ပါက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အလွန်သန်မာနိုင်သည်။
ထို့အပြင် မကြာခင်က သူမရရှိထားသော သတင်းအရ လျှို့ဝှက် ဆန်းကြယ်အင်အားစုသည် တခြားသောနေရာများကိုပါ ဝင်စွက်ဖက်ကာ အလယ်ဒေသကိုပင် ဖြန့်ကျက်နေပြီဟုဆိုသ်ည။ ထိုမျှအင်အားသည် အင်အားစု တစ်ခုတည်းနှင့် သေချာပေါက်ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။
အထူးသဖြင့် သူတို့သည် အတွင်းပိုင်းဒေသမှလူများ သူတို့၏ သရုပ်မှန်ကို မသိစေရန် ဟန့်တားထားသည်။
“မကြာခင်က အရမ်းကိုအရှုပ်အထွေးတွေဖြစ်သွားတယ်၊ နောက်ကို ဘာတွေဖြစ်မလဲဆိုတာ မသိတော့ပါဘူး” ဘေဂုံထန်သည် စိုးရိမ်စွာဖြင့်ပြော လေသည်။
“အတွင်းပိုင်းဒေသက အင်အားစုမျိုးစုံက အရင်းအမြစ်တွေကို သိမ်းပိုက် ထားတာ၊ သူတို့က ကြီးပွားလိုစိတ်ရှိတာလည်းမဟုတ်သလို အပြင်ဘက်က အရင်းအမြစ်တွေကိ ဆုပ်ကိုင်ချင်တာလည်းမဟုတ်ဘူး၊ လူ့သဘာဝပဲလေ လောဘကြီးပြီး မတင်းတိမ်နိုင်ရင် အများကြီးထိခိုက်သွားမှာပဲ” ရှီမာယူယူ သက်ပြင်းချပြီး ပူဆွေးမိသည်။
“ပျင်းလွန်းပြီး အကုန်လက်ရှောင်နေတာ နင်တစ်ယောက်ပဲရှိမယ်၊ တောင်ကြားဒုခေါင်းဆောင်လုပ်တာကို နင့်မှာအားထုတ်လှပြီထင်နေတာ”
“ငါက သူများတွေကို စီမံရတာကိုစိတ်မှမဝင်စားတာ၊ ပြီးတော့ ငါ့ ခြေထောက်အောက်မှာ စွန့်လွှတ်ပေးဆပ်တာကို မခံစားနိုင်ဘူး၊ ဟုတ်သားပဲ ငါ အမှီမလိုက်နိုင်တဲ့ဟာ တစ်ခုရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “ရှေးစကား တွေမှာ အဆိုရှိတယ်လေ ဘဝကတန်ဖိုးရှိတယ်၊ အချစ်ကပိုတန်ဖိုးကြီးတယ် ဒါပေမဲ့ လွတ်လပ်မှုအတွက်ဆိုရင် ငါ နှစ်ခုလုံးကိုစွန့်ပစ်နိုင်တယ်”
“ဟားဟားဟား နင် အခုပြောတာကို ဘယ်သူမှ လိုက်မလုပ်နိုင်ဘူးထင် တာပဲ”
“ဟဲ့….”
သူမသည်လည်း ထိုအရာများကို အမှန်တကယ်မကြိုက်ဟု ခံစားရသည်။ သူမသည် အဂ္ဂိရတ်ပညာရှင်အသင်း၊ ဆေးအဖွဲ့ခွဲများ သို့မဟုတ် အသည်းကွဲ တောင်ကြားတွင်ရှိနေသည်နှင့် ခေါင်းဆောင်ရာထူးကို အမြဲတစေချိတ်ဆွဲခံရ သည်။ အခုလိုပင် သူမသည် တောင်ကြားဒုခေါင်းဆောင်ဖြစ်သော်လည်း ဂုဏ် သာရှိပြီး လုပ်ရန်မလိုအပ်သော တောင်ကြားဒုခေါင်းဆောင်သာဖြစ်သည်။
သူမ ထိုအရာကိုအရင်မပြောချင်ပေ၊ သို့သော် သူတို့အားလုံးသည် နွေးထွေးသောအသံဖြင့်ပြောလေသည် “အသည်းကွဲတောင်ကြားနဲ့ အံ့ဖွယ် နတ်ဆိုးတောင်ကြားက သူမကြောင့်ပဲ ပေါင်းစည်းလိုက်တာ၊ သူမက နှစ်ခုကြား မှာ ဆက်စပ်မှုရှိတယ်၊ သူမ တစ်ခုမှဂရုမစိုက်ဘူးဆိုရင် လူတွေရဲ့စိတ်ငြိမ်ဖို့ကို အထောက်အကူဖြစ်မှာမဟုတ်ဘူး”
ထိုအော်သံကိုကြားပြီးနောက် သူမ တွန်းမပို့တော့ပေ။
ကံကောင်းစွာပင် အားလုံးသည် သူမကိုသိကြပြီး သူမကို တောင်ကြား ဒုသခင်ဆိုသည့် ရာထူးကိုပေးပြီး ဘာမှလုပ်ရန်မလိုပေ။ သူမ မျက်နှာပြလိုက် သည်နှင့် တခြားအရာများကို ဝင်ပါရန်မလိုပေ။
“နင်ဘာမှမလုပ်ရင်တောင် အဲဒီမှာခဏလောက်ရပ်လိုက်တာနဲ့တင် ကောင်းနေပြီ”
“ဟူး…” သူမသည် သက်ပြင်းရှည်ချလိုက်သည်။ သူမသည် လာဘ် ကောင်ဖြစ်လိမ့်မည်ဟု ထင်မထားပေ။
သုံးလသည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားကာ အသည်းကွဲ တောင်ကြား၏ အသွင်အပြင်မှာလည်း ပြောင်းလဲသွားသည်။ အိမ်များသည် တောင်များပေါ်တွင်ရှိနေပြီး သိပ်မကွာဝေးသော ဧရိယာတစ်ခုစီတွင် တစ်စုစီ ရှိကြလေသည်။ သို့သော် သူတို့သည် တစ်ဦးနှင့်တစ်ဦး နှောင့်ယှက်ခြင်းမပြုကြ ပေ။
ထိုတင်သာမကဘဲ အသည်းကွဲတောင်ကြား၏ အပြင်ဘက် ကမ်းပါးများ တွင်လည်း အိမ်တချို့ဆောက်လိုက်ကြသည်။ မဟုတ်သေးပေ။ တောင်တစ်ခု လံဒးတွင် အိမ်များရှိပြီး လူထောင်ချီစာ အိမ်ဆောက်ရသည်ဟု ဆိုရပေမည်။ ရှီမာယူယူသည် အပြင်မထွက်ဖူးပေ။ သို့သော် အဆောက်အဦးများ၏ ခမ်းနား ကြီးကျယ်ပုံကို တွေးကြည့်လို့ရနေသည်။
အခမ်းအနားပွဲစရန် သုံးလေးရက်သာ လိုတော့သဖြင့် ပြီးခဲ့သည့်နှစ်ရက် တွင် အနီးအနားမြို့အားလုံးသည် သက်ဝင်လှုပ်ရှားလာကာ အင်အားစုမျိုးစုံမှ လူများသည် စတင်ရောက်လာကြသည်။
ပုံမှန်ဖိတ်ကြားမှုဆိုလျှင် အားလုံးသည် ပွဲမစခင်ရက်ကို ခန့်မှန်းပြီးရောက် လာကြသည်။ သို့သော် သူတို့သည် အသည်းကွဲတောင်ကြားအကြောင်း အလွန် သိချင်နေကြကာ အသည်းကွဲတောင်ကြားပုံစံကို ကြည့်ရန် စောစီးစွာရောက် လာခြင်းဖြစ်သည်။
ထိုယောက်ယက်ခတ်မှုများအပြီးတွင် သူတို့သည် ဝင်လို့ရမည့်နေ့ကို စောင့်ရမည်ဟုဆိုကာ ဝင်မရသဖြင့် တောင်ကြားအပြင်ဘက်ရှိ အိမ်တွင်သာ အခြေချကြသည်။
သူတို့၏ စပ်စုချင်စိတ်မှာ ခံရခက်ကာ မကျေမနပ်ဖြစ်သဖြင့် လူတချို့မှာ စတင် လှုပ်လှုပ်ရွရွဖြစ်လာကြသည်….
***