အခန်း (၃၁)
Vol. 3 Ch. 31
ကျောင်းကျောင်းသည် ထိုကဲ့သို့သော အဝတ်အစားကောင်းများကို မဝတ်နိုင်ပေ။ ဒီကပ်ဆိုးကြီးက ဘာကြောင့် ဒီလိုကောင်းတဲ့ အဝတ်အစားတွေကို ဝတ်ရတာလဲ?
စုန်းမကြီးချောင်ရှို့ကျီက ကျောင်းကျောင်းအာ၏ မျက်နှာကို ကြက်မစင်ဖြင့် လိမ်းပေးခဲ့သည်။ ဒီဘေးဆိုးက အဝတ်အစားတွေကို ကျောင်းကျောင်းအာကို ပေးချင်စိတ်မရှိလို့ မဟုတ်လား?
ဖန်ရှောင်ကျွမ်းက ကြည့်လိုက်သောအခါ ချောင်ရှို့ကျီက ပြန်မလာသေးသည်ကို သတိထားမိလိုက်သည်။ သူမက ချက်ချင်းထလိုက်ပြီး သာ့ချောင်၏ မျက်နှာကို လက်ညိုးနှင့်ထိုးကာ ကျိန်ဆဲသည်။
"နင် စိတ်ထားမကောင်းတဲ့ဟာလေး၊ နင့်အဝတ်အစားတွေကို ချွတ်ပြီး ငါ့ကို ချက်ချင်းပေးလိုက်!"
သာ့ချောင်သည် သူမအမေကြောင့် ထိတ်လန့်သွားသည်။ သူမကိုယ်ကို တည်ငြိမ်အောင် မထိန်းနိုင်ခင်မှာ သူမ၏ ခန္ဓာကိုယ်လေးက နှစ်လှမ်းလောက် နောက်ပြန်ဆုတ်သွားသည်။
သူမက မျက်မှောင်ကြုတ်ပြီး အမေ့ကို မော့ကြည့်လိုက်သည်။ သေးငယ်သော ပါးစပ်ဖြင့် ငြင်းဆန်ရန် သတ္တိကို စုဆောင်းလိုက်သည်။ "မဟုတ်ဘူး!"
ဖန်ရှောင်ကျွမ်းက အံ့ဩသွားသည်။
ဤငထစ်မက သူမကို အမှန်တကယ် ပုန်ကန်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
သူမ အာရုံပြန်ရလာပြီးနောက် ရှက်ရွံ့စိတ်ဖြင့် ချက်ချင်းပင် ဒေါသထွက်သွားသည်။ "နင်က မျက်လုံးဖြူ ဝံပုလွေတစ်ကောင်ပဲ။ နင့်ကို ငါမွေးပြီး နှစ်အတော်ကြာ ပြုစုပျိုးထောင်ခဲ့တယ်။ အဲဒီတုန်းက နင့်ကိုမွေးဖို့ ငါ သွေးထွက်များခဲ့ရတယ်။ ဒါက နင်ငါ့ကို ပြန်ဆပ်တာလား?"
"အဲဒီနေ့က နင့်ကို လည်ပင်းညှစ်သတ်ပစ်ခဲ့ရမှာ၊ ဒါဆို အခုနင်က ငါ့ကို စိတ်တိုစေမှာ မဟုတ်တော့ဘူး။ နင့်ရဲ့အဝတ်အစားတွေကို ချက်ခြင်းချွတ်ပြီး ငါ့ကိုပေးဖို့ ငါအမိန့်ပေးနေတယ်နော်!"
အရင်တုန်းက ဖန်ရှောင်ကျွမ်းက သူမကို ဘယ်လောက်ပဲ ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ပါစေ သာ့ချောင်က သူမအမေအပေါ် ရိုးသားသည့် စိတ်ကို အမြဲထိန်းသိမ်းထားသည်။ တစ်နေ့တွင် သူမအမေက သူမကို ရှောင်ချောင်ကဲ့သို့ သဘောကျလိမ့်မည်ဟု မျှော်လင့်သည်။
သို့သော် ယခုနောက်ပိုင်းတွင် ကျောက်စိမ်းပုတီးစေ့ရေကို သောက်ပြီးနောက် သူမ၏ စိတ်ရှုပ်ထွေးမှုနှင့် မသိနားမလည်သော စိတ်များက တိမ်များကို တွန်းထုတ်လိုက်သကဲ့သို့ ချက်ချင်းပင် ကြည်လင်လာသည်။
အရင်က သူမနားမလည်ခဲ့သော အရာများက တဖြည်းဖြည်းနှင့် အဓိပ္ပါယ်ရှိလာပါသည်။
အရင်က ဒီလိုအခြေအနေမျိုး ကြုံလာရလျှင် ဝမ်းနည်းပြီး ဆုံးရှုံးရလိမ့်မည်။
ယခုမူ သူမ စိတ်ထဲတွင် တစ်ခါမှ မတွေးဖူးသော အတွေးသစ်တစ်ခု ဝင်လာသည်။ သူမအမေက အမေကောင်းတစ်ယောက်မဟုတ်ဟု သူမ ခံစားမိသည်။ မိခင်ကောင်းတစ်ယောက်က သူမကလေးကို ယခုကဲ့သို့ မဆက်ဆံပေ။
ထို့ကြောင့် အဝတ်အစားများကို မပေးချင်ပေ။ သူမအမေ၏ ညွှန်ကြားချက်များကို မလိုက်နာချင်ပေ။
သာ့ချောင်၏ လက်ဖဝါးအရွယ် မျက်နှာသည် နီမြန်းသွားသည်။ သူမအမေကို ကြည့်ပြီး ပြတ်ပြတ်သားသား ငြင်းဆိုပြန်သည်။
"မဟုတ်ဘူး၊ ရှင်က အမေဆိုးပဲ၊ သမီးမလိုချင်ဘူး၊ အမေ့ကို အဝတ်အစားတွေ မပေးချင်ဘူး!"
ဖန်ရှောင်ကျွမ်းက အံ့အားသင့်သွားပြန်သည်။
ဘေးဆိုးက ဘယ်လိုတွန်းလှန်ရမလဲဆိုတာ သိရုံတင်မကဘဲ ပြတ်ပြတ်သားသားပြောပြီး စကားထစ်သည်က ပိုကောင်းလာသည်။
ဘာတွေဖြစ်နေတာလဲ?
သူမ ထိတ်လန့်နေသောအချိန်တွင် သာ့ချောင်က ခန္ဓာကိုယ်ကို လိမ်ပြီး သူမ၏ လက်အောက်မှ ပြေးထွက်သွားခဲ့သည်။
ဖန်ရှောင်ကျွမ်းက သတိပြန်ရလာပြီး ဒေါသနှင့် ထခုန်သည်။ "နင် မျက်လုံးဖြူဝံပုလွေ။ ရပ်လိုက်။ ဆွေမျိုးအားလုံးကို ကျိန်ဆဲတယ်ပေ့ါလေ။ နင့်ကို ငါမသတ်နိုင်ဘူးလားဆိုတာ ကြည့်စမ်း!"
တစ်စုံတစ်ယောက်သည် ဖန်ရှောင်ကျွမ်းက ကလေးတစ်ဦးအား ထိုကဲ့သို့ အနိုင်ကျင့်ခြင်းကို မခံမရပ်နိုင်ဖြစ်ပြီး ပြောသည်။ "ရှောင်ကျွမ်း၊ နင်က အရွယ်ရောက်ပြီးပြီလေ။ ဘာလို့ တစ်နေ့လုံး ကလေးကို ခက်ခဲအောင်လုပ်နေတာလဲ?"
ဖန်ရှောင်ကျွမ်းက တစ်ဖက်လူ၏ မျက်နှာဆီသို့ တံတွေးထွေးလိုက်သည်။ "နင့်ကို ဘယ်သူက စကားများခိုင်းနေတာလဲ? ငါ့ကိုယ်ပိုင်ကလေးပဲ၊ ငါရိုက်ချင်ရင် ရိုက်လို့ရတယ်!"
ထိုလူသည် ချက်ချင်းပင် ဒေါသတကြီး ဖြစ်သွားသည်။ "ငါ ဖွီ၊ အဒေါ်ချောင်ပြန်လာတဲ့အခါ နင် ဒီလောက် မာနကြီးရဲလား ငါကြည့်ချင်တယ်!"
ဖန်ရှောင်ကျွမ်းသည် သူမယောက္ခမဖြစ်သူ၏ အမည်ကို ကြားလိုက်သောအခါ တုန်လှုပ်သွားသည်။
သို့သော် ယခုအချိန်တွင် သူမသည် ချောင်ရှီု့ကျီကို လွန်စွာ မကြောက်တော့ပေ။ ဝမ်ရှင်းရှန် အတူအိပ်ပြီးကတည်းက စိတ်ဓာတ်ကြံ့ခိုင်လာပြီး သူမကိုယ်သူမ ဝမ်မိသားစုဝင်တစ်ယောက်အဖြစ် သတ်မှတ်ထားသည်။
ဝမ်ရှင်းရှန်၏ အကြီးဆုံးအစ်ကိုမှာ ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်သည်။ ဝမ်မိသားစုတွင် လက်ထပ်ပြီးနောက် သူမသည် အညစ်ပတ်ဆုံး၊ ပင်ပန်းပြီး အမြတ်အနည်းဆုံး အလုပ်အားလုံးကို ဝမ်ရွှေရှန်အား ချောင်မိသားစုထံ ပေးခိုင်းမည်ဖြစ်သည်။
သူမသည် ချောင်မိသားစုဝင်များအား သူမရှေ့တွင် ဒူးထောက်ကာ တောင်းပန်စေချင်သည်။ ထို့နောက် သူမသည် ခြေဖဝါးအောက်တွင် သူတို့၏မျက်နှာများကို ပွတ်တိုက်မည်။
ထို့ကြောင့် သူမသည် တစ်ဖက်သား၏ စကားကြောင့် သာ့ချောင်ကို လိုက်နေခြင်းအား မရပ်သည့်အပြင် ပို၍ ရက်စက်လာသည်။
သာ့ချောင်ကို ဖမ်းမိခါနီးအချိန်တွင် ငယ်သံပါသည့် အော်သံက နီးကပ်လာသည်။ "ကူညီပါဦး၊ တောဝက်က ငါ့ကို လိုက်ဖမ်းနေတာ။ ကူညီပါဦး!"
လူတိုင်းက ရပ်တန့်သွားသည်။
တောဝက်?
ချီလီကျေးရွာရှိ သက်ကြီးရွာသား အများအပြားသည် တောဝက်များကို မြင်ဖူးကြသော်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်သည်။
တောဝက်များသည် ကောက်ပဲသီးနှံများနှင့် သာမန်လူများအတွက် အလွန်အန္တရာယ်များသောကြောင့် လွန်ခဲ့သည့်နှစ်အနည်းငယ်က တောဝက်များကို သတ်ရန်အတွက် တောင်ကြီးများသို့ တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့သည်။ ယင်းကြောင့် မကြာသေးမီနှစ်များအတွင်း တောဝက်များကို မည်သူမျှ မတွေ့ခဲ့ရပေ။
လူတိုင်း အေးခဲနေချိန်တွင် ဖန်ဖူကွေ့က အော်ဟစ်ပြီး ဤဘက်သို့ ပြေးလာသည်။ "ကူညီပါ၊ ကူညီပါ!"
အဘွားကြီးဖန်သည် မကြာသေးမီက ဝက်သား ၄ ဂျင်း ရရှိသည့်အတွက် ဂုဏ်ယူနေခဲ့သည်။ ယခုအခါတွင် သူမ၏ အဖိုးတန်သားအား တောဝက်၏ လိုက်ဖမ်းခြင်းကို မြင်လိုက်ရသောအခါတွင် ထိတ်လန့်တုန်လှုပ်သွားသည်။
တောဝက်ကြီးက ဖန်ဖူကွေ့ကို လိုက်နေသည်အား လူတိုင်းတွေ့လိုက်ရသည်။ တစ်ချိန်တည်းတွင် ရှုပ်ပွသွားသည်။ သူတို့က ပြန့်ကျဲပြီး ထွက်ပြေးကြသည်။
အားလုံးက ပြေးနေကြသည်ကိုမြင်သောအခါ အဘွားကြီးဖန်က စိုးရိမ်တကြီး ခုန်ဆင်းပြီး သူမအနားက ပြေးလာသည့် အမျိုးသားကို ဖမ်းဆွဲလိုက်သည်။
"လူငယ်လေး၊ ကျေးဇူးပြုပြီး ငါ့မိသားစု ဖူကွေ့ကို ကယ်တင်ပါလို့ တောင်းပန်ပါတယ်"
ကယ်ရမလား?
နောက်ပြောင်စရာပဲ။ အဲဒါက တောဝက်ပဲ။
သူက အသက်မရှင်ချင်တော့ဘူးလို့ သူမ ထင်နေတာလား?
ထိုလူက သူမကို အရူးတစ်ယောက်လို ကြည့်ပြီး သူမ၏ လက်ကို ဆွဲထုတ်ကာ ထွက်ပြေးသွားသည်။
"အားယား၊ ကောင်းကင်က မျက်လုံးမဖွင့်ဘူး။ ငါ့သား၊ အမေ မင်းကို ကယ်တင်ဖို့ လာမယ်"
အဘွားကြီးဖန်က သူမသားကို ကယ်တင်ချင်သော်လည်း ကူကယ်ရာမဲ့ ဖြစ်နေသည်။ စကားပြောပြီးသည်နှင့် ခြေထောက်များက ပျော့လာပြီး မြေပြင်ပေါ် သို့ လဲကျသွားသည်။ သူမ မထနိုင်တော့ပေ။
မိခင်မေတ္တာ၏ စွမ်းအားသည် မအောင်မြင်ပေ။
"အားးးး..." ဖန်ဖူကွေ့၏ ကြေကွဲဖွယ်အော်သံက ထွက်လာခဲ့သည်။
အားလုံးက လှမ်းကြည့်လိုက်သောအခါ တောဝက်က ဖန်ဖူကွေ့၏ တင်ပါးထဲသို့ နှာခေါင်းထိုးနေသည်ကို တွေ့လိုက်ရသည်။ ဖန်ဖူကွေ့က အော်ဟစ်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဖန်ဖူကွေ့က ခြေထောက်ကျိုးသွားပုံရသည်။
အကြိမ်ကြိမ်ကြိုးစားသော်လည်း မထနိုင်ပေ။
သူသေသွားပြီဟု လူတိုင်းက ထင်နေသောအချိန်တွင် တောဝက်က ရုတ်တရက် သူ့ကို တိုက်ခိုက်နေသည်အား ရပ်လိုက်သည်။ ခေါင်းကိုလှည့်ပြီး သာ့ချောင်ကို သင်ခန်းစာပေးနေသည့် ဖန်ရှောင်ကျွမ်းဆီသို့ ပြေးသွားခဲ့သည်။
ဖန်ရှောင်ကျွမ်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ဖန်ရှောင်ကျွမ်း၏ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
ဖန်ရှောင်ကျွမ်းက သာ့ချောင်ကို မစဉ်းစားဘဲ တွန်းထုတ်လိုက်သည်။
ထို့နောက် သူမက လှည့်လိုက်ပြီး သူမ၏ ခြေထောက်သည် လေတိုက်သလို ပြေးထွက်သွားသည်။
သာ့ချောင်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
လူတိုင်းက ထအော်ကြသည်။
တစ်စုံတစ်ယောက်သည် စိုးရိမ်တကြီးအော်သည်။ "သာ့ချောင်၊ ထ။ ထပြီး ပြေးတော့!"
"ကံဆိုးလိုက်တဲ့ ကလေး၊ ဒီလိုမိခင်မျိုးနဲ့ ကြုံရတာက ရှစ်ဘဝလောက် စုလာတဲ့ ကံမကောင်းမှုပဲ!"
"သနားစရာ……"
သာ့ချောင်သည် မြေပြင်ပေါ်တွင် မလှုပ်မယှက် ထိုင်နေပြီး ထိတ်လန့်နေပုံရသည်။
တောဝက်က သာ့ချောင်ထံသို့ ရောက်ခါနီးတွင် ထူးဆန်းသေယ ကိစ္စတစ်ခု ထပ်ဖြစ်လာပြန်သည်။
တောဝက်သည် သာ့ချောင်ကို ဖြတ်ပြေးသွားသည်ကို တွေ့လိုက်ရသည်။ ၎င်း၏ပစ်မှတ်ကို ဖန်ရှောင်ကျွမ်း တစ်ယောက်တည်းတွင်သာ သော့ခတ်ထားသည်။
"အားးးးးး..."
ဖန်ရှောင်ကျွမ်းသည် သူမနောက်မှ ပြင်းထန်သည့် အသံကို ကြားလိုက်ရသောအခါ လုံး၀ ကြောက်ရွံ့သွားသည်။
ရုတ်တရက် သူမ၏ ခြေထောက်သည် တိုးထွက်နေသော ကျောက်တုံးပေါ်သို့ နင်းမိသွားပြီး ရှောင်ချောင် ပြုတ်ကျသွားသကဲ့သို့ ဘန်းခနဲ လဲကျသွားသည်။
သူမပါးစပ်ထဲတွင် သံအရသာက ပျံ့နှံ့သွားသည်။ သို့သော်လည်း သူမက နာကျင်မှုကို ဂရုမစိုက်နိုင်ပေ။ သူမသည် တွားသွားပြီး အဝေးသို့ ဆက်လက် ပြေးသွားနေသည်။
သို့သော် တောဝက်က ဖမ်းမိသွားသည်။ ၎င်း၏ရှေ့ခွာဖြင့် တွန်းချလိုက်ပြီး သူမကို မာန်ဖီသည်။
ဖန်ရှောင်ကျွမ်းသည် တောဝက်က အနီးသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ မြေပြင်ပေါ်တွင် ထိုင်နေရင်း သူမ၏ ခြေထောက်များ အားနည်းလာသည်။
တောဝက်က အော်သောအခါ သူမက ချက်ချင်း မြေပြင်ပေါ် လဲကျသွားသည်။
သေပြီ! သူမသေပြီ!
ဖန်ရှောင်ကျွမ်း၏ သွားများက ရိုက်ခတ်နေသည်။ သူမ၏ ဘောင်းဘီမှာ ပူလာပြီး အဝါရောင် ဆီးများ ထွက်လာသည်။
ဖန်ရှောင်ကျွမ်းက သေပြီဟု လူတိုင်းက ထင်နေသည့်အချိန်တွင် နောက်ထပ် ထူးဆန်းသည့် အဖြစ်အပျက်တစ်ခု ထပ်ဖြစ်ပြန်သည်။
တောဝက်သည် ဖန်ရှောင်ကျွမ်း၏ ဦးခေါင်းဆီသို့ သွားကာ ခွေးထီး ဆီးသွားသကဲ့သို့ နောက်ခြေထောက်ကို မြှောက်လိုက်သည်။
ဖန်ရှောင်ကျွမ်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဘာလုပ်ချင်တာလဲ?
သူမကို ခွါနဲ့ ရိုက်သတ်ချင်နေတာ မဟုတ်ဘူးလား?
"အားးးးးးး..." ဖန်ရှောင်ကျွမ်းက အလန့်တကြားအော်လိုက်သည်။
ထိုအချိန်တွင် တောဝက်ထံမှ အနံ့ဆိုးထွက်နေသော အဝါဖျော့ဖျော့ အရည်က ထွက်လာပြီး ဖန်ရှောင်ကျွမ်း၏ မျက်နှာနှင့် ပါးစပ်ကို ပက်ဖြန်းသွားသည်။
လူတိုင်း - "..."
...
အားလုံး၏ မျက်လုံးများသည် မြေပြင်ပေါ်သို့ ကျဆင်းသွားကြသည်။
ဖန်ရှောင်ကျွမ်း၏ မျက်နှာပေါ်တွင် တောဝက် ဆီးသွားသည်ကို တွေ့လိုက်ရသည်။ သူတို့ အိပ်မက် မက်နေတာလား?
ဖန်ရှောင်ကျွမ်းက ရူးတော့မတတ်ပင်။
မဟုတ်ဘူး၊ သူမ ရူးနေပြီ။
သူမက အော်ဟစ်ချင်သော်လည်း ပါးစပ်ကို ဖွင့်လိုက်သည်နှင့် ဆီးသည် လည်ချောင်းထဲသို့ စိမ့်ဝင်သွားသည်။
အားးးးးးး ရှက်လွန်းလို့ သေချင်သည်။
တောဝက်က သူမ၏ နှာခေါင်းကို တက်ထိုင်ပြီး သတ်လိုက်သည်က ပိုကောင်းသည်။
ဝမ်ရှင်းရှန် ရောက်သည်က နောက်ကျသည်။
ခြွေလှေ့ခြံသို့ရောက်သောအခါ ဖန်းရှောင်ကျွမ်း၏ မျက်နှာပေါ်တွင် တောဝက်သည် ဆီးသွားသည်ကိုတွေ့လိုက်ရသည်။ သူက နေရာတွင်ပင် အက်ကွဲသွားသည်။
သူက ပြန်လှည့်မပျို့တက်ခင် ခဏလောက် ရပ်လိုက်သည်။
ဖန်ရှောင်ကျွမ်းနှင့် အတူအိပ်ပြီးနောက် ဖန်ရှောင်ကျွမ်းသည် လင်းမိသားစုထံမှ ကြက်မစင် ကျွေးခံရကြောင်း အခြားသူများထံမှ သိရှိခဲ့ရသည်။ ထိုအချိန်တွင် သူသည် အလွန် ရွံရှာသွားသည်။
သို့သော် သူသည် သူမနှင့် အိပ်ပြီးပြီဖြစ်သည်။ ဖန်ရှောင်ကျွမ်းက အလှဆုံးလေးဖြစ်သည်။ ခဏလောက်စဉ်းစားပြီး ဤကိစ္စကို စိတ်ထဲမထည့်ထားပေ။
ယခုမူ တောဝက်၏ သူမမျက်နှာပေါ်တွင် ဆီးသွားသည်ကို ကိုယ်တိုင်တွေ့လိုက်ရသဖြင့် သည်းမခံနိုင်တော့ပေ။
ယခုအချိန်တွင် ဖန်ရှောင်ကျွမ်းနှင့် လက်ထပ်ရန် စိတ်ကူးကို ပယ်ချလိုက်သည်။
ကြက်ချေးကျွေးခံရပြီး ဝက်ကျင်ငယ်ရည်သောက်တဲ့ အမျိုးသမီးကို လက်ထပ်မလား? သူက မျက်နှာလိုချင်သေးလား?
ချောင်ရှို့ကျီသည် သူမ၏ ခဏတာ ပျောက်သွားမှုအတွင်း ဤမျှလောက်သော အရာများ ဖြစ်လာမည်ဟု မမျှော်လင့်ထားပေ။
သူမသည် ပိတ်ဆို့နေသည်ကို ဆန့်ကျင်ကာ ပြန်ပြေးသွားသည်။ တောဝက်သည် သာ့ချောင်ဆီသို့ ပြေးလာသည်ကို မြင်လိုက်ရသောအခါတွင် သူမ၏ နှလုံးခုန်သံက ချက်ချင်းပင် ရပ်သွားသည်။
ဖက်ထုပ်ငယ်လေးသာ သူမ၏ ပေါ့ဆမှုကြောင့် ဒဏ်ရာရခဲ့ပါက သူမသည် ဤဘဝတွင် ဘယ်တော့မှ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်တော့ပေ။
ကံကောင်းထောက်မစွာ တောဝက်က သူမကို မတိုက်ခိုက်ခဲ့ပေ။ ယင်းအစား သူမအား ကျော်ဖြတ်ကာ ဖန်ရှောင်ကျွမ်းနောက်ကို လိုက်ခဲ့သည်။