← Chapters

အပိုင်း (၁၃၈၂)

Vol. 93 Ch. 1382

အပိုင်း (၁၃၈၂)

Vol. 93 Ch. 1382

မိုကိုင်ရင်၏ ကျင့်ကြံခြင်းအဆင့်သည် အလွန်မြင့်မားလှသလို သူကိုင်ဆောင်သည့် လက်နက်ကလည်း ကောင်းမွန်လွန်း၏။ ကျွင်းချောင်ရှောင်းအနေဖြင့် သူ့အား မတိုက်ခိုက်နိုင်ခဲ့ချေ။ ရေရှည်ဆက်လက် တိုက်ခိုက်နေမည် ဆိုပါက အချိန်ကာလ ကြာမြင့်သည်နှင့် ရှုံးနိမ့်သွားမှာသေချာ၏။

သို့ပေမဲ့ ကုန်းရှန့်အနေဖြင့် တစ်ဖက်လူ မည်မျှအားကောင်းသည်ဆိုဆို ကိစ္စမရှိချေ။

အဘယ့်ကြောင့်ဆိုသော် သူ့၌ ဝှက်ဖဲများ တည်ရှိနေသေး၏။ အနည်းငယ်တိုက်ခိုက်ပြီးနောက် သူသည် ပြိုင်ဖက်၏ ဓားမော့ကြီးကို အပြင်းအထန် ခုခံနေရ၏။ ထို့ကြောင့် ရွေးချယ်ခွင့်မရှိဘဲ စဦးလက်ဆောင်ထုတ်ထဲမှ ရရှိထားသည့် မိုကြိုးခန္ဓာကိုယ်အား ချိုးဖျက်ခဲ့ရ၏။

အလွန်အားကောင်းလှသည့် စွမ်းအင်များနှင့် ထူးခြားလှသည့် စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီး သူ၏ ခန္ဓာကိုယ်၊ မရီဒန်နှင့် သွေးတို့အား ရွှေအဖြစ်သို့ ပြောင်းလဲသွားစေ၏။ ဗုဒ္ဓကျင့်ကြံခြင်းအရဆိုလျှင် ဖျက်စီး၍မရသော မိုးကြိုးခန္ဓာကိုယ်ဆိုသည်မှာ အမှန်ပင်တောင့်တင်းခိုင်မာလှပြီး ဖျက်စီး၍မရအောင် သန်မာလှသည်။

အဆောင်၏ အကျိုးသက်ရောက်မှု စတင်အသက်ဝင်သွားသည့် အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ ခွန်အားသည် ရူးရူးမူးမူးတိုးတက်သွား၏။ သူသည် အလွန်အားကောင်းလှသော ဓားမော့တိုက်ခိုက်ချက် သုံးချက်ကိုပင် လွယ်လွယ်ကူကူနှင့် ခံယူခဲ့၏။

ဟုတ်ပေသည်၊ သူ၏ ခန္ဓာကိုယ်၊ ကြွက်သားနှင့် မရီဒန်များသည် မိုးကြိုးခန္ဓာကိုယ်ကြောင့် ဖျက်စီး၍ မရနိုင်တော့သလို၊ သူ၏အားအင်အဆင့်သည်လည်း တိုးတက်သွားခဲ့သည်။

ပထမတုန်းက ကျွင်းချောင်ရှောင်းသည် သူ၏လောကလက်ချောင်းလက်နက်ကို ထုတ်ဖော်ကာ တိုက်ခိုက်မည်ဟု စဉ်းစားထားခဲ့သည်။ သို့ပေမဲ့ တစ်ဖက်လူ၏ အားအင်အဆင့်မှာ ကြောက်မက်ဖွယ်ကောင်း သည်ကို သိရှိပြီးနောက် ဤကဲ့သို့ အဆောင်ကိုချိုးဖျက်ရန်သာ ရွေးချယ်ခဲ့၏။ လက်ရှိအချိန်မှာတော့ မိုကိုင်ရင်သည် အနောက်သို့ ဆုတ်ခွာသွားရုံသာမက သူ၏ဓားမော့သည်လည်း ပျက်စီးသွားခဲ့၏။

"ချီးတဲ့မှ …. စဦးလက်ဆောင်ထုပ်ထဲက ရရှိတဲ့အဆောင်က အရမ်းအစွမ်းထက်တာပဲ "

ကုန်းရှန့်သည် အံ့အားသင့်လျက်ရှိ၏။ မိုးကြိုးခန္ဓာကိုယ်၏ အစွမ်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း သူခံစားမိနေ၏။ အောက်နယ်မြေ၌ ရရှိခဲ့သော အဆောင်များနှင့် လုံးလုံးကွာခြားနေ၏။ ကံဆိုးသည်မှာ သူ့၌ တစ်ခုတည်း ရှိနေခြင်းပင်။

စတိုးထဲမှ ဖော်စပ်နည်းဖော်မြူလာကိုသာ ရရှိပါက များများစားစား ထုတ်လုပ်ထားနိုင်ပေမည်။ ထိုသို့ဆိုပါက စွမ်းအားမြင့်ကျင့်ကြံသူများကို သူကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။

အထက်နယ်မြေ၌ သူလုပ်ချင်တာလုပ်နိုင်စွမ်း ရှိပေလိမ့်မည်။ လက်ရှိအချိန်မှာတော့ ကုန်းရှန့်သည် စနစ်ကိုဖယ်ခွာပြီး မိမိကိုယ်မိမိ အားကိုးကာ အားကောင်းချင်သည့် ကုန်းရှန့် မဟုတ်တော့ချေ။ စကြာဝဠာ၏ နိယာမများနှင့် ပတ်သက်ဆက်နွယ်နေသော စနစ်ကို ဖက်နွယ်ထားချင်စိတ်များပင် ဖြစ်မိနေ၏။ ဤကဲ့သို့ ဂိမ်းဆာဗာ ခိုးယူရခြင်းသည် အလွန်ကောင်းမွန်သည့် ခံစားချက်များကို ရှိစေ၏။

“ဒင် … ရေခဲဓားမော့ဂိုဏ်းချုပ်အား အနိုင်ယူခြင်း ၁/၁"

ဝှစ်

အဆောင်၏ အသုံးပြုနိုင်မှုမိနစ်ကို သိရှိပြီးနောက် ကျွင်းချောင်ရှောင်းသည် ရှောင်ပိုင်ချိုကို လက်ညိုးထိုးကာ စိန်ခေါ်လိုက်၏။

"ခင်ဗျားအလှည့်ပဲ"

သူ၏ လှုပ်ရှားမှုများသည် အလွန်ပင်ကြည့်ကောင်းလွန်းလှချေ၏။ သူ၏ မောက်မာမှုများသည် အခြားသူများကို အလွန်တရာပင် ရှက်ရွံ့စေသည်။

လက်ရှိအချိန်မှာတော့ ရှောင်ပိုင်ချိုသည် အလွန်ပင်အံ့အားသင့်လျက်ရှိ၏။

သူ၏ အားအင်အဆင့်အရဆိုလျှင် ရေခဲဓားမော့ဂိုဏ်းချုပ်နှင့် သိပ်မကွာလှချေ။ မိုကိုင်ရင်သည် လက်သီးတစ်ချက်နှင့် သွေးပင်အန်ထွက်ပြီး လက်နက်မှာလည်း ကျိုးပျက်သွားခဲ့၏။ သူသာဆိုလျှင်လည်း ထိုတိုက်ခိုက်ချက်ကို ခုခံ့နိုင်လိမ့်မည် မဟုတ်ချေ။

ထို့ပြင် တစ်ဖက်လူမှာ ရွှေရောင်ခန္ဓာကိုယ်နှင့်အတူ တောက်ပလျက်ရှိနေ၏။ ကြည့်ရှုရသည်မှာ နတ်ဘုရား နည်းစနစ် တစ်ခုခုကို အသုံးပြုထားခြင်းပင် ဖြစ်ပေလိမ့်မည်။

"ဘာလဲ"

ကျွင်းချောင်ရှောင်းသည် အော်ဟစ်လိုက်၏။ "ရွှမ်အဆင့် ဂိုဏ်းတစ်ခုက လူသိရှင်ကြား အရှုံးပေးတော့မှာလား"

ရွှီ

အင်ပါရီယန်ဓားမော့ဂိုဏ်းမှ အကြီးအကဲတစ်ယောက်သည် ရှေ့သို့လှမ်းထွက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဒီအဘိုးကြီးက မင်းနဲ့တိုက်ခိုက်မယ်"

ကျွင်းချောင်ရှောင်းသည် အလွန်အားကောင်းသည်ကို သိရှိပြီးဖြစ်၏။ ဂိုဏ်းချုပ်အနေဖြင့် စင်ပေါ်သို့တက်ကာ တိုက်ခိုက်မည်ဆိုလျှင် ကျိန်းသေပေါက် အောက်စည်းသို့ ရောက်ရှိမည်ဖြစ်၏။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်ကို အရင်းပြုကာ တစ်ဖက်လူ အားကုန်သွားအောင် ကြိုးစားခြင်း ဖြစ်ပေလိမ့်မည်။

ဘုန်း ….။

ရုတ်တရက် အားကောင်းလှသောလက်သီးချက်ကြီးဖြင့် သူသည် အောက်ဆီသို့ လွင့်စင်သွားသည်။

ခန္ဓာကိုယ် တစ်ခုလုံး ရွှေရောင်များနှင့် တောက်ပလျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် လက်သီးကိုမြောက်ကာဖြင့် တစ်ဖက်လူ၏ တည်နေရာရှေ့တွင် မတ်မတ်ရပ်လိုက်သည်။ ပြီးနောက် သူသည် လက်သီးကိုမြောက်ကာဖြင့် ပြောလိုက်၏။ "ခင်ဗျားက ဂိုဏ်းတစ်ခုရဲ့ အကြီးအကဲတစ်ယောက်သာသာပဲလေ။ကျုပ်ကို စိန်ခေါ်ဖို့ အရည်အချင်းမပြည့်မီဘူး"

ဂိမ်းဆာဗာ ခိုးယူပြီးနောက် ကျွင်းချောင်ရှောင်းသည် အလွန်အားကောင်းကာ မောက်မာလျက်ရှိနေ၏။ သူ့အနေဖြင့် အခြားသူများ၏ ရှေ့တွင်အလွန်ကြည့်ကောင်းသည့် အမူအရာဖြင့် ဟန်ထုတ်နေသည် ဆိုသော်လည်း တစ်ကယ်ပင် အားကောင်းလွန်းလှသည်။

ကြည့်ရှုသူများသည် ဆွံ့အလျက်ရှိ၏။ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သည် အစတုန်းက ခက်ခဲလှသည့် အခြေအနေတွင် တည်ရှိနေ၏။ သို့ပေမဲ့ အဘယ့်ကြောင့် အားကောင်းသွားရသနည်း။

သူသည် အသားအရေ၊ ခန္ဓာကိုယ်နှင့် မျက်ခုံးမွှေး၊ ဆံပင်တို့ကိုပါ ရွှေရောင်အဖြစ်သို့ ပြောင်လဲနိုင်သည့် နတ်ဘုရားနည်းစနစ်တစ်မျိုးမျိုးကို ထုတ်ဖော်ကာ အသုံးပြုထားခြင်းပင် ဖြစ်ပေလိမ့်မည်။

လက်ရှိအချိန်မှာတော့ အရှက်ရွံ့ရဆုံးလူသည် ရှောင်ပိုင်လျှိုပင် ဖြစ်၏။

သူ၏အကြီးအကဲသည် လက်သီးတစ်ချက်တည်းဖြင့် အနောက်ဖက်သို့ လွင့်စင်ကာ သတိလစ်မေ့မြောနေ၏။ သူ့အနေဖြင့် တိုက်ခိုက်ရေး တည်နေရာသို့ တက်သွားခြင်းသာမရှိပါက အားလုံးသောသူများ၏ လက်ညိုးထိုးစရာ ဖြစ်လာပေလိမ့်မည်။

ဘုတ်

သူသည် ရှေ့ဆီသို့ လှမ်းလျှောက်သွား၏။ ထိုအချိန်၌ ကျွင်းချောင်ရှောင်းသည် အားအကောင်းဆုံးသော အခြေအနေ၌ တည်ရှိနေ၏။

သို့ပေမဲ့ အင်ပါရီယန်နတ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်သည် ရန်ငြိုးများဖြေရှင်းမည်ဟု ပြောဆိုခဲ့ဖူး၏။ ထို့ကြောင့် ကျိန်းသေပေါက် ရင်ဆိုင်တိုက်ခိုက်မှု ပြုလုပ်ရပေတော့မည်။

ချလွမ်

ရှောင်ပိုင်လျှိသည် သူ၏ဓားကို ထုတ်ယူကာပြောလိုက်၏။ "လာစမ်း"

ရွှီ ရွှီ

ကျွင်းချောင်ရှောင်းသည် အလျင်အမြန်တုံ့ပြန်လိုက်၏။ ရွှေရောင်အလင်းတန်းများသည် လင်းလက်သွားသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသောအော်ရာများသည် အလွန်အားကောင်းလှပြီး တည်နေရာတစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားသည်။

ရှောင်ပိုင်လျှို သည် အနည်း စိုးရွံ့နေသည်ဆိုသော်လည်း ဤတည်နေရာတွင် ရပ်၍ သေမည့်အချိန်ကို စောင့်နေမည် မဟုတ်ချေ။ ထို့ကြောင့် သူ၏ ကျန်းချီများကို ဓားအတွင်း ထည့်သွင်းလိုက်သည်။ ဓား၏အော်ရာများ သည် သူ့အား လွှမ်ခြုံသွား၏။ သူသည် အော်ဟစ်လိုက်၏။ "အင်မော်တယ်ဓားရိပ် "

ရွှီ ရွှီ

ဓားအော်ရာတစ်ဒါဇင်ကျော်တို့သည် ရှုပ်ထွေးလာပြီးနောက် တစ်ခုနှင့်တစ်ခု လိမ်ယှက်သွား၏။ ထိုဓားအော်ရာများ၏ သက်ရောက်မှုသည် မိုကိုင်ရင်၏ လက်နက်ထက်ပင် သက်ရောက်မှုအားပြင်းလှသည်။

ဘုန်း ဘုန်း ဘုန်း

ကျွင်းချောင်ရှောင်းသည် အကြောက်အလန့်ကင်းမဲ့လှ၏။ ရှေ့ဆီသို့ ခြေလှမ်းအကျဲများဖြင့် လှမ်းတက်သွားပြီး လက်သီးတွင် အားအင်များ စုစည်းကာ ဓားအော်ရာများကို ချိုးဖျက်နေ၏။

ကြည့်ရှုနေသူများသည် ကြောက်လန့်တကြားဖြင့် တုန်ယင်သွားမိ၏။ ရှောင်ပိုင်လျှို ၏ ဓားကွက်များသည် ကြောက်လန့်စရာကောင်းလှချေ၏။ အဆင့်အတန်းမြင့်မားလှ၏။

ထို့ပေမဲ့ တစ်ဖက်လူသည် ခန္ဓာကိုယ်ကို အသုံးပြုကာ ခုခံခြင်းပြုလုပ်နေ၏။

"တစ်လှမ်း၊ နှစ်လှမ်း"

ကျွင်းချောင်ရှောင်းသည် နောက်ဆုံးသော ဓားအော်ရာများကို ချိုးဖျက်လိုက်ချိန်မှာတော့ သူ၏ရန်သူနှင့် တစ်ပေအကွာကိုသာ ရောက်ရှိလာ၏။ သူသည် ခြေလှမ်းအကျဲကြီးဖြင့် လှမ်းတက်ကာ မိုခါရင်အား တိုက်ခိုက်လိုက်သည့်နည်းလမ်းနှင့် တစ်ပုံစံတည်းပင် တိုက်ခိုက်တော့၏။

အစောကတည်းက ပြင်ဆင်ထားသော ရှောင်ပိုင်ချိုသည် ရှောင်လိုက်ချင်၏။ သို့ျပမဲ့ အော်ရာတစ်ခုသည် သူ့အားဖိချနေ၏။ အလွန်အားကောင်းသည့် လက်ဝါးချက်ကြီးသည် သူရှောင်မည့်တည်နေရာဆီသို့ ဆင်းသက်လာ၏။

"မကောင်းတော့ဘူး"

"ကောင်းကင်လက်ဝါးရိုက်ချက်"

ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေသို့ ရောက်ရောက်ချင်း သူ သင်ယူဖူးသည့် သိုင်းနည်းစနစ်ကို အစစ်အမှန်တိုက်ပွဲတွင် စတင်ကာအသုံးပြုခဲ့သည်။

ဘုန်း

မိုးကြိုးအဆောင်၏ ထောက်ပံ့မှုနှင့်အတူ လက်ဝါးရိုက်ချက်ကြီးသည် အားအင်အပြည့်ဖြင့် ထွက်ပေါ်လာခဲ့၏။ တစ်ဖက်လူသည် အမြောက်နှင့်ပစ်ခံလိုက်ရသလို အဝေးဆုံးတည်နေရာဆီသို့ လွင့်စင်သွား၏။

ငြိမ်သက်မှု ၊

အလုံးစုံငြိမ်သက်မှု ….။

များပြားလှသည့် သိုင်းကျင့်ကြံသူများ၏ နှုတ်ခမ်းများသည် တုန်ယင်နေ၏။ ကပ်သပ်ကာ ပြောရမည်ဆိုလျှင် မိုကိုင်ရင်သည် လက်သီးတစ်ချက်တည်းနှင့် လွင့်စင်သွားခဲ့သည် ဆိုသော်လည်း ချောင်ပိုင်လျှိုမှာတော့ အကြိမ် အနည်းငယ် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရ၏။ ထို့ကြောင့် ဂုဏ်ယူသင့်ပေသည်။

“ဒင် …. အင်ပါရီယန်နတ်ဓားဂိုဏ်းမှ ဂိုဏ်းချုပ်အား အနိုင်ယူခြင်း။ ၁/၁"

“ဒင်….ဂိုဏ်း၏ တာဝန် ပြည့်စုံသည်။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ်ငါးသိန်းအား ရရှိ၏။”

“ဒင် …. လက်ခံသူသည် သီးခြားတာဝန်ကို ပြည့်စုံစေသည့်အတွက် ဂုဏ်ယူပါသည်။ ဖုံးကွယ်ထားသော ဆုလဘ်အဖြစ်အတွေ့အကြုံအဆောင်နှစ်ခု။ ဂိုဏ်း၏ အဆောက်အအုံ အဆင့်မြှင့်တင် နိုင်မှု တစ်ကြိမ်"

သတိပေးသံကို ကြားရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မျက်နှာပေါ်၌ ပျော်ရွှင်မှုတစက်ကလေးမှ မပြသခဲ့ချေ။ ထိုအစား တိုက်ခိုက်မှုပုံစံကို အသာရုပ်သိမ်းပြီးနောက် သူ၏လောကလက်ချောင်းစုတ်တံကြီးကို ကောက်ကိုင်လိုက်၏။ ပြီးနောက် အေးချမ်းစွာဖြင့် ပြောလိုက်၏။ "ဒီနေ့ လင်းဖန်တောင်တန်းပေါ်မှာ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအပြီးမှာ ကျုပ်တို့ကြားမှာရှိတဲ့ ရန်ငြိုးတွေ ပြေလည်သွားမယ်လို့ မျှော်လင့်မိတယ်။ နှုတ်ဆက်ပါတယ်"

အားလုံး၏ အကြည့်အောက်မှာပဲ ကုန်းရှန့်သည် ယုံကြည်ချက်ပြည့်စွာဖြင့် ပြန်လည်ထွက်ခွာလာခဲ့သည်။

"ဘာမှမကြာတဲ့အချိန်အတောအတွင်းမှာပဲ ရွှမ်အဆင့်ဂိုဏ်းချုပ်နှစ်ယောက်ကို တိုက်ခိုက်အနိုင်ယူခဲ့တာလား" များပြားလှသော ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များသည် အပြင်းအထန် ဆွေးနွေးလျက်ရှိ၏။

အထူးသဖြင့် တစ်ဖက်လူဆီမှ ထွက်ပေါ်လာသည့် ရွှေရောင်စွမ်းအင်များသည် သူတို့ကိုမူးနောက်နောက်ပင် ခံစားမိစေ၏။ စိတ်တစ်ခုလုံးသည်လည်း တုန်ခါလျက်ရှိသည်။

ရွှမ်အဆင့်ဂိုဏ်းချုပ်နှစ်ယောက်နှင့် ၎င်းတို့၏ လက်နက်များသည် အလွန်ပင်အားကောင်းလွန်းလှချေ၏။ ဆန်းပြားလှသည့် အကျိုးသက်ရောက်မှုများလည်း တည်ရှိနေသည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ ရိုးရှင်းလှသည့် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အခါမှာတော့ ဘာတစ်ခုမှ မတတ်နိုင်ခဲ့ချေ။

"သွားကြရအောင်၊ သွားကြရအောင်"

ရှောင်ပိုင်ချိုနှင့် မိုကိုင်ရင်တို့သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သည် ဖြစ်သောကြောင့် များပြားလှသော ဂိုဏ်းအသီးသီးတို့သည် ဤနေရာတွင်ရပ်၍ ဆွေးနွေးပွဲကို ဆက်မလုပ်ချင်ကြတော့ချေ။ထို့ကြောင့် လင်းဖန်တောင်ဆီမှ အားလုံးထွက်ခွာခဲ့၏။

သို့သော်ငြား …

ဘုန်း ဘုန်း

တောင်ခြေနှင့်မနီးမဝေး တည်နေရာတွင်တော့ ရွှေရောင်နှင့်လူသည် ကျောင်းတော်သားပုံစံ ဝတ်ဆင်ထားသည့် သက်လက်ပိုင်းလူ၏ ဦးခေါင်းအား လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ မြေပြင်နှင့် ရိုက်လျက်ရှိ၏။ ၎င်း၏ ဂိုဏ်းတူဂိုဏ်းသားများ အားလုံးသည် ကြောက်လန့်တကြားနှင့် ကြည့်ရှုနေရ၏။

ထွက်ခွာရန် ပြင်ဆင်နေသော ကျွင်းချောင်ရှောင်းသည် သူအား နောက်ကျောကို ဓားနှင့်ထိုးခဲ့သူအား မေ့လျော့သွားလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဤတည်နေရာတွင် ရပ်ကာစောင့်ဆိုင်းနေခြင်းပင် ဖြစ်သည်။

တစ်ဖက်လူ ရောက်ရှိလာသည်နှင့် တစ်ခါတည်း ဖမ်းချုပ်ကာ နံရံနှင့်ဆောင့်နေခြင်း ဖြစ်၏။ အကြိမ် အနည်းငယ်လောက် ရိုက်နှက်ပြီးနောက် ကုန်းရှန့်သည် သေမလိုဖြစ်နေသော ကျောင်းတော်သားဝတ်စုံနှင့် သတ်လတ်ပိုင်းလူအား မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။ ပြီးနောက် ၎င်း၏ဂိုဏ်းတူဂိုဏ်းသားများဆီသို့ လှမ်းကြည့်ကာ မိစ္ဆာဆန်သည့် အသံဖြင့် ပြောလိုက်၏။ "သူကို သေအောင်သတ်ရမလား၊ ပိုက်ဆံပေးမလား"

"ပေး …. ပေးပါ့မယ်"

"ဒါဆို သန်းတစ်ရာပေး"

“ဟမ် ….”

All Chapters