အပိုင်း (၁၃၈၄)
Vol. 93 Ch. 1384
နတ်ဆိုးဘုရင်လှိုဏ်ဂူ၏ အပြင်ဘက် တည်နေရာ ….။
ခရမ်းရောင်ဘုရင်အနေနှင့် လမ်းကို အလုံးစုံပြည့်စုံအောင် တားဆီးခြင်း မပြုနိုင်သောကြောင့် များပြားလှသော သားရဲများအားလုံးသည် ၎င်း၏ ပေါင်ခွကြား၊ လက်ကြားမှတဆင့် တိုးထွက်ကာဖြင့် အပြင်ဘက်ဆီသို့ ရောက်ရှိ လာခဲ့၏။ ထို့ကြောင့် ရီရှင်းချန်၊ ရှောင်ကျီနှင့် ဟယ်ဝူတီတို့ အားလုံးသည် ပြာယာခတ်ကုန်ကြ၏။
အထူးသဖြင့် ရှောင်ကျီပင် ဖြစ်သည်။ သူသည် သူ၏ ဂျူနီယာညီလေးနှစ်ယောက်အား ကြမ်းတမ်းလှသော သားရဲရိုင်းများ၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးခဲ့၏။ ထိုသားရဲရိုင်းများသည် သိုင်းသူတော်စင်အဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သည့်သူများ ဖြစ်သောကြောင့် သူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိရုံသာမက မရီဒန်များ သည်ပါ ထိခိုက်သွားခဲ့၏။ ကံကောင်းစွာဖြင့် သားရဲရိုင်းများသည် မည်ကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ရမည်ကိုသာ သိရှိ၏။ အစစ်အမှန် သိုင်းပညာရှင်များဆိုပါက ဤကဲ့သို့သော အရေအတွက်နှင့် ယှဉ်ပြိုင်ရမည်ဆိုလျှင် ရှောင်ကျီတို့ အနေဖြင့် သေနေပြီဖြစ်သည်။
လက်ရှိ ၎င်းတို့သုံးယောက် ကြုံဆုံနေရသည့် အခြေအနေသည် သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေ၏ ငရဲခန်း လုပ်ဆောင်မှုပုံစံကို သွားရောက်စိန်ခေါ်ရခြင်းထက် ပိုမိုကာ အန္တရာယ်များလွန်းလှ၏။ ထို့အပြင် စိန်ခေါ်မှု ပြုလုပ်ရာတွင် သူတော်စင်သားရဲတစ်ကောင်တည်း ကိုသာ ရင်ဆိုင်ရသော်လည်း လက်ရှိမှာတော့ အကောင်တစ်ရာ နီးပါးလောက်ကို ရင်ဆိုင်နေရ၏။ ထို့အပြင် အရေအတွက်သည် ဆက်လက်ကာ တိုးတက် နေသေး၏။
ခရမ်းရောင်ဘုရင်သည် အလွန်ပင် နောင်တရလျက်ရှိ၏။ သူ့အနေနှင့် အလျင်စလိုဖြင့် အထဲသို့ မဝင်သွားသင့်ပေ။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ များပြားလှသော သားရဲရိုင်းများ အပြင်ဘက်သို့ ဆက်လက် မထွက်ခွာနိုင်ရန် တည်နေရာကို တားဆီးကာ တိုက်ခိုက်နေရသည်။
အားလုံးထဲတွင် အတည်ငြိမ်ဆုံးဖြစ်သော ဟယ်ဝူတီပင်လျှင် ဤကဲ့သို့ အန္တရာယ်များလှသည့် အခြေအနေကို ကြုံဆုံရသည့်အချိန်မှာတော့ ရှိရှိသမျှ အားအင်ကို ထုတ်ဖော်ကာ တိုက်ခိုက်ရန် ပြင်ဆင်ထား၏။
သို့ပေမဲ့ အဆုံးသတ်မှာတော့ ရီရှင်းချန်သည် နတ်ဆိုးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွား၏။ ၎င်း၏ မျက်လုံးများ တွင် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်နေသည်။ အကြည့်သည်မှာလည်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
စီနီယာအစ်ကိုရှောင် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားသောကြောင့် ဤကဲ့သို့ ရူးသွပ်သူ တစ်ယောက်လို ဖြစ်ပွားခဲ့သည်လား။ ကြည့်ရှုရသည်မှာ ဤဂိုဏ်းတူညီအစ်ကိုနှစ်ယောက်၏ ကြားထဲတွင် အားကောင်းလွန်းလှသော ခံစားချက်များ တည်ရှိနေပုံပေါ်သည်။ ဖြစ်နိုင်သည်မှာ....
ဟယ်ဝူတီသည် သူ၏ အတွေးရိုင်းများကို ချက်ချင်းပဲ ဖယ်ရှားလိုက်၏။ ပြီးနောက် ရီရှင်းချန်၏ အသံကို ကြားလိုက်သည်။ “သူ့ကိုခေါ်သွား... ကျုပ် ကာကွယ်ပေးထားမယ်”
ဤစကားလုံးများသည် အမိန့်ပေးသည့် အဓိပ္ပာယ်နှင့် ဆင်တူ၏။ အားညိုသည် အတိတ်တုန်းက ညအင်ပါယာ မဟုတ်တော့ချေ။ သို့ပေမဲ့ ညအင်ပါယာ၌ ရှိခဲ့သည့် မောက်မာမှုနှင့် ဂုဏ်သိက္ခာဝံ့ကြွားမှုများသည် သူ၏ ဝိညာဉ် အတွင်းပိုင်းတွင် မြှုပ်နှံတည်ရှိပြီးပြီဖြစ်၏။ အန္တရာယ်များနှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ ထိုအော်ရာများသည် အလုံးစုံ ထွက်ပေါ်လာ၏။
ကျုပ် ရီရှင်းချန်က ညအင်ပါယာတစ်ယောက် မဟုတ်တော့ဘူး ဆိုရင်တောင်မှ ဟာသလာလုပ်လို့ရတဲ့ လူတစ်ယောက် မဟုတ်တော့ဘူး။
လက်ရှိ အခြေအနေမှာတော့ သူ့အား အားပေးကြသည့် အမျိုးသမီး ပရိသတ်များ မရှိသည်မှာ ကံကောင်းလှ၏။ မဟုတ်ပါက လက်ခုပ်တီးကာ အားပေးနေကြမှာ သေချာသည်။
“နားလည်ပါပြီ”
ဟယ်ဝူတီသည် ဆုံးဖြတ်ချက် ခိုင်မာလှသူတစ်ယောက်ဖြစ်၏။ သူသည် အချိန်တိုအတွင်းမှာပဲ အကောင်းမွန်ဆုံး ရွေးချယ်မှုကို ပြုလုပ်ခဲ့၏။ လျင်လျင်မြန်မြန်ဖြင့် ရှောင်ကျီကို ကိုယ်ပေါ်သို့ ထမ်းတင်ကာ ထွက်ခွာသွားသည်။ သို့ပေမဲ့ ထွက်ခွာသွားရန် ပြင်သည့်အချိန်မှာပဲ အစ်ကိုရှောင်၏ နတ်ဘုရားလက်နက်ကို ကောက်ယူသွားရန် မမေ့လျော့ခဲ့ချေ။
ဝေါင်း ဝေါင်း …။
ကြမ်းတမ်းလှသော သားရဲများသည် လှိုဏ်ဂူအတွင်း၌ တဖြည်းဖြည်းနှင့် စုဝေးလာ၏။ အနည်းဆုံး တစ်ထောင် နီးပါးခန့်ပင် ရောက်ရှိလာ၏။ ၎င်းတို့အားလုံးသည် အပြင်ဘက်သို့ ထွက်မလာနိုင်ကြချေ။ အဘယ်ကြောင့် ဆိုသော် သူတို့၏ရှေ့တွင် မွန်းစတားတစ်ကောင်တားဆီးထားခဲ့သောကြောင့်ပင်။
ဖောင်း …။
မြင်ကွင်းကို အနောက်ဘက်မှ ကြည့်ရှုမည်ဆိုလျှင် ရီရှင်းချန်သည် ဝိုင်ပုလင်းကြီးအား ဖွင့်လိုက်၏။ ပြီးသည့်နောက် ဝိုင်ဘူးသီးခြောက်ကြီးသည် စတင်ကာ တဝုန်းဝုန်းနှင့် လည်ပတ်နေ၏။
ဟူး ဟူး
လှိုဏ်ဂူ၏ အတွင်းဘက်မှာတော့ မည်သည့်လေမှ မတိုက်ခတ်ချေ။ သို့ပေမဲ့ အားညို၏ အမဲရောင်ဆံနွယ်များမှာ တော့ လေထဲသို့ လွင့်မျောလျက်ရှိ၏။ ဝိုင်ဘူးသီးခြောက်ကြီး လည်ပတ်နေသည်ကြောင့် ဖြစ်ပေါ်လာသည့် လေလှိုင်းအဟုန်များသည် လှိုဏ်ဂူထဲတွင် ဖြစ်တည်လာခဲ့၏။ ဆိုးဝါးသည်မှာ ဤတည်နေရာထဲတွင် လီထျန်းထျန်း မရှိခြင်းပင်။ မဟုတ်ပါက ဤကြည့်ကောင်းလွန်းလှသည့် မြင်ကွင်းကို ကင်မရာဖြင့် ရိုက်မိမှာ သေချာသည်။
“ရှင်းချန်... မင်းအနေနဲ့ အနိုင်မခံ၊ အရှုံးမပေးဆိုတဲ့ စကားလုံးကို နားလည်လာတဲ့အချိန်မှာ အရာအားလုံးက သူ့အလိုလို ဖြစ်တည်လာလိမ့်မယ်”
ဂိုဏ်းချုပ်၏ စကားသံသည် သူ၏နားထဲသို့ တိုးဝင်လာခဲ့၏။ ဤအရာသည် အရက်မူးနေသောကြောင့် မဟုတ်ပေ။ ခံစားချက်များ ပြင်းထန်လွန်းသောကြောင့်ပင် ဖြစ်၏။
“ဂိုဏ်းချုပ်... ဒီနေ့မှာတော့ ကျုပ်က အနိုင်မခံ၊ အရှုံးမပေးဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်း နားလည်သွားခဲ့ပြီ”
ဝေါင်း ဝေါင်း
ထိုအချိန်မှာတော့ ကြမ်းတမ်းလှသည့် သားရဲရိုင်းတစ်ရာကျော်တို့သည် အပြေးအလွှား ဝင်ရောက်လာ၏။ ကြမ်းတမ်းလှသော မွန်းစတားအော်ရာများသည် လှိုဏ်ဂူထဲတွင် ပြည့်နှက်လျက် ရှိနေပြီး အရိုးကွဲလောက်သည် အထိ အေးစိမ့်သည့် ခံစားချက်များကို ရရှိစေ၏။
ဖောက်
ရီရှင်းချန်သည် မြင်းထိုင်ပုံစံမျိုးနှင့် ထိုင်ချလိုက်၏။ သူ၏လက်များသည် အရှေ့တွင် ယှက်ထား၏။ နတ်ဘုရား လက်နက်ကြီးသည် လေထုထဲတွင် လည်လျက်ရှိနေ၏။ သူက အော်လိုက်သည်။ “ကောင်းကင်စတေးခြင်း”
ဟူး ဟူး
ဝိုင်ဘူးသီးခြောက်ကြီး၏ နှုတ်ခမ်းပေါက်ဝတွင် ကြီးမားလွန်းသော စုပ်ယူခြင်းစွမ်းအင်များ ဖြစ်တည်လာသည်။ ပြီးနောက် အထဲတွင်ရှိနေသော များပြားလွန်းလှသည့် မွန်းစတားစွမ်းအင်များကို စုပ်ယူလျက်ရှိ၏။ အားလုံး စုပ်ယူပြီးသည့်နောက်မှာတော့ အပြင်ဘက်သို့ ပြန်လည်ကာ ထွက်ပေါ်ပြီး တိုက်ခိုက်ခြင်းကို ပြုမူပြန်၏။
ဘုန်း ဘုန်း
အရှေ့ဆီသို့ တိုးဝင်လာခဲ့သည့် သားရဲရိုင်း အနည်းငယ်တို့သည် အနောက်ဘက်သို့ ပြန်လည်လွင့်စင်သွား၏။ အားညို၏ သီးသန့်နတ်ဘုရားလက်နက်သည် ထုတ်ဖော်လာသည့် အချိန်မှာတော့ အလွန် အားကောင်းလှသည့် တိုက်ခိုက်မှုစွမ်းရည်များကို ဖြစ်တည်စေ၏။ သို့ပေမဲ့ မွန်းစတား သားရဲများမှာ အလွန်များပြားလွန်းလှ၏။ ထို့ကြောင့် မနည်းပင် ပြန်လည်တွန်းကန်နေရသည်။
ဘုန်း ဘုန်း ဘုန်း ဘုန်း ……။
ထိုအချိန်မှာတော့ သူ၏အရှေ့ဆီသို့ ပြေးဝင်လာသည့် သားရဲတစ်ဒါဇင်ကျော်တို့သည် နောက်ဘက်သို့ လွင့်စင် သွား၏။ ရီရှင်းချန်သည် ဆွံ့အသွား၏။ အဘယ့်ကြောင့်ဆိုသော် သူ၏ရှေ့တွင် ရှောင်ကျီသည် မတ်မတ် ရပ်လျက်ရှိနေပြီး ဟယ်ဝူတီမှာတော့ သူ၏ဘေးတွင် တည်ရှိနေ၏။ ဟယ်ဝူတီသည် ၎င်း၏လက်ဝါးကို သူ၏ ကျောဘက်ဆီသို့ကပ်ကာ စွမ်းအင်များကို ပို့လွှတ်လျက်ရှိ၏။
မသူသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်မိသည်။ “စီနီယာအစ်ကိုရှောင်... ဘာလို့ ပြန်လာရတာလဲ”
ရှောင်ကျီသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားကြောင်း သူသိရှိပြီးပြီဖြစ်၏။ အဘယ်ကြောင့် ရုတ်တရက် ပြန်လည်ရောက်ရှိလာရသနည်း။ ရီရှင်းချန်သည် တစ်ဖက်လူနှစ်ယောက်အား ထွက်ခွာသွားရန် အစောကြီးကတည်းက ပြောဆိုခဲ့ပြီးပြီဖြစ်၏။ သို့ပေမဲ့ အဘယ်ကြောင့် ပြန်လှည့်လာရသနည်း။ သူသည် အေးစက်စက် ပြောလိုက်မိ၏။ “ခင်ဗျားတို့က အရူးတွေပဲ”
“ဟုတ်တယ်”
ရှောင်ကျီသည် ခက်ခက်ခဲခဲဖြင့် သွားဖြီးကာ ရယ်လိုက်သည်။ “ပြိုင်စံရှားဂိုဏ်းထဲကို ဝင်လာတဲ့လူ အကုန်လုံးက အရူးတွေပဲလေ။ ငါတို့က သံမဏိလို စိတ်ဓာတ်ပိုင်ရှင်တွေဖြစ်တဲ့ အရူးတွေပဲ”
ရီရှင်းချန်သည် ဆွံ့အသွားမိ၏။ “ကောင်းပြီ”
သူက ပြုံးကာ ပြောလိုက်သည်။ “ဒါဆိုရင် တူတူရင်ဆိုင်ကြတာပေါ့။ သေမယ်ဆိုရင်တောင်မှ ကျုပ်တို့က ဟိုကိုယ်တုံးလုံးနဲ့ ဟောခန်းသခင်ကျိကို အပြစ်တင်ဖို့ မဖြစ်ဘူး” ရီရှင်းချန်က ပြောလိုက်သည်။
“ဒါဆိုရင် ထွက်ကြရအောင်။ လမ်းဖယ်ကြ”
ထိုအချိန်မှာတော့ ဟယ်ဝူတီက အော်ဟစ်လိုက်၏။ သူသည် ထူးဆန်းလှသည့် လက်စည်းပုံသဏ္ဍာန်တစ်ခုကို ဖန်တီးပြုလုပ်လိုက်၏။ “ကျုပ်ဝှက်ဖဲကို ထုတ်သုံးတော့မယ်”
ဝှစ် ဝှစ်
ပြောပြောပြီးချင်းမှာပဲ သူ၏ခန္ဓာကိုယ်ဆီမှ ဆန်းကြယ်လှသော စွမ်းအင်များသည် စုဝေးထွက်ပေါ်လာ၏။ အလွန် အားကောင်းလွန်းလှသော စွမ်းအင်များသည် ကြမ်းတမ်းလွန်းလှပြီး ဓားနှင့်သိုင်းနယ်မြေ ကျင့်ကြံသူ တစ်ယောက်ထက်ပင် ပိုမိုကာ အားကောင်းလှသည့် စွမ်းအင်များ ဖြစ်ပေါ်လာသည်။
ရီရှင်းချန်၊ ရှောင်ကျီတို့သည် ကြမ်းတမ်းလွန်းလှသော စွမ်းအင်လှိုင်းများကို ချက်ချင်းခံစားမိလိုက်၏။ ထို့ကြောင့် ဘေးတစ်ဖက်ဆီသို့ လျင်လျင်မြန်မြန် ရှောင်ရှားလိုက်ရ၏။ “ဒါက ဂိုဏ်းရဲ့ သိုင်းနည်းစနစ် မဟုတ်တာ သေချာတယ်”
ဟုတ်ပေသည်။ ဤအရာသည် ပြိုင်စံရှားဂိုဏ်း၏ သိုင်းစနစ်တစ်ခု မဟုတ်ပေ။ ဟယ်ဝူတီ ယခင်တုန်းက ကျင့်ကြံခဲ့သည့် သိုင်းနည်းစနစ်ပင် ဖြစ်သည်။ အောက်နယ်မြေ၏ ဓာတ်သဘာဝများသည် အားနည်းလွန်းလှသောကြောင့် သူ့အနေနှင့် အဆုံးစွန် နားလည်သည်ဆိုလျှင်တောင် ထုတ်ဖော်အသုံးပြု၍ မရချေ။ အထက်နယ်မြေကြီး၏ ဓာတ်သဘာဝများသည် အလွန် အားကောင်းလွန်းလှ၏။ ထို့ကြောင့် လက်ရှိနည်းစနစ်ကို ကောင်းကောင်းမွန်မွန်နှင့် ထုတ်ဖော်နိုင်စွမ်း ရှိနေ၏။
“ညခရေ ဖောက်ခွဲခြင်း” ဟယ်ဝူတီသည် အော်ဟစ်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏လက်ဝါးကို ရှေ့ဆီသို့ တွန်းလွှတ်လိုက်သည်။
ဝှစ် ဝှစ် ဝှစ်
ချက်ချင်းပဲ အလင်းစက်များသည် ခရေပွင့်များကဲ့သို့ တည်နေရာထဲတွင် ပေါက်ကွဲထွက်သွားပြီး ရှေ့ဆီသို့ ဝင်ရောက်လာသည့် သားရဲရိုင်းများအားလုံးကို ပေါက်ကွဲသေဆုံးစေခဲ့၏။ ညကဲ့သို့ မှောင်မဲနေသည့် လှိုဏ်ဂူအတွင်းတွင်တော့ ခရေပွင့်များကဲ့သို့သော အလင်းစက်များသည် တလက်လက် တောက်ပနေ၏။
ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း
ကျယ်လောင်လှသော ပေါက်ကွဲသံများ၏ အောက်မှာတော့ ရီရှင်းချန်၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ်တုန်ယင်လျက်ရှိနေသည်။အဘယ်ကြောင့်ဆိုသော် ဤသိုင်းနည်းစနစ်၏ နာမည်သည် သူ့အား အမှန်ပင် ရင်နာရစေ၏။ “ညခရေ ဖောက်ခွဲခြင်းတဲ့ …. ချီးတဲ့မှ... ဘယ်လို နာမည်ပါလိမ့်”
သို့ပေမဲ့ အရာအားလုံး ပြန်လည်တည်ငြိမ်ပြီးသည့်နောက် သားရဲတစ်ထောင်နီးပါးခန့်သည် အသားပြားများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“သောက်ကျိုးနည်း” ရှောင်ကျီနှင့် ရီရှင်းချန်တို့၏ မျက်လုံးများသည် ပြူးထွက်လုမတတ် ဖြစ်နေသည်။ ကျွင်းချောင်ရှောင်းသည်သာ ဤနေရာတွင် ရှိနေပါက အံ့အားသင့်မှာ သေချာ၏။
သို့ပေမဲ့ ဝှက်ဖဲကို အသုံးပြုပြီးသည့်နောက် ဟယ်ဝူတီသည် အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။ ပြီးနောက် မြေပြင်ပေါ်သို့ ထိုင်ချလိုက်၏။ သူ၏ မျက်နှာတစ်ခုလုံးသည် အလွန်ဖြူလျော်နေပြီဖြစ်ပြီး ခန္ဓာကိုယ်ထဲတွင် စွမ်းအင်တစ်ခုမှ မရှိတော့သလိုပင်။
သူကပြောလိုက်မိ၏။ “ထင်ထားတဲ့အတိုင်းပဲ။ ဓာတ်သဘာဝတွေက အားနည်းလွန်းသေးတယ်။ တွေဝေမနေနဲ့” သူသည် အားနည်းမှုများကို ဖိနှိပ်ကာ ပြောလိုက်၏။ “မြန်မြန်... ဒီကနေ ထွက်သွားရအောင်”
ရွှီး
ရီရှင်းချန်၊ ရှောင်ကျီတို့သည် ချက်ချင်းပဲ လှုပ်ရှားလိုက်ကြ၏။ ၎င်းတို့သည် ဟယ်ဝူတီ၏ လက်တစ်ဖက်တစ်ချက်ကို လှမ်းဆွဲပြီး လှိုဏ်ဂူ၏ အပြင်ဘက်ဆီသို့ ပြေးထွက်လိုက်ကြသည်။
ဝေါင်း ဝေါင်း
များပြားလှသော လှိုဏ်ခေါင်းများအတွင်းမှ သားရဲရိုင်းများသည် တသုတ်ပြီးတသုတ် ထွက်ပေါ်လာ၏။ ထို့အပြင် ၎င်းတို့ထုတ်ဖော်လိုက်သည့် မွန်းစတားအော်ရာများသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး အရှေ့မှ ရောက်လာသည့် သားရဲမွန်းစတားများထက် ပိုမိုကာ အားကောင်းမှာ သေချာ၏။
“သွားပြီပဲ”
ဟယ်ဝူတီသည် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ “ကျုပ်တို့ မထွက်နိုင်တော့ဘူးနဲ့တူတယ်”
ဖောက် ဖောက်
ထိုအချိန်မှာတော့ ရီရှင်းချန်နှင့် ရှောင်ကျီတို့သည် ရုတ်တရက် ရပ်တန့်လိုက်၏။ ထို့ကြောင့် သူသည် ရုတ်တရက် ထအော်လိုက်မိ၏။ “ဘာလို့ ရပ်လိုက်ရတာလဲ။ နေအုံး”
တစ်ဖက်လူ၏ နဖူးတွင် တိုက်ခိုက်ဆိုသည့် စကားလုံးပေါ်ပေါက်လာပြီး တခြားတစ်ယောက်၏ ညာဘက် လက်မှာတော့ ဒိုင်းဟူသည့် စာလုံးက ပေါ်ပေါက်လာခဲ့သည်။
ရီရှင်းချန်၊ ရှောင်ကျီတို့သည် တည်နေရာထဲတွင် မတ်မတ်ရပ်လျက်ရှိပြီး ၎င်းတို့၏ အမူအရာများသည် တွေဝေ ငေးငိုင်လျက်ရှိနေ၏။ ပြီးသည့်နောက် သူတို့၏ သက်ဆိုင်ရာ နာမည်များသည် နဖူးနှင့် လက်များပေါ်တွင် ပေါ်ပေါက်လာပြီးနောက် သူတို့၏ သိစိတ်ထဲသို့ များပြားလှသည့် မှတ်ဉာဏ်များ တိုးဝင်လာခဲ့၏။
ထိုအရာအားလုံးကို နားလည်အောင် သုံးသပ်ပြီးသည့်နောက် ၎င်းတို့သည် ဟယ်ဝူတီအား မြေပေါ်သို့ ပစ်ချ လိုက်၏။ ပြီးနောက် ခေါင်းများ၊ ခြေများကို လှုပ်ခါကာဖြင့် မတ်မတ်ရပ်နေကြသည်။ တစ်ချိန်တည်းမှာပဲ ၎င်းတို့၏နှုတ်ခမ်းထောင့်များတွင် မိစ္ဆာအပြုံးများ ဖြစ်တည်လာခဲ့သည်။