← Chapters

အပိုင်း (၁၃၈၅ - ၁၃၈၆)

Vol. 93 Ch. 1385-1386

အပိုင်း (၁၃၈၅ - ၁၃၈၆)

Vol. 93 Ch. 1385-1386

ပြိုင်စံရှားဂိုဏ်းအတွင်းမှာတော့ ….။

တောင်ပေါ်ရှိ တည်နေရာအသစ်များအား လိုက်လံ ကြည့်ရှုလျက်ရှိနေသော လီချင်းယန် သည် ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ လက်ဖမိုးပေါ်တွင် တည်ငြိမ်မှု ဆိုသော စာလုံးက ထင်ပေါ်လာခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ”

ဝှစ် …။

ရုတ်တရက် ထူးခြားလွန်းလှသော မှတ်ဉာဏ်များသည် သူ၏ သိစိတ်ပင်လယ်ထဲသို့ တိုးဝင်လာပြီး သူ့အား တွေဝေ ငေးငိုင်သွားစေ၏။ ပြီးနောက် မယုံကြည်နိုင်သလို ထအော်လိုက်မိသည် “ချီးတဲ့မှ”

စားသောက်ခန်းထဲမှာတော့ …

ရောင်မုန့်ယဉ်သည့် အံ့အားတသင့်ဖြင့် ပြောလိုက်၏ “စီနီယာအစ်မလျှို … လက်ပေါ်မှာ ဘာလို့ စာလုံးပေါ်လာတာလဲ။”

မီးဖိုရှေ့တွင် ရှိနေသော လျှိုဝမ်ရှစ်မှာတော့ ချက်ပြုတ်နေရာမှ မလှုပ်ဘဲ မတ်မတ်ရပ်လျက်ရှိနေသည်။ သူမ၏ သိစိတ်ပင်လယ်ထဲသို့လည်း ဆန်းကြယ်လွန်းသော မှတ်ဉာဏ်များ တိုးဝင်လျက်ရှိနေသည်။

ခဏလောက်ကြာတော့ သူမသည် ပုံမှန်ပြန်ဖြစ်သွားသည်။ လက်တစ်ဖက်နှင့် ဟင်းအိုးကို လှမ်းဆွဲလိုက်ပြီး ထုံးစံ အတိုင်း ပြန်လည် ချက်ပြုတ်တော့၏။

ဖောက် …။

ချက်ပြုတ်ပြီးနောက် စားပွဲပေါ်တွင် ဟင်းပွဲများ အစီအရီနှင့် တည်ခင်းထားသည်။

လျှိုဝမ်ရှစ်သည် ရင်ကာအား အသာချွတ်ကာဖြင့် ပြုံးလိုက်သည် “ဂျုနီယာညီမလေး .. မြည်းကြည့်”

“အွန်း …”

ရောင်မုန့်ယဉ်သည် တူကို ကောက်ကိုင်ကာဖြင့် ပါးစပ်ထဲ ထိုးထည့်လိုက်သည်။ သူမသည် ဖြည်းဖြည်းချင်း ဝါးနေရင်းမှ မျက်နှာအမူအရာများသည်လည်း ဝင်းလက်လာခဲ့၏ “စီနီယာအစ်မ … ဟင်းတွေက အရင်ကထက်ကို အရသာရှိလွန်းနေတယ်။”

အားဟိုင်နှင့် ရိဟိုင်တို့သည်လည်း ရောက်ရှိလာပြီး မြည်းစမ်းကြသည် “အဆ တစ်ထောင်လောက် ပိုပြီး အရသာ ရှိတယ်”

၎င်းတို့၏ စကားလုံးများသည် မြှောက်ပင့်ပြောဆိုနေခြင်း ဖြစ်သည်ဆိုသော်လည်း ယခင်ကထက် အရောင်အဆင်း ၊ အနံ့ နှင့် အရသာတို့သည် ကြီးကြီးမားမား ပြောင်းလဲကောင်းမွန်သွားသည်မှာတော့ အမှန်ပင် ဖြစ်၏။

အစီအရင်ဟောခန်းအတွင်းမှာတော့ …။

အစီအရင်ဖန်တီးခြင်း၏ နိယာမ သဘောတရားများအား ဟောခန်းအဖွဲ့သားများဆီ သင်ကြားပို့သလျက် ရှိနေသော ရှန့်ကွမ်းရှင်းရောင် သည် ရုတ်တရက် တွေဝေ ငေးငိုင်သွားသည်။ မှတ်ဉာဏ်အသစ်များ ဝင်ရောက်လာပြီးသည့်နောက် သူမ၏ ရှင်းလင်းချက်များသည် ပိုမိုကာ လေးနက်သွားခဲ့သည်။

ဘေးတစ်ဖက်မှ တစ်ချိန်လုံးကြည့်ရှုလျက်ရှိနေသော ကျန်းတယ်ကျွင်းသည် အံ့အားသင့်လျက်ရှိနေမိသည်။ ရှင်းရောင်၏ အစီအရင်များအပေါ် နားလည်မှုသည် ကြီးကြီးမားမား တိုးတက်ပြောင်းလဲသွားခဲ့၏။

……..

နှင်းဆီဧကရီ နှင့် ဖြူမဲညီနောင်တို့ သည် လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ ဦးဆောင်မှုနှင် အတူ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း ဆီသို့ ခရီးနှင့်လျက်ရှိသည်။

ကျွင်းချောင်ရှောင်းသည် ဘာမှလုပ်စရာမရှိသည်မို့ စနစ်၏ အဆင့်မြင့်တင်နိုင်မှုကို သေချာလေ့လာနေမိ၏။

လက်ရှိတွင် ဆေးခန်းမဆောင်၊ ပန်းပဲခန်းမဆောင် နှင့် ကျန်သော ခန်းမဆောင် တော်တော်များများကို အဆင့်မြင့်တင်ပြီးပြီ ဖြစ်သောကြောင့် သူသည် ဤတစ်ကြိမ် ရရှိထားသော ဂိုဏ်းအဆောက်အအုံ အဆင့်မြင့်တင်မှုတွင် လင်းယွမ်ခန်းမဆောင်အား အဆင့်မြင့်တင်ရန် ဆုံးဖြတ်လိုက်သည်။

လင်းယွန်ခန်းမဆောင်ထဲသို့ ရောက်ရှိပြီးနောက် လီချင်းယန်အပြင် တခြားတပည့်များသည် ပိုမိုကာ အဆင့်တိုးတက် အားကောင်းခဲ့ကြ၏။ ထို့ကြောင့် အဆင့်မြင့်တက်ပြီးလျှင် ဘာဖြစ်နိုင်မည်နည်း ဆိုသည်ကို သူ သိချင်စမ်းမိ၏။

ထို့ကြောင့်ပင် တစ်ခါတည်း အဆင့်မြင့်တင်လိုက်သည်။

“ဟမ် .. စုရှောင်မို နဲ့ လီဖေးတို့တောင် လိုအပ်ချက်တွေနဲ့ ကိုက်ညီနေပါလား”

လင်းယွမ်ခန်းမဆောင်ကို အဆင့်မြင့်တင်ပြီးသည့်နောက် ဤတပည့်နှစ်ယောက်၏ သီလမှတ်များသည် အမှန်ပင် ပြည့်နေပြီဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရ၏။

စနစ်က အပြစ်တင်လိုက်သည် “မင်း တပည့်တွေကို မေ့မေ့သွားထားပဲ”

“……”

…………….

စွန်းမုချန်ကို ဂိုးဖမ်းခိုင်းပြီး ဘောလုံးနှင့် အဆက်အပြတ် ကန်သွင်းနေသော်လည်း တစ်ဂိုးမှ မဝင်သေးသော စုရှောင်မို နှင့် လီဖေးတို့သည် ခြေကုန်လက်ပန်းပင် ကျလာကြသည်။

သို့ပေမဲ့ စုရှောင်မို (အရိပ်) ၊ လီဖေး (အားအင်) ဆိုသည့် စာတမ်းများ လက်တွင် ပေါ်လာချိန်မှာတော့ သူတို့သည် ရုတ်တရက် အဆင့်တက်ကုန်ကြ၏။

“စီနီယာအစ်ကိုစု နဲ့ စီနီယာအစ်ကို လီဖေးတို့ ဘောလုံးကန်ရင်း အဆင့်တက်သွားတာလား”

ပတ်ဝန်းကျင်ရှိ တပည့်များသည် မျက်လုံးအပြူးသားဖြစ်သွားကြသည်။

ဟူး …။

အင်ပြည့်အားပြည့်နှင့် အဆင့်တိုးတက်သွားခဲ့ပြီဖြစ်သော စုရှောင်မို နှင့် လီဖေးတို့သည် ဘယ်လိုကန်ကန် မဝင်သော ဂိုးသမားကြီး စွန်းမုချန် အား ကျော်ဖြတ်၍ ဂိုးသွင်းနေနိုင်ကြပြီ ဖြစ်တော့၏။

………

မည်သူသည် လင်းယွမ်ခန်းမဆောင်ထဲ ဝင်ရောက်ရန် ကုသိုလ်မှတ်များ ပြည့်နှက်နေသည်ဖြစ်ကြောင်း လိုက်လံ ရှာဖွေကြည့်ချိန်မှာတော့ အံ့အားသင့်ဖို့ကောင်းစွာပဲ လုချင်းချင်းကို မြင်လိုက်ရသည်။ သူသည် ခံစားချက် အပြည့်ဖြင့် ပြောလိုက်မိသည် “တပည့်မကြီးက ဒီလိုမျိုး ကုသိုလ်မှတ်ပြည့်ဖို့ ဆိုတာ လွယ်ကူခဲ့မှာ မဟုတ်ဘူး”

လင်းယွမ်ခန်းမဆောင်၏ ပန်းချီရုပ်ပုံများမှာတော့ လုချင်းချင်းသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ပြီး ဂိုဏ်း၏ အရှေ့တွင် ရပ်လျက်ရှိသော ပုံဖြစ်ပြီး စုရှောင်မို နှင့် လီဖေးတို့မှာတော့ ဘောလုံးကန်နေသည့် ပုံဖြစ်၏။

….

ဘုံကိုးပါးလျှိုု့ဝှက်နယ်မြေ အတွင်းရှိ ရေခဲပြင်ဒေသကြီးထဲမှာတော့ …

လုချင်းချင်းသည် ခြေချိတ်ကာ ထိုင်လျက်ရှိသည်။ သူမကိုကြည့်ရှုရသည်မှာ ပတ်ဝန်းကျင် ရေခဲပြင်ကြီးနှင့် တသားတည်း တည်ရှိနေသလိုပင်။

အထက်နယ်မြေဆီ တက်လှမ်းလာပြီးနောက် သူမသည် ကြိုးကြိုးစားစားနှင့် ကျင့်ကြံလျက်ရှိသည်။ သူမ၏ အဆင့်တိုးတက်မှုသည် ရီရှင်းချန်ထက် နည်းနည်းလေးမှ နောက်မကျချေ။ သို့ပေမဲ့ ဂိုဏ်းထဲတွင် ပေါ်လေ့ပေါ်လာစမရှိတော့ကြောင့် ဂိုဏ်းသားများသည် သူမအား သိပ်ပင်မမြင်ကြချေ။

ဝှစ် ..။

သူမ၏ ညာလက်တွင် ရေခဲ ဟူသော စာလုံးက ထင်ပေါ်လာသည်။

မရှင်းနှီးသည့် မှတ်ဉာဏ်များ သိစိတ်ထဲ ဝင်ရောက်လာပြီးနောက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပိုမိုကာ သန့်စင်လာသည်။ ထို့အပြင် သူမသည် သိုင်းနယ်မြေ ပြည့်စုံသည့် အဆင့်၏ သုံးချိုးတစ်ချိုးဆီသို့ အဆင့်တက်သွားခဲ့၏။

လက်ရှိအချိန် လင်းယွမ်ခန်းမဆောင်ထဲ တပည့်သစ် သုံးယောက် ထပ်ရောက်လာပြီဖြစ်သောကြောင့် ကိုယ်စားပြု စာလုံးများသည် တည်ငြိမ်မှု၊ မီးဖို၊ ဉာဏ်ပညာ၊ ဒိုင်း ၊ တိုက်ခိုက်မှု ၊ အရိပ် ၊ အားအင် နှင့် ရေခဲ ဟုူသ ဖြစ်လာခဲ့သည်။

“ရှစ်ယောက်ပဲ ရှိသေးတယ်။ နောက်ထပ် ဆယ့်ခြောက်ယောက် ကျန်သေးတာပဲ”

လမ်းလျှောက်ရင်း ကျွင်းချောင်ရှောင်းသည် ဟယ်ဝူတီ၏ နာမည်ကို နှိပ်ကြည့်လိုက်သည်။ လိုအပ်ချက်များ ကိုက်ညီနေသည်ကို မြင်တော့ အချိန်မဆိုင်းဘဲ တစ်ခါတည်း လင်းယွမ်ခန်းမဆောင်ထဲ ခေါ်ဆောင်လိုက်၏။

ဟယ်ဝူတီ၏ ရုပ်ပုံပန်းချီကားသည် သူ တံခါးပိတ်ရသည့် တံခါးမကြီးရှေ့တွင် ရပ်နေသည့်ပုံ ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် ထျန်းချီ၊ စုန့်ယွမ်ကျုး၊ လုံကျိရန် နှင့် တခြားသူများကို ကြည့်လိုက်တော့ လိုအပ်ချက်များ ရှိနေသောကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် စနစ်၏ မျက်နှာပြင်ဆီ ပြန်လာရင်း ပြောလိုက်၏ “သေချာစစ်ဆေး ကြည့်ထားရမယ်”

စနစ်က အပြစ်ဖို့လိုက်သည် “ပြီးရင် မေ့သွားအုံးမှာမလား။”

……..

လင်းယွမ်ခန်းမဆောင်ဆီသို့ ရောက်ရှိသွားသော တပည့်သစ်များသည် အဆင့်များတိုးတက်သွားကြသည်။

ဤနေရာတွင် မေးမြန်းစရာ ရှိသည်မှာ …

ရီရှင်းချန် နှင့် ရှောင်ကျီ တို့ ဘာဖြစ်ကြသနည်း။

ရှောင်ကျီသည် လက်ရှိအချိန်မှာတော့ တစ်ကိုယ်လုံး စက်ရုပ်လို သံအကာများနှင့် ဖုံးလွှမ်းနေပြီး လက်ထဲတွင် စနှိုက်ပါ သေနတ်ကို ကိုင်ဆွဲကာ အနီးကပ် တိုက်ခိုက်လိုက် နောက်ဆုတ်၍ သေနတ်နှင့် ပစ်လိုက် လုပ်ကာ အစွမ်းပြလျက်ရှိသည်။

“သောက်ကျိုးနည်း”

ဟယ်ဝူတီ သည် ထအော်လိုက်မိသည် “ဒါ ဘာကြီးလဲ”

ဘုန်း ….။

ရှောင်ကျီသည် တရစပ် တိုက်ခိုက်လျက်ရှိနေသော သူနှင့် ရင်ဆိုင်ရသော မွန်းစတားများသည် ချက်ချင်းပင် သေဆုံးခြင်း အဖြစ်သို့ ရောက်ရှိကုန်၏။

ဘုန်း … ဘုန်း. ..

မွန်းစတားများသည် သေဆုံးကြသည်သာမက အတွင်းကလီစာများသည်ပါ ပျက်ဆီးကုန်ကြသည်။

“ဒါက သိုင်းနယ်မြေ ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အားအင်မျိုး မဟုတ်တာ သေချာတယ်”

ဟယ်ဝူတီ အံ့အားသင့်မိနေသည် “ဖြစ်နိုင်တာက …”

စီနီယာအစ်ကိုရှောင် တစ်ယောက် စက်ရုပ်ကဲ့သို့သော အသွင်မျိုး ပြောင်းလဲသွားပြီးနောက် မည်မျှ အားကောင်းလာသည်ကို ခန့်မှန်းနေတုန်းမှာပဲ အသံတစ်ခု ထွက်ပေါ်လာ၏။

“လမ်းဖယ်စမ်း”

ရီရှင်းရှန်သည် ရှေ့သို့ တစ်လှမ်းချင်းစီ လှမ်းလျှောက်လိုက်သည်။ သူ၏ လက်ခုံပေါ်မှာတော့ တိုက်ခိုက်မှု ဆိုသော စာတမ်းသည် လင်းလက်လျက်ရှိသည်။

“……”

ဟယ်ဝူတီသည် အလုံးစုံ ဆွံ့အနေမိ၏။ “ငါက သူ့အနောက်မှာလေ။ လမ်းဖယ်စမ်း လို့ ဘာလို့ အော်တာလဲ။ ဘယ်သူမှလဲ ရှေ့မှာ မရှိဘဲနဲ့”

ဆွစ် …။

ထိုအချိန်မှာပဲ ရီရှင်းချန်သည် ရပ်တန့်လိုက်သည်။ သူသည် လက်ကို အသာမြှောက်လိုက်တော့ ကြီးမားလွန်းလှသည့် ပုဆိန်ကြီးသည် မည်သည့် နေရာကမှန်းမသိဘဲ သူ၏ လက်ထဲသို့ ရောက်ရှိလာသည်။ ထို ပုဆိန်ပေါ်တွင်တော့ နတ်ဘုရားအဆင့်မြင့်တင်ခြင်း … ကောင်းကင်ပုဆိန်ဟု ရေးထိုးထားသည်။

အား ……။

ရုတ်တရက် ရီရှင်းချန်သည် အားရပါးရ ထအော်လိုက်သည်။ ခရမ်းရွှေရောင် ခေါင်းစွပ် နှင့် အနီရောင် တိုက်ပွဲဝင် ချပ်ဝတ်သည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသည်။ ၎င်းသည် ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

ရှောင်ကျီ အသွင်ပြောင်းသည်ကို မြင်ဖူးပြီးသော ဟယ်ဝူတီသည် ဤတစ်ကြိမ်တွင်တော့ အံ့အားမသင့်တော့ချေ။ သို့ပေမဲ့ နဝေတိမ်တောင်ဖြင့်တော့ ကြည့်မိနေသေး၏။

စစ်နတ်ဘုရားတစ်ပါးလို အသွင်ပြောင်းလဲသွားသော ရီရှင်းချန်သည် လက်ထဲ၌ ကောင်းကင်ပုဆိန်ကြီးကို ကိုင်ဆောင်ပြီး အေးစက်စက် ပြောလိုက်သည် “အမှိုက်တွေ …. အားလုံး သေရမယ်”

“ဆွစ် …”

ဘုန်း …..။

ရှောင်ကျီသည် မွန်းစတားများကို တိုက်ခိုက်ရင်း အသာ လမ်းဖယ်ပေးလိုက်သည်။ ရီရှင်းချန်သည် ရှေ့သို့ ဆက်တိုးလာပြီး လက်ထဲ ရှိ ပုဆိန်ကြီးနှင့် အားလုံးသော မွန်းစတားများအား ခုတ်ပိုင်းလေတော့၏။

ဘန်း … ဘန်း .. ဘန်း ..။

၎င်းဖြတ်သန်းသွားသော နေရာတိုင်းသည် သွေးနှင့် ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများ ပြန့်ကျဲကုန်သည်။

“…………” ဟယ်ဝူတီ၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တုန်ရင်လို့နေ၏။ စီနီယာအစ်ကိုရီ မည်မျှအားကောင်းလာသည်ကို သူ ခန့်မှန်း၍မရချေ။ ထို့အတူ မည်မျှ အားကောင်းလာသည်ထက် ပို၍ စိတ်ဝင်စားစရာကောင်းနေသည်မှာ စီနီယာအစ်ကိုနှစ်ယောက် ဝတ်ဆင်ထားသည့် ဝတ်စုံများပင် ဖြစ်တော့၏။ ထိုဝတ်စုံများ ဝတ်ဆင်ပြီးမှ အလွန်အမင်း အားကောင်းသွားကြသည် မဟုတ်ပါလား။

ဘုန်း … ဘုန်း ..။

သားရဲများကို တိုက်ခိုက်ရင်း အပြင်လှိုဏ်ခေါင်းများရှိရာသို့ ထွက်လိုက်ချိန်မှာတော့ ခရမ်းရောင်ဘုရင်သည် ဇဝေဇဝါ နှင့် ဖြစ်မိနေတော့သည် “ဒီနှစ်ကောင် က ဘယ်သူတွေလဲ”

All Chapters