← Chapters

ကောင်းကင်အောက်က အကောင်းဆုံးတောင်ကြား ၅

Vol. 100 Ch. 1396

ကောင်းကင်အောက်က အကောင်းဆုံးတောင်ကြား ၅

Vol. 100 Ch. 1396

ယနေ့တွင် ရှီချန်းသည် ဧည့်သည်များ၏ လုံခြုံရေးကို တာဝန်ယူထားရ သည်။ သူသည် နီအန်းယိနှင့် အလှည့်ပြောင်းပြီး အဖြစ်အပျက်များသတင်းပို့ သည်ကို နားထောင်ရင်း ကင်းလှည့်နေသည်။

ရုတ်တရက် ခြံဝန်းမှထွက်ခွာသည်နှင့် ငြင်းခုံသံထွက်လာသည်။

“ငါတို့ကိုဖိတ်ထားပြီးမှတော့ ဝင်ခွင့်ပေးရမှာပေါ့၊ ဒီမှာ ငြင်းတာတော့ မကောင်းဘူးလေ ဟုတ်တယ်မလား”

“ဟုတ်တယ်၊ ငါတို့ကို ဒီလိုလုပ်တာ မယဉ်ကျေးဘူးနော်၊ မင်းတို့ ငါတို့ဆီ ကို အဆိပ်ဖြေဆေးပေးတာကောင်းမယ်၊ မဟုတ်ရင် ရိုင်းစိုင်းတယ်ဆိုပြီး ငါတို့ ကိုအပြစ်မတင်နဲ့”

“အဖိုးတန်ဧည့်သည်များ ခင်ဗျာ စိတ်အေးအေးထားကြပါ၊ တောင်ကြား ကို လာဖို့သတ်မှတ်ထားတဲ့အချိန်ဆိုတာရှိပါတယ်”

“ဘုန်း..”

“ဘုန်း…”

ထိုလူစကားမဆုံးခင်မှာပင် အထဲမှ တိုက်ခိုက်သံကြားလိုက်ရသည်။ ထင်ထားသည့်အတိုင်းပင် အရိုက်ခံရသူမှာ တောင်ကြား၏ တပည့်ဖြစ်သည်။

“အကြီးအကဲရှီ ကျန်းယိမျိုးနွယ်ပဲ” ရှီချန်းဘေးမှ အစောင့်ပြောလိုက် သည်။

“သွားကြည့်ရအောင်”

ရှီချန်းသည် အမြန်လျှောက်သွားလိုက်သည်။ သူတံခါးဖွင့်လိုက်သည်နှင့် တောင်ကြားမှတပည့်သည် ကြမ်းပြင်တွင်လဲနေပြီး အစိမ်းရောင်ဝတ်စုံနှင့် လူ နှစ်ယောက်သည် ဘေးတွင်ရပ်နေပြီး နောက်တစ်ယောက်သည် သူ့ကိုရိုက်နေ တုန်းပင်ဖြစ်သည်။

ခြံဝန်းထဲမှလူများသည် မည်သူမှဝင်မလာဟု ထင်ထားသည်။ အားလုံး သည် ပုံမှန်အတိုင်း ရိုက်နှက်နေကြသည်။

“မင်းတို့ကဘယ်သူတွေလဲ”

ရှီချန်းသည် ကြမ်းပေါ်မှလူကိုတစ်ချက်ကြည့်လိုက်ပြီး သူ့ရှေ့သို့ ဝင်ရပ် ကာ သူနှင့် ကျန်းယိမျိုးနွယ်မှလူများကို လူစုခွဲလိုက်သည်။

တခြားသူများသည် အမြန်ဝင်လာကာ ကြမ်းပေါ်မှလူကို ကူညီလိုက် သည်။

“ဘာတွေဖြစ်နေတာလဲ” ရှီချန်း မေးလိုက်သည်။

“အကြီးအကဲရှီ၊ သူတို့က တောင်ကြားအတွက် အဆိပ်ဖြေဆေးရဖို့ တင်းခံနေကြပြီး ကြိုလည်ချင်နေကြတာ” အရိုက်ခံရသူသည် ပြောလေသည်။

အစိမ်းရောင်ဝတ်ထားသော လူသုံးယောက်သည် ရှီချန်းကိုကြည့်ပြီး မေးငေါ့ကာ မောက်မာသောမျက်နှာဖြင့် ပြောလေသည် “အကြီးအကဲ ဟုတ်လား ဒါဆိုရင် မင်းရာထူးကမြင့်မှာပေါ့၊ ငါတို့က တောင်ကြားကို အလည် သွားချင်တယ် စီစဉ်ပေးပါ”

“ဖိတ်စာမှာ ရှင်းရှင်းလင်းလင်းရေးထားပါတယ်၊ ဧည့်သည်တွေအတွက် ကို အခမ်းအနားနေ့မှာမှ ဖွင့်မှာပါ၊ အဲဒါကြောင့် ဒီဟာကို အထူးတလည်ကိစ္စ အနေနဲ့ ခွင့်ပြုမပေးနိုင်တာကို ခွင့်လွှတ်ပါ” ရှီချန်းသည် အေးဆေးပင်ပြောလေ သည်။

“အဲတော့ မင်းလည်း မပေးချင်ဘူးပေါ့” အလယ်မှလူသည် တိုးညင်းသော အသံဖြင့်ပြောလေသည်။

“ဒါက စည်းမျဉ်းပါ” ရှီချန်းသည် အရင်အတိုင်းပင်။ တစ်ဖက်လူမှ ဒေါသ ထွက်နေခြင်းကြောင့် သူ့ကိုသက်ရောက်မှုမရှိပေ။

“ကောင်းတယ်၊ ဘယ်လောက်တောင် မောက်မာလိုက်တဲ့ အံ့ဖွယ်နတ်ဆိုး တောင်ကြားလဲ၊ ငါ မင်းတို့ ဂုဏ်သတင်းကို ဖျက်ဆီးပစ်မှာကိုမကြောက်ဘူး လား”

“ငါတို့ကို ခြိမ်းခြောက်နေတာတား” ရှီချန်းသည် အသာအယာပြုံးလိုက် သော်လည်း သူ့မျက်လုံးများသည် အေးစက်နေသည်။

“ငါတို့က မင်းတို့ကိုခြိမ်းခြောက်နေတာမဟုတ်ဘူး၊ မင်းတို့က ဧည့်သည် ကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ မသိနေတာ၊ ဒီနေ့ ရှင်းပြချက် သေသေချာချာ မပေးရင် ငါတို့ရိုင်းတဲ့အတွက် အပြစ်မတင်ကြနဲ့”

“ဟုတ်လား” ရှီချန်း၏ အပြုံးမှာ တဖြည်းဖြည်း မှေးမှိန်သွားသည်။ သူတို့ ကိုကြည့်သောအကြည့်မှာ အေးစက်သွားလေသစည်။

“မင်းရဲ့ အပေါ်ယံအကြီးအကဲရာထူးအကြောင်းကို မင်းအထက်ကလူ တွေကို ငါပြောလိုက်ရင် ရာထူးပြုတ်သွားမယ်မှတ်၊ ဒီအကြောင်းကို တခြားသူတွေကို မပြောစေချင်ရင် ငါတို့အတွက် အဆိပ်ဖြေဆေးယူလာပြီး အလည်လိုက်ပို့ပေး၊ ဒါဆိုရင် ဒီကိစ္စကိုကျော်သွားပေးမယ်”

ရှီချန်းအနောက်မှ လူသုံးယောက်သည် ဉာဏ်နည်းသောလူများကို မြင်သကဲ့သို့ အကြည့်များပြောင်းသွားကြသည်။

ဒီဉာဏ်နည်းတဲ့လူတွေက ဘယ်ကရောက်လာကြတာလဲ။ သူတို့က ဒီလိုအချိန်မှာ တကယ်ပဲ ဧည့်သည်တွေကို ပြစ်မှားနေတာလား။

“ပြောလို့ပြီးပြီလား” ရှီချန်းသည် သူတို့ကိုကြည့်လိုက်သည် “ပြောပြီးရင် လည်း ဒီမှာပဲနေနေလိုက်၊ ငါ့တပည့်တွေကို တစ်ခုခုလုပ်ရဲရင် အခမ်းအနားနေ့ မှာတောင် လာလို့မရစေရဘူး”

“ဘာအဓိပ္ပာယ်လဲ”

“ငါ အခုပြောလိုက်တာ ရှင်းပါတယ်၊ မင်းတို့ဉာဏ်နည်းတာကို သိအောင် မပြနဲ့”

သူတို့သည် သူကြိမ်းမောင်းတာကိုခံရပြီးနောက် ဒေါသထွက်လာကာ အော်လေသည် “မင်းတောင်းဆိုတာပဲ”

“မဟုတ်ဘူး ငါ ဘယ်တော့မှမတောင်းဆိုဘူး” ရှီချန်း ဆက်ပြောလေ သည် “ဒါပေမဲ့ တခြားသူတွေက သေချင်ရင် ငါလည်းမဆန့်ကျင်ဘူး”

“ကိုယ့်လူတို့”

လူတစ်စုပြေးထွက်လာကာ သူတို့ကိုဝိုင်းလိုက်ကြသည်။

“စီနီယာအစ်ကို ဘာဖြစ်တာလဲ”

“ဒီလူတွေက မခံချင်အောင်ပြောပြီး ငါတို့ညီအစ်ကိုတွေကို ရိုက်တယ်၊ ဒီနေ့သူတို့ကို သင်ခန်းစာပေးရမယ်”

“စီနီယာအစ်ကို သူတို့က အံ့ဖွယ်နတ်ဆိုးတောင်ကြားအဖွဲ့ဝင်တွေပဲ သူတို့က ဒီကအိမ်ရှင်တွေနော်၊ ဒီလိုလုပ်တာ မကောင်းနိုင်ဘူး ဟုတ်တယ် မလား” လူတစ်ယောက်သည် ညင်သာစွာပြောလေသည်။ ကြည့်ရတာ တစ်ယောက်ကတော့ ဦးနှောက်ရှိတယ်ထင်တယ်။

“ဘာအိမ်ရှင်လဲ” စီနီယာအစ်ကိုဟု ခေါ်သောလူသည် ပြစ်တင်ပြောဆို လေသည် “သူတို့က ဒီအတိုင်းကင်းသမားတွေပဲ ပြီးတော့ ရာထူးလည်းမြင့်ကြ တာမဟုတ်ဘူး၊ သူတို့ကိုရိုက်ရင်တောင် အသည်းကွဲတောင်ကြားနဲ့ အံ့ဖွယ် နတ်ဆိုးတောင်ကြားက ဘာပြောရဲမှာလဲ”

“ဟုတ်တယ် ငါတို့က သူတို့ဖိတ်ထားတဲ့ ဧည့်သည်တွေပဲ၊ သူတို့ တပည့် နည်းနည်းလောက်ကို ရိုက်တာနဲ့ ငါတို့ကို ဘာလုပ်နိုင်မှာလဲ”

“ဟုတ်တယ် သူတို့က အိမ်ရှင်ကောင်းမဖြစ်မှတော့ ငါတို့ကို အပြစ်လာ မတင်နဲ့လေ၊ သူတို့ကို ကူပြီး သင်ခန်းစာပေးတာကိုပဲ ကျေးဇူးတောင်တင်ရဦး မယ်”

အသည်းကွဲတောင်ကြားနှင့် အံ့ဖွယ်နတ်ဆိုးတောင်ကြားတို့သည် ထိုလူ များပြောသည့်စကားကို ကြားပြီးနောက်တွင် ဒေါသထွက်သွားကြသည်။  အကြီးအကဲရှီက ရာထူးမရှိဘူးလား။

တောင်ကြားကိုယ်စား သင်ခန်းစာပေးတာလား။

သူတို့က ဧည့်သည်ဖြစ်တာနဲ့ပဲ တကယ်ပဲ ဘာမှလုပ်လို့မရဘူးလို့ ထင်နေ တာလား။

ပြီးတော့ တာဝန်ကျလူတွေကို သူတို့ကတိုက်ခိုက်ချင်နေကြတယ်။

“မင်းတို့က ဧည့်သည်ဖြစ်ရင်တောင် မသေချင်ရင် ငါဒါကိုပြောရလိမ့်မယ်” ရှီချန်းပြောရင်းနှင့် အလင်းတန်းဖြင့် တိုက်ခိုက်လိုက်သည်။

သူသည် နူးညံ့ပုံပေါ်သော်လည်း သူ့စွမ်းအားမှာ မနိမ့်လှပေ။ သူ လှုပ်ရှား လိမ့်မည်ဟု မည်သူမှထင်မထားသဖြင့် သူတို့သည် ငေးငိုင်သွားကြလေသည်။ ကျန်းယိမျိုးနွယ်ဝင်မျးသည် သတိမဝင်ခင်မှာပင် အကုန်အရိုက်ခံလိုက်ရလေ သည်။

“ငါတို့ကို ဘယ်လိုလုပ်ရိုက်ရဲတာလဲ” ကြမ်းပေါ်မှလူများသည် သူတို့၏ ဝမ်းဗိုက်နှင့် ရင်ဘတ်များကို ဆုပ်ကိုင်ပြီး ရှီချန်းကို စူးရှသောအကြည့်များဖြင့် ကြည့်ကြလေသည်။

“မင်းတို့ကို ရိုက်တာကပဲ သက်ညှာထားပြီးပြီ” ရှီချန်းသည် တိုးညင်းစွာ ပြောပြီး အင်္ကျီပေါ်မှ မရှိသည့်ဖုန်ကိုခါလိုက်သည်။ “မင်းတို့က ငါတို့ တောင်ကြားက တပည့်ကိုရိုက်တာကို ငါတို့ကဘာမှမလုပ်နိုင်ဘူးလို့ထင်နေ တာလား”

“ဒါက မင်းတို့ဧည့်သည်ကို ဆက်ဆံတဲ့ပုံလား” ကြမ်းပေါ်မှလူသည် ပင်မ ဝင်ပေါက်တွင် လူများစုဝေးလာသည်ကို မြင်သောအခါ ကျယ်လောင်စွာအော် လေသည်။

အပြင်မှလူများသည် အဖြစ်အပျက်ကိုမသိသောကြောင် ရှီချန်း ဧည့်သည် များကို ရိုက်နှက်နေသည်ကို တွေ့သည်နှင့် ထိတ်လန့်ကြကာ ရှုပ်ထွေးသွားကြ လေသည်။

“ဒါက အရမ်းမောက်မာလွန်းတာမဟုတ်ဘူးလား အိမ်ရှင်အနေနဲ့ ဘယ်လိုလုပ် ဧည့်သည်တွေကို ရိုက်ရတာလဲ”

“ဟုတ်တယ် မောက်မာလွန်းတယ်”

“ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဧည့်သည်တွေပဲ၊ ဧည့်သည်တွေကို ရိုက်တဲ့ အိမ်ရှင်ဆိုတာမရှိဘူး”

“သူတို့အပြုအမူအရ ငါတို့တောင်ကြားကို ဝင်သွားပြီးရင် ပြန်ထွက်လာ နိုင်ပါ့မလား”

“ဒါက…”

ကျန်းယိမျိုးနွယ်ဝင်များသည် လူအုပ်ထဲမှ ပြောဆိုချက်များကို ကြား လိုက်ရချိန်တွင် ဂုဏ်ယူသွားကြလေသည်။ အကုန်လုံးက သူတို့ဘက်မှာ ရပ်တည်နေကြမှတော့ အံ့ဖွယ်နတ်ဆိုးတောင်ကြားက အကျိုးအကြောင်းသင့် တယ်လို့ ထင်သွားကြမှာပဲ။

အချိန်တန်ရင် ဒီလူတွေကို အထက်ကလူတွေက အပြစ်ပေးမှာပဲမလား။

“အခုကြောက်သွားကြပြီလား” ထိုစီနီယာအစ်ကိုသည် ရှီချန်းကိုကြည့် လိုက်သည် “အခုကြောက်သွားရင် ငါတို့ကိုခယလိုက်၊ မင်းတို့ တောင်ကြားက အပြစ်ပေးတဲ့အချိန်ကျရင် မင်းတို့အတွက် စကားကောင်းပြောဖို့ကူညီပေးမယ်”

“ဟား… ဟုတ်လား” ရှီချန်းသည် အေးစက်စွာ ရယ်မောလိုက်သည်။

“ဘာဖြစ်တာလဲ”

ရင်ဘိုင်ချွန်း၏အသံသည် လူအုပ်အနောက်မှထွက်လာရာ အားလုံးသည် လမ်းဖယ်ပေးသည်နှင့် သူသည် ကင်းလှည့်အဖွဲ့နှင့် လျှောက်လာလေသည်။

“တောင်ကြားသခင်လေး၊ ဒီလူတွေက မောက်မာလွန်းတယ်၊ ငါတို့က တောင်းဆိုချက်သေးသေးလေးလုပ်တာကို တကယ်ရိုက်ကြတယ်၊ အံ့ဖွယ် နတ်ဆိုးတောင်ကြားက အကျင့်ဆိုးကြတာပဲ၊ အဲဒီက လူတိုင်းက ဒီအတိုင်း ရိုက်နှက်ကြတာပဲလား၊ ငါတို့ကို ရှင်းပြချက်ပေးနိုင်မလား”

***

All Chapters