← Chapters

အပိုင်း (၁၃၈၇)

Vol. 93 Ch. 1387

အပိုင်း (၁၃၈၇)

Vol. 93 Ch. 1387

ရှောင်ကျီ၏ စက်ရုပ်ကဲ့သို့ ဝတ်စုံနှင့် စနိုက်ပါရိုင်ဖယ်တို့သည် အမှန်ပင် လိုက်ဖက်ညီလွန်းလှ၏။ သို့ပေမဲ့ ရီရှင်းချန်သည်လည်း နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော လက်နက်ကို ကိုင်စွဲခဲ့သည်။

၎င်းတို့နှစ်ယောက်သည် လင်းယွမ်ခန်းမဆောင် အဆင့်မြှင့်တင်ပြီးသည့်နောက် ပိုမိုကောင်းမွန်သော အားအင်များကို ရရှိခဲ့ကြပြီး ပိုမိုအဆင့်မြင့်သည့် ဝတ်စုံနှင့် လက်နက်များကိုလည်း ကိုင်ဆောင်နိုင်ခဲ့ကြသည်။ တပည့်များသည် ထူးခြားသည့် စွမ်းရည်များကြောင့် အလိုလို ပိုမိုကာ အားကောင်းလာခဲ့ခြင်းဖြစ်၏။

အတိုချုပ်ပြောရမည်ဆိုလျှင် ၎င်းတို့ခန္ဓာကိုယ်တွင် ပေါ်ပေါက်လာခဲ့သည့် ကိုယ်စားပြုစာလုံးများအရ တူညီသည့် အသွင်ပြောင်းလဲမှုများကို ရရှိခဲ့ခြင်းဖြစ်သည်။ ရှောင်ကျီသည် အဓိက ကာကွယ်သူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် စက်ရုပ်ကဲ့သို့သော ဝတ်စုံကို ဝတ်ဆင်ခဲ့ရပြီး ဖောက်ထွင်းမှုအား ကောင်းမွန်လွန်းလှသည့် စနိုက်ပါရိုင်ဖယ်ကိုလည်း ကိုင်ဆောင်ခဲ့ရသည်။

ရီရှင်းချန်မှာတော့ အဓိက တိုက်ခိုက်သူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူသည် နှိုင်းယှဉ်၍ မရနိုင်သော စစ်နတ်ဘုရားကဲ့သို့ပင် အသွင်ပြောင်းလဲလာခဲ့ပြီး နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော ပုဆိန်ကြီးကို ကိုင်ဆွဲကာ တိုက်ခိုက်နိုင်၏။

ဟုတ်ပေသည်၊ ၎င်းတို့အနေနှင့် ဤကဲ့သို့ စွမ်းရည်များကို ရရှိပြီးနောက် မည်ကဲ့သို့ အသုံးပြုရမည်ကို အလိုလိုနားလည်သွားကြ၏။ ထို့ကြောင့် အလုံးစုံသော စွမ်းအင်များကို ထုတ်ဖော်ကာ အသုံးပြုနိုင်ခဲ့ကြခြင်းပင် ဖြစ်သည်။

လင်းယွမ်ခန်းမဆောင်ကို အဆင့်မြှင့်တင်ပြီးသည့်နောက် ဤကဲ့သို့ ထူးခြားလှသည့် စွမ်းရည်များကို တပည့်များ ရရှိလိမ့်မည်ဟု ကျွင်းချောင်ရှောင်းက မထင်မှတ်ခဲ့ချေ။ သို့ပေမဲ့ သူ၏ အဆင့်မြှင့်တင်လိုက်ခြင်းကြောင့် တပည့်များသည် ကြီးမားသည့် ဘေးအန္တရာယ် အခက်အခဲကြီးကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်၏။ ကုန်းရှန့်သည် အဝေးမှလှမ်း၍ ထိန်းချုပ် ကူညီလိုက်ခြင်းနှင့်ပင် ဆင်တူနေ၏။

ဝှစ် ဝှစ် ……။

ရီရှင်းချန်နှင့် ရှောင်ကျီတို့သည် မွန်းစတား အလောင်းများပေါ်တွင် မတ်တပ်ရပ်ကာဖြင့် ခေါင်းကိုမော့၊ လက်ကိုပိုက်ကာ ခပ်မတ်မတ် ရပ်လျက်ရှိနေသည်။

ခရမ်းရောင်ဘုရင်က ထအော်လိုက်၏။ “မင်းတို့ နှစ်ကောင်ကိုး”

ဟယ်ဝူတီသည် ၎င်းတို့နှစ်ယောက်အား အသာလှမ်းကြည့်ပြီးသည့်နောက် မြေပေါ်သို့ အားပြတ်ကာ လဲကျသွားသည်။

ဆွစ် ….

ရှောင်ကျီသည် ချက်ချင်းပဲ ဆင်းသက်လာကာဖြင့် ဖေးမလိုက်၏။ “ဂျူနီယာညီလေး... ငါတို့ အခြေအနေကို ပြောင်းပြန်ဖြစ်အောင် လုပ်နိုင်ခဲ့ပြီ”

ဤအရာသည် နောက်ထပ် သေခြင်းနှင့်ရှင်ခြင်း အတွေ့အကြုံကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ၎င်းတို့နှစ်ယောက်ကြားတွင် ရှိနေသာ ရင်းနှီးပတ်သက်မှုသည် ပိုမိုကာ နက်ရှိုင်းလာခဲ့သည်။

“သွားကြရအောင်”

ခရမ်းရောင်ဘုရင်သည် ၎င်းတို့သုံးယောက်အား သူ၏ မွန်းစတားစွမ်းရည်များ လွှမ်းခြုံကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “ဒီနေရာက ထွက်သွားရအောင်”

သူ့အနေနှင့် များပြားလှသည့် မွန်းစတားများ ထွက်ပေါ်လာမည်ကို ခဏတာ တားဆီးနိုင်ခဲ့သည် ဆိုသော်လည်း ဒုတိယအကြိမ်မြောက် အဖွဲ့လိုက်ကြီး ထပ်မံထွက်ပေါ်လာမလား ဆိုသည်မှာ မသေချာချေ။ ထို့ကြောင့် ဤနေရာမှ အရင်ဆုံး ထွက်ခွာသွားရန် လိုအပ်နေ၏။

ဒွီ ….။

သို့ပေမဲ့ နတ်ဆိုးလှိုဏ်ဂူအထဲမှ ထွက်ထွက်ခြင်းမှာပဲ ခရမ်းရောင်ဘုရင်သည် ဟယ်ဝူတီ၏ ညာဘက်လက်ပေါ်၌ အလင်းတန်းတစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။ ထိုစာလုံးသည် တံခါးဟူသော စာလုံးပင် ဖြစ်တော့၏။ သူသည် ဇဝေဇဝါဖြင့် မေးလိုက်၏။ “ဒါ ဘာကြီးလဲ”

ဤအရာနှင့်ပတ်သက်၍ အစောကြီးကတည်းက အတွေ့အကြုံ ရှိပြီးသော ရှောင်ကျီသည် ဂျူနီယာညီလေးဟယ်တစ်ယောက် သူကဲ့သို့ ထူးခြားသည့် စွမ်းအင်များကို ရရှိတော့မည် ဖြစ်ကြောင်းကို ချက်ချင်း နားလည်လိုက်မိသည်။

ရီရှင်းချန်သည် မျက်မှောင်ကုတ်သွား၏။ ဤနှစ်ယောက်၏ စာတမ်းများသည် အဘယ်ကြောင့် ၎င်း၏ ညာဘက် လက်ဖမိုးပေါ်တွင် ပေါ်လာရသနည်း။ သူ့ကျတော့ အဘယ့်ကြောင့် နဖူးပေါ်တွင် ပေါ်ရသနည်း။

ဟူး ဟူး

ဟယ်ဝူတီသည် မျက်လုံးကို စုံမှိတ်ထားပြီးသည့်နောက် မရင်းနှီးလှသော မှတ်ဉာဏ်များ သူ၏ သိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်ကြောင်း သတိပြုလိုက်မိသည်။ မှတ်ဉာဏ်များနှင့် အလုံးစုံ အသားကျပြီးသည့်နောက် သူ၏ နှလုံးသားထဲတွင် ထိတ်လန့် တုန်လှုပ်မှုများ ပြည့်နှက်လာခဲ့သည်။ “ငါ ငါ ချက်ချင်းကြီး ဘယ်လို အားကောင်းလာရတာလဲ”

လက်ရှိအခြေအနေမှာတော့ သူ၏ စီနီယာအစ်ကိုနှစ်ယောက် အဘယ်ကြောင့် ရုတ်တရက်ကြီး အားကောင်းလာသည်ကို နားလည်ခဲ့ပြီဖြစ်၏။ ၎င်းတို့သည်လည်း သူ့ကဲ့သို့ တူညီလှသည့် စွမ်းအင်များကို ရရှိခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။

သို့ပေမဲ့ အဘယ့်ကြောင့် တံခါးဟူ၍ ဖြစ်ရသနည်း။ သူသည် ပြိုင်စံရှားဂိုဏ်းထဲတွင် တစ်နှစ်ပတ်လုံး တံခါးအဖွင့်အပိတ် တာဝန်ကို ယူဆောင်ခဲ့ရသောကြောင့် ဖြစ်နိုင်၏။ လက်ဖမိုးပေါ်တွင် တံခါးဟူသော စာသားပေါ်ပေါက်လာသည့် ဟယ်ဝူတီမှာ လင်းယွမ်ခန်းမဆောင်ထဲသို့ ဝင်ရောက်နိုင်သည့် နဝမမြောက်တပည့် ဖြစ်လို့လာခဲ့သည်။ သူ၏ အားအင်အဆင့်သည်လည်း တိုးတက်လာခဲ့သည်။ သိုင်းနယ်မြေ ပြည့်စုံသည့် အဆင့်ဆီသို့ ရောက်ရှိနှင့်ပြီ ဖြစ်သောကြောင့် တစ်ခါတည်း အဆင့်ချိုးဖြတ်ခြင်းတော့ မဖြစ်ခဲ့ချေ။

“ဂျူနီယာညီလေးဟယ်”

ရှောင်ကျီသည် ပြုံးကာ ပြောလိုက်သည်။ “ဂုဏ်ယူပါတယ်”

ဟယ်ဝူတီသည် ကြောင်တောင်တောင်ဖြင့် ခေါင်းကိုကုတ်ကာ အသိအမှတ်ပြုသည့်အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။

ဘေးတစ်ဖက်တွင် မတ်တပ်ရပ်နေသည့် ခရမ်းရောင်ဘုရင်သည် ဤအခြေအနေကို သတိမပြုမိချေ။ စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိသည်။ “ဘာတွေဖြစ်နေတာလဲ။ ကျုပ်ကို တစ်ယောက်ယောက် ရှင်းပြကြပါအုံး”

.................

ရီရှင်းချန်နှင့် တခြားသော နှစ်ယောက်တို့သည် အလုံးစုံအားနည်းသည့် အခြေအနေတွင် ရောက်ရှိနေကြသည်။ သို့ပေမဲ့ သုံးယောက်ထဲမှ နှစ်ယောက်သည် အလွန်အားကောင်းလှသော တိုက်ခိုက်ရေးနည်းစနစ်များကို ထုတ်ဖော်၍ မွန်းစတားများကို အနိုင်ယူခဲ့သည်။ တစ်ယောက်မှာတော့ ထူးခြားသည့် သိုင်းနည်းစနစ်များကို အမွေဆက်ခံရရှိခဲ့၏။ ထို့ကြောင့် ၎င်းတို့သည် အနီးအနားရှိ လှိုဏ်ဂူတစ်ခုကို ရှာဖွေကာ အနားယူရင်း ပြန်လည်အားမွေးမှ ဖြစ်ပေလိမ့်မည်။

ခရမ်းရောင်ဘုရင်မှာတော့ သက်တော်စောင့်နှင့်အတူ ကလေးထိန်းတာဝန်ကိုပါ ယူထားရ၏။ အဓိက အကြောင်းအရာ အားဖြင့် သူသည် အားနာသလို ခံစားနေရသောကြောင့်ဖြစ်၏။ သူသည် ခွင့်ပြုချက်မရှိဘဲ လှိုဏ်ဂူ၏ အတွင်းဘက်ဆီသို့ ဝင်ရောက်ခဲ့၏။ ထို့ကြောင့်ပင် အားလုံးသော သူများသည် ဤကဲ့သို့ အခြေအနေကို ရောက်ရှိသွားခဲ့ရသည်။

ရက်အနည်းငယ် ကြာပြီးသည့်နောက် ဟောခန်းသခင်ကျိသည် ရေခပ်ရန် စမ်းချောင်းတစ်ခုဆီသို့ သွားခဲ့၏။ သို့ပေမဲ့ ထိုနေရာသို့ ရောက်ရောက်ချင်းမှာပဲ သူ့အား အံ့အားတသင့်ဖြင့် စိုက်ကြည့်လျက် ရှိနေသော လူတစ်ယောက်ကို မြင်လိုက်ရ၏။ သူသည် ထိတ်လန့်တကြားဖြင့် ထအော်လိုက်၏။ “ဂိုဏ်းချုပ်... ဘာလို့ ဒီကို ရောက်နေတာလဲ”

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိသည်။ “ဒါ ကျုပ်မေးရမယ့် မေးခွန်း မဟုတ်ဘူးလား”

စိတ်ဝိညာဉ်ကျောက်တုံံးမိုင်းတွင်းသည် နတ်ဆိုးအင်ပါယာလှိုဏ်ဂူ၏ အနီးအနားတွင် တည်ရှိနေသည်။ ထို့ကြောင့် ကုန်းရှန့်သည် နှင်းဆီဧကရီနှင့် ဖြူမဲညီနောင်တို့ကို ခေါ်လာသည့်အချိန်တွင် ခရမ်းရောင်ဘုရင်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ဆုံတွေ့ရခြင်းပင် ဖြစ်၏။

ခရက် ခရက်

ည ……။

လှိုဏ်ဂူအတွင်းမှာတော့ မီးပုံကြီးသည် ထွန်းလင်းတောက်ပလျက် ရှိနေ၏။ ခရမ်းရောင်ဘုရင်သည် နံရံကို မှီကာဖြင့် ခေါင်းကို ငုံ့ထား၏။ ၎င်းသည် အမှားအယွင်း တစ်ခုကို ပြုလုပ်ခဲ့သော ကလေးတစ်ယောက်ကဲ့သို့ပင် ဖြစ်နေသည်။ တခြား အကြောင်းအရင်း မဟုတ်ပေ။ လွန်ခဲ့သည့် နှစ်ရက်အတွင်း ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများကို ဂိုဏ်းချုပ်သည် သိရှိသွားခဲ့၏။ ထို့ကြောင့် ၎င်းတို့ကို အားရပါးရ ဆူနေခြင်းပင် ဖြစ်၏။

လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်၍ ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက်နှင့် အားရပါးရ ဆူပူလျက် ရှိနေသည်။

“ယောက်ျား”

နှင်းဆီဧကရီသည် အနားသို့ ရောက်ရှိလာပြီး နှစ်သိမ့်ပေးလိုက်၏။ “ဒါ ပြီးသွားပြီလေ။ ရှောင်ကျီနဲ့ ရှင်းချန်တို့ကလည်း အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်တယ် မဟုတ်လား။ ပြီးတော့ ဟောခန်းသခင်ကျိ ကိုလည်း ထပ်ပြီး အပြစ်မတင်ပါနဲ့တော့။ ဒီအချိန်မှာ သူလည်း ခံစားလို့ ကောင်းနေမှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်တယ်လေ”

“အင်း... သိပ်မှန်တယ်။ ရင်ဘတ်တွေတောင်နာတယ်” ခရမ်းရောင်ဘုရင်သည် သူ၏ ရင်ဘတ်ကို ဖိကိုင်ကာ ပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည် ပြောဆိုချင်သည့် စကားများအား ဖိနှိပ်ကာဖြင့် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “နောက်တစ်ကြိမ်ကျရင် စည်းကမ်းထိန်းသိမ်းရေး ဟောခန်းဆီကို သွားပြီးတော့ ကိုယ့်ဘာသာ အပြစ်ပေးမှု ခံယူရမယ်”

“နောက်တစ်ကြိမ် ဒီလို ထပ်မဖြစ်တော့ဘူးလို့ ကျုပ် ကတိပေးပါတယ်” ခရမ်းရောင်ဘုရင်သည် သူ၏လက်ကို လျင်လျင်မြန်မြန်ဖြင့် မြှောက်ကာ ပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်ကာဖြင့် ကြည့်ရှလိုက်၏။ ပြီးသည့်နောက် ရီရှင်းချန်နှင့် တခြားသော သူနှစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။ “မင်းတို့ ပြန်ပြီး ကောင်းလာဖို့အတွက် ဘယ်လောက်လောက် ကြာအုံးမလဲ”

“မနက်ဖြန်လောက်ဆိုရင် ကောင်းပါပြီ”

“ကောင်းပြီ၊ ဒါဆိုရင် မင်းတို့ ပြန်ကောင်းလာပြီဆိုတာနဲ့ မင်းတို့ရရှိခဲ့တဲ့ စွမ်းရည်တွေကို အသက်သွင်း။ ငါကြည့်ချင်တယ်”

.............

ဤသုံးယောက်ထဲတွင် လင်းရန်ခန်းမဆောင်ကို အဆင့်မြှင့်တင်ပြီးနောက် ရီရှင်းချန်နှင့် ရှောင်ကျီတို့သည် ရုတ်တရက် ပိုမိုကာ အားကောင်းလာခဲ့သည်ကို သူသိရှိပြီးဖြစ်၏။ ထို့ကြောင့် မည်သည့်စွမ်းအင်နှင့် မည်သို့သော အရာမျိုး ရရှိခဲ့သည် ဖြစ်ကြောင်းကို သူသိရှိချင်မိသည်။

................

နောက်တစ်ရက် ရီရှင်းချန်နှင့် ရှောင်ကျီတို့သည် တည်နေရာအလွတ်တစ်ခုတွင် မတ်တပ်ရပ်ကာဖြင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုနေ၏။ ၎င်းတို့၏ မှတ်ဉာဏ်များအရ ၎င်းတို့ကို ကိုယ်စားပြုသည့် စာလုံးများ၏ နက်နဲသည့် သဘောသဘာဝများကို အသက်သွင်းလိုက်လျှင် တိုက်ခိုက်မှုနှင့် ဒိုင်းဟူသည့် စာတမ်းသည် ညာဘက်လက်ဖမိုး နှင့် နဖူးပေါ်တွင် ထွန်းလင်းလာသည်။ ၎င်းတို့၏ ခန္ဓာကိုယ်အား ထူးခြားသည့် စွမ်းအင်များသည် လွှမ်းခြုံသွားခဲ့၏။

ဒွီ ဒွီ

ကျွင်းချောင်ရှောင်းသည် ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်ကာ အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဒါက မယုံကြည်နိုင်စရာဘဲ”

ဝှစ်

လေအေးများ တိုက်ခတ်လာခဲ့၏။ ရှောင်ကျီသည် စက်ရုပ်တစ်ခု၏ အသွင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လက်ထဲတွင်တော့ စနိုက်ပါရိုင်ဖယ်အား ကြည့်ကောင်းစွာ ကိုင်ဆောင်ထား၏။ ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အော်ရာများသည် သိပ္ပံနှင့်နည်းပညာကို ကိုယ်စားပြုသည့် လူတစ်ယောက်နှင့်ပင် ဆင်တူနေ၏။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွားသည်။ “ဒါက ဘာလဲ။ စက်ရုပ်လား”

ဝှစ်

စစ်နတ်ဘုရားတစ်ပါးကဲ့သို့ အသွင်ပြောင်းလဲခဲ့သော ရီရှင်းချန်သည် အရှေ့ဆီသို့ လှမ်းလျှောက်လိုက်၏။ သူ၏ လက်ထဲတွင် ရှိနေသော ကောင်းကင်ပုဆိန်ကြီးသည် အရာအားလုံးကို ခုတ်ပိုင်း သတ်ဖြတ်နိုင်သည့် အော်ရာများ ထွက်ပေါ်လျက် ရှိ၏။

“ဒါက”

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဒါ လွီပုလား။ မဟုတ်သေးပါဘူး”

လက်နက်မှာ ရေးထိုးထားသည့် စာလုံးသည် နတ်ဘုရားအဆင့်မြှင့်တင်ခြင်း ကောင်းကင်ပုဆိန် ဖြစ်လို့နေသည်။

စနစ်က ပြောလိုက်သည်။ “လင်းယွမ်န်းမဆောင်ထဲမှာရှိတဲ့ တပည့်တွေက လက်ခံသူရဲ့ တကယ့်ကို အယုံကြည်ရဆုံး တပည့်တွေပဲလေ။ ဒါကြောင့် စနစ်ရဲ့ စတိုးထဲမှာရှိတဲ့ ပစ္စည်းတချို့ကို လက်ခံရယူနိုင်တယ်”

“အဲလိုလား”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “လင်းယွမ်ခန်းမဆောင် အဆင့်မြှင့်တင်ပြီးတဲ့နောက်မှာ သူတို့ ဝတ်ဆင်လိုက်တဲ့ အရာအားလုံးက စနစ်ရဲ့ စတိုးဆီက အရာတွေပေါ့”

“အမှန်ပါပဲ” စနစ်က ပြောလိုက်သည်။

“ငါသိပြီ”

ကျွင်းချောင်ရှောင်းသည် နားလည်သွား၏။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ ဂိုဏ်း၏ အဆောက်အအုံ အဆင့်မြှင့်တင်ပြီးနောက် တပည့်များသည် စနစ်၏ စတိုးဆီမှ ပစ္စည်းများကို လက်ခံရယူခဲ့၏။ ဤအရာသည် ဂိုဏ်းစုဆောင်းမှတ်များကို ချွေတာခဲ့ခြင်းနှင့် ဆင်တူလှ၏။

“ပြိုင်ဘက်ကင်းပဲကွ။ မင်းရဲ့ ထူးခြားတဲ့ စွမ်းရည်ကို ပြစမ်း”

ဘေးတစ်ဖက်တွင် ရပ်နေသည့် ဟယ်ဝူတီသည် အားပျော့စွာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်... နောက်တစ်ရက်မှ ပြလို့မရဘူးလား”

“မရဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“..........”

ခက်ခက်ခဲခဲ ဆုံးဖြတ်ပြီးသည့်နောက် ဟယ်ဝူတီသည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏ ညာဘက်လက်ကို မြှောက်လိုက်သည်။ ညာဘက် လက်ဖမိုးပေါ်မှာတော့ တံခါးဟူသည့် စာလုံးက ပေါ်လာ၏။

“တံခါး ဟုတ်လား”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အင်း မင်းက တကယ့်ကို နောက်ဆုံးတပည့် ပီသပါပေတယ်”

ဝှစ် ဝှစ် …….။

ထူးခြားသည့် စွမ်းအင်များ ထွက်ပေါ်လာပြီး ဟယ်ဝူတီအား လွှမ်းခြုံသွားခဲ့၏။ အရာအားလုံး ပြန်လည် တည်ငြိမ်ပြီးသည့်နောက်မှာတော့ ဟယ်ဝူတီသည် မည်သည့် ပုံပန်းသွင်ပြင်မှ ပြောင်းလဲမသွားခဲ့ချေ။ သို့ပေမဲ့ သူ၏ အနောက်ဘက်တွင်တော့ သုံးမီတာမှ ငါးမီတာခန့် ရှိနေသည့် တံခါးကြီးနှစ်ချပ် တည်ရှိရှေင်ခြင်း ဟု ရေးသားထားပြီး တခြားတစ်ဖက်ခြမ်းတွင်တော့ သေခြင်းဟု ရေးသားထားခဲ့၏။ ထိုတံခါးနှစ်ခုပေါ်တွင် သားရဲခေါင်းရုပ်ပုံတစ်ခုက တည်ရှိလို့နေ၏။

“ခွီး ..” ခရမ်းရောင်ဘုရင်သည် မည်သို့မှ မနေနိုင်ဘဲ ထ၍ ရယ်မောလိုက်မိသည်။

ဖြူမဲညီနောင်တို့မှာတော့ ခံစားချက်ကင်းမဲ့စွာ ရပ်လျက်ရှိ၏။ တစ်ချက် ကြည့်ရှုလိုက်သည်နှင့် ၎င်းတို့နှစ်ယောက်သည် တကယ့်ကို တင်းတင်းကျပ်ကျပ်ဖြင့် လေ့ကျင့်ခြင်း ခံထားရသည့် စစ်သည်များကဲ့သို့ပင်။

All Chapters