← Chapters

ကောင်းကင်အောက်က အကောင်းဆုံးတောင်ကြား ၆

Vol. 100 Ch. 1397

ကောင်းကင်အောက်က အကောင်းဆုံးတောင်ကြား ၆

Vol. 100 Ch. 1397

လူအမျးသည် ရင်ဘိုင်ချွန်းကိုသိကြသည်။ သူသည် အံ့ဖွယ်နတ်ဆိုး‌ တောင်ကြား၏ တောင်ကြားသခင်လေးဖြစ်သဖြင့် အင်အားစုနှစ်စုပေါင်းလိုက် လျှင်တောင် အင်အားစုအသစ်တွင် သူ၏ရာထူးမှာ နိမ့်မည်မဟုတ်ပေ။

သူရောက်လာပြီဆိုတော့ ဒီလူတွေတော့ အခုပြဿနာတက်ပြီပဲ။ အခမ်းအနားမစခင်ကို ဘယ်လိုဖြစ်ပြီး ဧည့်သည်တွေကိုရိုက်ရဲတာလဲ၊ အဲဒါနဲ့ တင်ကို သူတို့တွေ တောင်ကြားကနေ နှင်ထုတ်ခံရလောက်တယ်။

ရင်ဘိုင်ချွန်းသည် ခြံဝန်းထဲမှလူများကိုကြည့်ပြီး တိုးညင်းသောအသံဖြင့် ပြောလိုက်သည် “ဘယ်လိုဖြေရှင်းချက်လိုချင်တာလဲ”

“ဒီလူက ငါတို့ကို ရာရာစစလာရိုက်နေတယ်၊ အနည်းဆုံးတော့ မင်း သူ့ ခြေထောက်ကို ချိုးပစ်ရမယ်၊ ဒီမှာ ငါတို့ကို မင်းတို့အဖွဲ့ဝင်တွေက ရိုက်တယ် ဆိုတဲ့သတင်းပြန့်သွားရင် မကောင်းဘူးလေ”

“တောင်ကြားသခင်လေး မင်းက အမြဲတမ်း မျှတပြီး တည်ကြည်တယ်၊ မင်းက လူတိုင်းကိုပြိုလဲအောင်လုပ်မှာမဟုတ်ဘူး ဟုတ်တယ်မလား” ကျန်းယိ မျိုးနွယ်မှ စီနီယာအစ်ကိုပြောလေသည်။

ရင်ဘိုင်ချွန်းသည် ရှီချန်းဆီသို့ လျှောက်သွားလေသည်။ သူသည် ထိုလူကို မေးခွန်းထုတ်မည် သို့မဟုတ် အပြစ်ပေးလိမ့်မည်ဟု အားလုံးထိင်ထားကြကာ ရှီချန်း၏ ဝမ်းနည်းစရာအဆုံးသတ်ကို စောင့်နေကြသည်။

သို့သော် အံ့အားသင့်လောက်စရာပင် ရင်ဘိုင်ချွန်းသည် သူ့ဆီသို့သွားပြီး ဦးညွှတ်ကာ ပြောလိုက်သည် “ဘိုင်ချွန်းက အကြီးအကဲရှီကို တွေ့ဆုံပါတယ်”

“အကြီးအကဲဟုတ်လား သူက တကယ်ပဲ အကြီးအကဲလား၊ အပေါ်ယံ တင်မဟုတ်ဘူးလား” ကျန်းယိမျိုးနွယ်ဝင်များသည် အော်ကြလေသည်။

“အပေါ်ယံဆိုတာ ဘာအဓိပ္ပာယ်လဲ” ရင်ဘိုင်ချွန်း မျက်မှောင်ကြုတ်လေ သည်။

“မဟုတ်ဘူးလား၊ အဲဒါဆိုဘာလို့ အားကောင်းတဲ့ အကြီးအကဲက တောင်ကြားရဲ့ လုံခြုံရေးကို ကာကွယ်နေတာလဲ”

“ဟားဟား မင်းတို့ကို စိတ်ပျက်သွားမိစေတဲ့အတွက် တောင်းပန်ပါတယ်” ရှီချန်းသည် သဲ့သဲ့ပြုံးလိုက်သည်။

“အသည်းကွဲတောင်ကြားမှာ အကြီးအကဲ ၁၀ ယောက်ရှိတာ မသိဘူး လား”

“အသည်းကွဲတောင်ကြားရဲ့ အကြီးအကဲ ၁၀ ယောက်… အဲဒါက နဂို လူဆိုးကြီး ၁၀ ယေဦက်လား သူက အဲထဲကတစ်ယောက်လား”

“ဟုတ်တယ်” ရှီချန်းအနောက်မှ လူပြောလိုက်သည်။

“အကြီးအကဲရှီ ဘာတွေဖြစ်နေတာလဲ” သေတာပေါ့… ရင်ဘိုင်ချွန်းသည် တခြားလူများပြောသည်ကို နားထောင်မည်မဟုတ်ဘဲ ရှီချန်းကို မေးလိုက် သည်။

“အခမ်းအနားနေ့မှပဲ တောင်ကြားကိုဝင်လို့ရမယ်ဆိုတာ ဖိတ်စာမှာ ရှင်းရှင်းလင်းလင်းရေးထားရဲ့သားနဲ့ ဒီလူတွေက ကြိုဝင်ချင်လို့ ထပ်တလဲလဲ ပြောနေတာလေ၊ ငါ ဒီကိုရောက်တော့ ငါတို့တပည့်တစ်ယောက်ကို သူတို့က အဆိပ်ဖြေဆေးတောင်းနေကြတာ” ရှီချန်း ဆက်ပြောလေသည် “သူတို့က ဧည့်သည်တွေမို့လို့ သက်ညှာပေးထားတာ၊ မဟုတ်ရင် တောင်ကြားတပည့်တွေ ကို လက်ပါရဲတဲ့လူတိုင်းကိုသတ်ပစ်တယ်”

ထိုအခါမှပင် စုဝေးနေကြသော အပြင်လူများသည် အဖြစ်အပျက်ကို သိ သွားကြသည်။ အဲတော့ သူတို့ကစပြီးတော့ ရန်စလိုက်လို့ အရိုက်ခံရတာကိုး။

အံ့ဖွယ်နတ်ဆိုးတောင်ကြားနှင့် အသည်းကွဲတောင်ကြားတို့သည် သူတို့ ၏ တပည့်များကို ကာကွယ်တတ်သည်ကို တိုင်းပြည်တစ်ခုလုံးသိကြသည်။ သူတို့ အဖွဲ့ဝင်ကို ရိုက်ပြီးသည့်နောက်တွင် ပြန်အရိုက်ခံရသည်က တော်လှချေ ပြီ။

ရင်ဘိုင်ချွန်းနောက်လိုက်ကြသော အဖွဲ့ဝင်များသည် သူတို့အဖွဲ့ဝင်များ အရိုက်ခံရသည်ဟု ကြားသည်နှင့် မျက်နှာများ မည်းနက်သွားကာ ပြောလိုက် သည် “ဘာပြောချင်သေးလဲ”

“ဒါက ဒါက…”

ကျန်းယိမျိုးနွယ်ဝင်များသည် အစပိုင်းတွင် ရှီချန်းကို မပြောပလောက် သော လူဖြစ်မည်ဟု ထင်ထားကြသောကြောင့် ထိုလူများပြောစကားကို ယုံ မည်မဟုတ်ဟု ထင်လိုက်သည်။ ထို့ကြောင့် သူတို့ ပြဿနာရှာလိုက်လျှင် အသည်းကွဲတောင်ကြားနှင့် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ သူတို့ကို ကျေနပ် အောင်ထိ တောင်းပန်မည်ဟု တွေးလိုက်သည်။

သို့သော် ရှီချန်းသည် အကြီးအကဲ ၁၀ ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး လူဆိုးကြီး ၁၀ ယောက်ထဲမှတစ်ယောက်ဖြစ်လိမ့်မည်ဟု ထင်မထားပေ။ သူတို့ အကြောင်းကို ဘယ်သူမကြားဖူးမှာလဲ။ သူတို့ လိမ်ရဲသေးလား။

“အကြီးအကဲရှီ တောင်ကြားသခင်လေး၊ ဒါတွေအကုန်လုံး အထင်လွဲတာ ပါ” သူတို့သည် အရှုံးပေးရန် ဆုံးဖြတ်လိုက်ကြသည် “ကျွန်တော်တို့ ကြိုသွား ချင်တယ်ဆိုတာက အသည်းကွဲတောင်ကြားကို အရမ်းသိချင်နေလို့ပါ၊ သူ့ကို ရိုက်ဖို့မရည်ရွယ်ပါဘူး၊ ကျွန်တော်တို့ စကားပြောရင်းနဲ့ သူ့ကိုမတော်တဆထိမိ သွားတာပါ”

လှောင်ပြောင်လေသည်….

မျက်တောင်မခတ်ဘဲ လိမ်နိုင်တဲ့စွမ်းရည်ကတော့ မြင့်လိုက်တာ။ ရင်ဘိုင်ချွန်းသည် သူ၏ အဓိပ္ပာယ်မရှိသော စကားများကို မယုံသဖြင့် ရှီချန်းကို ပြောလိုက်သည် “အကြီးအကဲရှီ ဒါကိုဘယ်လိုဖြေရှင်းမှာလဲ”

“သူတို့ကအရင်မှားမှတော့ ငါတို့လည်း ရိုက်ပြီးပြီလေ၊ သူတို့က တောင်ကြားကိုဖိတ်ထားတဲ့ ဧည့်သည်တွေဆိုမှတော့ လွှတ်ပေးလိုက်တာပေါ့ နောက်တစ်ခါဆိုရင်တော့…”

ရှီချန်း စကားမဆုံးခင်မှာပင် သူသည် မှော်ဝင်လက်စွပ်ထဲမှ လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ သူ သားအမိကျောက်တုံးထုတ်ပြီး ဝိညာဉ်စွမ်းအင်ထည့် လိုက်ရာ ရှီမာယူယူအသံထွက်လာသည်။

“အကြီးအကဲရှီ”

“တောင်ကြားဒုခေါင်းဆောင် ကူညီပေးစရာတစ်ခုခုများရှိလို့လား” ရှီချန်း မေးလိုက်သည်။ သို့သော် သူ့စိတ်ထဲတွင်တော့ သိနေပြီးသားဖြစ်သည်။

“ကျန်းယိမျိုးနွယ်က ငါတို့ ပိုင်နက်ကိုလာပြီး တပည့်တွေကို ရိုက်ရဲမှ တော့ ငါတို့နဲ့မဆက်ဆံချင်ဘူးထင်တယ်၊ အဲလိုဆိုမှတော့ သူတို့ဖိတ်စာကို ပြန် သိမ်းလိုက်ပါ၊ သူတို့ကိုမြို့ငယ်ကိုရောက်တဲ့အထိ နှင်ထုတ်လိုက်ပြီး အနားကို မလာစေနဲ့၊ ပြီးတော့ မင်းခြေထောက်ကိုချိုးမယ်လို့ပြောတဲ့တစ်ယောက်ကို နှင်ထုတ်လိုက်ပါ၊ ထိပ်တန်းတောင်ကြားရဲ့ စည်းမျဉ်းတွေက အလကားချမှတ် ထားတာမဟုတ်ကြောင်းကို သူတို့ကိုသိစေရမယ်၊ ငါတို့တပည့်တွေကို ဘယ်သူ မှ အနိုင်ကျင့်လို့မရဘူး”

အစောပိုင်းက ရှီချန်း သူမကိုခေါ်လိုက်သည့် အခေါ်အဝေါ်အရ တစ်ဖက် မှစကားပြောနေသူမှာ ထင်ရှားနေသည်။ သူမကိုယ်တိုင် တိုက်ရိုက်ညွှန်ကြား လိမ့်မည်ဟု သူတို့ထင်မထားကြပေ။

ထိပ်တန်းတော်ငကြား ဟုတ်လား။ သူတို့ ပေါင်းစည်းပြီးတော့ အင်အား စုအကြောင်းကို ပြောနေတာလား။

နာမည်က အရမ်းကို…. ထောင်လွှားလွန်းတယ်။

ရှီချန်းသည် သားအမိကျောက်တုံး သိမ်းပြီးသူ့ဘေးမှ အဖွဲ့ဝင်များကို ပြောလိုက်သည် “တောင်ကြားဒုခေါင်းဆောင်ပြောတာ ကြားလား၊ ငါ ပြန်ပြော စရာမလိုဘူးမလား”

“ဟုတ်ကဲ့”

ထိုတပည့်များသည် ရှီမာယူယူ ပြောလိုက်သည်ကို ကိုယ်တိုင်ကြားလိုက် ရမည်ဟု ထင်မထားကြပေ။ သူတို့အတွက်တော့ သူမစကားလုံးများသည် တော်ဝင်ညွှန်ကြားချက်ပင်။

သူမက ဒီလူတွေကို နှင်ထုတ်လိုက်လို့ပြောရင် ဘယ်သူကငြင်းရဲမှာလဲ။

ဒီအတိုင်းကျော်သွားချင်သော ရှီချန်းသည် ခံစားချက်ကောင်းသွားကာ နှုတ်ခမ်းတွန့်ပြီး ပြုံးလိုက်သည်။

အသည်းကွဲတောင်ကြားအဖွဲ့ဝင်များ ဝိုင်းလာသည်နှင့် ကျန်းယိမျိုးနွယ် ဝင်များ အော်ကြလေသည်။ “မင်းတို့ ငါတို့ကိုဒီလိုလုပ်လို့မရဘူး၊ ငါတို့က မင်း တို့ရဲ့ဧည့်သည်ပဲ မင်းတို့ပဲ ငါတို့ကိုဒီကိုဖိတ်ထားတာ”

“ငါတို့တောင်ကြားဒုခေါင်းဆောင်က ပြောပြီးသားပဲ မင်းတို့က ငါတို့ ဧည့်သည်တွေမဟုတ်ဘူး၊ ကျေးဇူးပြုပြီး အခုပဲ ဒီကနေထွက်သွားပေးပါ”

“မရဘူး မင်းတို့ဒီလိုလုပ်လို့မရဘူး”

“အား….”

အသည်းကွဲတောင်ကြားအဖွဲ့ဝင်များသည် ‘ကျေးဇူးပြုပြီး’ ဟုပြောသော် လည်း တွေဝေခြင်းမရှိ လက်သီးဆုပ်ဖြင့် ရိုက်နှက်ကာ အဝေးတစ်နေရာသို့ ပစ်လိုက်ကြလေသည်။

“ဟင်း မြန်မြန်ထွက်သွားလိုက်တော့”

“မင်း ထိပ်တန်းတောင်ကြား တပည့်တွေကိုတွေ့ရင် ကွေ့ပတ်သွားတာ ကောင်းလိမ့်မယ်၊ အနိမ့်ဆုံးအဆင့်ကိုတောင် ရန်စလို့မရဘူး”

သူတို့ ထိုလူများကို တကယ်ပင် ပစ်လိုက်ကြသည်ကို မြင်ပြီးနောက် ဝိုင်း ကြည့်နေကြသူများသည် အတွေးများပြောင်းသွားကြလေသည်။

အရိုက်ခံရသော တပည့်အတွက် သူတို့သည် ဖိတ်ကြားထားသည့် ဧည့်သည်ကိုပင် ပြစ်မှားရန် မတွေဝေပေ။ ဒီလိုမတရားကျူးကျော်တတ်တာ လူတိုင်းမှာမရှိဘူးလေ။

သို့သော် ထိုလူများ ထိုက်တန်သည်။ သူတို့သည် တုံးအသော အရာကို လုပ်ခဲ့သည်။ သူတို့ နှင်မထုတ်ခံရမှပင် ထူးဆန်းနေဦးမည်။

ထိုလူများဆွေးနွေးနေစဉ်တွင် အကြံတူရှိကြသောလူများသည် တောင်ကြားကို ကြိုသွားမည့် အကြံများကို စွန့်လွှတ်လိုက်ကြတော့သည်။

အဖွဲ့ဝင်များကို ကာကွယ်တတ်သော အားကောင်းသောအင်အားစုမှ ချမှတ်ထားသော ထိုကဲ့သို့စည်းမျဉ်းကို မဆန့်ကျင်သည်ကကောင်းမည်။ ထိုမှ သာ ထိုလူများကဲ့သို့ အဆုံးသတ်ကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

နှစ်ရက်အကြာတွင် အသည်းကွဲတောင်ကြားနှင့် အံ့ဖွယ်နတ်ဆိုးတောင် ကြားတို့ တရားဝင်ပေါင်းစည်းသည့် အသိအမှတ်ပြုနေ့ရောက်လာသည်။ မနက် စောစောတွင် ဖိတ်ကြားခံရသော အင်အားစုများသည် အဆိပ်ဖြေဆေးရကြ‌ လေသည်။ ဆေးအရေအတွက်မှာ အားလုံးနှင့် ကွက်တိဖြစ်သည်။

“လေးစားရတဲ့ ဧည့်သည်တော်တို့ လက်ထဲမှာရောက်နေတဲ့ဆေးတွေက ယာယီအဆိပ်ဖြေဆေးပါပဲ၊ နှစ်ရက်လောက်တော့ ခင်ဗျားတို့ရဲ့ လုံခြုံရေးကို အာမခံနိုင်ပါတယ်” ကြီးကြပ်သူ ဆက်ပြောလေသည် “အကုန်လုံးဝင်တဲ့အချိန် ကျရင် လမ်းညွှန်ပေးမယ့်သူရှိပါလိမ့်မယ် အားလုံးပဲ ဒီဘက်ကိုကြွပါ”

ကြီးကြပ်သူပြောပြီးနောက်တွင် မည်သူမှ မတုံ့ပြန်ကြပေ။ လူတော်တော် များများ ဆေးဝါးစားကြသော်လည်း တောင်အစွန်းတွင်ရပ်ပြီး ငုံ့ကြည့်လိုက်ရာ ထူထဲသော အဆိပ်အနံ့အသက်များမှ ဖြစ်ပေါ်လာသော အဆိပ်အတားအဆီး ကိုမြင်သောအခါ စိတ်ထဲတွင် အကြောက်တရားများဖြစ်ပေါ်လာကာ ရင်ခုန်သံ များမြန်လာကြသည်။

ဂလု… အဆိပ်ဖြေဆေးက အလုပ်မဖြစ်ရင် ဘယ်လိုလုပ်မှာလဲ။

***

All Chapters