ကောင်းကင်အောက်က အကောင်းဆုံးတောင်ကြား ၇
Vol. 100 Ch. 1398
“အားလုံးပဲ ဒီဘက်ကြွပါ” ခြေကြွသည့်သူမရှိသည်ကို သတိထားမိသည် နှင့် အစေခံသည် ထပ်ပြောလေသည်။
“ဒါက… ကြီးကြပ်သူယွမ် ဒီအဆိပ်ဖြေဆေးက တကယ်အလုပ်ဖြစ်ရဲ့ လား” လူတစ်ယောက်သည် သူတို့၏ သံသယကိုတိုးညင်းစွာ ပြောလေသည်။
“ဟုတ်တယ်၊ အဆိပ်ဖြေဆေးက အလုပ်မဖြစ်ရင် ဘယ်လိုလုပ်မှာလဲ၊ ငါတို့ဝင်သွားလိုက်ရင် သေသွားမှာမဟုတ်ဘူးလား”
ထိုစကားကိုပြောလိုက်သည်နှင့် အားလုံးသည် ထိုအတိုင်းပင် တွေးမိကြ လေသည်။
အသည်းကွဲတောင်ကြားနဲ့ အံ့ဖွယ်နတ်ဆိုးတောင်ကြားက ဒီအခွင့်အရေး ကို အဆိပ်ဖြေဆေး တလွဲသုံးပြီး သူတို့ကိုသတ်လိုက်ရင် ဝင်သွားလိုက်တာနဲ့ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ပါ့မလား။
“အားလုံးပဲ အံ့ဖွယ်နတ်ဆိုးတောင်ကြားက ဘယ်လိုလဲဆိုတာ အကုန်လုံး မြင်ဖူးကြပြီးသားပါ၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားက အဲလိုကိစ္စတွေလုပ်ပါ့ မလား” ယွမ်ဟိုင်းပင် ပြောလိုက်သည်။
“ဟားဟား… လောင်ယွမ် ဒေါသမထွက်ပါနဲ့” လူတစ်ယောက်သည် ရယ်မောကာ လျှောက်လာသည်။
“ကုန်တောင်ကြား အဖွဲ့ဝင်တွေပဲ”
“ကုန်တောင်ကြား အဖွဲ့ဝင်တွေကို ဖိတ်ထားမယ်လို့ထင်မထားဘူး”
“ကုန်တောင်ကြားနဲ့ အသည်းကွဲတောင်ကြားတို့က ဆက်ဆံရေးကောင်း တယ်လို့ကြားတယ်၊ သူတို့ သေချာပေါက်လာကြမှာပေါ့”
“တောင်ကြားသခင်ကုန်၊ တက်ရောက်တဲ့အတွက် ဂုဏ်ယူရပါတယ်” ယွမ်ဟိုင်းပင်သည် လက်အုပ်ချီကာ ကုန်ကျန်းရှင်းကို နှုတ်ဆက်လေသည်။
“အဖေ မြန်မြန်ဝင်ရအောင်” ကုန်ရှန်ယိသည် ကုန်ကျန်းရှင်း၏ လက်ကို ဖက်တွယ်ပြီး ပြောလေသည်။
“သမီး အဲကောင်လေးကို တွေ့ဖို့စိတ်ဆောနေပြီဆိုတာ အဖေသိတယ်” ကုန်ကျန်းရှင်းသည် သမီးဖြစ်သူကို အလိုလိုက်သဖြင့် ပြောလိုက်သည် “လောင်ယွမ် ကျုပ်တို့အခုသွားလိုက်ဦးမယ် နောက်မှတွေ့ကြမယ်”
“တောင်ကြားသခင်ကုန် ဒီဘက်ကိုကြွပါ”
ကုန်တောင်ကြားမှလူများသည် အဆိပ်ဖြေဆေးသောက်ကာ သားရဲပျံ ပေါ်ထိုင်ပြီး တောင်ကမ်းပါးအစွန်းမှ တောင်ကြားဆီသို့ ပျံသန်းသွားလေသည်။
ကုန်တောင်ကြားအဖွဲ့ဝင်များ အဆိပ်အတားအဆီးဆီသို့ သွားလိုက်သည် ကို မြင်ပြီးနောက် အဆိပ်ဖြေဆေးသည် အစစ်ဖြစ်သည်ဟု တောင်ကမ်းပါး အစွန်းမှ ဧည့်သည်များယုံသွားကြသည်။ ထိုအခါမှပင် သူတို့သည် အဆိပ်ဖြေ ဆေးသောက်ကာ သားရဲပျံစီစဉ်ပြီး တောင်ကြားသို့ဝင်ကြလေ၏။
သားရဲပျံများသည် စီစဉ်ထားသည့် ခုံများဆီသို့တိုက်ရိုက်ပျံသန်းသွားပြီး နောက်ထပ်ဧည့်သည်တစ်သုတ်ကို ကြိုရန်ပြန်သွားလေသည်။ ရောက်လာ သော ဧည့်သည်များကို တောင်ကြားတပည့်များသည် အသည်းကွဲတောင်ကြား ဆီသို့ ခေါ်သွားကြလေသည်။
“ထိပ်တန်းတောင်ကြား”
လူတစ်ယောက်သည် သူတို့ထိုင်နေသည့် နေရာအနီးမှ ကျောက်ပြားကို သတိထားမိပြီး စာလုံးများကို ကျယ်လောင်စွာ ဖတ်လိုက်သည်။
“အံ့ဖွယ်နတ်ဆိုးတောင်ကြားနဲ့ အသည်းကွဲတောင်ကြားတို့ ပေါင်းစည်း ပြီးတော့ ထိပ်တန်းတောင်ကြားဆိုတဲ့ နာမည်နဲ့ အင်အားစုအသစ်ကို လုပ်လိုက် ကြတာပါ၊ အားလုံးပဲ ကျေးဇူးပြုပြီး” တပည့်များသည် သူတို့ကိုကြိုဆိုပြီး နောက် ရိုးရှင်းစွာမိတ်ဆက်ပေးပြီး အားလုံးကို ကွင်းပြင်ဆီသို့ခေါ်သွားလိုက်ကြ သည်။
သူတို့ကတကယ်ပဲ ထိပ်တန်းတောင်ကြားလို့ ခေါ်လိုက်ကြတာပဲ။
အလယ်ပိုင်းဒေသမှာ အသည်းကွဲတောင်ကြားနဲ့ အံ့ဖွယ်နတ်ဆိုးတောင် ကြားတို့က အရေးကြီးတဲ့အင်အားစုတွေပဲ၊ အခုသူတို့ ပေါင်းစည်းလိုက်ကြ တော့ အတွင်းပိုင်းဒေသကို ထိန်းနိုင်သွားမှာပဲ။ သူတို့ဘာသာ ဒီလိုနာမည်ပေး ရဲတာ အံ့ဩစရာတော့မရှိပါဘူး။
“အခု ဘယ်ကိုသွားနေတာလဲဆိုတာ မေးလို့ရမလား၊ တောင်ကြားကို လည့်ပတ်ကြည့်လို့ရလား” လူတစ်ယောက်သည် စပ်စုစွာဖြင့် မေးလေသည်။
“ကျွန်တော်တို့ အခုကွင်းပြင်ကိုသွားတာပါ၊ အခုဧည့်သည်တော်တွေကို အင်အားစုနှစ်ခုပေါင်းစည်းတဲ့နေရာမှာ မျက်မြင်သက်သေအဖြစ်နေပေးဖို့ ဖိတ်ကြားတာပါ၊ ကျွန်တော်တို့ တောင်ကြားဒုခေါင်းဆောင်၊ တောင်ကြား ခေါင်းဆောင်၊ အကြီးအကဲတွေနဲ့ ခန်းမသခင်တွေအကုန်လုံးက အားလုံးကို ခဏနေရင်လာတွေ့မှာပါ”
“အဲတော့ ငါတို့ လှည့်ပတ်ကြည့်လို့မရဘူးလား”
“ရပါတယ်” လမ်းပြနေသော တပည့်ကရှင်းပြလေသည်။
“မနက်ပိုင်းကို အခမ်းအနားတက်ပြီးတော့ နေ့လည်ကို နေ့လယ်စာအချိန် ရှိပါမယ်၊ နေ့လယ်ခင်းပြီးရင်တော့ အားလုံးပဲ လွတ်လွတ်လပ်လပ်လှည့်ပတ် ကြည့်လို့ရပါတယ်၊ ညကိုတော့ ညစာစားပွဲရှိပါမယ်”
အားလုံးသည် အစီအစဉ်များကိုသိပြီးနောက် လှည့်ပတ်ကြည့်ရန် မလော တော့ပေ။ သူတို့သည် ကွင်းပြင်ဆီသို့ လိုက်သွားကြပြီး လမ်းတစ်လျှောက်တွင် အသည်းကွဲတောင်ကြား၏ ထူးခြားသောမြင်ကွင်းများစွာကို မြင်ရလေသည်။
ပြီးခဲ့သည့်လများတွင် တောင်ကြားမှလူတိုင်းသည် အလုပ်များခဲ့ကြသော် လည်း ရှီမာယူယူသည် သူမဖခင်ကို ဆေးကုသပေးခြင်း၊ ကုသရန်နည်းလမ်း ရှာဖွေခြင်းနှင့် တောင်ကြားအပြင်မှ အဖြစ်အပျက်များကို သတင်းစုဆောင်း ခြင်းအစရှိသည့် သူမကိစ္စများကိုသာ ပူပင်ကြောင့်ကြမဲ့စွာလုပ်နိုင်ခဲ့သည်။
အလုပ်များနေသောသူများသည် သူမ ပူပင်ကြောင့်ကြမဲ့နေသည်ကို မြင် သောအခါ အားကျကြကာ စောစောသိလျှင် ဘာမှလုပ်စရာမလိုသည့်နေရာကို သာယူသည်ဟု တွေးနေကြသည်။
အာ… သူတို့မှာ အဲလိုအရည်အချင်းတွေမရှိရင် ဒီလိုဘဝမှာ နေရမှာ မဟုတ်ဘူး။ သူတို့မှာ ထောက်ပံ့နိုင်တဲ့အင်အားမရှိမှတော့ အလုပ်လုပ်ရုံသာရှိ တော့တာပေါ့။
“တောင်ကြားဒုခေါင်းဆောင်၊ မဟာမိတ်အဖွဲ့တွေ ရောက်လာပါပြီ တောင်ကြားသခင် သွားလိုက်ပါ”
ရှီမာယူယူသည် ထိုသတင်းရချိန်တွင် ရှီမာလျူရွှမ်ကို အပ်စိုက်ကုသခြင်း ပြီးခါစဖြစ်ရာ ပြန်ဖြေလိုက်သည် “သိပြီ ငါ မကြာခင်ကိုလိုက်လာမယ်”
ထို့နောက်တွင် သူမ ရှီမာလျူရွှမ်ဘက်လှည့်ပြီး ပြောလိုက်သည်။ “အဖေ အခြေအနေမကောင်းရင် အဲဒီကိုမသွားနဲ့နော်”
“အင်း” ရှီမာလျူရွှမ် ခေါင်းညိတ်လိုက်သည်။
ယနေ့တွင် အတွင်းပိုင်းဒေသမှ အင်အားစုများစွာ ရောက်လာကြသည်။ သူ ပြန်လာသည်ကို သူတို့သိကြပါက သေချာပေါက် အငြင်းအခုံများဖြစ်လာနိုင် သည်။ အရင်ကအတိုင်းဆိုလျှင် သူ ကြောက်ရွံ့မည်မဟုတ်ပေ။ သို့သော် အခု ချိန်တွင် သူ့တွင် အင်အားမရှိသဖြင့် တစ်ခုခုဖြစ်လျှင် မိသားစုအတွက် ဝန်ထုတ် ဝန်ပိုးသာဖြစ်သွားပေတော့မည်။ ရှောင်လိုက်သည်က ပိုကောင်းသည်။
အခု သူက စိတ်ပြင်းပြတာတောင် မလုပ်နိုင်တော့ဘူးလေ….
ရှီမာယူယူသည် သူ့မျက်လုံးထဲမှ စိတ်ပျက်မှုကိုမြင်သောအခါ ဖခင်ဖြစ်သူ ၏ လည်ပင်းကိုသိုင်းဖက်လိုက်ပြီး နှစ်သိမ့်ပေးလိုက်သည် “အဖေ မစိုးရိမ်ပါနဲ့ သမီး သေချာပေါက် ကုဖို့နည်းလမ်းရှာမှာပါ၊ အဖေပြန်ကောင်းလာရင် အမေ့ကို လည်းရှာရဦးမယ် ပြီးတော့ အဖေ့စွမ်းအားတွေ ပြန်ကောင်းဖို့နည်းလမ်းကို ရှာ မယ်လို့ ဘိုးဘိုးကြီးကလည်းပြောတယ်”
“အင်း အဖေ သမီးကိုယုံပါတယ်၊ ဟုတ်ပြီ ဒီနေ့က အရေးကြီးတဲ့နေ့ပဲ၊ သွားပြီး လုပ်စရာရှိတာလုပ်လိုက်” ရှီမာလျူရွှမ်သည် သူမလက်ကိုပုတ်လိုက် သည်။
“ဟုတ်ကဲ့ပါ ဒီမှာစာအုပ်တွေအများကြီးရှိတယ် အဖေပျင်းရင် စာအုပ်တွေ ဖတ်လို့ရတယ်၊ တစ်ခါတည်း လင်းယူကိုပါ ကြည့်ဖို့ကူပေးပါဦး”
ရှီမာယူယူသည် ခဏကြာအောင် တိုက်တွန်းပြီးနောက် ခြံဝန်းထဲမှ ထွက် သွားလေသည်။
သူမ ခန်းမသို့ရောက်သောအခါ ရှားကျောင်ထျန်နှင့် တခြားသူများ ရောက်နေကြပြီဖြစ်သည်။
“ဥက္ကဌ ဘယ်လိုဖြစ်ပြီး အကုန်အတူလာကြတာလဲ” သူမသည် နေရာကို သမန်ကာလျှံကာပင်ရှာပြီး ထိုင်လိုက်သည်။
“ဟင်း မင်းပြန်လာတာတောင် ငါတို့ကိုမပြောဘူး၊ ဒီအကြောင်းကိုတောင် ကံကောင်းလို့သိရတာနော်၊ မဟုတ်ရင် မင်းနဲ့စာရင်းရှင်းရတော့မယ်” ရှားကျောင်ထျန် ညည်းညူလေသည်။
“ဥက္ကဌ ဒါမဖြစ်ခင်ကို ကျွန်မ အကြာကြီးပြန်မလာနိုင်ဘူး အလုပ်လည်း အရမ်းများနေတာနဲ့လေ၊ ဒီတစ်ခါတော့ လွှတ်ပေးပါ” ရှီမာယူယူသည် ရယ်မော ပြီးပြောလေသည်။
“ဒါပေမဲ့ ဒါကရုတ်တရက်ကြီးဖြစ်လွန်းတယ်၊ ဘာလို့ရုတ်တရက်ကြီး အင်အားစုပေါင်းလိုက်တာလဲ” ဖန်မင် မေးလေသည်။
“အကုန်လုံးက လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုကြောင့်လေ” ရှီမာယူယူသည် ဖြစ်ပျက်သမျှကို ပြောပြလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ အတွေးများကို ပြောပြလေသည်။ ထိုလျှို့ဝှက်ဆန်းကြယ်သော လူများသည် အင်အားစုတစ်ခုမှ ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ မတူညီသောအင်အားများမှ အတွင်း ပိုင်းဒေသကိစ္စများကို နှောင့်ယှက်ရန်ကြိုးစားနေခြင်းဖြစ်မည်။
“သူတို့က အင်အားစုတစ်ခုတည်းက မဟုတ်ကြဘူး၊ အစပိုင်း အင်အားစု တည်ထောင်ရတာက ငါတို့ကို တိုက်ခိုက်ပြီး ကွဲပြဲဖို့ပဲ၊ သူတို့မှာ မင်းတို့ကို တိုက်ခိုက်ဖို့ အင်အားမရှိပါဘူး” ရှန်းယန် ပြောလိုက်သည်။
“အခုနောက်ပိုင်းကို အတွင်းပိုင်းဒေသလည်း မအေးချမ်းဘူး”
“ဟင်း အတွင်းပိုင်းဒေသက အဲဒီလူအိုကြီးတွေကတော့ အမြဲတမ်း အဆင် မပြေနေတာပဲ၊ သူတို့ရဲ့ အိုဟောင်းနေတဲ့ အသိုက်ကြီး ဖျက်ဆီးလိုက်ရင် ဒီလို ထောင်လွှားနိုင်ဦးမလားကြည့်ဦးမယ်”
“ဥက္ကဌတို့ ဒီအကြောင်းတွေကို မပြောကြပါနဲ့တော့ အခမ်းအနားစတော့ မယ်၊ ကျွန်မ ကွင်းပြင်ကိုခေါ်သွားပေးပါမယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ပြီလေ မင်းအားတော့မှ ဒီအကြောင်းကို ဆွေးနွေးကြတာပေါ့” ရှားကျောင်ထျန် ပြောလိုက်သည်။
“…”
အဘိုးကြီးအဖွဲ့သည် အမှန်တကယ်ပင် သူမပြန်လာသည်ကို လွှတ်မပေး နိုင်ပေ။
ရှီမာယူယူသည် သူတို့ကိုကွင်းပြင်ဆီသို့ခေါ်သွားပေးသည်။ သူတို့ တောင် ပေါ်မှဆင်းသည်နှင့် နောက်ကျနေသော ချင်းမိုနှင့်တွေ့ပြီး ချင်းမျိုးနွယ်ကိုပါ တစ်ခါတည်း ခေါ်သွားလိုက်သည်။
သူတို့ ထိုနေရာသို့ရောက်သောအခါ ကွင်းပြင်တွင် လူများဖြင့် ပြည့်နှက် နေပြီဖြစ်သည်။ အခမ်းအနားစ,မည်ကို စောင့်နေရင်းနှင့် ထိုင်ခုံများအားလုံး ပြည့်နေပြီဖြစ်သည်။
ရှီမာယူယူသည် သူတို့ခုံနေရာများဆီသို့ ဦးဆောင်သွားပြီးနောက် သူမ နေရာသို့သွားလိုက်သည်နှင့် ရှီမန်ဖန်၊ လျန်ဝူမင်၊ အကြီးအကဲများနှင့် ခန်းမ သခင်များလျှောက်ဝင်လာသည်ကို မြင်လိုက်ရသည်။
***