အပိုင်း (၁၃၉၄)
Vol. 94 Ch. 1394
ကုန်းရှန့်သည် ကြီးမြတ်သူတုံကု၏ တပည့်ဆိုသော ဝှက်ဖဲတည်ရှိနေသောကြောင့် လင်းဝေအစစ်အမှတ်ဂိုဏ်းကို အကြောက်အလန့်ကင်းမဲ့နေ၏။
ကုန်းရှန့်သည် အလွန်တရာ အရှက်မဲ့ကြောင်းကို အားလုံးသောသူများ သိရှိပြီးသား ဖြစ်ပေလိမ့်မည်။
သူ့အနေဖြင့် သူ့အား ထောင့်တစ်ခုအတွင်းသို့ ချောင်ပိတ်ခေါ်ကာ ရိုက်နှက်မည်ဆိုပါက သူ့ဆရာ၏ ဂိုဏ်ပုဒ်ကိုသုံးကာ ပြန်လည်တုံ့ပြန်မှာ ဖြစ်သည်။
အမဲရောင်နတ်ဆိုးသည် ချက်ချင်းပဲ စိတ်သက်သောင့်သက်သာ ဖြစ်သွား၏။
သူ၏ ညီငယ်လေးသည် ကြီးမြတ်သူတုံကု၏ တပည့်ဖြစ်သောကြောင်းသာ သိရှိသည်ဆိုပါက ရန်မပြုရဲရုံသာမက ကိုယ်တိုင်ကိုယ်ကျပါ လာရောက်တောင်းပန်ပေလိမ့်မည်။ တစ်စုံတစ်ယောက်သည် အထက်နယ်မြေတွင် အသက်ရှင်ချင်သည် ဆိုပါက အချိတ်အဆက် အဆက်အသွယ်သည် အလွန်အရေးကြီးလွန်းလှသည် မဟုတ်ပါလား။
ထိုက်ရွှမ်အဘိုးအို ပြိုင်စံရှားဂိုဏ်းသို့ လာရောက်ပြီးနောက် အပျော်ရွှင်ရဆုံး လူများမှာ ကျန်းထယ်ကျွင်းနှင့် ရှန်ကွမ်းရှင်းရောင်တို့ပင် ဖြစ်၏။ ထိုက်ရွှမ်အဘိုးအိုသည် အစီအရင်နှင့် ပတ်သက်လျှင် အားအကောင်းဆုံးသော လူများဖြစ်ပြီး ၎င်းတို့အနေဖြင့် နေတိုင်း နှိမ့်နှိမ့်ချချနှင့် သွားရောက်ကာ အကြံပြုမေးမြန်းခြင်းကို ပြုလုပ်နိုင်၏။
တစ်ရက်မှာတော့ ကျွင်းချောင်ရှောငိးသည် သက်ပြင်းချကာဖြင့် ဝင်လာခဲ့၏။ အားဟိုင်နှင့် ယိဟိုင်တို့သည် ဝိုင်များကို အသာချကာဖြင့် ဟင်းပွဲများကိုလည်း သပ်သပ်ရပ်ရပ် စီထားလိုက်ကြသည်။
ဝိုင်နှင့် ဟင်းပွဲများဆီမှ အနံ့သည်အခန်းအတွင်းသို့ ပျံ့နှံ့သွားခဲ့၏။
မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု မြင့်မားသည်ဟု ဝင့်ကြွားခဲ့သော ထိုက်ရွှမ်အဘိုးအိုသည်မနေ့တုန်းက စားခဲ့ရသည့် အစားအစာအများကို ပြန်လည်စဉ်းစားပြီးနောက် တံမျေိုချနေမိ၏။ သူသည် စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ "ငါ့ကို ဝိုင်တွေ၊ အစားအစာတွေနဲ့ မျှားပြီး ခေါ်ချင်လို့လား။"
"ဆရာကြီး"
ကျွင်းချောင်ရှောင်းသည် နာနာကျင်ကျင်နှင့် ပြောလိုက်၏။ "ကျုပ်တို့ဂိုဏ်းက တည်ထောင်ခဲ့တာ ကြာပြီလေ။ ဒါပေမဲ့ ဆရာဘိုးဘိုးဆိုတဲ့ နေရာတစ်ခုက လွတ်နေသေးတယ်"
ထိုက်ရွှမ်အဘိုးအိုသည် တစ်ဖက်လူ သူ့အားချည်နှောင်ခြင်းကြောင်းကို ချက်ချင်းနားလည်လိုက်သည်။
"အမှိုက်ကောင်လေး"
သူသည် ဆူငေါက်လိုက်၏။ "ငါ့ကို အတင်းကြီးတွန်းအားမပေးနဲ့"
သူသည် အတင်းဖိအားပေးခံရသောကြောင့် ဆရာတပည့်ဖြစ်ကြောင်း ဝန်ခံခဲ့ရ၏။ သူသည်သာ ပြိုင်စံရှားဂိုဏ်းသို့ ဝင်ရောက်သည် ဆိုပါက နေ့စဉ်နေ့တိုင်း ပြဿနာကြီးကို ခေါင်းပေါ်တင်ကာ သွားလာနေရမှာ သေချာသည်။
ကျွင်းချောင်ရှောင်းသည် ဝိုင်ကို အသာလောင်းထည့်ပြီးနောက် ပြောလိုက်၏။ "ကျုပ်တပည့်က ဆရာကြီးဖန်တီးထားတဲ့ ထိုက်ရွှမ်နှလုံးသား ကျင့်စဉ်ကို ကျင့်ကြံတာလေ။ ဒါက အခွင့်အရေးကြီး တစ်ခုလို့ ပြောလို့ရတယ်။ ဂိုဏ်းဆီ ဘာလို့ မဝင်တာလဲ။ဘိုးဘေးအကြီးအကဲအနေနဲ့ အဆင့်အတန်းမြင့်မြင့် ဆက်ဆံခံရုံပဲ မဟုတ်လား"
ဂိုဏ်းတွင် ဟောခန်းသခင်၊ ကာကွယ်စောင့်ရှောက်သူများနှင့် အကြီးအကဲများ တည်ရှိနေခဲ့၏။ သို့ပေမဲ့ ဘိုးဘေးအကြီးအကဲ နေရာမှာတော့ လွတ်လပ်နေသေးသည်။
သူသည်သာ တစ်ဖက်လူကို ဂိုဏ်းထဲသို့ဝင်အောင် လှည့်စားနိုင်မည် ဆိုပါက ဂိုဏ်း၏အဆင့်အတန်းသည် တိုးတက်သွားမှာ သေချာ၏။ ထို့ပြင် ထိုက်ရွှမ်အဘိုးအိုသည် အစီအရင်နှင့် ပတ်သက်လျှင် ကျွမ်းကျင်ဆရာ အဆင်၌့ တည်ရှိနေ၏။ ထို့ကြောင့် ဤတည်နေရာနှင့် လိုက်ဖက်လွန်းလှချေ၏။
"ဟုတ်ပြီ"
ကျွင်းချောင်ရှောင်းက ဆက်ပြောလိုက်သည်။ "တကယ်လို့ ဆရာကြီးအနေဖြင့် ဘိုးဘေးအကြီးအကဲ ဖြစ်မယ်ဆိုရင် လွတ်လွတ်လပ်လပ်နေချင်သလို နေလို့ရတယ်။ ဂိုဏ်းရဲ့ အတွင်းစည်းကိစ္စတွေကို ကျုပ်တစ်ယောက်တည်း ကိုင်တွယ်မှာပါ"
ထိုက်ရွှမ်အဘိုးအိုသည် လျင်လျင်မြန်မြန်ပဲ ငြင်းဆိုလိုက်၏။ "စိတ်မဝင်စားဘူး"
သူ့အနေဖြင့် ဤပြဿနာကောင်နှင့် များများစားစား သိပ်ပြီး မဆက်ဆံရဲချေ။ ၎င်းသည် ရွှမ်အဆင့် ဂိုဏ်းများကို ရန်ပြုရဲသည်သာမက ယခု အစစ်အမှန်ဂိုဏ်းကိုပါ ပြဿနာရှာခဲ့၏။ ဆက်လက်ကာ ပတ်သက်မည်ဆိုလျှင် တာအိုနှင့် မိုးကောင်းကင် (အင်မော်တယ်) ဂိုဏ်းများကိုပါ ပြဿနာရှာပြီး မည်သည့် အချိန်တွင် သေဆုံးမည်ကိုပင် မသိနိုင် ဖြစ်သွားပေလိမ့်မည်။
"ဒါဆိုလည်း ထားလိုက်ပါတော့"
ကျွင်းချောင်ရှောင်းသည် ဆက်လက်ကာ ပြောဆိုမနေတော့ချေ။ စတင်ကာ စားသောက်တော့၏။ ဟင်းနှင့်ဝိုင်တို့၏ အနံ့များသည် အခန်းထဲတွင် မွှေးကြိုင်လျက်ရှိ၏။
ဂလု ….
ထိုက်ရွှမ်အဘိုးကိုသည် လှောင်အိမ်ကဲ့သို့သော အကျဉ်းထောင်ထဲတွင် ထိုင်လျက်ရှိပြီး တစ်ဖက်လူ စားသောက်နေသည်ကို ကြည့်နေရ၏။ နောက်ဆုံးမှာတော့ မည်သို့မျှ မနေနိုင်တော့ဘဲ သူ၏ အနံ့အာရုံကို စည်းခတ်ခဲ့ရတော့သည်။
စိတ်လိုလက်ရ စားသောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ချီမင် အစီအရင်ချိုးဖျက်ခြင်း စာအုပ်၏ ပထမစာမျက်နှာကို လှန်ကာ ပြောလိုက်၏ "ဆရာကြီး … ဒါက ကျုပ်တို့ဂိုဏ်းရဲ့ ဘိုးဘေးချန်ခဲ့တဲ့ စာအုပ်လေ။ တစ်ချက်လောက် ကြည့်ကြည့်ချင်လား"
ထိုက်ရွှမ်အဘိုးအိုသည် တစ်ဖက်လူ သူ့အား လာရောက်လှည့်စားကြောင်း ကောင်းကောင်းသိ၏။ ထို့ကြောင့် ဖတ်ရန် စိတ်ကူးမရှိချေ။ သို့ပေမဲ့ သူသည် အစီအရင်နှင့် ပတ်သက်လျှင် အရူးအမူးစွဲလမ်းသူ တစ်ယောက် ဖြစ်သောသောကြောင့် အမှတ်မထင် လှမ်းကာ ကြည့်ရှုလိုက်မိသည်။ အထဲတွင် ရေးသားထားသည့် အကြောင်းအရာများမှာ အမှန်ပင် စိတ်ဝင်စားဖွယ် ကောင်းလွန်းလှသည်။
"သောက်ကျိုးနည်း"
အထဲတွင် ရေးသားထားသည့် အကြောင်းအရာများမှာ အစီအရင်ကို မည်ကဲ့သို့ ချိုးဖျက်ရမည်ဖြစ်ကြောင်းကို ရေးသားထားသည့် အကြောင်းအရာများပင် ဖြစ်၏။ ပါဝင်နေသည့် အကြောင်းအရာများသည် သူတွေးပင် မတွေးဖူးသော အကြောင်းအရာများပင် ဖြစ်လို့နေ၏။
"စာမျက်နှာကို လှန်လိုက်"
ဆွစ် ……။
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ စာအုပ်ကိုပိတ်ကာ ပြောလိုက်သည်။ "ဆရာကြီးအနားယူနေတာကို မနှောင့်ယှက်တော့ပါဘူး"
ပြီးနောက် သူသည် လှည့်ကာ ထွက်သွား၏။
"အမှိုက်ကောင်"
ထိုက်ရွှမ်အဘိုးအိုသည် အလောတကြီး အော်ဟစ်လိုက်သည် "အခုပြန်လာစမ်း။ ငါ့ကို နောက်တစ်ရွက် ထပ်ပြ"
ကုန်းရှန့်သည် ငရဲကြီးကိုးထပ်တွင် လေ့လာသည့် အချိန်ကတည်းက ထိုအရာသည် အလွန့်ကို မှော်ဆန်သည့် အရာဖြစ်ကြောင်း နားလည်ထားပြီးဖြစ်၏။ အစီအရင်များကို ကျွမ်းကျင်သော သူတစ်ယောက်အနေဖြင့် ထိုစာအုပ်ကို တွေ့ရှိပါက မည်သို့မျှ နေနိုင်လိမ့်မည်မဟုတ်ချေ။
"ဆရာကြီး"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒီမှာ ဘိုးဘေးအကြီးအကဲ ဖြစ်လာပြီ ဆိုရင် ကျမ်းစာကို စိတ်လိုလက်ရ ဖတ်နိုင်ပါပြီ..."
ထိုက်ရွှ်မအဘိုးအို၏ မျက်နှာပေါ်ရှိ အမူအရာသည် ထပ်တလဲလဲ ပြောင်းလဲလျက်ရှိ၏။ အဆုံးသတ်မှာတော့ သူသည် ထကာဆဲလိုက်တော့၏။ "ခွေးကောင်။ ငါသေမှ ပြီးမဲ့ကိစ္စလား မသိဘူး"
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ကာ လေးလေးနက်နက်ပြောလိုက်သည်။ "ဆရာကြီး ကျေးဇူးပြုပြီး ကျုပ်ကို ယုံကြည်ပါ။ ပြိုင်စံရှားဂိုဏ်းကို ဝင်ရောက်ခြင်းက ဆရာကြီးကို အကျိုးကျေးဇူးတွေ အများကြီး ရရှိစေလိမ့်မယ်"
"အင်း"
စနစ်က သုံးသပ်လိုက်မိ၏။ "လူခေါ်တဲ့နေရာမှာ တစ်ကယ့်ကို အဆင့်အတန်းမြင့်လာပြီပဲ"
"ချီးတဲ့မှ"
နှလုံးသားထဲတွင် ထပ်တလဲလဲပြောင်းလဲပြီးနောက် ထိုက်ရွှမ်အဘိုးအိုသည် ပြောလိုက်သည်။ "သေချာ ရှင်းရှင်းလင်းလင်း ပြောပြထားမယ်။ ဂိုဏ်းရဲ့ ကိစ္စတွေကို ဘယ်လိုမှ ပါဝင်ပတ်သက်မှာ မဟုတ်ဘူး။ ဘိုးဘေးအကြီးအကဲအဖြစ် စိတ်အေးလက်အေး နေရုံပဲ"
"ကောင်းပါပြီ"
သဘောတူညီမှု ရပြီးနောက် ကျွင်းချောင်ရှောင်းသည် ဝင်ခွင့်ဖောင်ကို ထုတ်ယူကာ မေးမြန်းပြီးနောက် တံဆိပ်တုံးကို ထုနှက်လိုက်တော့သည်။ ပြီးနောက် စပ်ဖြီးဖြီးနှင့် ပြောလိုက်၏။ "ဆရာကြီး ကျုပ်တို့က အခုတစ်ဂိုဏ်းတည်း ဖြစ်သွားပြီနော်"
တစ်ဖက်လူ၏ မျက်နှာပေါ်ရှိ အပြုံးကို မြင်ရသည့်အချိန်မှာတော့ ထိုက်ရွှမ်အဘိုးအို၏ နှလုံးသားသည် ပြိုလဲလျက် ရှိနေသည်။
"ငါက လှောင်အိမ်ထဲမှာ ချုပ်နှောင်ခံထားရတာ မဟုတ်လား။ ဒီကောင့်ရဲ့ ထားရာနေ စေရာသွားဘဝ ရောက်ပြီလား မသိဘူး"
"ပေါက်ကရတွေ မပြောနဲ့။ ငါ့ကို မြန်ုမြန် လျှို့ဝှက်ကျမ်းပြတော့"
"အင်း ဟုတ်ပြီ။ ဝိုင်နဲ့ ဟင်းပွဲတစ်ချို့ ပြင်ဆင်ခိုင်းလိုက်အုံးမယ်"
ထိုက်ရွှမ်အဘိုးအိုသည် ပြိုင်စံရှားဂိုဏ်း၏ ဘိုးဘေးအကြီးအကဲ မဖြစ်ချင်ပေ။ သို့ပေမဲ့ သူသည် ကျွင်းချောင်ရှောင်း၏ မြူဆွယ်ခြင်းကို မည်သို့မျှ မခုခံနိုင်တော့ချေ။ အဆုံးသတ်မှာတော့ လိုက်လျောခဲ့ရသည်။
ချီမင်စီအရင်စာအုပ်ကို ဖတ်ရှုရင်း ဝိုင်နှင့် ဟင်းပွဲများကို စားသောက်နေရချိန်တွင် သူသည် လောက၏ စည်းစိမ်ကို ခံစားနေရသကဲ့သို့ပင်...။
ဟုတ်ပေသည်၊ ပြိုင်စံရှားဂိုဏ်းသည် အလကားနေထိုင်၍ရသော နေရာတစ်ခု မဟုတ်ပေ။ ထို့ကြောင့် အကြီးအကဲကျန်းနှင့် ရှန်ကွမ်းရှင်းရောင်တို့သည် အကြံဉာဏ်များကို ရံဖန်ရံခါ လာရောက်တောင်းခံကြ၏။
ထုံးစံအတိုင်း ကျွင်းချောင်ရှောင်းသည် ဝိုင်နှင့် ဟင်းပွဲများကို ယူဆောင်လာ၏။ ဝိုင်သုံးခွက်လောက် သောက်ပြီးသည့်နောက်မှာတော့ သူသည် အရှက်မဲ့စွာ ပြောလိုက်သည်။
"ဆရာကြီး … ဝါးတောင်တန်း နံပါတ်တစ် က များများစားစား ထုတ်လုပ်လို့ရတဲ့ အရာမျိုးလား"
ဝါးနှင့်လုပ်ထားသော စက်ရုပ်သည် အားကောင်းလှသော အစီအရင်၏ ထောက်ပံ့မှုနှင့်အတူ ကြမ်းတမ်းလှသော တိုက်ခိုက်မှုစွမ်းအင်ကို ထုတ်ဖော်နိုင်၏။ မူလအားဖြင့် သူသည်သာ ဤအရာ၏ ထုတ်လုပ်မှုပုံစံကို ရရှိပါက ဂိုဏ်း၏ တပည့်များကို အသုံးပြုကာ များများစားစားထုတ်လုပ်မိမှာ သေချာ၏။
"အများကြီး တွေးမနေနဲ့"
ထိုက်ရွှမ်အဘိုးအိုသည် မျက်လုံးများ ချာချာလည်သွားမိသည်။ "ဒီလိုအရာမျိုးကို များများစားစား ထုတ်လို့ ရတယ်ဆိုရင်တောင် လုံလောက်တဲ့ စွမ်းအင်တွေကို ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူး"
ဝါးတောင်တန်းနံပါတ်တစ် သည် အလွန်အားကောင်းလှ၏။ သို့ပေမဲ့ စွမ်းအင်များလည်း အလွန်ကုန်ခမ်း၏။ ချမ်းသာသောသူများသာလျှင် ထိုအရာကို အသုံးပြုနိုင်ပေလိမ့်မည်။
"ဒါကို တိုးတက်အောင် လုပ်ရမှာပေါ့"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဆရာကြီးရဲ့ အစီအရင်အပေါ် နားလည်မှုနဲ့ဆိုရင် စွမ်းအင်ကုန်ခမ်းမှုကို လျော့ချနိုင်လိမ့်မယ်လေ"
"ငါ စွမ်းအင်ကုန်ဆုံးမှုကို လျော့ချကြည့်ပြီးပြီ။ ဒါပေမဲ့ ငါ့ရဲ့ အသိပညာ နဲ့ လုပ်နိုင်စွမ်းက ဒါကို ခွင့်ပြုမပေးနိုင်ဘူး"
ထိုက်ရွှမ်အဘိုးအိုသည် အကူအညီမဲ့စွာ ပြောလိုက်၏။ သူသည် ဝါးတောင်တန်းနံပါတ်တစ်ကို စတင်ဖန်တီးတည်းက စွမ်းအင်ကုန်ဆုံးမှုကို လျော့ချနိုင်မည့် နည်းလမ်းပေါင်းများစွာကို စဉ်းစားခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ တစ်စက်ကလေးမှ တိုးတက်မလာခဲ့ချေ။
"တစ်ခုကလွဲရင်"
"ဘာတစ်ခုလဲ"
ထိုက်ရွှမ်အဘိုးအိုသည် သူ၏ဘေးနားတွင် ရှိနေသောစာအုပ်ကို လက်ညိုးထိုးကာ ပြောလိုက်၏။ "ဒီစာအုပ်ကို ဖန်တီးခဲ့တဲ့လူဆီမှာ နောက်ထပ်အစီအရင်စာအုပ်တွေ ကျန်ရှိနိုင်သေးတယ်။ ကံကောင်းလို့ အဲစာအုပ်တွေကိုသာ ဖတ်ရှုနိုင်မယ်ဆိုရင် အကြံညဏ်အသစ်တွေ ရရှိနိုင်တယ်"
ချီမင်အစီအရင်ချိုးဖျက်ခြင်း စာအုပ်ထဲတွင် ပါဝင်သည့် အကြောင်းအရာများသည် သူ့အား အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်စေမိ၏။ ထို့ပြင် သူလေ့လာခဲ့သည့် အစီအရင်ပေါ်နားလည်မှုသည် လိုအပ်ချက်များ ရှိနေကြောင်းကို နက်နက်နဲနဲ နားလည်စေခဲ့သည်။
"ဒါက"
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ချီမင် နတ်ဘုရားဖန်တီးခဲ့သော ကျမ်းစာဆိုသည်မှာ စတိုးထဲမှ ဝယ်ယူခဲ့သော အရာဖြစ်၏။ ထပ်မံကာ ရယူမည်ဆိုပါက refresh လုပ်မှ ဖြစ်ပေလိမ့်မည်။
စနစ်က ပြောလိုက်၏။ "လစဉ်လတိုင်းအတွက် အလကား refresh လုပ်လို့ရတဲ့ အခွင့်အရေးတွေ ရှိနေတယ်မလား။ လက်ခံသူသာ အလုပ်ကြိုးကြိုးစားစား လုပ်မယ်ဆိုရင် ဒါတွေကို ရနိုင်ပါတယ်"
"တော်စမ်း"
ကျွင်းချောင်ရှောင်းသည် refresh မလုပ်ချင်ပေ။ စနစ်၏ vip အသုံးပြုသူ ဖြစ်လာပြီးနောက် refresh လုပ်ရန် အခွင့်အရေး ရှားပါးခဲ့၏။ အဘယ့်ကြောင့်ဆိုသော် သူ့၌ ဂိုဏ်းစုဆောင်းမှတ် များများစားစား မရှိသောကြောင့်ပင်။
စနစ်သည် စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။ "လက်ခံသူရဲ့ အမူအကျင့်အရဆိုရင် ရှုံးတယ်၊ မြတ်တယ် တွက်တက်တဲ့လူ မဟုတ်ပါဘူး"
"ဆရာကြီး"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အကြီးအကဲကျန်းနဲ့ ရှန်ကွမ်းရှင်းရောင်တို့က အစီအရင်နဲ့ပတ်သပ်ရင် ကောင်းမွန်တဲ့အသိတွေပိုင်ဆိုင်တယ်လေ။ ဒီတော့ ဒီလူတွေကို ခေါ်ပြီး လေ့လာခိုင်းကြည့်ပါလား။ ဘာပဲပြောပြော သုံးယောက်ပေါင်းတော့ လောင်းကျော်သွားတာပေါ့"
"လောင်းကျော်ဆိုတာ ဘယ်ကကောင်လဲ"
"ကျုပ်တို့ဂိုဏ်းက ဘိုးဘေးကြီး တစ်ယောက်ပါပဲ။ အင်း … ဟုတ်ပြီ။ ချီမင် အစီအရင်ချိုးဖျက်ခြင်း ကျမ်းစာကို ဖန်တီးခဲ့တာလည်း သူပဲလေ။ သူ့ကိုချီမင်နတ်ဘုရားလို့လည်း ခေါ်တယ်"