အပိုင်း (၁၃၉၅)
Vol. 94 Ch. 1395
ပြိုင်စံရှားဂိုဏ်းသည် အချိန်တိုတစ်ခုအတွင်း ထူထောင်ခဲ့သည့် ဂိုဏ်းတစ်ခုဖြစ်၏။ ထို့ကြောင့် ရှေးဂိုဏ်းတစ်ခု၏ အမွေအနှစ်များ လိုအပ်လျက်ရှိနေ၏။ ထို့ကြောင့် အစီအရင်နတ်ဘုရားဟု မိမိကိုယ်ကိုယ် ပြောဆိုသည့်လူသည် လောင်းကျော်ဆိုသောသူ ဖြစ်ခဲ့သည့်အပြင်ဂိုဏ်း၏ ဘိုးဘေးကြီးပင် ဖြစ်၍ သွားခဲ့တော့သည်။
ထိုက်ရွှမ်အဘိုးအိုသည် ဇဝေဇဝါဖြင့်မေးလိုက်သည်။ “ဂိုဏ်းရဲ့ ဘိုးဘေးကြီးဆိုမှတော့ ဘာလို့ တခြား အစီအရင်စာအုပ်တွေ မချန်ထားရတာလဲ”
“ဒါက”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုကုတ်ကာဖြင့် ရှင်းပြလိုက်သည်။ “အဲဆရာကြီးက ဆရာကြီးလိုပဲ ခရီး သွားလာရတာကို နှစ်သက်တယ်လေ။ သူ့ဆီမှာ လျှို့ဝှက်အစီအရင် ကျမ်းစာတွေ အများကြီး ရှိတယ်ဆိုပေမဲ့ နေရာအနှံ့ကို ပြန့်ကျဲ့နေတာပေါ့”
“ဆိုးတာပဲ”
ထိုက်ရွှမ်အဘိုးအို၏ မျက်နှာပေါ်တွင် အကူအညီမဲ့သည့် အမူအရာမျိုး ဖြစ်တည်လာ၏။ သူသည် ကုန်းရှန့်၏ အရူးလုပ်ခြင်းကို အမှန်ပင် ခံနေရပြီ ဖြစ်သည်။
“ဆရာကြီး”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီဘဝမှာ ခက်ခဲမှုတွေ အများကြီး ကြုံတွေ့နေရမှာပဲလေ။ ဒီတော့ ဒါတွေကို ဖြေရှင်းဖို့အတွက် ကျုပ်တို့ကိုယ် ကျုပ်တို့ ကြိုးစားဖို့ လိုအပ်တယ်။ ဘိုးဘေးတွေရဲ့ အကူအညီကို စောင့်မျှော်နေလို့ မဖြစ်ဘူးမို့လား”
ဝေါ့
စနစ်သည် မည်သို့မှ မနေနိုင်တော့ချေ။ ထကာ ပြောလိုက်မိ၏။ “တစ်လျှောက်လုံး ဂိမ်းဆာဗာခိုးနေတဲ့ကောင်က ဘယ်လိုဖြစ်ပြီးတော့ လောကနိယာမတွေအကြောင်း ပြောဖို့ သတ္တိရှိနေရတာလဲ”
“ဒါအမှန်ပဲ”
ထိုက်ရွှမ်အဘိုးအိုက လေးလေးနက်နက် ပြောလိုက်သည်။ “တကယ်လို့ ဘေးဒုက္ခတွေ ကြုံရပြီဆိုရင် ကိုယ်ကိုယ်တိုင်သွားပြီးတော့ ကျော်ဖြတ်နိုင်အောင် လုပ်ရမယ်။ ဒါကမှ အစစ်အမှန် ယောက်ျားတွေ ပြုလုပ်နိုင်တဲ့ အရာပဲ”
ထိုနေ့မှာတော့ ကျွင်းချောင်ရှောင်းသည် အကြီးအကဲကျန်းနှင့် ရှန့်ကွမ်းရှင်းရောင်တို့ကို ခေါ်ဆောင်ကာ ဝါးတောင်တန်း နံပါတ်တစ်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် ဆရာကြီးနှင့်အတူ ပူးပေါင်းရန် အမိန့်ပေးလိုက်သည်။
ထို့ကြောင့်ပင် ၎င်းတို့ သုံးယောက်သည် စက်ရုပ်အစီအရင်ကြီး၏ လေ့လာမှုတွင် အပြည့်အဝ အာရုံစိုက်လျက် ရှိနေကြ၏။ စားဖို့၊ အိပ်ဖို့ပင် မေ့လောက်အောင် အာရုံစူးစိုက်နေသည်ဟုပင် ပြောဆိုရပေလိမ့်မည်။
“ဆရာဘိုးဘိုး... ဝါးထဲမှာ များပြားလှတဲ့ အစီအရင်တွေကို ဘာလို့ စီရင်ထားရတာလဲ။ ဒီထက်ပိုပြီး ရိုးရှင်းလို မရနိုင်ဘူးလား”
“ဆရာဘိုးဘိုး... ဒီအကာအကွယ်မျဉ်းကြောင်းတွေကို ပြောင်းလဲလိုက်မယ်ဆိုရင် ဘာတွေဖြစ်နိုင်လဲ”
“ဆရာဘိုးဘိုး... ဒီအပေါ်မှာရှိနေတဲ့ အစီအရင်တွေ တော်တော်များများကို ခွဲခြမ်းလိုက်မယ်ဆိုရင် တစ်ချိန်တည်းမှာ အလုပ်လုပ်ဖို့အတွက် စွမ်းအင်ကုန်ဆုံးမှုကို လျော့ချနိုင်မလား မသိဘူး”
ရက်အနည်းငယ် သင်ကြားပြသမှုကို ခံယူပြီးသည့်နောက် ရှန်ကွမ်းရှင်းရောင်သည် ဝါးတောင်တန်းနံပါတ်တစ်၏ အစီအရင်စနစ်အကြောင်းကို သေသေချာချာ နားလည်သွား၏။ ထို့ကြောင့် သူမသည် စတင်ကာ မေးမြန်းတော့ သည်။
ထိုက်ရွှမ်အဘိုးအို၏ ဦးခေါင်းသည် ပေါက်ကွဲလုမတတ်ပင် ဖြစ်နေတော့၏။ သို့ပေမဲ့ မေးခွန်းတွေ အများကြီး တည်ရှိနေသည်ဆိုသော်လည်း သေသေချာချာ စဉ်းစားကြည့်မည်ဆိုလျှင် အမှန်ပင် ကျိုးကြောင်းဆီလျော်လွန်း လှ၏။ မတူညီသည့်အမြင်နှင့် အတွေးအခေါ်များဆီမှ ဖြစ်တည်လာခဲ့သည့် အကြောင်းအရာများကို စဉ်းစားပြီး သည့်နောက် မတူညီသည့် အဖြေများကို ရရှိခဲ့၏။
ထိုက်ရွှမ်အဘိုးအိုသည် ရှန်ကွမ်းရှင်းရောင်၏ များပြားလှသော မေးခွန်းများဆီမှ အဓိကသော့ချက်များကို ဆုပ်ကိုင်မိ၏။ ပြီးနောက် အစီအရင်၏ စနစ်ကို စတင်ကာ တိုးတက်အောင် ဖန်တီးတော့သည်။
ရက်အနည်းငယ် ကြာပြီး သည့်နောက် သူသည် ကြီးမားသည့် တိုးတက်မှုများဖြစ်အောင် ဖန်တီးပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ စွမ်းအင် ကုန်ဆုံးမှုကို တကယ်ပင် လျော့ချနိုင်ခဲ့၏။ ဤနေရာတွင် ပြစ်ချက်လည်း တည်ရှိနေသေးသည်။ စွမ်းအင်ကုန်ဆုံးမှု လျော့ကျသွားခဲ့သလို တိုက်ခိုက်နိုင်မှုစွမ်းအင်ကလည်း အားနည်း သွားခဲ့၏။
“အင်း”
ထိုက်ရွှမ်အကြီးအကဲသည် လှောင်အိမ်ထဲတွင် ခြေချိတ်ကာထိုင်ရင်း ခေါင်းကို ခါယမ်းလိုက်မိ၏။ “စွမ်းအင် ကုန်ဆုံးမှုက ကြီးကြီးမားမား လျော့ကျသွားခဲ့တယ်ဆိုပေမဲ့ တိုက်ခိုက်နိုင်မှု စွမ်းအင်ကတော့ သိုင်းအင်ပါယာ လောက်ပဲ ရှိတာကိုး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဂုဏ်ယူရပါတယ် ဆရာကြီး။ အားငယ်မနေပါနဲ့။ အနည်းဆုံးတော့ ရှေ့ကို တစ်လှမ်း လှမ်းလိုက်နိုင်ပြီပဲလေ။ ဆက်လက်ပြီး လေ့လာသွားနိုင်မယ်ဆိုရင် အမြူတေ ပြောင်းလဲခြင်းအဆင့် တိုက်ခိုက်မှုစွမ်းရည်ကို ထုတ်ဖော်ကောင်း ထုတ်ဖော်နိုင်လိမ့်မယ်လေ”
ကုန်းရှန့်သည် လောဘမကြီးချေ။ ဝါးတောင်တန်းနံပါတ်တစ်သည် စွမ်းအင်အရင်းအမြစ်ကို ထိန်းချုပ်နိုင်ခဲ့သည် ဆိုပါက ပထမဦးဆုံး ခြေလှမ်းသာဖြစ်ကြောင်း နားလည်လိုက်မိ၏။ ယခုထက်ပိုပြီး တိုးတက်အောင် ပြုလုပ်နိုင်မည်ဆိုလျှင် အထက်နယ်မြေတွင် သူသည် ခေါင်းမော့ရင်ကော့ကာ သွားလာနိုင်ပေတော့မည်။
................
ကျွင်းချောင်ရှောင်းသည် ဤဝါးတောင်တန်း နံပါတ်တစ် သုတေသန ပြုလုပ်မှုတွင် ပါဝင်ပတ်သက်ခြင်း မပြုချေ။ ထိုအစား သူသည် ဆေးပင်များ စိုက်ပျိုးသည့်နေရာတွင်သာ အာရုံစိုက်ထား၏။
တပည့်များအနေနှင့် စိတ်ဝိညာဉ် ကျောက်တုံးများကို နေ့စဉ်နေ့တိုင်း စုပ်ယူပြီး ကျင့်ကြံခြင်းအဆင့်များ တိုးတက်လျက် ရှိနေ၏။ လဝက်ဆိုသော အချိန်အတိုင်းအတာ အတောအတွင်း ၎င်းတို့သည် သိုင်းအုပ်စိုးသူအဆင့်ဆီမှ သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ အဆင့်ဆီသို့ တိုးတက်ရောက်ရှိခဲ့သည်။
တင်းရှင်းဝမ်၊ ကုန်းစွန်းဟောင်းဟိုင်နှင့် တခြားသောအကြီးအကဲများအားလုံးသည် တည်နေရာချိုးဖြတ်ဖြင် အဆင့်ဆီသို့ ပထမဦးဆုံး ဝင်ရောက်ခဲ့ကြတော့၏။ ၎င်းတို့သည် အထက်နယ်မြေဆီသို့ ရောက်ရှိသည်ဆိုသည်နှင့် ကောင်းကင်နှင့် မြေကြီး၏ အလွန်နက်နဲလွန်းသော လောကဓာတ်သဘာဝကို စုပ်ယူခံစား နားလည်နိုင်ခဲ့ကြ၏။ ထို့ကြောင့် ဤအဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့ခြင်းဆိုသည်မှာ ၎င်းတို့အတွက် လွယ်ကူလွန်းနေ၏။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် သိုင်းပညာအရင်းအမြစ်များကို ဆက်လက်ကာ ထောက်ပံ့ပေးထားနိုင်မည် ဆိုပါက ယခုထက်ပို၍ အဆမတန် တိုးတက်လာမှာ သေချာသည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ပျော်ရွှင် မနေပေ။ ဂိုဏ်း၏ အလုံးစုံသော စွမ်းအင်သည် တိုးတက်လာခဲ့သည်ဆိုသော်လည်း ရွှမ်အဆင့် ဂိုဏ်းများနှင့် နှိုင်းယှဉ်၍ ရနိုင်သည့် တိုက်ခိုက်မှု စွမ်းအင်မျိုး မရှိသည်ကို ကောင်းကောင်းနားလည်သည်။
တပည့်များ၏ ပျမ်းမျှ အားအင်အဆင့်သည် အမြူတေပြောင်းလဲခြင်းအဆင့်ဆီသို့ ရောက်ရှိမှသာ တကယ့်ကို အံ့ဖွယ်ဖြစ်ပြီး အထက်နယ်မြေရှိ ဂိုဏ်းအသီးသီးနှင့် ယှဉ်ပြိုင်နိုင်မှာဖြစ်၏။ စိတ်ဝိညာဉ်ကျောက်တုံး သန်းနှစ်ရာ နှင့်အတူ ကျွင်းချောင်ရှောင်းသည် များပြားလှသည့် ပစ္စည်းပစ္စယများကို ဝယ်ယူခဲ့စည်ဆိုသော်လည်း ယွမ်သခင်လေး၏ ဦးဆောင်မှုအောက်၌ ဆေးလုံးရောင်းချမှုသည်လည်း အမြတ်အစွန်း များများ ရရှိနေ၏။
အကြီးအကဲဝေသည် ဆေးပင်စိုက်ပျိုးမှုကို ကြီးကြီးမားမား တိုးချဲ့လျက်ရှိပြီး တောဝက်ရိုင်းလေးသည် တနည်း တဖုံအားဖြင့် အထောက်အပံဖြစ်စွာ ကူညီလျက်ရှိသည်။
ဆေးလုံးများသည်လည်း အရေအတွက်များများ လစဉ် လတိုင်း ရောင်းချနေရသည်။
..............
အရာအားလုံးကို စီစဉ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်သားရဲဟောခန်းကို ဖွင့်ကာ တွေးလိုက် မိ၏။ “ငါ့အနေနဲ့ အတွင်းစည်းတပည့် အနည်းငယ်ကို ပဋိညာဉ်သားရဲတွေ အရင်ဆုံး ပေးရမယ်”
လီချင်းယန်သည် မိုးကြိုးကြံ့သားရဲကို ရရှိပြီးသည့်နောက် ၎င်း၏ ကျင့်ကြံခြင်းအဆင့် အမြန်နှုန်းသည် ပိုမိုကာ တိုးတက်သွားခဲ့သည်။
“ဒင်... သားဖောက်ခြင်း စတင်သည်”
“ဒင်... ရေခဲဖီးနစ်ဥသည် အောင်မြင်စွာ သားဖောက်ခဲ့၏။ တပည့် လုချင်းချင်းနှင့် အလိုအလျောက် ပဋိညာဉ် ရေးထိုးခြင်းကို ပြုမူခဲ့သည်”
..........
“ဒင်... လိပ်နက်ဥသည် အောင်မြင်စွာဖြင့် သားဖောက်ခဲ့၏။ တပည့် ရှောင်ကျီနှင့် အလိုအလျောက် ပဋိညာဉ်ရေးထိုးမှု ကို ပြုလုပ်ခဲ့သည်”
................
“ဒင်... နတ်ဘုရားခရီးနှင်သူဥသည် အောင်မြင်စွာ သားဖောက်ခဲ့၏။ တပည့် စုရှောင်မိုနှင့် အလိုအလျောက် ပဋိညာဉ်ရေးထိုးမှုကို ပြုလုပ်ခဲ့သည်”
ကျွင်းချောင်ရှောင်းသည် တစ်ထိုင်တည်း စိတ်ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်ကို အသုံးပြုပြီး စိတ်ဝိညာဉ်သားရဲ ဟောခန်းဆီမှ ပဋိညာဉ်သားရဲသုံးကောင်ကို သားဖောက်ခဲ့၏။ ပြီးနောက် သက်ဆိုင်ရာ တပည့်များအား ပေးအပ်လိုက်သည်။
.............
“ချီးတဲ့မှ”
စုရှောင်မိုသည် တည်နေရာထဲတွင် ကြက်သေသေလျက်ရှိ၏။ ဂိုဏ်းချုပ်သည် သူ့အား ခေါ်ဆောင်လာ ပြီးသည့်နောက် တစ်စုံတစ်ခု ပေးအပ်မည်ဟု ပြောဆိုခဲ့သည်။ အဆုံးသတ်မှာတော့ ဤအရာသည် ကျားလိုလို၊ ကျားသစ်လိုလို သတ္တဝါတစ်ကောင်ဖြစ်ပြီး နောက်ကျောတွင်တော့ မဖြန့်ကားရသေးသည့် နှင်းကဲ့သို့ ဖြူစွတ်နေ သော အတောင်ပံတစ်စုံကလည်း တည်ရှိနေသေးသည်။
“ဒါက နတ်ဘုရားခရီးနှင်သူ သားရဲပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါကို အရွယ်ရောက်တဲ့အထိ မွေးမြူပြီးရင် ပျံလို့ရတဲ့ သားရဲဖြစ်သွားလိမ့်မယ်။ အခု သူက မင်းရဲ့ ပဋိညာဉ်သားရဲဖြစ်လာပြီလေ”
“တကယ်လား”
စုရှောင်မို၏ နှလုံးသားထဲတွင်ရှိသော စိတ်လှုပ်ရှားမှုများသည် ဖော်ညွှန်း၍ပင် မရနိုင်သလို ဖြစ်မိ နေသည်။ ပဋိညာဉ်သားရဲကို သူ၏ အိပ်ဆောင်ဆီသို့ ပြန်လည်ခေါ်ဆောင်လာသည့်အချိန်မှာတော့ တစ်ဖက် သတ္တဝါသည် အသက်ရှုခြင်းနှင့်ပင် သူ့အား အကူအညီဖြစ်စေသည်ကို နားလည်မိ၏။ ထို့ကြောင့် ထိုသတ္တဝါအား အသာဖက်ပြီး တပြွတ်ပြွတ်နှင့် နမ်းလျက် ရှိနေ၏။
ရှောင်ကျီသည်လည်း ပဋိညာဉ်သားရဲကို ရရှိခဲ့၏။ သူသည် စုရှောင်မိုကဲ့သို့ အမြန်နှုန်းသားရဲမျိုးကို ရရှိခဲ့ခြင်း မဟုတ်ပေ။ လိပ်တစ်ကောင်နှင့် ဆင်တူလှသည့် သတ္တဝါတစ်ကောင်ကို ရရှိခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် အမြန်နှုန်း သည် နှေးကွေးလှချေ၏။ သို့ပေမဲ့ အကာအကွယ်မှာတော့ အလွန် အားကောင်းလွန်းလှသည်။
..............
ဘုံကိုးပါး လျှို့ဝှက်နယ်မြေ၏ တည်နေရာတစ်ခုမှာတော့ ကြည်လင်ထွန်းဖောက်စွာ မြင်နိုင်သည့် ရေခဲသလင်းကျောက်များနှင့် ဖန်တီးပြုလုပ် ထားသည့် ဟန်ပန်မျိုးရှိနေသည့် ငှက်သားရဲကြီးတစ်ကောင်သည် သူမ၏ ရှေ့၌ တည်ရှိနေ၏။ လုချင်းချင်းသည် မယုံကြည်နိုင်သလို ပြောလိုက်၏။ “ဒါက ကျွန်မရဲ့ ပဋိညာဉ်သားရဲလား”
“အင်း... အမှန်ပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါကို ရေခဲဖီးနစ်သားရဲလို့ ခေါ်တယ်။ ရေခဲဓာတ် သဘာဝသားရဲတွေထဲမှာ အရမ်းကို ရှားပါးတဲ့ သားရဲတစ်မျိုးပေါ့။ မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကို ကူညီပေးနိုင်ပြီး ရေခဲဓာတ်သဘာဝနဲ့ပတ်သက်တဲ့ မင်းရဲ့နားလည်မှုကိုလည်း တိုးတက်စေလိမ့်မယ်”
လုချင်းချင်းသည် သူ မပြောခင်ကတည်းက ထိုအရာကို သိရှိပြီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းနှင့် သားရဲကြားတွင် အသက်သွေးပဋိညာဉ်ရေးထိုးမှုကို ဖြစ်တည်ပြီး ဖြစ်နေ၏။ ခဏလောက် တိတ်ဆိတ်ငြိမ်သက်ပြီးနောက် သူမက ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”
သူမ၏ အမူအရာနှင့် လေသံသည် အေးစက်လျက်ရှိနေသည်ဆိုသော်လည်း ထိုအထဲတွင် လူသားဆန်လှသော ကြင်နာမှုများ ရောထွေးပါဝင်လျက် ရှိသည်ကို သိရှိနိုင်သည်။
“မင်းဆီမှာ နတ်ဘုရားလက်နက်နဲ့ ပဋိညာဉ်သားရဲ ရှိသွားပြီ။ ဒီတော့ ပိုပြီး ကြိုးကြိုးစားစား လေ့ကျင့်ပြီး ပိုပြီး အားကောင်းအောင်လုပ်တော့။ ငါ့ကို စိတ်ဓာတ်မကျစေနဲ့” ကျွင်းချောင်ရှောင်းက မှာကြားလိုက်၏။
“ကောင်းပါပြီ” လုချင်းချင်းသည် ပြန်လည်ကာ တုန့်ပြန်လိုက်သည်။
အခြေအနေသည် ဘာဆက်ပြောရမှန်းမသိသည့် အခြေအနေသို့ ပြောင်းလဲသွားခဲ့သောကြောင့် ကျွင်းချောင်ရှောင်း သည် ဤတည်နေရာတွင် ဆက်ကာ မနေတော့ချေ။ ချက်ချင်းပဲ ဘုံကိုးပါး လျှို့ဝှက်နယ်မြေဆီမှ သူ၏ အိပ်ဆောင်ဆီသို့ ပြန်လာခဲ့တော့သည်။
..........
လုချင်းချင်း၊ ရှောင်ကျီနှင့် စုရှောင်မိုတို့သည် ပဋိညာဉ်သားရဲများကို ရရှိခဲ့၏။ ဤသတင်းသည် ဂိုဏ်းတစ်ခုလုံးတွင် ပျံ့နှံ့လျက်ရှိနေ၏။ ထို့ကြောင့် အားလုံးသော တပည့်များသည် အပူတပြင်း ဆွေးနွေး၍ မနာလိုပင် ဖြစ်မိနေကြ၏။
“ဂိုဏ်းချုပ်”
တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ခြံဝန်းထဲမှ လျှောက်ထွက်ပြီး ဆေးဥယျာဉ်ရှိရာဆီသို့ သွားရန် ပြင်ဆင်နေသည့်အချိန်မှာပဲ ရီရှင်းချန်သည် သူ၏ လမ်းကို လာရောက်ကာ ပိတ်ဆို့တော့သည်။ “ကျွန်တော့် ကိုလည်း ပဋိညာဉ်သားရဲ တစ်ကောင်လောက်ပေးပါလား”
“မင်းဆီမှာ သိမ်းငှက်ရှိပြီးသားမလား”
“ဒါကို ထည့်မတွက်နဲ့လေ”
ရှောင်ကျီသည် ဂိုဏ်းချုပ်ပေးသော ပဋိညာဉ်သားရဲကြောင့် ပိုမိုကာ အားကောင်းလာခဲ့သည် ဖြစ်ကြောင်း ရီရှင်းချန် က သိရှိခဲ့ပြီးပြီဖြစ်၏။ ထို့ကြောင့် သူသည်လည်း လိုချင်ခဲ့၏။
အားညိုသည် အမှန်ပင် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ဤကဲ့သို့သော ပြောင်းလဲမှုများသည် ကျွင်းချောင်ရှောင်းဆီမှ သိုင်းပညာအရင်းအမြစ်များကို ရရှိရန်ပင်ဖြစ်၏။ အချိန်တိုအတွင်း ပိုမိုအားကောင်းစေရန်အလို့ငှာ သူသည် ဂိုဏ်းချုပ်ဆီမှ တောင်းသင့်သည့်အရာများကို ပွင့်ပွင့်လင်းလင်း တောင်းမှ ဖြစ်မည်။ ထိုမှသာလျှင် နောက်ကျောကို ဓားနှင့်ထိုးခဲ့သော မိန်းမအား လက်စားချေနိုင်မည် မဟုတ်ပါလား။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းကို အရမ်းရှားပါးတဲ့ သားရဲတစ်ကောင် ငါပေးမယ်”
“ဒင်... သားဖောက်မှု စတင်သည်”
“ဒင်... ပန်းဟူဥသည် အောင်မြင်စွာဖြင့် သားဖောက်ခဲ့၏။ တပည့် ရီရှင်းချန်နှင့် အသက်သွေး ပဋိညာဉ်ကို အလိုလို ရေးထိုးခဲ့ပြီး ဖြစ်သည်”
ဝုတ် ဝုတ် ဝုတ်
ချက်ချင်းပဲ ဟက်စတီးနှင့် ဆင်တူလှသော ခွေးကလေးတစ်ကောင်သည် အားညိုကို လှည့်ပတ်ကာ ပြေးလွှားလျက် ရှိနေသည်။ အားညိုသည် တည်နေရာကြီးထဲတွင် ကြက်သေသေကာဖြင့် တွေဝေငေးငိုင်လျက် ရှိနေတော့၏။