အပိုင်း (၁၃၉၇)
Vol. 94 Ch. 1397
ဆွစ် ဆွစ်
အကာအကွယ်ထဲတွင် ရှိနေသော များပြားလှသည့် အချက်ပေးမှု သင်္ကေတများသည် အစီအရင်ကို မချိုးဖြတ် နိုင်ခင်မှာပဲ အနောက်ဘက်သို့ ပြန်လည်ကာ ဝင်ရောက်သွားခဲ့ကြ၏။ သို့ပေမဲ့ ဤကဲ့သို့ အချက်ပေးမှုများ၏ လှုပ်ရှားမှုများသည် များပြားလှသော သားရဲကျွမ်းကျင်သူများကို သိရှိသွားစေခဲ့တော့သည်။
“တွေ့ပြီ။ ဒါက အရှေ့တောင်ဘက် တည်နေရမှာပဲ။ ဖန်းချီ မိုးကောင်းကင် တောင်တန်းဘက်မှာပဲ။ သွားရအောင်”
ဆွစ် ဆွစ်
ချက်ချင်းပဲ အထက်နယ်မြေတွင်ရှိနေသော ဥပျောက်သည့် များပြားလွန်းလှသော သားရဲမျိုးနွယ်မှ ကျွမ်းကျင်သူ များသည် ဖန်းချီ မိုးကောင်းကင်တောင်တန်းဆီသို့ အလျင်အမြန်ဖြင့် အပြေးအလွှား ရောက်ရှိလာခဲ့ကြသည်။
“ဟာ မဟုတ်ဘူး” နယ်မြေဟောခန်းရှိ အဓိကဟောခန်းထဲမှာတော့ အကြီးအကဲသည် ရုတ်တရက် ထအော်လိုက်၏။ “သားရဲမျိုးနွယ် အများကြီးက အရှေ့တောင်ဘက်အရပ်ကို ဦးတည်ပြီး သွားနေကြတယ်။ ကြီးမားတဲ့ တစ်စုံတစ်ခု ဖြစ်မှာကို စိုးရိမ်ရတယ်”
ကြီးမားပြီး ခန့်ညားထည်ဝါလွန်းသည့် နန်းတော်ထဲမှာတော့ ခါးကုန်းကုန်းနှင့် အဘိုးအိုသည် အလျင်အမြန်ဖြင့် ရောက်ရှိလာကာ ပြောလိုက်၏။ “သားရဲ အဓိက မျိုးနွယ် တော်တော်များများက အရှေ့တောင်ဘက် အရပ်ကို ဦးတည်နေကြတယ်။ ကြည့်ရတာ ဖန်းချီ အင်မော်တယ်တောင်တန်း ဘက်ကို သွားတာပဲနေမယ်”
“ထင်ထားတဲ့ အတိုင်းပဲကိုး” ဧကရီလင်းရောင်သည် အံ့အား မသင့်ချေ။ “အဓိကသားရဲမျိုးနွယ်တွေက ငြိမ်ငြိမ် မနေနိုင်တော့ဘူးပဲ။ သွားကြရအောင်။ ဖန်းချီ မိုးကောင်းကင် တောင်တန်းကို သွားပြီး ပွဲကြည့်ရမယ်”
…………….
ပြိုင်စံရှားဂိုဏ်းဘက်ဆီသို့ ပြန်လည်ကြည့်ရမည်ဆိုလျှင် ကြီးမြတ်သူ တုံးကု ရောက်ရှိလာပြီး ဆရာ ရောက်ရှိလာပြီဟု ပြောဆိုလိုက်သည့် အချိန်မှာတော့ အားလုံးသောသူများသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
ကြီးမြတ်သူ တုံးကုသည် ထိတ်လန့်တုန်လှုပ်လျက် ရှိနေသည့် မိုင်ရှန်ကို လှမ်းကြည့်ကာ အေးစက်တည်ငြိမ်စွာ ပြောလိုက်၏။ “ငါ့ရဲ့တပည့်ကို အနိုင်ကျင့်ဖို့အတွက် မင်းတို့ကို ဘယ်သူက သတ္တိ ပေးထားတာလဲ”
“ဆရာ” ကျွင်းချောင်ရှောင်းသည် ထ၍ ငိုမိလုမတတ်ပင် စိတ်လှုပ်ရှားလျက်ရှိ၏။ မူလအားဖြင့် လင်းဝေအစစ်အမှန်ဂိုဏ်းမှ ယုံကြည်နိုင်ရန်အတွက် ရွက်သင်္ဘောကြီး၏ အော်ရာများအား ထုတ်ဖော်ပြသရန်ပင် စီစဉ်ခဲ့၏။ သို့ပေမဲ့ ထိုအရာ၏ ပိုင်ရှင်သည် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ ၎င်းထုတ်ဖော်လျက် ရှိနေသည့် အော်ရာများကို ကြည့်ရှုလိုက်မည်ဆိုလျှင် သူ့အား အနိုင်ကျင့်ရန် ရောက်ရှိလာခဲ့သည့် လူများအားလုံး ထိတ်လန့် တုန်လှုပ်နေသည်ကို မြင်နေရတော့၏။
“ထိုက်ရွှမ်အဘိုးအို … ကြည့်လိုက်။ ဒါကမှ အစစ်အမှန် ဆရာတပည့် ဆက်ဆံရေးမျိုးပဲ။ ဆရာတစ်ယောက်ရဲ့ တာဝန်ဝတ္တရားထဲမှာ ဒီလိုမျိုး တာဝန်ယူစိတ်လည်း ရှိရမယ်”
ပြောနေစရာပင် မလို။ ကြီးမြတ်သူ တုံးကု ရုတ်တရက် ရောက်ရှိလာပြီးသည့်နောက် အခြေအနေသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့သည်။
လင်းဝေအစစ်အမှန်ဂိုဏ်းမှ ကျွမ်းကျင်သူများနှင့် ပွဲလာရောက် ကြည့်ရှုကြသည့် ကျွမ်းကျင်သူများသည် အသက်ပင် ရဲရဲ မရှူရဲကြချေ။ ၎င်းတို့သည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် တွေးတောလျက် ရှိနေ၏။ “ဒီကောင်က တကယ့်ကို စီနီယာတုံးကုရဲ့ တပည့် ဖြစ်နေတာကိုး”
ကြီးမြတ်သူတုံးကု ပေါ်လာပြီးသည့်နောက်ရောက်ရှိနေကြသော အမြူတေ ပြောင်းလဲခြင်းအဆင့်ခြောက်စွမ်းအားမြင့်ကျင့်ကြံသူများသည်ချွေးများပင်တပေါက်ပေါက်ကျဆင်းလာကြသည်။အဆုံးသတ်မှာတော့မည်သို့မှတောင်မခံနိုင်တော့ဘဲ ကောင်းကင်ပေါ်မှကျဆင်းလာခဲ့သည်။
ပွဲကြည့်သူများမှာတော့၎င်းတို့၏ရတနာများကို စီးနင်းရင်း ခပ်ဝေးဝေးဆီသို့ဦးတည်လိုက်ကြသည်။ထိုမှသာလျှင်ဖိအားဒဏ်အနည်းငယ်ကို ခုခံနိုင်ခဲ့ကြရသည်။
အထက်နယ်မြေတွင် ကြီးမြတ်သူတုံးကု ၏ အထက်၌ ရပ်တည်နိုင်ရန်အရည်အချင်းရှိသော ကျင့်ကြံသူမှာ များများစားစား ရှိသည်မဟုတ်ပေ။
ဂလု …။
မိုင်ရှန်သည်ခက်ခက်ခဲခဲဖြင့်တံတွေးကို မျိုချလိုက်ကြသည်။သူ၏ ခြေထောက်များသည်ခပ်ကြမ်းကြမ်း တုန်ခါနေပြီး နဖူးမှချွေးစေးများ ကျဆင်းလာ၏။
လင်းဝေအစစ်အမှန်ဂိုဏ်းသည်အားကောင်းလေသည်လား။
ပြောရမည်ဆိုလျှင်အထက်နယ်မြေ၌အဆင့်နိမ့် နှင့်အထက်တွင်ရှိသည်ဟု ဆိုရမည်။
ထိုသို့ဆိုလျှင်ကြီးမြတ်သူ တုံးကုကရော …။ ၎င်းသည်ဂိုဏ်းတစ်ခုခု ထဲသို့ဝင်ရောက်ထားခြင်း မရှိသော်လည်း အားလုံးသောသူတို့၏အထက်၌ ရပ်တည်နေသူ ဖြစ်သည်။
တစ်ဖက်သည်အဆင့်နိမ့်၏အထက်တွင်ရှိပြီး တစ်ဖက်မှာတော့ထိပ်တန်းအဆင့်တွင်ရှိသည်။ နှစ်ဖက်ကြား ကွာခြားချက်မည်မျှကွာခြားသည်ကို တွေးတောကြည့်ရုံဖြင့်သိသာနိုင်၏။
အဆိုးဆုံးမှာ ကြီးမြတ်သူတုံးကု သည် ကြမ်းကြမ်းတမ်းတမ်း ခက်ထန်စွာ ပြောဆိုနေခြင်းဖြစ်သည်။သူ၏ တပည့်အား အနိုင်ကျင့်သည်ကို လုံးဝ သည်းမခံဟု ပြတ်ပြတ်သားသား ပြောဆိုနေသည်။
“ဆရာ …”
ကျွင်းချောင်ရှောင်းသည်အခွင့်အရေးကို အရယူပြီး မီးစထိုးလိုက်သည် “ကျွန်တေ်နတ်ဆိုးဘုရင်လှိုဏ်ဂူရဲ့အနီးမှာ ရှိနေတဲ့စိတ်ဝိညာဉ်ကျောက်တုံးကို တူးယူခဲ့တယ်။ဒါကို လင်းဝေအစစ်အမှန်ဂိုဏ်းက သူတို့ဟာကို လုယူတယ်လို့ပြောဆိုနေတယ်။ကျေးဇူးပြုပြီး တရားမျှတမှုကို ယူဆောင်ပေးပါ”
“ငါ သိပြီ”
ကြီးမြတ်သူတုံးကုသည်အကြောင်းအရင်းကို ချက်ချင်း နားလည်လိုက်မိသည်။သို့ပေမဲ့သူသည် ဇဝေဇဝါ ဖြစ်မိနေသည် “ဒါက သိပ်ပြီး ပြဿနာမကြီးလှပါဘူး”
သူ့တပည့် အန္တရာယ်တွင်းကြီးထဲ ကျရောက်နေသည်ဟု သူသည်ခံစားနေမိသည်။ထိုခံစားချက်သည် ကြီးမားလွန်းလှသည်။ထို့ကြောင့်သူသည် မြန်မြန်လာရောက်ကူညီခြင်းပင်ဖြစ်သည်။သို့ပေမဲ့ဘာမှမဟုတ်သော ပြဿနာသေးလေး ဖြစ်လို့နေ၏။
ဟင်း …။
သူသည်သူ၏ တပည့်အား အချစ်ပိုနေသည်လား။
ကြီးမြတ်သူတုံးကုသည်ခေါင်းကို ခါယမ်းပြီး အေးစက်စက်ပြောလိုက်သည် “စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်း တွေဆိုတာ က အထက်နယ်မြေမှာ မကြာခဏ ဆိုသလို ပေါ်လာတတ်တဲ့အရာပဲ။ ဂိုဏ်းနဲ့ကျင့်ကြံသူတွေက သူတို့ရဲ့ကိုယ်ပိုင်စွမ်းအင်အပေါ်မူတည်ပြီး ဒါကို ရယူကြတယ်။ဒါပေမဲ့ဘာကြောင့်အားလုံးပြီးပြီးသား ကိစ္စကို ငါ့တပည့်ဆီ ပြဿနာလာဆက်ရှာနေတာလဲ။ လုပ်လို့ရတယ်လို့ထင်လို့မလား”
ဤစကားလုံးသည်လာရောက်ကြည့်ရှုသူများအား အမှန်ပင် ကြီးမားသည့်ခံစားချက်ရရှိစေသည်။
စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းပေါ်ပေါက်လာချိန်တိုင်း အဓိကဂိုဏ်းအသီးသီး တို့တိုက်ခိုက်ကြသည်မှာ သဘာဝပင် ဖြစ်သည်။ပုံမှန်အားဖြင့်မည်သူ ရယူခဲ့သည်ဆိုတာ သေချာပြီးလျှင်ထိုကိစ္စသည်အဆုံးသတ်သွားခဲ့၏။ယခုမူ လင်းဝေအစစ်အမှန်ဂိုဏ်းသည်မပြီးဆုံးခဲ့ချေ။ထိုအရာမှာ လွန်လွန်းလှချေ၏။
“စီနီယာ .. စီနီယာတုံးကု …”
မိုင်ရှန်သည်မျက်ရည်များပင်ဝိုင်းလာမိသည်။ “ဂိုဏ်းချုပ်ကျွင်းက စီနီယာရဲ့တပည့်မှန်းမသိလို့ပါ။ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
သူသည်အမှန်ပင်ကြောက်လန့်နေမိသည်။
တကယ်တမ်းမှာတော့ရှေးရွက်သင်္ဘောကြီး ကို မြင်ကတည်းက သူ သေချာ သိရှိခဲ့သင့်သည်။လွယ်လွယ် နှင့် ပြီးသွားမည့်ကိစ္စအား သူ ခက်ခဲအောင် ပြုလုပ်မိသောကြောင့်လက်ရှိအချိန်တွင်စီနီယာတုံးကု ကိုယ်တိုင်ရောက်ရှိလာခဲ့၏။
“ဆရာ …”
ကျွင်းချောင်ရှောင်းသည်စိတ်တိုစွာဖြင့်ပြောလိုက်သည် “သူက ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးချင်ခဲ့တာ။ အဲလိုလည်း သေချာ ပြောခဲ့တယ်”
ရွှေပေါင်ကြီးအနားမှာ ရှိနေစဉ်တွင်မည်မျှခံစား၍ ကောင်းသနည်း ဆိုသည်ကို သူ ကောင်းကောင်း ခံစားနေမိသည်။
“မဟုတ်ဘူး .. မဟုတ်ဘူး”
မိုင်ရှန်သည်အလောတကြီးနှင့် ပြောလိုက်၏ “ဂိုဏ်းချုပ်ကျွင်းကို စနောက်တာပါ”
ကြီးမြတ်သူ တုံးကုသည်မျက်မှောင်ကုတ်ကာ ပြောလိုက်သည် “တခြားသူရဲ့ဂိုဏ်းတစ်ခုကို ဖျက်ဆီးဖို့စနောက်တယ်ဆိုတာ မလွန်လွန်းဘူးလား”
“ဟူး .. ဟူး…”
အလွန်အားကောင်းလွန်းသော အော်ရာများသည်မိုင်ရှန်၏ ခန္ဓာကိုယ်ပေါ်သို့ကျဆင်းလာသည်။သူ၏ မျက်နှာသည်နီမြန်းလာသည်။သေခြင်းတရား၏ အော်ရာများကိုပင်ခံစားလာမိ၏။
ကြီးမြတ်သူတုံးကုသည်ထူးမခြားနားသလို ပြောလိုက်သည် “တစ်စုံတစ်ခု လွဲမှားနေတယ်မလား။ ဒါက မင်းရဲ့အမှားပဲ။ မင်းရဲ့အမှားဆိုရင်အမှားကို ပြင်သင့်တယ်ထင်မိလား”
ကျွင်းချောင်ရှောင်း ဆွံ့အနေမိသည်။ ဤလူသည် အမှန်ပင်သူ၏ ဆရာဖြစ်ထိုက်သောသူပင်။
မိုင်ရှန်သည်အရူးမဟုတ်ပေ။ ထို့ကြောင့်ခက်ခက်ခဲခဲ နှင့် ပြောလိုက်၏ “နားလည်ပါတယ်။ဒီဂျုနီယာလေးက အမှားကို ပြင်ဆင်ချင်ပါတယ်”
ဝှစ်….။
သူ့ဆီ ကျဆင်းလာသော ဖိအားတွေသည်ပျောက်ကွယ်သွားသည်။အသက်ပင်ကောင်းကောင်း မရှုနိုင်ချေ။
“တပည့်”
ကြီးမြတ်သူတုံးကု က ပြောလိုက်၏ “ဒီကိစ္စကို မင်းဆက်ရှင်းလိုက်”
ကျွင်းချောင်ရှောင်းသည် သူ၏ လည်ချောင်းကို ရှင်းလင်းပြီး မောက်မာ ဝင့်ကြွားစွာ ပြောလိုက်သည် “ကျုပ်ကိုပြော … ဘယ်လို ပြင်ဆင်ဖို့ စဉ်းစားထားလဲ”
ဤအရာသည်စကားလမ်းကြောင်းခင်းခြင်းပင်။
ခဏလောက်စဉ်းစားပြီးနောက်မိုင်ရှန်က ပြောလိုက်သည် “စိတ်ဝိညာဉ်ကျောက်တုံးတွေပေးပါမယ်။”
“ဘယ်လောက်”
“ပေးမှာက ……”
“ဒီကျွင်းက သူတောင်းစားမဟုတ်ဘူး။ လျော်ကြေးအနေဖြင့်စိတ်ဝိညာဉ်ကျောက်တုံး သန်းနှစ်ရာပေး။”
“အမ်”
မိုင်ရှန်သည်မျက်လုံးပြူးသွားသည်။
လင်းဝေ အစစ်အမှန်ဂိုဏ်းသည်ဤမျှသော စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ပေးချင်သည်။သို့ပေမဲ့ဤပမာဏသည်များပြားလွန်းလှ၏။
“ခင်ဗျား သဘောမတူဘူးလား” ကြီးုမြတ်သူ တုံးကုသည်အေးစက်စက်ပြောလိုက်သည်။
“သဘောတူတယ်။သဘောတူတယ်”
အထက်နယ်မြေရှိ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်၏ရှေ့မှာတော့မိုင်ရှန်သည်မငြင်းပယ်ရဲချေ။တစ်ဖက်လူ အနေဖြင့်သန်းတစ်ထောင်ပေးဟု တောင်းဆိုလျှင်ပင်ပေးရတော့မှာ ဖြစ်၏။
ကြီးမြတ်သူတုံးကု က ပြောလိုက်သည် “ဒါကိုရင်မင်းတို့ဂိုဏ်းကို အချိန်ငါးရက်ပေးမယ်။ယွမ်စိတ်ဝိညာဉ်ကျောက်တုံး သန်းနှစ်ရာကို မပေးရင် ငါကိုယ်တိုင်လာတောင်းမယ်”
ကျွင်းချောင်ရှောင်းသည်စိတ်ထဲမှ ကြိတ်ကာ လက်မထောင်နေမိသည်။ဤသို့သော လူမှသာလျှင်သူ၏ ဆရာ ဖြစ်တော့၏။
“စီနီယာတုံးကု … စိတ်မပူပါနဲ့။တစ်ရက်၊ နှစ်ရက်အတွင်း လာပေးပါမယ်”
မိုင်ရှန်သည်သူ၏ နောက်လိုက်များနှင့် အတူ ပြန်လည် ထွက်ခွာသွားတော့သည်။လာရောက်ချိန်ကထက်ပင် ပြန်လည့်အရှိန်နှုန်းက ပိုမြန်ခဲ့သည်။
ပိုင်စီလီ … မင်းကို ငါသတ်မယ်။
မိုင်ရှန်သည်သူ၏ ဒေါသအား မည်သည့်နေရာ ပုံချရမည်ကို စဉ်းစားမိချိန်မှာတော့ဖူးရှင်းဂိုဏ်းချုပ်ပိုင်စီလီ အား စဉ်းစားလိုက်မိတော့သည်။ပိုင်စီလီ ကြောင့်သာ မဟုတ်လျှင် ပြိုင်စံရှားဂိုဏ်းနှင့် ဤကဲ့သို့ပဋိပက္ခဖြစ်ပွား လိမ့်မည်မဟုတ်ချေ။
……
ကြည့်ရှုနေသူများသည်ထွက်မသွားကြချေ။
အားလုံးတို့သည် ကြီးမြတ်သူ တုံးကုကို စူးစိုက်ကြည့်လျက်ရှိနေကြသည်။၎င်းတို့၏မျက်လုံးထဲတွင်တော့လေးစားခြင်း၊ ချီးကျူးခြင်း၊ ကိုးကွယ်လိုခြင်း အော်ရာများနှင့် ပြည့်နှက်လျက်ရှိနေကြသည်။
ဤကဲ့သို့ဆန်းကြယ်လွန်းသော စွမ်းအားမြင့်ကျင့်ကြံသူကို တွေ့မြင်ရသည်မှာ သူတို့အတွက်ကံကောင်းလွန်းလှသည်။နောက်ပိုင်းနှစ်တစ်ရာလောက် ကြွားဝါ၍ပင်ရနိုင်လောက်၏။
“ဆရာ ..”
ကျွင်းချောင်ရှောင်းသည်လက်သီးဆုပ်ကာ ပြောလိုက်သည် “အချိန်ကိုက်ရောက်လာတာကိုး။ မဟုတ်ရင် ကျုပ်ကို သူတို့တွေအနိုင်ကျင့်နေလောက်ပြီ”
ကြီးမြတ်သူတုံးကု က ပြောလိုက်သည် “မင်းအနေနဲ့ဆယ်နှစ်တိတိ ဇွဲကောင်းကောင်းနဲ့လေ့ကျင့်ဖို့ပဲ လိုတယ်။ဒုက္ခတစ်ခုခု တွေ့ရင် ငါလာပြီး ကူညီဖြေရှင်းပေးမယ်”
“ဆရာ … စိတ်မပူပါနဲ့”
ကျွင်းချောင်ရှောင်းသည်လေးနက်တည်ကြည်စွာ ပြောလိုက်သည် “နောက်ဆယ်နှစ်တိုက်ပွဲမှာ ဆရာ့ကို စိတ်မပျက်စေရပါဘူး”
ကြီးမြတ်သူတုံးကုသည်သဘောတကျနှင့်ခေါင်းညိတ်လိုက်သည် “ငါတစ်ခု လုပ်စရာရှိသေးတယ်။ဒီတော့ …”
ပြောနေတုန်းမှာပဲ သူ၏ မျက်နှာအမူအရာသည်အလုံးစုံ ပြောင်းလဲသွားသည်။သူ၏ မျက်စိထောင့်မှ တဆင့်မိုးကြိုးကြံ့သားရဲတစ်ကောင်ကို မြင်လိုက်ရသောကြောင့်ပင်။ထိုအကောင်လေးသည်လီချင်းယန်၏အနောက်တွင်ထိုင်လျက်ရှိ၏။
သူသည်အံ့အားတသင့်နှင့်မေးလိုက်မိသည် “တပည့် .. ဘယ်လိုဖြစ်ပြီး မိုးကြိုးကြံသားရဲကို မင်းတပည့်ရထားတာလဲ”
“အမ် …”
ကျွင်းချောင်ရှောင်းက ရှင်းပြလိုက်၏ “ကျုပ် အပြင်ထွက်ပြီး လေ့ကျင့်တုန်း အမှတ်မထင်ရခဲ့တာပါ”
ကြီးမြတ်သူတုံးကုသည်မျက်မှောင်ကုတ်ကာ ပြောလိုက်သည် “သူတို့နှစ်ယောက်က အရမ်းနီးကပ်နေတယ်။ပဋိညာဉ်ရေးထိုးမှုကို လုပ်ထားတာလား”
“အမှန်ပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
“…..”
ကြီးမြတ်သူတုံးကု ၏ မျက်နှာအမူအရာသည်ပြောင်းလဲသွားပြန်သည်။သူက ပြောလိုက်သည် “ဒီမိုးကြိုးကြံက မိုးကြိုးကြံမျိုးနွယ်ကပဲ ဖြစ်ရမယ်။ အဲဒီသားရဲတွေက သူတို့ဥကို အရမ်းတန်ဖိုးထားတာ။ ပဋိညာဉ်ရေးထိုးထားတယ်ဆိုတာ သိရင်မင်းတပည့် ပြဿနာတက်မယ်နဲ့တူတယ်”
ကျွင်းချောင်ရှောင်းသည်ဇဝေဇဝါ ဖြစ်မိလာ၏။
“ဒါပေမဲ့ ….”
ကြီးမြတ်သူတုံးကုသည်ဂုဏ်ယူဝင့်ကြွားစွာဖြင့်ပြောလိုက်သည် “ငါဒီမှာ ရှိနေမှတော့မိုးကြိုးကြံမျိုးနွယ်တွေလည်း ဘာမှမလုပ်နိုင်ပါဘူး”
ကျွင်းချောင်ရှောင်းသည်အမှန်ပင်စိတ်လှုပ်ရှားသွားသည်။သူသည်ကိုယ်ကိုကိုင်းကာ ဂါရဝပြုလိုက်၏ “ဆရာ့ရဲ့တပည့်ဖြစ်ရတာ လောကရဲ့ကောင်းချီးပါပဲ”
“ငါ့ကို မြှောက်ပေးစရာမလိုဘူး”
ကြီးမြတ်သူတုံးကု က ပြောလိုက်သည် “တောင်းဆိုစရာ တစ်ခုပဲ ရှိတယ်။ဆယ်နှစ်ကြာရင်ကုဟုန်ရဲ့တပည့်ကို အနိုင်ယူပေးဖို့ပဲ”
ကျွင်းချောင်ရှောင်းအား ဤမျှအထိ လာရောက်ကူညီနေရခြင်းသည်ဆယ်နှစ်ကြာ သဘောတူတိုက်ပွဲကြောင့်ပင် ဖြစ်၏။
“ပြဿနာမရှိဘူး”
ကျွင်းချောင်ရှောင်းသည်သူ၏ ရင်ဘတ်ကို အသာပုတ်ကာ ပြောလိုက်သည် “ကျုပ်ဆရာ့ကို စိတ်မပျက်စေရပါဘူး”
“ဒါဆို ငါသွားတော့မယ်”
ကြီးမြတ်သူ တုံးကုသည်ထွက်ခွာသွားရန် ပြင်နေစဉ်မှာပဲ ခန္ဓာကိုယ်တစ်ခုလုံးသည် လေထဲ တန့်သွားခဲ့သည်။အဘယ့်ကြောင့်ဆိုသော်စုရှောင်မို၏ အနောက်တွင်ရှိနေသော ကျားလိုလို ၊ ကျားသစ်လိုလို အတောင်ပံ နှင့် သတ္တဝါကို မြင်လိုက်ရသောကြောင့်ပင် “ဒါက နတ်ဘုရားခရီးနှင် သတ္တဝါမဟုတ်လား”
“ဟီးဟီး”
ကျွင်းချောင်ရှောင်းသည်ခေါင်းကို ကုတ်ကာ ပြောလိုက်မိသည် “ဒါလည်း ကံကောင်းလို့ပါ”
ပြီးနောက်သူသည်ခေါင်းမော့ရင်ကော့ကာဖြင့်အော်လိုက်၏ “ရှင်းချန်၊ရှောင်ကျီ .. မင်းတို့သားရဲတွေဆရာဘိုးဘိုးကို ပြလိုက်ကြ”
ရှောင်ကျီနှင့် ရီရှင်းချန်တို့သည်သူတို့၏သားရဲများအား ဆင့်ခေါ်လိုက်သည်။
လိပ်နက် နှင့် ပန်းဟူ သားရဲကို မြင်ချိန်မှာတော့ ကြီးမြတ်သူ တုံးကု၏ မျက်နှာအမူအရာသည်အံ့အားသင့်ရာမှသည်တုန်လှုပ်သည်အဖြစ်ပြောင်းလဲသွားသည်။ဟုတ်ပေသည်။ ပြိုင်စံရှားဂိုဏ်း တပည့်တော်တော်များများတွင်သားရဲများ ရှိနေသောကြောင့်အံသြခြင်းမဟုတ်ပေ။ ယခုသားရဲများသည်ရတနာများကဲ့သို့သတ်မှတ်ခံထားရသော သားရဲများဖြစ်နေသောကြောင့်ပင်။
“မဟုတ်သေးဘူး .. ဒီလောက်အမျိုးအစားစုံအောင်ဘယ်ကနေများရလာတာလဲ”
ကြီးမြတ်သူတုံးကု တွေးနေတုန်းမှာပဲ အင်မော်တယ်တောင်တန်း၏ အပြင်ဘက်ကောင်းကင်ယံဆီ၌ စွမ်းအင်လှိုင်းများ ဖြစ်တည်လာသည်။ ပြီးနောက် အမျိုးအစားစုံလင်လှသော မွန်းစတားများသည်ကောင်းကင်ယံထက်တွင်ရပ်လျက်ရှိနေကြသည်။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်း ထအော်လိုက်မိ၏ “သောက်ပြဿနာပဲ”