တစ်စုံတစ်ခုဖြစ်ပွားခြင်း၊ ဘေးကျပ်နံကျပ်အချိန်
Vol. 100 Ch. 1400
ကောင်းကင်ခွဲနတ်ဆိုးဓား ထိုနေရာတွင်ရှိသည်ကို တခြားသူများ မသိကြ ဟု ရှီချူးရှောင်ပြောဖူးသည်ကို ရှီမာယူယူ မှတ်မိသည်။ လူအများသည် ထို အရာအတွက် တိုက်ခိုက်ခဲ့ကြသည်။ ကြံရာမရသည့်အခိုက်အတန့်တွင် သူတို့ သည် ပုံတူလုပ်ထားပြီး ပစ်ပေးလိုက်သည်နှင့် အေးချမ်းသွားခဲ့သည်။
သို့သော် ကောင်းကင်ခွဲနတ်ဆိုးဓားသည် အင်အားစုများရယူသွားသည့် သတင်းမှာ မရှိပေ။
ဒဏ္ဍာရီလာနဂါးဂိုဏ်းက အဲဒီအဖြစ်ကနေတောင် ထွက်ပြေးနိုင်တာ ဘာလို့များ ချေမှုန်းခံလိုက်ရတာလဲ။
မဟုတ်ရင် ကောင်းကင်ခွဲနတ်ဆိုးဓားက သူတို့ကိုချေမှုန်းတဲ့အကြောင်းနဲ့ ဘာမှမဆိုင်ဘူးလား။
သူတို့ ရှီချူးရှောင်ကို မရှာနိုင်သရွေ့တော့ အဖြေလည်းသိရမှာမဟုတ် ဘူး။
မဟုတ်ရင် စီနီယာအစ်ကိုနဲ့ စီနီယာအစ်မတို့က ဆက်နွယ်နေတာလေ။ အဲဒါကြောင့် သူတို့ကောင်းကင်ဂိုဏ်းကို ဖိတ်တုန်းက ဟန့်မြောင်ရွှမ်နဲ့ စူးရှောင်ရှောင်တို့ကို မမြင်မိတာကိုး။
သူတို့တွေ အခုဘယ်မှာလဲ။
“ယူယူ ဘာတွေစဉ်းစားနေတာလဲ”
သူမ အတွေးထဲတွင် နစ်မြောနေသည်ကို သတိထားမိသောအခါ အားလုံး က မေးကြလေသည်။
“ဟင်” ရှီမာယူယူ သတိပြန်ဝင်လာပြီး အားလုံးမှဝိုင်းကြည့်နေကြသည် ကို သတိထားမိသောအခါ ပြောလိုက်သည် “ကျွန်မ စီနီယာအစ်ကိုနဲ့ တခြားသူ တွေအကြောင်းကို တွေးနေမိလို့ပါ၊ သူတို့ အခုဘယ်လိုနေလဲမသိဘူး”
“ကျန်းကျူးရှန့်လား” ဖန်မင် မေးလိုက်သည်။
“ဟုတ်တယ် ဥက္ကဌဖန်၊ သူတို့သတင်းကြားသေးလား” ရှီမာယူယူသည် ဖန်မင်ကို မျှော်လင့်ချက်အပြည့်ပါသော မျက်လုံးဖြင့်ကြည့်လိုက်သည်။
ဖန်မင်သည် သူမ၏ တောက်လောင်သောအကြည့်ကြောင့် လန့်သွားကာ ချောင်းဟန့်ပြီး ပြောလိုက်သည် “ဒါကတော့ သူတို့သတင်းကိုတော့ မကြားမိ ဘူး ဒါပေမဲ့ ဒဏ္ဍာရီလာနဂါးဂိုဏ်းဝင်တွေ အကုန်လုံးတော့ အသတ်မခံရဘူး၊ အဖွဲ့သေးတစ်ခုတော့ လွတ်သွားတယ်၊ ဒါပေမဲ့ မင်းရဲ့စီနီယာအစ်ကိုပါလား တော့မသေချာဘူး”
“ဒါဆိုရင် ဂိုဏ်းခေါင်းဆောင်ရော ဘယ်လိုဖြစ်သွားလဲ အသက်ရှင်သေး လား” ရှီမာယူယူ မေးလိုက်သည်။
“ဂိုဏ်းခေါင်းဆောင်တော့ သေသွားတယ် အဲဒါတော့သေချာတယ်၊ သူ အသတ်ခံရတာကို တော်တော်များများမြင်လိုက်ရတယ်”
“အိုး” ရှီမာယူယူ စိုးရိမ်သွားသည်။ ထိုသို့ဆိုလျှင် ရှီချူးရှောင်သည် မသေ လျှင်တောင် သူမဖခင်ကို ဆုံးရှုံးရသည့်အတွက် ခံစားနေရမည်။
ပြီးနော့် ကျန်းကျူးရှန့် သေသည် မသေသည်မှာ မရှင်းလင်းပေ…
သူမ စိုးရိမ်နေသည်ကို မြင်သောအခါ ပြောကြလေသည် “ယူယူ ငါတို့ ဒီမှာ အကုန်လုံးကြည့်ပြီးနေကြပြီ ငါတို့အရင်ပြန်နှင့်တာပေါ့”
ရှီမာယူယူသည် စိုးရိမ်နေလျက်ရှိကာ သူတို့နှင့် လေးစားမှုအရပင် မရပ် နိုင်တော့ဘဲ ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည် “ဟုတ်ကဲ့ပါ ဒီနေ့ညကို ကျွန်မ ဥက္ကဌတို့နဲ့ သောက်ပါမယ်၊ အခုဝိုင်အသစ်ရှိထားတယ်၊ အမှတ်တရစားသောက် ဆိုင်မှာတောင် မရောင်းဘူးလေ”
“ဟုတ်ပြီ ကျုပ်တို့ မျှော်လင့်နေပါမယ်”
“ဟုတ်ကဲ့ပါ”
ရှီမာယူယူသည် သူတို့ကိုပြန်ခေါ်လာပြီး ဧည့်ခံရန်အတွက် အဘိုးနတ်ဆိုး နှင့်ထားခဲ့ကာ ကောင်းကင်ဂိုဏ်းအဖွဲ့ဝင်များကို ရှာရန်ထွက်လာခဲ့လိုက်သည်။
သို့သော် လှည့်ပတ်ကြည့်ပြီးနောက်တွင် သူမ မရင်းနှီးသောလူတချို့လာပြီး အကြိမ်အနည်းငယ်သာ စကားပြောဖူးသော နည်းပြများလာသည်ကို သတိ ထားမိလိုက်သည်။
“နည်းပြကျန်း ဒါရိုက်တာမုံ့နဲ့ တခြားသူတွေက ဂိုဏ်းမှာမရှိကြဘူးလား” ရှီမာယူယူ မေးလိုက်သည်။
“ဒါရိုက်တာမုံ့နဲ့ ကျောင်းအုပ်ဖန်က အဲဒီမှာမရှိကြဘူး” နည်းပြကျန်း ပြောလေသည်။
“သူတို့ ဘယ်သွားကြတာလဲသိလား”
“မသေချာဘူးပဲ ငါတို့ သူတို့ကို ဆက်သွယ်ဖို့ကြိုးစားကြည့်သေးတယ် ဒါပေမဲ့ အသုံးမဝင်ပါဘူး ဘာလို့လဲ ယူယူ ကိစ္စရှိလို့လား”
“ဘာမှတော့မဟုတ်ပါဘူး” ရှီမာယူယူသည် သူ့ကိုပြုံးပြပြီးပြောလိုက် သည် “နည်းပြကျန်း ဒီမှာအေးဆေးနေဦးနော်၊ ကျွန်မလုပ်စရာလေးရှိလို့ပါ တောင်းပန်မှုကိုပြတဲ့အနေနဲ့ ယူယူက ဒီနေ့ညကို နည်းပြတို့နဲ့ တစ်ခွက်သောက် ပါဦးမယ်”
“ဒီနေ့က မင်းရဲ့ အင်အားစုအသစ်တည်ထောင်တဲ့ နေ့ကြီးနေ့မြတ်ပဲ၊ သေချာပေါက် အလုပ်များနေမှာပေါ့ လုပ်စရာရှိတာသာ သွားလုပ်ပါ” နည်းပြကျန်းသည် နားလည်တတ်သူဖြစ်သည်။
ရှီမာယူယူသည် သူ့ကို ဦးညွှတ်နှုတ်ဆက်ပြီး သူမ၏ ခြံဝန်းဆီသို့ပြန်လာ လိုက်သည်။
“ယူယူ မစိုးရိမ်ပါနဲ့ အစ်မကြီးဟန့်မြောင်က ဘာမှဖြစ်မှာမဟုတ်ပါဘူး” ရှောင်ချီသည် သူမစိုးရိမ်နေသည်ကို မြင်ပြီးနောက် ထွက်လာကာ နှစ်သိမ့်လေ သည်။
“စီနီယာအစ်ကိုတို့ တစ်ခုခုဖြစ်သွားရင် ဒါရိုက်တာမုံ့က ဆရာကြောင့်နဲ့ တစ်ခုခုတော့လုပ်မှာပဲ” ရှီမာယူယူ ဆက်ပြောလိုက်သည် “အဲဒီမှာ ဒါရိုက်တာ မုံ့တို့နဲ့ ပတ်သတ်တဲ့လူမရှိဘူးလို့ထင်တယ်၊ ဒါပေမဲ့ ဂိုဏ်းကတောင် သူတို့ကို ဆက်သွယ်လို့မရနေတာ သူတို့တစ်ခုခုများဖြစ်လို့လား”
“သူတို့ကို ဘာလို့မဆက်သွယ်ကြည့်တာလဲ ဂိုဏ်းကမလုပ်နိုင်ရင်တောင် ယူယူက ဆက်သွယ်လို့ရနိုင်တယ်လေ” ရှောင်ချီ ပြောလေသည်။
“အင်း စမ်းကြည့်လိုက်မယ်” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် မုံ့ဆန်းချွမ်ကို ဆက်သွယ်ရန်ကြိုးစားကြည့်လေသည်။ ဂိုဏ်း ကပင်ဆက်သွယ်မရသဖြင့် အစပိုင်းတွင် သူမ မျှော်လင့်ချက်ကြီးကြီးမားမား မထားပေ။ ဆိုလိုသည်မှာ သူသည် အပြင်ဘက်လောကနှင့် အဆက်အသွယ် ဖြတ်ထားသည်ဟုပင်။ သို့သော် သူမ ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်နှင့် ဆက်သွယ်မိလေသည်။
ဆက်သွယ်ရေးကျောက်တုံးမှ တုံ့ပြန်မှုကို မြင်ပြီး ရှောင်ချီနှင့် သူမတို့၏ မျက်လုံးများမှာ တောက်ပလာသည်။ သို့သော် ကြားလိုက်ရသောအသံကြောင့် ပျော်ရွှင်မှုမှ စိုးရိမ်မှုအဖြစ်ပြောင်းသွားလေသည်။
“ဂျူနီယာညီမလေး ဂျူနီယာညီမလေး မင်းလား” ဟန့်မြောင်ရွှမ်၏ အသံ ထွက်ပေါ်လာသည်။
“စီနီယာအစ်မလား” ရှီမာယူယူသည် တအံ့တဩအော်မိလေသည် “စီနီယာအစ်မ အခုဘယ်မှာလဲ”
“ယူယူ ဒါရိုက်တာမုံ့ကို မြန်မြန်လာကယ်ပါ၊ သူ ထပ်ပြီးတောင့်မခံနိုင် တော့ဘူး” ဟန့်မြောင်ရွှမ်၏ အသံသည် ရှိုက်သံများဖြင့်ပြည့်နေကာ အကူအညီ မဲ့နေသည်။
“ဒါရိုက်တာမုန့်ဘာဖြစ်တာလဲ၊ အခုဘယ်မှာလဲ”
“ငါတို့က အတွင်းပိုင်းဒေသက နှင်းကျောက်စိမ်းတောင်ထိပ်မှာ.. ယူယူ မြန်မြန် ဒါရိုက်တာမုံ့ သူ…”
“စိတ်အေးအေးထားပါ ညီမအခုပဲလာခဲ့မယ်” ရှီမာယူယူ အော်လိုက်သည် “ဒါရိုက်တာမုံ့အသက်ကို ကယ်နိုင်မယ့်ဟာမှန်သမျှလုပ်ထားပေး ညီမကိုစောင့် နေ”
“ဟုတ်ပြီ”
“ယူယူ မြန်မြန်သွားရအောင် အစ်မကြီးမြောင်ရွှမ်ရဲ့အသံကိုကြားလိုက် တယ်၊ သူမလည်း ဒဏ်ရာရထားတဲ့ပုံပဲ လောင်မုံ့…” ရှောင်ချီ ပြောလိုက် ချိန်တွင် မျက်လုံးများ နီရဲတက်လာသည်။ သူတို့ ကောင်းကင်ဂိုဏ်းတွင်ရှိခဲ့စဉ် က လောင်မုံ့နှင့်တခြားသူများနှင့် ရင်းနှီးခဲ့သည်။ သူသေတော့မည်ဟု စဉ်းစား လိုက်သည်နှင့် သူမမျက်ရည်များကျလာရသည်။
ရှီမာယူယူသည် ဆက်သွယ်ရေးကျောက်တုံးသိမ်းကာ ပြောလိုက်သည် “ငါတို့ ဒီအတိုင်းသွားလို့မရဘူး၊ သူတို့ကိုသတင်းပို့ပြီးတာနဲ့ သွားကြမယ်”
“အင်း မြန်မြန်သွားမယ်”
ရှီမာယူယူသည် သူမကိုခေါ်ကာ ရှီမာလျူရွှမ်ကိုသွားတွေ့ပြီး ခေတ္တမျှ ထွက်သွားမည်ဖြစ်ကြောင်းပြောပြသည်။ သည်မနက်တွင် အပ်စိုက်ထားသဖြင့် ထပ်လုပ်ရန်မလိုသေးကြောင်း ဆေးသောက်ရန်သာလိုကြောင်း ပြောထားခဲ့ သည်။
ရှီမာလျူရွှမ်သည် သူမအားကြည့်ပြီး ခေါင်းညိတ်လေသည် “တစ်ခုခုဖြစ် နေတယ်ဆိုတာ အဖေသိပါတယ်၊ အဖေ့ကို ဘာလို့ခေါ်မသွားတာလဲ၊ တစ်ခုခု ဆိုရင် အဖေအကြံပေးလို့ရတာပေါ့”
ရှီမာယူယူသည် စဉ်းစားပြီးနောက် သူ့ကိုဝိညာဉ်စေတီအတွင်းထည့်ကာ ခေါ်သွားလိုက်သည်။
“ဒါက သမီးရဲ့လောကအသေးလား” ရှီမာလျူရွှမ်သည် ခေတ္တမျှသိချင် သွားကာ အသိပြန်ဝင်လာလေသည်။
“အဖေ ဒါဘယ်နေရာလဲဆိုတာ မသိဘူးလား” ရှီမာယူယူ မေးလိုက် သည်။
ရှီမာလျူရွှမ်သည် ခေါင်းယမ်းလိုက်သည်။ သူမ မေးလိုက်သော မေးခွန်း မှာ အနည်းငယ်ထူးဆန်းသည်ဟု ခံစားရသည်။ ဒီနေရာက ဘာလဲဆိုတာ သူ သိမှဖြစ်မှာလား။
“ဒါက အဖေ သမီးအတွက်ထားခဲ့တာလေ၊ အနက်ရောင်နဲ့ဟာလေ မှတ်မိ လား၊ ဒါကိုရေစက်ပါတဲ့သူမှ ဖွင့်လို့ရမယ်လို့တောင် အဖေပြောခဲ့သေးတယ်” ရှီမာယူယူ ပြောလိုက်သည်။
“မှတ်မိတယ် ဒါကို မမျှော်လင့်ဘဲရခဲ့တာ ဒါကထူးခြားတဲ့အံ့ဖွယ်ကိရိယာ လို့ကြားမိတယ် အဲဒါ ဒါလား” ရှီမာလျူရွှမ်သည် ထိုအရာတွင် နေရာလွတ် တစ်ခု ရှိလိမ့်မည်ဟု ထင်မထားပေ။
“ဒါပဲလေ လျင်းယူက ဒါကို ၇ ဆင့်စေတီနဲ့ ပေါင်းစပ်လိုက်တာ အဲဒါကြောင့် ပြောင်းလဲသွားတာ” ရှီမာယူယူ ဆက်ပြောလေသည် “အဖေ ဒီမှာ နားနေပြီး လေ့လာထားပါ၊ ဝိညာဉ်လေး လမ်းပြပေးပါလိမ့်မယ်”
“လုပ်စရာရှိတာ သွားလုပ်ပါ”
ရှီမာယူယူ ထွက်လာပြီး ရှီမာရှုံချီ၊ ဟွမ်ရင်ရင်နှင့် တခြားသူများကို သွား ရှာလိုက်သည်။ ထိုအချိန်တွင် လောင်ဘိုင်သည် စကားပြောနေသည်။
“အဘိုး အဘွား နှင်းကျောက်စိမ်းတောင်က ဘယ်မှာလဲဆိုတာသိလား” ရှီမာယူယူ မေးလိုက်သည်။
“သိတယ်” ရှီမာရှုံ့ချီ ခေါင်းညိတ်လိုက်သည် “အဲဒီနေရာက အတွင်းပိုင်း ဒေသမှာပဲ ဘာလို့ ရုတ်တရက်ကြီးအဲဒါကိုမေးတာလဲ”
***