အပိုင်း (၁၃၉၈)
Vol. 94 Ch. 1398
ဝှစ် ဝှစ် ဝှစ်
ရုတ်တရက် တိတ်ဆိတ်ပြီး အေးချမ်းသွားခဲ့သော အင်မော်တယ် တောင်တန်းတဝိုက်တွင် ရုတ်တရက် တည်နေရာအနှံ့ဆီမှ လေလှိုင်းများသည် ရောက်ရှိလာခဲ့၏။ ပြီးသည့်နောက် ကြီးမားပြီး များပြားလွန်းလှသော သတ္တဝါများ အားလုံးသည် ပြိုင်စံရှားဂိုဏ်း တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။ ကောင်းကင်ယံတစ်ခုလုံးသည် မှောင်မဲသွား၏။ အခြေအနေ တစ်ခုလုံးသည် ပိုမိုကာ လေးနက်သွား၏။
ဖြူမဲညီနောင်၊ အဘိုးကြီးတင်း၊ လီချင်းယန်နှင့် တခြားသောသူများ အားလုံးသည် မျက်မှောင်ကုတ်မိလိုက်ကြ၏။ ကောင်းကင်ယံထက်တွင် စုဝေးလာသည့် စွမ်းအင်များသည် ကြောက်မက်ဖွယ်ကောင်းလှပြီး ကောင်းမွန်သည့် အရာမျိုး မဟုတ်သည်ကို သူတို့ သိရှိနားလည်ကြ၏။
“သွားပြီ။ သွားပြီပဲ”
လှောင်အိမ်ထဲတွင် တည်ရှိနေသည့် ထိုက်ရွှမ်အဘိုးအိုသည် သံတိုင်များကို ကိုင်ကာဖြင့် စိတ်ထဲမှ အော်ဟစ်လျက်ရှိသည်။ “ဒီကောင်ကတော့ ကောင်းကင်ကို တုတ်နဲ့ထိုးခဲ့ပြီပဲ”
အကြိမ်ပေါင်းများစွာ အပြစ်တင်မှုများကို ခံယူခဲ့ပြီးသည့်နောက် သူသည် ကုန်းရှန့်တစ်ယောက် ပြဿနာ မည်မျှ ရှာတတ်သူ ဖြစ်ကြောင်းကို နားလည်ပြီးဖြစ်၏။ ဤတစ်ကြိမ်တွင် တစ်လောကလုံးကို ပြောင်းပြန်လှန် လောက်သည့် ပြဿနာမျိုးကို ရှာဖွေခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။
အချက်အလက်အားဖြင့် ဘာတွေဖြစ်နေသည်ကို ကျွင်းချောင်ရှောင်း ကိုယ်တိုင်ပင် မသိချေ။ သူသည် ထုံးစံအတိုင်း တည်ငြိမ်လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ဆရာသည် ဘေးတစ်ဖက်တွင် ရပ်နေသောကြောင့်ပင်။
ဟုတ်ပေသည်။ ကြီးမြတ်သူ တုံးကုသည် ထွက်ကာ မသွားသေးချေ။ သို့ပေမဲ့ ကောင်းကင်ယံတွင် ဖြစ်တည် လာခဲ့သည် မွန်းစတားစွမ်းရည်များကို ကြည့်ရှုပြီးနောက် သူ၏ အမူအရာသည် နဝေတိမ်တောင်နှင့် ဖြစ်လျက်ရှိ၏။
ဝှစ် ဝှစ်
ထိုအချိန်မှာပဲ လေဟာနယ်ကို ချိုးဖြတ်ပြီးသည့်နောက် အလင်းတန်းများသည် တစ်ခုပြီးတစ်ခု ရောက်ရှိလာ၏။ ၎င်းတို့သည် အင်မော်တယ်တောင်၏ အပြင်တဝိုက်တွင် စုဝေးလျက်ရှိ၏။ အမြန်ဆန်ဆုံးနည်းဖြင့် ပျံသန်း ရောက်ရှိလာသော သားရဲများသည်လည်း တဖွဲဖွဲနှင့် ရောက်ရှိနေတုန်းပင်။
ပထမဆုံး ပေါ်ပေါက်လာသည်မှာ မိုးကြိုးကြံ့ မျိုးနွယ်၏ ကိုယ်စားလှယ်များပင် ဖြစ်သည်။ ၎င်းတို့သည် အဖွဲ့သား သုံးရာမှ ငါးရာနီးပါးခန့်ကို ခေါ်ဆောင်လာခဲ့သည်။ ၎င်းတို့၏ ခန္ဓာကိုယ်နှင့် မျက်လုံးများထဲတွင် မိုးကြိုးနှင့် လျှပ်စီးကို ကိုယ်စားပြုသည့် အလင်းတန်းများသည် တဖြတ်ဖြတ်နှင့် ပြေးလွှားနေ၏။
ဒုတိယမြောက် ပေါ်ပေါက်လာသူမှာ နတ်ဘုရားခရီးနှင်သူ မျိုးနွယ်၏ ကလန်များပင်ဖြစ်သည်။ တတိယ ပေါ်ပေါက် လာသည်မှာတော့ လိပ်နက်ကလန်၏ ကိုယ်စားလှယ်များပင်ဖြစ်၏။ စတုတ္ထမြောက် ပေါ်ပေါက်လာသူမှာ ……။
မတူညီသည့် သားရဲမျိုးနွယ်အသီးသီးမှ ကျင့်ကြံသူတစ်သောင်းကျော်တို့သည် တည်နေရာထဲတွင် စုဝေးနေကြ၏။ ဤအရာသည် မသိလျှင် အိုလံပစ်ဖွင့်ပွဲကြီး တစ်ခုနှင့်ပင် ဆင်တူလျက်ရှိနေသည်။
“သောက်ကျိုးနည်း… ဘယ်လိုဖြစ်ပြီး တစ်လောကလုံးမှာ ရှားရှားပါးပါး ထွက်ပေါ်လာလေ့ရှိတဲ့ သားရဲမျိုးနွယ် တွေက ဒီမှာလာစုဝေးနေရတာလဲ” လာရောက်ပွဲကြည့်ရှုသူများ အားလုံးသည် မျက်လုံးများ ပြူးထွက်လု မတတ်ပင် ဖြစ်မိနေကြတော့၏။
အထက်နယ်မြေသည် တစ်လောကလုံးကို လက်ခံသည့် နယ်မြေတစ်ခုဖြစ်၏။ လူသားများတင်မက တခြားသော မျိုးနွယ်များမှ မွန်းစတားများကိုလည်း ဤနေရာတွင် နေထိုင်ရန် လက်ခံထား၏။ သို့ပေမဲ့ သားရဲများသည် ရှားရှားပါးပါး ပေါ်ပေါက်လာကြခြင်းဖြစ်၏။ ပုံမှန်အရဆိုလျှင် ၎င်းတို့၏ နယ်မြေအတွင်းမှာပဲ ငြိမ်ငြိမ်သက်သက်နှင့် နေထိုင်ကြသည်။
လူသားများသည် အရာအားလုံးကို အုပ်စိုးထားကြသူများဖြစ်၏။ သို့ပေမဲ့ တချို့သော လူသားကဲ့သို့ စွမ်းအားမြင့် မျိုးနွယ်များလည်း တည်ရှိလျက်ရှိ၏။ တချို့ဆိုလျှင် ၎င်းတို့၏ မူလအသွင်အပြင် သို့မဟုတ် လူသားပုံစံများကို အသွင်ပြောင်းကာ လေထုထဲတွင် ရပ်လျက်ရှိ၏။
“ဘယ်သူလုပ်ရဲတာလဲ။ သူခိုး…”
မိုးကြိုးကြံ့မျိုးနွယ်၏ ခေါင်းဆောင်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ဘယ်လိုဖြစ်ပြီး ငါတို့ရဲ့ မိုးကြိုးကြံ့မျိုးနွယ် သားရဲဥကို ခိုးယူရဲရတာလဲ”
ပြောပြီးပြီးချင်းမှာပဲ တခြားသော မျိုးနွယ်များရှိ စွမ်းအားမြင့် ကျင့်ကြံသူများသည် ဆွံ့အသွားခဲ့ကြ၏။ သူတို့ ကလန်မှ ဥတင် ခိုးယူခံရခြင်း မဟုတ်ပေ။ တခြား များပြားလှသည့် ဥများလည်း ခိုးယူခြင်းကို ခံခဲ့ရ၏။ ထို့အတူ အလွန်တရာလည်း များပြားလွန်းနေသေးသည်။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဤမျိုးနွယ်များသည် တစ်ဖွဲ့နှင့် တစ်ဖွဲ့ ချိတ်ဆက်ပြီး ရောက်ရှိလာကြခြင်း မဟုတ်ပေ။ အထဲတွင် ရှိနေသော အချက်ပြမှုကို ရရှိပြီးသည့်နောက် စုဝေးရောက်ရှိလာခဲ့ကြခြင်းပင် ဖြစ်၏။ သူတို့သည် ပြိုင်စံရှားဂိုဏ်းကို ဝိုင်းရံလိုက်သည့်အချိန်မှာတော့ အားလုံး အံ့အားသင့်လျက် ရှိနေ၏။
ဘာမှန်းမသိသည့်တောင်၊ ဘာမှန်းမသိသည့် တည်နေရာထဲတွင် ရှိနေကြသော မျိုးနွယ်စုအသီးသီးမှ မွန်းစတားများ အားလုံးသည် ဤတည်နေရာတွင် စုဝေးရောက်ရှိလာကြသည်။ ဤအရာသည် အံ့အားသင့်စရာပင် ဖြစ်၏။ အထက်နယ်မြေတစ်ခုလုံး ထိတ်လန့်တုန်လှုပ်စရာပင် ဖြစ်နေတော့သည်။
ဘာတွေ ဆက်ဖြစ်မည် ဆိုသည်ကို သေသေချာချာ မသိရှိသော်လည်း လက်ရှိ ဖြစ်ပျက်နေသည့် အဖြစ်အပျက်သည် အထက်နယ်မြေ တစ်ခုလုံးကိုပင် အုတ်အော်သောင်းနင်း ဖြစ်စေခဲ့တော့၏။
…………….
ပထမတုန်းက တည်ငြိမ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ပြိုလဲလုမတတ်ပင် ဖြစ်နေတော့၏။ မိုးကြိုးကြံ့ မျိုးနွယ်ကျွမ်းကျင်သူများဆီမှ စကားလုံးများကို နားထောင်လိုက်သည်နှင့် စိတ်ဝိညာဉ်သားရဲဟောခန်းဆီမှ သူ ဥဖောက်လိုက်သည့် သားရဲဥသည် သက်တန့်ရောင်သူတော်စင်၏ သက်တန့်ရောင်စဉ်ကျမ်းကဲ့သို့ပင် စနစ် ခိုးယူ လာသည့်အရာ ဖြစ်ပေလိမ့်မည်။
“ဒင်… စနစ်သည် ခဏတာ ပါဝါပိတ်သွားခဲ့၏”
“ချီးတဲ့မှ..”
ကျွင်းချောင်ရှောင်းသည် ထအော်လိုက်မိ၏။ “ဒီသောက်တလွဲစနစ်ကတော့ ငါ့ကို ဒုက္ခပေးပြီ”
သူ နားလည်သွားခဲ့ပြီဖြစ်၏။ စိတ်ဝိညာဉ်သားရဲဟောခန်းထဲတွင် ရှိနေသော သားရဲဥများသည် များပြားလှသော မွန်းစတားကလန် အသီးသီးမှ ဖြစ်၏။ ဤတစ်ကြိမ်မှာတော့ ၎င်းတို့အားလုံးသည် အိုလံပစ်ပွဲကို လာကြည့်ကြသည့် လူများကဲ့သို့ပင် ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးကိုပင် ဝိုင်းရံထားကြသည်။
သူ့အား ဥသူခိုးအဖြစ် အသိအမှတ်ပြု လိုက်ကြပြီဖြစ်၏။ သူသည် အထင်အမြင်လွဲမှားခံခဲ့ရ၏။ အကြီးအကျယ် အထင်အမြင်လွဲမှားခံခဲ့ရ၏။ ဤဥများကို ခိုးယူခဲ့သူသည် စနစ်သာဖြစ်ပြီး သူသည် ဘာမှမလုပ်ခဲ့ချေ။ သို့ပေမဲ့ ဤတစ်ကြိမ်မှာတော့ ရှင်းပြလို့လည်း မရတော့ချေ။ အဘယ်ကြောင့်ဆိုသော် ကုန်းရှန့် အပြစ်ကင်းသည် ဖြစ်ကြောင်း မည်သူမှ ယုံကြည်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်ပင်လျှင် အပြစ်တင်မှု အားလုံးကို သူသည်သာ ရင်စည်း၍ ခံရပေလိမ့်မည်။
“ကြီးမြတ်သူတုံးကု… ခင်ဗျားဘာလို့ ဒီကို ရောက်နေတာလဲ”
မွန်းစတားမျိုးနွယ်စု တစ်ခုထဲမှ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် လူသားမျိုးနွယ်၏ စွမ်းအားမြင့် ကျင့်ကြံသူကို တစ်ခါတည်း မှတ်မိလိုက်၏။ ထို့ကြောင့် လှမ်းကာ မေးလိုက်သည်။
“…………”
ကြီးမြတ်သူ တုံးကုသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ လက်ရှိအချိန်မှာတော့ သားရဲမျိုးနွယ်များ ရောက်ရှိလာခဲ့ ခြင်းသည် သူ၏ နှလုံးသားကိုပင် တုန်ခါမိစေ၏။ အချက်အလက်အားဖြင့် မိုးကြိုးကြံ့သားရဲများ ရောက်ရှိလာသည် ကို သိရှိသည်နှင့် သူသည် ပြဿနာတက်ပြီဖြစ်ကြောင်း နားလည်လိုက်မိ၏။ ထို့အပြင် နတ်ဘုရားခရီးနှင်သူ သားရဲမျိုးနွယ်များ စသည်ဖြင့် မျိုးနွယ်အသီးသီးတို့သည် ထပ်မံရောက်ရှိလာပြီးသည့်နောက် ဘေးကြပ်နံကြပ် အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူ နားလည်လိုက်မိ၏
သူ၏ တပည့်သည် ကြီးမားလှသော ပြဿနာကြီးကို ရှာဖွေခဲ့၏။ ဤပြဿနာသည် လင်းဝေအစစ်အမှန်ဂိုဏ်းနှင့် ဖြစ်ပျက်ခဲ့သည့် ပြဿနာထက် ပိုမိုကာ ကြီးမားလွန်းလှသည်။ မွန်းစတားမျိုးနွယ်ပေါင်းများစွာအား ပြဿနာ ရှာခဲ့ခြင်းပင်ဖြစ်သည်။
သူ၏ နှလုံးသားထဲတွင် ခံစားနေရသည့် မကောင်းသည့် အတိတ်နမိတ် ခံစားချက် များအားလုံးသည် အဘယ်ကြောင့်ဖြစ်ကြောင်း ကြီးမြတ်သူတုံးကုသည် နောက်ဆုံး၌ နားလည်သွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် သူသည် တွေးလိုက်မိ၏။ “အခုအချိန်မှာ ထွက်သွားဖို့ နောက်ကျသွားပြီနဲ့တူတယ်”
အမှန်ပင် နောက်ကျသွားပြီဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူက ကျုပ်ဆရာမို့လို့လေ”
“အမ်”
မတူညီသည့် မွန်းစတားမျိုးနွယ်အသီးသီးမှ ကျင့်ကြံသူများသည် ကြီးမြတ်သူတုံးကုကို ဝိုင်းကာ ကြည့်ရှု လိုက်၏။ ၎င်း၏ မျက်လုံးထဲတွင်တော့ ဒေါသတရားများ ပြည့်နှက်လျက်ရှိသည်။ သူတို့၏ ဥများကို တစ်ဖက်လူ လာရောက်ခိုးယူရဲသည်မှာ အံ့အားသင့်စရာတော့ မဟုတ်တော့ချေ။ လူသားမျိုးနွယ်၏ စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက် နောက်ကွယ်မှ အကာအကွယ်ပေးထားခြင့်ကြောင့် ဖြစ်ပေလိမ့်မည်။
ဥခိုးသည့် အပြစ်တင်မှုကို ခံယူခဲ့ရမည့်သူသည် ကုန်းရှန့်ဖြစ်၏။ သူ့အနေနှင့် အဘယ်ကြောင့် အပြစ်ကို လွယ်လွယ်ကူကူနှင့် ခံယူခဲ့ရသနည်းဆိုသော် တစ်ဖက်လူ၏ ခေါင်းပေါ်သို့ လွယ်လွယ်ကူကူ ပစ်တင်နိုင်သောကြောင့်ပင်။
ဝှစ် ဝှစ် …..။
“ကြီးမြတ်သူတုံးကု… မိုးကြိုးကြံ့မျိုးနွယ်စုကြီးက လက်ရှိလောကကြီးနဲ့ ပါဝင်ပတ်သက်မှု မရှိပါဘူး။ ကျုပ်တို့ လူသားမျိုးနွယ်တွေနဲ့ ငြိမ်းချမ်းရေးယူပြီ အစဉ်အမြဲ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခဲ့တယ်လေ။ ဘယ်လိုဖြစ်ပြီး ခင်ဗျားက ကျုပ်တို့ သားရဲမျိုးနွယ်တွေရဲ့ သားရဲဥတွေကို လာပြီး ခိုးယူရဲရတာလဲ” မိုးကြိုးကြံ့မျိုးနွယ်မှ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် ဒေါသတကြီး အော်ဟစ်လိုက်မိ၏။
“ဟမ့်” နတ်ဘုရားခရီးနှင်သူမျိုးနွယ်စုမှ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ကလည်း နှာခေါင်းကို ရှုံ့ကာ ပြောလိုက်သည်။ “အရင်တုန်းကလည်း တစ်ယောက်နဲ့ တစ်ယောက် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြမယ်လို့ သဘောတူညီမှု ယူထားတယ် မဟုတ်လား။ အခု လူသားမျိုးနွယ်ရဲ့ စွမ်းအားမြင့် ကျင့်ကြံသူက မွန်းစတားမျိုးနွယ် အသီးသီးမှာရှိတဲ့ သားရဲဥတွေကို လာပြီး ခိုးယူခဲ့တယ်ဆိုရင်တော့ သဘောတူညီမှုကို ခင်ဗျားတို့ ဖောက်ဖျက်တယ် ဆိုတာ ရှင်းနေတာပဲ”
“အဲလောက်ကြီး မစဉ်းစားပါနဲ့”
“ဒါက တရားလွန်လွန်းတယ်”
“ဒါက သည်းခံနိုင်တဲ့အရာ မဟုတ်ဘူး”
မွန်းစတားမျိုးနွယ်အသီးသီးဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် သမာဓိပြည့်ဝလှသည့် ဟန်ပန်အမူအရာမျိုးကို ထုတ်ဖော်ကာ ပြစ်တင်ပြောဆိုလျက် ရှိနေကြ၏။ သူတို့သည် သားရဲဥများကို ခိုးယူခဲ့သည့် အကြောင်းအရာများ နှင့်ပတ်သက်၍ အမှန်ပင် ဒေါသထွက်လျက်ရှိ၏။
ထို့အပြင် ၎င်းတို့၏ စကားများကို သုံးသပ်ရမည်ဆိုလျှင် သားရဲဥ များကို ခိုးယူခဲ့သူမှာ ကျွင်းချောင်ရှောင်း မဟုတ်ဘဲ ကြီးမြတ်သူတုံးကုပင် ဖြစ်လို့နေလေသည်။
“ဆရာကြီး”
ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်၏။ “ကျုပ်ရဲ့ လုံခြုံမှုကို ဆရာကြီးအပေါ်မှာပဲ ပုံအပ် ထားလိုက်ပါ တော့မယ်”
“………”
ကြီးမြတ်သူ တုံးကုသည် ထ၍ ဆဲလုမတတ်ပင် ဖြစ်နေမိ၏။ ဤမျှကြီးမားလှသည့် ပြဿနာကြီးကို ရှာဖွေ ထားပြီး ယခု အဘယ်ကြောင့် အပြစ်ဟူသမျှကို သူ့ခေါင်းပေါ် လာတင်ရသနည်း။
သူတွေးတောနေသည်ကိုသာ ထိုက်ရွှမ်အဘိုးအို သိသည်ဆိုပါက လှောင်အိမ်ထဲမှ အတင်းထွက်လာမှာဖြစ်ပြီး လာရောက်ကာပင် လက်ဆွဲ နှုတ်ဆက်နေမှာ ဖြစ်တော့သည်။
“အားလုံးပဲ”
ကြီးမြတ်သူတုံးကုသည် ကျွင်းချောင်ရှောင်းကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “ဒီဥတွေကို ကျုပ်တပည့်က ခိုးထားတာ။ ဒီအဘိုးကြီးကို လာပြီး အပြစ်မတင်နဲ့”
“ဆရာ… ဆရာ”
ကျွင်းချောင်ရှောင်းသည် နာကျင်နေသည့်အမူအရာဖြင့် သူ၏ရင်ဘတ်ကို အုပ်ကိုင်လိုက်မိ၏။ သူအယုံကြည်ရဆုံးဆရာသည် သူ့အား စွန့်ပစ်ခဲ့သည်ဖြစ်ကြောင်း သိရှိပြီးသည့်နောက် အမှန်ပင် စိတ်ဓာတ်ကျ လျက်ရှိသည်။
“ထားလိုက်တော့။ ထားလိုက်တော့”
ကျွင်းချောင်ရှောင်းသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်၏။ ပြီးသည့်နောက် ရင်ကိုကော့ကာ ပြောလိုက်၏။ “ဟုတ်တယ်။ ကျုပ် ဥတွေကို ခိုးခဲ့တယ်။ ဒီကိစ္စတွေ အားလုံးက ဆရာနဲ့ ဘာမှမဆိုင်ဘူး”
ဤတစ်ကြိမ် ပြဿနာများအားလုံးသည် ခန့်မှန်း၍ မရနိုင်သည့် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်းကို နားလည်ခဲ့မိ၏။ သူပြုလုပ်နိုင်သည့် အရာတစ်ခုသည် ကြီးမြတ်သူတုံးကုဆီသို့ အပြစ်ပုံချခြင်း မဟုတ်ပေ။ ထို့အတူ ဘာလုပ်ရမှန်းလည်း မသိချေ။
“ကောင်လေး”
မိုးကြိုးကြံ့မျိုးနွယ်မှ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် လီချင်းယန်ကို လက်ညှိုးထိုးကာ ဒေါသတကြီး ပြောလိုက်၏။ “မင်း ငါတို့မျိုးနွယ်ရဲ့ အနာဂတ်ဆက်ခံသူကို ပဋိညာဉ်ရေးထိုးမှု ပြုလုပ်ရဲတယ်ပေါ့ ဟုတ်လား”
အချက်အလက်အားဖြင့် မွန်းစတားမျိုးနွယ် အသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူများ အားလုံးသည် ကြီးမြတ်သူ တုံးကုကို လေးစားသမှု ရှိကြသည်လည်း မဟုတ်ကြချေ။ တစ်ဖက်လူများသည် သူတို့၏ အလေးထားရသည့် ဥများကို ခိုးယူသွားခဲ့သည့်အပြင် ပဋိညာဉ်ရေးထိုးမှုကို ပြုလုပ်ခဲ့သေး၏။ မည်သို့မှ လက်ခံ နိုင်သည့် အကြောင်းအရာ မဟုတ်တော့ချေ။
အထက်နယ်မြေတွင် နေထိုင်ကြသည့် မွန်းစတားများအား ပဋိညာဉ်ရေးထိုးခြင်းဆိုသည်မှာ သာမန်ပင် ဖြစ်တော့ သည်။ သို့ပေမဲ့ အဓိက မွန်းစတားမျိုးနွယ်များ၏ လက်ရွေးစင်ဥများကို သားဖောက်ကာ ပဋိညာဉ် ရေးထိုးခဲ့ခြင်း သည် အလွန် အရေးကြီးသည့် ပြဿနာပင်ဖြစ်၏။
နတ်ဘုရားခရီးနှင်သူ မျိုးနွယ်၊ လိပ်နက် မျိုးနွယ်နှင့် တခြားသောမျိုးနွယ်များမှ စွမ်းအားမြင့် ကျင့်ကြံသူများသည်လည်း သူတို့၏ သားရဲသည် လူသားများနှင့် ပဋိညာဉ်ရေးထိုးမှုကို ပြုလုပ်ထားကြပြီး တစ်ဖက်လူများ၏ နောက်တွင် ပုန်းအောင်းလျက်ရှိနေသည်ကို နားလည်လိုက်မိ၏။ ထို့ကြောင့် ချက်ချင်းပဲ ဒေါသထွက်လာကြသည်။
“ဒါ သက်သက်မဲ့ အနိုင်ကျင့်တာပဲ”
“ဒီဂိုဏ်းကို မဖျက်ဆီးရမချင်း ငါစိတ်ချမ်းသာမှုကို ခံစားရမှာ မဟုတ်ဘူး”