← Chapters

အပိုင်း (၁၄၀၀)

Vol. 94 Ch. 1400

အပိုင်း (၁၄၀၀)

Vol. 94 Ch. 1400

သာမန်အခြေအနေအရဆိုလျှင် လူသားများနှင့် သားရဲများ ပဋိညာဉ်ရေးထိုးထားခြင်း၌ တစ်စုံတစ်ယောက် သေဆုံးသွားသည်ဆိုသည်နှင့် ပဋိညာဉ်သည် အလိုအလျောက် ပျက်ပြယ်သွားမှာဖြစ်၏။

ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့၏ မျက်နှာကြောင့် မွန်းစတားကလန်များသည် ကြီးမားသည့် ကိစ္စရပ်များကို ထပ်မံ၍ မပြုတော့ပေ။ သို့ပေမဲ့ ၎င်းတို့သည် နောက်ကို တစ်လှမ်းဆုတ်ပြီးသည့်နောက် ပဋိညာဉ်ရေးထိုးမှုကို ပြုလုပ်ခဲ့သည့် လီချင်းယန်နှင့် တခြားသောသူများအား မိမိကိုယ်ကို သတ်သေစေရန် ခိုင်းစေခဲ့ခြင်းပင် ဖြစ်သည်။

“အားနာပါတယ်”

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ကျုပ်ရဲ့တပည့်တွေက မွန်းစတား တွေနဲ့ အသက်သွေးဝိညာဉ်စာချုပ်ကို ချုပ်ဆိုခဲ့တာလေ”

မွန်းစတားကလန်မှ ကျွမ်းကျင်သူများ အားလုံးသည် မျက်လုံးအပြူးသား ဖြစ်သွားကြသည်။

“ဟား ဟား ဟား ဟား” ရုတ်တရက် ကြီးမြတ်သူ တုံးကုသည် ကျယ်လောင်စွာဖြင့် ရယ်မောလိုက်၏။

အသက်သွေးပဋိညာဉ်သားရဲဆိုသည်မှာ ပိုမို၍ အဆင့်မြင့်သည့် ပဋိညာဉ်တစ်မျိုးဖြစ်ပြီး ထိုကဲ့သို့သော ပဋိညာဉ် မျိုးကို ချုပ်ဆိုလိုက်သည်နှင့် နှစ်ဖက်လုံးသည် တူညီသော ကောင်းကျိုးကို ခံစားရပြီး တူညီသော ဆိုးကျိုးကိုလည်း ခံစားရပေလိမ့်မည်။

“ငါ့တပည့်”

ရယ်မောပြီးသည့်နောက် ကြီးမြတ်သူ တုံးကုက ပြောလိုက်၏။ “မင်းရဲ့တပည့်တွေ အားလုံးကို ကိုယ့်ကိုယ်ကိုယ် သတ်သေခိုင်းလိုက်”

“အမ်” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ သို့ပေမဲ့ ချက်ချင်းပဲ သူ့ဆရာ၏ ဆိုလိုရင်းကို နားလည်သွားမိခဲ့၏။ ထို့ကြောင့် လီချင်းယန်နှင့် တခြားသူများ အားလုံးကို မျက်လုံးမှိတ်ပြလိုက်သည်။

ချလွမ် ချလွမ် ချလွမ်

ချက်ချင်းပဲ တပည့်များ အားလုံးသည် ၎င်းတို့၏ ဓားများကို ထုတ်ယူကာဖြင့် လည်ပင်းပေါ်သို့ တင်လိုက်ကြသည်။ မွန်းစတား ကလန်မှ စွမ်းအားမြင့် ကျင့်ကြံသူများ အားလုံးသည် ဆွံ့အသွားခဲ့ကြ၏။

မိုးကြိုးကြံ့မျိုးနွယ်မှ စွမ်းအားမြင့် ကျင့်ကြံသူသည် အလောတကြီးဖြင့် ပြောလိုက်သည်။ “ကောင်လေး... အလျင် မလိုနဲ့။ ပြောစရာရှိတာ အရင်ဆုံး ပြောရအောင်”

တစ်ဖက်သူများသည် အသက်သွေးပဋိညာဉ်စာချုပ်ကို အမှန်တကယ်ချုပ်ဆိုခဲ့သည်လားကို သေသေချာချာ မသိရှိသေးဘူး ဆိုသော်လည်း မွန်းစတားကလန် တော်တော်များများသည် စွန့်စား၍ အရဲမကိုးရဲချေ။ အဘယ့်ကြောင့် ဆိုသော် အခိုးယူခံလိုက်ရသည့် ဥမှ သားရဲများသည် ၎င်းတို့ ကလန်၏ လက်ရွေးစင်သားရဲများ ဖြစ်ကြ၏။ တချို့ ဆိုလျှင် အနာဂတ် ကလန်၏ ဆက်ခံသူများပင် ဖြစ်နေကြသေး၏။

တဖက်လူများ ကြောက်လန့်နေသည်ကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းက တီးတိုး ပြောလိုက်မိသည်။ “ငါ့ လက်ထဲမှာ တန်ဆာခံတွေ ရှိနေပြီ။ ဘာကို စိုးရိမ်နေရတော့မှာလဲ”

ကြီးမြတ်သူ တုံးကုသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “တကယ်လို့ ကျုပ်အထင် မမှားဘူးဆိုရင် ဒီသားရဲတွေ အကုန်လုံးက ခင်ဗျားတို့ကလန်ရဲ့ လက်ရွေးစင် သားရဲတွေပဲ ဖြစ်လိမ့်မယ်။ သူတို့သာ သေသွားပြီဆိုရင် ခင်ဗျားတို့ လည်း ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံစားရမှာ သေချာတယ်”

“........”

များပြားလှသော ကလန်များမှ ကျွမ်းကျင်သူများသည် ဆိုးရွားစွာ ခံစားလိုက်မိကြ၏။ သူတို့သည်သူတို့၏ သားရဲများကို လာရောက်တောင်းဆိုခြင်းဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် အသက်သွေးပဋိညာဉ်ကို ရေးထိုးထားခဲ့ပြီး သူတို့ကိုပင် ပြန်လည်ကာ ချိန်းခြောက်နေခဲ့၏။ အခြေအနေသည် အလျင်အမြန်ပဲ ပြောင်းလဲသွားခဲ့၏။

ဟုတ်ပေသည်။ မွန်းစတားကလန်များသည် ဤကိစ္စကို ဤအတိုင်း မထားလိုက်ချေ။ မည်သို့ပင် ဆိုစေကာမူ ခိုးယူ ခံလိုက်ရသော သားရဲများကို ပြန်လည်ကာ ခေါ်ဆောင်သွားရပေမည်။

ဆွစ် ဆွစ်

ထိုအချိန်မှာပဲ တရားရေးရာ ဟောခန်းမှ ကျွမ်းကျင်သူများသည် ပျံသန်းရောက်ရှိလာခဲ့၏။ မွန်းစတားကလန်များ သည် ဂိုဏ်းတစ်ခုအား ဝိုင်းပတ်ထားသည်ကို မြင်ရသည့်အချိန်မှာတော့ ၎င်းတို့၏ အမူအရာများသည် ဇဝေဇဝါနှင့် ဖြစ်လို့နေ၏။

“နေအုံး... ကြီးမြတ်သူ တုံးကုနဲ့ မာဆာတိုကီတာနိုတို့က ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ”

“ဟမ့်”

မိုးကြိုးကြံ့သားရဲမျိုးနွယ်မှ စွမ်းအားမြင့် ကျင့်ကြံသူက အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ခင်ဗျားတို့ တရားရေးရာဌာနက နောက်ဆုံးတော့ ရောက်လာပြီပဲ”

တခြားသော မျိုးနွယ်စုများသည်လည်း ၎င်းတို့အား အေးစက်စက်ဖြင့် ကြည့်ရှုလိုက်ကြသည်။ ၎င်းတို့၏ မျက်လုံးထဲမှာတော့ ဒေါသတရားများသည် မဖိနှိပ်နိုင်လောက် အောင်ပင် ထွက်ပေါ်လျက် ရှိနေ၏။

တရားရေးရာ ဟောခန်းသည် တစ်လောကလုံးကို ထိန်းချုပ်ထားသည့်အရာပင်ဖြစ်၏။ ထို့ကြောင့် ၎င်းတို့ သေသေချာချာ ရွှေလိုဥထားသည့် ဥများ ခိုးယူခံရခြင်းသည် တရားရေးရာဌာနမှ တာဝန်ယူရ ပေလိမ့်မည်။

မွန်းစတားကလန်မှ သားရဲများ၏ မျက်နှာပေါ်ရှိ ဒေါသတရားများကို အာရုံခံမိသည့်အချိန်မှာတော့ အလျင်စလိုဖြင့် ရောက်ရှိလာခဲ့သည့် နယ်မြေဟောခန်းမှ ကျွမ်းကျင်သူများသည် အမှန်ပင် ဇဝေဇဝါ ဖြစ်သွားမိကြ၏။

“စီနီယာတုံးကု”

စွမ်းအားမြင့် ကျင့်ကြံသူများထဲမှ တစ်ယောက်သည် လေးလေးစားစားဖြင့် မေးလိုက်၏။ “ဘာတွေ ဖြစ်နေတာလဲ”

ကြီးမြတ်သူ တုံးကုက ပြောလိုက်၏။ “မွန်းစတားကလန် တော်တော်များများက ဒီကိုရောက်လာပြီး ကျုပ်တပည့်ကို အနိုင်ကျင့်နေကြတာလေ။ နယ်မြေဟောခန်းက လောကကြီး တည်ငြိမ်အေးချမ်းအောင် ထိန်းသိမ်းရတဲ့ တာဝန်ကို ယူထားတယ်မဟုတ်လား။ ဒီတော့ ကိုယ့်ရဲ့လူသားမျိုးနွယ်တစ်ခုလုံး အနိုင်ကျင့် ခံနေရတာကို ခင်ဗျားတို့ သည်းခံနိုင်လား”

ကျွင်းချောင်ရှောင်းသည် ဗြဟ္မာကြီးဦးခေါင်းအား တခြားလူဘက်သို့ ပစ်တင်ရာတွင် အလွန်တော်လွန်းလှသည်ဟု ပြောဆိုရမည်ဆိုလျှင် ၎င်း၏ဆရာသည် ပိုမိုကာ ကြမ်းတမ်းလွန်းလှ၏။ နယ်မြေဟောခန်း ရောက်ရှိလာသည်နှင့် တပြိုင်နက် ရှိရှိနေသမျှသော ပြဿနာများ အားလုံးကို နယ်မြေဟောခန်း၏ ခေါင်းပေါ်သို့ လျင်လျင်မြန်မြန်ပင် တင်ပေးခဲ့တော့သည်။

“အင်း”

တစ်ချိန်လုံး ငြိမ်သက်လျက်ရှိနေသည့် နဂါးမင်းကြီးသည် နောက်ဆုံးမှာတော့ ထကာ ပြောလိုက်၏။ “ခင်ဗျားတို့ လူသားတွေက တခြားမျိုးနွယ်မှာရှိတဲ့ သားရဲဥ တော်တော်များများကို ခိုးယူခဲ့တယ်လေ။ နယ်မြေ ဟောခန်းအနေနဲ့ ဒီနေ့မှာ ရှင်းပြချက် မပေးဘူးဆိုရင် ကျုပ်တို့ကို အညှာအတာ ကင်းမဲ့တယ်လို့ အပြစ်မတင်နဲ့”

သူတို့ ဤနေရာသို့ ရောက်ရှိလာခဲ့သည်မှာ နဂါးအင်ပါယာကို လာရောက်ကြိုဆိုခြင်းဖြစ်ကြောင်း တခြားသူများက ထင်မှတ်လိမ့်မည် မဟုတ်ချေ။ လက်ရှိအခြေအနေကို အခွင့်အရေးကိုအရယူပြီး ပြဿနာ ဖန်တီးပြုလုပ်ရန် စဉ်းစားထားခဲ့သည်။

.............

နယ်မြေဟောခန်းမှ ကျွမ်းကျင်သူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့ကြ၏။ ဤတည်နေရာတွင် မွန်းစကားမျိုးနွယ် တစ်ရာနီးပါးခန့် တည်ရှိနေကြ၏။ အားလုံးသောသူများသည် ၎င်းတို့၏ ဥများ ခိုးယူခံခဲ့ရ သည်။ ကြောက်မက်ဖွယ်ရာကောင်းလွန်းချေ၏။ ဤကဲ့သို့သော သောက်တလွဲကိစ္စကို မည်သူက ပြုလုပ်ခဲ့သနည်း။

ထို့အပြင် ဤပြဿနာသည်နယ်မြေဟောခန်း၏ ခေါင်းပေါ်သို့အဘယ့်ကြောင့်ရောက်ရှိလာခဲ့ရသနည်း။

တခြားနည်းလမ်းလည်း မရှိချေ။ အဓိက တရားခံသည် ကြီးမြတ်သူတုံးကု၏ ကာကွယ်ပေးမှုအောက်တွင် တည်ရှိနေ၏။ ထို့ကြောင့် မွန်းစတားကလန် တော်တော်များများသည် ရွေးချယ်စရာမရှိဘဲ နယ်မြေဟောခန်းကို လက်ညှိုးထိုးခဲ့ကြခြင်းဖြစ်တော့၏။

“အားလုံးပဲ”

မာဆာတိုကီတာနိုသည် ငြိမ်းချမ်းရေးပိသုကာတစ်ယောက်၏ ဟန်ပန်မျိုးဖြင့် ပြောလိုက်သည်။ “အခြေအနေကို ကျုပ် အကြမ်းဖျင်း နားလည်ပြီးသွားပြီ။ တကယ်တော့ ဒီလောက်ကြီး ပြောနေစရာ မလိုပါဘူး။ ကျုပ်တို့အားလုံး နောက်ကိုတစ်လှမ်းစီ ဆုတ်လိုက်ကြရင် ဘယ်လိုလဲ”

ဤစကားလုံးသည် မွန်းစတားကလန်ကြီးများအား ထ၍ ဆဲဆိုလုမတတ်ပင် ဖြစ်နေတော့သည်။ ၎င်းတို့သည် ပေါ်ပေါက်လာကတည်းက နောက်သို့ တစ်လှမ်းဆုတ်ပေးပြီးသား ဖြစ်တော့၏။ လူသားများသည်ကသာလျှင် သူတို့ကို ဘေးကြပ်နံကြပ် အခြေအနေဆီသို့ တွန်းပို့နေခြင်းပင် ဖြစ်၏။

“ဟမ့်”

မိုးကြိုးကြံ့မျိုးနွယ်မှ စွမ်းအားမြင့် ကျင့်ကြံသူသည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ကျုပ်တို့ သားရဲကို ဒီနေ့မှာ ပြန်ပြီးခေါ်သွားမှဖြစ်မယ်”

“ဒါက အမှန်ပဲ” တခြားသော မွန်းစတားမျိုးနွယ်များမှ ကျွမ်းကျင်သူများ အားလုံးသည်လည်း ၎င်းတို့၏ အထင်အမြင်များကို ထုတ်ဖော်ပြောဆိုလိုက်ကြ၏။

၎င်းတို့သည် နောက်သို့ဆုတ်ရမည်ဆိုလျှင်တောင်မှ ၎င်းတို့၏ သားရဲများကို ပြန်လည် ခေါ်ဆောင်သွားရမည် ဆိုသော စည်းမျဉ်းစည်းကမ်းကိုတော့ ပြောင်းလဲလိမ့်မည် မဟုတ်ချေ။

“ဒီလိုလုပ်ရအောင်”

မာဆာတိုကီတာနိုက အကြံပြုလိုက်၏။ “ခင်ဗျားတို့ သားရဲတွေနဲ့ သူတို့က အသက်သွေး ပဋိညာဉ်ကို ချုပ်ဆိုထားပြီးပြီဆိုသေားရဲတွေကို ခေါ်သွားမယ်ဆိုရင် အသက်သွေး ပဋိညာဉ်ရေးထိုးထားတဲ့ လူသားတွေကိုပါ ခေါ်သွားမှဖြစ်မယ်”

“ကျုပ် သဘောမတူဘူး”

ကျွင်းချောင်ရှောင်းက ချက်ချင်းပဲ ငြင်းပယ်လိုက်၏။ ဤလူများသည် သူ၏ အတွင်းစည်း တပည့်များ ဖြစ်ကြ၏။ မွန်းစတားကလန်များဆီသို့ အဘယ်ကြောင့် စေလွှတ်ရမည်နည်း။

“အမှိုက်လေး”

ကြီးမြတ်သူတုံးကုသည် အသံပို့လွှတ်လိုက်၏။ “အသက်သွေးပဋိညာဉ်ရေးထိုးခြင်းဆိုတာက ပြည့်စုံတဲ့ နှစ်ဦးနှစ်ဖက် ကောင်းမွန်ခြင်းကို ရရှိစေနိုင်တယ်လေ။ ဒီတော့ မွန်းစတားကလန်က အရမ်းကို အားကောင်းလှတဲ့ ဓာတ်သဘာဝစွမ်းအင်တွေ ပိုင်ဆိုင်ထားပြီးသား။ အဲ့တည်နေရာကို ရောက်သွားမယ်ဆိုရင် မင်းရဲ့တပည့်ရော သူ့ပဋိညာဉ်သားရဲပါ ပိုပြီးအားကောင်းလာလိမ့်မယ်”

“ဒီလိုလား” ကျွင်းချောင်ရှောင်းက ပြန်လည်မေးမြန်းလိုက်သည်။

ကြီးမြတ်သူ တုံးကုက ပြောလိုက်၏။ “မိုးကြိုးကြံ့မျိုးနွယ်ရဲ့ မိုးကြိုးရေကန်က အရမ်းကို အားကောင်းတဲ့ မိုးကြိုးဓာတ်သဘာဝတွေ တည်ရှိတယ်။ မင်းရဲ့တပည့်ကသာ အဲဒီမှာသွားပြီး ကျင့်ကြံမယ်ဆိုရင် အရမ်းကို ကောင်းမွန်တဲ့ အကျိုးကျေးဇူးကို ရရှိမှာဖြစ်ပြီး အမြူတေပြောင်းလဲခြင်းအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားဖို့ ဆိုတာက လွယ်ကူနေလိမ့်မယ်”

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ဘဝင်ခိုက်သွားမိ၏။ ဂိုဏ်းကို ဤတည်နေရာဆီသို့ ခေါ်ဆောင်လာပြီးသည့် နောက် သူသည် တပည့်များအား မည်သည့် သိုင်းကျင့်ကြံခြင်း နည်းစနစ်ကိုမှ အသစ်ဖန်တီး မပေးနိုင်ခဲ့ချေ။ အကယ်၍ မိုးကြိုးကြံ့မျိုးနွယ်၏ မိုးကြိုးရေကန်သည် လီချင်းယန်၏ အားအင်အဆင့်ကို ကြီးကြီးမားမား တိုးတက် စေမည်ဆိုလျှင် ဤအရာသည် ကျိန်းသေပေါက် ကောင်းမွန်သည့်အရာ ဖြစ်ပေလိမ့်မည်။

“ပြီးတော့ ရေခဲဖီးနစ်ကလန်ဆီမှာလည်း အအေးရေကန်ဆိုတာ ရှိသေးတယ်။ အဲမှာရှိတဲ့ ရေခဲဓာတ်သဘာဝတွေက အရမ်းကို အားကောင်းလွန်းတယ်။ ရေခဲဓာတ်သဘာဝကို ပိုင်ဆိုင်တဲ့ မင်းရဲ့တပည့်မကသာ အဲမှာသွားပြီး ကျင့်ကြံမယ်ဆိုရင် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ပိုပြီးတော့ မြန်ဆန်လာလိမ့်မယ်” ကြီးမြတ်သူတုံးကု က ပြောလိုက်၏။

“ဒါပေမဲ့ အဲဒီကလန်တွေက ကျွန်တော်တပည့်ကို အနိုင်ကျင့်ကြရင်ကော ဘယ်လိုလုပ်မလဲ”

“သူတို့က အသက်သွေးပဋိညာဉ်ကို ရေးထိုးထားပြီးသားလေ။ မင်းရဲ့တပည့်ကို အနိုင်ကျင့်တယ်ဆိုတာနဲ့ သူတို့ရဲ့ သားရဲကို အနိုင်ကျင့်တာနဲ့ တူတူပဲ ဖြစ်သွားမှာပေါ့”

“အင်း” ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် စတင်ကာ စဉ်းစားနေမိ၏။

“ပြီးတော့”

ကြီးမြတ်သူတုံးကုက ဆက်ပြောလိုက်သည်။ “မင်းတပည့်တွေရဲ့ ကျင့်ကြံခြင်းအဆင့်က ပိုပြီးတော့ တိုးလာမယ်ဆိုရင် သူတို့ရဲ့ ပဋိညာဉ်သားရဲတွေရဲ့ ကျင့်ကြံခြင်းအဆင့်က ပိုပြီးတော့ တိုးလာမှာပဲ။ ဒီတော့ နှစ်ဦး နှစ်ဖက် အဆင်ပြေစေတဲ့ ကိစ္စမဟုတ်လား”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ သူ၏ အမြင်ကို ပြောလိုက်၏။ “ဒီသားရဲတွေကို ခင်ဗျားတို့ ပြန်ပြီး ခေါ်သွားလို့ရတယ်။ ဒါပေမဲ့ ကျုပ်ရဲ့တပည့်တွေကို ခေါ်သွားမှဖြစ်မယ်”

မွန်းစတားကလန်မှ စွမ်းအားမြင့် ကျင့်ကြံသူများသည် သွေးအန်လုမတတ်ပင် ဖြစ်သွားကြ၏။ ၎င်းတို့သည် ဤတည်နေရာသို့ ရောက်ရှိလာခဲ့ခြင်းမှာ သားရဲကို ခေါ်ဆောင်သွားရန်ဖြစ်၏။ သို့ပေမဲ့ လူသားတစ်ယောက်ကိုပါ ပြန်၍ ခေါ်ဆောင်ရမည့် အခြေအနေမျိုး ဖြစ်တည်နေသည်။

“ခင်ဗျားတို့ သဘောမတူဘူးလား”

ကြီးမြတ်သူတုံးကုက အေးစက်စက် ပြောလိုက်၏။ “ဒါဆိုလည်း အတူတူ သေခိုင်းလိုက်ပေါ့”

ဆွစ် ဆွစ် ဆွစ်

လီချင်းယန်နှင့် ရှောင်ကျီတို့သည် ၎င်းတို့၏ ဓားများကို လည်ပင်းပေါ်သို့ တင်လိုက်ကြသည်။

“ချီးတဲ့မှ”

မွန်းစတားကလန် အသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် ဒေါသတကြီးဖြင့် အံကို ကြိတ်လိုက်ကြ၏။

“ကောင်းပြီ”

မိုးကြိုးကြံ့မျိုးနွယ်မှ စွမ်းအားမြင့် ကျင့်ကြံသူက ပြောလိုက်သည်။ “ကျုပ်တို့ သူ့ကိုခေါ်သွားမယ်။ ဒါပေမဲ့ သူက ကျုပ်တို့ကလန်မှာ နှစ်နှစ်ပဲ နေရမယ်။ ပြီးရင် အပြင်ကို ပြန်လွှတ်မယ်”

“ဟမ့်”

ကျွင်းချောင်ရှောင်းသည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်၏။ “ကျုပ်တပည့်က မသွားဘဲ ပေကပ်ပြီး နေနေမယ်လို့ ထင်နေတာလား”

“ဒါဆိုရင် ဆုံးဖြတ်လိုက်ပြီ”

ကြီးမြတ်သူ တုံးကုက ပြောလိုက်သည်။ “မွန်းစတားကလန်တွေ အနေနဲ့ သူတို့ကို နှစ်နှစ်တိတိ ခေါ်သွား။ ဒီကိစ္စကို နယ်မြေဟောခန်းက အသိသက်သေအနေနဲ့ ရှိမယ်”

“.........”

နယ်မြေဟောခန်းမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် စိတ်ပျက်လက်ပျက် ဖြစ်သွားကြ၏။ ဘာတွေဖြစ်နေသည်ကို ပင် သူတို့ သေသေချာချာ နားမလည်သေးချေ။ အဘယ်ကြောင့် မျက်မြင်သက်သေဟူ၍ ဖြစ်သွားရပြန်သနည်း။

ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် သူတို့၏ သားရဲများနှင့် အသက်သွေးပဋိညာဉ်ရေးထိုးခြင်းကို ပြုလုပ်ခဲ့၏။ ထို့ကြောင့် အဓိက မွန်းစကားကလန်များသည် အလျင်စလိုဖြင့် မပြုလုပ်ရဲတော့ချေ။ ထို့ကြောင့် ခင်မင်ရင်းနှီးမှု ဆွေးနွေးပွဲကို ပြုလုပ်ပြီးသည့်နောက် ၎င်းတို့၏ တပည့်များကို ပြန်လည်ခေါ်ဆောင်သွားရန် သဘောတူညီမှု ယူလိုက်ကြတော့သည်။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် မိုးကြိုးကြံ့သားရဲကို လက်ထဲတွင် ပိုက်ကာဖြင့် တောင်ခြေတွင် မတ်မတ်ရပ်လိုက် သည်။ သူ၏ မျက်လုံးထဲတွင် စနိုးစနှောင့် အမူအရာများ ဖြစ်တည်နေ၏။

တောင်၏ ဂိတ်တံခါးတွင် မတ်မတ်ရပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နှစ်နှစ်ကြာပြီးရင် မင်း ငါ့ကို အံ့အားသင့်စရာတွေ လာပေးတော့”

“ကောင်းပါပြီ” လီချင်းယန်သည် အသာလှည့်ကာဖြင့် ထွက်ခွာသွားခဲ့၏။

လုချင်းချင်း၊ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြ၏။

ကောင်းကင်ယံတွင် ဖြစ်တည်နေခဲ့သော သတ်ဖြတ်ခြင်း အော်ရာများအားလုံးသည်လည်း မွန်းစတားကလန်များ ထွက်ခွာသွားသည်နှင့် ပျောက်ကွယ်သွားခဲ့ တော့သည်။ သူ၏ တန်ဖိုးကြီးမားလှသော ရတနာများ ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သက်ပြင်းချလိုက်မိ၏။ ပြီးသည့်နောက် သူသည် ခေါင်းကို အသာလှည့်ကာဖြင့် မျက်လုံးထောင့်တွင်ရှိနေသသော မျက်ရည်များကို အသာကြိတ်ကာ သုတ်လိုက်၏။ “မျက်လုံးထဲကို သဲတွေ ဝင်သွားတာကိုး”

မူလအားဖြင့် များပြားလှသည့် မွန်းစတားကလန်များသည် ပြဿနာလာ၍ ရှာခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ အခြေအနေ သည် ပြောင်းလဲသွားခဲ့၏။ သို့ပေမဲ့ မွန်းစတားကလန် အကုန်လုံးသည် ထွက်ခွာသွားခဲ့သည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် ရှိရှိနေသမျှသော သားရဲဥများကို သားဖောက်ခဲ့ခြင်း မဟုတ်သောကြောင့် လက်ကျန်သားရဲဥများသည် စိတ်ဝိညာဉ်သားရဲဟောခန်းတွင် တည်ရှိနေလေသည်။

သူ့အနေနှင့် အပြင်ဘက်သို့ ခေါ်၍ ထုတ်ချင်လျှင်တောင် ထုတ်၍ မရချေ။ အဘယ်ကြောင့်ဆိုသော် အသုံးပြုရမည့် စိတ်ဝိညာဉ်ကျောက်တုံးများမှာ များပြားလွန်းလှ၏။ ထို့ကြောင့် အရှက်မဲ့စွာဖြင့် ပြောလိုက်ရသည်။ “အားလုံးပဲ။ ခင်ဗျားတို့ဥကို ကျုပ်မခိုးဘူး။ တကယ်လို့ မယုံဘူးဆိုရင် အထဲဝင်ပြီး လာရှာလို့ရတယ်”

All Chapters