အပိုင်း (၁၄၀၁)
Vol. 94 Ch. 1401
ကျွင်းချောင်ရှောင်းသည် ဥကို သူခိုးယူခဲ့သည်ဆိုသည့်အကြောင်းကို ဝန်ခံလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော် သူ့အနေနှင့် ဥများကို သားမဖောက်ခဲ့သောကြောင့်ပင်။ များပြားလှသော မွန်းစတားမျိုးနွယ်များ အားလုံး သည် ထိုအရာကို အတည်မပြုနိုင်ချေ။ ထို့ကြောင့် အနည်းငယ် ညှိနှိုင်းဆွေးနွေးပြီးနောက် ထွက်ခွာသွားရန် လမ်းကိုသာ ရွေးချယ်လိုက်သည်။
“အားလုံးပဲ”
မထွက်ခွာခင်မှာပဲ ကုန်းရှန့်သည် အားလုံးကြားအောင် လှမ်း၍ ပြောလိုက်၏။ “တကယ်လို့ ကျုပ် ဥကို ရှာတွေ့မယ်ဆိုရင် ကျိန်းသေပေါက် ခင်ဗျားတို့ဆီကို လာပြီး သတင်းပေးမယ်”
ရီရှင်းချန်၊ ရှောင်ကျီနှင့် တခြားသော သူများသည် အမျိုးအစား စုံလင်လှသော မွန်းစတားများနှင့်အတူ ထွက်ခွာ သွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် ၎င်းအား အကြံဉာဏ်သစ်များ ရရှိစေခဲ့၏။ တခြားသော တပည့်များကို ပဋိညာဉ်သားရဲ တစ်ကောင် ပေးအပ်ကာ ထိုသားရဲမျိုးနွယ်အား အကြောင်းကြားလိုက်မည်ဖြစ်ပြီး သူ၏တပည့်များကို တစ်ဖက် မွန်းစတားကလန်ထဲသို့ ထိုးထည့်ပေးလိုက်မည် ဖြစ်သည်။
သူ၏ စကားသံကို ကြားရသည့်အချိန်မှာတော့ မွန်းစကားကလန်များသည် စိတ်ပျက်လက်ပျက်ဖြင့် ဆဲဆိုလိုက်မိ ကြ၏။ မထွက်ခွာသွားသေးသည်မှာ နဂါးမင်းကြီး လေးယောက်သာ ကျန်ရှိနေတော့၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အနာဂတ်၏ နဂါးအင်ပါယာအား မတွေ့ရသေးချေ။
“အမှိုက်ကလေး”
ကြီးမြတ်သူတုံးကု က အသံပို့လွှတ်လိုက်သည်။ “မြန်မြန်... မင်းရဲ့ပဋိညာဉ်သားရဲကို ခေါ်ပေး။ ပြီးရင် ဒီနဂါးဘုရင်တွေနဲ့ လွှတ်လိုက်တော့”
“အမ်” ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ကြောင်တောင်တောင် ခံစားလိုက်မိ၏။ လီချင်းယန်နှင့် တခြားသူသော သူများ၏ ပဋိညာဉ်သားရဲများသည် သာမန်အခြေအနေအောက်တွင် သားဖောက်ခြင်းကို ခံထားရခြင်းဖြစ်၏။ ထို့ကြောင့် ၎င်းတို့၏ ပုံပန်းသွင်ပြင်များသည် မပြောင်းလဲချေ။ သို့ပေမဲ့ နဂါးလေးမှာတော့ သားဖောက်သည့် အတောအတွင်းတွင် သန္ဓေပြောင်းလဲခြင်း ဖြစ်တည်ခဲ့၏။ ထိုအရာကို နဂါးကျွမ်းကျင်သူများ သိရှိမည်ဆိုပါက ပြဿနာ အနည်းငယ် တက်ပေလိမ့်မည်။
“ကောင်လေး”
ချင်းမင် နဂါးမင်းကြီးက လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။ “ငါတို့ နဂါးအင်ပါယာရဲ့အော်ရာ တွေကို အာရုံခံမိပြီးပြီ။ ဒီတော့ မင်းအနေနဲ့ ဖွက်ထားလို့လည်း အလကားပဲ။ မြန်မြန် ငါတို့ကို ပေးလိုက်တော့”
တခြားသော နဂါးမင်းကြီး သုံးယောက်တို့သည်လည်း ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်လွှတ်ထားခဲ့ လိုက်ကြ၏။ တစ်ဖက်လူသည် ပူးပေါင်းခြင်းကို မပြုလုပ်ပါက သူတို့ ကျိန်းသေပေါက် တိုက်ခိုက်မှာဖြစ်၏။
မွန်းစတားမျိုးနွယ် အသီးသီးသည် ကြီးမြတ်သူ တုံးကုနှင့် မာဆာတိုကီတာနိုတို့အား ကြောက်ရွံ့နေခဲ့၏။ သို့ပေမဲ့ ဤနဂါးမင်းကြီး လေးယောက်မှာတော့ တိုက်ခိုက်ရမည်ကို စိုးရွံ့လိမ့်မည် မဟုတ်ချေ။ တစ်ဖက်လူအနေနှင့် တိုက်ခိုက်လာရန်ကိုပင် မျှော်လင့်နေသေး၏။ ၎င်းတို့သည် စစ်ပွဲကို ဆာလောင်သူများပင် ဖြစ်၏။ ဤအရာသည် နဂါးမျိုးနွယ်များ၏ ထူးခြားသည့် အမူအကျင့်နှင့် စိတ်ဓာတ်ပင် ဖြစ်တော့သည်။
“တပည့်”
ကြီးမြတ်သူတုံးကုက ပြောလိုက်၏။ “ဒီနဂါးမင်းကြီးတွေက နည်းနည်း စကားပြောရခက်တယ်”
“..........”
ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဇဝေဇဝါ ဖြစ်မိနေသည်။
ဝှစ်
ထိုအချိန်မှာပဲ နဂါးလေးသည် နဂါးဦးခေါင်းတောင်ထွတ်မှ ပျံသန်းဆင်းသက်လာပြီး သူ၏ဘေးဆီသို့ ရောက်ရှိ လာ၏။ “ကျုပ် ခင်ဗျားတို့နဲ့ လိုက်ခဲ့မယ်”
“ဒါက ငါတို့ရဲ့ နဂါးအင်ပါယာပဲ” အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိနေသည့် ဖေးနဂါးသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်မိသည်။
ထုံနဂါးသည် မျက်မှောင်ကုတ်လိုက်မိ၏။ “ဘာလို့သူ့ရဲ့အော်ရာတွေက တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားနေမိတာလဲ”
နဂါးလေးသည် နဂါးမျိုးနွယ်များသာ အာရုံခံနိုင်သည့် တော်ဝင်အော်ရာများကို ထုတ်ဖော်လျက်ရှိ၏။ သို့ပေမဲ့ ဤအရာသည် အနည်းငယ်တော့ ခြားနားလျက်ရှိသည်။ သွေးမျိုးဆက်သည် မသန့်စင်သလိုပင်။
ထုံဖေးညီနောင်တို့သည်လည်း ထိုအရာကို အာရုံခံမိသလို နဂါးမင်းကြီးလေးယောက်တို့သည်လည်း ထိုအရာကို အာရုံခံမိ၏။ ထို့ကြောင့် ၎င်းတို့အားလုံးသည် မျက်မှောင်ကုတ်လျက် ရှိ၏။
မှန်ပေသည်။ ဤအရာသည် သူတို့ရှာဖွေနေသည့် နဂါးအင်ပါယာပင်ဖြစ်သည်။ သို့ပေမဲ့ အဘယ်ကြောင့် ထုတ်လွှတ် နေသည့် နဂါးအော်ရာများသည် ခြားနားနေရသနည်း။ နဂါးလေးအနေနှင့် တတိယ အသွင်ပြောင်းလဲမှုကို ပြုလုပ်ပြီးခြင်းသည်ကံကောင်းခြင်းပင် ဖြစ်တော့သည်။ မဟုတ်ပါက ပုတ်သင်ညိုလို ပုံပန်းသွင်ပြင်ကို မြင်ရပါက နဂါးများသည် ချက်ချင်းပဲ ဒေါသထွက်လွန်းသောကြောင့် တည်နေရာထဲမှာပင် လဲကျသေဆုံးသွားနိုင်သည်။
“သခင်”
ကျွင်းချောင်ရှောင်းကို ကျောပေးထားပြီးသည့်နောက် နဂါးလေးက ပြောလိုက်တော့သည်။ “ဒီနှစ်ပိုင်း အတွင်း ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ဒါက သေခြင်း၊ ရှင်ခြင်း တစ်ခါတည်း လမ်းခွဲသွားရတာမှ မဟုတ်တာ။ မင်းက ဘာလို့ ဒီလိုမျိုးတွေ ပြောနေရ တာလဲ” ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်မိ၏။
နဂါးမင်းကြီးများသည် အလွန်တရာ အားကောင်းလွန်းလှ၏။ ထိုအရာသည် သူ့အား သေသေချာချာ နားလည်စေမိခဲ့သည်။ နဂါးလေးကိုသာ လက်လွှဲမပေးပါက ဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခများကို သူဖြေရှင်းနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ပဋိညာဉ်သားရဲနှင့် လမ်းခွဲရန် နည်းလမ်းတစ်ခုကိုသာ လက်ခံရတော့သည်။
ကြီးမြတ်သူတုံးကုသည် ကျွင်းချောင်ရှောင်းကို ဉာဏ်အလင်း ပြခဲ့ပြီးပြီဖြစ်၏။ “မင်းရဲ့ပဋိညာဉ်သားရဲက နဂါး မျိုးနွယ်ထဲမှ တကယ့်အစစ်အမှန် နဂါးတစ်ကောင် ဖြစ်လာလိမ့်မယ်”
“သွားတော့”
ကျွင်းချောင်ရှောင်းက ပြောလိုက်မိသည်။ တပည့်များသည် မွန်းစတားကလန် အသီးသီးဆီသို့ ထွက်ခွာသွားခဲ့ပြီး သူ့အား လမ်းခွဲခဲ့ပြီဖြစ်၏။ ပဋိညာဉ်သားရဲတစ်ကောင်အား သူ့အနားတွင် ထား၍ကော ဘာထူးတော့မည်နည်း။ ထို့အပြင် ၎င်းတို့အတွက်လည်း ကြီးမားသည့် အကျိုးကျေးဇူးက တည်ရှိလို့နေသေး၏။
နဂါးလေးသည် အပြင်ဘက်ဆီသို့ လျှောက်ထွက်သွား၏။ ၎င်း၏ မျက်နှာပေါ်မှာတော့ မျက်ရည် စီးကြောင်း နှစ်ခုက ထင်ပေါ်လျက် ရှိနေတော့သည်။
ကျွင်းချောင်ရှောင်းသည် အသာလှည့်ကြည့်ပြီးနောက် သူ၏နှလုံးသားထဲတွင် ဖြစ်တည်နေသော စိတ်ဆန္ဒများကို ထိန်းသိမ်းကာဖြင့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။
“သခင်”
နဂါးလေးသည် တောင်၏ ဂိတ်တံခါးရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ သူ၏လက်ကို မြှောက်ကာ မျက်ရည်များကို သုတ်ရင်း ပြောလိုက်သည်။ “ပြန်လာခဲ့မယ်”
“မင်း ထွက်သွားမယ်ဆိုရင်လည်း မြန်မြန်ထွက်သွားတော့။ ပေါက်ကရတွေ ပြောမနေနဲ့တော့” ကျွင်းချောင်ရှောင်း သည် လှမ်းကာ အော်ဟစ်လိုက်၏။
နဂါးလေးသည် တောင်၏ ဂိတ်တံခါးအတိုင်း ဆင်းလျှောက်သွားခဲ့သည်။ သူသည် တစ်ချက်ကလေးမှ နောက်သို့ လှည့်မကြည့်ခဲ့ချေ။ ပြီးသည့်နောက်မှာတော့ နဂါးမင်းကြီးလေးဦးတို့သည် ထူးခြားလှသည့် စွမ်းအင်များနှင့် လွှမ်းခြုံကာဖြင့် ကောင်းကင်ယံဆီသို့ ခေါ်ဆောင်ကာ ပျောက်ကွယ်သွားခဲ့တော့သည်။
နဂါးမင်းကြီးလေးဦးတို့ ပျောက်ကွယ်သွားပြီးသည့်နောက် လေထုထဲတွင် ရှိနေသည့် သတ်ဖြတ်လိုသည့် အော်ရာ များသည် အားဖျော့သွားခဲ့၏။
ဟူး …….။
ခရမ်းရောင်ဘုရင်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ နဂါးမျိုးနွယ်များ ထွက်ခွာသွားသည်ကို မြင်ရမှ သူသည် သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။ တစ်ဖက်လူ၏ ကလန်ထဲရှိ ဥများကို သွားရောက်ခိုးယူသူမှာ သူပင် ဖြစ်နေသည် မဟုတ်ပါလား။ ခရမ်းရောင်ဘုရင်သည် သက်တောင့်သက်သာ ခံစားနေမိသည်။
သို့ပေမဲ့ အဓိက ဟောခန်းထဲတွင် ရှိနေသော ကျွင်းချောင်ရှောင်းမှာတော့ သူ၏ နှလုံးသားအား ဓားတစ်လက်ဖြင့် ထိုးစိုက်နေသလို ခံစားနေမိသည်။ ထို့အပြင် လက်ရွေးစင်တပည့်များနှင့် သူတန်ဖိုးထားရသည့် ပဋိညာဉ် သားရဲသည် သူ့အား ဤအတိုင်းပင် စွန့်ခွာသွားခဲ့သည် မဟုတ်ပါလား။
“တခြားသူတွေက ငါ့ရှေ့မှာတင် ခေါ်ဆောင်သွားရလောက်တဲ့အထိ ငါက အသုံးမကျတဲ့ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်ခဲ့တာလား”
“အမှန်ပဲ” စနစ်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။
ကျွင်းချောင်ရှောင်းသည် သူ၏ ရင်ဘတ်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ “ဒါက အဆင်မပြေဘူး။ ငါ ငိုချင်တယ်”
တပည့်နှင့် ပဋိညာဉ်သားရဲများသည် မွန်းစတားကလန် အသီးသီးဆီသို့ ထွက်ခွာသွားခဲ့သည် ဆိုသော်လည်း ၎င်းတို့တွင် အကျိုးကျေးဇူးနှင့် အခွင့်အလမ်းများ တည်ရှိနေသေး၏။ သို့ပေမဲ့ မတူညီသည့် အခြေအနေတစ်ခုသာ ဆိုလျှင် မည်ကဲ့သို့ လုပ်ရမည်နည်း။
သေခြင်း၊ ရှင်ခြင်း၏ အခြေအနေများ ပါဝင်ပတ်သက်နေမည်ဆိုလျှင် သူ့အနေနှင့် တပည့်များကို ကာကွယ်ပေးနိုင် ရန်အတွက် အရည်အချင်း မရှိသလို ဖြစ်နေသည် မဟုတ်ပါလား။
“ဒီတော့ လက်ခံသူအနေနဲ့ ပိုပြီးတော့ အားကောင်းလာဖို့ လိုအပ်နေတယ်။ ဘယ်လောက်အထိ အားကောင်းရမလဲ ဆိုတော့ မင်းရဲ့ဆရာ ဒါမှမဟုတ် ပြင်ပအဖွဲ့အစည်း တစ်ခုခုကို အားကိုးနေစရာ မလိုဘဲနဲ့ ကိုယ့်ရဲ့ အရေးကြီးဆုံး လူတွေ၊ ကိုယ်ချစ်တဲ့လူတွေကို ကာကွယ်ပေးနိုင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ လိုအပ်နေတယ်” စနစ်က ပြောလိုက်၏။
စနစ်သည် အခွင့်အရေးကို အရယူပြီးသည့်နောက် ကျွင်းချောင်ရှောင်းအား စတိုးထဲတွင် ဂိုဏ်းစုဆောင်းမှတ်များ အသုံးပြုရန် မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အစစ်အမှန် သူငယ်ချင်းကောင်းဆိုသည်မှာ ဤကဲ့သို့ ဝမ်းနည်းစရာကောင်းသည့် အခြေအနေမျိုးတွင် နွေးထွေးမှုကို ပေးစွမ်းနိုင်သင့်သည်။
“မင်းတို့ ဘာလို့ ထွက်မသွားသေးတာလဲ။ ဒီမှာနေပြီး ညစာ စားသွားမလို့လား” ကြီးမြတ်သူတုံးကုသည် နယ်မြေ ဟောခန်းမှ ကျင့်ကြံသူများကို လှမ်းကြည့်ကာဖြင့် စိတ်မရှည်သလို ပြောလိုက်၏။
“နှုတ်ဆက်ပါတယ်။ နှုတ်ဆက်ပါတယ်” နယ်မြေဟောခန်းမှ လူများသည် မြန်မြန်ဆန်ဆန်ပဲ ထွက်ခွာသွားခဲ့ကြ သည်။ သူတို့သည် ရောက်ရှိလာခဲ့တုန်းက ဘာမှန်းမသိသလို ပြန်ထွက်ခွာသွားတော့လည်း ဘာမှန်းမသိချေ။ ဤကြားထဲ အကြိမ်ပေါင်းများစွာ အပြစ်တင် ရှုံ့ချခြင်းကိုလည်း ခံခဲ့ရသေး၏။ အဘယ်ကြောင့်ဆိုသော် များပြားလှသော မွန်းစတား ကလန်အသီးသီးသည် ဥပျောက်ခဲ့ခြင်းအတွက် သူတို့အား ယိုးစွပ်ပြီး အပြစ်တင်ခဲ့သေးသည် မဟုတ်ပါလား။
ပြုလုပ်ခဲ့သူသည် ကျွင်းချောင်ရှောင်းဖြစ်၏။ သို့ပေမဲ့ လူသားမျိုးနွယ်မှ ပြုလုပ်ခဲ့သည် ဖြစ်သောကြောင့် နယ်မြေ ဟောခန်းသည် အားလုံး၏ လက်ညှိုးထိုးစရာ ဖြစ်ခဲ့ရသည်။
ဟုတ်ပေသည်။ သူတို့အနေနှင့် အလွန်အရေးကြီးသော သတင်းအချက်အလက်ကိုလည်း ရရှိခဲ့သေး၏။ ပြိုင်စံရှား ဂိုဏ်းချုပ်သည် ကြီးမြတ်သူတုံးကု၏ တပည့် ဖြစ်နေခြင်းပင်။
“သခင်”
အဝေးတစ်နေရာ၏ တောင်ပေါ်မှာတော့ ခါးကုန်းကုန်းနှင့် အဘိုးအိုသည် အံ့အားသင့်သလို ပြောလိုက်၏။ “ဒီကောင်လေးက အရမ်းကို အားကောင်းတဲ့ နောက်ခံ ရှိနေတာပဲ”
သူနှင့် ဧကရီလင်းရောင်တို့သည် အစောကြီး ကတည်းက ရောက်ရှိနေခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ အားကောင်းလွန်းလှသော မွန်းစတားကလန် အသီးသီးမှ ကျင့်ကြံသူများသည် ပြိုင်စံရှားဂိုဏ်း၏ အပြင်ဘက်တွင် စုဝေးနေသည်ကို မြင်ရပြီး ကြီးမြတ်သူတုံးကုနှင့် တခြားသော ထိပ်သီးစွမ်းအားမြင့် ကျင့်ကြံသူများလည်း ရောက်ရှိနေသောကြောင့် သူတို့သည် အပြင်ဘက်သို့ ထွက်မလာခဲ့ချေ။
ဧကရီလင်းရောင်က ပြောလိုက်သည်။ “နယ်မြေဟောခန်းက ပြိုင်စံရှားဂိုဏ်းကို ဘယ်လိုမျိုး ဖြေရှင်းရမလဲ ဆိုတာကို ဆွေးနွေးနေကြတာလေ။ ဒါပေမဲ့ အခုအချိန်မှာတော့ အဲလို ဆွေးနွေးနေတဲ့ အကြံအစည်တွေ အားလုံးကို လက်လျော့လိုက်ရပြီ ထင်တယ်”
“ကျင်းဟောင်သာ ဒီကိစ္စကို သိမယ်ဆိုရင် သွေးတောင်အန်လိမ့်မယ်နဲ့တူတယ်” ခါးကုန်းကုန်းနှင့် အဘိုးအိုက ရယ်မောလိုက်၏။
ဧကရီလင်းရောင်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “သူ့အနေနဲ့ ပြိုင်စံရှားဂိုဏ်း မြန်မြန်ဆန်ဆန်နဲ့ ကြီးထွား မလာစေဖို့ ကြိတ်ပြီး ဆုတောင်းနေလောက်ပြီ။ မဟုတ်ရင် သူ့အသက်က အန္တရာယ်ရှိနေတယ်လေ။ သွားကြ ရအောင်။ ပြန်ကြမယ်”
မထွက်ခွာခင်မှာပဲ သူမသည် တည်နေရာတစ်ခုဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ထိုတည်နေရာသည် မွန်းစတား များတည်ရှိနေထိုင်နေသော တည်နေရာတစ်ခုဖြစ်ပြီး အလွန်တရာလည်း ရက်စက်လွန်းလှ၏။ တဖက်လူ အနေနှင့် နှစ်နှစ်ကြာသည်အထိ အသက်ရှင်နေထိုင်နိုင်မလား ဆိုသည်ကို သူမသိရှိပေ။
ပန်းဟူမွန်းစတားများ၏ အနောက်သို့ လိုက်ပါသွားခဲ့သော ရီရှင်းချန်သည် ရုတ်တရက် ရပ်ကာဖြင့် အင်မော်တယ် တောင်တန်းရှိရာသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ကျုပ် ပြန်လာမယ်။ စောင့်နေ”
ဝုတ် ဝုတ်
ဟက်စကီးကဲ့သို့သော ပန်းဟူသတ္တဝါသည် နှစ်ကြိမ်တိုင်တိုင် ဟောင်လိုက်၏။ ပြီးနောက် သူ၏သခင် ခန္ဓာကိုယ်အား ဦးခေါင်းနှင့် ပွတ်သပ်လျက်ရှိ၏။
ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ပန်းဟူမွန်းစတား ကျင့်ကြံသူများသည် ရုတ်တရက် ရီရှင်းချန်ကို ရိုက်ချင်စိတ်ပင် ပေါက်နေကြ၏။ ထို့အပြင် ၎င်းတို့ သေသေချာချာ ရွေးချယ်ထားသော မျိုးနွယ်ထဲမှ ဆက်ခံသူသည် အဘယ်ကြောင့် လူသားအမှိုက်တစ်ကောင်နှင့် အသက်သွေးပဋိညာဉ်ရေးထိုးမှုကို ပြုလုပ်ခဲ့ရ သနည်း။
လုချင်းချင်း၊ လီချင်းယန်၊ ရှောင်ကျီနှင့် စုရှောင်မိုတို့ အားလုံးသည်လည်း ရုတ်တရက်ရပ်ကာ အင်မော်တယ်တောင် ရှိရာသို့ လှမ်းကာ ကြည့်ရှုလိုက်ကြ၏။ သူတို့အနေနှင့် ဂိုဏ်းမှ ထွက်ခွာပြီးသည့်နောက် မည်ကဲ့သို့သော ခက်ခဲမှုမျိုးကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း သေသေချာချာ မသိချေ။ သို့ပေမဲ့ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ခဲ့ပြီးသား ဖြစ်၏။ သူတို့သည် ပိုမို အားကောင်းလာစေရမည်။
“ဂိုဏ်းချုပ်... ကျုပ်တို့ ပြန်လာတာကို စောင့်နေပါ”
နှစ်နှစ်သည် ရှည်ကြာလှသည် မဟုတ်ချေ။ ကုန်းရှန့်သည်သူ၏ လက်ရွေးစင်တပည့်များ ပြန်လာမည့်အချိန်တွင် မည်သည့် ပြောင်းလဲမှုများ ဖြစ်တည်နေမလဲ ဆိုသည်ကို အမှန်ပင် စောင့်ကြည့်နေချင်မိ၏။
“တပည့်”
သူ၏ သူငယ်ချင်းများကို ပို့ဆောင်ပြီးသည့်နောက် ကြီးမြတ်သူ တုံးကုသည် အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်၏။ “အထက်နယ်မြေက မင်းထင်ထားတာထက် ရှုပ်ထွေးလွန်းတယ်။ ဒီတော့ ဂိုဏ်းတစ်ခုကို ဖွံ့ဖြိုး တိုးတက်အောင် ပြုလုပ်ဖို့ လမ်းစဉ်က အရမ်းကို ရှည်ကြာလွန်းတယ်”
ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ဆရာ... ကျုပ် ပိုပြီးတော့ အားကောင်းချင်တယ်”
ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင် ရှိနေသော ဆုံးဖြတ်ချက်ခိုင်မာသည့် အကြည့်များကို မြင်ရပြီးသည့်နောက် ကြီးမြတ်သူ တုံးကုက လေးလေးနက်နက် ပြောလိုက်သည်။ “ဒါဆိုရင်လည်း ငါနဲ့အတူတူ ငရဲခန်းလေ့ကျင့်မှုလုပ်ဖို့ နှစ်နှစ်တိတိ လိုက်ခဲ့တော့”
“ကောင်းပါပြီ”
ထိုရက်ထဲမှာပဲ ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ စီမံခန့်ခွဲမှု ကိစ္စရပ်များ အားလုံးကို နှင်းဆီဧကရီဆီ လွှဲအပ်ပြီးသည့်နောက် အင်မော်တယ်တောင်တန်းဆီမှ တစ်ခါတည်း ထွက်ခွာသွားခဲ့တော့သည်။
အစပိုင်းတုန်းက ကုန်းရှန့်သည် ကြီးမြတ်သူတုံးကု၏ တပည့်ဆိုသည့် နာမည်ကို အသုံးပြုကာ တခြားလူများကို ခြိမ်းခြောက်သည့်အလုပ်ကို လုပ်ခဲ့၏။ လက်ရှိအခြေအနေမှာတော့ သူသည် ကြီးမြတ်သူတုံးကုနှင့်အတူ ထွက်ခွာ သွားခဲ့ပြီး ငရဲခန်းလေ့ကျင့်မှုများကို ပြုလုပ်ရတော့မည်ဖြစ်၏။ ထို့ကြောင့်တရားဝင်အစစ်အမှန် ဆရာနှင့်တပည့် ဖြစ်၍သွားလေတော့၏။
“ယောက်ျား”
နဂါးဦးခေါင်းတောင်ထွတ်ပေါ်တွင်တော့ နှင်းဆီဧကရီသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် ပုံရိပ်ကို ကြည့်ရှုကာ တွေးနေမိ၏။ သူမသည် ဂိုဏ်းကို သေသေချာချာဖြင့် စီမံစောင့်ရှောက်ထားမည်ဖြစ်သည်။ နှစ်နှစ်ကြာသည်အထိ သေသေချာချာ စောင့်ကြည့်နေမည်ဖြစ်ကြောင်းကို လေးလေးနက်နက်ဖြင့် တီးတိုး ရေရွက်လျက် ရှိနေမိသည်။