အပိုင်း (၁၄၀၂)
Vol. 94 Ch. 1402
လက်ရွေးစင်တပည့်များနှင့် ပဋိညာဉ်သားရဲအသီးသီးတို့သည် မွန်းစတားကလန်ဆီသို့ အသီးသီးလိုက်ပါကာ လေ့ကျင့်သွားခဲ့ကြ၏။ ကျွင်းချောင်ရှောင်းအနေဖြင့်လည်း စီနီယာတုံကုဆီသို့ လိုက်ပါကာ လေ့ကျင့်လေ၏။
ပြိုင်စံရှားဂိုဏ်းအနေဖြင့် ငြိမ်းချမ်းသည့် အခြေအနေတစ်ခုဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ ကျွင်းချောင်ရှောင်းသည် မထွက်ခွာခင် ဆေးလုံးလုပ်ငန်းကို စတင် အကောင်အထည်ဖော်ခဲ့သောကြောင့် နှင်းဆီဧကရီနှင့် ကျန်သည့်လူများသည် ဂိုဏ်းအား ပုံမှန်အတိုင်း လည်ပတ်သွားနိုင်ကြသည်။
ဆေးပင်စိုက်ပျိုးမှုသည်လည်း ဆက်လက်ကာ ဖြစ်ပေါ်နေပြီး ဂိုဏ်း၏တပည့်များသည်လည်း ပိုမိုကာ ကြိုးကြိုးစားစား လေ့ကျင့်နေရ၏။ နှစ်နှစ်ဆိုသည်မှာ သာမန်လူများအတွက်ပင် တိုတောင်းလှသော အချိန်ကာလတစ်ခု ဖြစ်၏။ အသက်ထောင်ချီနေနိုင်သော ကျင့်ကြံသူများအတွက်ဆိုလျှင် ပြောနေစရာတောင် မလိုအပ်ပေ။
ထို့ကြောင့် ဤရက်ပေါင်းခုနှစ်ရာကျော် အတွင်းတွင် ပြိုင်စံရှားဂိုဏ်းအနေဖြင့် ယခုထက်ပိုမိုကြီးမားသည့် စီးပွားရေးကို အထောက်အပံ့ပြုလုပ်ရင်း ကျင့်ကြံခြင်းကိုလည်း ပိုမိုအားကောင်းလာအောင် ပြုလုပ်ရန် စဉ်းစားထားခဲ့တော့၏။
တစ်ချိန်တည်းမှာပဲ များပြားလှသော မွန်းစတားကလန်များသည် ဖန်းချီမိုးကောင်းကင်တောင်တန်းတွင် စုဝေးခဲ့သည့်ဆိုသည့် စကားသည် အထက်နယ်မြေတစ်ခုလုံးတွင် ပျံ့နှံ့လျက် ရှိသည်။
ကြီးမြတ်သူတုံကု၊ မာဆာတိုကီတာနိုနှင့် စွမ်းအားမြင့်ကျင့်ကြံသူများ ပေါ်ပေါက်လာပြီး ကြီးမားသည့် အဟိတ်အဟန် ကို ထုတ်ဖော်ခဲ့ကြသည်။ ဤကိစ္စသည် စဉ်းစားရုံနှင့်ပင် ထိတ်လန့်တုန်လှုပ်စရာ ကောင်းလှချေ၏။
"အစ်ကိုကြီး … အဲတုန်းက တကယ်ဆရာကြီးတွေတောင် ရောက်လာတယ်ဆိုတော့ ဘာတွေဖြစ်ခဲ့တာလဲ"
"ငါလည်း အသေးစိတ်ကို သေချာမသိဘူး။ ဒါပေမဲ့ တစ်စုံတစ်ယောက်က မွန်းစတားကလန်က သားရဲဥတွေကို ခိုးခဲ့တာတဲ့။ ဒါကြောင့် သူတို့က လာရှာတာတဲ့။ သူတို့က မတိုက်ခိုက်ခဲ့ကြဘူးလေ။ အေးအေးဆေးဆေးပဲ ပြီးဆုံးသွားတယ်နဲ့ တူတယ်"
"နယ်မြေဟောခန်းက လူတွေလည်း ရောက်ရှိလာခဲ့တယ်။ နဂါးမင်းကြီး လေးယောက်တောင်မှ ရောက်ရှိလာခဲ့ သေးတယ် ကြားတယ်"
များပြားလှသော သိုင်းကျင့်ကြံသူများသည် ဘာတွေဖြစ်ခဲ့သည်ကို ကြိုးစားကာ ရှာဖွေလျက် ရှိ၏။ သို့ပေမဲ့ သူတို့ ရရှိနိုင်သည့် သတင်းအချက်အလက်သည်အကန့်အသတ်ဖြင့် တည်ရှိနေသောကြောင့် မည်သူကမှ အခြေအနေကို တိတိကျကျ မသိရှိကြချေ။
မွန်းစတားလန်များနှင့် စွမ်းအားမြင့် ကျင့်ကြံသူများသည် ထိုအချိန်က အဘယ်ကြောင့် စုဝေးရောက်ရှိလာခြင်းကို မည်သူမှ သေချာမသိကြချေ။ လာရောက်ကြည့်ရှုသည့် လူများသည်လည်း ဝေးဝေးမှနေ၍ ကြည့်ရှုခဲ့ကြသောကြောင့် ဘာတွေဖြစ်ခဲ့သည်ကို မသိရှိကြခြင်းပင် ဖြစ်၏။
သို့ပေမဲ့ ထိတ်လန့်စရာ သတင်းတစ်ပုဒ်သည် ပျံ့နှံ့လျက်ရှိ၏။ လွန်ခဲ့သည့် လလောက်ကမှ အထက်နယ်မြေသို့ တက်လှမ်းလာခဲ့သော ပြိုင်စံရှာဂိုဏ်း၏ ဂိုဏ်းချုပ်သည် ကြီးမြတ်သူတုံးကု၏ တိုက်ရိုက်တပည့် ဖြစ်လို့နေခြင်းပင်။
"ဒါက တစ်ကယ့်ကို အံ့အားသင့်စရာပဲ"
များပြားလှသော သိုင်းကျင့်ကြံသူများနှင့် လူငယ်ပါရမီရှင်များသည် မနာလိုမှုများနှင့် ဖြစ်နေကြ၏။ ထို့ပြင် စီနီယာတုံးကုဆိုသည်မှာ အထက်နယ်မြေတွင် အလွန်အားကောင်းလှသည့် လူတစ်ယောက် မဟုတ်ပါလား။
အားလုံးသော သူများသည် ဖန်းချီမိုးကောင်းကင်တောင်တန်းတွင် ဘာတွေဖြစ်ခဲ့သည်ကို သေသေချာချာ မသိရှိချေ။ သို့ပေမဲ့ အသစ်ရောက်ရှိလာသော ဂိုဏ်းသည် ပေါ့သေးသေးမဟုတ်ဘဲ အလွန်အားကောင်းလှသည့် နောက်ခံကို ပိုင်ဆိုင်သည် ဖြစ်ကြောင်း သိလိုက်ရ၏။
ဤအရာမှာ အမှန်ပင်ဖြစ်၏။ ကျွင်းချောင်ရှောင်း ထွက်သွားပြီး မကြာခင်မှာပဲ လင်းဝေအစစ်အမှန်ဂိုဏ်းသည် ရောက်ရှိလာပြီး စိတ်ဝိညာဉ်ကျောက်တုံးသန်းနှစ်ရာကို ပေးအပ်ခဲ့၏။ ဤအရာသည် နည်းနည်းနောနော ပမာဏမဟုတ်ချေ။
ယွမ်သခင်လေးနှင့် အခြားသော သိုင်းကျင့်ကြံသူများသည် အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် ထိုအရာကို ဆေးပင်ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် စဉ်းစားလိုက်ကြ၏။
များပြားလှသည့် ကလန်တိုင်း ကလန်တိုင်းတွင် သူတို့၏ ကိုယ်ပိုင်တည်နေရာဟူ၍ တည်ရှိ၏။ ဥပမာအားဖြင့် နဂါးကလန်သည် လွတ်လပ်သည့် နဂါးလောကထဲတွင် အခြေချနေထိုင်ကြသော သူများဖြစ်သည်။
ဤလောကသည် ကမ္ဘာငယ်လေးတစ်ခုကဲ့သို့ ဖြစ်ပြီး အထက်နယ်မြေတွင် ချိတ်ဆက်ထား၏။ သို့ပေမဲ့ သီးခြားလောက၏ ဝင်ပေါက်နှင့်ထွက်ပေါက်ဆီသို့ အတင်းချိုးဖျက်ဝင်ရောက်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။
မိုးကြိုးကြံ့များ၏ တည်နေရာ၊ ရေခဲဖီးနစ် မျိုးနွယ်များ၏ တည်နေရာတို့သည်လည်း ဤကဲ့သို့ပင် ဖြစ်သည်။ မတူညီသည့် မွန်းစတားမျိုးနွယ်များသည် သူတို့၏ ကမ္ဘာငယ်လေးကို ဖန်တီးထားကြပြီး ဤနေရာတွင် ရှိနေသော စွမ်းအင်များသည်လည်း ၎င်းတို့၏ မွန်းစတားဓာတ်သဘာဝများနှင့် လိုက်ဖက်ညီစွာ တည်ရှိနေ၏။ ထို့ကြောင့် လိုက်ဖက်ညီလွန်းသော တည်နေရာရင်းဖြင့် မွန်းစတာမျိုးနွယ်များသည် ပိုမိုကာ အားကောင်းလာခဲ့ကြ၏။
ရွှီ ရွှီ ရွှီ
မိုးကြိုးကြံ့နယ်မြေထဲသို့ ခေါ်ဆောင်လာခြင်းခံရသော လီချင်းယန်သည် အထဲရှိ မိုးကြိုးတိမ်လိပ်များကို မြင်ရသည့် အခါမှာတော့ အမှန်ပင် စိတ်လှုပ်ရှားလျက် ရှိ၏။ ဤတည်နေရာတွင် အခြားသော ဓာတ်သဘာဝများ တည်ရှိနေသည် ဆိုသော်လည်း မိုးကြိုးဓာတ်သဘာဝများသည် ပိုမိုကာများပြားလွန်းသည်။
အပြင်ဖက်တွင်ရှိနေသော မိုးကြိုးဓာတ်သဘာဝများထက် ပိုမိုကာ သန်စင်နေသည်။ လီချင်းယန်၏ ခန္ဓာကိုယ်နှင့်သွေးသည် ဤတည်နေရာနှင့် အမှန်အင် လိုက်ဖက်ညီလွန်းလှ၏။
သူနှင့် အသက်သွေးပဋိညာဉ်ကို ရေးထိုးထားခဲ့သော မိုးကြိုးကြံ့သားရဲသည် ဤတည်နေရာထဲသို့ ဝင်ရောက်သည့်အခါမှာတော့ ပိုမိုကာ အားကောင်းလာသည်ဟု ခံစားမိ၏။ ၎င်း၏ မျက်လုံးများသည်လည်း တလက်လက် တောက်ပလာသည်။
"ကောင်လေး"
မိုးကြိုးကြံ့မျိုးနွယ်မှ အကြီးအကဲတစ်ယောက်သည် အေးစက်စက်ပြောလိုက်၏။ "မင်းဒါကို ခံနိုင်ရည် ရှိပါ့မလား"
ဤလွတ်လပ်သော နယ်မြေထဲတွင် မိုးကြိုး၏ ဓာတ်သဘာဝများတင် ပါဝင်နေသည် မဟုတ်ပေ။ လူသားကျင့်ကြံသူများ လွယ်လွယ်ကူကူနှင့် တောင်ခံမထားနိုင်သော မွန်းစတားချီများလည်း တည်ရှိနေသည်။
လီချင်းယန်က ပြောလိုက်၏။ "ရပါတယ်"
ဤမွန်းစတားချီများသည် သူ့အတွက်အဆိပ်ကဲ့သို့ပင် ဖြစ်၏။ သို့ပေမဲ့ သူ၏ ပဋိညာဉ်သားရဲအတွက်တော့ အလွန်ကောင်းသည့် အသက်သွေးဝိညာဉ် ဖြစ်လို့နေခဲ့၏။ သူနှင့် ဝိညာဉ်ချုပ်ဆိုထားသည်မို့ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးသက်ရောက်မှု ရှိနေခဲ့သည်။
"သွားကြရအောင်"
မိုးကြိုးကြံ့မျိုးနွယ် စွမ်းအားမြင့်ကျင့်ကြံသူသည် ပြောလိုက်၏။ "အထဲမှာရှိတဲ့ ဓာတ်သဘာဝေတွက ပိုပြီး အားကောင်းတယ်"
သူ၏ စကားလုံးများသည် အစမှ အဆုံးထိ အေးစက်လျက် ရှိ၏။ ဤလူသားကို သူ မနှစ်ခြိုက်ချေ။
"အထဲမှာ ပိုကောင်းတယ် ဟုတ်လား"
လီချင်းယန်၏ မျက်လုံးများသည် တလက်လက် တောက်ပသွား၏။ မိုးကြိုးဓာတ်သဘာဝများသည် သူ၏ သွေးကို ဆူဝေစေခဲ့၏။ ပိုမိုအားကောင်းသည့်ဓာတ်သဘာဝဆိုလျှင် တစ်ကယ့်ကို ကောင်းချီးပေးသည့် အရာ ဖြစ်ပေလိမ့်မည်။
ရွှီ ရွှီ ရွှီ …..။
သူသည် တစ်ဖက်လူ၏ နောက်သို့လိုက်ပါလာရင်း ဘေးနားတွင် ရှိနေသော ဓာတ်သဘာဝများသည် ပိုမိုကာ အားကောင်းလာကြောင်း ခံစားမိ၏။ သူ၏ သွေးများသည် ဆူဝေလျက် ရှိနေတော့၏။
"နေလို့ထိုင်လို့ ကောင်းလိုက်တာ"
လီချင်းယန်သည် အချိန်အတော်ကြာ မပျော်လိုက်ရချေ။ အဘယ့်ကြောင့်ဆိုသော် မိုးကြိုးကြံ့မျိုးနွယ်၏ မြို့အနားသို့ ချဉ်းကပ်လာချိန်မှာတော့ မိုးကြိုးဓာတ်သဘာဝများသည် ပိုမိုကာ ကြမ်းတမ်းလာသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် စူးရှသည့် ဆုပ်ဖြဲမှုကို ခံစားနေရသည်။
မိုးကြိုးကြံ့သားရဲ မျက်လုံးထဲတွင်လည်း နာကျင်သည့် အမူအရာများ ပေါ်ပေါက်လာခဲ့၏။ သူတို့၏ ပဋိညာဉ်ချိတ်ဆက်မှုအတိုင်းတူညီသည့် နာကျင်မှုကို ခံစားနေရခြင်းပင် ဖြစ်၏။
ထိုအချည်းရာကို မြင်ရသည့်အချိန်မှာတော့ စွမ်းအားမြင့်ကျင့်ကြံသူသည် အပြင်ဖက်ဆီသို့ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။
ခန္ဓာကိုယ်တစ်ခုလုံး ဆုပ်ဖြဲခံရသော ခံစားချက်သည်လည်း ပြန်လည် ပျောက်ကွယ်သွားခဲ့၏။
"ကောင်းလေး မင်းအနေနဲ့ ဒီမှာရှိနေတဲ့ မိုးကြိုးဓာတ်သဘာဝတွေကို ခုခံနိုင်ဖို့ အရမ်းအားနည်းနေတယ်။ ဒီတော့ အခုကစပြီး အပြင်မှာနေတော့"
လီချင်းယန်၏ မျက်နှာပေါ်တွင် နာကျင်သည့် အမူအရာများ ဖြစ်တည်လာ၏။ သူ့အနေဖြင့် အလွန်အားကောင်းလှသော မိုးကြိုးဓာတ်သဘာဝများကြားတွင် အသားကျနေထိုင်နိုင်မည်ဟု တွေးထားခဲ့သည့် သို့ပေမဲ့ တစ်ကယ်တမ်းမှာတော့ မြို့အနီးနားသို့ပင် မကပ်နိုင်ခဲ့ချေ။
အချက်အလက်အားဖြင့် သူသည် တည်နေရာချိုးဖျက်ခြင်းအဆင့်သို့ မရောက်ရှိသေးချေ။ထို့ကြောင့် ဤနေရာသို့ ရောက်ရှိခြင်းကပင် အတော်ကောင်းမွန်နေသည်ဟု ဆိုရပေမည်။
အထက်နယ်မြေတွင် ရှိသော သိုင်းကျင့်ကြံသူတစ်ယောက် ဆိုပါက မိုးကြိုးဓာတ်သဘာဝများနှင့် မွန်းစတားချီများကြောင့် တစ်ခါတည်း သေဆုံးသွားမှာဖြစ်၏။ မိုးကြိုးကြံ့သားရဲလေးသည် အသာ လျှောက်လာပြီးနောက် နှစ်သိမ့်လျက် ရှိ၏။
"တောင်းပန်ပါတယ်"
လီချင်းယန်သည် ဤကောင်လေး၏ဦးခေါင်းကို အသာပွတ်သပ်ကာဖြင့် ပြောလိုက်သည်။ "ငါမင်းကို စိတ်ပျက်စေခဲ့ပြီ"
မိုးကြိုးကြံ့သတ္တဝါလေးသည် မိုးကြိုးဓာတ်သဘာဝများကို မကြောက်လန့်ချေ။ သို့ပေမဲ့ ပဋိညာဉ် ေ"အင်း …နှစ်နှစ်ပဲရှိတာ။ အချိန်ရောက်တာပြီဆိုရင် ငါတို့သူ့ကို ချက်ချင်းပဲ နှင်ထုတ်ရမယ်"
မိုးကြိုးကြံ့မျိုးနွယ်များအနေဖြင့် လူသားများကို မကြိုဆိုချေ။ သို့ပေမဲ့ ကြီးမြတ်သူတုံးကုနှင့် သဘောတူညီချက် ထားရှိခဲ့သည်မို့ ခေါ်ဆောင်လာခဲ့ခြင်းသာဖြစ်၏။ သို့ပေမဲ့ အချိန်အတော်အကြာ လေ့ကျင့်သည့် အတောအတွင်း လီချင်းယန်သည် ကြီးမားသည့် ဇွဲသတ္တိကို ပြသခဲ့သည်။
သူတို့သည် ထိုအရာကို ကြည့်ရှုပြီး အမှန်ပင် အံ့အားသင့်လျက်ရှိ၏။
ဒွီ ဒွီ
မြို့၏ မိုးကြိုးမုန်တိုင်းအတွင်းမှာတော့ လူသားတစ်ယောက်သည် မတ်တပ်ရပ်လျက်ရှိပြီး သူ၏ပတ်ဝန်းကျင်တွင် မိုးကြိုးများသည် ကြမ်းကြမ်းတမ်းတမ်း ဖြစ်တည်လျက် ရှိသည်။
"ခံနိုင်တယ်။ ငါကျိန်းသေပေါက် ခံနိုင်တယ်"
လီချင်းယန်၏ မျက်နှာတစ်ခုလုံးသည် တင်းမာ ခက်ထန်လျက်ရှိ၏။ မရီဒန်နှင့် သွေးများသည် သန့်စင်လွန်းလှမိုးကြိုးစွမ်းအင်များ၏ ထပ်တလဲလဲ သန့်စင်ခြင်းကို ခံနေရ၏။
ဘုတ် …….။
တစ်နာရီခန့် ကြာပြသည့် အချိန်မှာတော့ သူသည် ခနအနားယူရန် ရွက်ဖျဉ်တဲဆီသို့ ပြန်လာခဲ့၏။ ပြီးနောက် ရွံ့ရုပ်တစ်ခုလို မြေပေါ်သို့ လဲကျသွား၏။ မိုးကြိုးကြံ့သားရဲလေးသည်လည်း သူ၏ သခင်အတိုင်း ဆိုရွားလှသည့် နာကျင်မှုကို ခံစားနေရ၏။ ထို့ကြောင့် ဘေးတစ်ဖက်တွင် အသာမှီရင်း ပျော့ခွေနေသည်။
တစ်ရက်၊ ဆယ်ရက်၊ တစ်လ …….
အားလုံး၏ အကြည့်ရောက်မှာပဲ လီချင်းယန်သည် ထပ်တလဲလဲ လဲပြိုခဲ့၏။ ထပ်တလဲလဲ ပြန်လည်ထခဲ့ပြီး ရွက်ဖျဉ်တဲသည်လည်း တဖြည်းဖြည်းတိုးရင်း မြို့နှင့် နီးကပ်လာတော့၏။
ကျွတ် ကျွတ် ကျွတ်
မိုးကြိုးကြံ့သတ္တဝါ၏ ကျွမ်းကျင်သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဒီကောင်လေးက မဆိုးဘူးပဲ"
ဝူး ဝူး
ဤနေရာသို့ ရောက်ရှိပြီး ရက်ငါးဆယ်အတွင်းမှာပဲ လီချင်းယန်သည် သူ၏ ကြီးမားလှသော စိတ်ဆန္ဒနှင့် ခန္ဓာကိုယ်ကို အသုံးပြုကာဖြင့် ပိုမိုကာ အားကောင်းလာခဲ့၏။
ဤအရာသည် အလွန်မြန်ဆန်နေသည်လား။
ရီရှင်းချန်၏ မျက်လုံးထဲမှာတော့ လုံးဝမမြန်ဆန်ချေ။ အဘယ့်ကြောင့်ဆိုသော် ပန်းဟူနယ်မြေသို့ ရောက်ရှိပြီး နှစ်ဆယ်ရက် ၊ သုံးဆယ်ရက်များသာ ကျင့်ကြံရသေး၏။ တည်နေရာချိုးဖျက်ခြင်း အနိမ်ဆုံးအဆင့်ဆီသို့ ချိုးဖျက်ရောက်ရှိခဲ့သောကြောင့်ပင်။
ဟားဟားဟား
ဟားဟားဟား
အဆင့်ချိုးဖျက်ပြီးနောက်မှာတော့ အားညိုသည် အားရပါးရ ရယ်မောလျက်ရှိ၏။ တည်နေရာချိုးဖျက်ခြင်း အနိမ့်အဆင့်ဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် သိုင်းအင်ပါယာအဆင့်နှင့် တူညီလှ၏။ ဆိုလိုသည်မှာ သူသည် ယခင်ဘဝက ထိပ်ဆုံးအခြေအနေဆီသို့ ပြန်လည်ရောက်ရှိခဲ့ပြီ ဖြစ်၏။
……..
လီချင်းယန်သည် တိတ်တဆိတ် ကျင်ကြံလျက်ရှိ၏။ သူသည် မိုးကြိုးကြံ့နယ်မြေထဲ၌ ကျင့်ကြံရင်း တည်တည်ငြိမ်ငြိမ်နှင့် အလုံးစုံဖွံ့ဖြိုးအောင် အာရုံစိုက်လျက် ရှိသည်။
ရီရှင်းချန်မှာတော့ အလွန်ခြားနားလျက်ရှိ၏။ သူသည် ပန်းဟူနယ်မြေထံတွင် ကျင့်ကြံပြီး လဲကျသွား သည်ဆိုလျှင်တောင်မှ မရပ်တန့်ဘဲ ထပ်တလဲလဲ ကျင့်ကြံနေ၏။
"တကယ်ကြမ်းတယ်။ ဒီကောင်လေးက အသက်သေမှာကိုတောင် ဂရုမစိုက်ဘူး တကယ်ကြမ်းတာပဲ"
ပန်းဟူမျိုးနွယ်၏ အကြီးအကဲသည် ဤကဲ့သို့ မှတ်ချက်ပေးခဲ့၏။ သူ၏ ဘေးတွင် ရှိနေသော ပဋိညာဉ်သားရဲသည်လည်း အလွန်တရာ ခံစားခဲ့ရ၏။ သူ၏သခင်ဘေးရှိ မြေပေါ်တွင် နေ့စဉ်နေ့တိုင်း လဲလျောင်းလျက် ရှိသည်။
အစတုန်းက ဤကောင်လေးသည် သူ၏ နှလုံးသားတစ်ခုလုံး ပြိုလဲလျက် ရှိ၏။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် တိုးတက်လာသည်ကို သိရှိပြီးနောက် ပန်းဟူကောင်လေးသည် အခြေအနေကို လက်ခံခဲ့ပြီးပြီ ဖြစ်ပြီး သူ၏သခင် ရီရှင်းချန်နှင့်အတူ နာကျင်မှုများကို ခံစားကာ ပျော်ရွှင်မှုများကိုလည်း အတူတကွ ခံစားလျက် ရှိနေ၏။
"ဆက်လုပ်မယ်။ ဆက်လုပ်မယ်"
တည်နေရာချိုးဖျက်ခြင်း အဆင့်နိမ့်အဆင့်ဆီသို့ ရောက်ရှိပြီးနောက် ရီရှင်းချန်သည် မကျေနပ်သေးချေ။ သူ့အနေဖြင့် အလယ်ပိုင်း၊ အထက်ပိုင်းနှင့် ဧကရီလင်းရောင်၏ အဆင့်ဆီသို့ ရောက်အောင် ကြိုးစားချင်မိသည်။
အားညို၏ အဆင်ခြင်မဲ့ ကျင့်ကြံမှုနှင့် နှိုင်းယှဉ်ရလျှင် လီချင်းယန်၏ ကျင့်ကြံခြင်းသည် ပိုမို တည်ငြိမ်လွန်းသည်။ ဟုတ်ပေသည်။ တည်ငြိမ်မှုဆိုသည်မှာ အကျိုးကျေးဇူးများ တည်ရှိနေ၏။ ထို့ပြင် ရေရှည်လည်း သိသာလွန်းလှ၏။
တစ်ချိန်လုံး မိမိကိုယ်ကို ထိပ်ဆုံးရောက်အောင် ကျင့်ကြံနေသည့် ရီရှင်းချန်နှင့် မတူကြချေ။ လိပ်နက်နယ်မြေထဲမှာတော့ ကိုယ်တစ်ပိုင်းအင်္ကျီဗာလာကျင်းနှင့်ရှောင်ကျီသည် သူ၏ ကျောပေါ်တွင် ကျောက်တုံးကြီး တစ်တုံးတင်ကာ ရှေ့ဆီသို့ တစ်ဖြည်းဖြည်းခြင်း လမ်းလျှောက်လျက် ရှိသည်။
ကျောက်တုံးမှာ ကြီးမားလှသည်တော့ မဟုတ်ပေ။ သို့ပေမဲ့ တောင်ကြီးတစ်ခုကဲ့သို့ လေးလံလှ၏။ လိပ်နက် မျိုးနွယ်များသည် အကာအကွယ်နေရာတွင် ပြိုင်စံရှားဖြစ်ပြီး ၎င်းတို့နေထိုင်ရာ နေရာသည်လည်း သဘာဝအားဖြင့် မြေဆွဲအားသိပ်သည်းသည့် နေရာကြီး ဖြစ်၏။ တည်နေရာတွင်ရှိနေသော ကျောက်တုံးတစ်တုံးကပင် ပေါင်တစ်ထောင်လောက် လေးလံလွန်း၏။
"ကောင်လေး"
လူသားပုံစံနှင့် အဘိုးကြီးတစ်ယောက်က ပြောလိုက်၏။ "မင်းကိုကြည့်ရတာ အဆင့်ငါး ကျောက်တုံးလေး ကိုတောင် ဒီလောက် သယ်နေရတယ်။ ဒီပုံစံနဲ့ဆိုရင် အဆင့်တစ်ကျောက်တုံးကို နှစ်နှစ်အတွင်း သယ်နိုင်ဖို့ဆိုတာ စဉ်းတောင် မစဉ်းစားနဲ့တော့"
ရှောင်ကျီသည် မည်သည့်စကားမှ မဆိုချေ။ သူ့အနေဖြင့် ရှေ့ဆီသို့သာ လှမ်းတက်လိုက်သည်။
အဘိုးအိုသည် ခေါင်းကိုခါရမ်းလိုက်၏။ ပြီးနောက် ပြန်လည်ထွက်ခွာသွား၏။
နောက်တစ်ရက်မှာတော့ အဆင့်ငါးကျောက်တုံးကို ကျောပေါ်တင်ကာ အိပ်မောကျနေသည့် ကောင်လေးကို တွေ့မြင်လိုက်ရ၏။ ထို့ကြောင့် အံ့အားသင့်ကာ ပြောလိုက်မိသည်။ "ဒီလူသားကောင်လေးရဲ့ အားအင်အဆင့်က မယုံနိုင်စရာပါလား"
လိပ်နက်နယ်မြေသို့ ရောက်ရှိပြီး တစ်လကျော်ကြာမြင့်ပြီးနောက် ရှောင်ကျီသည် တည်နေရာချိုးဖျက်ခြင်း အဆင့် ဆီသို့ ချိုးဖျက်ရောက်ရှိခဲ့၏။ သူ၏ကျောပေါ်တွင် အဆင့်ငါး ကျောက်တုံးအစား အဆင့်လေးကျောက်တုံးက ရောက်ရှိလာခဲ့၏။
ပိုမိုအားကောင်းသော မြေဆွဲအားသည် သူ၏ ခန္ဓာကိုယ်ကို ဖိနှိပ်ထားပြီး ကြွက်သားနှင့် ခန္ဓာကိုယ် တစ်ခုချင်းစီတိုင်းကို ပိုမိုကာ အားကောင်းစေခဲ့သည်။
ရွှီ …. ရွှီ
နက်မှောင်ပြီး ရှုပ်ထွေးလွန်းလှသော တည်နေရာထဲမှာတော့ စုရှောင်မိုသည် အမြန်ဆုံးနှုန်းဖြင့် ပြေးလွှားလျက် ရှိ၏။ သူ၏ နှဖူးဆီမှ ချွေးများသည် တစက်စက်နှင့် ကျဆင်းနေ၏။ မည်မျှကြာအောင် ပြေးနေရသည်ကို သူ မသိရှိချေ။ သို့ပေမဲ့ ရပ်တန့်လိုက်ပြီး သူ၏ ခြေထောက်တစ်ခုလုံးသည် တုန်ခါလျက်ရှိနေ၏။
"ကောင်လေး"
ရုတ်တရက် လူသားတစ်ယောက်သည် သစ်ပင်ပေါ်မှ ဆင်းလာကာ ပြောလိုက်သည်။ "မင်းဒီတစ်ကြိမ်ပုန်းတာ နည်းနည်းတော့ ကြာတာပဲ"
"…..."
စုရှောင်မိုသည် မြေပေါ်သို့ လဲကျသွား၏။ ပြီးနောက် အားပျော့စွာ ပြောလိုက်မိ၏။ "စိတ်… စိတ်မပူနဲ့ … ခနလောက် စောင့်အုံး။ ခင်ဗျားလိုက်လို့မမီအောင် ကျုပ်လုပ်ပြမယ်"
"အရှက်မဲ့ ကြွားဝါခြင်းမျိုးပဲ" နတ်ဘုရားခရီးနှင်မျိုးနွယ်မှ လက်ရွေးစင် ကျင့်ကြံသူက နှခေါင်းရှုံ့လိုက်သည်။
နှစ်လခန့်ကြာပြီးနောက် တူညီသည့် ရှုပ်ထွေးသော တည်နေရာကြီးထဲတွင် စုရှောင်မိုသည် တည်နေရာချိုးဖျက်ခြင်းအဆင့်ကို ရောက်ရှိခဲ့ပြီဖြစ်၏။
သူသည် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဆိုသော်လည်း သူအား ဖမ်းဆီးရန်အတွက် အရင်တုန်းက ဆယ့်ငါးမိနှစ် ကြာသော်လည်း ယခုမှာ နှစ်နာရီကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
"…….."
နတ်ဘုရားခရီးနှင်မျိုးနွယ်ဆီမှ လက်ရွေးစင် စွမ်းအားမြင့်ကျင့်ကြံသူသည် အံ့အားသင့်ဖြင့် ပြောလိုက်၏။ "မင်းဆီမှာ စွမ်းအင်တချို့တော့ ရှိတာပဲ လူသား"
……..
"ကြားပြီးပြီလား။ ငါတို့ရဲ့ အနာဂတ်ဆက်ခံသူနဲ့ ပဋိညာဉ်ရေးထိုးခဲ့တဲ့ အမျိုးသမီးက ဂိုဏ်းချုပ်ရဲ့ ခွင့်ပြုမှုနဲ့အတူ အအေးရေကန်ထဲမှာ သွားပြီးတော့ လေ့ကျင့်ခွင့် ရခဲ့တယ်တဲ့ "
"မဖြစ်နိုင်တာ။ ခံနိုင်ရည် ရှိပါ့မလား"
"အကြီးအကဲရီပြောတာ ကြားခဲ့တာပဲ။ သူမ အဲကိုသွားတာ နှစ်ရက်လောက် ရှိပြီ။ ငါတို့ ရေခဲဖီးနစ်မျိုးနွယ်တွေက အအေးရေကန်ကို မသွားခင်မှာ အနည်းဆုံးဆယ်စုနှစ်တစ်ခုစာလောက် အအေးရေကန်ငယ်လေးထဲမှာ ကိုယ်ကိုကိုယ် အရင်ဆုံး အားကောင်းအောင် ပြုလုပ်ခဲ့တယ်လေ။ ဒီနေရာကိုရောက်တာ နှစ်လတောင် မပြည့်သေးဆဲ့ လူသားတစ်ယောက်က အဲနေရာ ဝင်သွားနိုင်တယ်ဆိုတော့ သူ့ရဲ့အမြန်နှုန်းက ကြီးမားမနေဘူးလား။”
“ဂိုဏ်းချုပ်က အဲအမျိုးသမီးအပေါ် အကောင်းမြင်စိတ် ရှိနေတယ်။ သူမကတောင် စပြီးတော့ သွားဖို့ ဖိတ်ခေါ်ခဲ့တာ လို့ ပြောတယ်"
………
အပြင်ဖက် တောင်များ၊ မြစ်များတည်ရှိသည့် တည်နေရာမှာတော့ တိမ်များ၊ မြူများ ဖုံးလွှမ်းလျက် ရှိ၏။
အား …….။
အရိုးကွဲလောက်အောင် ကျယ်လောင်လှသော အော်ဟစ်သံကြီးသည် ကောင်းပင်ယံထက်တွင် ပျံ့နှံ့နေ၏။ မူလအားဖြင့် တည်ငြိမ်လျက်ရှိနေသော ဤနေရာကြီးသည် ထိုအသံ၏ ဖျက်စီးခြင်းကို ခံခဲ့ရသည်။
"ဘာတွေအော်နေတာလဲ"
"အွန့် အု အု"
လိုဏ်ဂူ၏ အပြင်ဖက်တည်နေရာတစ်ခုမှာတော့ ကျွင်းချောင်ရှောင်းသည် သစ်သားစည်ကြီးထဲ၌ ထိုင်ကာ အံကြိတ်လျက် ရှိနေ၏။ စည်ထဲတွင်တော့ များပြားလှသည့် ဆေးရည်များ တည်ရှိနေ၏။
ထိုဆေးရည်များနှင့် ထိတွေ့နေသော သူ၏ အရေပြားအားလုံးသည် စူးရှနာကျင်စွာ ခံစားနေရပြီး ထိုနာကျင်မှု သည် အရိုးကိုလှီးဖြတ်နေသလိုပင် ခံစားနေရသည်။
"မင်းအနေနဲ့ ဒီလောက် သေးငယ်တဲ့နာကျင်မှုလေးကိုတောင် မခံနိုင်ဘူးဆိုရင် နတ်ဆိုးလေ့ကျင့်မှုတွေကို ဘယ်လိုလုပ်ပြီး ခံနိုင်မှာလဲ"
ကြီးမြတ်သူတုံးကုသည် မျက်လုံးများ ချာချာလည်ကာဖြင့် ကြည့်ရှုလိုက်သည်။
"ဆရာ"
ကျွင်းချောင်ရှောင်းသည် နာကျင်စွာ ပြောလိုက်၏။ "ဆရာ့ရဲ့ ဒီဆေးပင်တွေနဲ့ ရေချိုးတဲ့ကိစ္စက ကြွက်သားနဲ့ မရီဒန်တွေကိုတင် မကဘူး၊ ဝိညာဉ်ကိုပါ ထိခိုက်တယ်။ ဒီတော့ လောလောဆယ် သေပြီး ကောင်းကင်မှာ နတ်သမီးလေးတွေနဲ့ နေချင်စိတ်တောင် ပေါက်နေပြီ"
"ပေါက်ကရတွေ မပြောနဲ့"
ကြီးမြတ်သူတုံကုက ပြောလိုက်သည်။ "တစ်လလောက် ဒီနေရာမှာ စိမ်နေ"
"ဟမ်"
ကျွင်းချောင်ရှောင်းသည် စိတ်ပျက်လက်ပျက်ဖြင့် ဆေးရေကန်ကြီးထဲ၌ အသာမှီချလိုက်မိ၏။ သူ၏ မျက်နှာ တစ်ခုလုံးသည် ရှုံ့မဲ့လျက်ရှိ၏။
ဤအရိုးနှင့် ရိုးတွင်းခြင်ဆီသန့်စင်ခြင်း ဆေးရည်သည် ကြီးမြတ်သူတုံးကု နှစ်ပေါင်းများစွာကြာအောင် ရှာဖွေထားရသည့် ရတနာများနှင့် ပြုလုပ်ထားသည့်အရာတစ်ခု ဖြစ်သည်။ အကျိုးသက်ရောက်မှုသည် ခန္ဓာကိုယ်၊မရီဒန်တင်သာမက ဝိညာဉ်အားအင်အဆင့်ကိုပါ ပိုကောင်းမွန်စေသည်။
လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသောသူများသည် လေ့ကျင့်မှုတစ်ချင်းဆီကို ခံယူနေရသော်လည်း ကုန်းရှန့်မှာတော့ လေ့ကျင့်မှုအားလုံးကို ခံယူနေရသည်ဟု အဓိပ္ပာယ်ပေါက်သည်။ ထို့အတူ ထိုကဲ့သို့ လေ့ကျင့်ရသည့် အရသာသည်ကလည်း ပိုမို၍ ကောင်းမွန်လှသည် မဟုတ်ချေ။
ပိုမို၍စိတ်ဓာတ်ကျဆုံးအရာမှာ လက်ရွေးစင် တပည့်များသည် ၎င်းတို့နှင့် မျှဝေခံစားနိုင်သည့် ပဋိညာဉ်သားရဲတစ်ကောင်စီ ပိုင်ဆိုင်အေသုံးပြုကာ ကြမ်းတမ်းလှသော လေ့ကျင့်မှုများကို ခံယူနေရ၏။ တစ်လတိတိ ဤနာကျင်ရသော ဆေးရည်ထဲတွင် စိမ်နေရလေ၏။
"ဆရာ … ခနလောက် အပြင်ထွက်လို့ရလား"
"မရဘူး"
"ဆရာ … အီးပေါက်ချင်လို့ပါ"
"ဒီထဲမှာပဲ ပေါက်လိုက်"
"...."
တင်းကြပ်လှသော သူ့ဆရာ၏ စောင့်ကြည့်မှုအောက်တွင် ကျွင်းချောင်ရှောင်းသည်အရိုးနှင့် ခြင်ဆီ သန်မာစေသောဆေးရည်ထဲတွင် တစ်လလုံးလုံး စိမ်ခဲ့ရ၏။ သူ၏ အသားအဂေ သည် အလွန်ချောမွေ့ကာဖြင့် ကျောက်စိမ်းကဲ့သို့ ကြည်လင်လှပလာခဲ့သည်။
"ချီးတဲ့မှ"
ကုန်းရှန့်သည် အံ့အားတသင့်ဖြင့်ပြောလိုက်မိ၏။ "ပြောင်းလဲမှုက ဒီလောက်တောင် ကြီးမားတာလား"
စနစ်က ပြောလိုက်သည်။ "လက်ခံသူရဲ့ သွေး၊ မရီဒန်နဲ့ ခန္ဓာကိုယ်က အားကောင်းရုံတင်မဟုတ်ဘူး။ ဝိညာဉ်အားအင်ကလည်း တိုးတက်လာခဲ့တယ်"
"အဲလား"
ကျွင်းချောင်ရှောင်းသည် မျက်လုံးကိုမှိတ်ကာ အလောတကြီးဖြင့် သူ၏ခန္ဓာကိုယ်ကို အာရုံခံကြည့်လိုက်၏။ အမှန်ပင်ဖြစ်၏။ လွန်ခဲ့သည့် တစ်လကနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် တစ်ကယ့်ကို ကြီးကြီးမားမား ပြောင်းလဲသွားခဲ့၏။ ထို့ကြောင့် သူသည် ထအော်လိုက်မိ၏။ "ဆရာက တကယ့်ကို အထက်နယ်မြေက ထိပ်တန်းဆရာကြီးပဲ။ ဆရာဖန်တီးပေးတဲ့ ဆေးရည်တောင်မှ အံ့အားသင့်ဆရာ ကောင်းနေတာပဲ"
“ဒင် … လက်ခံသူသည် ဖုံးကွယ်ထားသည့် တာဝန်ကို ပြည့်စုံစေသည့်အတွက်ဂုဏ်ယူပါသည်။ (ပြန်လည်မွေးဖွားခြင်း) ဆုလာဒ်သည် ဂိုဏ်းစုဆောင်းမှတ် သုံးသိန်းဖြစ်၏"
“ဒင် … လက်ခံသူသည် ဖုံးကွယ်ထားသည့် တာဝန် (ပြန်လည်မွေးဖွားခြင်း) ကို ပြည့်စုံစေသည့်အတွက် ဂုဏ်ယူပါသည်။ ဖုံးကွယ်ထားသည့် ဆုလာဒ်များ ရရှိပါသည်။ ဆုလာဒ်သည် အတွေ့အကြုံအဆောင် ငါးခု"
"လာပြီ။ လာပြီ"
ကျွင်းချောင်ရှောင်းသည် သတိပေးသံကြားရလျိန်မှာတော့ ဆွံ့အသွားမိ၏။ ပြီးနောက် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ရယ်မောလျက်ရှိ၏။
လီချင်းယန်နှင့် အခြားသူများသည် ထိုအချင်းအရာကို မြင်ဖူးနေသောကြောင့် အထွေအထူး စဉ်းစားနေလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဘေးတစ်ဖက်တွင် စစ်တုရင်ကစားရင်းကြည့်ရှုနေသည့် စီနီယာတုံးကုမှာတော့ အံ့အားသင့်လို့နေသည်။ "ဒီကောင် … ဘာလို့အရူးလို ရယ်နေတာလဲ"
"ဆရာ"
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ကာဖြင့် ပြောလိုက်၏။ "နတ်ဆိုးလေ့ကျင့်မှုက ဘယ်အချိန်စမှာလဲ။ မစောင့်နိုင်တော့ဘူး"
"အခု စမယ်"
စီနီယာတုံးကုသည် ရုတ်တရက် မိုးမခသစ်ပင်မှ သစ်ကိုင်းတစ်ခုကိုကောက်ယူကာ အေးစက်သည့်အကြည့်ဖြင့် စတင်တိုက်ခိုက်တော့သည်။
ဆွစ် ဆွစ်
ချက်ချင်းပဲ အလင်းတန်းများ ထွက်ပေါ်လာပြီး တည်နေရာတစ်ခုလုံး ဖုံးလွှမ်းသွားခဲ့၏။ ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပြောင်းလဲသွားခဲ့ပြီး အလောတကြီးဖြင့် ရှောင်တိမ်းရန် ကြိုးစားလိုက်၏။ သို့ပေမဲ့ နောက်ကျသွားခဲ့၏။
နောက်ဆုံးမှာတော့ ကုန်းရှန့်သည် အရိုက်အနှက်ခံရသောကြောင့် နာကျင်စွာ အော်ဟစ်လျက်ရှိနေတော့သည်။
ရွှေမ်း ရွှမ်း ရွှမ်း …..။
ရိုးရှင်းပြီး ဆန်းကြယ်လွန်းလှသည့် တိုက်ခိုက်မှုကို ခံယူပြီးနောက် ကျွင်းချောင်ရှောင်းသည် မြေပေါ်တွင် လဲလျောင်းလျက်ရှိ၏။ သူ၏ မျက်နှာတစ်ခုလုံးသည် ရောင်ရမ်းနေပြီး ပါးစပ်ထဲမှ အမြုပ်များပင်ထွက်နေ၏။
"ဒါက ငရဲခန်းလေ့ကျင့်မှုလား"
တစ်လကြာပြီးသည့် ကျွင်းချောင်ရှောင်းသည် စီနီယာတုံးကု၏ ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးမှုကို ခံယူနေရတုန်းပင်။ သူသည် ရိုက်နှက်ခံရပြီး တစ်ချိန်လုံး မြေပြင်ပေါ်တွင် လဲလျောင်းလျက်ရှိ၏။ ဤအရာသည် ငရဲခန်းလေ့ကျင့်မှုဟုပင် ခေါ်ဆိုတော့သည်။
နှစ်နှစ်ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လှိုဏ်ဂူထဲမှ လျှောက်ထွက်လာခဲ့တော့၏။ ပြန်လည်မွေးဖွားပြီးနောက် သူ၏အသားအရေသည် ဖြူစင်ပြီး လှပလွန်းနေသည်။ သူ၏မျက်လုံးထဲတွင်တော့ ကြီးမားလှသည့် အတွေ့အကြုံကို ခံယူခဲ့ရသည့် ပုံစံမျိုး ဖြစ်ပေါ်နေ၏။
"ဆရာ "
ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။ "ကျုပ်သွားပါတော့မယ်"
"သွား … သွား … သွား"
ကြီးမြတ်သူတုံးကုသည် ဒေါသတကြီး ပြောလိုက်၏။ "ငါမင်းကို ထပ်တောင် မတွေ့ချင်ဘူး"
သူသည် ဤကောင်လေးကို ခေါ်ဆောင်လာပြီး ငရဲခန်းလေ့ကျင့်မှုကို ပြုလုပ်ပေးခဲ့၏။ တစ်ဖက်လူသည် အမြူတေပြောင်းလဲခြင်း အဆင့်နှစ်ဆီမှ သုံး သို့မဟုတ် ငါးဆီသို့ ပြောင်းလဲရောက်ရှိသွားလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။
သို့ပေမဲ့ နှစ်နှစ်သာ ကြာမြင့်သွားခဲ့၏။ တစ်ဖက်လူသည် အမြူတေ ပြောင်းလဲခြင်း အဆင့်နှစ်ဆီသို့ပင် မရောက်ရှိခဲ့ချေ။ ဤအရာသည် သူ၏ ဂုဏ်သိက္ခာကို အမှန်ပင် ထိခိုက်စေ၏။ သူ့အနေဖြင့် တပည့်များကို သင်ပေးရန် မသင့်တော်လှသူဟု ကိုယ့်ကိုယ်ကို သံသယပင် ဝင်မိ၏။
မဟုတ်ပေ။ ကြီးမြတ်သူတုံးကုသည် တပည့်များကို လေ့ကျင့်ပေးရာတွင် တစ်ကယ့်ကို ဆရာကျလွန်းလှ၏။ မည်သည့် ပါရမီမရှိသည့် သာမန်လူကို ခေါ်၍လေ့ကျင့်ပေးမည်ဆိုပါက ပိုမိုကောင်းမွန်သည့် ပါရမီရှင်သို့ ပြောင်းလဲသွားမှာ သေချာသည်။
ကျွင်းချောင်ရှောင်းမှာတော့ မတိုးတက်ခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် အထူးတာဝန်၏ ဖိနှိပ်မှုကို ခံထားရသောကြောင့်ပင်။ အချက်အလက်အားဖြင့် အရိုးနှင့် အရိုးခြင်ဆီဆေးရည်ကို စိမ်ပြီးနောက် အထူးတာဝန် ဖြစ်တည်လာခဲ့၏။
ပါဝင်သည့် အကြောင်းရာသည် တပည့်များ ပြန်ရောက်လာမည့်အချိန်ကို နှစ်နှစ်တိတိစောင့်ဆိုင်းရန် ဖြစ်၏။ တိတိကျကျပြောရလျှင် လီချင်းယန်နှင့် အခြားသောသူများ ဂိုဏ်းဆီသို့ ပြန်ရောက်ရန် စောင့်မျှော်ရခြင်းပင် ဖြစ်၏။ ရိုးရှင်းလွန်းလှသည်။ သို့ပေမဲ့ အချိန်လည်း ကုန်လွန်းလှချေသည်။
သူ့အနေဖြင့် ဂိုဏ်းအား နှစ်တစ်ရာအတွင်းအင်မော်တယ်အဆင့်ရောက်အောင် ပြုလုပ်ပေရလိမ့်မည်။ သို့ပေမဲ့ အခုမှာတော့ တပည့်များပြန်လာအောင် စောင့်မျှော်နေရချေ၏။ "ချီးတဲ့မှ … သောက်တလွဲစနစ်ပါပဲ"
ကျွင်းချောင်ရှောင်းအနေဖြင့် အကူအညီမဲ့သလို ခံစားနေရ၏။ ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ရချေ။ ထို့ကြောင့် ကြီးမြတ်သူတုံးကု၏ သင်ကြားပြသမှုအောက်တွင် အပြင်းအထန် လေ့ကျင့်နေခဲ့ရ၏။ သူ၏ ကျင့်ကြံခြင်းသည် ယခင်အတိုင်း တည်ရှိနေသည်ဆိုသော်လည်း သိုင်းပညာအပေါ်နားလည်မှုမှာတော့ တိုးတက်ခဲ့သည်။
ဆွစ်
သူသည် အမဲရောင်ဝတ်စုံကို ထုတ်ယူလိုက်ပြီး နေကာမျက်မှန်ကို တပ်လိုက်၏။ ပြီးနောက် လိုဏ်ဂူထဲမှ ဂုဏ်ယူစွာ လမ်းလျှောက်ထွက်ရင်း ပြောလိုက်၏။ "ငါအရင်တုန်းကလို မဟုတ်တော့ဘူး"
……..
ရွှီ ရွှီ …။
မိုးကြိုးကြံ့မျိုးနွယ်ထဲမှာတော့ အချိန်အတော်ကြာ အိပ်မောကြနေသည့် လီချင်းယန်သည် မျက်လုံးများဖွင့်ကာ ပြောလိုက်သည်။ "နှစ်နှစ်တောင် ကြာသွားပြီပဲ"
ပန်းဟူမျိုးနွယ်၏ အထက်နယ်မြေနှင့် ချိတ်ဆက်လျက်ရှိနေသည့် တည်နေရာကြီးအတွင်းမှာတော့ ရီရှင်းချန်သည် အသာလှမ်းလျှောက်ထွက်လာခဲ့၏။ သူ၏ ဘေးတွင်တော့ ပန်းဟူ သားရဲ လိုက်ပါလာခဲ့၏။ ထိုအကောင်လေးသည် သေးငယ်လှသော ဟက်စကီးခွေးပေါက်လေး အရွယ်မှသည် ကြီးမားလှသည့် ဟက်စကီးခွေးကြီး အရွယ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။
စုရှောင်မိုနှင့် ရှောင်ကျီတို့မှာလည်း တစ်ချိန်တည်းမှာပင် သူတို့ရဲ့တည်နေရာမှ ထွက်ခွာလာခဲ့သည်။
၎င်းတို့သည် ကျင့်ကြံခြင်းဖုံးကွယ်သည့်နည်းစနစ်ကို အသုံးပြုထားသောကြောင့် မည်မျှ တိုးတက် အားကောင်းလာသည်ကို မသိရှိနိုင်ပေ။ သို့ပေမဲ့ နှစ်နှစ်ကြာအောင်လေ့ကျင့်ပြီးနောက် အမှန်ပင် ရင့်ကျက်လျက်ရှိနေ၏။
ရေခဲဖီးနစ်နယ်မြေထဲမှာတော့ ရေခဲဖီးနစ်ငှက်သည် အပြင်ဖက်ဆီသို့ ထိုးထွက်ပျံသန်းလာ၏။ ကျောပေါ်တွင်တော့ လီချင်းချင်းသည် တည်ရှိနေခဲ့၏။ ထိုအမျိုးသမီး၏ အမူအရာသည် ပိုမို၍ အေးစက်သွားခဲ့၏။ ပိုမို၍လည်း သန့်စင်သွားခဲ့သည်။
"ဂိုဏ်းချုပ်"
အားလုံးသောသူများသည် တူညီသညိ့အတွေးဖြင့် အင်မော်တယ်တောင်တန်းဆီသို့ လှမ်းမျှော်ကာ ကြည့်ရှုလိုက်ကြ၏။ ပြီးနောက် ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ပြောလိုက်ကြသည်။ "ကျုပ်တို့ ပြန်လာပြီ"