← Chapters

အပိုင်း (၁၄၀၄)

Vol. 95 Ch. 1404

အပိုင်း (၁၄၀၄)

Vol. 95 Ch. 1404

များပြားလှသော ဆေးတူးသမားကဲ့သို့သော လူများအားလုံးသည် ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိလာပြီး ဆေးမျိုးစေ့များကို လာရောက်ကာ ပေးအပ်ကြသည်။ ပြိုင်စံရှားဂိုဏ်းသည် သင့်တော်သည့် ပမာဏအတိုင်း ပိုက်ဆံများကို ပေးချေသည်။ လစဉ်လတိုင်း၏ အစပိုင်းတွင် ဤကဲ့သို့ ဖြစ်စဉ်များသည် အမြဲ ဖြစ်တည်နေသည့် အရာမျိုးဖြစ်ပြီး အားလုံးသောသူများသည် အသားပင် ကျနေကြ၏။

ဆေးမျိုးစေ့များကို ခူးဆွတ်ကြသူများသည် ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိလာပြီး လုံလောက်သည့်ပမာဏဖြင့် ရောင်းချခြင်းကို ပြုလုပ်ကြသည်။ ဤဆေးမျိုးစေ့အားလုံးသည် စွန်းပုကုံးဆီသို့ ရောက်ရှိသွားပြီး စွန်းပုကုံးသည် ဆေးဥယျာဉ်ထဲသို့ ပို့ဆောင်ကာ ဆေးမျိုးစေ့များကို စိုက်ပျိုးခြင်းများအား ပြုလုပ်တော့သည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း ပြိုင်စံရှားဂိုဏ်း၏ ဆေးဥယျာဉ်သည် ကြီးမားသည့် အခြေအနေဆီသို့ ရောက်ရှိလာပြီး ဆေးပင်များ စိုက်ပျိုးခြင်းနှင့် ဆေးလုံးများ သန့်စင်ခြင်း လုပ်ငန်းသည် သံသရာ အဆက်ဆက်ကဲ့သို့ပင် လည်ပတ်လျက် ရှိ၏။ လင်းယွမ်မြို့ထဲတွင် ရှိနေသော ဆေးလုံးဆိုင်၏ စီးပွားရေးသည် တစ်နေ့တခြား ပိုမိုကာ အားကောင်းလာခဲ့ပြီး လစဉ်လတိုင်း သန်းနှစ်ဆယ်မှ သုံးဆယ်နီးပါးခန့်အထိ အမြတ်အစွန်း ရရှိနေ၏။

အချက်အလက်အားဖြင့် ယခုထက်ပင် ပိုမိုကာ ကြီးမားနိုင်သည်။ သို့ပေမဲ့ ဖန်းကွေ့ချန်သည် ဆေးလုံးများ သန့်စင်ရာတွင် သူတစ်ယောက်တည်း သန့်စင်နေရသောကြောင့် လိုအပ်သည့် ပမာဏကို မြန်မြန်ဆန်ဆန် ရောင်းချနိုင်ခဲ့ခြင်း မရှိချေ။ ထို့ကြောင့် ဆေးပင် စိုက်ပျိုးမှုသည် ဆေးဥယျာဉ်ကြီး၏ ကြီးမားသည့် ထုတ်ကုန် ဖြစ်တည်လာခဲ့သော်လည်း ဆေးလုံး သန့်စင်မှုလုပ်ငန်း မှာတော့ အနည်းငယ် နှောင့်နှေးလို့ နေ၏။ ထို့ကြောင့် ကုန်လှောင်ရုံထဲတွင် ထည့်ကာ သိမ်ဆည်းထားခဲ့ရသည်။

ဤကဲ့သို့ စီးပွားရေးကောင်းမွန်မှုကြောင့် စိတ်ဝိညာဉ်ကျောက်တုံး များအား တပည့်များကို သတ်မှတ်ပမာဏအတိုင်း ပေးအပ်နိုင်ခဲ့၏။ နှစ်နှစ်တာ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပြီးသည့်နောက် တပည့်များ အားလုံးသည် သိုင်းနယ်မြေအဆင့်ကိုပင် ချိုးဖြတ်ရောက်ရှိလာနိုင်ခဲ့၏။ တင်းရှင်းဝမ်၊ ကုန်းစွန်းဟောင်းဟိုင်နှင့် တခြားသောအကြီးအကဲများ အားလုံးသည် တည်နေရာချိုးဖြတ်ခြင်း အဆင့်နိမ့်အဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့၏။

ဟုတ်ပေသည်။ အလုံးစုံသော တိုးတက်ပြောင်းလဲမှုမှာ ပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့်ဟုလည်း ဆိုရမှာဖြစ်၏။ တစ်စုံတစ်ယောက်၏ အဆင့်သည် တိုးတက်လာသည်နှင့်အမျှ ကျင့်ကြံခြင်းသည်လည်း ပိုမိုကာ ခက်ခဲလာခဲ့၏။ သိုင်းနယ်မြေအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိသွားသူသည် ထပ်မံကာ အဆင့်တိုးတက်ချင်သည့်အချိန်တွင် များပြားလှသည့် အရင်းအမြစ်များကိုလည်း လိုအပ်နေသေးသည်။

နှစ်နှစ်တာအတွင်းတွင် ပြိုင်စံရှားဂိုဏ်း၏ အမြန်ဆန်ဆုံးသော တိုးတက်မှုသည် အစီအရင်ဟောခန်းမဆောင်ပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုက်ရွှမ်အဘိုးအို၏ သင်ကြားပြသမှုကြောင့်ပင်။ ဤလူအကြောင်းကို ပြောရမည် ဆိုလျှင် လင်းဝေအစစ်အမှန်ဂိုဏ်းသည် ပြန်လည် ရောက်ရှိလာခဲ့ပြီး လျော်ကြေးငွေများ ပေးအပ်ခဲ့ပြီးသည့်နောက် လှောင်အိမ်ထဲမှ လွတ်မြောက်နိုင်သည့် သော့ကိုလည်း ပေးအပ်ခဲ့၏။ ထို့ကြောင့် ၎င်းသည် အလုံးစုံ ပြန်လည် လွတ်မြောက် လာနိုင်ခဲ့၏။ သို့ပေမဲ့ ရှန်ကွမ်းရှင်းရောင်၏ မေးခွန်းများကြောင့် သင်ကြားပြသသည့်အချိန်တိုင်းတွင် ခေါင်းတစ်ခုလုံး ကိုက်ခဲနေရ၏။

ဟုတ်ပေသည်။ ထိုက်ရွှမ်အဘိုးအိုသည် ဤနှစ်နှစ်အတွင်း ဂိုဏ်းထဲမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ချီမင်အစီအရင်ချိုးဖြတ်ခြင်း ကျမ်းစာကြောင့် များပြားလှသော အကြံအစည်များကို ရရှိခဲ့သည်။ သူသည် အစီအရင်နှင့်ပတ်သက်သည့် နားလည်မှုများကိုလည်း ပိုမို ရရှိခဲ့သည်။

အထူးသဖြင့် လျှိုဝမ်ရှစ်၏ အစားအသောက်များကိုလည်း ခုံမင်နေပြီဖြစ်သည်။ အလုပ်များပြီး ပင်ပန်းနေသည့် အချိန်တိုင်းတွင် စားသောက်ခန်းဆီသို့ သွားကာ လျှိုဝမ်ရှစ်အား ဟင်းကောင်းကောင်း ချက်ကျွေးရန် တောင်းဆိုတတ်၏။

အတိတ်တုန်းက သူသည် ကုန်းရှန့်၏ ပြဿနာများ ခေါင်းပေါ်ရောက်ရှိလာခြင်းအတွက် ကံမကောင်းဟု မိမိကိုယ်ကိုယ် တွေးထင်ခဲ့သည်။ သို့ပေမဲ့ လက်ရှိ အချိန်မှာတော့ ဤကဲ့သို့သော အခြေအနေမျိုး ထပ်မံ ဖြစ်ပေါ်လာမည်ဆိုပါက ရဲရဲကြီး ခေါင်းဝင်ထိုးခံမှာ ဖြစ်သည်။

ပြိုင်စံရှားဂိုဏ်း၏ အမူအကျင့်သည် တပည့်အသစ်များ အနေဖြင့် ဘောလုံးကစားခြင်းဖြစ်သည်။ ဤအရာသည် ပြိုင်စံရှားဂိုဏ်း၏ စည်းမျဉ်းစည်းကမ်းဖြစ်ပြီး ဤကဲ့သို့သော စည်းမျဉ်းစည်းကမ်းများမှ လွတ်မြောက်သူဟူ၍ အကြီးအကဲ တချို့သာ ရှိတော့သည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း အလုပ်အများဆုံးလူကို ပြောပါဆိုလျှင် နှင်းဆီဧကရီပင် ဖြစ်တော့သည်။ ကျွင်းချောင်ရှောင်း ထွက်ခွာသွားပြီးသည့်နောက် သူမသည် ဂိုဏ်း၏ ဝေယျာဝစ္စအကုန်လုံးအား စီမံခန့်ခွဲခဲ့၏။ သူမ ရှိနေသောကြောင့်ပင် ဂိုဏ်းသည် ပြည့်စုံစွာဖြင့် လည်ပတ်နေနိုင်ခြင်း ဖြစ်တော့သည်။ ကံကောင်းစွာဖြင့် ဂိုဏ်း၏ အခြေအနေတစ်ခုလုံးကလည်း အလွန်ကောင်းမွန်စွာ ရှိနေသည်။ မည်သည့် ပြဿနာမှ ထူးထူးခြားခြား မရှိလာချေ။

“နှစ်နှစ်”

စာကြည့်ခန်းထဲတွင် ထိုင်နေရင်း နှင်းဆီဧကရီသည် ဆေးပင်စာရင်းများကို စစ်ဆေးလျက် ရှိ၏။ သူမသည် ကုပ်ပိုးကို ပွတ်သပ်ကာဖြင့် ပြတင်းပေါက်မှတဆင့် အပြင်ဘက်သို့ ကြည့်ကာ ပြောလိုက်သည်။ “ငါ့ယောက်ျား ပြန်လာတော့မှာပဲ”

“ဆရာကတော်”

ထိုအချိန်မှာပဲ လီဖေးသည် ပြေးလာပြီး ပျော်ရွှင်စွာ ပြောလိုက်၏။ “ဒုတိယစီနီယာအစ်ကို ပြန်ရောက်လာပြီ”

နှင်းဆီဧကရီသည် ဂိုဏ်းချုပ် ပြန်လာပြီဆိုသညိ့ စကားကို အမှတ်မထင် ကြားလိုက်ရ၏။ ထို့ကြောင့် ပျော်ရွှင်သွားမိသည်။ သို့ပေမဲ့ သိစိတ်ပြန်ကပ်လာသည့် အချိန်မှာတော့ စိတ်ပျက်မှုများသည် သူ၏ မျက်နှာပေါ်တွင် ထင်ဟပ်လာခဲ့၏။

ပြိုင်စံရှားဂိုဏ်း၏ သိုင်းလေ့ကျင့်ရေးကွင်းပြင် …….။

လီချင်းယန်သည် မတ်မတ်ရပ်ပြီးသည့်နောက် သံမဏိအရိုးဂိုဏ်းဟု ရေးသားထားသည့် အဓိကဟောခန်းကြီး အား မော့ကြည့်လိုက်၏။ ပြီးနောက် လက်သီးကို ဆုပ်ကာဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်... တပည့် ပြန်ရောက်လာပါပြီ”

သူ့ထက်ပင် ပိုမိုကာ အရပ်ရှည်နေပြီဖြစ်သော မိုးကြိုးကြံ့သားရဲသည် သူ၏ အနောက်တွင် ရှိနေ၏။ မိုးကြိုးနှင့် လျှပ်စီးဓာတ်များသည် ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ဆူဝေပြီး တစ်ဖြတ်ဖြတ် လင်းလက်နေ၏။ အလျင်စလိုဖြင့် ခရီးတောက်လျှောက် ထွက်လာခဲ့ရသည်ဆိုသောကြောင့် လီချင်းယန်သည် အလွန်တရာ မောပန်းသည့် ခံစားချက် များကို ရရှိနေ၏။ သို့ပေမဲ့ သူ၏ စူးရှသည့် မျက်လုံးထဲတွင်တော့ မိုးကြိုးနှင့် လျှပ်စီးဓာတ်သဘာဝ များသည် အပြည့်အစုံ ထွက်ပေါ်လျက် ရှိနေ၏။

များပြားလှသော တောင်ထွတ်အသီးသီးတွင် ရှိနေသော တပည့်များသည် ထိုအချင်းအရာကို မြင်သည့်အချိန် မှာတော့ ကြိတ်ကာ အံ့အားသင့်မိနေသည်။ “ဒုတိယစီနီယာအစ်ကိုက လွန်ခဲ့တဲ့နှစ်နှစ်ကထက် အကြီးအကျယ် ပြောင်းလဲသွားခဲ့တာပဲ”

“စီနီယာအစ်ကို”

လုံကျိရန်သည် လှမ်းလျှောက်လာပြီးနောက် ပြောလိုက်တော့သည်။ “မိုးကြိုးကြံ့မျိုးနွယ်ဆီကို စီနီယာထွက်ခွာသွားပြီးတဲ့နောက်မှာ ဂိုဏ်းချုပ်ကလည်း ကြီးမြတ်သူတုံးကုနဲ့အတူ လေ့ကျင့်ဖို့ ထွက်ခွာသွားခဲ့တယ်”

“အင်း... ငါသိပြီ”

လီချင်းယန်က ပြောလိုက်၏။ “အဲတာကြောင့် ငါတောင်ပေါ်ကို တက်လာတဲ့အချိန်မှာ တစ်စုံတစ်ခု လိုအပ်နေတယ်လို့ ခံစားနေမိတာကိုး”

ဤကဲ့သို့ တစ်စုံတစ်ခု လိုအပ်နေသည်ဆိုသည်မှာ အားလုံးသိကြသည့်အတိုင်း ကျွင်းချောင်ရှောင်း မရှိပါက ပြိုင်စံရှားဂိုဏ်းသည် အသက်ဝိညာဉ်ကင်းမဲ့နေသလို ခံစားချက်မျိုးပင် ဖြစ်သည်။

“အကြီးဆုံးစီနီယာအစ်မကြီး ပြန်လာပြီ” ရုတ်တရက် တပည့်တစ်ယောက်သည် အဆုတ်ကွဲမတတ် အော်ဟစ်လိုက်၏။

လူများအားလုံး အသာလှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ အလွန်အားကောင်းလှသည့် အအေးဓာတ် သဘာဝများသည် ၎င်းတို့ထံသို့ ကျဆင်းလာသည်ကို သိရှိလိုက်ရသည်။ မူလအားဖြင့် နွေဦးရာသီကဲ့သို့ ခပ်နွေးနွေး ဖြစ်နေသော ရာသီဥတုကြီး တစ်ခုလုံးသည် အေးစက်သည့် ဆောင်းရာသီကြီးတစ်ခုကဲ့သို့ အသွင်ပြောင်းသွားခဲ့သည်။

“ဝါး ဟတ်ချီး ဟတ်ချီး” တပည့်များသည် နှာချေကာဖြင့် တစ်ကိုယ်လုံး တုန်ယင်လာခဲ့သည်။ ရေခဲဖီးနစ်သည် နေရောင်အောက်မှာပဲ တောင်ပံများကိုဖြန့်ကာ တစ်ဖျပ်ဖျပ်နှင့် လှုပ်ခါလျက်ရှိ၏။

ဆွစ်

လုချင်းချင်းသည် မြေပေါ်သို့ ဆင်းသက်လာပြီးသည့်နောက် ပြောလိုက်သည်။ “ဂိုဏ်းချုပ် မရောက်သေးဘူးလား”

သူမသည်လည်း ဂိုဏ်းတွင် တစ်စုံတစ်ခု လိုအပ်နေသည်ကို ချက်ချင်း သတိပြုမိ၏။

လီချင်းယန်သည် အနည်းငယ်ပြောင်းလဲသွားခဲ့၏။ သူသည် ပိုမိုကာ ရင့်ကျက်လာပြီး ပိုမိုကာ တည်ငြိမ်လာခဲ့သည်။

လုချင်းချင်းမှာတော့ အသွင်အပြင်အားဖြင့် ပြောင်းလဲမှုတော့ မရှိခဲ့ချေ။ သို့ပေမဲ့ သူမ၏ မျက်နှာမှာတော့ ယခင်တုန်းကထက် ပိုမိုသည့် အေးစက်မှုများ တည်ရှိနေ၏။

တခြားသော ဂိုဏ်းများသာဆိုလျှင် ဤကဲ့သို့ အေးစက်မှုများကို တနေကုန် ခံယူရမည်ဆိုလျှင် စိတ်မသက်မသာ ခံစားရမှာဖြစ်သည်။ သို့ပေမဲ့ စီနီယာအစ်မကြီး ပြန်လာသည့်အချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် သက်တောင့်သက်သာ ခံစားနေရုံသာမက သူတို့၏ စိတ်ဝိညာဉ်များသည်လည်း ပိုမိုကာ ရှင်းလင်းလာခဲ့သည်။ ထို့အပြင် သူတို့သည် ဤကဲ့သို့သော အအေးဓာတ်နှင့် အသားကျနေပြီးသား မဟုတ်ပါလား။

“ဟား ဟား ဟား ဟား”

ထိုအချိန်မှာပဲ တောင်ခြေဆီမှ ကျယ်လောင်သည့် ရယ်သံကြီး ထွက်ပေါ်လာ၏။ “ကျုပ် ပြန်လာပြီ”

အသံကို နားထောင်ရမည်ဆိုလျှင် ကျိန်းသေပေါက် စုရှောင်မိုပင် ဖြစ်ပေလိမ့်မည်။ ဤလူသည် ပုံမှန်အတိုင်း မလာခဲ့ချေ။ တောင်စောင်းမှတဆင့် ခုန်တက်ပြီး တောင်၏ဂိတ်တံခါးဆီသို့ ခုန်ဝင်လာခဲ့သည်။

“စီနီယာအစ်ကိုစု” လီဖေးသည် ပျော်ရွှင်စွာဖြင့်ပြေးကာကြို၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူသည် နောက်ဘက် လွင့်စင်သွားအောင် ကန်ထုတ်ခြင်းကို ခံခဲ့ရ၏။

စုရှောင်မိုသည် လီဖေးအား ကန်ထုတ်ပြီးသည့်နောက်အဝေးတစ်နေရာတွင်ရပ်နေသော ရှရွှေယွင်အား မေတ္တာသက်ဝင်စွာဖြင့် လှမ်းကြည့်ကာ ပြောလိုက်သည်။ “မိန်းမ... ကျယ်ကျယ်ပြောစမ်း။ ကိုယ့်ကို လွမ်းနေပြီမဟုတ်လား”

နှစ်နှစ်တာ လေ့ကျင့်ခြင်းမှ ပြန်လာပြီးသည့်နောက် သူသည် သူ၏ ချစ်စိတ်များကို အမှန်ပင် ထုတ်ဖော်ပြသလျက် ရှိနေသည်။ ဤအရာသည် ကုန်းရှန့်နှင့် ခြားနားလွန်းလှ၏။

ရှရွှေယွင်သည် နီရဲနေသည့် မျက်နှာဖြင့် ခေါင်းကိုအသာလှည့်ကာ ပြောလိုက်မိသည်။ “ဒီလောက် လူတွေ အများကြီးကို ရှင်မရှက်ဘူးလား”

..........

တောင်၏ ခြေရင်းမှာတော့ လမ်းတလျှောက် လေ့ကျင့်လျက် ရှိနေသည့် ရီရှင်းချန်သည် အသာလမ်းလျှောက် လာခဲ့သည်။ တိုက်ဆိုင်စွာဖြင့် တခြားတစ်ဖက်လမ်းဆီမှ ရောက်ရှိလာသော ရှောင်ကျီနှင့် ဆုံမိတော့သည်။ ၎င်းတို့ နှစ်ယောက်သည် ပေအနည်းခြား မတ်တပ်ရပ်ကာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုကာ ပြုံးလိုက်၏။

“ဂျူနီယာညီလေးရီ ပြန်လာပြီ”

“ဂျူနီယာညီလေးရှောင်လည်း ပြန်လာပြီ”

၎င်းတို့နှစ်ယောက် ဂိုဏ်းဆီသို့ ပြန်လာသည့်အချိန်တွင် များပြားလှသော မွန်းစတားကလန်အသီးသီးသို့ ထွက်ခွာသွားသည့် အတွင်းစည်းတပည့်များ ပြန်လာပြီဟု ဆိုရမည်။

မူလအတိုင်း အေးစက်လျက်ရှိနေသည့် လုချင်းချင်းက လွဲလျှင် လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံး သည် အတော်ပြောင်းလဲသွားကြ၏။ ၎င်းတို့သည် ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်းနည်းစနစ်နှင့် ၎င်းတို့၏ ကျင့်ကြံခြင်းများကို ဖိနှိပ်ထားခဲ့သည်ဆိုသော်လည်း ၎င်းတို့၏ အသွင်အပြင်၊ အမူအရာနှင့် မျက်လုံးများကို ကြည့်ရှုမည်ဆိုလျှင် ပိုမိုကာ အားကောင်းသွားသည်မှာ ထင်ရှားလွန်းလှ၏။ ထို့အပြင် ၎င်းတို့၏ ပဋိညာဉ်သားရဲများ အားလုံးသည်လည်း လိုက်ပါလာခဲ့သည်။

ပြိုင်စံရှားဂိုဏ်း၏ သတင်းသည် အပြင်ဘက် တစ်လောကလုံးဆီသို့ ပျံ့နှံ့နေပြီ ဖြစ်၏။ ခေါ်ဆောင်သွားခဲ့သည့် မွန်းစတားကလန် အသီးသီးတို့သည် ပထမတုန်းက ၎င်းတို့၏ ကလန်သားများနှင့် ပဋိညာဉ်ရေးထိုးထားသည့် ပြိုင်စံရှားဂိုဏ်းတပည့်များကို အမြင်မကြည်ကြချေ။ သို့ပေမဲ့ ၎င်းတို့၏ ကြိုးစားမှု၊ ဇွဲနဘဲများကို မြင်ရပြီးသည့် နောက် နောက်ဆုံးတွင် အသိအမှတ်ပြုလိုက်ကြတော့၏။

လီချင်းယန်၊ ရှောင်ကျီတို့၏ အားအင်အဆင့်သည် တိုးတက်လာခဲ့သလို ၎င်းတို့၏ ပဋိညာဉ်သားရဲ များရဲ့အားအင်အဆင့်ကလည်း တိုးတက်လာခဲ့သည်။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် ၎င်းတို့သခင်များ၏ ကျင့်ကြံခြင်းအဆင့်နှင့် တူညီသည့်အခြေအနေတွင် ရှိနေ၏။ သူတို့၏ မူလကလန်ထဲတွင်သာ ကျင့်ကြံရမည်ဆိုပါက အမြန်နှုန်းသည် ပိုမိုကာ တိုးတက်လာတော့မည် မဟုတ်ချေ။ ထို့ကြောင့် သေသေချာချာ ဆွေးနွေးပြီးသည့်နောက် မွန်းစတားကလန်အသီးသီးမှ အထက်ပိုင်း အကြီးအကဲများသည် နှစ်ဖက်လုံးအား အပြင်ဘက်သို့လွှတ်ကာ ကျင့်ကြံစေမည်ဟု ဆုံးဖြတ်ချက် ချခဲ့သည်။

“ဂိုဏ်းချုပ် ဘယ်ချိန် ပြန်လာမှာလဲ”

“စီနီယာတုံးကုပြောတာတော့ ငရဲခန်းလေ့ကျင့်မှုလုပ်ဖို့ နှစ်နှစ်တိတိ ခေါ်သွားမယ်တဲ့။ ကြည့်ရတာ အချိန်တောင် ကျော်နေပြီ”

ကျွင်းချောင်ရှောင်း မရှိသည့် ပြိုင်စံရှားဂိုဏ်းသည် အသက်ဝိညာဉ် ကင်းမဲ့နေခဲ့သည်။

ရက်အနည်းငယ် ကြာပြီး သည့်နောက် ကောင်းကင်ယံထက်တွင် ကြီးမားလှသည့် အော်ရာကြီး ကျဆင်းလာပြီး တပည့်များအားလုံးသည် တုန်လှုပ်စွာဖြင့် ခေါင်းကို မော့ကြည့်လိုက်သည်။

ပြိုင်စံရှားဂိုဏ်း၏ အဓိကဟောခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ကြည့်ကောင်းလှစွာဖြင့် ထိုင်လျက် ရှိနေသည်။ သူသည် ပျော်ရွှင်စွာဖြင့် သီချင်းအော်ဆိုလျက် ရှိနေ၏။ “မရောက်တာကြာလေ၊ လွမ်းလေ”

ဝေါ့ ဝေါ့ ဝေါ့

All Chapters