← Chapters

အပိုင်း (၁၄၀၇)

Vol. 95 Ch. 1407

အပိုင်း (၁၄၀၇)

Vol. 95 Ch. 1407

ဂုဏ်သရေမြို့ထဲတွင် ပျံသန်းမှုကို တားဆီးထား၏။ သို့ပေမဲ့ အစစ်အမှန်ဂိုဏ်းများအတွက်တော့ ကန့်သတ်မှုဆိုတာ မရှိချေ။ ထို့ကြောင့် ခံစားချက်အစစ်အမှန်ဂိုဏ်းသည် မြို့ထဲသို့ ဝင်ရောက်လာသည့်အချိန်၌ ပျံသန်းနိုင်သည့် ရတနာများကို စီးနင်းကာ ဝင်ရောက်နိုင်ကြသည်။

ထို့ကြောင့် အားလုံးသောသူများသည် မနာလိုဝန်တိုမှုပင် ဖြစ်လာကြ၏။ သို့ပေမဲ့ ဤဂိုဏ်းသည် အနည်းငယ်သာ ပျော်ရွှင်ခဲ့ရ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် ရှိနေသော ဂုဏ်ယူသည့် အမူအရာများသည် ခဏအတွင်း ပျောက်ကွယ်ခဲ့ရ၏။

အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် ဟန်ထုတ်သည့်နေရာတွင် သူများထက် ပိုမိုကာ ထူးကဲလှသူ ဖြစ်၏။ ရွက်သင်္ဘောကြီးကို စီးနင်းရင်း တစ်ခါတည်း တိုက်ရိုက်ဝင်ရောက်လာခဲ့ပြီး အားလုံး၏ အလယ်တွင် ထင်ရှားလျက် ရှိနေသည်။ ခံစားချက်အစစ်အမှန်ဂိုဏ်း၏ အားလုံး၏ အလယ်၌ တောက်ပနေမှုကို အတင်းလုယူခဲ့သည်။

ကျွင်းချောင်ရှောင်းအတွက်တော့ ထိုသို့ ဟန်ထုတ်ဝံ့ကြွားစွာ ဝင်လာချင်းကသာလျှင် အကျိုးရှိမှ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရှေးရွက်သင်္ဘောကြီးကို မောင်းနှင်ရန်အတွက် သူသည် စိတ်ဝိညာဉ်ကျောက်တုံးပေါင်း များစွာ ကုန်ဆုံးခဲ့ရသောကြောင့်ပင်။

ထို့အပြင် ဤရွက်သင်္ဘောကြီး ပျံသန်းလာသည်ဆိုသော အဓိပ္ပာယ်သည် ကြီးမြတ်သူ တုံးကု၏ တိုက်ရိုက်တပည့် ရောက်ရှိလာသည်ဆိုသော အဓိပ္ပာယ်ပင် ဖြစ်တော့၏။

လွန်ခဲ့သည့်နှစ်နှစ်အတွင်း ကျင့်ကြံခြင်းလောကတွင် ပျံ့နှံ့လျက်ရှိနေသည့် သတင်းအချက်အလက်များကို ပူးပေါင်းလိုက်မည်ဆိုလျှင် သိုင်းကျင့်ကြံသူများသည် လှေ၏ပဲ့ဦးတွင် မတ်တပ်ရပ်လျက်ရှိနေသည့် ချောမောလှသော လူငယ်မှာ ပြိုင်စံရှားဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းဖြစ်ကြောင်း သိရှိပြီးဖြစ်သည်။

အဆင့်နိမ့်နယ်မြေတွင် ဂိုဏ်းအား ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းရသည့်အချိန်တွင် ကုန်းရှန့်သည် နတ်စမ်းချောင်းဂိုဏ်းကဲ့သို့သော ထင်ရှားလှသည့် ဂိုဏ်းများကို စိန်ခေါ်ခဲ့ရ၏။ ပြီးသည့်နောက်မှာတော့ တစ်ဆင့်ခြင်း တက်လှမ်းကာ ကြီးမားလှသည့် ဂိုဏ်းကြီးအဖြစ် ရောက်ရှိအောင် ကြိုးစားခဲ့ရ၏။

လက်ရှိအခြေအနေမှာတော့ အထက်နယ်မြေဆီသို့ ရောက်ရှိသည်မှာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးခန့်သာ ရှိသည် ဆိုသော်လည်း ပြိုင်စံရှားဂိုဏ်းဟူသည့် ဂုဏ်သတင်းကို တည်ဆောက်ထားနိုင်ခဲ့ပြီဖြစ်သည်။ တခြားအကြောင်းအရာကြောင့် မဟုတ်ပေ။ သူ၏ဂိုဏ်းနှင့် သူ၏ အားအင်အဆင့်သည် လုံလောက်သည့် အဆင့်တွင် မရှိသေးသော်လည်း ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်နှင့်ဂုဏ်သိက္ခာနှင့် ဆရာတစ်ယောက်ကို ပိုင်ဆိုင်ထားသောကြောင့်ပင်။

ဝှစ် ဝှစ် ……..။

များပြားလှသည့် အလင်းတန်းများသည် မြို့တော်ဝန်အိမ်ရာဆီမှ ပျံသန်းထွက်ခွာလာ၏။ ခေါင်းဆောင်လာသူသည် ဂုဏ်သရေမြို့၏ မြို့တော်ဝန် တောက်ရမ်ယွဲ့ပင်ဖြစ်သည်။ သူသည် လေထဲတွင် မတ်မတ်ရပ်ပြီးသည့်နောက် အလောတကြီးဖြင့် လက်သီးကို ဆုပ်လိုက်သည်။

“ဂိုဏ်းချုပ်ကျွင်း… ဂိုဏ်းချုပ်ကျွင်း ရောက်ရှိလာခဲ့တာ ကျုပ်တို့ နိမ့်ကျတဲ့မြို့လေးကို အလင်းရောင်တွေ တောက်ပစေခဲ့တာပဲ”

“ချီးတဲ့မှ”

သိုင်းကျင့်ကြံသူတစ်ယောက်က အော်လိုက်မိ၏။ “မြို့တော်ဝန်တောင်မှ ကိုယ်တိုင်ကိုယ်ကျ လာပြီး ကြိုဆိုရတာကိုး။ ပြီးတော့ သူက ကြီးမြတ်သူတုံးကုရဲ့ တိုက်ရိုက်တပည့် တစ်ယောက်လေ။ အစစ်အမှန်ဂိုဏ်းတွေထက်စာရင် ပိုပြီးတော့ ဂုဏ်ယူရလောက်တဲ့ ဧည့်သည်တစ်ပါးလို ဆက်ဆံခံရမှာ သေချာတာပေါ့”

ခံစားချက်အစစ်အမှန်ဂိုဏ်းမှ ကျွမ်းကျင်သူများ၏ အမူအရာသည် နဝေတိမ်တောင်နှင့် ဖြစ်လို့နေခဲ့၏။ ၎င်းတို့သည် တကယ့်ကို ကြီးမားခမ်းနားလှသော ဟန်အမူအရာများနှင့် ရောက်ရှိလာခဲ့၏။ သို့ပေမဲ့ မြို့တော်ဝန် သည် ၎င်းတို့အား လျစ်လျှူရှုထားခဲ့သည်။ နှိုင်းယှဉ်ရမည်ဆိုလျှင်လည်း တကယ့်ကို ကွာခြားလွန်းလှ၏။

တခြားသော သိုင်းကျင့်ကြံသူများ၏ အထင်အမြင်သေးမှု၊ ရုတ်တရက် ပေါ်ပေါက်လာမည့် မောက်မာသော သခင်လေးများ၏ အနိုင်ကျင့် ပြောဆိုမှုများ မရှိသောကြောင့် ကုန်းရှန့်သည် တခြားသောသူများအားလုံး၏ လေးလေးနက်နက် ဆက်ဆံခြင်းကို ခံနေရသည်။

“အင်း”

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် မေးလိုက်မိ၏။ “ခင်ဗျား ကျုပ်ကို သိလို့လား”

“………”

စနစ်သည် ဆွံ့အသွားမိ၏။ လက်ခံသူသည်ရွက်သင်္ဘောကြီးကိုထုတ်ပြီး သူ မည်သူဖြစ်ကြောင်း ဟန်ထုတ်ကြွားဝါပြီး ဖြစ်၏။ သို့ပေမဲ့ ဤအရာသည် သူနှင့်မဆိုင်သလိုပင် ဟန်ဆောင်လျက် ရှိနေတော့သည်။ မည်ကဲ့သို့သော လူစားမျိုးဖြစ်သောကြောင့် ဤမျှ အရှက်မဲ့ရလေသနည်း။

မြို့တော်ဝန် တောက်ရမ်ယွဲ့သည် ပြုံးကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက ဂိုဏ်းတစ်ခုလုံးကို ခေါ်ဆောင်ပြီး တော့ အသင်္ချေမိုးကြိုးတစ်သောင်းကပ်ဘေး အစီအရင်ကြီးကို ကျော်ဖြတ်ခဲ့တာလေ။ အထက်နယ်မြေမှာ ဒီလို ကိစ္စမျိုးကို ပြုလုပ်နိုင်တဲ့လူဆိုတာ ဘယ်တုန်းကမှမရှိဖူးဘူးလေ။ ဒီကိစ္စကို ဘယ်သူက မသိရှိဘဲ နေမှာလဲ”

ဤအရာသည် မြှောက်ပင့်ပြောဆိုမှုပင်ဖြစ်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းအကြောင်းကို အရင်ကတည်းက လေ့လာထားခဲ့ပြီးသားဖြစ်ကြောင်း ပြသနေခြင်းလည်း ဖြစ်၏။ တိတိကျကျ ပြောရမည်ဆိုလျှင် ၎င်း၏ဆရာသည် ကြီးမြတ်သူတုံးကု ဖြစ်ကြောင်း သိရှိပြီးသည့်နောက် အားလုံးသောသူများသည် ကုန်းရှန့်၏ အကြောင်းကို စုံစမ်းထားခဲ့ပြီးဖြစ်၏။

“ကံကောင်းတယ်။ ကံကောင်းတယ်” ကျွင်းချောင်ရှောင်းသည် ရွက်သင်္ဘောကြီးအား မြို့၏ အလယ်ခေါင် နေရာဆီသို့ မောင်းနှင်လာပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။

ရွှီး ရွှီး

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ရွက်သင်္ဘောကြီးဆီမှ ခုန်ချ လာ၏။

ထိုအချင်းအရာကိုမြင်တော့ မြို့တော်ဝန်တောက်က မေးလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းအနေနဲ့ ဂိုဏ်းပြိုင်ပွဲကို လာရောက် ယှဉ်ပြိုင်ချင်တာလား”

“မှန်တာပေါ့”

ကျွင်းချောင်ရှောင်းသည် ရွက်သင်္ဘောကြီးအား သူ၏ သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းကာ လက်သီးကို ဆုပ်လိုက်၏။ “ဒါဆိုရင် စာရင်းပေးသွင်းရမယ့် နေရာက ဘယ်နေရာလဲ မေးပါရစေ”

မြို့တော်ဝန်တောက်က ပြုံးကာ ပြောလိုက်သည်။ “ဂိုဏ်းရဲ့ပြိုင်ပွဲက ကျုပ်တို့ ဂုဏ်သရေမြို့က ဦးစီးပြီးတော့ ဆောင်ရွက်တာလေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျုပ်က ဒီမြို့ရဲ့ မြို့တော်ဝန် ဖြစ်နေတာကိုး။ ဒီတော့ ဂိုဏ်းချုပ်ကျွင်း ပြုလုပ်ရမယ့် စာရင်းပေးသွင်းမှု အားလုံးက ကျုပ်ပြုလုပ်ပေးပါ့မယ်”

“အင်း”

ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ထပ်ပြောလိုက်၏။ “ဒါဆိုရင် မြို့တော်ဝန်တောက်ကိုပဲ အကူအညီတောင်းရတော့မယ်။ တောင်းပန်ပါတယ်”

၎င်းတို့နှစ်ယောက်သည် သိဟောင်းကျွမ်းဟောင်းများကဲ့သို့ ပြောဆိုလျက် ရှိနေကြ၏။ အလာပ သလာပ တချို့ကို ပြောဆိုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တစ်ညတာ နားနေရန် စားသောက်ခန်းတစ်ခု သွားရောက် ရှာဖွေရန် ပြောဆိုလိုက်၏။ မြို့တော်ဝန်ရုံးမှ လူများသည် စာရွက်စာတမ်းများကို ယူဆောင်လာကာ စာရင်းပေးသွင်းမှုအားလုံးကို ချက်ချင်းပဲ ပြုလုပ်ပေးခဲ့ကြသည်။

“ဂိုဏ်းချုပ်ကျွင်း”

မြို့တော်ဝန်တောက်သည် အလောတကြီး ရောက်လာတာ ပြောလိုက်၏။ “ခင်ဗျားတို့အတွက် တည်နေရာ တစ်ခုကို စီစဉ်ပေးထားတယ်။ ခင်ဗျားနဲ့ ခင်ဗျားတပည့်တွေ နေလို့ရတယ်။ စိတ်မရှိဘူးဆိုရင် ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ”

“ဘယ်လိုလို့ လက်ခံရမှာလဲ”

ကျွင်းချောင်ရှောင်းသည် ထိုသို့‌ ပြောလိုက်သည်ဆိုသော်လည်း ခန္ဓာကိုယ်မှာတော့ ရိုးသားလွန်းလှချေသည်။ ပါးစပ်က ပြောလိုက်သော်လည်း ခန္ဓာကိုယ်မှာတော့ ကောက်ကောက်ပါအောင် လိုက်ပါ သွားခဲ့သည်။ ငွေကြေးသက်သာရမည့် အရာမျိုးကို မပြုလုပ်ရအောင် သူသည် အရူးမဟုတ်ပေ။

မြို့တော်ဝန်တောက်သည် သူ့အတွက် သီးသန့်ဆန်သော ခြံဝန်းကျယ်ကြီးတစ်ခုကို စီစဉ်ပေးထားသည်။ အထဲတွင် အခန်းများ ပေါပေါများများ တည်ရှိနေပြီး တည်နေရာပတ်ဝန်းကျင်မှာလည်း ကြည့်ရှုလို့ ကောင်းလှ၏။

ဂိုဏ်းပြိုင်ပွဲ အတွက် ပတ်သက်သည့် ကိစ္စရပ်များကို ပြုလုပ်သည့်နေရာတွင် သူသည် မည်သည့်နေရာကိုမှ သွားစရာ မလိုချေ။ မြို့တော်ဝန်ရုံးမှ လူများသည် လာရောက်ကာ ပြုလုပ်ပေးခဲ့ကြသည်။ ဤကဲ့သို့သော ဆက်ဆံမှုမျိုးသည် တခြားသောသူများ မနာလိုချင်စရာပင် ဖြစ်ပေလိမ့်မည်။

“နောက်ခံကောင်းကောင်းရှိရတာ တကယ့်ကို ကောင်းတာပဲ” ခန်းမဆောင်လေးထဲတွင် ထိုင်ရင်း ကျွင်းချောင်ရှောင်း သည် လက်ဖက်ရည်တစ်ခွက်ကို ပျော်ပျော်ရွှင်ရွှင်ဖြင့် သောက်လျက်ရှိ၏။ နောက်ခံကောင်း တစ်ခု တည်ရှိရခြင်းသည် အမှန်ပင် ကောင်းမွန်လှပြီး တစ်ချိန်တည်းမှာပဲ သူ့ကို ရန်ပြုရဲသူလည်း မရှိချေ။ အပြင်ဘက်သို့ လှမ်းလျှောက်၍ ထွက်လိုက်မည် ဆိုလျှင်တောင် တခြားသော သိုင်းကျင့်ကြံသူများသည် အဝေးမှသာ သူ့ကိုလှမ်းကြည့်နေကြ၏။ မည်သည့်သခင်လေးမှသည် သူ့အား လာရောက်ကာ ပြဿနာ မရှာရဲကြချေ။

ရက်အနည်းငယ် ထိုကဲ့သို့ နေထိုင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာ ပြောလိုက်သည်။ “ပျင်းလိုက်တာ”

မည်သူမှသည် ကုန်းရှန့်တစ်ယောက် တောက်ပလာစေရန် အခွင့်အရေးလာမပေးကြချေ။ ထို့ကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနှင့်ပဲ နေ့ရက်တိုင်းကို ဖြတ်သန်းနေရ၏။

နေသည် တောက်ပစွာ ထွန်းလင်းနေပြီး လေများသည်လည်း ညင်သာစွာ တိုက်ခတ်နေသည်။

သိုင်းပြိုင်ပွဲ၏ ဖွင့်ပွဲတည်နေရာကြီးသည် ကျယ်ပြန့်လွန်းလှပြီး သိုင်းကျင့်ကြံသူများအားလုံးသည် အသက်ဝင် လှုပ်ရှားလျက် ရှိနေ၏။

ကျွင်းချောင်ရှောင်းသည် တိုက်ပွဲကို ကြည့်ရှုရန် အကောင်းဆုံးဖြစ်သည့် အထူးတည်နေရာတွင် စီစဉ်ပေးခြင်းကို ခံထားရပြီး တစ်စုံတစ်ယောက်က ဦးဆောင်ကာ ခေါ်ဆောင်လာခဲ့၏။ ထိုနေရာတွင်တော့ များပြားလှသော ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများသည် မတ်မတ်ရပ်လျက် ရှိပြီး လက်သီးကိုဆုပ်ကာ နှုတ်ဆက်နေကြသည်။

“အမ်”

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အရှေ့တွင် ထိုင်လျက်ရှိနေသည့် အဘိုးကြီးတစ်ယောက်ကို သတိပြုလိုက်မိသည်။ အားလုံးသောသူများသည် မတ်တပ်ထကာ ဂါရဝပြုနေသည်ဆိုသော်လည်း တစ်ဖက်လူမှာတော့ ထိုင်လျက် ရှိနေ၏။ သူ့အား ပြဿနာရှာမည့်လူ တည်ရှိနေပြီ မဟုတ်ပါလား။ သူ ကျိန်းသေပေါက်ထွန်းတောက်ရတော့မည်။

သူသည် ပျော်ရွှင်စွာဖြင့်မေးလိုက်မိသည်။ “ခင်ဗျားက …”

အဘိုးကြီးသည် လက်သီးကို ဆုပ်ကာ ပြုံးလိုက်မိ၏။ “ဒီနိမ့်ကျတဲ့လူက ရှောင်ရှင်းဟွမ်လို့ ခေါ်ပါတယ်။ ကျုပ်က ခြေထောက် ဒဏ်ရာရထားတာမို့လို့ မထနိုင်ပါဘူး။ ခွင့်လွှတ်ပေးပါ ဂိုဏ်းချုပ်ကျွင်း”

“.........”.

ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ လဲကျလုမတတ် ဖြစ်နေ၏။ ရှိနေကြသော သူများသည် မတ်တပ်ရပ်ကာ ဂါရဝပြုနေကြသည်မို့ တစ်ယောက်သောသူမှာ သူ့အား ဂရုမစိုက်ဘဲ အထင်အမြင်သေးသည့်လူဖြစ်ကြောင်း တွက်ချက်လိုက်မိ၏။ တကယ်တမ်းမှာတော့ ထိုသူသည် ခြေထောက်နာနေသောကြောင့် မထနိုင်ခြင်းပင်။

........

ပြိုင်ပွဲတည်နေရာ၏ အတွင်းမှာတော့ အဓိကဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများသည် လက်များကို ပွတ်သပ်ကာ ရှိနေကြ၏။ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာသည် တခြားသောဂိုဏ်း၏ အကြီးအကဲများနှင့် ခြားနားလွန်းလှ၏။

ပြိုင်စံရှားဂိုဏ်းသည် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ကို သိသော်လည်း သူတို့သည် တစ်ဖက်သူများအား ကြီးကြီးမားမား သုံးသပ်မထားခဲ့ကြချေ။ အထက်နယ်မြေသို့ ယခုမှ တက်လာသည့်လူများ ဖြစ်သည်မို့ ဂိုဏ်းချုပ်သည် အားကောင်းလွန်းသည့် ဆရာတစ်ယောက်ကို ပိုင်ဆိုင်သည်ကလွဲလျှင် ထူးခြားမှု မရှိချေ။ ထို့အပြင် ဂိုဏ်းပြိုင်ပွဲ ဆိုသည်မှာ ဂိုဏ်းချုပ်၏ ကြီးမားသော နောက်ခံကို ထည့်တွက် စဉ်းစားနေလိမ့်မည် မဟုတ်ချေ။ အစစ်အမှန်အားကောင်းမှုအပေါ်သာ မူတည်နေသည်။

ခံစားချက် ခုနှစ်မျိုး အစစ်အမှန်ဂိုဏ်းသည် ဤတည်နေရာတွင် တည်ရှိနေ၏။ အသက်နှစ်ဆယ်ကျော်ကျော် အစွန်းပိုင်းရှိသော တပည့်တစ်ယောက်သည် ပြုံးကာ ပြောလိုက်၏။ “ဂိုဏ်းပြိုင်ပွဲမှာ အကြီးဆုံးစီနီယာအစ်ကို ကတော့ ကျိန်းသေပေါက် ထိပ်တန်းနေရာကို ရရမယ်”

“အမှန်ပဲ” သူ၏ ရောင်းရင်းတပည့်များကလည်း သဘောတူညီလိုက်ရ၏။ ဤလူများသည် တောနက်ထဲတွင် ရီရှင်းချန်နှင့် တွေ့ဆုံခဲ့သည့်အဖွဲ့ပင်ဖြစ်သည်။

“တခြားသော အစစ်အမှန်ဂိုဏ်းသုံးခုကလည်း သူတို့ရဲ့ ကျွမ်းကျင်သူတွေကို စေလွှတ်လိုက်တယ်တဲ့။ ဒါပေမဲ့ ဂိုဏ်းပြိုင်ပွဲမှာတော့ ငါတို့က ရှိသမျှ အကောင်းဆုံးကို ထုတ်ဖော်ပြီး တိုက်ခိုက်ရမယ်” အကြီးဆုံး စီနီယာအစ်ကိုကြီးသည် လေးလေးနက်နက် ပြောလိုက်၏။ သူ၏ စကားသံတွင် မောက်မာမှုများ မရှိချေ။ သတိအပြည့် ထားရှိမှုများသာ ရှိ၏။

ဤအရာသည် ဝင်ရောက်ယှဉ်ပြိုင်သူများ၏ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ပင် ဖြစ်သည်။

သို့ပေမဲ့ အကြီးဆုံးစီနီယာအစ်ကိုနှင့် သူ၏ ဂိုဏ်းတူ ရောင်းရင်းများသည် မည်သို့မှ စိတ်ကူးမထားသည်မှာ လီချင်းယန်နှင့် ရှောင်ကျီတို့သည် ပြိုင်ပွဲမစခင် သွေးပူလေ့ကျင့်ခန်းကို လုပ်နေသည့်အချိန်မှာတော့ မျက်လုံးများသည် စည်းခတ်ခံထားရခြင်းမှဖြေလွှတ်လိုက်သည့် မွန်းစတားသားရဲများကဲ့သို့ စူးရှ ေ.....................

ပြိုင်ပွဲ၏ စင်မြင့်အတွင်းမှာတော့ ထူးထွေဆန်းပြားသည့် မိန့်ခွန်းကို ပြောဆိုပြီးသည့်နောက် မြို့တော်ဝန်တောက် သည် ကြည်လင်ရှင်းလင်းသည့်အသံဖြင့် ကြေညာလိုက်သည်။ “ဂိုဏ်းအသီးသီးက ဝင်ရောက်ယှဉ်ပြိုင်မယ့် လူတွေကို အပေါ်တက်ကြဖို့ ဖိတ်ခေါ်ပါတယ်”

“နောက်ဆုံးတော့ စပြီပဲ” စုရှောင်မိုသည် မတ်တပ်ထရပ်ပြီးနောက် ပျင်းကြောဆန့်လိုက်၏။ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာ၏။

“သွားကြရအောင်” လုချင်းချင်းသည် အားလုံးကို ဦးဆောင်ပြီး ပြိုင်ပွဲ၏ စင်မြင့်ဆီသို့ လှမ်းလျှောက်လိုက်သည်။

တခြားဂိုဏ်းမှ ပြိုင်ပွဲဝင် အသီးသီးသည်လည်း မတူညီသည့် လမ်းများမှတဆင့် ပြိုင်ပွဲစင်မြင်ဆီသို့ လှမ်းလျှောက်လာကြသည်။ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်းတပည့်များအား လှမ်း၍ ကြည့်ရှုကာ စိတ်ဝင်စားလျက် ရှိနေကြသည်။ ၎င်းတို့နှင့် ပြိုင်စံရှားဂိုဏ်းတပည့်များကြားတွင် မည်သည့်ကွာခြားချက်များ ရှိနေမည်ကို သိရှိချင်နေမိသည်။

“စီနီယာအစ်ကို”

ခံစားချက်ခုနှစ်မျိုး အစစ်အမှန်ဂိုဏ်းမှ တပည့်တစ်ယောက်က ရီရှင်းချန်ကို လက်ညှိုးထိုးကာ အော်လိုက်၏။ “သူပဲ”

အားလုံးသည် လှမ်း၍ ကြည့်ရှုလိုက်၏။ တစ်ဖက်လူ၏ အေးစက်မှုနှင့် မောက်မာသည့် အသွင်အပြင် အမူအရာ များကို မြင်ရသည့်အချိန်မှာတော့ အမြူတေအသွင်ပြောင်းခြင်း ပထမအဆင့် သားရဲအား တစ်စက္ကန့်အတွင်း သတ်ဖြတ်ခဲ့သည့် လူဖြစ်ကြောင်း သိရှိလိုက်မိသည်။

“ဒီကောင်က ပြိုင်စံရှားဂိုဏ်းရဲ့ တပည့် ဖြစ်နေတာကိုး”

ခံစားချက်ခုနှစ်မျိုး အစစ်အမှန်ဂိုဏ်းမှ သိုင်းကျင့်ကြံသူများ၏ မျက်နှာသည် စိတ်ပျက်လက်ပျက် အမူအရာများ ဖြစ်တည်လာသည်။

အကြီးဆုံး စီနီယာအစ်ကိုသည် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်မိသည်။ “ဒီလူရဲ့ အော်ရာတွေက ဘာတစ်ခုမှ ထင်ထင်ရှားရှား မပေါ်လာဘူး ဆိုပေမဲ့ အားအင်အဆင့်ကတော့ မရိုးရှင်းဘူးလို့ ထင်တယ်”

“အမ်” လမ်းပေါ်တွင် လှမ်းလျှောက်လျက်ရှိနေသည့် ရီရှင်းချန်သည် သူ့အား တစ်စုံတစ်ယောက်က စူးစိုက်ကြည့်လျက် ရှိနေသည်ကို ခံစားမိပြီးနောက် ခေါင်းကိုအသာလှည့်ကာ ကြည့်ရှုလိုက်၏။ အနည်းငယ် မျက်မှောင်ကုတ်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ မျက်လုံးထဲတွင် စူးရှတောက်ပသည့် အလင်းတန်းများ ဖြစ်တည်လာ၏။

ထိုအလင်းတန်းများသည် ခံစားချက်ခုနှစ်မျိုး အစစ်အမှန်ဂိုဏ်းမှ ပြိုင်ပွဲဝင်များအားလုံးကို ထိတ်လန့်ကြောက်ရွံ့စွာဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားစေ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် တစ်ဖက်လူများ၏ ဟန်ပန်အမူအရာများ ချက်ချင်းပင် ပျက်ယွင်းသွားစေသည်။

ညအင်ပါယာသည် ဤမျှ အံ့အားသင့်စရာ ကောင်းလွန်းလှ၏။

All Chapters