← Chapters

အပိုင်း (၁၄၀၈)

Vol. 95 Ch. 1408

အပိုင်း (၁၄၀၈)

Vol. 95 Ch. 1408

သားရဲမျိုးနွယ်များ၏ တည်နေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ပြီးသည့်နောက် သူသည် အမှန်ပင် ကြမ်းတမ်းလှသည့် အော်ရာများ စုဖွဲ့လာနိုင်ခဲ့၏။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးတွင်လည်း ထိုသို့သော အော်ရာမျိုး ရှိသည်။ ပိုင်ဆိုင်သည်။ သို့ပေမဲ့ ၎င်းတို့၏ ကိုယ်ဟန်အမူအရာနှင့် အမူအကျင့်အရ ထိုအရာများကို ကောင်းကောင်းဖိနှိပ်ထားနိုင်သည်။

ရီရှင်းချန်မှာတော့ ခြားနားလွန်းလှ၏။ သူသည် အမြဲတမ်း သူ၏ မောက်မာပြီး အေးစက်လှသည့် ဟန်ပန်အမူအရာကို ထိန်းသိမ်းထားသူတစ်ယောက်ဖြစ်၏။ သူ၏ ကြမ်းတမ်းလှသော အော်ရာများကို ဘယ်သောအခါကမှ ဖိနှိပ်ရန် မကြိုးစားခဲ့ချေ။ ထို့ကြောင့် တစ်ချက်ကလေး မျက်မှောင်ကုတ်ကာ ကြည့်ရှုလိုက်သည်နှင့် တစ်ဖက်လူများအားလုံးကို ထိတ်လန့် တုန်လှုပ်စေခဲ့သည်။ ဤကဲ့သို့သော ဟန်ပန်အမူအရာမျိုးသည် တော်ရုံဖြစ်တည်လာခဲ့ခြင်း မဟုတ်ပေ။

အဝေးတစ်နေရာတွင် ရှိနေသော တခြားသောဂိုဏ်းများမှ ပါဝင်ယှဉ်ပြိုင်သူများသည်လည်း တုန်လှုပ်သွားမိ၏။ ၎င်းတို့သည် တိတ်တဆိတ်ကြိတ်ကာ ပြောလိုက်မိ၏။ “တကယ့်ကို ကြမ်းတမ်းတဲ့လူပဲ”

“ငါ့ရဲ့ ဒီတပည့်က နည်းနည်း ကြမ်းတယ်” ရီရှင်းချန်တစ်ယောက် တစ်ချက်ကြည့်လိုက်ရုံဖြင့် တခြားသောသူများ ထိတ်လန့်ကြောက်ရွံ့သွားမည်ဟု ကျွင်းချောင်ရှောင်းက မထင်မှတ်ခဲ့ချေ။

ခံစားချက်ခုနှစ်မျိုး အစစ်အမှန်ဂိုဏ်းမှ စီနီယာအစ်ကိုကြီး၏ မျက်နှာ အမူအရာများသည် ပိုမိုကာ ဝံ့ကြွားလာခဲ့၏။ မွန်းစတားသားရဲများ၏ ကြမ်းတမ်းလှသော အကြည့်များသည် သူ့အားကြီးမားလှသော ဖိအားကို ပေးစွမ်းခဲ့၏။ ထို့ကြောင့် ရွေးချယ်ခွင့်သာရှိမည်ဆိုလျှင် သူသည် တစ်ဖက်လူနှင့် စစချင်း မတွေ့ချင်ပေ။ တိုက်ခိုက်မှု မစတင်ကပင် ကြောက်ရွံ့မှုများ စိမ့်ဝင်နေမိသည်။

တခြားသောဂိုဏ်းမှ သိုင်းကျင့်ကြံသူများသည်လည်း ကြောက်ရွံ့လျက်ရှိ၏။ ဤဂိုဏ်းပြိုင်ပွဲ၏ အကြီးမားဆုံး ပြိုင်ဘက်သည် အစစ်အမှန်ဂိုဏ်းလေးခုမှ တပည့်များ ဖြစ်မည်ဟု ထင်မှတ်ထားခဲ့၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှ ဤတပည့်သည် မထင်မှတ်ဘဲ လမ်းတစ်ဝက်တွင် ပေါ်ပေါက်လာခဲ့၏။

“ပထမအလှည့်မှာ သူနဲ့ မတွေ့ဖို့ ဆုတောင်းရမယ်”

တစ်ယောက်ပြီးတစ်ယောက် တန်းစီပြီးသည့်နောက် ပါဝင်ယှဉ်ပြိုင်သောလူများသည် သားရဲကဲ့သို့လူနှင့် ထိပ်တိုက်ရင်ဆိုင်မတွေ့စေရန် စိတ်ထဲမှာ ကြိတ်ကာ တောင်းဆုပြုနေကြ၏။

“အရင်ဆုံး ကိုယ်ရဲ့ပြိုင်ဘက်ကို မဲနှိုက်ပြီး ဆုံးဖြတ်ကြမယ်” မြို့တော်ဝန်တောက်က ကြေညာလိုက်သည်။

ဂိုဏ်းအသီးသီးမှ ပြိုင်ပွဲဝင်များသည် တစ်ယောက်ပြီးတစ်ယောက် စင်မြင့်ပေါ်သို့ လှမ်းတက်လာကြသည်။ အစီအရင်ဖြင့် ဖန်တီးပြုလုပ်ထားသည့် သေတ္တာကြီးတစ်ခုထဲသို့ လက်နှိုက်ကာဖြင့် ၎င်းနှင့်တိုက်ခိုက်မည့် နံပါတ်များကို ရွေးချယ်တော့၏။

ခဏလောက်ကြာပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းအလှည့် ကျရောက်လာသည်။ လုချင်းချင်း၊ ရှောင်ကျီနှင့် တခြားသောလူများသည် ၎င်းတို့၏ နံပါတ်များကို တစ်ယောက်ပြီး တစ်ယောက် နှိုက်ကြသည်။ ထိုသူတို့ကို တခြားသူများက ဂရုမစိုက်ကြချေ။

ရီရှင်းချန် လှမ်းလျှောက်လာသည့်အချိန်မှာတော့ အားလုံးသည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် လှမ်းကာ ကြည့်ရှုနေကြသည်။ အားညို၏ မျက်လုံးများသည် အစီအရင်ဖြင့် ဖန်တီးထားသော သေတ္တာကြီးရှိရာသို့ စူးစိုက်ကြည့်နေ၏။

“နံပါတ်သုံး” ဒိုင်လူကြီးက အော်ဟစ်လိုက်သည်။

၎င်းတို့၏ နံပါတ်ပြားများကို အမှတ်မထင် ကြည့်လိုက်ပြီးနောက် ယှဉ်ပြိုင်ရမည့်သူမှာ ၎င်းတို့ မဟုတ်ကြောင်း သေချာပြီးသော သိုင်းကျင့်ကြံသူများသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။

နံပါတ်သုံးကတ်ပြားကို ကိုင်ဆောင်ထားသော ဂိုဏ်းတစ်ခု၏ တပည့်မှာတော့ မြေပေါ်သို့ပင် လဲကျသွား၏။ သူ့အား တခြားသော တာဝန်ရှိသူများက အသာဆွဲကာ မ ထားရသည်။

“မဆိုးဘူး။ မဆိုးဘူး”

တပည့်တစ်ယောက်သည် အပြစ်ကင်းစင်ဟန်ပေါ်သော စုရှောင်မိုအား တစ်ချက်လှမ်းကြည့်လိုက်သည်။ ပြီးနောက် စိတ်ထဲမှာ ကြိတ်ကာ ပျော်ရွှင်သွားမိ၏။ “ငါ့ပြိုင်ဘက်က သူကိုး”

ရီရှင်းချန်သည် အလွန်တရာ ကြမ်းတမ်းလွန်းလှ၏။ ထို့ကြောင့် ပါဝင်ယှဉ်ပြိုင်သူများသည် သူ့အား ကြောက်လန့်ကြသည်။ လီချင်းယန်ကဲ့သို့ ရိုးသားပြီး အေးဆေးလှသော ပုံပန်းသွင်ပြင်ကို မြင်ရသည့်အချိန်မှာတော့ သူတို့သည် ခြိမ်းခြောက်နိုင်သော ပုံစံမျိုး မဟုတ်သည်ကို နားလည်ထားကြသည်။

လုချင်းချင်းနှင့် ရင်ဆိုင်ရသည့် ပြိုင်ပွဲဝင်မှာတော့ အလွန်တရာ ပျော်ရွှင်လို့နေသည်။ အားအင်အဆင့်က မည်မျှရှိသည်ကို သေချာ မသိသော်လည်း အလွန်တရာ လှပသည့် နတ်သမီးကဲ့သို့ မိန်းကလေးနှင့် ရင်ဆိုင်တိုက်ခိုက်ရမည်ဟု စဉ်းစားပြီးသည့်နောက် အမှန်ပင် ပျော်ရွှင်လျက် ရှိနေ၏။

“နံပါတ် တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနှစ်၊ ရှစ်၊ ကိုး အားလုံးတို့က မိမိတို့ သက်ဆိုင်ရာ စင်မြင့်ပေါ်ကကို တက်ကြတော့”

ခဏလောက် အနားယူပြီးသည့်နောက် မြို့တော်ဝန်တောက်သည် ကျယ်လောင်စွာ အော်လိုက်သည်။

ရွှီး ရွှီး …..။

ပါဝင်ယှဉ်ပြိုင်သူများသည် စင်မြင့်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လိုက်ကြသည်။ ရီရှင်းချန်မှာတော့ အပြင်ဘက်တွင် ရှိလို့နေသည်။ သူ၏ ပြိုင်ဘက်အား တာဝန်ရှိသူများ အတင်းဆွဲကာ မလာရသည်ကို မြင်ရပြီးသည့်နောက် သူ၏ ပုံမှန်ဂန္တဝင်စကားကိုသာ ပြောဆိုလိုက်၏။ “အမှိုက်”

“ဟင်း”

အထူးတည်နေရာကြီးထဲမှာတော့ ပြိုင်ပွဲဝင်များ၏ အကြီးအကဲများသည် အကူအညီမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလျက် ရှိနေကြသည်။ ဤဂိုဏ်းပြိုင်ပွဲတွင် အစစ်အမှန်အဆင့်ဂိုဏ်းလေးခု ပါဝင်လျက် ရှိနေ၏။ သူတို့သည် ထိုအစစ်အမှန်အဆင့် ဂိုဏ်းလေးခုမှ တပည့်များနှင့် ထိပ်တိုက်ရင်ဆိုင် မတွေ့ချင်ကြပေ။

သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ထိုသူများထက် ပိုမိုကာ ကြမ်းတမ်းသည့် လူတစ်ယောက်က တည်ရှိလို့နေ၏။ ထိုသူနှင့် မတွေ့ရန် ပိုမိုကာ ဆုတောင်းနေမိကြသည်။ ၎င်းတို့သည် ရှုံးနိမ့်မှုကို လက်ခံ၏။ သို့ပေမဲ့ ရှုံးနိမ့်မည်ဆိုပါက ဂုဏ်သိက္ခာရှိရှိ ရှုံးနိမ့်မှုမျိုးကိုသာ မျှော်လင့်နေမိသည်။

“စကြရအောင်” ထိုအချိန်မှာပဲ ဒိုင်လူကြီးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သို့ပေမဲ့ ဒိုင်လူကြီးမှ စအော်အော်ချင်းမှာပဲ ထိတ်လန့်ကြောက်ရွံ့နေသည့် ပြိုင်ပွဲဝင်သည် လက်ကိုမြှောက်ကာဖြင့် ပြောလိုက်သည်။ “ကျုပ် အရှုံးပေးတယ်”

ဘုန်း

ရီရှင်းချန်၏ ကြီးမားသော လက်ဝါးကြီးသည် ထိုသူအား မြေပေါ်သို့ ဖိနှိပ်ရိုက်နှက်လိုက်သည်။ ၎င်း၏ မျက်လုံးများသည် အေးစက်လျက်ရှိသည်။ “မင်းက ယောက်ျား မဟုတ်ဘူးလား။ အဆုံးထိ တိုက်ခိုက်လေ”

သူ၏စကားသည် အမှန်ပင်ဖြစ်၏။

မျက်လုံးထဲတွင် ရှိနေသော ခက်ထန်တင်းမာလွန်းသည့် အကြည့်များသည် ပြိုင်ပွဲဝင်အား အမှန်ပင် ထိတ်လန့်စေခဲ့၏။ မျက်လုံးများ ချာချာလည်ပြီးသည့်နောက် ထိုလူသည် တစ်ကိုယ်လုံး ပျော့ခွေကာဖြင့် မြေပေါ်သို့ လဲကျကာ သတိလစ် မေ့မျောသွားတော့သည်။ စတင်ပြီးပြီးချင်းမှာပဲ အဆုံးသတ်သွားခဲ့သည်။

ပြိုင်ပွဲဝင်နံပါတ်သုံး သတိလစ် မေ့မျောသွားသည်ကို အတည်ပြုပြီးသည့်နောက် ဒိုင်လူကြီးသည် ကြောင်တောင်တောင် အမူအရာဖြင့် အော်ဟစ်လိုက်မိ၏။ “ပြိုင်စံရှားဂိုဏ်း ရီရှင်းချန် နောက်တစ်ဆင့်ကို တက်တယ်”

“............”

ပွဲကြည့်သူများ၏ အမူအရာများသည် နဝေတိမ်တောင်နှင့် ဖြစ်မိလာ၏။ ပထမဆုံးတိုက်ပွဲသည် မြန်မြန်ဆန်ဆန်ဖြင့် အဆုံးသတ်သွားခဲ့သည်။ ၎င်းတို့အနေနှင့် ကွာစေ့တစ်စေ့တောင် ကိုက်၍ မစားရသေးချေ။ မြန်ဆန်လွန်းလှချေသည်။

ဝှစ်

ရီရှင်းချန်သည် သူ၏လက်ကို အသာမြှောက်ပြီးနောက် စင်မြင့်ပေါ်မှ ခုန်ဆင်းလိုက်သည်။ သူ၏ မျက်လုံးထဲတွင်တော့ စိတ်ပျက်နေသည့် အမူအရာများ အထင်းသား ပေါ်ပေါက်နေ၏။

စုရှောင်မိုသည် လက်မထောင်ကာ ပြောလိုက်သည်။ “ဂျူနီယာညီလေးရီက စွန်းမူချန် နှိပ်စက်ရိုက်နှက်ခဲ့တဲ့ လူ မဟုတ်တော့ဘူးပဲ”

ရီရှင်းချန်၏ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းသွား၏။ ဤမျှ ရှက်ရွံ့စရာကောင်းလှသည့် အတိတ်ကို သူသည် မည်သို့ မေ့လျော့နိုင်မည်နည်း။ သို့ပေမဲ့ သူက မမေ့လျော့ဘူးဆိုလျှင်တောင် တစ်ဖက်လူသည် အဘယ့်ကြောင့်သူ့အား လာရောက်ကာ ပြောဆိုနေရသနည်း။

တခြားသော စင်မြင့်သုံးခုတွင်တော့ တိုက်ပွဲများ ဆက်လက်ကာ ဖြစ်တည်နေသည်။

ကျွင်းချောင်ရှောင်း၏ သုံးသပ်ချက်အရဆိုလျှင် ပြိုင်ပွဲဝင် တော်တော်များများသည် သိုင်းနယ်မြေ သို့မဟုတ် သိုင်းနယ်မြေအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြ၏။ ထို့ကြောင့် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ငါဒီလိုမှန်းသိရင် လီထျန်းထျန်းနဲ့ တခြားသူတွေကို ခေါ်ခဲ့ပါတယ်”

.............

တိုက်ပွဲသည် ဆက်လက်ကာ ဖြစ်တည်နေ၏။ ဒုတိယမြောက် စင်မြင့်ပေါ်သို့ သွားရသည့်လူသည် လုချင်းချင်းသာ ဖြစ်၏။ ရှားပါးလှသည့် အမျိုးသမီးပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး အလွန် လှပလွန်းသောကြောင့် သူမအား တခြားသောသူများက စူးစိုက်ကာ ကြည့်ရှုနေ၏။ သို့ပေမဲ့ တိုက်ပွဲစစချင်းမှာပဲ သူမ၏ ပြိုင်ဘက်သည် လွင့်စင်ကာ ရှုံးနိမ့်ခဲ့ရ၏။

“ဟမ်”

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်ကာ ပြောလိုက်ရသည်။ “ငါ့ရဲ့ အကြီးဆုံးတပည့်ကြီးက ရေခဲဖီးနစ်ကလန်ရဲ့ သိုင်းကျင့်ကြံခြင်းနည်းစနစ်တွေကိုပါ သင်ယူခဲ့တဲ့ပုံပဲ”

“ပြိုင်စံရှားဂိုဏ်းရဲ့ လုချင်းချင်း ဒုတိယအဆင့်ကို တက်ရောက်တယ်”

ဒိုင်လူကြီး ကြေညာပြီးနောက် အပူတပြင်း ဆွေးနွေးစရာ ကိစ္စရပ်များ ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့သည် လုချင်းချင်း၏ ပုံပန်းသွင်ပြင်ကိုသာ အာရုံစိုက်ထားခဲ့၏။ သို့ပေမဲ့ မထင်မှတ်လောက်အောင်ပင် သူမသည် အစစ်အမှန်ဂိုဏ်းမှ တပည့်တစ်ယောက်ကို ချက်ချင်းပဲ အနိုင်ယူတိုက်ခိုက်နိုင်သည့် အားအင်မျိုးကို ပိုင်ဆိုင်လို့ နေခဲ့သည်။

ဝှစ် ဝှစ်

စုရှောင်မိုသည် စင်မြင့်ပေါ်သို့ လှမ်းတက်ပြီးသည့်နောက် စမ်းသပ်လိုက်၏။ ပြီးသည့်နောက် အရှေ့သို့ လှမ်းတက်ကာ ရှုပ်ထွေးလှသည့်အရိပ်များ ဖန်တီးကာ ပြေးလွှားတော့သည်။ သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်မည့် သိုင်းကျင့်ကြံသူသည် ထိုအရိပ်များကို လိုက်လံကြည့်ရှုရင်း မူးဝေလာခဲ့သည်။ ပြီးနောက် ၎င်း၏ခေါင်းတွင် ကြယ်တွေ၊ လတွေ ထင်ပေါ်လာပြီး မြေပေါ်သို့ လဲကျကာ သတိလစ် မေ့မျောသွား၏။

“မြန်လိုက်တာ။ ဒီတပည့်ရဲ့ အားအင်အဆင့်ကလည်း မဆိုးဘူးပဲ” အားလုံးသည် တုန်လှုပ်သွားမိသည်။

လီချင်းယန်သည် စင်မြင့်ပေါ်သို့ တက်သွား၏။ သူ၏ တည်ငြိမ်လှသော ကိုယ်အမူအရာကြောင့် တစ်ခြားသော သူများသည် သူ့အား အလေးအနက် မထားခဲ့ပေ။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူသည် တိုက်ပွဲကို အနိုင်ရအောင်တော့ တိုက်ခိုက်ခဲ့၏။ တခြားသောသူများ အံ့အားသင့် ထိတ်လန့်စရာ ဖြစ်အောင်တော့ မပြုလုပ်ခဲ့ချေ။

ဟူး ဟူး

သိုင်းကျင့်ကြံသူများသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ “နောက်ဆုံးတော့ သာမန်လူတစ်ယောက် ရှိသေးတာကိုး”

ယခုမှ အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်သည့် ဂိုဏ်းတစ်ခုအတွက် တပည့်သုံးယောက်သည် ချက်ချင်းပဲ သူတို့၏ ပြိုင်ဘက်များကို အနိုင်ယူခဲ့၏။ ဤအရာမှာ လွန်လွန်းလှချေသည်။ လီချင်းယန်၏ လုပ်ဆောင်နိုင်မှုသည် သာမန်သာ ဖြစ်နေသည်ကိုမြင်တော့ သူတို့သည် အမှန်ပင် စိတ်သက်သာရာ ရမိနေသည်။

ပြိုင်စံရှားဂိုဏ်းအတွက် နောက်ဆုံးစင်မြင့်ပေါ်သို့ တက်ရသည့်လူသည် ရှောင်ကျီပင်ဖြစ်သည်။ ၎င်းသည် သူ၏ ဒုတိယစီနီယာအစ်ကိုကဲ့သို့ သိုသိုသိပ်သိပ် နေထိုင်ချင်သည်ဆိုသော်လည်း သူ့အား နေထိုင်ခွင့် မပေးခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် လက်သီးတစ်ချက် ထိုးရုံဖြင့် တစ်ဖက်လူသည် အဝေးဆုံးဆီသို့ လွင့်စင်သွားသော ကြောင့်ပင်။

“မဖြစ်နိုင်ဘူး”

သူသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ငါ အားနည်းနည်းပဲ သုံးတာပါ”

ထိုသို့ ပြောဆိုပြီးနောက် စင်မြင့်ပေါ်မှ ဆင်းသက်သွားခဲ့၏။ ဤကဲ့သို့သော ဟန်ထုတ်မှုသည် ကုန်းရှန့်ဆီမှ သင်ယူထားခြင်း ဖြစ်ပေလိမ့်မည်။

................

ပထမအလှည့် တိုက်ပွဲများသည် ပြီးဆုံးသွားခဲ့သည်။ ပြိုင်စံရှားဂိုဏ်း တပည့် ငါးယောက်လုံးသည် နောက်တစ်ဆင့်သို့ တက်သွားခဲ့သည်။ အားအင်အဆင့် ဖိနှိပ်ထားသော်လည်း သူတို့သည် ဒုတိယအဆင့်နှင့် တတိယအဆင့် တိုက်ပွဲများကိုလည်း အလုံးစုံ အနိုင်ယူနိုင်ခဲ့ကြ၏။

“မဆိုးဘူး။ မဆိုးဘူး”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ သူသည် ဂိုဏ်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းမှာ ဆုလာဘ်အတွက် ဖြစ်သည်ဆိုသော်လည်း တပည့်များ၏ အားအင်အဆင့်ကို တိုင်းထွာချင်သောကြောင့်ပင်။

လက်ရှိအခြေအနေမှာတော့ ဖြစ်ပေါ်နေသည့်ရလဒ်သည် မဆိုးရွားလှချေ။ ထို့ကြောင့် အလွန်အမင်း ကောင်းမွန်သည်ဟု ခံစားမိနေ၏။

ဂိုဏ်းအသီးသီးမှ အကြီးအကဲများမှာတော့ စိတ်ပျက် အားငယ်နေမိကြသည်။ အနည်းငယ်ဆက်လက် တိုက်ခိုက်ပြီးသည့်နောက် ပြိုင်ပွဲဝင်များသည် ပိုမိုကာ အားကောင်းလာခဲ့သည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း တပည့်များသည် ၎င်းတို့၏ ပြိုင်ဘက်များကို လွယ်လွယ်ကူကူ အနိုင်ရရှိခဲ့သည်။ ပြိုင်စံရှားဂိုဏ်းထဲတွင် အံ့အားသင့်စရာကောင်းလှသူမှာ ရီရှင်းချန် တစ်ယောက်တည်း မဟုတ်ဘဲ တခြားသော လေးယောက်လည်း တည်ရှိနေကြောင်း သူတို့ နက်နက်နဲနဲ နားလည်လာမိကြသည်။

“ပြီးသွားပြီပဲ။ ဒီဂိုဏ်းပြိုင်ပွဲက ပြိုင်စံရှားဂိုဏ်းအတွက်ပဲ ဖြစ်လိမ့်မယ်”

“ပြိုင်ပွဲအစကတည်းကနေပြီး အခုထိ ပြိုင်ဘက်တွေအကုန်လုံးက နင်းချေခံလိုက်ရတယ်”

“လီချင်းယန်ဆိုတဲ့ တပည့်တစ်ယောက်က သာမန်ပုံစံ ပေါ်ပေမယ့် အစစ်အမှန်ဂိုဏ်းက ပြိုင်ပွဲဝင်တစ်ယောက်ကို လွယ်လွယ်ကူကူနဲ့ အနိုင်ယူနိုင်ခဲ့သေးတယ်”

မူလအားဖြင့် ဂိုဏ်း၏တပည့်များကြား တိုက်ခိုက်ကြသည့် ပြိုင်ပွဲတစ်ခုသာဖြစ်သည်။ သို့ပေမဲ့ လီချင်းယန်နှင့် တခြားသူများသည် ၎င်းတို့၏ ခန္ဓာကိုယ်မှ သိုးရေခွံကို ခွာချပြီး ဝံပုလွေ တစ်ကောင်၏ အသွင်အပြင် အမူအရာများကို ထုတ်ဖော်ပြသခဲ့၏။ ထို့ကြောင့် စိတ်လှုပ်ရှားစရာ ကင်းမဲ့သည့် ပြိုင်ပွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့ တော့သည်။

ဟုတ်ပေသည်။ အစစ်အမှန်ဂိုဏ်းများသည် အားကောင်းလှသည့် ပြိုင်ပွဲဝင်များ တည်ရှိနေ၏။ ခံစားချက်ခုနှစ်မျိုး အစစ်အမှန်ဂိုဏ်းမှ အကြီးဆုံးတပည့်ကြီးကဲ့သို့ပင်။

နောက်တစ်လှည့်မှာတော့ ၎င်းသည် ရီရှင်းချန်နှင့် ထိပ်တိုက် ရင်ဆိုင်ရသည်။ “ငါသိသလောက်ဆိုရင် စွေ့ဝူချင်းက သူ့ရဲခံစားချက် သုံးမျိုးကို ဖြတ်တောက်နိုင်ခဲ့ပြီ။ သူ့ရဲ့ အားအင် အဆင့်ကလည်း အမြူတေ အသွင်ပြောင်းလဲခြင်းအဆင့်ကို နီးကပ်နေပြီလေ။ ဒီတော့ ပြိုင်စံရှားဂိုဏ်းရဲ့ အရှိန်အဟုန်ကို ဟန့်တားနိုင်ပြီလို့ ထင်တယ်။ သူမနိုင်ဘူးဆိုရင်တောင်မှ မရှုံးနိုင်ဘူးလို့ ထင်တယ်”

အားလုံးတို့သည် ၎င်းတို့၏ မျှော်လင့်ချက်များအား ခံစားချက်ခုနှစ်မျိုးအစစ်အမှန်ဂိုဏ်းမှ အကြီးဆုံးတပည့်ကြီး ပေါ်သို့ ပုံအပ်ထားခဲ့ကြ၏။

“ခံစားချက်သုံးမျိုးကို ဖြတ်တောက်နိုင်ခဲ့တာလား”

ကျွင်းချောင်ရှောင်းသည် ထိုအချင်းအရာကို ကြားသည်အချိန် မှာတော့ ခေါင်းကို ခါယမ်းလိုက်မိသည်။ “ကိုယ့်ရည်းစားရဲ့ သစ္စာဖောက် နောက်ကျောကို ဓားနဲ့ထိုးခြင်း ခံခဲ့ရတဲ့ ငါ့တပည့်နဲ့ယှဉ်ရင် မင်းတို့က ဘယ်လောက်ထိ အကြင်နာကင်းမဲ့နိုင်မှာမလို့လဲ”

စနစ်သည် မနေနိုင်ဘဲ ထကာ ပြောလိုက်မိသည်။ “မင်း အဲကိစ္စကို ခဏခဏ မပြောလို့ ရနိုင်မလား”

All Chapters