အပိုင်း (၁၄၁၅)
Vol. 95 Ch. 1415
လင်းယွမ်မြို့ ….
ရက်အနည်းငယ်ကြာပြန်လည်ပြင်ဆင်ပြီးနောက် ယွမ်သခင်လေးသည် ဆိုင်၏ ဆိုင်းဘုတ်အဝတွင် ဖုံးလွှမ်းထားသည့် အနီရောင်အဝတ်အား ဖယ်ရှားပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်း၏ ဒုတိယမြောက် စီးပွားရေးလုပ်ငန်း ဖြစ်သည့် ဆေးပင် အရောင်းဆိုင်လုပ်ငန်းအား စတင်ကာ ဖွင့်လှစ်ခဲ့၏။ သာမန်ဆေးပင်များကို ရောင်းချသည်ဆိုသော်လည်း ကောင်းကင် အဆင့်ရတနာများဖြစ်လို့နေသောကြောင့် ဝယ်သူများသည် အမှန်ပင်ကြိုက်နှစ်သက်ကြသည်။
မြို့တော်ဝန်လုနှင့် ၎င်း၏ စီးပွားရေးလက်တွဲဖော်များအားလုံးသည် ဤသတင်းအား ဖြန့်ဝေပေးသည့်အပြင် ဂုဏ်ပြုလက်ဆောင်များကိုလည်း လေးလေးနက်နက်နှင့် လာရောက်ပေးပို့ကြသည်။
“ဖန်းကွေ့ချန်”
ထိုအချိန်မှာပဲ တင်းမာခက်ထန်သည့်အသံတစ်ခုသည် ထွက်ပေါ်လာခဲ့၏။ “ငါ မင်းကို ရှာလိုက်ရတာ ပင်ပန်းလိုက်တာ။”
“ဟမ်”
ဟောခန်းသခင်ဖန်းသည် အသာလှည့်ကာကြည့်ရှုလိုက်၏။ ဆိုင်၏ အပြင်ဘက် လွတ်နေသည့် တည်နေရာတစ်ခု ထဲတွင် အနီရောင်ဆံပင်နှင့် မျက်နှာအား မာဖလာတစ်ခုနှင့် ဖုံးကွယ်ထားသည့် လူတစ်ယောက်သည် ဂုဏ်ယူဝင့်ကြွား စွာဖြင့် မတ်မတ်ရပ်လျက်ရှိနေ၏။ ၎င်း၏ ပြေလျော့လျော့ဖြစ်တည်နေသော အမဲရောင်ဝတ်စုံ၏ အပေါ်တွင် ဆေးဟောခန်းမ ဋ္ဌာနချုပ်ဟု ရေးထိုးထားသည့် စာတမ်းတစ်ခုက တည်ရှိလို့ နေခ၏။ ၎င်း၏ နှုတ်ခမ်းများသည် အသာကော့ တက်လျက် ရှိနေ၏။ မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ဖြစ်တည်နေသည်။
“တုဟုန်ချန်” ထိုအချိန်မှာတော့ ဖန်းကွေ့ချန်သည် ချက်ချင်းပဲ မျက်မှောင်ကုတ်မိသွား၏။
မြို့တော်ဝန်လုနှင့် တစ်ခြားသောသူများသည် ထိုနာမည်ကို ကြားရသည့်အချိန်မှာတော့ ဆွံ့အသွားခဲ့ကြ၏။ ဤထူးဆန်းသည့် ဆံပင်အနီနှင့်လူသည် အမှန်ပင် ဆေးဟောခန်းမဆောင်၏ ဆေးပညာရှင် ၈ ဦးထဲမှ ၁ ဦးဖြစ်လို့နေလေသည်။
ရွှီ
တုဟုန်ချန် သည် အသာလှမ်းလျှောက်လာ၏။ ပြီးသည့်နောက် ဆေးပင်ဆိုင်အား အသာလှမ်းကြည့်ပြီး ခေါင်းကို ခါယမ်းလိုက်၏။ “မင်းက အခုမှ အထက်နယ်မြေဆီကို တက်လာတဲ့ ဂိုဏ်းတစ်ခုဆီကို ဝင်ရောက်သွားတယ်လို့ ငါကြားခဲ့တယ်။ ဒါကောလဟာလတစ်ခုလို့ ငါထင်မှတ်ထားခဲ့တာ။ တကယ်ပဲ မထင်မှတ်ပဲ ဒါအမှန်ကြီးဖြစ်နေတာကိုး။”
ယွမ်သခင်လေးသည်လည်း မျက်မှောင်ကုတ်မိသွား၏။ ဤလူ၏ လေသံကို ကြည့်ရှုရသည်မှာ ဟောခန်းသခင်ဖန် းအား ပြဿနာလာရောက်ရှာဖွေခြင်းနှင့် ဆင်တူနေလေသည်။
“အင်း …. ငါမေ့သွားတယ်။”
တုဟုန်ချန် သည် ခေါင်းကိုကုတ်ကာဖြင့် ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်း ဂိုဏ်းချုပ်ရဲ့ ဆရာက ကြီးမြတ်သူတုံးကုလို့ ပြောတယ်လေ။ သူ့ရဲ့ နောက်ခံက မသေးကွေးဘူးပဲ။”
ဖန်းကွေ့ချန်သည် လေးလေးနက်နက်ဖြင့် ပြန်မေးလိုက်သည်။ “မင်းဘာလို့ ငါ့ကို လာရှာတာလဲ။”
“ဟားဟားဟားဟား”
တုဟုန်ချန်သည် ရယ်မောကာ ပြောလိုက်၏။ “မင်းနဲ့ ငါက ရေနဲ့မီးလိုပဲ မတည့်ဘူးဆိုတာ အထက်နယ်မြေမှာ မသိတဲ့သူမရှိဘူးလေ။ ငါ ဒီနေ့ ဒီကိုလာရတာက ….”
ခဏလောက်ရပ်တန့်ပြီးသည့်နောက် သူသည် အေးစက်သည့် မျက်နှာသွင်ပြင်ဖြင့် ပြောလိုက်သည်။ “ပြဿနာလာရှာတာပေါ့။”
၎င်းတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်စူးစိုက်ကြည့်လိုက်၏။ အခြေအနေတစ်ခုလုံးသည်လည်း အမှန်ပင် တင်းမာလျက်ရှိနေတော့၏။
ရွှီး ရွှီး
မြို့တော်ဝန်လုနှင့် အခြားသောအဓိကမိသားစုများမှ ကျင့်ကြံသူများအားလုံးသည် အမှတ်မထင်နှင့် အနောက်သို့ ဆုတ်လိုက်ကြ၏။ ဆေးပညာရှင် ၈ ဦးတို့တွင် ဤဖန်းကွေ့ချန်နှင့် တုဟုန်ချန်းတို့သည် တစ်ယောက်နှင့်တစ်ယောက် မတည့်ဘူးဆိုသည်ကို အားလုံးက သိရှိပြီးဖြစ်သည်။
အဘယ့်ကြောင့်နည်း။
ကောလဟာလသတင်းများအရဆိုလျှင် ၎င်းတို့နှစ်ယောက်သည် တာအိုပညာရှင် တုယွမ်၏ တပည့်များဖြစ်ကြပြီး ဆေးလုံးတာအိုနှင့်ပတ်သက်၍ အတူတူကျင့်ကြံပညာသင်ကြားခဲ့၏။ သို့ပေမဲ့ တစ်ပြိုင်နက်တည်း မိန်းကလေး တစ်ယောက်ကို ချစ်ခင်ကြပြီး ရန်ဘက်များအဖြစ်သို့ ပြောင်းလဲခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူတို့ချစ်ခင် နှစ်သက်သည့် မိန်းကလေးသည် အခြားတစ်ယောက်နှင့် လက်ထပ်သွားခဲ့၏။
ဤအကြောင်းအရာသည် အစစ်ဖြစ်သည် လား။ အစစ်မဟုတ်သည်လားဆိုသည်ကို သေသေချာချာမသိရှိချေ။ သို့ပေမဲ့ သေချာတာတစ်ခုကတော့တည်ရှိ၏ ဖန်းကွေ့ချန်နှင့် တုဟုန်ချန်းတို့သည် တာအိုပညာရှင် တုယွမ်၏ တပည့်များဖြစ်ကြခြင်းပင်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ နာမည်နောက်တွင်ချန် ဟူသော စာလုံးက တူညီနေသည်မဟုတ်ပါလား။
ယွမ်သခင်လေးသည် ဤပြဿနာမှာ အနည်းငယ်လေးနက်ကြောင်း နားလည်လိုက်မိ၏။ ထို့ကြောင့် လျှို့ဝှက်အသံပို့နည်းစနစ်ကို အသုံးပြုကာ အနီးအနားတွင် ရှိနေသည့် မိုးဆွေအေဝေးတစ်နေရာတွင် တည်ရှိနေကြသည့် ဂိုဏ်း၏ အဖွဲ့ဝင်များသည် အမြန်ဆန်ဆုံးနည်းများနှင့်အတူ ဂိုဏ်းဆီသို့ ပြန်လည်ကာ သတင်းပေးပို့တော့၏။
“ဂိုဏ်းချုပ်”
မကြာခင်မှာပဲ လီလိုရှုသည် အဓိကဟောခန်းထဲသို့ အလျင်စလို လျှောက်ဝင်လာပြီး သတင်းပေးပို့သည်။ “ယွမ်သခင်လေးဆီက သတင်းရတယ်။ ဆေးလုံးဟောခန်းမဆောင်ရဲ့ ဆေးပညာရှင် ၈ ဦးထဲက တုဟုန်ချန်းက ဟောခန်းသခင်ဖန်းကို လာပြီး ပြဿနာရှာနေတယ်လို့ပြောတယ်။”
သူ၏ အထူးတာဝန်ကို မည်ကဲ့သို့ ပြည့်စုံရမည်ဆိုသည်ကို စဉ်းစားလျက်ရှိနေသည့် ကျွင်းချောင်ရှောင်းမှာတော့ အံ့အားသင့်လျက်ရှိနေ၏။ “သူတို့ဆီကို တစ်ယောက်ချင်းဆီသွားပြီး လည်ပတ်ဖို့ စဉ်းစားထားခဲ့တာလေ။ သူတို့က လာတွေ့မယ်လို့ မထင်မှတ် မိဘူး။”
ဆွစ်
သက်တန့်ရောင်အလင်းတန်းများသည် ကောင်းကင်ယံအထက်တွင် လွှင့်ပျံ့သွားသည်။
……..
လင်းယွမ်မြို့၏ အနောက်ဘက်
ဖန်းကွေ့ချန်နှင့်တုဟုန်ချန် တို့သည်သာ အသစ်ဖွင့်လှစ်ထားသည့် ဆေးဆိုင်၏ရှေ့တွင် ကျန်ရှိခဲ့၏။ ၎င်းတို့နှစ်ယောက် သည် တစ်ယောက်နှင့်တစ်ယောက် စူးစိုက်ကြည့်ရှုနေပြီး ၎င်းတို့ခန္ဓာကိုယ်ဆီမှ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ပိုမိုတင်းကြပ်စွာဖြင့် ဖြစ်တည်နေ၏။
“ခင်ဗျားတို့နှစ်ယောက်။”
မြို့တော်ဝန်လုသည် အားပျက်စွာဖြင့် ပြောလိုက်သည်။ “ဒီလိုမြို့ငယ်လေးထဲမှာ တိုက်ခိုက်ခြင်းကို တားမြစ်ထားပါတယ်။”
“ထွက်သွားစမ်း။”
ဖန်းကွေ့ချန်နှင့် တုဟုန်ချန် တို့သည် သံပြိုင်ဆိုသလို အော်ဟစ်လိုက်၏။
“နှုတ်ဆက်ပါတယ်။”
မြို့တော်ဝန်လုသည် အမှန်ပင် ပျောက်ကွယ်သွားခဲ့၏။ မျက်စိတစ်မှိတ်အတွင်း သူသည် မြို့တော်ဝန်အိမ်ရာ၏ ဧည့်ခန်းတွင် ထိုင်ကာ ရေနွေးသောက်လျက်ရှိနေတော့သည်။
“တူညီတဲ့ စည်းမျဉ်းစည်းကမ်းအဟောင်းတွေအတိုင်းပဲ။” တုဟုန်ချန်းသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
“ပုံမှန်အတိုင်းပဲ ယှဉ်ပြိုင်ကြရအောင်။ ရှုံးတဲ့လူက ဒူးထောက်ကြေး။”
“…….”
အဝေးတစ်နေရာတွင် မတ်တပ်ရပ်လျက်ရှိနေသည့် ကျင့်ကြံသူများသည် နှုတ်ခမ်းထောင့်များ တဆတ်ဆတ်နှင့် တုန်ယင်သွားကြ၏။ ဤဆေးပညာရှင်နှစ်ယောက်တို့သည် အလွန်လေးစားခံရသည့် ဂုဏ်ကျက်သရေကို ပိုင်ဆိုင်သည့် လူများလည်းဖြစ်သည်။ ရှုံးနိမ့်ပြီးသည့်နောက် ဒူးထောက်ရခြင်းဆိုသည်မှာ တစ်ဖက်လူ၏ ဂုဏ်သိက္ခာတရားကို နင်းချေခြင်းနှင့်ပင် ဆင်တူသည်။
ဖန်းကွေ့ချန်သည် ထိုအရာကို သဘောတူညီရန် ပြင်ဆင်လိုက်၏။
“ဟောခန်းသခင်ဖန်း”
ထိုအချိန်မှာပဲ ယွမ်သခင်လေးက အသံပို့လွှတ်လိုက်သည်။ “ဂိုဏ်းချုပ် လာနေပြီ။ သူ့ကို အချိန်ဆွဲထားလိုက်။”
………
ဖန်းကွေ့ချန်သည် အလျင်အမြန်ပဲ သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်လိုက်၏။ “ကျုပ်က လက်ရှိမှာ ဆေးဆိုင်နဲ့ပတ်သက်ပြီးတော့ လုပ်ငန်းတွေ ပြုလုပ်နေရတာ။ ဒါကြောင့် ခန္ဓာကိုယ်နဲ့ စိတ်ပိုင်း ဆိုင်ရာအရ အရမ်းကို မောပန်းနေတယ်။ တကယ်လို့ ခင်ဗျား ယှဉ်ပြိုင်ချင်တယ်ဆိုရင် ကျုပ်ရဲ့ အခြေအနေ အကောင်းဆုံး ဖြစ်တဲ့အထိ စောင့်နေလိုက်။”
၎င်းတို့နှစ်ယောက်သည် တာအိုပညာရှင် တုယွမ်၏ တပည့်များဖြစ်ကြ၏။ ထို့ကြောင့် ပြိုင်ဆိုင်မှုဟု ပြောဆိုရမည်ဆို လျှင် ဆေးပညာကိုသာ ပြောဆိုရမှာဖြစ်၏။
ကျွတ်
တုဟုန်ချန်းသည် နှာခေါင်းရှုံ့လိုက်သည်။ “မင်းဆေးလုံးဖော်စပ်တာကို ငါ အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့တယ်။ အရည်အသွေးက ကောင်းတယ်ဆိုပေမဲ့ ဆေးလုံး ဖော်စပ်တဲ့ နည်းလမ်းက သာမန်ပဲလေ။ မင်းအနေနဲ့ ခန္ဓာကိုယ်နဲ့ စိတ်တွေ မောပန်းနေတယ်ဆိုတော့ ဒီလောက် နှစ်တွေ ကြာပြီးတဲ့နောက်မှာ မတိုးတက်လာဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။”
“တဖြည်းဖြည်းနဲ့ ပို ပိုပြီး ဆိုးလာပြီပဲ။”
ဤလူ၏ စကားများသည် အမှန်ပင် ဘောင်ကျော်လွန်းလှ၏။ ယခင်တုန်းကသာဆိုလျှင် ဖန်းကွေ့ချန်သည် ကျိန်းသေပေါက် သည်းခံလိမ့်မည်မဟုတ်ချေ။ သို့ပေမဲ့ ဂိုဏ်းချုပ်၏ အမိန့်ကို ရရှိပြီးသည့်နောက် သူသည် ဒေါသတရား ကို ဖိနှိပ်ကာဖြင့် နှာခေါင်းရှုံ့လိုက်၏။ “တိုးတက်တာတွေ။ မတိုးတက်တာတွေက ယှဉ်ပြိုင်ကြည့်ပြီးမှ သိမှာပေါ့။”
“ဒါဆိုရင် မင်းအနေနဲ့ ပြန်ပြီးအားကောင်းလာဖို့ ဘယ်နှစ်ရက်လောက် စောင့်ရမလဲ။”
“၃ ရက်”
“ကောင်းပြီ။”
တုဟုန်ချန် သည် သူ၏ အင်္ကျီလက်ကို ယမ်းခါကာဖြင့် ထွက်ခွာသွား၏။ “၃ ရက်ကြာပြီးရင် မင်းနဲ့ ငါနဲ့ ယှဉ်ပြိုင်ကြတာပေါ့။”
ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးနောက် ယွမ်သခင်လေးသည် မနေနိုင်ဘဲ မေးလိုက်သည်။ “ဟောခန်းသခင်ဖန်း ….. ခင်ဗျားတို့ကြားထဲမှာ ဘယ်လိုရန်ငြိုးမျိုးတွေ ရှိနေလို့လဲ။”
“အင်း”
ဖန်းကွေ့ချန်သည် ခေါင်းကို ခါယမ်းကာပြောလိုက်၏။ “ဒါက အတိတ်က ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေလေ။ အခု မပြောဘဲ နေကြရအောင်။”
……….
၃ ရက်ကြာမြင့်ပြီးသည့်နောက် သက်တန့်အလင်းတောင်ပံ၏ အကူအညီကြောင့် ကျွင်းချောင်ရှောင်းသည် မနက် စောစောစီးစီးမှာပဲ လင်းယွမ်မြို့ဆီသို့ ရောက်ရှိလာ၏။ ပြီးသည့်နောက် မေးလိုက်သည်။ “အနိုင်ရဖို့အခွင့်အရေး ခင်ဗျားဆီမှာ ရှိလား။”
“အင်း ... ၅၀ - ၅၀ ပါပဲ။”
ဖန်းကွေ့ချန်သည် ဝင့်ကြွားစွာပဲ ပြောလိုက်၏။ “ဒါပေမဲ့ အခု သူ့ကို လွယ်လွယ်ကူကူနဲ့ အနိုင်ရနိုင်မယ်လို့ ထင်တယ်။”
ဆေးဟောခန်းမဆောင်တွင် ၎င်းတို့နှစ်ယောက်၏ အားအင်အဆင့်သည် တူညီသည့် အဆင့်တွင် တည်ရှိနေ၏။ ၎င်းတို့သည် အကြိမ်ပေါင်းရာချီ၊ နှစ်ပေါင်းရာချီ ယှဉ်ပြိုင်ခဲ့ပြီးပြီဖြစ်သော်လည်း မည်သူကမျှ အနိုင်မရရှိခဲ့ချေ။
သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ကွာခြားနေပြီဖြစ်၏။ အရိပ်တစ်ထောင်နည်းစနစ်ကို ကျင့်ကြံခဲ့သည့် ဟောခန်း သခင်ဖန်းသည် သူများထက် ၂ဆပိုမိုကာ နားလည်လာပြီး ဆေးပညာနှင့်ပတ်သက်သည့် နားလည်မှုသည် တုဟုန်ချန် ထက် ပိုမိုကောင်းမွန်သည့် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့၏။
“ဒါဆိုရင်ကောင်းတယ်။”
ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာရမိသွား၏။ ပြီးသည့်နောက် သူသည် မြန်မြန်ဆန်ဆန်ပဲ အစီအစဉ်တစ်ခုကို ချမှတ်လိုက်၏။
……….
မနက်ခင်မှာတော့ များပြားလှသည့် ကျင့်ကြံသူများသည် ဆေးဆိုင်၏ အပြင်ဘက်တွင် စုဝေးလျက်ရှိနေ၏။ ဆေးဟောခန်းမဆောင်၏ ထိပ်တန်းပညာရှင်နှစ်ယောက်တို့သည် ယှဉ်ပြိုင်ပွဲပြုလုပ်တော့မှာဖြစ်သည်။ ထို့ကြောင့် ဤအခွင့်အရေးကို သူတို့သည် လက်မလွှတ်ချင်ကြပေ။
တုဟုန်ချန် သည် ထုံးစံအတိုင်း ရောက်ရှိလာခဲ့၏။ “ကျုပ် ဆရာကြီးတု ရဲ့ နာမည်ကို ကြားဖူးတာတော့ကြာပြီ။ ဒီနေ့မှပဲ လူကိုယ်တိုင် တွေ့ရတော့တယ်။ ခင်ဗျားက တကယ့်ကို ဂုဏ်သိက္ခာနဲ့ အသက်ရှင်နေထိုင်ခဲ့တဲ့ လူတစ်ယောက်ကိုး။”
ဆေးဆိုင်ရှေ့တွင် မတ်တပ်ရပ်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာဖြင့် ပြုံးလိုက်သည်။
“ခင်ဗျားက”
“ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ။”
“အင်း”
တုဟုန်ချန်းက ပြောလိုက်သည်။ “ဒါဆိုရင် ကြီးမြတ်သူတုံးကုရဲ့ တိုက်ရိုက်တပည့်ပေါ့။”
ကျွင်းချောင်ရှောင်းသည်မျက်မှောင်ကုတ်လိုက်မိ၏။
“ဂိုဏ်းချုပ်”
ဖန်းကွေ့ချန် သည် အသံပို့လွှတ်လိုက်သည်။ “ကျုပ်ရဲ့ ဂျူနီယာညီလေးက တကယ့်ကို အပြောအဆို ဆိုးတယ်လေ။ ဒီတော့ သူနဲ့ နှိမ့်ချပြီးတော့ စိတ်ဆိုးမနေပါနဲ့။”
“ဂိုဏ်းချုပ်ကျွင်း”
တုဟုန်ချန်းက ပြောလိုက်၏။ “ခင်ဗျားက ဖန်းကွေ့ချန်းကို တပည့်အဖြစ်တောင် ခေါ်ယူနိုင်တယ်ဆိုတော့ ဆေးပညာနဲ့ပတ်သက်ပြီး ပါရမီရှင်ဖြစ်လိမ့်မယ်။ ဟုတ်လား။”
“မဟုတ်ပါဘူး။ မဟုတ်ပါဘူး။”
“ဒါဆိုရင် ခင်ဗျားနဲ့ ကျုပ်နဲ့ ဘာလို့ မယှဉ်ပြိုင်ရမှာလဲ။”
“……….”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင်တော့ အံ့အားသင့်သည့် အရိပ်အယောင်များဖြစ်တည်လာခဲ့သည်။
“ဟား ဟား ဟား ဟားဟား” စနစ်သည် မနေနိုင်ဘဲ ထကာ ရယ်မောလိုက်၏။
သိုင်းတာအိုအရပြောမယ်ဆိုရင် လက်ခံသူသည် အမှန်ပင် အားကောင်းလွန်းလှ၏။ သို့ပေမဲ့ ဆေးပညာနှင့် ပတ်သက်လျှင် ဘာတစ်ခုမှ မသိရှိချေ။ ၎င်းအား စိန်ခေါ်ခြင်းဆိုသည်မှာ သုံးနှစ်သားကလေးကို စိန်ခေါ်ခြင်းနှင့်ပင် ဆင်တူသည်။
“တုဟုန်ချန်”
ဖန်းကွေ့ချန်သည် အေးစက်စွာဖြင့် ပြောလိုက်၏။ “မင်းရဲ့ ပြိုင်ဘက်က ငါပဲ။”
တုဟုန်ချန်းသည် ခေါင်းကို ခါယမ်းကာပြောလိုက်သည်။ “မင်းနဲ့ငါက အကြိမ်ပေါင်း ၈၀၀ လောက်ယှဉ်ပြိုင်ခဲ့ပြီးပြီ။ ဒါပေမဲ့ အနိုင်အရှုံးပေါ်မလာခဲ့ဘူးလေ။ ဒီတော့ မင်းအစား မင်းတို့ ဂိုဏ်းချုပ်က ဝင်ပြီးယှဉ်ပြိုင်တာ ပိုမကောင်းဘူးလား။”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ကြိတ်ကာ ရေရွတ်လိုက်မိ၏။ သူသည် သိုင်းတာအို၊ ဓားတာအို၊ အစီအရင်တာအို စသည့်အရာများတွင် ကြီးမားသည့် နားလည်မှုကို ရရှိထား၏။ သို့ပေမဲ့ ဆေးလုံးနှင့်ပတ်သက်သည့် ပင်ကိုယ်စွမ်းရည်မျိုးကိုတော့ တစ်ခါမှ မထုတ်သုံးခဲ့ချေ။
ထို့အပြင် သူ့၌ ဆေးလုံးဟောခန်းမဆောင်တည်ရှိနေသောကြောင့် ခလုတ် တစ်ချက်နှိပ်ရုံနှင့် ဆေးလုံးများကို ဖန်တီးနိုင်သူမဟုတ်ပါလား။ အဘယ့်ကြောင့် အပင်ပန်းခံ၍ ဆေးလုံးပညာကို လေ့လာရမည်နည်း။
“ဒင် … သီးခြားတာဝန်အသက်ဝင်…”
…….
ဤတာဝန်သည် ဆေးလုံးနှင့် ပတ်သက်နေသည့် အရာပင် ဖြစ်ပေလိမ့်မည်။ ကျွင်းချောင်ရှောင်းသည် စနစ်အား ဖွင့်ကာ ကြည့်ရှုလိုက်သည့်နောက် တုဟုန်ချန် အား အနိုင်ယူရန် ဆိုသည့် စကားလုံးကို မြင်လိုက်ရ၏။
သူသည် စိတ်ထဲတွင် ကြိတ်ကာ ဆဲဆိုလိုက်မိတော့သည် “ချီး ….”