← Chapters

အပိုင်း (၁၄၁၆)

Vol. 95 Ch. 1416

အပိုင်း (၁၄၁၆)

Vol. 95 Ch. 1416

ဆေးလုံးဖော်စပ်မှုအကြောင်းကို ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် တစ်ခု၊ နှစ်ခုလောက်ကိုသာ သိရှိ၏။ ထို့ကြောင့် ချီစုစည်းခြင်းဆေးလုံးလောက်ကို ဖော်စပ်ရန်ဆိုသည်မှာ ပြဿနာ မရှိချေ။ သို့ပေမဲ့ သူသည် ဆေးလုံး ခန်းမဆောင်ကိုသာ အစဉ်အမှီအခို ပြုခဲ့သည်ဖြစ်သောကြောင့် ဆေးလုံးနှင့်ပတ်သက်သည့် တခြားအရာများကို လေ့လာလိုက်စားခဲ့ခြင်း မရှိပေ။

ထို့ကြောင့် ကျွမ်းကျင်လွန်းလှပါသည်ဆိုသော တုဟုန်ချန်နှင့် နှိုင်းယှဉ်ရမည် ဆိုလျှင် ကြီးမားသည့် ကွာခြားချက်ကြီးက တည်ရှိနေ၏။ တကယ်တမ်း ယှဉ်ပြိုင်ချင်သည်ဆိုပါက ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားမှာ သေချာသည်။

“မဖြစ်ဘူး။ မဖြစ်ဘူး။ ငါက ဂိုဏ်းချုပ်တစ်ယောက်လေ။ ဒီလိုမျိုး လက်လွှတ်စပယ် ဘယ်လိုလုပ်လို့ ရမှာလဲ”

ကျွင်းချောင်ရှောင်း အနေဖြင့် ငြင်းပယ်ရန် ပြင်လိုက်သည့်အချိန်မှာပဲ သီးခြားတာဝန်သည် ပေါ်ပေါက်လာခဲ့သည်။ ပါဝင်သည့် အကြောင်းအရာကို ကြည့်ရှုရမည်ဆိုလျှင် သူ၏ စွမ်းဆောင်ရည်အထက် တည်ရှိနေသော အရာကိစ္စ တစ်ခုကို ပြုလုပ်ရမည့်ပုံပင်။

“တုဟုန်ချန်”

ဖန်းကွေ့ချန်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “မင်းက ငါတို့ဂိုဏ်းချုပ်ကို စိန်ခေါ်နိုင်ဖို့ အရည်အချင်း မရှိဘူး”

သူသိသလောက်ဆိုရင် ကျွင်းချောင်ရှောင်းသည် ဆေးလုံးအကြောင်းကို သိရှိရုံတင်မက အလွန်လည်း ကျွမ်းကျင် လှသည် ဆိုခြင်းပင်။ ဥပမာအားဖြင့် ပထမအသွင်ပြောင်းလဲခြင်း ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးဆိုသည်မှာ ကံကြမ္မာအလှည့်အပြောင်းကိုပင် ဖြစ်ပွားစေနိုင်သည့် ဆေးလုံးမျိုးပင် ဖြစ်တော့သည်။ အတိုင်းအတာတို အတွင်း သူသည် အရိပ်တစ်ထောင် နည်းစနစ်ကို ကျင့်ကြံခဲ့၏။ ထို့ကြောင့်သူ၏ ဆေးပညာနှင့်ပတ်သက်သည့်တ တာအိုသည် ပိုမိုကာ တိုးတက်သွားခဲ့တော့၏။ ထို့ကြောင့် ဂိုဏ်းချုပ်သာ ဆိုပါက တစ်ဖက်လူကို လွယ်လွယ်ကူကူ နှင့် အနိုင်ရရှိမည်ဟု ထင်မှတ်ခဲ့သည်။

“ဟောခန်းသခင်ဖန်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီဆေးပညာရှင်က ကျုပ်နဲ့ ယှဉ်ပြိုင်ချင်တယ် ဆိုမှတော့ သူ့ကို စိတ်ချမ်းသာအောင် ထားမှပေါ့။ တားဆီးမနေပါနဲ့တော့”

ချီးတဲ့မှ …. တာဝန်က ဖြစ်ပေါ်လာပြီဆိုမှတော့ သူ့အနေနှင့် အဘယ်သို့ မတိုက်ခိုက်ပဲ နေရတော့မည်နည်း။

“ကောင်းပြီ” ဖန်းကွေ့ချန်သည် တုဟုန်ချန်အား စာနာသနားသလို ကြည့်ရှုလိုက်၏။ အရာအားလုံးကို တိုးတက် စေနိုင်သည့် ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံးကိုပင် သန့်စင်နိုင်သည့် ဂိုဏ်းချုပ်သည် ဆေးပညာတွင် မြင့်မားသည့် စွမ်းဆောင်ရည်မျိုး တည်ရှိနေမှာ သေချာ၏။ တစ်ဖက်လူသည် ဆိုးဆိုးရွားရွား ရှုံးနိမ့်တော့မှာ သေချာသည်။

ထိုအချင်းအရာနှင့်ပတ်သက်လျှင် ယွမ်သခင်လေးကလည်း သဘောတူညီမိ၏။ ဂိုဏ်းချုပ်သည် ဆေးလုံး ဖော်စပ် သည်ကို ဂိုဏ်းထဲတွင်ရှိသောလူများ တစ်ခါမှ မမြင်ဖူးကြသည်ဆိုသော်လည်း ဂိုဏ်းချုပ်၏ ဆေးလုံးနှင့် ပတ်သက် သည့် ဗဟုသုတနှင့် လုပ်ဆောင်နိုင်စွမ်းသည် အလွန်အားကောင်းနေသည်ဟု အားလုံးက ယုံကြည်ကြ၏။ ထို့အပြင် သူတို့ စားသုံးလျက်ရှိနေသည့် များပြားလှသည့် ဆေးလုံးများ အားလုံးသည် ဂိုဏ်းချုပ်ဖန်တီးထားသည့် ဆေးလုံး များ ဖြစ်နေသည် မဟုတ်ပါလား။

အချက်အလက်အရ ပြိုင်ဆိုင်ရန် သဘောတူညီလိုက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာတော့ စိုးရွံ့လျက် ရှိနေသည်။ တစ်ဖက်လူအား မည်ကဲ့သို့ အနိုင်ရအောင် ပြုလုပ်ရမည်နည်း။ သူ့အနေနှင့် လက်ရှိအချိန်မှ ဗုဒ္ဓ၏ ခြေတော်ရင်းသို့ ဝပ်ဆင်း၍ ဆုတောင်းခြင်းကို ပြုလုပ်ရမည်ဆိုလျှင်ပင် နောက်ကျသွားပြီ ဖြစ်၏။

“ကောင်းပြီ။ ပထမဦးဆုံး ငါဆေးလုံးသန့်စင်ချင်ယောင်ဆောင်လိုက်မယ်။ ပြီးရင် ဆေးလုံးခန်းမဆောင်ထဲက ဆေးလုံးကို တိတ်တဆိတ်နဲ့ ထုတ်ယူလိုက်မယ်”

စနစ်သည် ဆွံအသွားမိ၏။ “ဒါ မင်းလိမ်နေတာပဲ”

“တာဝန်က မလိမ်ရဘူးဆိုတာ မပါဘူးလေ။ တစ်ဖက်လူကို အနိုင်ရရင် ပြီးပြီ မဟုတ်လား” ကျွင်းချောင်ရှောင်း သည် အရှက်မဲ့စွာဖြင့် ပြောဆိုလိုက်သည်။

ရွှီး

ထိုအချိန်မှာပဲ တုဟုန်ချန်သည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ဆေးအိုးတစ်ခုကို ထုတ်ယူလိုက်၏။ ပြီးနောက် လမ်းပေါ်တွင်တင်ကာ ပြောလိုက်တော့၏။ “နေရာမရွေးဘူး။ ဒီမှာပဲ ယှဉ်ပြိုင်ကြတာပေါ့”

သိုင်းပညာ ယှဉ်ပြိုင်ခြင်းသည် စင်မြင့်များ လိုအပ်၏။ သို့ပေမဲ့ ဆေးပညာယှဉ်ပြိုင်ခြင်းမှာတော့ ပြဿနာ မများလှချေ။ တည်နေရာလွတ်တစ်ခု တည်ရှိနေရန်သာ လိုအပ်သည်။

“ဂိုဏ်းချုပ်ကျွင်း”

တုဟုန်ချန်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ခင်ဗျားရဲ့ ဆေးအိုးကို ထုတ်ပါတော့”

ယွမ်သခင်လေးနှင့် ဖန်းကွေ့ချန်တို့သည်လည်း ထိုအရာကို မျှော်လင့်နေမိကြ၏။ ဆေးအိုးဆိုသည်မှာ သိုင်းပညာရှင်များ၏ လက်နက်များနှင့်ပင် ဆင်တူလှ၏။ တန်ဖိုးကြီးရတနာလည်း ဖြစ်လို့နေသည်။ ထို့ကြောင့် ၎င်းတို့နှစ်ယောက်သည် ဂိုဏ်းချုပ်၏ ဆေးလုံးသန့်စင်သည့် ဆေးမီးဖိုသည် မည်သည့်အဆင့် ရှိသနည်းကို သိရှိချင်မိ၏။

ကုန်းရှန့်သည်လည်း အနည်းငယ် ရှက်ရွံနေခဲ့သည်။ လွန်ခဲ့သည့်နှစ်နှစ်တုန်းက သူသည် တပည့်များအား ဆေးလုံးများ ပေးအပ်ခဲ့သည် ဖြစ်သော်လည်း သူ့၌ မည်သည့်ဆေးအိုးမှ မရှိချေ။ သို့ပေမဲ့ ဤအရာသည် ပြဿနာကြီး မဟုတ်ပေ။ သူသည် အဆုံးသတ်အထိ လိမ်လည်ပြီး တစ်စုံတစ်ခုနှင့် အစားထိုးနိုင်စွမ်း ရှိနေသည်။

ရွှီး …….။

ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါလိုက်၏။ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသည့် ဖုန်စုပ်စက်ကြီးသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့သည်။ သူသည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ပြောလိုက်သည်။ “ဒါက ကျုပ်ရဲ့ ဆေးမီးဖိုပဲ”

ဖန်းကွေ့ချန်နှင့် တုဟုန်ချန်တို့သည် ဆွံ့အသွားမိ၏။ ၎င်းတို့နှစ်ယောက်သည် နှစ်ပေါင်းများစွာ ဆေးပညာကို လေ့လာခဲ့ကြ၏။ သို့ပေမဲ့ ဤကဲ့သို့ ဆေးလုံးဖော်စပ်သည့် ဆေးမီးဖိုမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ယွမ်သခင်လေးမှာတော့ ဤမှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်ကို သေသေချာချာ မြင်ဖူးခဲ့ပြီး ၎င်း၏ လုပ်ဆောင်နိုင်စွမ်းကိုလည်း သိရှိနေ၏။ ထို့ကြောင့် စိတ်ထဲမှာ ကြိတ်ကာ အံ့အားသင့်လျက် ရှိနေ၏။ “ဒါက ဆေးလုံးတွေကိုလည်း ဖော်စပ်လို့ ရတာလား”

မဟုတ်သေးပေ။ ဤအရာကြီးတွင် ထိုကဲ့သို့ ပြုလုပ်နိုင်သည့် လုပ်ဆောင်ချက်မျိုး မရှိသည်ကို သူကောင်းကောင်းသိ၏။

“ပုံစံက ထူးဆန်းလိုက်တာ။ ဘာလို့ တစ်မျိုးကြီး ဖြစ်နေတာလဲ”

“ဆေးလုံးတွေကို ဖော်စပ်တဲ့နေရာမှာ ဆေးမီးဖိုက ထူးခြားလေ၊ တန်ဖိုးကြီးဆေးလုံးတွေ ထွက်လာလေပဲနဲ့တူတယ်”

.............

ကျွင်းချောင်ရှောင်းသည် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်ကြီးကို ထုတ်ယူလိုက်၏။ ၎င်း၏ ထူးခြားလှသော ပုံပန်းသွင်ပြင်ကြောင့် တခြားသော သိုင်းကျင့်ကြံသူများ အားလုံးသည် စိတ်ဝင်တစားဖြင့် ကြည့်ရှုလို့နေခဲ့သည်။

တုဟုန်ချန်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ဘယ်လိုမျိုး ယှဉ်ပြိုင်ကြမလဲ”

“ကျုပ်တို့က ပထမဦးဆုံး အသွင်ပြောင်းဆေးလုံးကို စပြီး သန့်စင်ကြည့်ရအောင်။ ပြီးတော့မှ အချိန်ကိုလိုက်ပြီး အနိုင်ရရှိသူကို ဆုံးဖြတ်ကြတာပေါ့။ အချိန်၊ အရည်အသွေးနဲ့၊ အကျိုးသက်ရောက်မှုကိုလည်း ထည့်တွက်ကြ မယ်လေ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“ပထမအသွင်ပြောင်းလဲခြင်း ဟုတ်လား”

တုဟုန်ချန်က မျက်မှောင်ကုတ်လိုက်သည်။ ဤကဲ့သို့သောအဆင့် ဆေးလုံးမျိုးသည် သူ့အတွက် ဘာမှမဟုတ်ချေ။ ထို့ကြောင့် သဘောတူညီလိုက်၏။ “ကောင်းပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဆေးပညာနဲ့ပတ်သက်ပြီးတော့ ယှဉ်ပြိုင်တာတော့ဟုတ်ပါပြီ။ လောင်းကြေးလေးရော ထည့်သင့်တယ်မဟုတ်လား။”

“အင်း …”

စနစ်က ပြောလိုက်သည်။ “တကယ့်လှည့်စားမှုက လာတော့မှာပဲ”

“ဘယ်လိုမျိုး လောင်းကြေးလုပ်ချင်သေးလဲ”

“တကယ်လို့ ကျုပ်ရှုံးသွားမယ်ဆိုရင် ကျုပ်က အားလုံးရဲ့ အရှေ့မှာပဲ ခင်ဗျားရှေ့ ဒူးထောက်ပစ်လိုက်မယ်။ ဒါပေမဲ့ ခင်ဗျား ရှုံးသွားပြီဆိုရင် ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ရမယ်”

သူသည် ဤလှည့်ကွက်ကို အစောကြီးကတည်းက စဉ်းစားထားပြီးသားဖြစ်၏။ မူလအားဖြင့် ဖန်းကွေ့ချန်နှင့် ယှဉ်ပြိုင်ပြီးနောက် ဤကဲ့သို့ ပြုလုပ်ရန် စဉ်းစားထားခဲ့၏။ သို့ပေမဲ့ မထင်မှတ်ဘဲ သူကိုယ်တိုင် တစ်ဖက်လူအား ရင်ဆိုင် ယှဉ်ပြိုင်နေရ၏။

“ခင်ဗျားက ကြီးမြတ်သူတုံးကုရဲ့ တိုက်ရိုက်တပည့်လေ။ ကျုပ်အနေနဲ့ ဒူးထောက်မှုကို မခံချင်ပါဘူး”

တုဟုန်ချန် သည် ဖန်းကွေ့ချန်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “ဒီလိုလုပ်ရအောင်။ ခင်ဗျားရှုံးသွားလို့ရှိရင် ဒီလူက သုံးကြိမ်တိတိ ဒူးထောက်ပြီး ကိုးကြိမ်တိတိ ကန်တော့ရမယ်”

ဤလူ၏ စကားများသည် မနှစ်မျို့ဖွယ်ရာပင် ဖြစ်သည်ဆိုသော်လည်း ကုန်းရှန့်တွင် ကြီးမားသည့်နောက်ခံတစ်ခု ရှိသည်ကိုတော့ ကောင်းကောင်းသိရှိသည်။

“ဟောခန်းသခင်ဖန်း”

ကျွင်းချောင်ရှောင်းက မေးလိုက်၏။ “ဘယ်လိုထင်လဲ”

ဖန်းကွေ့ချန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်ရဲ့ စီစဉ်မှုကို လိုက်နာပါ့မယ်”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ ပြောလိုက်၏။ “ဒါဆိုလို့ရှိရင် အတည်ပြုပြီ။ တကယ်လို့ ကျုပ် ရှုံးနိမ့်သွားမယ်ဆိုရင် ဟောခန်းသခင်ဖန်းက ခင်ဗျားရှေ့မှာ သုံးကြိမ်တိတိ ဒူးထောက်ပြီး ကိုးကြိမ်တိတိ ကန်တော့လိမ့်မယ်။ တကယ်လို့ ခင်ဗျားရှုံးသွားမယ်ဆိုရင် ကျုပ်ရဲ့ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ရမယ်”

............

ဟူး ဟူး

ဆေးပင်အရောင်းဆိုင်၏ရှေ့ လမ်းမတွင်တော့ လေအေးများ တိုက်ခတ်လျက်ရှိ၏။ အခြေအနေတစ်ခုလုံးသည် ပိုမိုကာ လေးနက်လာခဲ့သည်။ တုဟုန်ချန်သည် ဆေးမီးဖိုကြီးရှေ့တွင် မတ်မတ်ရပ်ထားပြီး ဆေးပင်များ ထည့်ထားသည့်ခြင်းများကို ထုတ်ယူလိုက်၏။ ပြီးသည့်နောက် သူသည် လက်တွင်ရစ်ပတ်ထားသည့် အနီရောင် မာဖလာကြီးအား အသာဖြည်ကာဖြင့် နဖူးထက်တွင် စည်းနှောင်လိုက်၏။ သူ၏ မျက်လုံးများသည်လည်း အေးစက်လာခဲ့သည်။

“ဂိုဏ်းချုပ်”

ဖန်းကွေ့ချန်သည် လေးလေးနက်နက် ပြောလိုက်၏။ “ဒီလူ တကယ့်ကို လေးနက်တော့မှာပဲ”

“ကျုပ်သိပြီ”

ကျွင်းချောင်ရှောင်းသည် ထိုသို့ ပြောလိုက်သော်လည်း သူ၏ စိတ်ထဲမှာတော့ ကြိတ်ကာ တွေးလိုက်မိ၏။ “ငါ့ရဲ့သရုပ်ဆောင်စွမ်းရည်ကို စမ်းသပ်ရမယ့်အချိန် ရောက်ပြီပဲ”

ရွှီး ရွှီး

လက်တစ်ချက်ကို ယမ်းခါလိုက်ပြီးသည့်နောက် များပြားလှသည့် ဆေးပင်များသည် စားပွဲပေါ်တွင် ဖြစ်တည်လာ၏။ သူ့အနေနှင့် ဆေးလုံးဟောခန်းမဆောင်ကို အသုံးပြု၍ ဆေးလုံးများကို ဖော်စပ်မည် ဖြစ်သော်လည်း ယုတ္တိတန်အောင်တော့ သရုပ်ဆောင်ပြမှ ဖြစ်ပေလိမ့်မည်။

“ကျေးဇူးပြု၍”

တုဟုန်ချန်သည် လက်သီးကို ဆုပ်ကာဖြင့် သူ့ရှေ့ရှိစားပွဲကို လက်သီးဖြင့် တစ်ချက် ထုနှက် လိုက်၏။ များပြားလှသော ဆေးပင်များသည် လေထဲသို့ ခုန်တက်လာခဲ့၏။ ထိုအရာများ အားလုံးသည် အလွန် အားကောင်းလွန်းလှသော ကျန်းချီများဖြင့် စုဝေးသွားခဲ့သည်။

“ဂိုဏ်းချုပ်”

ဖန်းကွေ့ချန်သည် ဘေးမှဝင်ကာ ပြောပြလိုက်သည်။ “ဒါက ဆေးပင်တွေရဲ့ သန့်စင်ခြင်းနည်းတစ်ခု ပဲလေ။ ဆေးပင်မှာရှိတဲ့ စွမ်းအင်တွေကို အကောင်းဆုံး ထုတ်ဖော်နိုင်တယ်။ ဒီအရာက ဆေးလုံးတွေ ဖော်စပ်တဲ့ အချိန်မှာ အကောင်းဆုံး အကျိုးသက်ရောက်မှုကို ရရှိလိမ့်မယ်”

“ချီးတဲ့မှ..” ဤမျှလောက် ကျွမ်းကျင်လွန်းလှချေသည်။ သူ နောက်ကောက်ကျခံ၍ မဖြစ်ချေ။

ဖောက်

ကျွင်းချောင်ရှောင်းသည် စားပွဲကို အသာရိုက်နှက်လိုက်၏။ ပြီးနောက် ရှေ့တွင်ရှိနေသော ဆေးပင်များ အားလုံးကို ရောမေွှလိုက်၏။

ရွှီး ရွှီး …။

သူ၏ လက်သည် ဓားကဲ့သို့ ဖြစ်တည်သွားပြီး လေထဲတွင် ကြမ်းကြမ်းတမ်းတမ်း ခုတ်ပိုင်းလိုက်၏။ များပြားလှသည့် ဆေးပင်များသည် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားပြီးသည့်နောက် စားပွဲပေါ်သို့ ပြန်လည်ကျဆင်းလာသည်။

“……..”

ဖန်းကွေ့ချန်သည် ဆွံ့အသွားမိ၏။ ဤပြည့်စုံသည့် ဆေးပင်များတွင် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ အလွန်ကောင်းမွန်စွာ ပါဝင်နေသည်ကို သူကောင်းကောင်းသိ၏။ သို့ပေမဲ့ အဘယ့်ကြောင့်ဆေးပင်များအား အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင်လှီးခုတ်ခဲ့ရသနည်း။ အစိမ်းကြော်နေခြင်းမှ မဟုတ်တာ။

“ဒီလိုမျိုး အစိတ်စိတ် အပိုင်းပိုင်း ခုတ်ပိုင်းတဲ့ နည်းစနစ်ကို စာဖိုးမှူးတာအိုကို ကျုပ်ရှာတဲ့အချိန်မှာ ရှာဖွေတွေ့ရှိ ခဲ့တာပေါ့။ ဒါတွေကို ဆေးမီးဖိုထဲ ထည့်လိုက်မယ်ဆိုရင် ဆေးပင်တွေရဲ့ အကျိုးသက်ရောက်မှုက ပိုပြီး အားကောင်း လာလိမ့်မယ်။ အရည်အသွေးမြင့်တဲ့ ဆေးလုံးတွေ ဖြစ်လာလိမ့်မယ်”

ကျွင်းချောင်ရှောင်းသည် ရှင်းပြလိုက်သည်။ ကုန်းရှန့်သည် ဆေးတာအိုကို တစ်ခါမှ မလေ့ကျင့်ခဲ့ဘူးချေ။ သို့ပေမဲ့ ဟန်ထုတ်ကြွားဝါခြင်းတွင်တော့ အကောင်းမွန်ဆုံး အခြေအနေတွင် တည်ရှိနေသည်။

“ဪ ဒီလိုကိုး” ဖန်းကွေ့ချန်သည် ရုတ်တရက် နားလည်သွားမိ၏။ ဂိုဏ်းချုပ်၏ နည်းလမ်းသည် အမှန်ပင် ချီးကျူးစရာ ကောင်းလွန်းလှ၏။

“ဟမ့်” တုဟုန်ချန်သည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ဆေးပင်များအား ဤကဲ့သို့ အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် ပြုလုပ်လိုက်မည်ဆိုလျှင် အဘယ်သို့ အရည်အသွေးသည် တိုးတက်လာတော့မည်နည်း။

ရွှီး

ထိုအချိန်မှာပဲ သူသည် လက်ကို ယမ်းခါလိုက်၏။ ပြီးနောက် ဆေးအိုးထဲသို့ ဆေးပင်များကို အစီအရီနှင့် ထည့်သွင်းလိုက်၏။ သူ၏ ခန္ဓာကိုယ်ဆီမှ ပူလောင်လွန်းသော မီးတောက်တစ်ခု ဖြစ်တည်လာခဲ့၏။

“မြေကမ္ဘာစိတ်ဝိညာဉ်မီးပဲ” အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ထကာ အော်ဟစ်လိုက်မိသည်။

ဆေးပညာရှင်များတွင် ရှားပါးလှသည့် မီးမျိုးစေ့များ ရှိသည်ကို သူတို့ကောင်းကောင်းသိ၏။ သို့ပေမဲ့ လက်ရှိ မျက်လုံးနှင့် မြင်ရသည့်အချိန်မှာတော့ အမှန်ပင် ကံကောင်းလွန်း၍ဖြစ်ကြောင်း နားလည်လိုက်မိ၏။

ဆေးမီးဖိုအား အပူပေးလျက်ရှိနေသည့် တုဟုန်ချန်သည် အလွန်တရာ ဝံ့ကြွားလှသည့် အကြည့်ဖြင့် ကျွင်းချောင်ရှောင်းဆီသို့ လှမ်းကြည့်ကာ မေးလိုက်သည်။ “ကောင်လေး... ကျုပ်ရဲ့ မီးအရောင်အသွေးကို ကြည့်ပြီးတော့ မနာလို ဖြစ်နေပြီလား”

ဝှစ်

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်ကြီးကို မိုးပေါ်သို့အသာ ကန်ကျောက်လိုက်၏။ ပြီးနောက် လေထဲမှ ကျဆင်းလာသော ထိုအရာကြီးကို ညာဘက်လက်ဖြင့် လှမ်းကာ ဖမ်းလိုက်သည်။ သူ၏ သန့်စင်လွန်းလှသော မီးဓာတ်သဘာဝများသည် ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသည်။

“ချီးတဲ့မှ”

မူလအားဖြင့် မောက်မာလျက်ရှိသည့် တုဟုန်ချန်သည် ချက်ချင်းပဲ ထကာ အော်လိုက်မိ၏။ “မီးစိတ်ဝိညာဉ်ပဲ”

ဖန်းကွေ့ချန်သည်လည်း မျက်လုံးအပြူးသား ဖြစ်လို့နေခဲ့သည်။ သူ၏ မြေကမ္ဘာမီးစိတ်ဝိညာဉ်ဆိုသည်မှာ အထက် နယ်မြေတွင် ရှားပါးလှသည့်အရာဖြစ်သော်လည်း မီးစိတ်ဝိညာဉ်ဆိုသည်မှာတော့ စကြဝဠာကြီး တစ်ခုလုံးတွင် အလွန်ရှားပါးသည့်အရာဖြစ်သည်။

“ကောင်းကင်ဘုံ... ဂိုဏ်းချုပ်ကျွင်းရဲ့ မီးတောက်က အရမ်းကို အားကောင်းတာပဲ”

“ပေါက်ကရတွေ... ဒါက စကြဝဠာထဲမှာပဲ ဖြစ်တည်လာနိုင်တဲ့ မီးမျိုးစေ့တစ်ခုလေ။ အထက်နယ်မြေမှာ ဆိုရင်တောင် အရမ်းရှားပါးလွန်းတယ်”

All Chapters