← Chapters

အခန်း (၈)

Vol. 1 Ch. 8

အခန်း (၈)

Vol. 1 Ch. 8

အင်တာဗျူးပြီးသွားတော့ ပရိုဂရမ်အဖွဲ့က အခြားအလုပ်တွေကို မစီစဉ်ဘဲ သူတို့ရဲ့အချိန်တွေကို လွတ်လွတ်လပ်လပ် စီစဉ်ခွင့်ပေးသည်။

တူဝရီးနှစ်ယောက်က အိမ်မှာ မနေဖို့ ဆွေးနွေးလိုက်သည်။ အဲဒီအစား သူတို့က အပြင်ထွက်ကြသည်။

နေ့လည်စာ စားချိန်လောက်ရှိပြီမို့ စုန့်လင်းချွမ် အကြံပြုထားတဲ့ သီးသန့်မီးဖိုချောင်ပါ စားသောက်ဆိုင်ကို သူတို့နှစ်ယောက်သွားလိုက်ကြသည်။

"ဒီက အစားအသောက်တွေ တော်တော်ကောင်းတယ်။ အရင်က သူငယ်ချင်းတွေနဲ့ ဒီကို တစ်ခေါက်လောက် ရောက်ဖူးတော့ အန်တီလေးကို တစ်ခါလောက် ခေါ်လာရမယ်လို့ တွေးထားတာ။ အန်တီလေး သေချာပေါက်ကြိုက်လိမ့်မယ်" စုန့်လင်းချွမ်က ပြောလာသည်။

စုန့်အာ့နန် ခေါင်းညိတ်လိုက်သည်။

ငယ်ငယ်လေးကတည်းက သူမအကြိုက်အရသာတွေက စုန့်လင်းချွမ်နဲ့ အရမ်းတူသည်။ သူ အရသာရှိတယ်လို့ ပြောကတည်း ဒါက သေချာပေါက်မှားမှာ မဟုတ်ချေ။

စုန့်လင်းချွမ်က ဟင်းပွဲတွေကို မှာလိုက်ပေမယ့် အကုန်လုံး စုန့်အာ့နန်အကြိုက်တွေပင်။

ပထမဆုံး တစ်လုတ်စားပြီးတဲ့နောက်မှာ စုန့်အာ့နန်ရဲ့ မျက်လုံး‌တွေတောက်ပလာသည်။

စုန့်လင်းချွမ် - "ဘယ်လိုလဲ၊ မဆိုးဘူး မလား?"

စုန့်အာ့နန်က ခေါင်းညိတ်လိုက်သည်။ "အရမ်းအရသာရှိတယ်!"

[ဟမ်... အဲ့ဒါတကယ် အရသာရှိလို့လား? ဟင်းပွဲတွေက ငါ့အတွက်တော့ တော်တော်သာမန်ဆန်တယ်။ ဒါက သရုပ်ဆောင်တာ နည်းနည်းမပိုသွားဘူးလား?]

[ဟီးဟီး၊ စုန့်အာ့နန်က အစားအသောက်သမားပုံစံဖန်တီးဖို့ ကြိုးစားနေတာ သိသာတယ်။ သူ့ရဲ့ အနာဂတ် ဖျော်ဖြေရေးကဏ္ဍအတွက် ပြင်ဆင်နေတာဘဲ]

[ဂီး၊ ဘာဟန်ဆောင်စရာ ရှိလို့လဲ? ကောင်မလေးက အစားအသောက်ကို ကြိုက်သွားရုံဘဲကို။ အကုန်လုံးက ပူးပေါင်းကြံစည်ထားတာ ဖြစ်ပါ့မလား?]

[ငါမှန်တယ်ဆိုတာ ငါသိတယ်၊ ငါက variety show တွေကြည့်ပြီး spy ကားတွေ ကြည့်ထားတော့ အကုန်လုံးကို သံသဖြစ်တယ်။ ရယ်စရာဘဲ၊ သူတို့ မပင်ပန်းကြဘူးလား? ]

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ဆူညံနေပေမယ့် စုန့်အာ့နန်ကိုတော့ လုံးဝမသက်ရောက်ပါချေ။ သူမက ကျေ‌ကျေနပ်နပ်နဲ့စား သောက်လိုက်သည်။

သူမရဲ့ယခင်ဘဝတွင်၊ ကျန်းမာရေး ပြဿနာတွေကြောင့် သူမရဲ့အစားအသောက်ကို တင်းကြပ်စွာထိန်းချုပ်ထားပြီး သူမ စားလို့မရတဲ့ အစားအသောက်တွေ အများကြီးရှိသည်။ ဒါပေမယ့် ဒီဘဝမှာတော့ သူမဟာ အရသာရှိတဲ့ အစားအစာတွေကို လွတ်လွတ်လပ်လပ် စားသုံးခွင့်ပေးတဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခွင့်ရတာ အရမ်း ကံကောင်းသည်။

ဒါကြောင့် စုန့်အာ့နန်နဲ့ ရင်းနှီးတဲ့သူတွေ အားလုံးက သူမဟာ ငယ်ငယ်ကတည်းက အစားအသောက်စားရတာ ဝါသနာပါတဲ့သူဆိုတာ အားလုံးသိကြသည်။

ဒါပေမယ့် သူမ အစာစားတဲ့အခါ အလေ့အထတစ်ခုရှိသည် - သူမက ပါးစပ်ထဲကို အစားအသောက်တွေ အရင်ထိုးထည့်ပြီး ဖြည်းဖြည်းချင်း ဝါးပြီးမှ မျိုချရတာကို သဘောကျတာဖြစ်သည်။ အဲ့ဒါက ကြည့်ရတာ အထူးတလည်ကို ချစ်စရာကောင်းလှသည်။

[အားး အန်တီလေး စားတာကိုကြည့်ရင်းနဲ့ ကုထုံးနဲ့တင်ပြေလျော့သွားစေတယ်။ သူ့ကို တစ်နေကုန် တိတ်တိတ်လေး ထိုင် ကြည့်နေနိုင်တယ်လို့ ခံစားရတယ်]

[ငါသိတယ်၊ ဟုတ်တယ်၊ သူ့ရဲ့ ဖောင်းနေတဲ့ပါးတွေက ဟမ်းစတားလေးလိုဘဲ။ အရမ်းချစ်ဖို့ကောင်းတယ်]

[အန်တီလေး စားလိုက်တာနဲ့ အရမ်းအရသာရှိပုံ‌ ပေါ်သွားတယ်၊ အဲဒါက ထူးထူးဆန်းဆန်းနဲ့ အစားစားချင်စိတ်ဖြစ်စေတယ်။ အဲ့ဒါနဲ့ ငါလည်း အော်ဒါမှာလိုက်ပြီ]

[ဝါးး အန်တီလေးက အရမ်းချစ်စရာကောင်းတယ်! ငါ သူ့ကို ပြန်ပေးဆွဲချင်တယ် ဘယ်လိုလုပ်ရမလဲ?]

[သူ့ကို ပြန်ပေးဆွဲချင်တယ် +1 အန်တီလေး၊ ဘယ်အိတ်အရောင်ကြိုက်လဲ?]

[စုန့်လင်းချွမ် - ငါ့အန်တီလေးကို ပြန်ပေးဆွဲချင်တာလား? ဟက် မင်းတို့တွေ ငါ့ကို အရင်ဖြတ်ကျော်ရမယ်]

စုန့်အာ့နန် ပျော်ရွှင်စွာ စားသောက်နေတာနဲ့ မတူဘဲ စုန့်လင်းချွမ်ကတော့ စားသောက်နေရင်း တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားသည်။

သူ့ တူတွေကို ချလိုက်ပြီးတော့ စုန့်လင်းချွမ်က စုန့်အာ့နန် စားနေတာကို တိတ်တိတ်‌လေးကြည့်နေပြီး သူ့မျက်လုံးတွေမှာ အပြုံးတွေနဲ့ ပြည့်နေသည်။

သူ့အန်တီလေးက စားနေရင်လည်း အရမ်းချစ်စရာကောင်းတယ်။

[အိုဘုရားရေ၊ ငါ့ကောကော ကြည့်နေတဲ့ပုံစံက အရမ်း အဖိုးထိုက်တာဘဲ!]

[ဝါး စုန့် fan တစ်ယောက်အနေနဲ့ နူးညံ့သိမ်မွေ့တဲ့ idol ကိုတွေ့လိုက်ရတော့ မယုံနိုင်စရာဘဲ။ ဒီအံ့သြဖွယ်ရာကိုမြင်လိုက်ရတော့ ငါအသက်ရှည်တော့မယ်လို့ ခံစားရတယ်]

[အခုတော့ ငါနားလည်သွားပြီထင်တယ်။ စုန့်လင်းချွမ်က သူ့အန်တီလေးကို ညီမလေးတစ်ယောက်လို အလိုလိုက်တာဘဲ]

[ကျွတ်စ် ကျွတ်စ်! "မင်းသမီးလေး အာ့နန်" ဆိုတဲ့ ခေါင်းစဉ်က သူ့နာမည်နဲ့ တကယ်ကိုက်တာဘဲ]

စုန့်အာ့နန်က စုန့်လင်းချွမ်ရဲ့ အကြည့်ကို သတိထားမိလိုက်သည်။ သူမက သူ့ကို ခေါင်းမော့ကြည့်လာပြီး ပြောလိုက်သည်။ "ဘာလို့ စားတာရပ်လိုက်တာလဲ? နင့်အရသာနဲ့ မကိုက်လို့လား?"

စုန့်လင်းချွမ်က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ "နောက်လာမယ့် ဇာတ်ကောင်အတွက် ငါ့ကိုယ်အလေးချိန်ကို နည်းနည်းထိန်းရမယ်"

စုန့်အာ့နန်က "အိုး" လို့ ပြောလိုက်ပြီး သူ့ကို ဆက်စားဖို့ မတိုက်တွမ်းတော့ပေ။

ပန်းကန်တွေပြည့်နေတဲ့ စားပွဲကို ကြည့်လိုက်ပြီး စုန့်လင်းချွမ် မစားနိုင်တော့တဲ့အတွက် သူမကိုယ်တိုင်ဘဲ ပိုစားဖို့ကြိုးစားလိုက်သည်။ ဒါတွေကို မကုန်ရင် အရမ်းဖြုန်းတီးရာကျလိမ့်မယ်။

သို့ပေမယ့် နောက်ဆုံးမှာ စားပွဲပေါ်က ဟင်းပွဲအများစုကို သူမစားလိုက်မိမယ်လို့ မမျှော်လင့်ထားပေ။

စုန့်အာ့နန်ရဲ့ မျက်နှာက ရှက်ရွံ့သွားပြီး ရုတ်တရက် နီရဲသွားသည်။ "ငါအရမ်းစားလိုက်မိတယ် ထင်တယ်"

စုန့်လင်းချွမ်က ချက်ချင်းပြန်ဖြေလိုက်သည်။ "လုံးဝမဟုတ်ဘူး၊ ဒါက မင်းပုံမှန်စားတဲ့ပုံဘဲလေ"

[ဟာဟားဟား၊ ဒါက သိပ်မများလွန်းဘူးလား? စုန့်လင်းချွမ်က မျက်နှာတည်ကြီးနဲ့ ဘယ်လိုတောင်ပြောနိုင်ရတာလဲ? သူ့ကိုယ်သူတောင် ယုံတယ်လား?]

[ဝါးး အန်တီလေးက အခုမှ ဖွံ့ဖြိုးနေတဲ့ အရွယ်ဘဲရှိသေးတာ။ စား စား အလွန်အကျွံတော့ မစားနဲ့ပေါ့]

[အစားအသောက်‌အပေါ် တက်တက်ကြွကြွရှိတာက အယူဝါဒဆိုင်ရာ ပြဿနာတစ်ခုဘဲ။ မရှက်ပါနဲ့အန်တီလေး]

[ဟားဟား၊ ကလေးမလေးက ငယ်ငယ်လေးပဲရှိသေးတာ။ သူရှက်နေပြီ။ အရမ်းချစ်ဖို့ကောင်းတယ်!]

နှစ်ယောက်သား စားသောက်ပြီးတဲ့အခါ၊ စုန့်လင်းချွမ်က ဘေလ် ရှင်းဖို့ဝိတ်တာကို ခေါ်လိုက်သည်။

ဒါကိုမြင်တော့ စုန့်အာ့နန်က သူ့ကိုအမြန်တားလိုက်သည်။ "ငါရှင်းပေးမယ်"

စုန့်လင်းချွမ်က သဘာဝအလျောက် အဲဒါကို လက်မခံပါချေ။ "မလိုဘူး အန်တီ‌လေး ငါရှင်းလိုက်မယ်။ ငါ့မှာ အခုပိုက်ဆံရှိနေပြီ"

ဒါပေမယ့် စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး လုံးဝမလျှော့ပေ။ "ဟင့်အင်း၊ ငါ ဒီလမှာ ငါ့ယောင်းမ ပေးခဲ့တဲ့တာဝန်ကို မပြီးသေးဘူး"

ဒီလိုပြောပြီး သူမအိတ်ထဲက black card ထုတ်လိုက်ကာ ဝိတ်တာဆီ ပေးလိုက်သည်။

"ကျေးဇူးပြုပြီး ဒီကတ်ကို သုံးလိုက်ပါ၊ ကျေးဇူးတင်ပါ"

ဝိတ်တာက ရပ်လိုက်ပြီး စုန့်လင်းချွမ် လှည့်ကြည့်လိုက်သည်။

စုန့်လင်းချွမ်အဲ့ဒီ black card ကို တစ်ချက်ကြည့်လိုက်တာနဲ့ မှတ်မိသွားသည်။ ဒါကသူ့မိဘတွေဆီက ဖြစ်တာမို့ စုန့်အာ့နန်နဲ့ ဆက်ပြီးငြင်းခုံမနေတော့ပေ။

ဒါကိုမြင်တော့ ဝိတ်တာကလည်း တွန့်ဆုတ်မနေတော့ပေ။ သူက စုန့်အာ့နန် ကမ်းပေးနေတဲ့ ကတ်ကို ယူလိုက်ပြီး သီးသန့်ခန်းထဲက‌နေ ထွက်သွားလိုက်သည်။

"မားက ဘာတာဝန်ပေးထားလို့လဲ?" စုန့်လင်းချွမ်က သာမာန်ကာလျှံကာ မေးလိုက်သည်။

စုန့်အာ့နန်က သူ့အိတ်ကို ဘေးပို့လိုက်ပြီး ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည်။ "ယောင်းမက ငါ့ကို လတိုင်း လိုအပ်တဲ့ အရေအတွက်ရောက်တဲ့အထိ ကတ်သုံးရမယ်လို့ ပြောထားတယ်"

သူမက ဒီလမှာ နောက်ဆုံးစာမေးပွဲနဲ့ အလုပ်ရှုပ်နေတဲ့အတွက် အခန်းဖော်တွေနဲ့ ဈေးဝယ်ထွက်ဖို့ အချိန်မရှိလိုက်ပေ။ လကုန်ခါနီးဆိုပေမယ့် ကတ်ကို တစ်ခါမှ မသုံးရသေးပေ။

ယောင်းမက သူမကို အရူးအမူး ကြိမ်းမောင်းတော့မှာကို တွေးရင်း စုန့်အာ့နန်ရဲ့ နှလုံးသားလေးမှာ မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။

စုန့်လင်းချွမ်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားသည်။ "ဝိုး ငါ့မားက အရမ်းမိုက်တာပဲ! သူဒီလိုလုပ်နိုင်မှန်း ငါမသိလိုက်ဘူး။ ငါပေးခဲ့တဲ့ ကတ်ကို မင်းလုံးဝ မသုံးတာ မအံ့သြတော့ဘူး"

စုန့်အာ့နန်က သူ့ကို မော့ကြည့်လိုက်ပေမယ့် ဘာမှတော့ ပြန်မပြောလိုက်ပေ။

"မဟုတ်ဘူး၊ နောက်လကစပြီး မင်းအတွက် လိုအပ်တဲ့ အကြိမ်အရေအတွက်ကို ငါလည်းသတ်မှတ်ရမယ်။ မဟုတ်သေးဘူး၊ လိုအပ်တဲ့ အသုံးစရိတ်ပမာဏကို သတ်မှတ်သင့်တာ"

ဒါကိုကြားတော့ စုန့်အာ့နန်ရဲ့ မျက်နှာ ချက်ချင်း ညှိုးကျသွားသည်။ "လင်းချွမ်၊ နောက်နေတာ ရပ်လိုက်‌တော့၊ နင် ပမာဏ တစ်ခု သတ်မှတ် ထားရင်တောင် အဆင်မပြေဘူး။ ငါ တကယ်ကြီး လုံးဝမသုံးနိုင်ဘူး"

ဒါပေမယ့် စုန့်လင်းချွမ်က ဒါကို လွယ်လွယ်နဲ့ မလွှတ်ပေးပါချေ။ "ဒါဆိုလည်း ကြိုးကြိုးစားစား သုံးပေါ့။ ငါ အခု ငွေရှာနိုင်ပြီမို့ အခု မင်းကို ထောက်ပံ့သင့်တယ်"

စုန့်အာ့နန် - "အစ်ကိုကြီးက ငါ့ကို လစဉ် ထောက်ပံ့ကြေး အချိန်မီ ပေးတယ်။ ယောင်းမ ကျတော့ အဝတ်အစားနဲ့ ဖိနပ်တွေ ဝယ်ပေးတယ်။ ပုံမှန်ဆိုငါ့မှာ သုံးစရာကြီးကြီးမားမားမရှိဘူး။ အတန်းဖော်တွေနဲ့ တစ်ခါတစ်လေ အပြင်ထွက်စားတာဘဲရှိတာ"

သူမက သက်ပြင်းချလိုက်ပြီး "နင်ကပါ ဒီလိုလုပ်ရင် ငါ့အတွက် ဝန်ထုပ်ဝန်ပိုး ကြီးလာလိမ့်မယ်"

ပိုက်ဆံကို ဘယ်လိုသုံးရမလဲဆိုတာ လတိုင်း ဦးနှောက်သုံးနေရတာနဲ့ သူမမှာ စိတ်ဖိစီးနေရပြီ။

စုန့်အာ့နန်ရဲ့ သနားစရာကောင်းတဲ့ အကြည့်ကို မြင်လိုက်ရတော့ စုန့်လင်းချွမ်က အတင်းအကြပ် မပြောတော့ပေ။

နောက်ဆုံးတော့ သူ စုန့်အာ့နန်ကို ကောင်းကောင်းနားလည်သည်။

သူမက စာကြမ်းပိုးတစ်ယောက်ပင်။ စာအုပ်ဝယ်တာကလွဲရင် သူမမှာပိုက်ဆံဖြုန်းဖို့ အခြားဝါသနာမရှိပေ။ ဒါက သူမအတွက် ခက်ခဲလိမ့်မည်ပင်။

ဒါပေမယ့် အဆင်ပြေပါတယ်။ သူဘွဲ့ရပြီးရင်‌၊ အနည်းဆုံးတော့ သူ့မိဘတွေ မလုပ်ပေးခင် သူအရင်ကြိုပြီး ကားတစ်စီးနဲ့ အိမ်တစ်လုံး ဝယ်ထားပေးဖို့ စိတ်ပိုင်းဖြတ်လိုက်သည်။

[အိုး ငါရယ်မိပြီ။ စုန့်လင်းချွမ်က 'ထောက်ပံ့တာ' ကို ဘာလို့ ဒီတိုင်းပေါ့ပေါ့ပါးပါး ပြောနိုင်ရတာလဲ?]

[ဘာတွေ နားမလည်နိုင်ရတာလဲ? စုန့်လင်းချွမ်က သူ့အန်တီလေးဆီကနေ မုန့်ဖိုးတောင် ရထားတာကို။ ထောက်ပံ့ပေးတာက ကြီးကျယ်တဲ့ကိစ္စမှ မဟုတ်ဘဲ]

[အန်တီလေးက အိမ်မှာ အရမ်းတုန်အောင် အချစ်ခံရတယ်လို့ ငါခံစားရတယ်။ သူ့ယောင်းမ စုန့်လင်းချွမ်ရဲ့ အမေတောင်မှ သူ့ကို အရမ်းအလိုလိုက်တဲ့ပုံဘဲ]

[ဟုတ်တယ်! သူ့သားထက်တောင် ငယ်တဲ့ အဒေါ်တစ်ယောက်ရှိတော့ သမီးတစ်ယောက် မွေးထားရတာနဲ့တူတယ်။ ငယ်ငယ်လေးကတည်းက ကြီးပြင်းလာတာကို ကြည့်ခဲ့ရတာတာဆိုတော့ သူ့ကို ဘယ်လိုလုပ် တုန်အောင်မချစ်ဘဲ နေနိုင်မှာလဲ?"]

[ငါ အားနည်းနည်းနဲ့ မေးပါရစေ၊ ပိုက်ဆံသုံးဖို့ မလောက်တာ ငါတစ်‌ယောက်ထဲဘဲလား?]

[ဝါးးး ညီအစ်မ၊ နင်တစ်ယောက်တည်းတော့ မဟုတ်ဘူး။ ငါလည်းသုံးဖို့မလောက်ဘူး]

[ဟမ်... မိသားစုတွေက ကလေးတွေကို ဒီလောက်ထိ အလိုမလိုက်ကြဘူးမလား? သူက အခုမှ အထက်တန်းကျောင်းသူပဲ ရှိသေးတာ။ ဒါက နည်းနည်း အတုအယောင်လို့ ခံစားရတယ်]

[ဒါက ရည်ရွယ်ချက်ရှိရှိ ကြွားနေတာလား? မိသားစုက ဘယ်လိုမျိုးမို့လို့ ဒီလိုဟန်ဆောင်ရဲတာလဲ?]

[အရမ်းရယ်ရတယ်။ haterတွေ မြန်မြန်ဆန်ဆန် အကဲဖြတ်ကဲ့ရဲ့ဖို့ မလုပ်ကြနဲ့၊ နင်တို့ရဲ့ခွေးမျက်စိတွေကိုဖွင့်ပြီး သေသေချာချာကြည့်လိုက် - အဲဒါက Limited Edition black card ပဲ! တစ်ချက်ကြည့်လိုက်တာနဲ့ သာမန်မိသားစုမဟုတ်ဘူးဆိုတာ နင်တို့သိမှာဘဲ!]

[စုန့်လင်းချွမ်က ချမ်းသာတဲ့ မိသားစုက‌နေ ဆင်းသက်လာတယ်လို့ မကြားမိပါဘူး။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ သူ့မိသားစုရဲ့ ပရိသတ်တွေ ရှိကြလား? ကျေးဇူးပြုပြီး ထွက်လာပြီး ငါတို့ကို နောက်ခံတစ်ခုခုပေးကြပါ!]

livestream မလွှင့်ခင်မှာ ပရိသတ်တွေလည်း စိတ်ရှုပ်‌နေကြသည်။ ဒါကို သူတို့လည်း မသိဘူးလို့ပဲ ပြောနိုင်သည်။

စားသောက်ဆိုင်ကနေ ထွက်လာပြီးတော့ စုန့်အာ့နန်က သူမရဲ့ဗိုက်ကို ပွတ်လိုက်သည်။ သူမ နည်းနည်းတော့ စားတာများသွားသည်။

ဒါ့အပြင် တစ်လတာအတွင်း သူမ ယောင်းမပြောတဲ့ ကတ်သုံးတဲ့ လုပ်ငန်းကို ပြီးမြောက်ဖို့ သူမ တွေးနေရသေးသည်။ ဒါကြောင့် သူမက အနီးနားရှိ ဈေးဝယ်စင်တာဆီ သွားပတ်ကာ အစာချေဖို့ အကြံပေးလိုက်သည်။

စုန့်လင်းချွမ်လည်း သဘာဝအတိုင်း ကန့်ကွက်ခြင်းမရှိအလွယ်တကူ သဘောတူလိုက်သည်။

ရှိုးအဖွဲ့သားတွေက သူတို့ကို ရိုက်ကူးနေတာကြောင့် နှစ်ယောက်လုံးက လူသိပ်မရှုပ်တဲ့နေရာဆီ သွားဖို့ လုပ်လိုက်သည်။

ခဏလောက် လှည့်ပတ်ကြည့်ပြီးနောက်မှာ စုန့်အာ့နန်ကဒီနေရာက အလှဆင်ပစ္စည်းနည်းနည်းလောက် ဝယ်ခဲ့ပြီး နောက်ဆုံးတွင် တစ်လအတွက် ကတ်သုံးခြင်းလုပ်ငန်းကို ပြီးမြောက်စေလိုက်သည်။

ကုန်တိုက်ကနေ ထွက်လာတော့ စုန့်အာ့နန်ရဲ့ မျက်နှာက သက်သာရာရသွားသည်။ စုန့်လင်းချွမ် စိတ်အခြေအနေ ကောင်းသွားသည်။

သူ့လက်ထဲက အိတ်တွေကို ချိန်ကြည့်ရင်း သက်ပြင်းချလိုက်သည်။ "ကိုယ့်မိဘကတ်ကို သုံးပြီးကိုယ့်အတွက် ပစ္စည်းတွေဝယ်ရတဲ့ ခံစားချက်က အရမ်းမိုက်တယ်"

စုန့်အာ့နန် ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ဒါဆို ဒီကတ် နင့်ကိုပေးလိုက်မယ်။ ငါ ဒါကို တကယ်သုံးဖို့ မလိုတော့ဘူး"

ဒါပေမယ့် စုန့်လင်းချွမ်က သူ့လက်ကို ထပ်ခါတလဲလဲ ခါလိုက်ပြီး "မလိုဘူး၊ ဒီတိုင်းနောက်နေတာ ငါလည်း မလိုအပ်ဘူး"

သူတို့နှစ်ယောက်က limited edition black card ကို အပြန်ပြန်အလှန်လှန် ဟိုတွန်းဒီတွန်းလုပ်နေတာ မြင်လိုက်ရတော့ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းထဲက လူတိုင်းမှာ မနာလိုအားကျစွာနဲ့ ငိုကြွေးကြတော့သည်။

စခရင်မှာ ကျည်ဆံလိုမျိုး တညီတညွတ်တည်း ပျံသွားသည်။ [ဝါးးးး ငါ့ကိုပေး၊ ငါသုံးပေးမယ်!!!]

All Chapters