အခန်း (၁၄)
Vol. 1 Ch. 14
ကျန်းဟန်ရဲ့ အာမခံချက်ကြောင့် ဒါရိုက်တာလည်း နည်းနည်းစိတ်အေးသွားပြီး ထုတ်လုပ်ရေးအဖွဲ့လည်း တည်ငြိမ်လာသည်။
သို့ပေမယ့် hater တွေကတော့ အများသူငှာ အမြင်ကို တက်ကြွစွာနဲ့ လမ်းညွှန်နေတာကြောင့် အွန်လိုင်းအသိုင်းအဝန်းမှာတော့ တည်ငြိမ်မှု မရှိသေးပေ။ အင်တာနက်သုံးစွဲသူ အများအပြားဟာလည်း လှည့်စားခံနေရပြီး သံသယများစပြုလာသည်။
ကံကောင်းထောက်မစွာနဲ့ စုန့်လင်းချွမ်ရဲ့ ဖန်တွေအတွက်ကတော့ အသေးအဖွဲ့ပင်။ သူတို့က ဆိုးရွားတဲ့ အချက်အလက်တွေကို တန်ပြန်၊ အစီရင်ခံရှင်းလင်းဖို့အတွက် သူတို့ကိုယ်တိုင် စီစဉ်ပေးသည်။ အခြေအနေကတော့ ထိန်းမနိုင်သိမ်းမရဖြစ်နေသည်။
သို့ပေမယ့် ဒါက ယာယီဖြေရှင်းချက်မျှသာဖြစ်သည်။ နောက်ဆုံးမှာ ကိစ္စအားလုံးကို ဖြေရှင်းဖို့ စုန့်အာ့နန်ကိုယ်တိုင် တုံ့ပြန်ဖို့ လိုသည်။
ဒါပေမယ့်စုန့်အာ့နန်က နာမည်ကြီးတစ်ယောက်မဟုတ်သလို ဆိုရှယ်မီဒီယာအကောင့်တွေနဲ့ စီမံခန့်ခွဲမှုအေဂျင်စီလည်း မရှိပါချေ။ ပထမတော့ လူတွေက စုန့်လင်းချွမ်ရဲ့ စတူဒီယို Weibo အကောင့်မှာ စောင့်နေခဲ့ကြပေမယ့် တုံ့ပြန်မှု မရှိပါချေ။
တစ်ခုတည်းသော ရှင်းလင်းချက်မှာ စုန့်အာ့နန်တစ်ယောက် ရှိုးမှာ ကိုယ်တိုင်တုံ့ပြန်ရမည်ပင်။
စနေနေ့ မနက်အစောကြီးမှာ သူတို့တူဝရီးရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်မျှော်နေကြတဲ့ လူတွေက ဖန်သားပြင်ရှေ့မှာ စုဝေးနေကြသည်။
နောက်ဆုံး နံနက် ၉ နာရီတွင် အခြားအဖွဲ့သုံးဖွဲ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်တွေစတင်ခဲ့ပေမယ့် စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့ရဲ့ ချန်နယ်ကိုတော့ ဆက်လက်ပိတ်ထားသည်။
တစ်မိနစ်၊ နှစ်မိနစ်... ငါးမိနစ်ကြာတဲ့အထိ ဘာမှမပေါ်လာသေးပေ။
hater တွေက ဝမ်းသာအားရနဲ့ ချက်ချင်း ရုန်းရင်းဆန်ခတ် ဖြစ်လာသည်။
[ဟာဟား၊ စုန့်အာ့နန်တစ်ယောက် လန့်နေမှာ အသေအချာဘဲ။ မဟုတ်ရင် သူကဘာလို့ မျက်နှာမလာမပြရတာလဲ?]
[ဒါက အပြစ်ရှိတဲ့ စိတ်ကြောင့်ကလွဲလို့ ဘာမှမဖြစ်နိုင်ဘူး။ ဘယ်လို တုံ့ပြန်ရမလဲဆိုတာ သူ မစဉ်းစားနိုင်သေးတာဖြစ်မယ်။ ဒါက ဖော်ထုတ်ချက်တွေက အစစ်အမှန် ဖြစ်ကြောင်း ပြနေတာဘဲ]
[သူက အနည်းဆုံးတော့ ပြုံးပြလိမ့်မယ်လို့ ထင်ခဲ့တာ၊ မျက်နှာတောင် လာမပြဘူးလို့ မထင်ထားဘူး]
[ဟားဟား ငါသိသားဘဲ။ စုန့်လင်းချွမ်က ဘယ်တုန်းကမှ လူကောင်းတစ်ယောက်မဟုတ်ဘူး၊ သူ့အန်တီလေးကရော ဘယ်လိုလုပ် ပိုကောင်းနိုင်မှာလဲ?]
[ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ရောက်ဖို့ အတားအဆီးနည်းပါးပေမယ့် အကျင့်စာရိတ္တအခြေခံစံနှုန်းတွေကတော့ ရှိနေတုန်းဘဲလေ။ ဒါက စုန့်အာ့နန် ပွဲဦးထွက်တာကို ပိတ်လိုက်တာဘဲ]
[ ကောက်ချက်မချကြရအောင်။ အရေးပေါ်အခြေအနေဖြစ်နေတာ ဖြစ်မှာပေါ့။ တရားဝင်ရှင်းပြတာကို စောင့်ကြစို့]
...
တိုက်ရိုက်လွှင့်တဲ့ အခန်းထဲက ဆွေးနွေးမှုတွေက ရုတ်ရုတ်သဲသဲဖြစ်နေပြီး စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။ haterတွေကလည်း အရမ်းကိုစိတ်ကြီးဝင်နေကြသည်။
အင်တာနက်အသုံးပြုသူအချို့က ဆင်ခြင်တုံတရားရှိကြပေမယ့် အချိန်ကြာလာသည်နှင့်အမျှ စုန့်အာ့နန် အတွက် အခြေအနေက ပိုဆိုးလာသည်။
လူအများစုက တရားဝင် တုံ့ပြန်မှုကို စောင့်နေကြသလိုမျိုး မေးခွန်းအမှတ်အသားတွေနဲ့ စခရင်မှာပြည့်နှက်နေသည်။
ဒါပေမယ့် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တာက လူတိုင်းကို အံ့အားသင့်သွားစေသည်။ - စုန့်အာ့နန်နဲ့ အတူ Live မလွှင့်နိုင်ရတဲ့ အကြောင်းအရင်းကတော့ ကင်မရာအဖွဲ့သားတွေဟာ လူနေအိမ်ဝင်းအပြင်ဘက်မှာ အတားခံထားရတာကြောင့်ပင်။
စုန့်လင်းချွမ်ရဲ့ခြံဝင်းက ချမ်းသာတဲ့ပိုင်ရှင်တွေရဲ့ အဆင့်မြင့်တဲ့ ခြံဝန်းဖြစ်ပြီး ဧည့်သည်တွေ ဝင်ရောက်မှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်။
ပုံမှန်အားဖြင့် ဧည့်သည်တွေအနေနဲ့ ဝင်ခွင့်ကတ်တွေ ဒါမှဟုတ် နေထိုင်သူတွေနဲ့အတူ လိုက်လာဖို့ လိုအပ်သည်။ မဟုတ်ရင် သူတို့အနေနဲ့ ဝင်းထဲကိုတောင် ဝင်လို့မှာမဟုတ်ပေ။
ရိုက်ကူးရေးအတွက် ကျန်းဟန်က အဖွဲ့သားတွေကို ယာယီဝင်ရောက်ခွင့်ကတ်ပြား ပေးခဲ့ပြီး ယမန်နေ့ကသူတို့ အဲ့ဒီကတ်ကို သုံးကာ ဝင်ခဲ့တာဖြစ်သည်။
သို့ပေမယ့် အဆိုပါ ယာယီကတ်တွေက တစ်ရက်သာ အကျုံးဝင်သည်။ ကတ်ကို ဆက်အသုံးပြုဖို့အတွက် အိမ်ခြံမြေစီမံခန့်ခွဲမှုရုံးတွင် ပြန်လည်မှတ်ပုံတင်ကာ နေထိုင်ဝင်ရောက်ခွင့်ကတ်ကို ယူရမည်ဖြစ်သည်။
ကျန်းဟန်လည်း အလုပ်များနေတဲ့အတွက် ဒါကို မေ့သွားခဲ့ပြီး ဒီလိုကြီးကြီးမားမား အရှုပ်အထွေးကို ဖြစ်သွားစေသည်။
ရိုက်ကူးရေးအဖွဲ့သားတွေက လုံခြုံရေးအစောင့်တွေနဲ့ ဝင်ခွင့်အတွက် စိတ်အားထက်သန်စွာ ညှိနှိုင်းနေပေမယ့် သူတို့က သူတို့ရဲ့ အလုပ်ကို လုပ်နေတာဖြစ်ပြီး ဒီနေ့မှာ သူတို့ကို အသိပေးခြင်းမရှိဘဲ ဝင်ရောက်ခွင့်မပြုနိုင်ကြောင်း အခိုင်အမာ ပြောနေသည်။
ကျန်းဟန်ကလည်း လာတဲ့လမ်းမှာရှိနေသည်။ သူက စုန့်လင်းချွမ်ကို အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ဖို့ ကြိုးစားပေမယ့် ဘယ်သူမှ လာမကိုင်ပါချေ။ သူ့မှာ စုန့်လင်းချွမ်ကျန်ခဲ့တဲ့ ပုံမှန်ဝင်ခွင့်ကတ်ကိုကိုင်ကာ အပြေးအလွှားသွားလိုက်သည်။
"တောင်းပန်ပါတယ် ဒါရိုက်တာ၊ ဒါက ကျွန်တော့်အမှားပါ။ မနေ့က အရမ်းအလုပ်များနေတော့ မေ့သွားတာ" ကျန်းဟန် မနည်းတောင်းပန်လိုက်သည်။
ဒါရိုက်တာက အဆင်ပြေကြောင်း လက်ယမ်းပြလိုက်သည်။ "အရင်ဝင်ရအောင်"
စုန့်အာ့နန် ရဲ့ အခြေအနေကို ဘယ်လိုဖြေရှင်းရမလဲဆိုပြီး ကင်မရာအဖွဲ့သားတွေနဲ့ ဒီနေ့ ရောက်လာခဲ့တာဖြစ်သည်။ ဒီလှည့်ကွက်မျိုးကို သူ မမျှော်လင့်ထားမိဘူး။
ကျန်းဟန်က အလျင်အမြန် ခေါင်းညိတ်ပြလိုက်ပြီး ရိုက်ကူးရေး အဖွဲ့သားတွေကို စုန့်လင်းချွမ်ရဲ့တံခါးဆီ ခေါ်သွားလိုက်သည်။
ဒါပေမယ့် ဖုန်းထဲမှာ ဘာတုံ့ပြန်မှုမှ မရှိတဲ့အတွက် အထဲမှာ ဘာတွေ ဖြစ်နေလဲ သူ မသိပေ။ ဒါကြောင့် တံခါးဘဲလ်မတီးခင် ဒါရိုက်တာကို သူ လှမ်းကြည့်လိုက်သည်။
ဒါရိုက်တာက ခဏရပ်လိုက်ပြီး ကင်မရာသမားကို တမင်တကာ ကြည့်လိုက်သည်။ "ကင်မရာ မဖွင့်ရသေးဘူးမလား?"
ကင်မရာသမားက ခေါင်းခါပြလိုက်သည်။ "ဟင့်အင်း"
ဒီတော့မှ ကျန်းဟန်လည်း စိတ်အေးသွားသည်။ သူအသက်ပြင်းပြင်းရှူလိုက်ပြီး လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်။
လူတိုင်းကို အံ့ဩသွားစေတာက တံခါးက အမြန်ပွင့်သွားသည်။ လာဖွင့်တဲ့သူက စုန့်အာ့နန်ဖြစ်နေသည်။
ကျန်းဟန်က စုန့်အာ့နန်ကို မရေရာသလို ကြည့်လိုက်ပြီး မေးလိုက်သည်။ "လင်းချွမ်ရော အိမ်မှာလား?"
စုန့်အာ့နန်က သာမာန်ကာလျှံကာ ခေါင်းညိတ်ပြလိုက်ပြီး အထဲကို လက်ညှိုးထိုးပြလိုက်သည်။ "ဧည့်ခန်းထဲမှာ"
ကျန်းဟန်နဲ့ ရိုက်ကူးရေး အဖွဲ့သားတွေ ဝင်လာတော့ ဧည့်ခန်းထဲက စုန့်လင်းချွမ်ကို တွေ့လိုက်ရသည်။
"တစ်ခုခုဖြစ်ခဲ့လို့လား? ငါ မင်းကို ဖုန်းခေါ်ထားတာ အကြိမ်ရေမနည်းဘူး၊ ဘာလို့မကိုင်တာလဲ?" ကျန်းဟန်က မေးလိုက်သည်။
စုန့်လင်းချွမ်က ခဏရပ်သွားပြီး စားပွဲပတ်လည်ကို မသိစိတ်က လှမ်းကြည့်လိုက်ကာ တုံ့ပြန်လိုက်သည်။ "ဘာမှမဖြစ်ပါဘူး။ ဖုန်းက အိပ်ခန်းထဲမှာဆိုတော့ မကြားလိုက်လို့"
ဒီတော့မှ ကျန်းဟန်လည်း စိတ်သက်သာရာရသွားသည်။ ဘာမှမဖြစ်သေးသရွေ့တော့ အဆင်ပြေပါသေးတယ်။
အဲ့ဒီအချိန်မှာ၊ စုန့်အာ့နန်လည်း ဆွဲငင်အားပြည့်နေတဲ့ မျက်နှာနဲ့ စုန့်လင်းချွမ်ရှေ့မှာ ရပ်ကာ လက်ပိုက်ထားသည်။
စုန့်လင်းချွမ်က စုန့်အာ့နန်ကို ဂရုတစိုက် စိုက်ကြည့်လိုက်သည်။
အားလုံးက ခဏရပ်လိုက်ကြပြီး နှစ်ယောက်ကြားက အငွေ့အသက်တွေကို ရုတ်ချည်း သတိထားမိလိုက်သည်။
အဲဒီကနေ သူတို့မရောက်ခင်တုန်းက တစ်ခုခုဖြစ်သွားတဲ့ပုံဘဲ။
ကျန်းဟန်က အစမ်းသဘောနဲ့ မမေးခင် စက္ကန့်နည်းနည်းလောက် တွန့်ဆုတ်နေသည်။ "အန်တီလေး၊ လင်းချွမ် မင်းကို စိတ်ဆိုးနေတာလား?"
စုန့်အာ့နန် မသိစိတ်ကနေ ခေါင်းခါလိုက်ပေမယ့် နောက်တစ်ခေါက် ပြန်စဉ်းစားကြည့်လိုက်ပြီး လေးလေးနက်နက်နဲ့ ခေါင်းညိတ်ပြလိုက်သည်။
ဒါကိုကြားတော့ ထုတ်လုပ်ရေးအဖွဲ့နဲ့ ကျန်းဟန်က ချက်ချင်း စုန့်လင်းချွမ်ဘက်လှည့်ကာ ရှင်းပြချက်ကို စောင့်နေသည်။
စုန့်လင်းချွမ်ရဲ့မျက်ခုံးတွေ တွန့်ချိုးသွားပြီး ကြည့်ရတာ ကိုးရိုးကားရားနိုင်နေသည်။ " ကျွန်တော် အမ် မနေ့ညက ဂိမ်းကစားခဲ့လို့"
လူတိုင်း - ???
ပြီးတော့ရော?
စုန့်လင်းချွမ်က တိတ်တိတ်လေး သက်ပြင်းချလိုက်ကာ "အချိန်ကို သတိမထားမိဘဲ တစ်ညလုံး ကစားမိသွားလို့...."
ရုတ်တရက် အားလုံး နားလည်သွားကြသည်။ ဒီတော့ တစ်ညလုံး ဂိမ်းဆော့နေတဲ့ကလေးက မိဘတွေဆီကနေ ဖမ်းမိသွားတာပေါ့။
ဟူး... သူတို့က ကြီးကြီးမားမား ကိစ္စဖြစ်သွားတာလားလို့ ထင်သွားတာ။
ဒါပေမယ့်စုန့်အာ့နန် ရဲ့ တုံ့ပြန်မှုကို မြင်လိုက်ရတော့ သူမက တကယ် ဒေါသထွက်နေသည်။ ပြောရမယ်ဆိုရင် အကြီးတွေရဲ့ အဟန့်ကောင်းတဲ့အမူအရာက တော်တော်လေး ခိုင်မာသည်။
အမှန်တကယ်တော့ မနေ့က တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပရိုဂရမ်အဖွဲ့နဲ့ ပရိတ်သတ်တွေကို ထည့်သွင်းမစဉ်းစားရင် စုန့်လင်းချွမ်က စုန့်အာ့နန်ကို အန်တီလေးအဖြစ် နာမည်တပ်ခဲ့ပေမယ့် သူတော့ စုန့်အာ့နန်ကို ညီမလေးတစ်ယောက်လိုမျိုး တုန်အောင်ချစ်ကာ အလိုလိုက်ပေးမှန်း လူတိုင်းသတိထားမိသည်။
စုန့်အာ့နန်ကတော့ ကြောင်တောင်တောင်နဲ့ လိမ္မာရေးခြားရှိပြီး ချစ်ဖို့ကောင်းတဲ့ ဘေးအိမ်က ကောင်မလေးလိုပင်။ စုန့်လင်းချွမ်ရှေ့မှာ အဲ့ဒီလို လူကြီးတစ်ယောက်ရဲ့ အပြုအမူမျိုး ရှိလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပါချေ။
ဒါရိုက်တာကလည်း ဒါက အခွင့်ကောင်းတစ်ခုမှန်း အခိုင်အမာ သဘောပေါက်သည်။ သူက ကျန်းဟန်ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။
ပထမဆုံး ကျန်းဟန် နားမလည်ဖြစ်နေပေမယ့် နောက်တော့ ဒါရိုက်တာရဲ့ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားပြီ ခေါင်းညိတ်ပြလိုက်သည်။
ဒါရိုက်တာရဲ့ အချက်ပြမှုမှာ ကင်မရာသမားက ကင်မရာကို တိတ်တဆိတ် ဖွင့်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုမှာ သတိပေးခြင်းမရှိဘဲ ရုတ်တရက်ထုတ်လွှင့်လာပြီး လူတိုင်းသတိလက်လွှတ်ဖြစ်သွားရသည်။
[WTF၊ အခြေအနေက ဘယ်လိုကြီးလဲ၊ ငါတို့ကို ဒီလိုမျိုး ခိုးကြောင်ခိုးဝှက် လာလုပ်နေတာလား?]
[ ဘုရား လန့်သွားတာဘဲ! ထုတ်လုပ်ရေးအဖွဲ့က တကယ်ဖြစ်ကတတ်ဆန်းနိုင်တာဘဲ လုံးဝသတိမထားဘူးလား?]
[ခဏနေဦး! စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်က ဘာဖြစ်နေတာလဲ? တစ်ယောက်မှ ဘာမှမပြောကြဘဲ အသံတိတ်ရုပ်ရှင်ရိုက်နေတာလား?]
[လေထုက နည်းနည်းတင်းမာနေတဲ့ပုံဘဲ၊ စုန့်အာ့နန်က တော်တော်တင်းမာနေပုံရတယ်၊ သူတို့ရန်ဖြစ်နေတယ်လို့တော့ လာမပြောနဲ့နော်]
စုန့်အာ့နန်က တကယ်ကို ဒေါသထွက်နေသည်။ စုန့်လင်းချွမ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုရလဒ်တွေကို ယမန်နေ့က ရလာပြီး အများစုမှာ ကောင်းပေမယ့် အချို့သော အမှတ်အသားတွေက ဖြစ်နိုင်ချေရှိတဲ့ ပြဿနာတွေကို ပြနေသည်။
ဥပမာအားဖြင့်၊ သူ့အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးက မကောင်းသလို သူ့ရဲ့ အစားအသောက်နဲ့ အိပ်စက်မှုပုံစံတွေကလည်း ပုံမှန်မဟုတ်ပေ။
အရင်တုန်းကတော့ စုန့်အာ့နန် ဒါကို သိပ်ဂရုမစိုက်ပေ။ အမှန်တော့၊ လူအများစုက ယနေ့ခေတ်ရဲ့ ဖိအားမြင့်မားမှု၊ လျင်မြန်တဲ့ နေထိုင်မှုပုံစံကြောင့် အတိုင်းအတာတစ်ခုအထိ အဲ့ဒီပြဿနာတွေနှင့် ရင်ဆိုင်ကြရသည်။
ယခုမူ ဒီလိုမျိုး အကျပ်အတည်းကာလတွင်၊ စုန့်အာ့နန်ကတော့ မူရင်းဝတ္ထုထဲကလိုမျိုး ပေါ့ဆမှုကြောင့် စုန့်လင်းချွမ် ရုတ်တရက် သေဆုံးမှာကို စိုးရိမ်တာကြောင့် စုန့်အာ့နန်ကတော့ လုံးဝ သတ်လက်လွှတ်မဖြစ်ရဲပေ။
"မနေ့ညက နင် ငါ့ကို ဘာကတိပေးခဲ့လဲ? အရမ်း နောက်ကျတဲ့အထိ မနေနဲ့လို့ ငါပြောခဲ့ပေမယ့် နင်ကတော့ တစ်ညလုံး ဂိမ်းဆော့နေတယ်။ နင့်ကိုယ်နင် အသက်ရှည်တယ်လို့ ထင်နေတာလား ဟမ်?" စုန့်အာ့နန်က မျက်မှောင်ကြုတ်ကာ တင်းမာစွာနဲ့ပြောသည်။
စုန့်အာ့နန်ရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး စုန့်လင်းချွမ် သူမ တကယ်ကို ဒေါသထွက်နေပြီးမှန်း ခံစားမိပြီး အရမ်းနောင်တရမိသည်။
ဟင်း၊ မနေ့ညက သူနောက်ကျတဲ့အထိနေဖို့ စီစဉ်ထားတာမဟုတ်ဘူး။ သူက ဂိမ်းကို နိုင်ချင်ရုံဘဲ။ ဒီလို အမှိုက်ပုံးထဲက အရှုံးသမား အသင်းဖော်တွေဆီ သူပြေးဝင်မိလိမ့်မယ်လို့ ဘယ်သူသိမှာလဲ?
နောက်တော့ နောက်ဆုံး သူတစ်ပွဲ အနိုင်ရခဲ့ပေမယ့် စိတ်ပျက်လက်ပျက် ဖြစ်နေသေးသည်။ အဲ့ဒါနဲ့နောက်ထပ်အချီလည်း နိုင်လိမ့်မယ်လို့ သူထင်လိုက်သည်။ မနက်ဘက် စောစောထတဲ့ စုန့်အာ့နန်ဆီကနေ ဖမ်းမိတဲ့အထိ သူ မတော်တဆ ဂိမ်းကစားမိခဲ့သည်။
သူက စုန့်အာ့နန်ကို မျက်နှာချိုသွေးကာ ပြုံးပြလိုက်သည်။ "အန်တီလေးကလည်း ဒါက တစ်ညလောက်လေးဘဲဟာကို။ ငါတကယ် အဆင်ပြေပါတယ်။ အခုတောင် အရမ်းအဆင်ပြေနေတာ၊ နောက်ထပ်တစ်ည နေရရင်တောင် ပြဿနာမရှိဘူး...."
စုန့်အာ့နန်က မျက်မှောင်ကြုတ်ကာ သူ့ကို တိတ်တဆိတ်ကြည့်ရင်း အမူအရာက တင်းမာလာသည်။
စုန့်လင်းချွမ်လည်း ချက်ချင်းဘဲ ဂီယာပြောင်းလိုက်သည်။ "ငါမှားသွားတာ၊ ငါ တိုးတက်အောင် လုပ်မယ်လို့ ကတိပေးပါတယ်!"