အခန်း (၁၆)
Vol. 2 Ch. 16
ဘာတွေဖြစ်နေတာလဲ?
စာကျက်မယ်လို့ ပြောတာမဟုတ်ဘူးလား? ဘာလို့ လူ့ခန္ဓာဗေဒနဲ့ ဇီဝကမ္မဗေဒကို ဖတ်နေတာလဲ?
နေရုမှာရှိတဲ့ ပရိုဂရမ်အဖွဲ့သားတွေလည်း စုန့်အာ့နန် ဘာလုပ်နေလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိကြဘဲ တုန်လှုပ်ချောက်ချားစွာနဲ့ ကြည့်နေကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှုခန်းက လူတွေ ပေါက်ကွဲထွက်လာသည်။
[ဘုရားရေ! စုန့်အာ့နန်က အရမ်းခက်ခဲတဲ့ပုံဟန်ဆောင်နေတာဘဲ၊ ဒါက မင်းရဲ့ပုံရိပ်ကို ပြန်တည်ဆောက်တဲ့ပုံလား?]
[ဘာလဲဟ? စုန့်အာ့နန်က ဘာကိုမှ စိတ်မဝင်စားဘဲ စာကိုဘဲ စိတ်ဝင်စားတဲ့ ပုံရိပ်ကို စွဲလန်းနေတာလား? လူ့ခန္ဓာဗေဒနဲ့ ဇီဝကမ္မဗေဒလိုမျိုး ပရော်ဖက်ရှင်နယ်စာအုပ်တွေကို သူတကယ်နားလည်လို့လား?]
[ဒါက သူရဲ့ ဝါသနာနဲ့ စိတ်ဝင်စားမှုသက်သက်ဘဲဖြစ်မှာပေါ့။ ဆေးစာအုပ်တွေကို သဘောကျတာ ဘာမှ မမှားပါဘူး ဟုတ်တယ်မလား? ]
[ဟမ့် ဆေးစာအုပ်တွေကို ကြိုက်တာလား? ဒါဆို ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ပြီး ဒီရှိုးတွေမှာ ပါမယ့်အစား ဆေးကျောင်းတက်ပြီး ဘာလို့စာမေးပွဲမဖြေတာလဲ?]
[ဆေးကျောင်းတက်ရတာ လွယ်မယ်ထင်လို့လား? သူကဆေးကျောင်းတက်ဖို့ အဆင့်မမီလို့ ဖျော်ဖြေရေးနယ်ပယ်မှာ ရပ်တည်နေတာနေမှာပေါ့]
[ကိုယ့်ကိစ္စဘဲ ကိုယ်စိတ်ဝင်စား။ အန်တီလေးက သူဖတ်ချင်တဲ့စာအုပ်တွေကို ဖတ်နိုင်တယ်၊ အဲဒါကို မင်းစိုးရိမ်ဖို့မလိုဘူး။ မင်းရဲ့မုန်လာဥနီကိုဘဲ သွားစားပြီး နှောက်ယှက်တာကို ရပ်လိုက်တော့]
[ငါတော့ ဆွံ့အသွားပြီ။ အန်တီလေးကို ဖျော်ဖြေရေး နယ်ပယ်မှာ မနေသင့်ဘူးလို့ အော်နေကြတဲ့သူတွေ မင်းတို့မနာလိုနေတာလား? ဒါမှမဟုတ် စပျစ်သီးချဉ်တွေလား?]
[ပြောရရင် စုန့်အာ့နန်က ငါ့ကို တကယ်ကို အံ့သြစေတယ်။ သူက အရမ်းနူးညံ့သိမ်မွေ့ပြီး အကျင့်စာရိတ္တကောင်းသလို ယောက်ျားကြီးနှစ်ယောက်ကို လက်ဗလာနဲ့ ဖမ်းပြီး သူတို့ရဲ့လက်တွေကို လွယ်လွယ်ကူကူနဲ့ အဆစ်ပြန်ပြင်နိုင်ပြီး သတ္တိရှိစွမ်းဆောင်နိုင်တဲ့သူဘဲ။ အခုကျတော့လည်း သူက လူ့ခန္ဓာဗေဒနဲ့ ဇီဝကမ္မဗေဒကို ဖတ်နေသေးတယ်... ]
[ဘယ်သူမှ မအံ့သြကြဘူးလား? ဒီနှစ်ရက် တိုက်ရိုက်ထုတ်လွှင့်မှုမှာ အန်တီလေးက မျက်လုံးနဲ့မြင်ရတာထက် အများကြီးပိုတယ်လို့ ငါခံစားမိတယ်]
တိုက်ရိုက်စကားပြောခန်းတွင် ဖန်တွေနဲ့ haterတွေက ပြင်းပြင်းထန်ထန် ငြင်းခုံနေကြသည်။ သို့ပေမယ့် ပရိသတ်အများစုရဲ့ အာရုံကတော့ စုန့်အာ့နန်ရဲ့နောက်ထပ်ပြောမယ့်အရာနဲ့ လူ့ခန္ဓာဗေဒစာအုပ်က အွန်လိုင်းပေါ်ရှိ ကောလာဟလများနှင့် မည်သို့ဆက်စပ်နေလဲဆိုတဲ့အပေါ် အထူးတလည် အာရုံစိုက်နေကြသည်။
သို့ပေမယ့် စုန့်အာ့နန်ရဲ့နောက်ထပ်လုပ်ဆောင်မှုတွေက လူတိုင်းကို သတိလက်လွတ်ဖြစ်စေသည်။ သူမက ရိုးရိုးရှင်းရှင်းဘဲ စာအုပ်ကိုဖွင့်ကာ စေ့စေ့စပ်စပ်ဖတ်နေသည်။
ပရိသတ်တွေ/ဝန်ထမ်းတွေ - "..."
သူမ တကယ်ပဲ စာအုပ်ဖတ်နေတာလား?
သူမက ဒီဟာကို အခွင့်အရေးယူပြီး ရှင်းပြချက်ထုတ်မှာမဟုတ်ဘူးလား?
ဒါရိုက်တာက ကျန်းဟန်ကို အံ့ဩစွာနဲ့ ကြည့်လိုက်သည်။ သို့ပေမယ့် သူ့ရဲ့ မစိုးရိမ်တဲ့ အမူအရာကို မြင်လိုက်ရတော့ ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။
ဒါရိုက်တာက စုန့်အာ့နန် ဘက်လှည့်လိုက်ပြီး မေးလိုက်သည်။ "အန်တီလေးက ဆရာဝန်လုပ်ဖို့ အစီအစဉ်ရှိတာလား?"
ဒါရိုက်တာရဲ့မေးခွန်းကိုကြားတော့ စုန့်အာ့နန်က စာအုပ်ဆီကနေ အကြည့်တွေကို ဖြည်းဖြည်းချင်း ရုတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "ဟုတ်တယ် ကျွန်မ ဆရာဝန်ဖြစ်လာမှာ"
သူမက ဆရာဝန်ဖြစ်လာမယ်လို့ ပြောလိုက်တာ။
ဒါရိုက်တာက ခဏလောက် အံ့အားသင့်သွားသည်။ အပေါ်ယံမှာ ရိုးရိုးရှင်းရှင်းဘဲ ဖော်ပြထားပေမယ့် အဲ့ဒါကပိုမိုလေးနက်တဲ့ သက်ရောက်မှုများကို သယ်ဆောင်လာသည်။
"ဒါဆို အန်တီလေးက ကောလိပ်တက်ပြီး ဆေးကျောင်း စာမေးပွဲ ဖြေဖို့ စီစဉ်ထားတာလား?" ဒါရိုက်တာက မေးလိုက်သည်။
စုန့်အာ့နန်က နည်းနည်း ခေါင်းညိတ်ပြလိုက်ပေမယ့် ခေါင်းညိတ်လိုက်ရင်း စိတ်ပြောင်းသွားပြီး ခေါင်းခါလိုက်သည်။
“ကျွန်မက တက္ကသိုလ်တက်နေတာလေ” စုန့်အာ့နန်က အမှန်အတိုင်း ပြောလိုက်သည်။
လူတိုင်း - ???
ဘာ?
သူက တက္ကသိုလ်တက်နေတာ?
သူက17 နှစ်ပဲရှိသေးတာမဟုတ်ဘူးလား? ကျောင်းစောစောတက်ခဲ့ရင်တောင် ဒီနှစ်မှာမှ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေနိုင်မှာလေ။
ခဏနေဦး၊ အခုက ဇူလိုင်လအစောပိုင်းရှိနေပြီလေ စာမေးပွဲ အောင်စာရင်းထွက်နေပေမယ့် လက်ခံစာတွေတော့ မပို့ရသေးဘူး။
ဒါရိုက်တာက သက်ပြင်းတစ်ချက်ချလိုက်သည်။ ကျန်းဟန်နဲ့ အခြားသူတွေရဲ့ တုံ့ပြန်မှုတွေအပေါ် အခြေခံရရင် စုန့်အာ့နန်က စာမေးပွဲမှာ ကောင်းကောင်းမွန်မွန် ဖြေဆိုနိုင်ခဲ့လို့ သူတို့တွေ ယုံကြည်ချက်တွေ ရှိနေတာဖြစ်မယ်။
"လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေခဲ့တာ" စုန့်အာ့နန် သူမလက်ထဲရှိ စာအုပ်ကို ဝှေ့ယမ်းလိုက်ရင်းနဲ့ ပြောလာသည်။ "ဒီဆောင်းဦးကျရင် တတိယနှစ် စတော့မယ်လေ"
ဒါကြောင့် သူမက အနာဂတ်မှာ ဆရာဝန်ဖြစ်လာမှာ
ဒါရိုက်တာ/ရိုက်ကူးရေးအဖွဲ့သားတွေ - !!!
[ဘာ?! ဒါပေမယ့် စုန့်အာ့နန်က 17 နှစ်ဘဲ ရှိသေးတာ မဟုတ်လား? သူ တတိယနှစ်ရောက်မယ်ဆိုရင် 15 နှစ်ကတည်းကသူ ကောလိပ်တက်ခဲ့တာလို့ ဆိုလိုတာမဟုတ်ဘူးလား? !]
[Holy crap! ငါလည်း ဒီနှစ် 17 နှစ် အထက်တန်းကျောင်း တက်နေတာ၊ အန်တီလေးက ကျောင်းကို အရမ်းစောစောကြီး တက်ခဲ့တာလား?]
[ကလေးတွေက ပုံမှန်ဆိုရင် 5နှစ် 7 နှစ်လောက်မှ မူလတန်းကျောင်းစတက်ရတာ၊ ပြီးရင် မူလတန်း 6 နှစ်၊ အလယ်တန်း 3နှစ်နဲ့ အထက်တန်း3နှစ်တက်ရတာ။ ဒါကြောင့် စုန့်အာ့နန်ကိစ္စကတော့ သူကျောင်းစောတက်ခဲ့တာမဟုတ်ရင် အတန်းကျော်တက်လိုက်တာဘဲဖြစ်ရမယ်]
[အန်တီလေးက ဆေးကျောင်းတက်နေတယ်ဆိုတာ မယုံနိုင်ဘူး! မနေ့က သူအရိုးတွေကို ပြန်ပြင်လိုက်တာ အရမ်းကျွမ်းကျင်နေတာ မအံ့ဩတော့ဘူး - သူက ပရော်ဖက်ရှင်နယ် လေ့ကျင့်မှုရှိနေတာဘဲ!]
[ဆေးကျောင်းသားတွေက အရိုးတွေကို ဘယ်လိုပြင်ရမလဲဆိုတာ သေချာပေါက် မသိသေးဘူး၊ ကျွမ်းကျင်မှုပေါ်မူတည်တယ်။ ဘယ်လိုဘဲ ဆိုဆို စုန့်အာ့နန်က အရမ်းကျွမ်းကျင်တာဘဲ!]
[အရေးကြီးတာက တတိယတန်းကျောင်း ဖြစ်နိုင်တယ်။တကယ်လို့ သူသာ နာမည်ကြီးတဲ့ တက္ကသိုလ်တစ်ခုခုမှာ တကယ်တက်နေတာဆိုရင် စုန့်အာ့နန်က ဘာလို့ နာမည်ကို မဖော်ပြတာလဲ?]
[ဟုတ်တယ်၊ ကောလိပ်အားလုံးက တန်းတူမဟုတ်ဘူး။ သူအမှတ်တွေ တကယ်ကောင်းတယ်ဆိုရင် ဘာလို့ အရိပ်အမြွတ်ဘဲ ပြောရတာလဲ? သူနာမည်ပြောလာရင်တောင် ငါတို့ ကြားဖူးလောက်မှာ မဟုတ်ဘူး ]
ဒါရိုက်တာက ကျန်းဟန်နဲ့ တခြားသူတွေရဲ့ တုံ့ပြန်မှုတွေကနေ ဘာဖြစ်မလဲဆိုတာ ခန့်မှန်းနိုင်လိုက်သည်။
သူတို့ရဲ့ယုံကြည်ချက် ရှိနေတဲ့အပေါ် အခြေခံရရင် စုန့်အာ့နန်ရဲ့တက္ကသိုလ်က တော်တော်လေး နာမည်ကြီးလောက်မည်။
"အန်တီလေး ဘယ်တက္ကသိုလ်တက်နေလဲဆိုတာ ပြောပြလို့ရလား?" ဒါရိုက်တာက မေးလိုက်သည်။
စုန့်အာ့နန်က ခေါင်းညိတ်ပြလိုက်သည်။
ဒါပေမယ့် သူမ ပြန်မဖြေရသေးခင်မှာဘဲ စုန့်လင်းချွမ်က ဂုဏ်ယူစွာနဲ့ ပြောလာသည်။ "ကျွန်တော့်ရဲ့ အန်တီလေးက Bတက္ကသိုလ်မှာ လက်တွေ့ဆေးပညာမေဂျာကို သင်နေတာလေ"
ဒါရိုက်တာက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပေမယ့် “Bတက္ကသိုလ်"ဆိုတာကိုကြားတော့ သူထိတ်လန့်သွားသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာလည်း စက္ကန့်အတော်ကြာတဲ့အထိ တိတ်ဆိတ်သွားကာ၊ နောက်တော့ စခရင်က အာမေဋိတ်အမှတ်အသားတွေနဲ့ ပြည့်လျှံသွားသည်။
[ဘုရားရေ!!! Bတက္ကသိုလ်! အဲ့ဒါက ငါအသက်ကြီးလာတော့ စွန့်လွှတ်ခဲ့ရတဲ့ အိမ်မက်ထဲကျောင်းဘဲ!]
[ Holy crap! လက်တွေ့ဆေးပညာက Bတက္ကသိုလ် ရဲ့ ace ပရိုဂရမ်ဘဲ၊ အဲ့ဒါကို တက်ရဖို့ခက်ခဲတာ။ ငါ့အိမ်ဘေးက ကလေးတစ်ယောက်လည်း စာတော်ပေမယ့် မနှစ်က မတက်နိုင်ခဲ့ဘူး]
[အားးးး၊ အန်တီလေးက အရမ်းအံ့သြဖို့ကောင်းတာဘဲ! စုစုပေါင်း ပညာရပ်ဆိုင်ရာ စွမ်းအားတစ်ခုဘဲ!]
[ဟေ့ စောစောက တတိယအဆင့် ကောလိပ်အကြောင်း ကြွေးကြော်နေကြတဲ့ haterတွေ နင်တို့ရဲ့ ခွေးမျက်လုံးတွေကို ဖွင့်ကြည့်လိုက်ပါဦး - ငါတို့ပြောနေတာ Bတက္ကသိုလ်ဘဲ!]
[ဟာဟားဟား၊ haterတွေ သူတို့နေရာသူတို့ရောက်သွားတာကို မြင်ရတာ ကျေနပ်စရာဘဲ။ နင်တို့မျက်နှာတွေ ဘယ်လိုခံစားနေရလဲ?]
[အခုတော့ စုန့်လင်းချွမ်ကို နားလည်သွားပြီ။ ငါ့မှာ ဒီလို အန်တီလေးသာရှိရင် တစ်နေ့လုံး လိုက်ကြွားနေလိမ့်မယ်။ သူ့ကို ရတနာအန်တီလေးလို့ ခေါ်တာက လုံးဝကို အဓိပ္ပါယ်ရှိတယ်]
[သေပါပြီ၊ နင်တို့ စုန့်လင်းချွမ်ရဲ့ စိတ်ကြီးဝင်နေတဲ့ မျက်နှာကို အခုကြည့်လိုက်ကြပါဦး။ မသိရင် B တက္ကသိုလ် တက်ရတဲ့သူက သူကျနေတာဘဲ]
[စုန့်လင်းချွမ် - ငါ့အန်တီလေးက အရမ်းတော်တယ်ဟုတ်!]
[OMG အပေါ်ထပ်ကလူက အသံမက်ဆေ့ခ်ျပို့နိုင်တယ်...]
စုန့်အာ့နန်ကို စာဖတ်ဖို့ ပြောပြီးတဲ့နောက်မှာ ကျန်းဟန်လည်း အဖွဲ့သားတွေကြားထဲမှာ တိတ်တိတ်လေး သွားရပ်လိုက်သည်။
သို့ပေမယ့် သူက တိုက်ရိုက်လွှင့်ခန်းကို အနီးကပ် စောင့်ကြည့်နေပြီး ပြေးလွှားနေကြတဲ့ မှတ်ချက်တွေကိုကြည့်ပြီး မနေနိုင်ဘဲ ပြုံးလိုက်သည်။
ဒါက သူလိုချင်တဲ့ အကျိုးသက်ရောက်မှု အတိအကျဘဲ။
အေးဂျင့်တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ နေလာခဲ့ပြီးတဲ့နောက်မှာ သူရဲ့အနုပညာရှင်တွေအတွက် အကျိုးကျေးဇူး အမြင့်ဆုံးရရှိစေရန် အကျပ်အတည်းစီမံခန့်ခွဲမှုက ဒုတိယသဘာဝဖြစ်လာခဲ့သည်။
ဟုတ်တယ်၊ ဒါက အစပဲရှိသေးတယ်။ ကျန်းဟန်က PR အဖွဲ့ရဲ့လူထုသဘောထားကို ရှေ့ကြို လမ်းညွှန်ပေးမည်ဖြစ်သည်။
ဥပမာအားဖြင့်၊ တစ်မနက်တည်းမှာဘဲ စုန့်အာ့နန်ရောက်ခဲ့သော မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းများကို လူတွေ တူးဖော်ပြီးသွားပြီဖြစ်သည်။
ကျောင်းများ၏ နှစ်စဉ်ဂုဏ်ပြုမှတ်တမ်းများတွင်လည်း တစ်နှစ်ပြီးတစ်နှစ် ဆုဖလားတွေကို ကိုင်ဆောင်ထားသည့် သူမရဲ့ပုံစံက အားလုံးကို ပြောပြနေသည်။
ဒါ့အပြင်၊ စုန့်အာ့နန်သည် ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ပြည်နယ်ချန်ပီယံဖြစ်ခဲ့ကြောင်း အင်တာနက်အသုံးပြုသူတွေဟာလည်း အလျင်အမြန် ရှာတွေ့လိုက်ကြသည်။
[ဘုရားရေ! ဒါက ငါ့မိသားစုတစ်ခုလုံးကို လန့်သွားစေတယ်။ စုန့်အာ့နန်က ပြည်နယ်ကောလိပ်ဝင်ခွင့်စာမေးပွဲက ချန်ပီယံတဲ့လား? အန်တီလေးကို လျှော့တွက်မိလိုက်လို့ တောင်းပန်ပါတယ်]
[ အန်တီလေးနဲ့ ပတ်သက်ပြီး နောက်ထပ် အံ့သြစရာတွေ ဘယ်နှစ်ခုလောက် ရှိသေးလဲလို့ အန်တီလေးကို မေးချင်တယ်]
[အမှန်ဘဲ။ စုန့်အာ့နန်က ဖော်ထုတ်လိုက်တာနဲ့ ငါတို့ကို အံ့သြစရာတွေ အများကြီးပေးတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့သေတ္တာတစ်လုံးလိုဘဲ။ ငါတော့ သူ့ရဲ့ ဖန် စဖြစ်ချင်လာပြီ]
[ရိုးရိုးသားသားပြောရရင် ငါက စုန့်လင်းချွမ်ရဲ့ ဇနီးဖန်ဟောင်းတစ်ယောက်ပါ။ အစတုန်းကတော့ 'အန်တီလေး' နဲ့ပတ်သတ်တာတွေကို ဟာသလုပ်ခဲ့တာ အခုတော့ ငါစိတ်ပြောင်းသွားပြီ။ ဒါက ငါအိပ်မက်မက်ခဲ့တဲ့ အင်တာနက်သမီး အတိအကျဘဲ မဟုတ်ဘူးလား ? ]
[LOL ရဲတင်းလိုက်တဲ့ညီအစ်မရေ၊ နင်က စုန့်လင်းချွမ် အန်တီလေးရဲ့ မိန်းမဖြစ်ဖို့ ကြိုးစားနေတာလား?]
[ဟာဟားဟား၊ သူ့ရဲ့ မိန်းမ မဖြစ်နိုင်ရင် သူ့အန်တီလေးရဲ့ မိန်းမလုပ်ရတာပေါ့]
ဒီဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ၊ အမှိုက်တွေက အောက်ခြေမှာ အနည်ကျသွားကြသည်။
နောက်တော့၊ စုန့်အာ့နန်က သူမရဲ့ လူ့ခန္ဓာဗေဒနဲ့ ဇီဝကမ္မဗေဒ ပြဌာန်းစာအုပ်ကို စိတ်အားထက်သန်စွာနဲ့ ဖတ်နေပြီး စုန့်လင်းချွမ်ကတော့ ဇာတ်ညွှန်းတွေကိုဖြတ်ဖို့ ကြည့်နေသည်။ အခါအားလျော်စွာ သူတို့ကမှတ်စုတွေ မှတ်ကြသည်။
စာရွက်လှန်တဲ့အသံနဲ့ ဘောပင်ခြစ်သံကလွဲပြီး အခန်းဟာ စက္ကန့်တိုင်း အချိန်တိုင်း တိတ်ဆိတ်နေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေကြတဲ့သူ အများအပြားလည်း ပျင်းလာတဲ့အတွက် ထွက်သွားကြပြီး ကျန်နေတဲ့အရေအတွက်တချို့ကလည်း သူတို့ရဲ့ကိုယ်ပိုင်စာအုပ်တွေကို ထုတ်လိုက်ပြီး စာလေ့လာတဲ့ ကဏ္ဍထဲ ထူးထူးခြားခြားပါဝင်လာသည်။
သို့ပေမယ့်၊ တစ်ညလုံးနေနေခဲ့တဲ့ စုန့်လင်းချွမ်က ဇာတ်ညွှန်းတွေကို နည်းနည်းလောက်ဖတ်ပြီးတဲ့နောက် မကြာခင်မှာဘဲ စားပွဲပေါ်မှာ အိပ်ပျော်သွားသည်။
သူ့အခြေအနေကို စုန့်အာ့နန်က သတိထားမိလိုက်ပြီး သူ့ကို မနှိုးတော့ဘဲ အင်္ကျီတစ်ထည် ခြုံပေးလိုက်ကာ စာဆက်ဖတ်နေလိုက်သည်။
အွန်လိုင်းပေါ်က လူထုရဲ့အမြင်ကို အပြည့်အ၀ ပြောင်းလဲနိုင်လိုက်မှဘဲ ဒါရိုက်တာလည်း သက်သာရာရစွာသက်ပြင်းချမိသည်။
သူက ကျန်းဟန်ကို လက်မထောင်ပြလိုက်သည်။ Bတက္ကသိုလ်က ဆေးကျောင်းသူ၊ အသက်15နှစ်နဲ့ ပြည်နယ်ကောလိပ်ဝင်ခွင့် စာမေးပွဲက ချန်ပီယံ - သူဒီလောက် တည်ငြိမ်နေတာ မအံ့ဩတော့ဘူး။
ကျန်းဟန်က နောက်ဆုံး စုန့်လင်းချွမ်တစ်ယောက် သူ့အန်တီလေးကို ဘာလို့ ဒီလောက်ထိ အမြဲတမ်း အမွှန်းတင်ပြီး ထည့်ထည့်ပြောနေလဲဆိုတာကို နောက်ဆုံးတော့ နားလည်သွားတဲ့ပုံပင်။
ဒီအဖြစ်အပျက်ကို ချောချောမွေ့မွေ့ ဖြေရှင်းနိုင်လိုက်တဲ့ အဓိကအကြောင်းအရင်းကတော့ အန်တီလေးရဲ့ နောက်ကြောင်းရာဇဝင်က အရမ်းရှင်းလင်းနေတာ ကြောင်းပင်။ ရှင်းရှင်းပြောရလျှင် ဤသည်မှာ ကျန်းဟန် ကိုင်တွယ်ခဲ့ဖူးသမျှထဲတွင် အလွယ်ကူဆုံးသော အကျပ်အတည်း စီမံခန့်ခွဲမှုကိစ္စဘဲဖြစ်သည်။
စုန့်အာ့နန်နှင့် ပတ်သတ်သည့် အခြားကောလာဟလတွေကိုလည်း လုံးဝစိတ်ပူစရာမလိုတော့ပေ။
သူမဟာ ငယ်စဉ်ကတည်းက ထိပ်တန်းကျောင်းသားနဲ့ ဆရာတွေရဲ့ အချစ်တော်ဖြစ်ပြီး သူမရဲ့ခါးပတ်အောက်မှာ ဆုအမျိုးမျိုးကို ရရှိခဲ့သည်။ အချက်အလက်တွေက စကားလုံးတွေထက် ပိုကျယ်ပြန့်တယ်။
"ဒါဆို အန်တီလေးက ဖျော်ဖြေရေး နယ်ပယ်ထဲ ဝင်ဖို့ အစီအစဉ် မရှိဘူးပေါ့?" ဒါရိုက်တာက မေးလိုက်သည်။
"ဟုတ်တယ်" ကျန်းဟန်က ခေါင်းညိတ်ပြလိုက်ပေမယ့် ဆက်ပြောလိုက်သည်။ "လောလောဆယ်တော့ သူ့မှာ အစီအစဉ်မရှိသေးဘူး"
ဒါရိုက်တာက နည်းနည်းတော့ အံ့ဩသွားသည်။
" ဒီရှိုးပြီးရင် အန်တီလေးက အရမ်းနာမည်ကြီးလာလိမ့်မယ်။ ဒါက အခွင့်အရေးကြီးပဲ၊ မင်း သူ့ကို လက်မှတ်ထိုးဖို့ ကြိုးစားခဲ့သေးလား?"
ကျန်းဟန်က ပခုံးတွန့်ပြလိုက်သည်။ "စိတ်ဝင်စားရင်တောင် ကိစ္စမရှိပါဘူး၊ အန်တီလေးမှာ သူ့စိတ်ကိုသူသိတယ်။ ငယ်ငယ်က သူဘာလိုချင်တာလဲဆိုတာကို သိတာ"
ဒါရိုက်တာက ပြုံးလိုက်သည်။ အဲဒါ တကယ်မှန်တာ။
စုန့်အာ့နန်က စကားပြောတာ နူးညံ့သော်လည်း၊ သူမက အမှန်တကယ်တော့ ပြင်းထန်တဲ့ ထင်မြင်ယူဆချက် ရှိပြီး အလွယ်တကူ သဘောတူလိမ့်မည်မဟုတ်ကြောင်းကိုလည်း ဒီနှစ်ရက်အတွင်း သူသတိပြုမိခဲ့သည်။
"ဒါ့အပြင်၊ ငါတို့နယ်ပယ်မှာ ကောင်းတာသိပ်မရှိပါဘူး။ အဲ့ဒီအစား ပရော်ဖက်ရှင်နယ်ကျတဲ့ အရည်အချင်းရှိတဲ့သူ့အတွက် ဆေးဘက်ဆိုင်ရာနယ်ပယ်ကို အကျိုးပြုတာကပိုကောင်းတယ်"
ဒါရိုက်တာလည်း စာအုပ်ထဲအပြည့်အ၀ နစ်မြုပ်နေတဲ့ စုန့်အာ့နန်ကို တစ်ချက်ကြည့်လိုက်ပြီးမနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။ "အမှန်ပဲ အန်တီလေးရဲ့ စိတ်သဘောထားနဲ့ဆို ဘာကိုမဆို သူကောင်းကောင်းလုပ်နိုင်လိမ့်မယ်"
*
အိပ်ပျော်သွားတော့ စုန့်လင်းချွမ်တစ်ယောက် နေလို့ပိုကောင်းသွားသည်။ ရေချိုးခန်းဆီ သွားနေရင်း သူက ကျန်းဟန်ကို ခေါ်လိုက်သည်။
"ဘာတွေဖြစ်နေသေးလဲ?" စုန့်လင်းချွမ်က မေးလိုက်သည်။
စုန့်လင်းချွမ်ရဲ့ အစောပိုင်းက တုံ့ပြန်မှုကြောင့် သူ Weibo ကိုအာရုံစိုက်သလို စုန့်အာ့နန်အပေါ် hater တွေအပုပ်ချလှုံ့ဆော်မှုအကြောင်း မသိဘူးလို့ ကျန်းဟန်ထင်ထားခဲ့သည်။
ဒါပေမယ့် ဒါက သူ့ကို မအံ့သြစေပါချေ။ စုန့်လင်းချွမ်ရဲ့ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကျော်ကြားလာမှုနဲ့အတူ Weibo ပေါ်တွင် ဆူညံသံတွေက အလွန်အမင်းထွက်ပေါ်ခဲ့သည်။
တကယ်တော့ ကျန်းဟန်က စုန့်လင်းချွမ်ကို သူ မလာခင်မှာ ခေါင်းမော့နိုင်အောင် လုပ်ဖို့ရည်ရွယ်ထားပေမယ့် သူ့ဖုန်းကို ပြန်မဖြေတဲ့အတွက် နှောင့်နှေးခဲ့ရသည်။
ကျန်းဟန် ခဏလောက် စဉ်းစားလိုက်ပြီး စုန့်လင်းချွမ်ဆီ အဖြစ်အပျက်တွေကို အတိုချုပ်ပြောပြလိုက်သည်။
စုန့်လင်းချွမ်ရဲ့ မျက်နှာမှာ မည်းပြာသွားသည်။သူက အေးစက်တဲ့ လေသံနဲ့ မေးလိုက်သည်။ "နောက်ကွယ်မှာ ဘယ်သူတွေ ကြိုးကိုင်နေတာလဲ?"
ဒီအပုပ်ချလှုံ့ဆော်မှု အတိုင်းအတာအရဆို ဒီဟာက hater တွေလုပ်တာ သက်သက်ဖြစ်သည်ဟု သူ မယုံပေ။
ကျန်းဟန်လည်း ဝှေ့လည်ကြောင်ပတ်မလုပ်နေဘဲ သူရှားတွေ့သမျှကို ပြောပြလိုက်သည်။
အဲ့ဒါက အမှန်ပင်၊ အရာတွေကို တွန်းလှန်နိုင်တဲ့ haterတွေအပြင် စုန့်လင်းချွမ်ရဲ့ ပြိုင်ဘက်တွေဟာ နောက်ကွယ်ကနေ ကြိုးကိုင်ကာ လက်ပိုက်ကြည့်နေခဲ့ကြတာဖြစ်သည်။ နောက်ဆုံး၊ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေက သူတို့ရဲ့ လက်ဗွေရာတွေကို ရှင်းရှင်းလင်းလင်း ပေါ်လာစေသည်။
ဒီလိုမှမဟုတ်ရင် တစ်ညတည်းမှာပဲ အခြေအမြစ်မရှိတဲ့ ကောလဟာလတွေက သူ့လိုလိုထွက်လာမည်မဟုတ်ပေ။
ကျန်းဟန်ရဲ့ ဖုန်းထဲက စာရင်းကို ကြည့်ရင်းနဲ့ စုန့်လင်းချွမ်ရဲ့ မျက်ခုံးတွေဟာလည်း လေးလေးနက်နက် တွန့်ချိုးသွားသည်။ "ကျန်းခိုင်လည်း ပါတာလား?"
ကျန်းဟန် ခေါင်းညိတ်လိုက်သည်။
သို့ပေမယ့် ကျန်းခိုင်ဟာ စုန့်လင်းချွမ်ရဲ့ပြိုင်ဘက်အဖြစ် သတ်မှတ်ဖို့ ခက်ပြီး သူ့အတွက် နေရာတောင်မရှိပေ။
ကျန်းခိုင်ဟာ စုန့်လင်းချွမ်ရဲ့ တွဲဖက်ဟောင်းဖြစ်သည်။ သူတို့နှစ်ယောက် အတူရှိတုန်းကဆို ကွဲလွဲမှုတွေ အမြဲရှိနေခဲ့ဖူးသည်။ တီးဝိုင်းကနေ လမ်းခွဲပြီးတဲ့နောက် စုန့်လင်းချွမ်က သူ့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို စတင်ခဲ့သလို ကျန်းခိုင်ကလည်း ဖျော်ဖြေရေးနယ်ပယ်တွင် သူ့ကိုယ်သူ ထူထောင်ကာ နှစ်ပေါင်းများစွာ တိမ်မြုပ်သွားခဲ့သည်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ ကျန်းခိုင်က သူ့အတွက် ကိုယ်ရေးကိုယ်တာအမြတ်ရမယ့် အခွင့်အရေးတိုင်းမှာ စုန့်လင်းချွမ်ကို ရိုက်ချဖို့ ရည်ရွယ်ချက်ရှိနေတဲ့ပုံပင်။
"ဒါကို ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ?" ကျန်းဟန်က မေးလိုက်သည်။
စုန့်လင်းချွမ်က ခဏလောက် စဉ်းစားလိုက်ပြီး "ခင်ဗျားမှာ သူတို့ရဲ့ အပုပ်အကြောင်းတွေရှိလား?"
ကျန်းဟန်က စုန့်လင်းချွမ် ရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းမိလိုက်သည်။ "ငါသိပြီ။ သူတို့ကို ရိုက်ချဖို့တော့ မလုံလောက်ဘူး၊ ဒါပေမယ့် သူတို့ကို နာကျင်စေမှာတော့ သေချာတယ်"
စုန့်လင်းချွမ်က လှောင်ရယ်လိုက်သည်။ "ဒါဆို သူတို့ကို ဒုက္ခပေးလိုက်ပါဦး"
"ငါတို့ အခု ကျန်းခိုင်ကို ခဏလောက် စောင့်နေသင့်တယ်" ကျန်းဟန်က စုန့်လင်းချွမ်ကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။
စုန့်လင်းချွမ်ရဲ့ မျက်ခုံးတွေက ပိုတွန့်ချိုးသွားပေမယ့် နောက်ဆုံးမှာ သူက သဘောတူကာ ခေါင်းညိတ်လိုက်သည်။
"သူကလွဲရင် ကောလဟာလဖြန့်တဲ့ haterတွေရဲ့အချက်အလက်တွေ စုဆောင်းထားလိုက်၊ သတ်မှတ်ချက်နဲ့ ကိုက်ညီရင် တရားစွဲမယ်"
ကျန်းဟန် အံ့အားသင့်သွားသည်။ "သူတို့ကို တိုက်ရိုက်တရားစွဲဆိုချင်တာလား။ ရှေ့နေဆီကနေ သတိပေးစာပို့ခိုင်းတာ မဟုတ်ဘူးလား?"
သူ့တုံ့ဆိုင်းနေတာကို နားလည်နိုင်သည်။ ရှေ့နေဆီကနေ သတိပေးစာတွေ ပေးပို့တာက နာမည်ကြီးတွေအတွက် သူတို့ရဲ့ပုံရိပ်ကို ကာကွယ်ဖို့သာ ဆောင်ရွက်ပေးသည်။
သို့ပေမယ့် တိုက်ရိုက်တရားစွဲဆိုခြင်းမှာတော့ ကွဲပြားသည် - အဲ့ဒါက တကယ် တရားစွဲခြင်း စတာပင်။
အကြောင်းအမျိုးမျိုးကြောင့် အနုပညာရှင်အချို့ဟာအမှန်တကယ် ဒေါသမထွက်ဘဲ haterတွေကို တိုက်ရိုက်တရားစွဲတာ ရှားသည်။ ဥပမာတစ်ခု ဒါမှမဟုတ် နှစ်ခုလောက် လုပ်ရုံဖြင့် နည်စနည်းပိုကြီးတဲ့ သတိပေးချက်ကိုဘဲ ပေးကာ သူတို့ရဲ့အခွင့်အရေးတွေကို ထိန်းသိမ်းထားသည်။
စုန့်လင်းချွမ်က ကျန်းဟန်ကို ကြည့်ပြီး အေးစက်စွာနဲ့ပြောလိုက်သည်။ "သူတို့ကို တိုက်ရိုက်တရားစွဲလိုက်!"