← Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

စုန့်လင်းချွမ်ရဲ့ ဆုံးဖြတ်ချက်ကို ကျန်းဟန် အစပိုင်းမှာနည်းနည်း အံ့အားသင့်သွားခဲ့ပေမယ့် နောက်တော့ သူလက်ခံလိုက်သည်။

တရားစွဲပါစေ၊ တကယ်တော့ စုန့်အာ့နန် နဲ့ ပတ်သက်တဲ့ ကောလဟာလတွေကို စုန့်လင်းချွမ်ရဲ့ antifans တွေက အများဆုံး ပျံ့အောင်လုပ်ခဲ့တာ။ ဒါက အဲ့ဒီ antifans တွေကို သတိပေးဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။

စုန့်အာ့နန်က စာကြမ်းပိုးဆိုတဲ့ နာမည်နဲ့လိုက်သည်။ သူမလက်ထဲက စာအုပ်ကို လုံးလုံးလျားလျား အာရုံစိုက်ထားပြီး စာမျက်နှာတစ်ခုပြီးတစ်ခု လှန်တဲ့အခါတောင် ခေါင်းတစ်ခါမှ မထောင်လာပေ။

အချိန်အတော်ကြာတော့ စာဖတ်ရတာ ပင်ပန်းလာသလို သူမခံစားလိုက်ရပြီး လက်နှစ်ဖက်ကို ဆန့်လိုက်ကာ နံရံပေါ်က နာရီကို မော့ကြည့်လိုက်တော့ ၁၁ နာရီ ၃၀ ကျော်နေပြီမှန်း တွေ့လိုက်ရပြီး သူမ လန့်သွားသည်။

သူမဒီလောက် အကြာကြီး စာဖတ်လိုက်မိမှန်း မသိလိုက်ဘူး။

စုန့်လင်းချွမ် သူ့ထိုင်ခုံမှာမရှိတာကိုမြင်တော့ စုန့်အာ့နန်လည်း စာအုပ်ကိုပိတ်လိုက်ပြီး ထလိုက်ကာ သူ့ကိုသွားရှာလိုက်တော့ ကျန်းဟန်နဲ့ စုန့်လင်းချွမ်တို့ စာကြည့်ခန်းဘက်ကနေ လျှောက်လာတာကို တွေ့လိုက်ရသည်။

"အန်တီ‌လေး၊ ငါ့ကို ရှာနေတာလား?" စုန့်လင်းချွမ်က မေးလိုက်သည်။

စုန့်အာ့နန်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ နေ့လည်စာစားချိန်နီးနေပြီဆိုတော့ ငါတို့ဘာစားကြမလဲလို့ မေးမလို့"

သူမက အမြဲတမ်း အစာစားချင်စိတ်က စာဖတ်ခြင်းကလည်း သူမကို ဗိုက်ဆာစေတာကြောင့် အခု သူမအရမ်းဗိုက်ဆာနေပြီဖြစ်သည်။

ကျန်းဟန်က အဲ့ဒီစကားကိုကြားတော့ နှစ်ယောက်သား ဘာစားချင်လဲလို့ မေးလိုက်ပြီး အစားအသောက်တွေကိုမှာလိုက်သည်။

ဒါပေမယ့် မနက်က စုန့်အာ့နန် စုန့်လင်းချွမ် ပေးခဲ့တဲ့ "စည်းကမ်းသုံးချက်" ထဲက တစ်ခုကို သူသတိရသွားသည်။

အပြင်က မှာစားတာက ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ ယူဆလို့မရဘူးမလား?

"အန်တီလေး ဒီမနက်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်လို့ ပြောခဲ့တယ်မလား? မင်းတို့နှစ်‌ယောက်အတွက် အိမ်မှာ ချက်ပေးဖို့ ချက်စရာတွေ ငါသွားဝယ်ရင်ရော?"ကျန်းဟန်က အကြံပြုလိုက်သည်။

စုန့်လင်းချွမ် ချက်ပြုတ်ရင် ကြောက်စရာကောင်းတယ်ဆိုတာ သူသိသည်။ variety show တစ်ခုမှာ သူက ကြက်ဥကြော်ဖို့ တာဝန်ယူခဲ့ပြီး ကြက်ဥကနေ မီးသွေးအဖြစ်ပြောင်းခဲ့ဖူးသည်

ဒါပေမယ့် စုန့်အာ့နန်ကို သူတစ်ချက်ကြည့်ပြီးတော့ ရုတ်တရက် ယုံကြည်မှု ပိုရှိလာသည်။ ဒီမှာ အန်တီလေးနဲ့ဆို ပြဿနာမရှိလောက်ဘူး။

စုန့်လင်းချွမ် မချက်ပြုတ်နိုင်ရင်တောင် ကြီးကြီးမားမားတော့ မဟုတ်ဘူး။ ဒီသင်ကြားရေး ပါရမီရှင်က မြန်မြန်ဆန်ဆန် ချက်ပြုတ်နိုင်လောက်သည်။ ချက်ပြုတ်တာက သူ့အတွက် အလွယ်လေးဖြစ်နေမှာ။

ကျန်းဟန်မှာ ဒီတလော စုန့်အာ့နန်ကို လျှို့ဝှက်ဆန်းကြယ်စွာနဲ့ မယိမ်းမယိုင် ယုံကြည်ထားသည်။

ဒါ့အပြင် ရက်အနည်းငယ်အတွင်း သူတို့က အဖွဲ့လိုက်ရိုက်ကူးဖို့အတွက် အခြားသော သရုပ် ဆောင်အဖွဲ့ဝင်များနှင့် ပူးပေါင်းခဲ့ရမည်ဖြစ်ပြီး ယခင် season တွေမှာလည်း သူတို့ရဲ့အတွေ့အကြုံကို အခြေခံကာ သရုပ် ဆောင်တွေက အမြဲလိုလို ကိုယ်တိုင်ချက်ပြုတ်ရသည်။ ဒါကို အလေ့အကျင့်ကောင်းတစ်ခုအနေနဲ့ လုပ်လို့ရသည်။

ကိုယ်တိုင်ချက်မယ်?!

စုန့်အာ့နန်ရဲ့ မျက်လုံးတွေ နည်းနည်း ကျဉ်းမြောင်းသွားပြီး မလိုလားတဲ့ အရိပ်အယောင်နဲ့အတူ ရှောင်လွှဲလိုက်သည်။

သူမ စုန့်လင်းချွမ်ကို လှည့်ကြည့်လိုက်တော့ တစ်ယောက်နဲ့တစ်ယောက် အကြည့်တွေထဲမှာ ရင်းနှီးနေတဲ့ ကြောက်ရွံ့မှုတွေကို တွေ့လိုက်ရသည်။

သူတို့နှစ်ယောက်ရဲ့ အတူညီဆုံးအရာတစ်ခုပြပါဆိုလျှင် ချက်ပြုတ်တဲ့စွမ်းရည် ချို့တဲ့တာပဲဖြစ်မည်။

စုန့်လင်းချွမ် ချက်ပြုတ်ရာမှာ အနည်းဆုံးဘေးဥပဒ်ဘဲ ကြုံရတဲ့ မီးဖိုချောင်ငတုံးတစ်ယောက်ဖြစ်ကာ သူနှင့်အတူရှိပါက ကိုယ်လက်အင်္ဂါ‌နဲ့ အသက်အန္တရာယ်တော့မရှိပေ။

စုန့်အာ့နန်ကတော့ မတူပေ။ သူမက မီးဖိုချောင်ကို အမှန်တကယ် ပေါက်ကွဲစေနိုင်တဲ့ မီးဖိုချောင်လူသတ်သမားဖြစ်သည်။

ဟုတ်တယ်၊ တကယ်ကိုပေါက်ကွဲသွားတာ။

အဆုံးမှာ သူမကို မီးသတ်သမားတွေက ကယ်ဆယ်ခဲ့ရပြီး ဒေသတွင်း သတင်းချန်နယ်အစီအစဉ်မှာတောင် မကောင်းတဲ့သဘောဆောင်တဲ့ ဥပမာအဖြစ်ပင် အသုံးပြုခံခဲ့ရသည်။

ဒါပေမယ့် သေချာပေါက် သူမ ဒါကိုတော့ မပြောပြနိုင်ဘူး။ ရှက်စရာကောင်းလွန်းလို့ စုန့်အာ့နန်မှာ စိတ်ကြီးမဝင်နိုင်ပါချေ။

သူမက ကျန်းဟန်ကို ခဏလောက် တုံ့ဆိုင်းစွာနဲ့ ကြည့်လိုက်ပြီး ပြောလိုက်သည်။ "တကယ်တော့ အပြင်ကမှာတဲ့အထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရွေးချယ်စရာတွေ အများကြီး ရှိမယ်လို့ထင်တယ်။ ကျွန်မတို့ ကိုယ်တိုင် ချက်ပြုတ်ဖို့ မလိုပါဘူး"

စုန့်လင်းချွမ်ကလည်း စိတ်အားထက်သန်စွာနဲ့ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ဟုတ်တယ်! မနေ့က ကျွန်တော်တို့ စားခဲ့တဲ့ဆိုင်က တော်တော်ကောင်းတယ်။ သူတို့ လာပို့ပေးနိုင်မလား ကြည့်ကြည့်ရအောင်"

တခြားဘာမှအဆင်မပြေရင်လည်း အပြင်ထွက်စားကြတာပေါ့။

ကျန်းဟန် - "......"

တိုက်ရိုက်ထုတ်လွှင့်တာကြည့်နေကြတဲ့သူတွေ - ဟမ်... တစ်ခုခုကို ဖုံးကွယ်ထားသလို ခံစားရတယ်။

အစားအသောက်မှာတဲ့ အက်ပ်တွေကို အချိန်အတော်ကြာကြည့်ပြီးတဲ့နောက်မှာ နောက်ဆုံးတော့ တူဝရီးနှစ်ယောက် အပြင်ထွက်စားဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့နေတဲ့နေရာမားမှာ စားသောက်ဆိုင်ကောင်းတချို့ရှိပြီး စုန့်အာ့နန်ရဲ့အရသာနဲ့ကိုက်ညီတဲ့ ကျန်းမာရေးနှင့်ညီညွတ်ပြီး ပေါ့ပေါ့ပါးပါးရှိတဲ့ တစ်နေရာတော့ ရှိလိမ့်မည်။

နေ့လယ်စာစားပြီးတဲ့နောက် နှစ်ယောက်သား လိုက်ပတ်မယ့်အစား အိမ်ကိုဘဲ တန်းတန်းမတ်မတ် ပြန်ကြသည်။

ထုတ်လုပ်ရေးအဖွဲ့ကိုလည်း နေ့လည်စာစားဖို့ တစ်နာရီအချိန်ပေးလိုက်တော့ စုန့်အာ့နန်လည်း အားပြန်ဖြည့်ဖို့ အခန်းထဲမှာ နာရီဝက်တစ်ရေးတစ်မောအိပ်ဖို့ စီစဉ်လိုက်သည်။

သူမရဲ့ အခန်းတံခါးဆီ ရောက်တဲ့အချိန် စုန့်လင်းချွမ်က သူမကို လှမ်းခေါ်လာသည်။ "အန်တီလေး"

စုန့်အာ့နန်က ရပ်ပြီး စုန့်လင်းချွမ်ကို လှည့်ကြည့်လိုက်သည်။ "ဘာလဲ?"

စုန့်လင်းချွမ်ကို ကြည့်ရတာ ဘယ်လိုပြောရမလဲမသိဖြစ်နေတဲ့ပုံပင်။ သူက စကားမပြောခင် စက္ကန့်တော်တော်ကြာလောက် ခဏရပ်လိုက်ပြီးမှ ပြောလာသည်။ "ပြောစရာရှိလို့ ... စဉ်းစားကြည့်ပြီး‌တော့ ပြောပြသင့်တယ်ထင်လို့"

စုန့်အာ့နန်က အံ့အားသင့်သွားပြီး မေးလိုက်သည်။ "ဒီမနက် ဆိုရှယ်မီဒီယာမှာ ရေပန်းစားနေတဲ့ ငါ့အကြောင်းကိုလား?"

စုန့်လင်းချွမ် အံ့သြသွားသည်။ "သိထားတာလား?"

စုန့်အာ့နန်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ နေ့လည်စာစားပြီးသွားတော့ သိလိုက်ရတာ။ ငါ့ရဲ့ fangirl အခန်းဖော်က ငါ့ကိုပြောပြလို့"

အတိအကျပြောရ မနက်တုန်းက လီစစ်ရွေ့ သူမဆီ မက်ဆေ့ချ်တစ်စောင် ပေးပို့ခဲ့ပေမယ့် သူမက တစ်မနက်လုံး ဖုန်းကို မကြည့်ခဲ့ရပေ။

စုန့်လင်းချွမ် - "တကယ်တောင်းပန်ပါတယ် အန်တီလေး။ မင်း ဒီထဲ ဆွဲသွင်းခံရတာ ငါ့ကြောင့်ပါ"

သူနဲ့ အတူရှိုးမှာ မပါခဲ့ဘူးဆိုရင် ဘာမှဖြစ်လာမှာမဟုတ်သလို သူမလည်း ဒီလို ဆဲဆိုခံရမှာ မဟုတ်ပေ။

စုန့်အာ့နန်က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်။ "ဒါက နင်နဲ့ ဘာဆိုင်လို့လဲ? ငါကိုယ်တိုင် ပါဖို့ ရွေးချယ်ခဲ့တာ၊ အရာရာတိုင်းကို နင်တစ်ယောက်ထဲ ခေါင်းခံမနေနဲ့"

သူမက စုန့်လင်းချွမ် စိတ်အေးရအောင် သူ့လက်မောင်းကို ပုတ်လိုက်သည်။ "စိတ်မပူပါနဲ့ ငါအဆင်ပြေတယ်။ ဒီလူတွေက ငါ့အတွက် အရေးမကြီးဘူး၊ ငါ့ကိုဘာပြောပြော ငါလုံးဝ ဂရုမစိုက်ဘူး"

စုန့်လင်းချွမ် စိတ်အေး မသွားခင် တစ်စက္ကန့်လောက် အံ့အားသင့်သွားသည်။

သူ့အန်တီလေးက ဘယ်လိုလူမျိုးမို့လဲ၊ သူမကိုမနေ့တနေ့ကမှ တွေ့ခဲ့တာမှမဟုတ်ဘဲ။ သူမက သူ့ကို နှစ်သိမ့်ဖို့ပြောနေတာမဟုတ်ဘဲ သူမတကယ်ကို ဂရုမစိုက်မှန်း သူသိသည်။

ယှဥ်ကြည့်ရင် သူဒီတလော အတွေးလွန်နေသလိုဘဲ။

သူ့အမေပြောသလိုပဲ သူ့အန်တီလေးက ငယ်ငယ်လေးကတည်းက ထူးထူးခြားခြား သာမာန်နဲ့မတူတဲ့ စိတ်ထားမျိုးရှိသည်။

သူမကမ္ဘာထဲမှာ သူမဂရုစိုက်တဲ့ လူတွေနဲ့ အရာတွေကိုသာ အာရုံစိုက်ပြီး တခြားဘယ်ဟာမှ သူမကို မထိခိုက်စေနိုင်ပေ။

"အန်တီလေး၊ အဲဒါတွေအကုန်လုံးကို အွန်လိုင်းပေါ်မှာမြင်ရတာ တကယ်စိတ်မဆိုးဘူးလား?" စုန့်လင်းချွမ် က သိချင်နေတုန်းပင်။

စုန့်အာ့နန်က ခေါင်းခါပြီး ရိုးရိုးသားသားဖြေလိုက်သည်။ "နည်းနည်းတော့ စိတ်ထဲမကောင်းဘူး၊ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာတော့ ပြင်ဆင်ထားတယ်၊ အဆင်ပြေပါတယ်"

စုန့်လင်းချွမ်က မျက်မှောင်ကြုတ်လိုက်သည်။ "စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားတာ?"

စုန့်အာ့နန်က ခေါင်းညိတ်လိုက်သည်။ "ငါ ဒီရှိုးမှာ ပါမယ်ဆိုကတည်းက ဝေဖန်မှုတွေ ရှိလာမယ်ဆိုတာ ကြိုသိထားလို့ ကိစ္စမရှိဘူး။ ငါဘာလိုချင်လဲဆိုတာကို ရှင်းရှင်းလင်းလင်း သိနေသရွေ့လုံလောက်တယ်"

သူမ ဖျော်ဖြေရေးနယ်ပယ်နောက်ကို မလိုက်ဖူးပေမယ့် လီစစ်ရွေ့လို သူငယ်ချင်းတစ်ယောက်ရှိတာက အဲ့ဒီနယ်ပယ်ရဲ့ အလှည့်အပြောင်းတွေကို ထိုးထွင်းသိမြင်ခဲ့ရသည်။

ဒီအသိုင်းအဝိုင်းမှာ နာမည်ကြီးလေ၊ အတင်းအဖျင်းတွေ ပိုများလာလေပင်။

သေချာပေါက်ကို စုန့်အာ့နန်က သူမနာမည်ကြီးလာတယ်လို့ မတွေးထားပေ။ စုန့်လင်းချွမ်မှာဘဲ အဲ့လိုရှိတယ်ဆိုတာ သူမ သိတာကြောင့် ရှိုးမှာပါဝင်ဖို့ဆုံးဖြတ်လိုက်တဲ့အခါ အတင်းအဖျင်းတွေဖြစ်လာလိမ့်မယ်လို့ သူမမျှော်လင့်ထားသည်။

ဒါပေမယ့် အဲဒါက အရေးမကြီးပေ။ စုန့်လင်းချွမ်တစ်ယောက် မူရင်းဇာတ်လမ်းကနေ သွေဖည်သွားဖို့နဲ့ သူ့ရဲ့ အမြောက်စာ ကံကြမ္မာကို ကူညီပြောင်းလဲဖို့အတွက် သူမရှိုးမှာ ပါဝင်ခဲ့တာဖြစ်သည်။

ဒီပန်းတိုင်ကိုရောက်ဖို့ သူမမှာ အတားအဆီးမရှိသရွေ့ ကျန်တာတွေအားလုံးက အရေးမကြီးပေ။

စုန့်လင်းချွမ်လည်း တစ်စက္ကန့်လောက် အံ့အားသင့်သွားသည်။ အရင်ကလည်း ဒီလိုမျိုး တစ်ယောက်ယောက်ပြောတာကို သူကြားဖူးသလို ခံစားရသည်။

ဟုတ်သား....ဖေးခွမ်ဘဲ!

သူ talent show မှာပထမဆုံးပါဝင်ခဲ့တုန်းက တစ်ခါမှ သူစိမ်းတွေရဲ့ မနာလိုမှုကို ပထမဆုံးအကြိမ် ရင်ဆိုင်ခဲ့ရဖူးသည်။ အဲဒီတုန်းက သူ့အတွက်လက်ခံဖို့ ခက်ခဲခဲ့ရသည်။

မကြာခဏ ဝေဖန်ခံရတဲ့ ဖေးခွမ်ကို သူဘယ်လိုကိုင်တွယ်လဲဆိုပြီး မေးခဲ့တာကို သတိရလိုက်သည်။ ဖေးခွမ်က ဒီလိုမျိုး ပြောခဲ့ဖူးသည် - မင်းဘာကြောင့် ဒီပွဲမှာ ပါခဲ့တာလဲဆိုတာ တွေးကြည့်လိုက်၊ နာကျင်မှုမရှိရင် ဘာအကျိုးအမြတ်မှ မရှိလာနိုင်ဘူး။ မင်းရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နေသမျှ ကာလပတ်လုံး ကျန်တာတွေကို ရင်ထဲ ထည့်ထားဖို့ မလိုဘူး။

သူ့အန်တီ‌လေးရဲ့ သဘောထားဟာလည်း ဖေးခွမ်နဲ့ အတော်လေး ဆင်ကြောင်း သူ ဝန်ခံရမည်။

သေချာပေါက်ကို စုန့်အာ့နန်က စုန့်လင်းချွမ် ဘာတွေတွေးနေလဲဆိုတာ မသိပေ။ သူမက ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။ "ရှောင်ချွမ်၊ ငါ့ကိုတစ်ခုကူပေးလို့ရမလား?"

"ရတာပေါ့" စုန့်လင်းချွမ်က တစ်စက္ကန့်မစဉ်းစားဘဲ သဘောတူလိုက်သည်။ "ဘာကိုလဲ?"

စုန့်အာ့နန် - " ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ ငါ့သူငယ်ချင်းက လက်မှတ်ထိုးထားတဲ့ ဓာတ်ပုံလိုချင်လို့...

"သဘောပေါက်ပြီ၊ သူက ငါလက်မှတ်ထိုးထားတဲ့ ဓာတ်ပုံကို လိုချင်နေတာဘဲ ကိစ္စမရှိဘူး၊ ငါ ကျန်းဟန် ကို ဒီနေ့ နေ့လည်လောက် ယူလာခိုင်းလိုက်မယ်" စုန့်လင်းချွမ် မျက်လုံးတွေက တောက်ပလာပြီး ပျော်ရွှင်မှုအပြည့်နဲ့ ပြောလာသည်။

"မင်းပြောခဲ့တဲ့ အဲဒီ Fangirlအတန်းဖော်က ငါ့ရဲ့ fanဘဲဖြစ်ရမယ် ဟုတ်တယ်ဟုတ်?"

စုန့်အာ့နန် - "......"

သူမ တကယ်ပဲ မဟုတ်ဘူးလို့ ပြောချင်တာ။

တကယ်တော့ လီစစ်ရွေ့က သူမ စုန့်လင်းချွမ်ရဲ့အန်တီလေးဖြစ်တယ်ဆိုတာ ဖုံးကွယ်ထားတဲ့အတွက် လျော်ကြေးအနေနဲ့ ဖေးခွမ် လက်မှတ်ထိုးထားတဲ့ ဓာတ်ပုံကို ယူလာပေးဖို့ တောင်းဆိုထားတာဖြစ်သည်။

ဒါကြောင့် စုန့်လင်းချွမ်က ဖေးခွမ်းကို သိတယ်ဆို‌‌တော့ သူ့ကိုအကူအညီ တောင်းလို့ရမယ်လို့ သူမထင်ထားတာဖြစ်သည်။

ဒါပေမယ့် စုန့်လင်းချွမ်ရဲ့ မျှော်လင့်နေတဲ့အမူအရာနဲ့ ရင်ဆိုင်လိုက်ရတော့ သူမကိုယ်တိုင် ဒါကိုမပြောနိုင်တော့ပေ။

ကောင်းပြီလေ နောက်မှဘဲ ယူဖို့ နောက်ထပ် အခွင့်အရေး ရှာလိုက်တော့မယ်။

*

ည ၇ နာရီကျော်။ B Cityရဲ့ လေဆိပ်ရှိမြေအောက်ကားပါကင်တွင်၊ဖေးခွမ်နဲ့ သူ့မန်နေဂျာ လီတုန်က အနက်ရောင်ကားတစ်စီးပေါ် တက်သွားသည်။

ဖေးခွမ်က ကားပေါ်ရောက်တာနဲ့ သူ့လက်ထောက်က အရှေ့ခရီးသည်ထိုင်ခုံကနေ အသားညှပ်ပေါင်မုန့်ကို သူ့ဆီ ကမ်းပေးလိုက်သည်။ "ဗိုက်ဖြည့်ဖို့ နည်းနည်းလောက် ကိုက်လိုက်ပါလား ဖေးကော"

လီတုန် ကလည်း ပြောလိုက်သည်။ " တစ်ခုခုစားလိုက်၊ လေယာဉ်ပေါ်လည်း အိပ်လာတာ မစားလာရဘူး"

ဖေးခွမ့်က ခေါင်း ဖြည်းဖြည်းညိတ်သည်။

သူ့ဦးထုပ်နဲ့ မက်စ်ကို ချွတ်လိုက်တော့ သူ့ရဲ့ ပြောင်မြောက်လှတဲ့ မျက်နှာက ပေါ်လာသည်။

သူ့မျက်နှာပေါ်က ပင်ပန်းနွမ်းနယ်မှုကို ဖုံးဖို့ ခဲယဉ်းကာ သူ့ရဲ့ နီရဲနေတဲ့ မျက်လုံးတွေက ပင်ပန်းနွမ်းနယ်နေတာကို ပြသနေသည်။

"ကျေးဇူးဘဲ" သူ့လက်ထောက်ဆီကနေ အသားညှပ်ပေါင်မုန့်ကို ယူပြီး ဖြည်းဖြည်းချင်း စစားလိုက်သည်။

လီတုန်က ဒါရိုင်ဘာကို ကားစထွက်ခိုင်းလိုက်သည်။ အနက်ရောင် လုပ်ငန်းသုံးကားက မြေအောက်ကားပါကင်ကနေ လျင်မြန်စွာ ထွက်ခွာသွားပြီး ညအ‌မှောင်ထဲပေါင်းစပ်သွားသည်။

အသားညှပ်ပေါင်မုန့်က အကြီးကြီးမဟုတ်တော့ ဖေးခွမ်က သိပ်မကြာခင်မှာဘဲ စားလို့ပြီးသွားသည်။

လေယာဉ်ပေါ်မှာလည်း အိပ်ခဲ့ပြီး အခု အစားလည်းစားပြီးပြီဆို‌တော့ နောက်ဆုံး သူ့ခန္ဓာကိုယ်မှာ ခွန်အားအချို့ ပြန်ရလာသည်။

ဖေးခွမ်ကို ဒီလိုမြင်ရတော့ လီတုန်လည်း သူ့အတွက် စိတ်မကောင်းဖြစ်မိပေမယ့် ဒီရုတ်တရက် အခြေအနေတွေကို သူလည်း မကူညီနိုင်ပေ။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒရာမာဇာတ်လမ်းတွဲအတွက် အချိန်ဇယားဆွဲထားတဲ့နေရာက ပြဿနာကြောင့် ဖေးခွမ်မှာ အမီလိုက်လို့မပြီးခင် တစ်ညလုံးဆက်တိုက်နေခဲ့ရကာ သေတဲ့အထိ အလုပ်များနေခဲ့ရသည်။

ရိုက်ကူးရေးပြီးတာနဲ့ သူတို့မှာအသက်ဝဝတောင် မရှူအားဘဲ လေဆိပ်ကို တန်းတန်းမတ်မတ် ပြေးသွားရပြန်သည်။

"အခွင့်အရေးရှိတုန်း အနားယူလိုက်ဦး၊ နောက်ရက်နည်းနည်းလောက်မှ အစီအစဉ်အတိုင်း သွားကြတာပေါ့" ဖေးခွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

လီတုန်လည်း သတိပြန်ဝင်လာပြီး သူ့အချိန်ဇယားစာအုပ်ကို ချက်ချင်းထုတ်လိုက်သည်။

လေဆိပ်ကနေ ဖေးခွမ်ရဲ့အိမ်ကို ကားဖြင့်သွားလျှင်တစ်နာရီကျော်ကြာသည်။ ကားက လူနေအဆောက်အအုံထဲ ဝင်လာတဲ့အချိန် သူတို့ရဲ့နောက်တစ်ပတ်အတွက် အချိန်ဇယားစစ်တာပြီးသွားသည်။

တိုက်ခန်းတာဝါတိုင်တွေကို လှမ်းကြည့်ရင်း ဖေးခွမ်က တစ်ခုခုကို သတိရသွားသည်။ သူကဖုန်းကို ထုတ်လိုက်ပြီး စုန့်လင်းချွမ်နဲ့ သူ့ရဲ့ WeChat စကားပြောခန်းကို ဖွင့်လိုက်သည်။

ဖေးခွမ် - [မင်းအိမ်မှာလား?]

စုန့်လင်းချွမ်က ချက်ချင်းဘဲ စာပြန်လာသည် - [ဟုတ်တယ်]

ဖေးခွမ်က စာဆက်မပို့‌တော့ပေ။ အဲဒီအစား သူ့ဖုန်းကို ဖယ်လိုက်ပြီး လီတုန်ဘက် လှည့်ကာ မေးလိုက်သည်။ " ပြင်ဆင်ခိုင်းထားတဲ့ လက်ဆောင် ယူလာလား?"

လီတုန် နားမလည်နိုင်ဖြစ်သွားသည်။ "ဘာလက်ဆောင်လဲ?"

ဖေးခွမ်က မျက်မှောင်ကြုတ်လိုက်ပြီး "** ရေမွှေးsetလေ"

လီတုန် ချက်ချင်းဘဲ ပြန်သတိရသွားသည်။ "အင်း၊ ငါ့အိတ်ထဲမှာ ပါတယ်။ မင်းနေရာကို ရောက်ရင် ပေးမယ်"

ဒါပေမယ့် ဖေးခွမ်က ခေါင်းခါလိုက်သည်။ "မလိုဘူး၊ အခုပဲ ပေးလိုက်မယ်၊ ကျွန်‌တော့်အိတ်ကို နောက်မှ အိမ်ပြန်ယူလာပေးတော့"

ပြီးတော့ သူက ရှေ့က ဒရိုင်ဘာကို ပြောလိုက်သည်။ “အဲဒီအဆောက်အအုံမှာ ရပ်လိုက်၊ ဆင်းမယ်"

ဒရိုင်ဘာလည်း အမြန်ပြန်တုံ့ပြန်လိုက်သည်။ "ဟုတ်ကဲ့"

လီတုန်လည်း ဖြစ်ပျက်နေတာကို သဘောပေါက်သွားသည်။ သူက ရှေ့က အဆောက်အဦးကို ကြည့်လိုက်ပြီး မေးလိုက်သည်။ "အခု စုန့်လင်းချွမ်ဆီ သွားမလို့လား?"

ဖေးခွမ်က ခေါင်းညိတ်ပြလိုက်သည်။ "အင်း လာဖို့က အရမ်း အလုပ်များနေတော့ ဘယ်တော့မှ လာဖြစ်မလဲ မသိဘူး"

သူတို့နှစ်ယောက်လုံးက တူညီပြီးများပြားလှတဲ့အချိန်ဇယားတွေကြားမှာ နေခဲ့ကြတဲ့အတွက် အတူဆုံဖို့ဆိုတာ အရမ်းရှားသည်။

ခဏနေတော့ ကားက ရပ်သွားသည်။ လီတုန်က သူ့ ခရီးဆောင်အိတ်ကိုဖွင့်လိုက်ပြီး သပ်သပ်ရပ်ရပ် ထုပ်ပိုးထားတဲ့ အိတ်ကို ပေးလိုက်သည်။

"မနက်ဖြန်မနက် စောစောမှာ brand တစ်ခုရဲ့ ပွဲရှိတယ်။ သိပ်အကြာကြီးမနေနဲ့၊ အိမ်ပြန်ပြီး စောစောအနားယူဦး" လီတုန်က ပြောလိုက်သည်။

"အင်း" ဖေးခွမ်လည်း ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။

နောက်တော့ ကားတံခါးဖွင့်လိုက်ကာ အိတ်ကို ကိုင်ရင်း ကားထဲကနေ ထွက်လာလိုက်သည်။

ဖေးခွမ်ရဲ့နောက်ကျောကို ကြည့်ပြီး လီတုန်လည်း ကူကယ်ရာမဲ့စွာနဲ့ ခေါင်းကုတ်လိုက်သည်။

ထူးဆန်းတာက သူတစ်ခုခုကို မေ့နေသလို ခံစားရတယ်၊ ဒါပေမယ့် ဘာဖြစ်တာလဲဆိုတာတော့ သူ မသိဘူး။

ဖေးခွမ် အဆောက်အဦးထဲဝင်သွားပြီးမှ လီတုန်လည်း ဒရိုင်ဘာကို သွားဖို့ပြောလိုက်သည်။

အရေးမကြီးတာလည်း ဖြစ်နိုင်တယ်။

လီတုန်နဲ့ သူ့လက်ထောက်က ဖေးခွမ်ရဲ့ခရီးဆောင်အိတ်ကို သူ့အိမ်ဆီ ယူသွားလိုက်သည်။ ပြီးသွားမှဘဲ လီတုန်တစ်ယောက် သူ့နဖူးကို ရုတ်တရက် ရိုက်လိုက်ပြီး သူဘာမေ့သွားလဲဆိုတာ သတိရလိုက်သည်။

စုန့်လင်းချွမ်ရဲ့ အန်တီလေးက တကယ်တော့ ငယ်ရွယ်တဲ့ကောင်မလေးဖြစ်မှန်း သူဖေးခွမ်ကို မပြောပြလိုက်ရဘူး!

လွန်ခဲ့တဲ့ ရက်အနည်းငယ်က အလုပ်‌တွေ ရှုပ်နေတာကြောင့် ဒီကိစ္စကို သူတကယ် မေ့သွားတာဖြစ်သည်။

ကားထဲက‌နေ ထွက်တဲ့အချိန်မှာ ဖေးခွမ်သယ်သွားတဲ့ အသက် 30 အထက်အတွက် ရေမွှေးset ကြီးကိုတွေးကြည့်မိပြီး ‌လီတုန်မှာ ကူကယ်ရာမဲ့စွာနဲ့ သူ့နဖူးသူကိုင်လိုက်မိသည်။

"အိုး မဖြစ်ဘူး၊ ဒီလောက်အရေးကြီးတာကို ငါဘယ်လိုလုပ်မေ့သွားတာလဲ? မဖြစ်ဘူး ဖေးခွမ်ကို ချက်ချင်းဖုန်းဆက်ရမယ်။ သူ စုန့်လင်းချွမ် ရဲ့အိမ်ကို မရောက်သေးဘူးလို့ မျှော်လင့်ရတာဘဲ"

လီတုန် ဖုန်းခေါ်ဖို့ ပြင်နေတုန်း သူ့လက်ထောက်က ပြောလာသည်။ "အစ်ကိုလီ၊ အရမ်းနောက်ကျသွားပြီ"

လီတုန်က နည်းနည်း နားမလည်နိုင်ဖြစ်သွားရသည်။ "ဘာအတွက် နောက်ကျရမှာလဲ?"

လက်ထောက်က သူ့ဖုန်းကို လီတုန်အရှေ့ ပြလိုက်သည်။ အဲ့ဒါကတော့ "Our dearest us" အစီအစဉ်ရဲ့ စုန့်မိသားစုက တူဝရီးနှစ်ယောက်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းဖြစ်သည်။

စခရင်ပေါ်တွင် ဖေးခွမ်က စုန့်လင်းချွမ်ရဲ့ အိမ်တံခါးဝမှာရပ်နေတာကို ရှင်းရှင်းလင်းလင်း ပြထားသည်။

သူ့လက်ထဲမှာတော့ brand တစ်ခုရဲ့အသက်30အထက်အတွက် ရေမွှေးset အိတ်ကို ကိုင်ထားသည်။

All Chapters