← Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

ပရိုဂရမ်အဖွဲ့သားတွေက မှတ်ချက်တွေထဲမှာ အဓိကအချက်အလက်တွေကို အသေအချာ တွေ့လိုက်ရပြီး ရေမွှေးမိတ်ဆက်ကို စစ်ဆေးဖို့ အွန်လိုင်း‌ပေါ် အမြန်သွားလိုက်သည်။ ကြည့်ပြီးတဲ့နောက်မှာ ဝန်ထမ်းတွေက နည်းနည်းမထိန်းဘဲ မနေနိုင်တော့ပေ။

"ဆရာဖေး ကျွန်တော်တို့နားမလည်လို့၊ အန်တီလေးကို ပေးတဲ့ ရေမွှေးက အသက် ၃၀ နဲ့ အထက် အမျိုးသမီးတွေကို အဓိက ထား ရောင်းတာမဟုတ်ဘူးလား?"

မြင်ကွင်းက ရုတ်တရက် အေးခဲသွားပြီး စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့ နှစ်ယောက်စလုံး ဖေးခွမ်ကို တစ်ပြိုင်နက် လှည့်ကြည့်လာကြသည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ "f*ck" တွေနဲ့ မပြည့်လာခင် တစ်ခဏလောက် တိတ်ဆိတ်သွားသည်။

[F*ck! F*ck! 30+၊ ဟားဟား၊ ဖေးခွမ်က ဒီမှာ ဟာသလာလုပ်နေတာလား?]

[ရယ်သေပြီ။ ထိပ်တန်း နာမည်ကြီးမင်းသားက အသက် 30 အရွယ် အမျိုးသမီးတွေအတွက် ရေမွှေးကို ဆယ့်ခုနစ်နှစ်ဘဲရှိသေးတဲ့ မိန်းကလေးကို ပေးတယ်တဲ့။ ဒါက ဘယ်လိုတောင် စတီးလ်လို့ဖြောင့်တဲ့လူမျိုးလဲ?]

[ဖေးခွမ်က လက်ဆောင်ကို နေရာမှာဘဲ ဖောက်မယ်လို့ပြောတာ ကြားတော့ တုန့်ဆိုင်းသွားတာ မအံ့သြတော့ဘူး။ ဒါက အရမ်းရှက်စရာကောင်းတာဘဲ]

စုန့်လင်းချွမ်မှာ တစ်ခဏ‌လောက် ဘာပြောရမှန်းမသိဖြစ်သွားပြီး ဖေးခွမ်ကို လက်ညှိုးထိုးကာ စကားတစ်ခွန်းကို ဖျစ်ညှစ်ပြောလိုက်သည်။ "ဖေးခွမ်၊ မင်းက တကယ်ကို တစ်ခုခုပဲ"

ဖေးခွမ်လည်း နည်းနည်း ရှက်သွားသည်။ "ဒါက ငါသတိမထားမိလိုက်တာ။ မင်းရဲ့ အန်တီလေးက ငယ်ငယ်လေးရှိဦးမယ်လို့ ငါ တကယ်ကို မမျှော်လင့်ထားမိဘူး"

တစ်ချိန်တည်းမှာပင် သူသား‌မွေးကုတ်မဝယ်မိခဲ့တဲ့အတွက် မတတ်နိုင်ဘဲ နည်းနည်းစိတ်သက်သာရာရသွားသည်။

ပြောပြီးတဲ့နောက် ဖေးခွမ်က စုန့်အာ့နန်ကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဒီလက်ဆောင်ကို ထည့်မတွက်နဲ့တော့ နောက်မှ ပြန်ဝယ်ပေးမယ်"

စုန့်အာ့နန်က လက်ခါလိုက်ပြီး ပြောလိုက်သည်။ "မလိုပါဘူး၊ မလိုပါဘူး၊ ဒါလည်း အရမ်းကောင်းတာပဲ"

တွေးကြည့်ပြီးတော့ သူမက ထပ်ပြောလိုက်သည်။ “ရပါတယ်၊ ကျွန်မလည်း အသက်သုံးဆယ်ပြည့်လာဦးမှာဘဲ"

အဓိပ္ပါယ်မှာ သူမက ဒါတွေကို အနာဂတ်မှာ ဆက်ပြီးသုံးနိုင်တာကြောင့် အလဟဿမဖြစ်ဘူးလို့ ဆိုလိုတာပင်။

[ဝူးဝူးဝူး၊ နားလည်တတ်တဲ့ အန်တီလေး၊ ဒါပေမယ့် သက်တမ်းကုန်လိမ့်မယ်လို့ သတိပေးချင်တယ် ]

[ဟာဟားဟား၊ ဖေးခွမ်နဲ့ စုန့်လင်းချွမ် တို့ကြားက ပလတ်စတစ်လို ညီအကိုဆက်ဆံရေးက ငါ့ကိုသေအောင်ရယ်မိစေတယ်]

[တကယ်တော့ နားလည်ပေးနိုင်ပါတယ်။ စုန့်အာ့နန် ပထမဆုံးမြင်တုန်းက ဖေးခွမ်ရဲ့ တုံ့ပြန်မှုကနေ အန်တီလေးရဲ့ အသက်ကို သူတကယ်မသိဘူးဆိုတာ ပြောနိုင်တယ်]

[အားးး မဟုတ်ဘူး၊ ငါ စွဲလမ်းနေသလို ခံစားရတယ်။ ဖေးခွမ်က "ကောင်မလေး" ကို ဘာလို့ထူးထူးခြားခြား နည်းနည်း အလိုလိုက်နေတယ်လို့ ခံစားနေရတာလဲ?]

[ဝူးဝူးဝူး၊ ဖေးခွမ်နဲ့ အန်တီလေးက ဘာလို့ညship ချင်စရာကောင်းနေရတာလဲ?]

[သူတို့နှစ်ယောက်ကို CP ထဲပေါင်းထည့်ဖို့ စဉ်းစားနေတယ်]

[ကောင်မလေး? ဝူးဝူးဝူး၊ အသက်ကွာဟချက်ရှိတဲ့ စူပါချိုမြိန်ပြီး အလိုလိုက်တတ်တဲ့ fic ရှစ်ရာလောက်ကို ချက်ခြင်းစိတ်ကူးမိနေပြီ]

[အပေါ်ထပ်က တစ်ယောက်မှာ ဆိုးညစ်တဲ့အယူဝါဒတွေရှိနေတယ်၊ ဒီတားမြစ်ထားတဲ့အချစ်ကို တွေးမနေနဲ့]

[ဒီလိုမျိုး ကြုံရာကျပန်း မတွဲကြရအောင်၊ ငါတို့ အန်တီလေးက အသက်မပြည့်သေးဘူး၊ လုံးဝမတွဲကြနဲ့!]

[ဘယ်လို တောင်သတ္တိရှိတာလဲ! အန်တီလေးကို ကာကွယ်ဖို့ အသက်မပြည့်သေးတဲ့ ကာကွယ်ရေးဥပဒေတွေကို အမြန်ယူလာခဲ့!]

[သေအောင်ရယ်ရတယ်၊ အသက်မပြည့်သေးတဲ့ ကာကွယ်ရေးဥပဒေတွေ မလိုဘူး၊ သူ့တူ စုန့်လင်းချွမ်နဲ့ဆို ဘယ်သူမှ အန်တီလေးနားကပ်နိုင်မှာမဟုတ်ဘူး!]

[စုန့်လင်းချွမ်က သူ့ရဲ့မီတာ ၈၀၀လောက် ရှည်တဲ့ ဧရာမဓားကြီးကို ကိုင်ပြီးလမ်းပေါ်မှာရှိနေတယ်!]

[စုန့်လင်းချွမ် ပရိသတ်များ- ငါ့ညီကို ဖေးခွမ်ကို အစား လိုက်ပို့ပေးပါ၊ အန်တီလေးကို အလိုလိုက်ပါ!]

[ဖေးခွမ်ရဲ့ဖန်တွေ - အဲ့ဒီအစား ငါတို့ကောကောကို စုန့်လင်းချွမ်နဲ့ဘဲ ship ကြပါ။ အနည်းဆုံးတော့ ဒါကတရားဝင်တယ်]

...

ည ၉ နာရီတိတိမှာပရိတ်သတ်တွေ တုန့်ဆိုင်းနေကြတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အချိန်မှန်အဆုံးသတ်လိုက်သည်။

ပရိုဂရမ်အဖွဲ့သားတွေလည်း တုံ့ဆိုင်းစွာနဲ့ ထွက်ခွာသွားကြကာ စုန့်အာ့နန်လည်း သူမရဲ့အခန်းဆီ ပြန်ဝင်သွားပြီး စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့ကို ဧည့်ခန်းထဲမှာ ထားခဲ့လိုက်သည်။

ကင်မရာမပါတော့ နှစ်ယောက်သား ပိုပြီး သက်တောင့်သက်သာရှိနေမှာ သေချာပေါက်ပင်။ ဖေးခွမ်က ဆိုဖာတစ်ဖက်ခြမ်းကို ပေါ့ပေါ့တန်တန် မှီကာ သူ့ပုံရိပ်ကို လုံးဝ ဂရုမစိုက်နေပေ။

"သောက်ကြမလား?" စုန့်လင်းချွမ်က မေးလိုက်သည်။

ဖေးခွမ်က ခေါင်းညိတ်လိုက်သည်။ "ဝိုင်နီဘဲ၊ နည်းနည်းဘဲသောက်မယ်၊ အိပ်ပျော်ရအောင်"

စုန့်လင်းချွမ်က အသံပြုလိုက်ပြီး ဝိုင်ယူဖို့ ဝိုင်ဗီရိုဆီသွားလိုက်သည်။

ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး ဖေးခွမ်က သူ့ဖုန်းကို ထုတ်လိုက်ကာ Weibo ကို ဖွင့်လိုက်သည်။

သေချာ‌ပေါက်ကိုဘဲ၊ သူမျှော်လင့်ထားတဲ့အတိုင်း၊ သူနဲ့စုန့်လင်းချွမ်တို့မှာ ရှာဖွှေမှုဇယားရဲ့ ထိပ်တန်းဆယ်ခုထဲမှာ ပါလာသည်။

ဖေးခွမ်က လုံးဝမတွန့်ဆုတ်နေဘဲ WeChatမှာ လီတုန်ဆီ မက်ဆေ့ချ်ပို့လိုက်သည် - [အွန်လိုင်းပေါ်က hot search နဲ့ပတ်သတ်ပြီး လူတွေရဲ့အမြင်နဲ့ လူကြိုက်များဖို့ အဲ့ဒါကို အခွင့်ကောင်းမယူဖို့ လူသိရှင်ကြား သတိပေးဖို့ ဌာနကိုပြောလိုက်]

ဖေးခွမ် ပို့လာတဲ့မက်ဆေ့ခ်ျကို လီတုန် မြင်တော့ သူ မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။

ဒီလိုဖြစ်လာမယ်ဆိုတာ သူသိနေတယ်။

hot search ကစကားလုံးတွေကို တွေ့ပြီးတဲ့နောက်မှာ အဆိုပါ အကြောင်းကို လူသိများတဲ့ဌာနတစ်ခုက အဲ့ဒါနဲ့ပတ်သက်ပြီး သူ့ကိုမေးဖို့ ဆက်သွယ်လာပေမယ့် စဉ်းစားပြီးတဲ့နောက်မှာ သူငြင်းခဲ့လိုက်သည်။

သူဖေးခွမ်ကို ကောင်းကောင်းသိတယ်။ စုန့်လင်းချွမ်နဲ့ သူ့အန်တီလေးတို့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ဒီရှိုးမှာ ကျော်ကြားမှုကို သူဘယ်တော့မှ မခိုးပါချေ။

သေချာပေါက်ကိုဘဲ သူမျှော်လင့်ထားတဲ့အတိုင်း ဖေးခွမ်က ရှိုးပြီးတာနဲ့ ချက်ချင်းဘဲ မက်ဆေ့တစ်စောင် ပို့လာသည်။

သို့ပေမယ့် အနုပညာရှင်တွေအတွက်၊ ကျော်ကြားမှုဟာ ဘုရင်ဖြစ်နေတဲ့ ဒီခေတ်မှာ အရှိန်မြှင့်ဖို့နဲ့ စဉ်ဆက်မပြတ်ထိတွေ့မှုတွေကို ထိန်းသိမ်းဖို့ အခွင့်အလမ်းတိုင်းကို ယူရမှာက အခြေခံအကျဆုံး အလုပ်ဖြစ််သည်။

ဒါပေမယ့် 'ဆွဲထည့်တာ'နဲ့ အခြားသူတွေကို နှိမ့်ချတာတွေက ဖျော်ဖြေရေးနယ်ပယ်တွင် အသုံးအများဆုံးနှင့် ထိရောက်မှုအရှိဆုံး လက်ငင်း စျေးကွက်ရှာဖွေရေးနည်းနှစ်ခုဖြစ်သည်။

လီတုန်က အကြောင်းပြချက်ကို နားလည်ပေမယ့် 15 နှစ်မှာ ဖျော်ဖြေရေးနယ်ပယ်ထဲ ကျောထောက်နောက်ခံမရှိဘဲ ဝင်ရောက်လာပြီး ပြည်တွင်းဖျော်ဖြေရေးနယ်ပယ်တွင် လက်ရှိနေရာအထိ ကျော်ကြားခဲ့တဲ့ ဖေးခွမ်က အဲ့ဒါကို ပိုလို့တောင် နားလည်သည်။

ဒါမှ မဟုတ်ပဲ ဖေးခွမ်ဟာ ဒီလောကမှာ ပြိုင်ဆိုင်ခြင်းရဲ့ရက်စက်မှုကို လေးလေးနက်နက် သဘောပေါက်ပြီး အဲဒီနည်းဗျူဟာတွေကို မရှောင်လွှဲခဲ့ပါချေ။

သို့ပေမယ့် စုန့်လင်းချွမ်က ခြွင်းချက်ဖြစ်သည်။

ယုတ္တိနည်းအရပြောရရင် သူတို့နှစ်ယောက်စလုံးဟာ အခုခေတ်စားနေတဲ့ အမျိုးသားအနုပညာရှင်တွေနဲ့ ပြိုင်ဆိုင်မှုဆိုတာကို ရှောင်လွှဲလို့မရပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ နှစ်ဦးနှစ်ဘက်စလုံးက အကျိုးစီးပွားပဋိပက္ခတွေကို ရှောင်ရှားဖို့ အကောင်းဆုံးကြိုးစားခဲ့ကြသည်။

တခါတရံ လီတုန် ဘေးကနေကြည့်နေရင်း ဖေးခွမ်နဲ့ စုန့်လင်းချွမ်တို့ ဆက်ဆံရေးက ဘာလို့ ဒီလောက် သံယောဇဉ်ကြီးရလဲဆိုတာကို သူတကယ် နားမလည်ပေ။ ဖေးခွမ်နဲ့ စုန့်လင်းချွမ်တို့က လုံးဝကို စရိုက်ကွဲပြားကြတဲ့သူတွေဖြစ်သည်။

စုန့်လင်းချွမ်ဟာ မာနကြီးပြီး စိတ်ကြီးဝင်တတ်တဲ့ အမျိုးအစားဖြစ်ပြီး လူတိုင်းကို သဘောမကျစေတဲ့ပုံပေါက်စေရှိပြီး ဖေးခွမ်က နူးညံ့သိမ်မွေ့ကာ ပေါင်းသင်းရလွယ်ကူပြီး ကြင်နာတတ်တဲ့သူဖြစ်ပေမယ့် အမှန်တကယ်မှာ‌‌တော့ သူ့မှာခိုင်မာတဲ့ စည်းမျဉ်းတွေရှိသည်။

သို့ပေမယ့် ဒီလိုမျိုးကွဲပြား ခြားနားတဲ့လူနှစ်ဦးက ဒီလောက်ထိ ဆက်ဆံရေးကောင်းနေတယ်ဆိုတာ တကယ်ကိုထူးဆန်းသည်။

ဖေးခွမ်က လီတုန်ကို Weiboပေါ်က hot search အကြောင်း ပြောပြီးတဲ့နောက် WeChat ကနေ ထွက်ကာ ဝဘ်‌ပေ့ခ်ျကို ဖွင့်လိုက်သည်။

ဒီတစ်ခါတော့ သူက search box မှာ စာတစ်ကြောင်း ရိုက်ထည့်လိုက်သည်။ ရှာဖွေမှုရလဒ်စာမျက်နှာပေါ်လာတဲ့အခါ၊ စခရင်ကို ဆဲချနေရင်းနဲ့ မတတ်နိုင်ဘဲ ရပ်လိုက်သည်။

ဖေးခွမ်မှာ သူ "စုန့်လင်းချွမ်ရဲ့ အန်တီလေး" ကို ရှာနေမိလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်အများဆုံး?

B တက္ကသိုလ်မှာ ဒုတိယနှစ်? !

ပြီးတော့ ... ဆေးကျောင်းသူ!!!

ဖေးခွမ်မှာ မလှမ်းမကမ်းက တီဗွီကို မသိစိတ်ကနေ ကြည့်လိုက်မိသည်။ ဆေးမှတ်တမ်းရုပ်ရှင်တွေကို သူကြည့်ရတာ သဘောကျတယ်ဆိုတာကို မအံ့ဩတော့ပါဘူး။

ဒါပေမယ့် အန်တီလေးက အရမ်းထူးချွန်ပြီး ထိပ်တန်းကျောင်းသားဖြစ်တယ်ဆိုတာကို သူအခုမှ သတိထားမိသည်။

ခဏလောက် အံ့အားသင့်နေပြီး သူအောက်ကို ဆက်ဆွဲလိုက်တော့ မနေ့မွန်းလွဲပိုင်းက လူကုန်ကူးသူတွေကို ဖမ်းတဲ့ ဗီဒီယို ကိုကျပန်းနှိပ်လိုက်သည်။

စုန့်အာ့နန်က လက်ဗလာနဲ့ လူနှစ်ယောက်ရဲ့ လက်နှစ်ဖက်ကို အလွယ်တကူ ချုပ်ကိုင်လိုက်တာကို တွေ့လိုက်ရတော့ "Hidden depths" ဆိုတဲ့ စကားလုံးတွေက ဖေးခွမ် စိတ်ထဲ ချက်ချင်း ပေါ်လာသည်။

*

စုန့်အာ့နန်ဘက်မှတော့ သူ့အခန်းထဲပြန်ရောက်တာနဲ့ မက်ဆေ့ချ် သတိပေးသံတွေ အစီအရီနဲ့မြည်လာသည်။

သူမ ဖုန်းကို ထုတ်လိုက်တော့ လီစစ်ရွေ့ဆီက အသံမက်ဆေ့ချ်တွေကို တွေ့လိုက်ရသည်။ သူမက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီးသွားပြီဖြစ်ကြောင်း ခန့်မှန်းစရာတောင် မလိုပေ။

"အားးး ရှောင်အာ့နန် နင်အကြီးကြီးလုပ်ခဲ့တာဘဲ! ငါ့ idol နဲ့ စခရင်မှာ အတူတူ ပေါ်လာတဲ့ နင့်ကို အရမ်းမုန်းတယ်!!!"

"ဒီမနက် နင်တို့ရှိုးမှာ ဖေးခွမ် ပေါ်လာမလားလို့ တွေးနေတုန်းရှိသေးတယ်၊ သူက ညနေဘက်ရောက်လာမယ်လို့ ဘယ်သူထင်ထားမှာလဲ?"

"ဟီးဟီး၊ ဒါပေမယ့် ပြောရရင် ရှောင်အာ့နန်၊ ဖေးခွမ်က အပြင်မှာဆို တော်တော်ချောတယ်မလား?'

ဖေးခွမ်ရဲ့ မျက်နှာကို ပြန်စဉ်းစားကြည့်ပြီးတော့ စုန့်အာ့နန်က အမှန်တိုင်း အမြန်ပြန်ဖြေလိုက်သည်။ “သူ တော်တော်ကြည့်ကောင်းတယ်"

လီစစ်ရွေ့က စုန့်အာ့နန် မြန်မြန်စာပြန်လာဖို့ မျှော်လင့်ထားပုံမပေါ်ပေ။ "ငါသွားတော့မယ်၊ နင် ငါ့စာကို ဘယ်လိုတောင် မြန်မြန်ပြန်ဖြေလာတာလဲ?"

"ဘာကိုဆိုလိုတာလဲ?" စုန့်အာ့နန် စိတ်ရှုပ်သွားသည်။

သူမ မက်ဆေ့ချ်ပို့တဲ့အခါ ပြန်ဖြေတာက ပုံမှန်ဘဲမဟုတ်ဘူးလား?

လီစစ်ရွေ့က သူမရဲ့ စကားလုံးကွဲလွဲတာကို သဘောပေါက်လိုက်ပြီး အမြန်ပြန်ရှင်းပြလိုက်သည်။ "ငါဆိုလိုတာက နင်တို့ တိုက်ရိုက်လွှင့်တာ မပြီးသေးဘူးမလား? ငါ့မက်ဆေ့ချ်ကို ဘယ်လိုပြန်ဖြေဖို့ ဘယ်လိုလုပ်အချိန်ရမှာလဲလို့ ပြောတာ... ခဏနေဦး ငါ့ idol ရှေ့မှာ ငါ့အသံမက်‌ဆေ့ခ်ျကို နားထောင်နေတယ်လို့ မပြောနဲ့နော်!"

ဒီဖြစ်နိုင်ခြေကို တွေးကြည့်လိုက်မိပြီး လီစစ်ရွေ့ တစ်ကိုယ်လုံး ပျော့ခွေသွားသည်။

သွားပါပြီ၊ သူမ ဒီလို အပြစ်ရှိတဲ့ လုပ်ရပ်ကြောင့် သူမရဲ့ယောက်ျားရှေ့မှာ ဖေးခွမ်ဖန်တွေကို အရှက်ရစေလိမ့်မယ်။

လီစစ်ရွေ့က "သေအောင်တောင်းပန်မယ်" လို့ တွေးနေတုန်မှာပဲ ကံကောင်းထောက်မစွာနဲ့ စုန့်အာ့နန် ရဲ့ မက်ဆေ့ချ်က သူမကို ကယ်တင်ဖို့ အချိန်မီရောက်လာခဲ့သည်။

"မဟုတ်ဘူး၊ သူတို့ဧည့်ခန်းထဲမှာ စကားပြောနေကြတာ၊ ငါအခန်းထဲကို အရင်ပြန်လာတာ" စုန့်အာ့နန်က ပြန်ဖြေလာသည်။

လီစစ်ရွေ့က နောက်ဆုံး သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်သည်။ "တော်ပါသေးတယ်၊ နင်ငါ့ကို အခုလေးတင် သေအောင်ခြောက်မိတော့မလို့"

ပြန်အူမြူးသွားပြီး သူမပြောလာသည်။ "ဒါပေမယ့် တွေးကြည့်တော့ အဲ့ဒါက အဓိပ္ပာယ်ရှိတယ်။ လူကြီးတွေစကားပြောနေရင် ကလေးတွေက ထွက်လာသင့်တယ်"

စုန့်အာ့နန် - "..."

သူမမှာ လီစစ်ရွေ့ မကြာခဏပြောလေ့ရှိတဲ့ စကားလေးကို ပိုနားလည်လာသလို ပရိသတ်တွေကလည်း idols တွေကို လိုက်ကြည့်မိသွားသလိုပင်။

စုန့်အာ့က နန်ဖေးခွမ် သူမကို "ကလေးမလေး" လို့ ခေါ်တာကို ပြန်အမှတ်ရလိုက်ပြီး သူမ ပိုပိုပြီး စိတ်ပျက်လာသလို ခံစားလိုက်ရသည်။

သူမအသက် ဆယ့်ခုနစ်နှစ်ရှိနေပြီလေ ဘယ်လိုလုပ် ကလေးမလေးဖြစ်ရမှာလဲ?

သူမမျက်နှာက အရမ်းငယ်တဲ့ပုံပေါက်နေလို့များလား?

" စစ်ရွေ့၊ ငါ့ကို အမှန်အတိုင်းပြော ငါတကယ်ဘဲ အရွယ်မရောက်သေးတာလား?" စုန့်အာ့နန်က စိတ်ပျက်လက်ပျက် နဲ့မေးလာသည်။

ဒါကိုကြားတော့ လီစစ်ရွေ့က သူမရဲ့ ဒေါသတွေ ပွက်ပွက်ထနေတဲ့ အကြည့်ကို မြင်ယောင်မိပြီး ချက်ချင်း ရယ်လိုက်သည်။

ဒါပေမယ့် ခုနကဘဲ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဖေးခွမ်က စုန့်အာ့နန်ကို တမင်တကာစ‌ နေတာကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူမidol ရဲ့ စနောက်ရတဲ့အရသာကို ချက်ခြင်း နားလည်သွားသည်။

အကြောင်းတစ်ခုခုကြောင့် သူမမှာ နက်နဲတဲ့ အတွေ့အကြုံရှိပြီး၊ စုန့်အာ့နန်က လူအများက သူမကို စနောက်ချင်အောင် လုပ်နိုင်တဲ့ မှော်အတတ်မျိုး ရှိတဲ့ပုံပင်။

ဒါပေမယ့် စုန့်အာ့နန်ဟာ သူမကို တခြားသူတွေ 'ကလေးမလေး' လို့ ခေါ်တဲ့အပေါ် ဘာလို့အရမ်းစိုးရိမ်ရလဲဆိုတာ လီစစ်ရွေ့ သိသည်။ အဲ့ဒါက သူမတို့ရဲ့ ဆေးကျောင်းရှိ ယခင်အုပ်စုမှ စီနီယာအစ်မ‌တစ်ယောက်ကနေ စခဲ့တာဖြစ်သည်။

အဲ့ဒီစီနီယာအစ်မမှာ ငယ်ရွယ်နုပျိုပုံရပြီး သူမရဲ့အလုပ်သင်ကာလအတွင်းမှာ ကုတ်အဖြူဝတ်ထားသည့်တိုင် သူမဟာ အထက်တန်းကျောင်းသူလေးတစ်ယောက်လို ဖြစ်နေသေးတဲ့အတွက် လူနာတွေက သူမကို မယုံရဲကြဘဲ ဆရာဝန်နဲ့ လူနာ‌တွေမှာ နေ့တိုင်းအငြင်းပွားရတော့သည်။

စီနီယာအစ်မမှာ ဌာနအမြောက်အများက‌နေ ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ခံရပြီး သူမရဲ့ အလုပ်သင်ကာလမှာ တစ်ဝက်သာ ရှိသေးပြီး နောက်ဆုံးမှာ သုတေသနလမ်းကြောင်းကို တုံ့ဆိုင်းစွာ လျှောက်ရန်ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ပေ။

စုန့်အာ့နန်ရဲ့ ရည်မှန်းချက်မှာ ထူးချွန်တဲ့ လက်တွေ့ဆေးဝါးကုသတဲ့ ဆရာဝန်တစ်ဦးဖြစ်ဖို့ ဖြစ်သည်။ ဒါကြောင့် အဲ့ဒီစီနီယာအစ်မရဲ့ အတွေ့အကြုံကို သိပြီးတဲ့နောက်မှာ သူမက ဒီအချက်ကို အထူးတလည် စိုးရိမ်လာခဲ့သည်။

လီစစ်ရွေ့က သူမကိုဖုန်းခေါ်လိုက်ပြီး ဖုန်းကိုင်လိုက်တာနဲ့ သူမကပြောလာသည်။ "အာ့နန်၊ နင်က အဲ့ဒီစီနီယာအစ်မနဲ့ မတူဘူး၊ နင်က အသက်အရွယ်ကြောင့် ငယ်နေသေးတာ၊ နောက်နှစ်နှစ်နေရင် အဆင်ပြေသွားလိမ့်မယ်"

စုန့်အာ့နန်က ယောင်ဝါးဝါးနဲ့ ပြန်ပြောလိုက်သည်။ "ဒါက လွန်ခဲ့တဲ့ နှစ်နှစ်လောက်က နင်ပြောခဲ့တဲ့ စကားပဲ"

လီစစ်ရွေ့- "..."

ကောင်းပြီ၊ ကလေးက ကြီးလာပြီဆိုတော့ လှည့်စားလို့မရတော့ဘူး။

"စိတ်မပူပါနဲ့၊ ငါတို့အလုပ်သင်စဖို့ အချိန်လိုသေးတယ်၊ ပြီးရင် ငါတို့ဌာနမှူးတပ်တဲ့ အနက်ရောင်မျက်မှန်ကို နင်တပ်လိုက်လို့ရတာဘဲ၊ အဲ့ဒါဆို တကယ်ရင့်ကျက်တဲ့ပုံပေါက်သွားမယ်" လီစစ်ရွေ့က ပြောလိုက်သည်။

စုန့်အာ့နန်မှာ မျက်မှန်မတပ်တာနဲ့၊ မျက်မှန်တပ်ထားတဲ့ ဌာနမှူးရဲ့ အပြောင်းအလဲကို လေးလေးနက်နက် စဉ်းစားရင်း အံ့အားသင့်သွားသည်။ အဲ့ဒါက သူ့ကို ပိုရင့်ကျက်သွားပုံပေါ်စေတယ်

လီစစ်ရွေ့က တခဏလောက် တုံ့ဆိုင်းသွားပြီး ဆက်ရွှေ့လိုက်သည်။ "ဒါက အလုပ်ဖြစ်မလား?"

စုန့်အာ့နန်က ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။ "ဒါပေမယ့် ငါ့အမြင်အာရုံကကောင်းတယ်လေ"

လီစစ်ရွေ့- "ကိစ္စမရှိပါဘူး၊ မင်း plano မှန်ဘီလူးထည့်ပြီး တပ်လို့ရတာဘဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ဟန်ဆောင်တပ်ရုံဘဲကို"

ဒီတစ်ကြိမ်မှာတော့ စုန့်အာ့နန်က အောင်အောင်မြင်မြင်နဲ့ ယုံကြည်သွားပြီး သူမရဲ့ စိတ်ခံစားချက်လည်း ချက်ချင်း တိုးတက်လာသည်။

သူမက လီစစ်ရွေ့နဲ့ အချိန်အတော်ကြာအောင် စကားစမြည်ပြောခဲ့သည်၊ တစ်ချိန်လုံး လီစစ်ရွေ့က သူမရဲ့ idol နဲ့ပတ်သက်ပြီး မျိုးစုံကိုမြှောက်ပင့်နေခဲ့သည်။

ဖုန်းချပြီးသွားတော့ စုန့်အာ့နန်က ရုတ်တရက် တစ်ခုခုကို သတိရလိုက်သည်။

ဟုတ်သား သူမ လီစစ်ရွေ့အတွက် ဖေးခွမ်ရဲ့ လက်မှတ်ထိုးထားတဲ့ ဓာတ်ပုံကို တောင်းလာပေးမယ်လို့ ကတိပေးထားတာ အခုထိ မတောင်းရသေးဘူး။

သူမ တံခါးဆီ လှမ်းကြည့်လိုက်သည်။ အခုဘဲ သူမအပြင်ထွက်ပြီး သူ့ဆီကနေ လက်မှတ်သွားတောင်းလိုက်ရမလား?

All Chapters