← Chapters

အခန်း (၂၂)

Vol. 2 Ch. 22

အခန်း (၂၂)

Vol. 2 Ch. 22

ဖေးခွမ်လည်း လဲကျသွားပြီး ခြေမခိုင်လုနီးပါး ဖြစ်သွားသည်။ သူ့ အကြည့်တွေထဲမှာ အကူအညီမဲ့ဖြစ်နေတဲ့ အရိပ်အယောင်တွေနဲ့ စုန့်လင်းချွမ် ကို စိုက်ကြည့်လိုက်သည်။ ဒီကောင် အသေရိုက်တာဘဲ!

ဒါပေမယ့်...

"ငါအရမ်းစိတ်ကြီးဝင်နေလို့လား?" သူကမေးလိုက်သည်။

စုန့်လင်းချွမ် - "အရမ်းစိတ်ကြီးဝင်တယ်!"

"အတိအကျ ဘယ်နေရာမှာလဲ?"

"မင်းပြောတဲ့စကားလုံးတွေအကုန်လုံးက စိတ်ကြီးဝင်နေတာဘဲ"

ဒါကိုကြားတော့ ဖေးခွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး "ငါပြောပြီးပြီဘဲ အဲဒါက အရင်ဒရာမာထဲက စာသားပဲ"

အခုလေးတင်ပဲ သူ ရုတ်တရက် တွန်းအားတစ်ခုကြောင့် ကာရိုက်တာထဲ ဝင်သွားပြီး ဇာတ်ကွက်တစ်ခုကို သူ့အလိုလို သရုပ်ဆောင်လိုက်မိတာ။

စုန့်လင်းချွမ်က 'tsk' အသံပြုလိုက်ပြီး သူ့ကို နှောက်ယှက်ရမှာ အရမ်းပျင်းနေသည်။

သို့ပေမယ့် အကြောင်းတစ်ခုခုကြောင့် သူရုတ်တရက် ဖေးခွမ်ကို လက်ညှိုးထိုးလိုက်ပြီး စုန့်အာ့နန်ကို လေးလေးနက်နက်ကြည့်လိုက်သည်။ "အန်တီလေး၊ အခုတော့ ရှင်းရှင်းလင်းလင်း မြင်သွားပြီလား?"

စုန့်အာ့နန်က နည်းနည်း နားမလည်ဖြစ်သွားသည်။ "ဟင်?"

"မင်းကို ပြောပြမယ်၊ သူ့လို ကောင်လေးတွေနဲ့ တွေ့တဲ့အခါဆို တတ်နိုင်သမျှ ဝေးဝေးမှာ နေရမယ်။ သူလို ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်နေတဲ့ ဒေါင်းတွေနဲ့ မပတ်သက်နဲ့!" စုန့်လင်းချွမ်က ပြောလိုက်သည်။

ဖေးခွမ်က အဲ့လိုမဟုတ်မှန်း သူသိပေမယ့် ဒီဟာကိုအခွင့်အရေးယူပြီး သူ့အန်တီလေးကို သတိမပေးဘဲမနေနိုင်ပေ။

အစောပိုင်းက ရိုက်ကူးရေးအဖွဲ့သားတွေရဲ့ အင်တာဗျူးတုန်းကလို သူ့အန်တီလေးက အသက် ဆယ့်ခုနစ်နှစ်ရှိနေပြီဖြစ်သည်။ နောက်ဆုံးမှာ သူမက ချိန်းတွေနိုင်တာကြောင့် လမ်းခင်းပေးဖို့ လိုသည်။

စုန့်အာ့နန်က ခဏ‌လောက် ရပ်သွားပြီး ဖေးခွမ်ကို ကြည့်လိုက်သည်။ "ဒေါင်း?"

စုန့်လင်းချွမ်က လေးလေးနက်နက်နဲ့ ခေါင်းညိတ်လိုက်သည်။ "မှန်တယ်၊ ဒေါင်းတွေက အပြင်မှာ ရုပ်ရည်ချောမောတဲ့သူတွေကို ရည်ညွှန်းတယ် ဒါပေမယ့် မိန်းကလေးတွေကို လှည့်စားဖို့ ချိုသာတဲ့စကားလုံးတွေ အမျိုးမျိုးကိုလည်း သုံးတယ်။ တကယ်တော့ သူတို့က လုံးဝမကောင်းတဲ့ကောင်တွေပဲ..."

ဖေးခွမ် နားထောင်လေလေ၊ ပိုပြီးမှားလာလေလေပင်။ အန်တီလေးကို သတိပေးဖို့ အပျက်သဘောဆောင်တဲ့ ဥပမာတစ်ခုအနေနဲ့ သူ့ကိုသုံးနေတဲ့ စုန့်လင်းချွမ် ရဲ့ ရည်ရွယ်ချက်ကို အခု သူနားလည်လိုက်ပြီ။ ဒါပေမယ့် သူ့ကို ဒီလိုမျိုး မဆဲလို့ မရဘူးလား?

"ဟေး မင်း ဘာလို့ ငါ့နာမည်ကို ဖျက်နေတာလဲ?" ဖေးခွမ် က မကျေမနပ်နဲ့ ပြောလိုက်သည်။ "ငါပြောထားပြီးသားပဲ၊ အဲဒါက ငါ့ရဲ့အရင်ဒရာမာထဲက စာသားပါလို့"

စုန့်လင်းချွမ်က လှောင်ပြောင်လိုက်သည်။ "ငါက မင်းနာမည်ကို ဖျက်နေလို့လား?"

ဖေးခွမ်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

ဒါပေမယ့် စုန့်လင်းချွမ် က သူ့ကို လျစ်လျူရှုပြီးစုန့်အာ့နန်ဘက် လှည့်ကာ "အန်တီလေး၊ သူ့အရှုပ်တော်ပုံတွေကို သိလား?"

စုန့်အာ့နန်က ပေါ့ပေါ့ပါးပါးနဲ့ ခေါင်းညိတ်လိုက်သည်။ အရင်က လီစစ်ရွေ့တစ်ယောက် သူတို့အကြောင်း ပြောပြောနေတာကို သူမမကြာခဏကြားဖူးသည်။

သူမ ခဏလောက်စဉ်းစားလိုက်ပြီး မေးလိုက်သည်။ “ဘယ်တစ်ခုကိုပြောတာလဲ?"

ဖေးခွမ် - "???"

စုန့်လင်းချွမ်လည်း အံ့ဩသွားပေမယ့် မကြာခင်မှာဘဲ ဖေးခွမ်ကို လက်ညှိုးထိုးကာ ကျယ်လောင်စွာနဲ့ ရယ်လိုက်သည်။

"ဟာဟားဟား၊ ကြည့် ကြည့်! ဖျော်ဖြေရေး‌တွေကို စိတ်မဝင်စားတဲ့ အန်တီလေးတောင် မင်းရဲ့ အရှုပ်တော်ပုံတွေအကြောင်း သိတယ်။ ငါက မင်းရဲ့ နာမည်ကိုဖျက်‌နေတယ် လို့ ပြောဖို့ မင်းမှာအရှက်သေးတာလား!"

ဖေးခွမ် စိတ်မသက်မသာဖြစ်သွားသည်။ သူ့မှာ နှစ်တွေအတော်ကြာ အရှုပ်တော်ပုံတွေ ရှိခဲ့တာ အမှန်ပဲ၊ ဒါပေမယ့် အဲဒါတွေ အားလုံးက လူသိရှင်ကြားတွေပင်။

သူက ရှင်းပြဖို့ ကြိုးစားလိုက်သည်။ “ဒါတွေအားလုံးက အလုပ်နဲ့ ဆိုင်တာဘဲ။ ငါ့ရဲ့ အပြုအမူကတော့ အရမ်းသင့်တင့်လျောက်ပတ်ပါတယ်"

စုန့်လင်းချွမ် ဒါကို တော့ မငြင်းပေ။ နောက်ဆုံးမှာ သူတို့က နှစ်ပေါင်းများစွာ သူငယ်ချင်းကောင်းတွေဖြစ်ခဲ့တာကြောင့် ဖေးခွမ်ရဲ့စရိုက်ကို သူယုံကြည်သည်။

'ဒေါင်း' နဲ့ 'မကောင်းတဲ့လူ' ဆိုတဲ့စကားလုံးတွေက အမှန်တကယ်ဘဲ လွန်လွန်ကဲကဲ ဖြစ်သည်။

စုန့်လင်းချွမ်က သူ့လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်သည်။ "အဲဒါ အရေးမကြီးဘူး"

နောက်တော့ သူက စုန့်အာ့နန်ကို ဆွဲလိုက်ပြီး 'မကောင်းတဲ့လူ' ဆိုတာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ခုနက စကားဝိုင်းကို ပြန်ဆက်သည်။ မသိလို့ရှိရင် သူ့အန်တီလေးကို တစ်စက္ကန့်လေးတောင် မတွေ့ရတော့မယ့် ပုံပင်။

ဖေးခွမ် - "......"

-

လက်ရှိ နာမည်ကြီးနေတဲ့ အမျိုးသား အနုပညာရှင် နှစ်ယောက် အတူတူ ပေါ်လာခြင်း၊ လက်ဆောင် မှားသွားခြင်း ဖေးခွမ်က ရှိုးဆီ ရုတ်တရက် ရောက်လာခြင်း စသည်တို့ကြောင့် " Dearest Us " ရဲ့လူကြိုက်များမှုမှာ အဆင့်တစ်ခုဆီ သံသာမရှိ ရောက်လာစေသည်။

နောက်ကွယ်က အချက်အလက်တွေကို ပြန်ကြည့်ရင်း၊ ထုတ်လုပ်ရေး အဖွဲ့သားတွေက မျက်နှာတွေ ကြွက်တက်တဲ့အထိ ရယ်ခဲ့ရသည်။

နောက်နှစ်ရက်မှာ ပုံမှန်တိုက်ရိုက်ထုတ်လွှင့်နေသေးပေမယ့် စုန့်လင်းချွမ် ရဲ့ အစီအစဉ်က အရမ်းပြည့်ကျပ်နေတာကြောင့် စုန့်အာ့နန်က အပြည့်အဝကိုဘဲ သူနဲ့အတူလိုက်သွားပေးသည်။

စုန့်လင်းချွမ် ကြော်ငြာပွဲတွေကို သွားရတဲ့အခါ စုန့်အာ့နန်က စင်နောက်မှာ စောင့်သည်။ စုန့်လင်းချွမ် အသံသွင်းစတူဒီယိုကိုသွားတဲ့အခါ စုန့်အာ့နန်က အပြင်ဘက်မှာ တဝဲလည်လည် ရှိနေတတ်သည်...

လူကြိုက်များတဲ့ အမျိုးသားအဆိုတော်တစ်ဦးရဲ့ လုပ်ငန်းခွင်ဘဝကို ပထမဆုံးလူအများကြည့်နိုင်အောင် တိုက်ရိုက်ထုတ်လွှင့်ပြတဲ့အတွက် ပရိသတ်တွေဟာလည်း အဲ့ဒါကို ကြည့်ရှုခံစားကြသည်။

သေချာပေါက်ကိုဘဲ သူတို့က ထိပ်တန်း Aအဆင့်ကျောင်းသားတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းကြပ်မတ်မှုကိုလည်း နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရသည်။

ဒီနှစ်ရက်မှာ စုန့်လင်းချွမ် အလုပ်ရှုပ်နေတဲ့အချိန်ဆို စုန့်အာ့နန်ကလည်း ပျင်းရိနေတာမဟုတ်ပေ။ သူမနဲ့အတူ စာအုပ်တစ်အုပ်ကို အမြဲဆောင်ထားပုံရပြီး အချိန်ရတိုင်း စာဖတ်နေလေ့ရှိသည်။

မက်ဆေ့ချ်တွေကို တစ်ခါတစ်လေ ပြန်ဖြေတာကလွဲရင် သူမက ဖုန်းသုံးတာရှားတယ်ဆိုတာ ပရိတ်သတ်တွေ ဖြည်းဖြည်းချင်း နားလည်လာကြသည်။ ဒါက တကယ်ကို ထိတ်လန့်စရာဘဲ။

တကယ်တော့ လူအများစုဟာ ဖုန်းကိုစွဲလမ်းကြပြီး မိနစ်အနည်းငယ်ကြာအောင် ဖုန်းကိုမစစ်ဆေးရရင်ကို မငြိမ်မသက်ခံစားကြရတဲ့ လက်ရှိခေတ်မှာ စုန့်အာ့နန်ဟာ ပိုပြီးတော့ကို အဖိုးတန်လှသည်။

အထူးသဖြင့် ဂိမ်းဆော့တာပဲဖြစ်ဖြစ် ဗီဒီယိုအတိုလေးတွေ လိုက်ကြည့်တာပဲဖြစ်ဖြစ်၊ သူတို့ရဲ့ ကလေးတွေက တစ်နေ့လုံး ဖုန်းနဲ့ ပဲကော်လိုကပ်နေတာကို တွေ့နေရတဲ့မိဘတွေအတွက် စုန့်အာ့နန်က ရိုးရိုးရှင်းရှင်းနဲ့ သိပ်လေးစားစရာကောင်းတယ်လို့ တွေးမိကြသည်။

ဒီလို အကျင့်စာရိတ္တကောင်းမွန်ပြီး ချစ်စရာကောင်းကာ ထိန်းရမခက်တဲ့ သမီးမျိုးကို မလိုချင်တဲ့လူ ဘယ်ရှိမလဲ?

ဒါကြောင့် ရက်အနည်းငယ်အတွင်းမှာ စုန့်အာ့နန်ရဲ့ အကြီးမားဆုံး ဂုဏ်ပုဒ်မှာ 'နိုင်ငံရဲ့အန်တီလေး' ကနေ 'နိုင်ငံရဲ့သမီး' အဖြစ်ပြောင်းလဲသွားသည်။

လေးရက်ဆက်တိုက် တိုက်ရိုက်ထုတ်လွှင့်ပြီးတဲ့နောက်မှာ "Our Dearest Us" ရဲ့ ပထမဆုံးရိုက်ကူးရေးကာလဟာလည်း ပြီးဆုံးသွားသည်။

အခုတော့ ပရိတ်သတ်တွေဟာ guest တစ်တွဲချင်းစီရဲ့ အကြောင်းတွေကို အခြေခံလောက် သိသွားခဲ့ရပြီဖြစ်သည်။

နောက်တော့ ရှိုးရဲ့အသံသွင်းအစီအစဉ်တွေပြီးတဲ့နောက်မှာ၊ guest အတွဲလေးတွဲက အတူစုပြီး နောက်အစီအစဥ်အတွက် အဖွဲ့လိုက်အသံသွင်းခြင်းတာ စတင်မည်ဖြစ်သည်။

သို့ပေမယ့် နောက်ထပ်ရိုက်ကူးဖို့မစခင် အဆိုပါရှိုးကနေ guest တွေကို အားလပ်ရက်တစ်ရက်ပေးခဲ့သည်။ သူတို့ရဲ့ ကိုယ်ပိုင်လှုပ်ရှားမှုတွေကို စီစဉ်ပြီး လာမယ့် ရိုက်ကူးမှုအတွက် ပြင်ဆင်နိုင်ဖို့ပင်။

မတိုင်ခင်ညမှာ၊ စုန့်လင်းချွမ်နဲ့ စုန့်အာ့နန် တို့က ဒီနားရက်ကို ရုပ်ရှင်ကြည့်ပြီး ဈေးဝယ်ထွက်ဖို့ ကောင်းကောင်း အစီအစဉ်ဆွဲထားပြီးပြီဖြစ်သည်။

သို့ပေမယ့် မမျှော်လင့်ဘဲ မနက်စောစောမှာ ကျန်းဟန်က ရုတ်တရက် ရောက်လာပြီး အရမ်းအရေးပါတဲ့ ဒါရိုက်တာ တစ်‌ယောက်ကို စုန့်လင်းချွမ်နဲ့ တွေ့ပေးဖို့လို့ပြောလာသည်။

"အန်တီလေး၊ မင်း ငါတို့နဲ့ မလိုက်ချင်တာ သေချာလား?" စုန့်လင်းချွမ်က တတိယအကြိမ် မေးလိုက်သည်။

စုန့်အာ့နန်လည်း ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလိုက်သည်။

သူက အရေးပါတဲ့ကိစ္စအတွက် ဒါရိုက်တာတစ်ယောက်နဲ့ သွားတွေ့မှာဖြစ်သည်။ သူမကပါ ဘာလို့ တန်းလန်းတန်းလန်းနဲ့ လိုက်သွားရမှာလဲ

"ဗိုက်ဆာလာလို့ရှိရင် အော်ဒါမှာလိုက်နော်၊ မီးဖိုချောင်ထဲတော့ ကိုယ်တိုင်မဝင်နဲ့" စုန့်လင်းချွမ်တစ်ယောက် အရင်ကအဖြစ်အပျက်ကို စိတ်မသက်မသာနဲ့ သတိရနေတုန်းပင်။

"ပျင်းရင် တီဗီကြည့်တာဘဲ ဖြစ်ဖြစ်၊ အောက်ထပ်မှာ အေးအေးဆေးဆေး လမ်းလျှောက်တာဘဲဖြစ်ဖြစ် လုပ်နော် ဒီပတ်ဝန်းကျင်က တော်တော်သာယာတာ"

စုန့်အာ့နန်က ကူကယ်ရာမဲ့စွာနဲ့ ပြောလိုက်သည်။ "လင်းချွမ်၊ ငါ ကလေးမဟုတ်တော့ဘူး။ အိမ်မှာ ငါတစ်ယောက်တည်း နေလို့အဆင်ပြေတာမို့ မစိုးရိမ်နဲ့"

ဒါ့ပြင် သူမအနေနဲ့ ပျင်းရမည်မဟုတ်ပေ။ သူမက ဒီအားလပ်ရက်မတိုင်ခင် စာကြည့်တိုက်ကနေ စာအုပ်တွေအများကြီး ငှားထားသည်။

ကျန်းဟန်က ဘေးနားကနေ ခေါင်းခါလိုက်သည်။ သူ့အနုပညာရှင်က အရမ်းစိတ်ညစ်ဖို့‌ ကောင်းတာကို သူအရင်က ဘာလို့သတိမထားမိတာလဲ? ကံကောင်းလို့ အန်တီလေးက နားလည်ပေးတတ်တာ မဟုတ်လို့တခြားသူသာဆိို သူ့ကို စိတ်အနှောက်အယှက်ဖြစ်တာကြာပြီ။

နောက်ဆုံး စုန့်လင်းချွမ်လည်း ခြေလှမ်းသုံးလှမ်းတိုင်း နောက်ပြန်လှည့်ကြည့်ရင်း တွန့်ဆုတ်စွာနဲ့ ထွက်သွား‌တော့သည်။

တံခါးပိတ်လိုက်တာနဲ့ စုန့်အာ့နန်လည်း မတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

အားယား လင်းချွမ်က သူမရဲ့အစ်ကိုကြီးနဲ့ ပိုပိုတူလာတာဘဲ။ သူမယောင်းမရဲ့စကားကို ကိုးကားရရင် သူ့ရဲ့ နားပူနားဆာလုပ်တတ်တဲ့ အကျင့်က မျိုးရိုးစဉ်ဆက်အမွေရထားတာဘဲ။

ဒါကို ခဏလောက် ပြန်ပြောင်းစဉ်းစားပြီးတဲ့ နောက်မှာ စုန့်အာ့နန်လည်း သူမဘာသာသူမ အလုပ်ရှုပ်နေတော့သည်။ သူမက အလုပ်တွေလုပ်တဲ့အခါ အမြဲတမ်း အစီအစဉ်တွေ ချ‌လေ့ရှိသည်။ ရုတ်တရတ် အပိုတစ်ရက်ပေါ်လာတော့ သူမရဲ့ အစီအစဉ်အတွက် အချိန်ဇယားကို အမြန်ဆွဲလိုက်သည်။

အရင်တုန်းက ကင်မရာပေါ်မှာ စုန့်အာ့နန်အနေနဲ့ ရိုက်ကူးရေး အဖွဲ့သားတွေအတွက် စဉ်းစားပေးပြီး တိုက်ရိုက်ထုတ်လွှင့်မှုက ပရိသတ်တွေနဲ့ ရံဖန်ရံခါ ထိတွေ့ဆက်ဆံရကာ မလွှဲရှောင်သာ အာရုံပျံ့လွင့်ရသည်။

အခုတော့ အဲ့ဒီစိုးရိမ်မှုမရှိဘဲ သူမ အပြည့်အဝ အာရုံစူးစိုက်နိုင်ပြီဖြစ်သည်။ ထုံးစံအတိုင်း၊ သူမရဲ့ စွမ်းဆောင်နိုင်စွမ်းက တော်တော်တိုးတက်လာသည်။ ညနေ ၅ နာရီမထိုးခင်မှာဘဲ သူမရဲ့ တစ်နေ့တာအတွက် စာလေ့လာရေးအစီအစဉ်က ပြီးမြောက်သွားသည်။

သို့ပေမယ့် အားလပ်ချိန်ရလာတော့ အစာကို တောင့်တလာသည်။ စုန့်အာ့နန်လည်း ချွင်းချက်မရှိပေ။ အခု သူမ ရုတ်တရက် အစားစားချင်စိတ် ပြင်းပြလာသည်။

အားယား!

သူမ ကြည့်လို့ မပြီးသေးတဲ့မှတ်တမ်းရုပ်ရှင်ကို ဒီနေ့ကြည့်ဖို့ စီစဉ်ထားပေမယ့် အခု‌တော့ သူမစိတ်ထဲတွင် အာလူးကြော်တွေ၊ ကွတ်ကီးတွေ၊ ကိတ်မုန့်လေးတွေနဲ့ ပြည့်နှက်နေသည်။ ဗိုက်ထဲက ဆာလောင်နေတဲ့ ပိုးကောင်တွေက လုံးဝ ထိန်းမရနိုင်တော့ဘဲ နိုးထလာသလိုပင်။

သူမရဲ့ယခင်ဘဝတုန်းက၊ ကျန်းမာရေးအကြောင်းပြချက်ကြောင့် အစားအသောက်ကိုအမြဲတင်းကြပ်စွာထိန်းချုပ်ခံခဲ့သည်။ အဲ့ဒီတုန်းက အဆာပြေစားတာက သူမအတွက် ဇိမ်ခံအရာတစ်ခုပင်။

ဒါကြောင့် ဒီဘဝမှာ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ရပြီးတဲ့နောက် အဲ့ဒီဟာတွေကို နည်းနည်းလျစ်လျူရှုခဲ့သည်။ ဆေးကျောင်းတက်ပြီးတဲ့နောက်မှာမှ သူမရဲ့စိတ်ကို ထိန်းညှိပြီးမကြာခဏ အလွန်အကျွံစားတာကနေ ကိုယ့်ကိုယ်ကို တားဖြစ်တော့သည်။

သူမက တစ်ပတ်လျှင် တစ်ကြိမ် စားချင်တဲ့ အဆာပြေအဆာပြေစားဖို့ သူမဘာသာ စည်းကမ်းသတ်မှတ်ထားသည်။ ဒါက ခဏခဏ မစားဖြစ်ဘဲ သူမရဲ့စားချင်စိတ်အာသီသကို ကျေနပ်စေသည်။

ရက်တွေကို တွက်ကြည့်လိုက်တော့ မနေ့က သူမရဲ့ သရေစာစားရတဲ့နေ့ဖြစ်မယ်လို့ ထင်ရပေမယ့် စုန့်လင်းချွမ်နဲ့အတူ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို သားပေးဖို့ သူမပြောခဲ့မိသည်။

စုန့်အာ့နန် စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။ လင်းချွမ်မရှိတုန်း သူမ သရေစာကို တိတ်တိတ်လေး ခိုးစားလိုက်ရင်ရော?

ဟမ်း...သိပ်မသင့်တော်ပုံပဲ

သူမ ခေါင်းကို ခပ်ပြင်းပြင်း ခါလိုက်ပြီး ဦးနှောက်ထဲက ဒီအတွေးကို တွန်းထုတ်ဖို့ ကြိုးစားလိုက်သည်။

သူမက လင်းချွမ်နဲ့အတူ လိုက်စားပေးဖို့ သဘောတူထားသည်။ အခု သူမကိုယ်တိုင်က အဆာပြေခိုးစားလိုက်မယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ? စုန့်အာ့နန်က သူမကိုယ်သူမ ဝေဖန်လိုက်သည်။

သို့ပေမယ့် အချို့သော အတွေးတွေက တစ်ခါပေါ်လာတာနဲ့ လွယ်လွယ်နဲ့ ဖယ်ထုတ်လို့ မရပါချေ။ အပြင်းအထန် ရုန်းကန်ပြီးတဲ့နောက်မှာ သူမရဲ့အပြစ်ရှိစိတ်က နောက်ဆုံးတော့ သရေစာတွေရဲ့ သွေးဆောင်မှုကို ဆုံးရှုံးသွားရသည်။

"ဒါက အဓိပ္ပါယ်ရှိတဲ့ အဖြူရောင် လိမ်ညာမှုလို့ ယူဆလို့ရတယ်" စုန့်အာ့နန်က သူမဘာသာရေရွတ်လိုက်သည်။

junk food လို့ ခေါ်ပေမယ့် သရေစာတွေကိုတော့ လုံးဝ မကန့်သတ်ထားဘူး။ စုန့်လင်းချွမ်က အဓိကဘဲ သူမကတော့ အဆင်ပြေသည်။

အရမ်းကြီး မတင်းကြပ်ထားသင့်ဘူး။ ကိစ္စရပ်အလိုက် ကိုင်တွယ် သင့်တယ်။

ဟုတ်တယ်၊ အဲ့ဒါမှန်တယ်!

သူမကိုယ်သူမ စည်းရုံးသိမ်းသွင်းပြီးတဲ့နောက်မှာ သူမရဲ့ ဖုန်းနဲ့ ဖြတ်သန်းသွားလာခွင့်ကတ်ကို ယူပြီး အပြင် ထွက်လိုက်သည်။ သူမရဲ့ ဦးတည်ရာက သူမတို့နေတဲ့နေရာ အပြင်ဘက်ရှိ ၂၄ နာရီ စတိုးဖြစ်သည်။

သူမက အောက်ထပ်ကိုဆင်း၊ နေတဲ့နေရာ အပြင်ကိုထွက်ကာ စတိုးဆိုင်ထဲ ချော‌ချောမွေ့မွေ့ ဝင်သွားလိုက်သည်။ ထားထားတဲ့နေရာတွေနဲ့ ရင်းနှီးတဲ့ သူမက သူမအကြိုက်ဆုံး သရေစာတွေကို ခပ်သွက်သွက် ရွေးလိုက်သည်။

ငွေပေးချေပြီးတဲ့နောက်မှာ စတိုးဆိုင်ကနေ ထွက်သွားတဲ့ စုန့်အာ့နန်ရဲ့ ခြေလှမ်းတွေက ပေါ့ပါးပြီး သွက်လက်နေသည်။

သို့ပေမယ့် ဒီတရားမ၀င် သရေစာဝယ်တဲ့ခရီးစဉ်ကို အပြည့်အ၀ ဖုံးကွယ်ထားဖို့အတွက် သူမက အဆာပြေမုန့်တွေကို အိမ်ပြန်ယူသွားဖို့ မစီစဉ်ထားပါချေ။

သူမထွက်လာတုန်းက၊ သူမတို့ နေတဲ့နေရာဝန်းထဲရှိ ရေကန်ဘေးနားက 'ကာထားတဲ့နေရာ' လေးကို သူမ လေ့လာထားပြီးပြီဖြစ်သည်။

စုန့်အာ့နန်က အဆာပြေအိတ်ကိုကိုင်ကာ 'ကာထားတဲ့နေရာ' ဆီ ရွှင်မြူးစွာနဲ့ သွားလိုက်သည်။

သူမက ပထမဆုံး အခင်းကို ထုတ်ကာ ကျောက်လှေကားထစ်‌တွေပေါ်မှာ ဖြန့်ခင်းလိုက်ပြီး အဲ့ဒီအပေါ်ကို လှဲချလိုက်သည်။ နောက်တော့ စိုစွတ်သော တစ်ရှူးအစိုကို ထုတ်ကာ လက်ကိုဆေးကြောသန့်စင်လိုက်သည်။

ပြင်ဆင်မှုအားလုံး ပြီးသွားတာတော့ စုန့်အာ့နန်က စိတ်အားထက်သန်စွာနဲ့ သူမရဲ့ ချစ်လှစွာသော အာလူးကြော်ထုပ်ကို ဖောက်ကာ ပါးစပ်ထဲ တစ်ပိုင်း ထည့်လိုက်သည်။

တ ကြွပ်ကြွပ် မြည်သံနဲ့အတူ စုန့်အာ့နန်ရဲ့ မျက်လုံးတွေပ ပျော်ရွှင်စွာနဲ့ ကျဉ်းမြောင်းသွားသည်။

အမ်း အရမ်းစားကောင်းတယ်!

လာမယ့်လမှာ အဖွဲ့လိုက်ရိုက်ကူးဖို့ရှိတော့ ဒီဟာတွေကို ဘယ်အချိန်ပြန်စားရမလဲဆိုတာ သူမ မသိပေ။ ဒါနဲ့ဘဲ ဒီတစ်ခါတော့ သူမအကြိုက်ဆုံး သရေစာတွေဖြစ်တဲ့ အာလူးကြော်တွေ၊ ခရမ်းရောင်ဆန်ပေါင်မုန့်၊ ချောကလက်တွေအားလုံး သူမ ဝယ်ခဲ့သည်... သူမက ဝမ်းသာအားရနဲ့စားတော့သည်။

ကြော်ငြာရိုက်ကူးမှုအပြီးမှာ ဖေးခွမ်တစ်ယောက် တခြားဘယ်ကိုမှ မသွားချင်တော့ဘဲ သူ့ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကို အိမ်ဆီ တန်းတန်းမတ်မတ်ဆွဲခေါ်လာသည်။ သူနေတဲ့နေရာထဲ ဒရိုက်ဘာကိုတိုက်ရိုက်ဝင်ခိုင်းလိုက်သည်။

သူအိမ်ကို စောစောပြန်ရတယ်ဆိုတာက အတော်ရှားသည်။ ကားမောင်းဝင်လာတော့ ကောင်းကင်က သိပ်မမှောင်သေးပေ။ သူနေတဲ့နေရာပတ်ဝန်းကျင်ကိုကြည့်ဖို့ အခွင့်အရေးရတော့ တန်ဖိုးထားလိုစိတ်နဲ့ ပြတင်းပေါက်အပြင်ဘက်ကို သူ ကြည့်လိုက်သည်။

နည်းနည်း ရယ်စရာတော့ကောင်းသည်။ ဒီနေရာကို သူဝယ်တုန်းက လုံခြုံရေးစီအမံတွေထက် ဒီနေရာ ပတ်ဝန်းကျင်ကအဓိကအချက်တစ်ခုလည်း ဖြစ်သည်။ ဒါပေမယ့် ဒီနှစ်တွေတစ်လျှောက်မှာ သူ တစ်ကြိမ်တောင် ဒီနေရာပတ်ပတ်လည်ကို ကောင်းကောင်းမလည်ပတ်နိုင်ရတာ ဘယ်သူသိမှာလဲ?

ကားက ရွေ့လျားနေတော့ ဖေးခွမ်ရဲ့အကြည့်တွေကလည်း သာမာန်ကာလျှံကာပြောင်းသွားသည်။

ရုတ်တရတ် သူ့အကြည့်တွေက ရင်းနှီးနေတဲ့ နေရာဆီ ရောက်သွားသည်။

အန်တီလေးက စိတ်အခြေအနေ ကောင်းနေတဲ့ပုံဘဲ၊ ဖေးခွမ် နှုတ်ခမ်းထောင့်က မသိမသာလေး လှုပ်ရှားသွားသည်။

တကယ်တော့ သူ့နေရာကနေ စုန့်အာ့နန် ရဲ့အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် သူမ စိတ်အခြေအ‌နေ အရမ်းကောင်းနေတယ်လို့ ရှင်းရှင်းလင်းလင်း ခံစားရသည်။

ဘာလို့လဲဆို‌တော့သူမရဲ့ ခြေထောက်တွေက ပျော်‌ပျော်ရွှင်ရွှင် လှုပ်ယမ်းနေတာကြောင့်ပင်။

"ကားရပ်လိုက်ပါ" ဖေးခွမ်က ဒရိုင်ဘာကို ပြောလိုက်သည်။ "ဒီမှာဘဲ ချပေးလိုက်တော့"

ဒရိုင်ဘာ နည်းနည်းလောက် အံ့သြသွားပေမယ့် ဘာမှမပြောဘဲ လမ်းဘေးမှာ ကားရပ်ပေးလိုက်သည်။

ဖေးခွမ် ကားပေါ်ကနေ ဆင်းလိုက်ပြီး စုန့်အာ့နန် ဆီ တည့်တည့်သွားလိုက်သည်။

သူရောက်လာတဲ့အချိန် စုန့်အာ့နန်က ခရမ်းရောင်ဆန်မုန့်ရဲ့ နောက်ဆုံးအပိုင်းကို ပါးစပ်ထဲ ထိုးထည့်လိုက်သည်။

သို့ပေမယ့် သူမက လောဘကြီးလွန်းတာကြောင့် သူမရဲ့ပါးစပ်ထဲမှာ ပြည့်ဖောင်းနေပြီး ဟမ်းစတားလေးတစ်ကောင်လို သူမရဲ့ ပါးတွေက ဖောင်းတင်းနေပြီး ဖြည်းဖြည်းချင်းဝါးနေသည်။

All Chapters