← Chapters

အခန်း (၂၃)

Vol. 2 Ch. 23

အခန်း (၂၃)

Vol. 2 Ch. 23

ဖေးခွမ်က စုန့်အာ့နန်နောက်မှာ ရပ်လိုက်ပြီး သူမကိုဒီလိုမျိုး မြင်လိုက်ရတော့ သူအသံထွက်မရယ်ဘဲ မနေနိုင်တော့ပေ။

ရယ်သံကိုကြားတော့ စုန့်အာ့နန် နောက်ကို လှည့်ကြည့်လိုက်သည်။

အနုပညာရှင်တစ်ယောက်ရဲ့ ကိုယ်ပိုင်အသိစိတ်နဲ့အတူ ဖေးခွမ်က ကားပေါ်က မဆင်းခင် ဦးထုပ်နဲ့ မက်စ်တပ်ထားပြီ ရိုးရိုးရှင်းရှင်း ရုပ်ဖျက်ထားသည်။

သူမနောက်ကလူကို မြင်လိုက်ရတော့ စုန့်အာ့နန် ရုတ်တရက် မျက်လုံးပြူးသွားပြီး အံ့အားသင့်သွားသည်။

ဖေးခွမ်နဲ့ စုန့်လင်းချွမ်တို့က အရပ်အမောင်းနဲ့ ပုံစံအချိုးအစားမီ သိပ်မကွာလှပေ။ အပြစ်ရှိစိတ်နဲ့ ထိတ်လန့်သွားပြီး စုန့်အာ့နန်ရဲ့ ပထမဆုံးတုံ့ပြန်မှုက အဲ့ဒီလူကို စုန့်လင်းချွမ်လို့ ထင်သွားပြီး သူမက အလန့်တကြားနဲ့ လက်ထဲက ချောကလက်ကို ပစ်ချလိုက်မိသည်။

တစ်ဖက်လူက လန့်သွားတော့ ဖေးခွမ်လည်း သိသိသာသာကိုအံ့ဩသွားသည်။

သူက မြေပြင်ပေါ်ရှိ ချောကလက်ကို ကောက်လိုက်ပြီး စုန့်အာ့နန်ဆီ ပေးလိုက်ကာ မက်စ်ကို ချွတ်လိုက်သည်။

"ငါက အဲ့လောက်တောင်ကြောက်စရာကောင်းနေလို့လား?" ဖေးခွမ် က ပေါ့ပေါ့ပါးပါး ရယ်ရင်း ပြောလိုက်သည်။

စုန့်လင်းချွမ် မဟုတ်ဘူးဆိုတာကို မြင်လိုက်ရတော့ စုန့်အာ့နန်က သက်ပြင်းတစ်ချက်ချလိုက်သည်။ "မဟုတ်ပါဘူး၊ အနောက်မှာ တစ်ယောက်ယောက် ရောက်လာမယ်လို့ မထင်ထားလို့လေ"

ဖေးခွမ်က စုန့်အာ့နန်လက်ထဲ ချောကလက်ကို ပြန်ထည့်ပေးလိုက်ပြီး သူ့မျက်နှာမှာလည်း တောင်းပန်တဲ့အရိပ်အယောင်တွေ ပေါ်လာသည်။ "တောင်းပန်ပါတယ် မင်းကို ခုနတုန်းက မင်းကိုခြောက်လိုက်မိတယ်"

စုန့်အာ့နန်က အမြန်ခေါင်းခါလိုက်သည်။ နောက်ဆုံးတော့ သူမအနေနဲ့ ဖေးခွမ်ကို အပြစ်မတင်နိုင်ပါ‌ပေ။ အဓိကကတော့ သူမ အရမ်းစိုးရိမ်နေလို့ဘဲ။

သူမရဲ့ အကြည့်တွေက နည်းနည်းဝေ့လည်ကြောင်ပတ်ဖြစ်သွားသည်။ သူမက အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလိုက်သည်။ "ဒါက ရှင့်အပြစ်မဟုတ်ပါဘူး။ အဓိကက ကျွန်မ အရမ်းလေးလေးနက်နက် တွေးနေတာကြောင့်ပါ"

ဖေးခွမ်က ပြုံးလိုက်ပြီး အန်တီလေးရဲ့ စိတ်မအေးဖြစ်နေတဲ့ပုံကို သဘာဝအလျောက် မြင်လိုက်ရသည်။ ဘာကြောင့်မှန်းမသိပေမယ့် သူလည်း ဒီအကြောင်းအရာကို ဆက်မပြောဖြစ်တော့ပေ။

သူသည် အကြောင်းအရာကို ပေါ့ပေါ့ပါးပါး ပြောင်းလိုက်သည်။ "ဘယ်လိုလုပ် မင်းတစ်ယောက်ထဲ ဖြစ်နေတာလဲ? လင်းချွမ်ရော?"

စုန့်အာ့နန်က အမှန်တိုင်းပြောလိုက်သည်။ "သူ အလုပ်သွားတယ်။ ဒီနေ့ ရိုက်ကူးရေးမရှိလို့ ကျွန်မလည်း သူနဲ့ မလိုက်သွားလိုက်ဘူး"

ဒါကိုပြောလို့‌ပြီးတော့ တစ်ခုခုကို သဘောပေါက်သွားတဲ့ပုံနဲ့ ဖေးခွမ်ကို သူမရုတ်တရက်ကြည့်လိုက်သည်။

အရမ်းအရေးကြီးတဲ့ ပြဿနာတစ်ခုကို သူမနားလည်လိုက်သည်။

ဖေးခွမ်က မျက်ခုံးပင့်ကာမေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"

စုန့်အာ့နန်ရဲ့ အတွေးရထားနဲ့ ပတ်သက်ပြီး သူ ရုတ်တရတ် နားမလည်ဖြစ်သွားသည်။

သူမလက်ထဲက ချောကလက်ကိုငုံ့ကြည့်လိုက် ဖေးခွမ်ကိုကြည့်လိုက်နဲ့ သူမစိတ်တွေ ပြေးလွှားနေသည်။

သူမ သရေစာစားတဲ့အကြောင်း မပြောပြဖို့ သူ့ကိုဘယ်လိုသိမ်းသွင်းရမလဲ

သူမလက်ထဲက ချောကလက်ကို ရှုပ်ထွေးနေတဲ့ အကြည့်နဲ့ စိုက်ကြည့်နေတာကိုဖေးခွမ်ကမြင်တော့ သာမာန်ကာလျှံကာ မေးလိုက်သည်။ "ဒီချောကလက်ကို မကြိုက်လို့လား?"

ဒါကိုကြားတော့ စုန့်အာ့နန် မျက်လုံးတွေက တောက်ပလာသည်။ "ကြိုက်တာပေါ့!"

နောက်တစ်စက္ကန့်မှာဘဲ သူမက ချောကလက်ကို ဖေးခွမ်ဆီ ကမ်းပေးလိုက်သည်။ "စားချင်လား?"

ဖေးခွမ် ခဏလောက် အံ့အားသင့်သွားသည်။ "မလိုပါဘူး မင်းဘဲစားပါ"

စုန့်အာ့နန်က သူငြင်းတာကို အံ့သြသွားတဲ့ပုံပင်။ သူမက မျက်တောင် တစ်ဖျတ်ဖျတ်ခတ်လိုက်ပြီး မေးလိုက်သည်။ "ချောကလက် မကြိုက်ဘူးလား?"

အဲဒီနောက်မှာတော့ ဖေးခွမ် ပြန်ဖြေတာကို မစောင့်ဘဲ သူမက တခြား အဆာပြေမုန့်တွေ အားလုံးကို ထုတ်လိုက်သည်။

"ဒါဆို ဒီမှာ အရမ်းအရသာရှိတဲ့ တခြားသရေစာတွေ ရှိသေးတယ်၊ မြည်းကြည့်ချင်လား?"

စုန့်အာ့နန်က ကျန်တဲ့ သရေစာတွေအားလုံးကို ဖေးခွမ်အရှေ့ တွန်းပေးလိုက်ပြီး သူ့ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

ဖေးခွမ် မျက်ခုံးပင့်လိုက်သည်။ အန်တီလေးရဲ့ ရုတ်တရတ် စိတ်အားထက်သန်မှုနဲ့ ရင်ဆိုင်ရတော့ သူ့မျက်နှာအနှံ့ နားမလည်မှုတွေနဲ့ ပြည့်နှက်သွားသည်။

ပုံမှန်ဆိုရင် သူ့အနေနဲ့ ဒီလိုဟာတွေကို မစားချင်ပေမယ့် နောက်ဆုံးတော့ အန်တီလေးရဲ့ ကြင်နာမှုကို မငြင်းရက်တဲ့အတွက် အဲ့ဒီထဲက အာလူးကြော်တစ်ဝက်အထုပ်ကို ယူလိုက်သည်။

"ကောင်းပြီ ဒါဆိုလည်း ကျေးဇူးဘဲ"

စုန့်အာ့နန်က ခဏလောက် အံ့အားသင့်သွားပြီး သူမရဲ့ အကြည့်တွေထဲ တုံ့ဆိုင်းနေတဲ့ အရိပ်အယောင်တွေ ထွက်လာသည်။

အဲ့ဒီဟာက စောစောက သူမ တမင်ချန်ထားတဲ့ အာလူးကြော် တစ်ဝက်ဖြစ်သည်။ အချိုတွေစားပြီးရင် အဲ့ဒါကိုစားမှာမို့လို့ သူမချန်ထားတာဖြစ်သည်။

အားယား၊ အစောတုန်းက ပိုကြီးတဲ့အထုပ်ကို သူမဝယ်ခဲ့ရမှာ။

စုန့်အာ့နန်က စက္ကန့်နည်းနည်းလောက် တိတ်ဆိတ်သွားပြီး "အဲ့ဒါက ကျွန်မ စားလို့တစ်ဝက်ကျန်တဲ့ဟာကြီး"

အန်တီလေးရဲ့ ခံစားချက်တွေက သူမမျက်နှာတစ်ခုလုံး လွှမ်းသွားသည်။ ဖေးခွမ်လည်း သဘာဝအလျောက် အဲ့ဒါကို မလွတ်သွားဘဲ မတတ်နိုင်ဘဲ အူမြူးလာသည်။

အန်တီလေးရဲ့ တွန့်ဆုတ်မှုကို သူက သတိမထားမိဟန်ဆောင်ကာ အာလူးကြော်ကို စားလိုက်သည်။

"အဆင်ပြေပါတယ်၊ ငါစိတ်ထဲမထားပါဘူး" သူက ခပ်တိုးတိုးရယ်ရင်း ပြောလိုက်သည်။

စုန့်အာ့နန်က နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ရင်း “အိုး” လို့ ပြောလိုက်သည်။

မေ့လိုက်တော့ ကိုယ်တိုင်ပေးထားတာကို ပြန်မကြည့်နဲ့တော့။ အခု သူတို့နှစ်ယောက်လုံးကို ကြံရာပါလို့ ယူဆနိုင်တာကြောင့် နောက်တစ်ကြိမ်ဆို ကိုင်တွယ်ရတာ ပိုလွယ်လာမည်ဖြစ်သည်။

ဖေးခွမ်ရဲ့ ပါးစပ်ထောင့်မှာ အပြုံးတစ်ခုရှိနေသည်။ သူ့ဆီ ဘယ်လိုရူးကြောင်ကြောင်တွေ ဝင်လာလဲမသိဘူး။ သရေစာတွေစားလေ့မရှိတဲ့ သူက ဒီနေရာမှာ အန်တီလေးရဲ့ "အဆာပြေ" မုန့်တွေကို လုယူနေမိသည်။

ဒါ့ပြင် ဒီအာလူးကြော်အရသာတွေက ပုံမှန်နဲ့မတူဘူးလို့ သူထူးထူးခြားခြား ခံစားလိုက်ရသည်..... မကောင်းတဲ့ပုံမပေါ်ဘူး။

ဖေးခွမ်ရဲ့ အနုပညာရှင်ဆိုတဲ့ အထောက်အထားကြောင့် သူတို့နှစ်ယောက်မှာ သရေစာတွေ စားပြီးသွားတော့ မှတ်မိခံရမှာစိုးတာကြောင့် အကြာကြီးမနေခဲ့ကြပေ။

သူတို့နေရာ ပတ်ပတ်လည်ကို လျှောက်ကြည့်လို့ပြီးတော့ ဖေးခွမ်က စုန့်အာ့နန်ကို စုန့်လင်းချွမ်ရဲ့အဆောက်အဦးဝင်ပေါက်အထိ လိုက်ပို့ပေးလိုက်သည်။

စုန့်အာ့နန်ကလည်း ထွက်သွားဖို့အလျင်မလိုနေဘဲ သူမက ဖေးခွမ်ကို ကြည့်ကာ ရှက်ကိုးရှက်ကန်းနဲ့ မြေကြီးကို ခြေဖျားထိပ်နဲ့ ကန်နေပြီး မေးလိုက်သည်။ "ဒီနေ့ဘာဖြစ်ခဲ့လဲဆိုတာ... လင်းချွမ်ကို မပြောပြလို့ရမလား?"

ဖေးခွမ်က အံ့အားသင့်သွားသည်။ "ဘာဖြစ်လို့လဲ?"

စုန့်အာ့နန်က ဖေးခွမ် ကို မော့ကြည့်လိုက်ပြီး "အဲဒါ...ဒီနေ့ရှင်နဲ့ ကျွန်မ တွေ့ခဲ့တာကို"

ဖေးခွမ်က မျက်ခုံးပင့်ကာ မေးခွန်းထုတ်လိုက်သည်။ "ဘာကြောင့်လဲ?"

စုန့်အာ့နန်ရဲ့ အတွေးကို သူ ရုတ်တရက် လိုက်မမီတော့ပေ။

သူတို့ နှစ်ယောက် တွေ့ခဲ့တယ်ဆိုတာက ဖုံးကွယ်ထားရမယ့် အရာတစ်ခု မဟုတ်‌ပါချေ။ ဘာလို့ ဒီအကြောင်းကို စုန့်လင်းချွမ်ကို မသိစေချင်ရတာလဲ?

စုန့်အာ့နန်က သူ့ကိုခဏလောက်ကြည့်လိုက်ပြီး စကားပြောချင်ပေမယ့် ချီတုံချတုံဖြစ်နေသည်။ "ဒီတလော ကျွန်မက လင်းချွမ် diet လုပ်တာကို စီစဉ်ပေးရမှာ၊ ပြီး‌တော့ သူက သရေစာစားလို့မရဘူး၊ အဲ့ဒါ ....အဲ့ဒါကြောင့် ကျွန်မက ဥပမာအနေနဲ့ သူ့ကိုဦးဆောင်ပေးရမှာ"

သူမရဲ့ နားရွက်တွေက နည်းနည်းနီရဲလာပေမယ့် အံကြိတ်ကာ ဆက်ပြောလိုက်သည်။ "အဲ့ဒါကြောင့် ကျွန်မက ဥပမာအနေနဲ့ ဦးဆောင်ပေးရမှာ"

ဖေးခွမ်ခဏလောက် တန့်သွားပြီး စောစောတုန်းက စုန့်အာ့နန် ဘာလို့ ဒီလောက်ထိ စိတ်အားထက်သန်နေရသလဲဆိုတာ နောက်ဆုံးတော့ နားလည်သွားသည်။

ဆို‌တော့ အဲ့ဒါက သူ့ကိုပါးစပ်ပိတ်ဖို့ပေါ့။

သူ့ကို ပထမဆုံးတွေ့တုန်းက သူမအရမ်း တုန်လှုပ်သွားတာ အံ့သြစရာမဟုတ်တော့ဘူး၊ လက်ပူးလက်ကြပ်ဖမ်းမိတာကြောင့် အပြစ်ရှိသလိုခံစားရလို့ပေါ့။

ဖေးခွမ်က ခဏလောက်စဉ်းစားပြီး မေးလိုက်သည်။ "လင်းချွမ်ရဲ့ စိတ်ထဲမှာ မင်းပုံရိပ် ထိခိုက်သွားမှာ ကြောက်လို့လား?"

"အဲ့ဒါက ပုံရိပ်နဲ့မဆိုင်ပါဘူး" စုန့်အာ့နန်က မသိစိတ်ကနေ ပြန်ပြောလိုက်ပေမယ့် အဲဒါကို ပြောပြီးတဲ့နောက်မှာတော့ အဲ့ဒါက ပုံရိပ်ကြောင့်ဘဲဆိုတာ သူမနားလည်လိုက်သည်။

ဖေးခွမ်က ပျင်းရိပျင်းတွဲနဲ့ မေးလိုက်သည်။ "ဒါဆို ဘာကြောင့်လဲ?"

စုန့်အာ့နန်က နှုတ်ခမ်းစူလိုက်ပြီးဖေးခွမ်ကို နက်မှောင်တဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ကာ လေးလေးနက်နက်နဲ့ ပြောလိုက်သည်။ "ဒါက လူကြီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာပဲ"

ဖေးခွမ် - "..."

လူကြီးတစ်ယောက်အနေနဲ့ သူ့ဂုဏ်သိက္ခာကို ထိခိုက်စေမှာ စိုးလို့လား?

သူ့ပါးစပ်ထောင့်ကနေ မသိစိတ်အရ တွန့်ကွေးသွားသည်။ အန်တီလေးက တော်တော်ချစ်စရာကောင်းတာဘဲ၊ သူ့မှာ ဒီလိုမျိုး လူကြီး တစ်ယောက်ရဲ့ ဝန်ထုပ်ဝန်ပိုးရှိသေးတယ်!

ဖေးခွမ်က သူ့အပြုံးကို ထိန်းထားလိုက်ပြီး "ဒါက နည်းနည်းတော့ ခက်တယ်။ လင်းချွမ်နဲ့ငါက သူငယ်ချင်းလေ။ သူ့ဆီက တစ်ခုခုကို ဖုံးကွယ်ထားရင် သစ္စာဖောက်မိတယ်လို့ အမြဲတမ်း ခံစားနေရမှာ"

ဖေးခွမ်က သူမရဲ့မုန့်ကိုစားပြီစတာတောင် သူမကို ငြင်းလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားတဲ့အတွက် စုန့်အာ့နန်ရဲ့ မျက်လုံးထဲမှာ အံ့ဩမှုတွေ စိတ်မသက်သာမှုတွေနဲ့ ပြည့်နှက်သွားသည်။

သို့ပေမယ့် အဲ့ဒီအကြောင်းကို တွေးကြည့်ပြီးတော့ တစ်ဖက်လူက အဲ့လိုပြောလာမှတော့ သူမလည်း ထပ်မတင်းမာတော့ဘဲ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းသာငုံ့ထားနိုင်တော့သည်။

ဒါကိုမြင်တော့ ဖေးခွမ်က သူမကို စနောက်နေတာ ရပ်လိုက်သည်။ "ဒါပေမယ့် အရင်က မင်းငါ့ကို အများကြီးကူညီခဲ့တဲ့အတွက် မင်းရဲ့ ကြင်နာမှုနဲ့ တရားမျှတမှုကို ငါမမေ့ပါဘူး..."

စုန့်အာ့နန်က ဖေးခွမ်ရဲ့ ထွက်ခွာသွားတဲ့ ပုံရိပ်ကို ဗလာသက်သက် စိုက်ကြည့်နေမိပြီး သူမရဲ့မျက်နှာမှာလည်း နားမလည်မှုတွေနဲ့ ပြည့်နှက်သွားသည်။

ဖေးခွမ် ပြန်လာတဲ့နေ့တုန်းကလည်း သူကလက်ဆောင်အစားပြန်ပေးတာလို့ ပြောခဲ့သည်။

အဲ့ဒီအချိန်တုန်းက စုန့်အာ့နန် နည်းနည်း ပဟေဋ္ဌိဖြစ်နေပေမယ့် သူစကားပြောမှားတာလို့ဘဲ သူမထင်ခဲ့သည်။

ဒါပေမယ့် အခုကျတော့ သူဘာကိုဆိုလိုတာလဲ?

သူ့ကို သူမဘယ်တုန်းက ကူညီခဲ့လို့လဲ?

-

ပြန်ရောက်လာပြီးတဲ့‌နောက်မှာ စုန့်အာ့နန် ဘယ်လိုဘဲစဉ်းစားစဉ်းစား ဖေးခွမ်ကို သူမဘယ်တုန်းက ကူညီခဲ့လဲဆိုတာကို မမှတ်မိပါချေ။

သီအိုရီအရ ပြောရရင် သူတို့နှစ်ယောက် အရင်ကလည်း တစ်ခါမှ မဆုံဖူးသလို အဆက်အသွယ်လည်း မရှိခဲ့ဖူးဘူး။ ဖေးခွမ် တစ်ခုခုကို နားလည်မှုလွဲနေတာများလား?

ညစာစားပြီးတဲ့နောက်မှာ စုန့်အာ့နန်က အဲ့ဒီအခြေအနေကိုမေးဖို့ စုန့်လင်းချွမ်ကို သွားရှာလိုက်သည်။ တကယ်တော့ သူမနဲ့ ဖေးခွမ်တို့ အရင်က အဆက်အသွယ် ရှိခဲ့တယ်ဆိုရင် သူတို့ကြားက ဆက်သွယ်မှုကို ဖန်တီးပေးနိုင်တဲ့ တစ်ဦးတည်းသော သူက စုန့်လင်းချွမ်ဘဲဖြစ်မည်။

နားလည်မှုလွဲနေတာဆိုရင် စုန့်လင်းချွမ်ကနေဘဲ ဖေးခွမ်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောပြခိုင်းတာက ပိုကောင်းသည်။

စုန့်အာ့နန် စုန့်လင်းချွမ်ကို သွားရှာတဲ့အချိန် သူက မနက်ဖြန် ခရီးရှည်အတွက် ခရီးဆောင်အိတ်တွေကို သူ့အခန်းထဲမှာ ထုပ်ပိုးနေသည်။

အိပ်ခန်းတံခါးက မပိတ်ထားတာ‌ကြောင့် စုန့်အာ့နန်က တံခါးနားမှာ ရပ်ရင်း တံခါးခေါက်လိုက်သည်။

အသံကြားတော့ စုန့်လင်းချွမ်က တံခါးဘက်ကို လှမ်းကြည့်လာသည်။ "အန်တီလေး ဘာဖြစ်လို့လဲ? မင်းရဲ့ ခရီးဆောင်အိတ် ထုပ်ပြီးပြီလား?၊ ငါ့အကူအညီလိုသေးလား?"

စုန့်အာ့နန်က သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး "မလိုပါဘူး၊ ငါထုပ်ပြီးပြီ"

စုန့်လင်းချွမ်က "အို" လို့ဖြေလိုက်ပြီး ဘာမှပြန်မပြောဘဲ စုန့်အာ့နန်ကိုဘဲ တိတ်တဆိတ်ကြည့်နေကာ သူမရဲ့ ရည်ရွယ်ချက် ပြောပြလာမှာကို စောင့်နေလိုက်သည်။

စုန့်အာ့နန်က နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ရင်း စက္ကန့်အနည်းငယ်လောက် နှုတ်ဆိတ်နေသည် - "လင်းချွမ်၊ ဖေးခွမ်က ငါ သူ့ကို ကူညီခဲ့တယ်လို့ ဘာလို့ပြောလဲဆိုတာ နင်သိလား?"

ဒါကိုကြားတော့ စုန့်လင်းချွမ် က သူ့လက်ကို ယမ်းလိုက်ပြီး "အိုး၊ နင်ဆိုလိုတာက... အမ်၊ မဟုတ်သေးဘူး၊ အန်တီလေးလေး နင် ဖေးခွမ်နဲ့ ထပ်တွေ့ခဲ့လို့လား?"

ဒီလိုပြောပြီးတဲ့နောက်မှာ သူလုပ်နေတာတွေကို ရပ်လိုက်ပြီး စုန့်အာ့နန်ကို နားမလည်သလို ကြည့်လိုက်သည်။

အရင်တစ်ခေါက် ဖေးခွမ်လာတုန်းက သူလည်းရှိနေတာဘဲ၊ ဖေးခွမ် အဲ့ဒါကိုပြောတာ သူလည်းမ ကြားခဲ့ရဘူး။

စုန့်အာ့နန်လည်း အံ့အားသင့်သွားပြီး စုန့်လင်းချွမ်ရဲ့ စူးစမ်းမေးမြန်းတဲ့အကြည့်ကို မြင်လိုက်ရပြီး ရင်ထဲမှာ နည်းနည်း မသက်မသာ ဖြစ်သလို ခံစားလိုက်ရသည်။

သို့သော် တစ်ချိန်တည်းမှာဘဲ မနေနိုင်ဘဲ စိတ်အနှောင့်အယှက်ဖြစ်ရသည်။ ဒါကို သူမ ဘယ်လိုမေ့နိုင်ရတာလဲ? သူမနဲ့ ဖေးခွမ်ဆုံခဲ့တာကို စုန့်လင်းချွမ်ကို မပြောပြဖို့ ဒီနေ့မွန်းလွဲပိုင်းမှာ သူမတောင်းဆိုခဲ့ပေမယ့် အခုတော့ သူမကိုယ်တိုင် ထုတ်ပြောမိလိုက်ပြီ။

စုန့်အာ့နန်က အကြည့်လွှဲလိုက်ပြီး "အမ်" ဆိုပြီး အသံပြုလိုက်ကာ "ဟုတ်တယ်... ဒီနေ့လည်ခင်းတုန်းက ငါ ခဏလောက် လမ်းဆင်းလျှောက်တော့ သူ့နဲ့တွေ့တာ"

ကံကောင်းထောက်မစွာနဲ့ စုန့်လင်းချွမ်က သိပ်ပြီး မတွေး‌ပေ။ သူက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "သြော် ဒါဆို မင်းတို့နှစ်ယောက် ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့တာပဲ။ အဲဒါကို တွေးကြည့်လိုက်တော့ ဖေးခွမ်နဲ့ ငါ ဒီနေရာမှာ အိမ်ဝယ်ထားပေမယ့် ငါတို့ကျ တစ်ခါမှ မတွေ့ဖြစ်ဘူး"

စုန့်အာ့နန်က သာမာန်ကာလျှံကာ ခေါင်းညိတ်လိုက်သည်။ သူမက သရေစာစားတဲ့ လျှို့ဝှက်နေရာတစ်ခုကို တွေ့သွားလိမ့်မယ်လို့ သူမ အမှန်တကယ် မမျှော်လင့်ထား‌ပေမယ့် ဖေးခွမ်နဲ့ သွားတိုးသည်။ အဲ့ဒါက တကယ့်ကို တိုက်ဆိုင်မှုတစ်ခုဘဲ။

ခဏလောက် စဉ်းစားပြီးတဲ့နောက်မှာ စုန့်လင်းချွမ်က ဝေ့လည်ကြောင်ပတ်မလုပ်နေတော့ဘဲ ပြောပြလိုက်သည်။ "လွန်ခဲ့တဲ့ငါးနှစ်က ငါမင်းဆီက ပိုက်ဆံချေးခဲ့တာကို မှတ်မိသေးလား?"

စုန့်အာ့နန် - "မှတ်မိတယ်။ အဲဒီတုန်းက နင့်သူငယ်ချင်းတစ်ယောက် ဒုက္ခရောက်နေလို့လို့ နင်ပြောခဲ့တယ်မဟုတ်လား?"

ဒါကိုပြောတဲ့အခါ သူမက တစ်ခုခုကို နားလည်သွားပုံပေါ်ပြီး စုန့်လင်းချွမ်ကို မော့ကြည့်လိုက်သည်။

စုန့်လင်းချွမ်က ခေါင်းညိတ်လိုက်ပြီး "မှန်တယ်။ ငါပြောခဲ့တဲ့ သူငယ်ချင်းက ဖေးခွမ်ဘဲ"

စုန့်အာ့နန် ခဏလောက် အံ့အားသင့်သွားသည်။ ဆိုတော့ ဒါက သူပြောခဲ့တယ် အကူအညီဆိုတာလား?

ဒါပေမယ့် စုန့်လင်းချွမ်က ဘာအတွက် ပိုက်ဆံချေးလဲဆိုတာ သူမတကယ် မသိခဲ့ပေ။ အဲ့ဒီအချိန်တုန်းက သူ့သူငယ်ချင်းတစ်ယောက် ဒုက္ခရောက်နေလို့ ဆိုတာဘဲ သူပြောခဲ့ပြီး အဲ့ဒါက ဖေးခွမ်ဆိုတာမှန်း သူမ မသိခဲ့ပေ။ သူမက စုန့်လင်းချွမ်အတွက် ပေးခဲ့ရုံသာဖြစ်သည်။

ဒီတော့ ဒီတစ်ခုက သူမနဲ့ မဆိုင်ပေ။ အဲဒါအတွက် သူမကိုသူ ကျေးဇူးတင်နေဖို့ မလိုဘူး။

စုန့်အာ့နန်က ခဏလောက်စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "ဒါပေမယ့် ပိုက်ဆံက ပြန်ပေးပြီးသွားတာ ကြာပြီမဟုတ်ဘူးလား? သူအတိုး‌ကိုတောင် ပေးခဲ့တယ်ထင်တယ် ဟုတ်တယ်ဟုတ်?"

သူမ မှတ်မိတာသာမှန်ရင် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာဘဲ။

စုန့်လင်းချွမ်က စုန့်အာ့နန် ပြောတဲ့အဓိပ္ပါယ်ကို သဘာဝအလျောက် နားလည်ပြီး သူ့လက်ကို ကူကယ်ရာမဲ့စွာ ဝှေ့ယမ်းလိုက်သည်။

"အန်တီလေး သူ့ကို စိတ်မပူနေနဲ့၊ သူက ဒီလိုပဲ စိတ်ထဲမှာ စွဲနေတာ၊ ဒီကိစ္စကို ရပ်ဖို့ သူ့ကို ငါဘယ်နှစ်ခါတောင်ပြောပြီးပြီလဲ မသိပေမယ့် သူကတော့ နားမထောင်ဘူး၊ ဒီတိုင်းသူ့ကိုလွှတ်ထားလိုက်"

ဒါကိုကြားတော့ စုန့်အာ့နန်လည်း ဘာလုပ်ရမှန်းမသိတော့ပေ။ ဒါမှမဟုတ် နောက်တစ်ကြိမ် ဆုံရင် သူ့ကို ရှင်းရှင်းလင်းလင်း ရှင်းပြလို့ အခွင့်အရေးများရမလား?

ဒါပေမယ့် သူမနဲ့ ဖေးခွမ်တို့ နောက်တစ်ကြိမ် ပြန်ဆုံဖို့ အခွင့်အရေး ရှိပါ့ဦးမလားမသိပေ။

သဘာဝအတိုင်းဖြစ်ပါစေလို့ဘဲ စုန့်အာ့နန်တွေးလိုက်သည်။

အရေးအကြီးဆုံးကိစ္စကတော့ မနက်ဖြန်အဖွဲ့လိုက် အသံသွင်းရမှာပင်။

မနက်ဖြန် တွေ့ရမယ့်လူတွေကို တွေးရင်း သူမ စိတ်ထဲမှာ နည်းနည်းလောက် မသက်မသာဖြစ်ရသည်။

All Chapters