← Chapters

အခန်း (၂၄)

Vol. 2 Ch. 24

အခန်း (၂၄)

Vol. 2 Ch. 24

တစ်ရက် အနားယူပြီးတဲ့နောက် နောက်တစ်နေ့ နံနက် ၆ နာရီမထိုးခင်မှာ စုန့်လင်းချွမ်နဲ့စုန့်အာ့နန် တို့ ပရိုဂရမ်အဖွဲ့ရဲ့ကားပေါ်တက်ပြီး လေဆိပ်ဆီ ဦးတည်သွားကြသည်။

စုန့်အာ့နန်မှာ နာရီဝက်ကျော်လောက်ဘဲ ကြာတဲ့ ခရီးဖြစ်သည့်တိုင်အောင် အိပ်ငိုက်တတ်တဲ့အကျင့်ရှိသည်။ အခုလည်း ခြွင်းချက်မရှိပေ။ ဒီ season ရိုက်ကူးဖို့ တောင်ဘက်ရှိ ရွာငယ်လေးဆီ မရောက်မီ နာရီပေါင်းများစွာ ခရီးနှင်ခဲ့ရသည်။

ကားက ရွာအဝင်ဝမှာ ရပ်သွားသည်။ ပရိုဂရမ်ဝန်ထမ်းတွေနောက်ကတေ လိုက်သွားရင်း ထူးခြားတဲ့ လယ်‌တောအိမ်တစ်ခုဆီ ရောက်သွားသည်။

ခြံထဲ မဝင်ခင် အထဲကနေ ရယ်သံတွေ ထွက်ပေါ်လာသည်။

ဝင်းတံခါးကို တွန်းမဖွင့်လင် သူမကို ခေါင်းညိတ်ပြလာတဲ့ စုန့်လင်းချွမ်ဘက်ကို စုန့်အာ့နန်လှည့်ကြည့်လိုက်သည်။

သူတို့ဝင်လာတဲ့အသံကိုကြားတော့ အထဲကလူတွေအားလုံး လှည့်ကြည့်လာကြသည်။ စုန့်လင်းချွမ်နဲ့ စုန့်အာ့နန် တို့ကလွဲရင် ကျန် guest သုံးဖွဲ့လုံး ရောက်နေကြပြီဖြစ်သည်။

တစ်ချိန်တည်းမှာဘဲ ကင်မရာမင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကင်မရာက ဝင်ပေါက်က သူတို့ဘက်ကို လှည့်သွားသည်။

[အာ! တူဝရီးအဖွဲ့ နောက်ဆုံးတော့ ရောက်လာပြီ။ သူတို့နဲ့ရှိနေရတာ အရမ်းစိတ်လှုပ်ရှားတာဘဲ ] တိုက်ရိုက်ထုတ်လွှင့်မှုမှ ကြည့်ရှုသူ တစ်ဦးရဲ့ မှတ်ချက်က တက်လာသည်။

[ထိပ်တန်းကြယ်ပွင့်တွေက တကယ်ကို မတူဘူး! သူတို့က စီနီယာအများကြီးကို အကြာကြီး စောင့်ရအောင် လုပ်တယ်။ အထင်ကြီးစရာပဲ!]အခြားကြည့်ရှုသူတဦးကလည်း ပြောလာသည်။

[စကားမပြောကြနဲ့၊ အပေါ်ထပ်က ဘာဖြစ်နေတာလဲ? ပရိုဂရမ်အဖွဲ့က အစောကြီးကတည်းက သတိမထားမိဘဲနေမလား? သူတို့က guestတွေကို တကယ်ပဲ အပြစ်တင်လို့ရမလား?]နောက်ထပ် ကြည့်ရှုသူ တစ်ယောက်က ထပ်ဝင်လာသည်။

Weibo အကောင့်တွင် ဧည့်သည်တွေနှင့် သဘောတူညီထားသည့်အချိန်အရ “Our dearest us” ဒုတိယပိုင်းထုတ်လွှင့်ချိန်ကို နံနက် ၁၁ နာရီတွင် သတ်မှတ်ထားကြောင်း သိရသည်။ သို့သော်လည်း ပရိုဂရမ်အဖွဲ့က ပုံမှန်အားဖြင့် စောစောစီးစီး စဖို့ သဘောကျကြပြီး အခုလည်း ချွင်းချက်မရှိပေ။ ပထမ ဆုံး guestအဖွဲ့ရောက်လာတာနဲ့ နံနက် ၉ နာရီမှာ သူတို့က ဝင်းအတွင်းထဲမှာ ကင်မရာတွေကို တပ်ဆင်ထားပြီး တိုက်ရိုက်ထုတ်လွှင့်မှုတွေကို စတင်နေပြီဖြစ်သည်။

စုန့်အာ့နန် ခြံဝန်းကို လှည့်ပတ်ကြည့်ရင်း အံ့သြသွားသည်။

သူမ ညာဘက်လက်ကောက်ဝတ်ကို အလိုလို မြှောက်လိုက်ပြီး နာရီကို ကြည့်လိုက်တော့ သူမတို့ မနောက်ကျသေးဘူးဆိုတာ သိလိုက်ရပြီး စိတ်အေးသွားသည်။

"စိတ်မပူပါနဲ့ မင်းတို့မနောက်ကျပါဘူး။ ပရိုဂရမ်အဖွဲ့က ထပ်ပြီး စောစောစလိုက်လို့ပါ" ရှိုးက guest တစ်‌ယောက်ဖြစ်တဲ့ လီယုက သူတို့ကိုစိတ်အေးအောင်ပြောလာသည်။ လီယုက သူမရဲ့ခင်ပွန်းသည် ကောရှို့နှင့်အတူ အစီအစဉ်တွင် ပါဝင်ပြီး လူကြိုက်များတဲ့ သစ်သီးဝလံ အစီအစဉ်ရဲ့ အစီအစဉ်မှူးလည်း ဖြစ်သည်။ ဒါကြောင့် သူမက ရှိုးရှိ လေထုကို ထိန်းချုပ်၊ ထိန်းညှိပေးဖို့ တာဝန်ရှိသည်။

"ဟားဟား၊ အစ်မယုက 'ထပ်ပြီး' ဆိုတဲ့စကားကိုသုံးလိုက်တာ အရမ်းမိုက်တယ်။ သူ့အသံထဲက မကျေမနပ်ဖြစ်တာကို လျစ်လျူရှုလို့တောင်မရဘူးမလား?" အခြားကြည့်ရှုသူတဦးက အရွှန်းဖောက်သည်။

" မကျေမနပ်ဖြစ်ရတဲ့အတွက် မင်းငါ့ကို အပြစ်တင်လို့ရမလား? နောက်ဆုံးအကြိမ်တုန်းကလည်း ပရိုဂရမ်အဖွဲ့ ရုတ်တရတ် ချုံခိုတိုက်တာကြောင့်သာ မဟုတ်ရင် ငါ့ပုံရိပ်က ဘယ်လောက်တောင် ပျက်စီးသွားရသလဲ?" လီယုက ပြန်တုံ့ပြန်သည်။

[ဟာဟားဟား၊ အရင်တစ်ခေါက် တိုက်ရိုက်ထုတ်လွှင့်တဲ့ မနက်တုန်းက သူ့ရဲ့ နာမည်ဆိုးနဲ့ ဆံပင်ပုံစံကို ပြန်သတိရမိတယ်။ အဲဒါက သူ့အတွက် အမဲစက်ဘဲ] အခြားကြည့်ရှုသူတစ်ဦးက ပြောလာသည်။

[အရင်တုန်းက စုန့်လင်းချွမ်နဲ့ အန်တီလေး ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုဘဲ ငါကြည့်မိတော့ တခြား တိုက်ရိုက်ထုတ်လွှင့် အခန်းတွေမှာ ဘာဖြစ်ခဲ့လဲဆိုတာ မသိလိုက်ဘူး။ သူ့အမည်းစက်က ဘာလဲဆိုတာ တစ်ယောက်ယောက် ရှင်းပြပေးလို့ရမလား?] အခြားကြည့်ရှုသူတစ်ယောက်က မဝံ့မရဲ မေးလာသည်။

[ဟားဟား၊ အပေါ်က ညီမလေးရေ၊ ငါ ဒီဇာတ်လမ်းကို ပြန်ပြောဖို့ စောင့်နေတာ...]အခြားကြည့်ရှုသူက ပြန်ပြောလာပြီးသူတို့ကြားမှာ တက်ကြွတဲ့ စကားဝိုင်းကို စလိုက်သည်။

guest တွေက တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးဖို့ ပျော်စရာတွေကို ဖလှယ်ကြသည်။ သို့ပေမယ့်လည်း အခြားအဖွဲ့သုံးဖွဲ့က သူတို့ရဲ့ပထမအဆင့် မိတ်ဆက်ပြီးသွားပြီဖြစ်တာကြောင့် ဒီတစ်ခါတော့ အဓိကက စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့ဘဲဖြစ်သည်။

"အားလုံးပဲမင်္ဂလာပါ၊ စုန့်လင်းချွမ်ပါ၊ ဒါက ကျွန်တော့်အန်တီလေး စုန့်အာ့နန်ပါ" စုန့်လင်းချွမ်က သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

လီယုက ပြုံးလိုက်ပြီး ပြောလာသည်။ "မင်္ဂလာပါ အစ်မကလီယု ပါ၊ ဒါက အစ်မယောက်ျား ကောရှို့"

ကျီချိုးပိုင်ကလည်း ပြုံးကာ နှုတ်ဆက်လာသည်။ "မင်္ဂလာပါ ကိုယ်က ကျီချိုးပိုင် ပါ၊ ဒါက ကိုယ့်ညီ ကျီအန်"

ရှစ်ချင်က ခေါင်းနည်းနည်းညိတ်ပြလိုက်ပြီး "မင်္ဂလာပါ အစ်မက ရှစ်ချင်၊ ဒါက အစ်မရဲ့သား ချီမူရှစ်ပါ " သူမကပြောရင်းနဲ့ မနီးမဝေးက စကိတ်ဘုတ်နဲ့ ကစားနေတဲ့ ကောင်လေးကို လက်ညှိုးထိုးပြလိုက်သည်။

guest လေးယောက်စလုံးက သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ထိပ်တန်းတွေဖြစ်တာကြောင့် ရှိုးရဲ့ထုတ်လုပ်ရေးအဖွဲ့က guest တွေကို ဖိတ်ရမယ့်နည်းကို တကယ်သိသည်ဟု ဆိုရမည်။

အသက် 35 နှစ်အရွယ် လီယုက သစ်သီးလုပ်ငန်းလောကတွင် ထိပ်တန်းဦးဆောင်နေသူတစ်ဦးဖြစ်ပြီး သူမရဲ့ခင်ပွန်းဖြစ်သူ အသက် 36 နှစ်အရွယ် ကောရှို့ဟာတော့ ကျော်ကြားတဲ့ဟာသသရုပ်ဆောင်တစ်ဦးဖြစ်သည်။

အသက် 30 အရွယ် ကျီချိုးပိုင်ကတော့ အလားအလာရှိသည့် သရုပ်ဆောင်တစ်ဦးဖြစ်ကာ ပထမနှစ်ဝက်တွင် စာပေရုပ်ရှင်တွင် အကောင်းဆုံးဇာတ်ဆောင်ဆုကို ရရှိထားသည်။

အသက် 46 နှစ်ရှိပြီဖြစ်တဲ့ ရှစ်ချင်ကတော့ ရွှေမြင်းဆုသုံးကြိမ်ရ မင်းသမီးတစ်ဦးဖြစ်ပြီး အနုပညာနယ်ပယ်တွက် အနှစ်သုံးဆယ်ကြာ ကျင်လည်နေပြီး ဇာတ်ကောင်အမျိုးမျိုးကို ဖန်သားပြင်ပေါ်တွင် သရုပ်ဆောင်ခဲ့သူဖြစ်သည်။ ဒါ့အပြင် သူမကိုယ်တိုင်ကလည်း လှပတင့်တယ်သည့် အလှတစ်ပါးဖြစ်သည်။

စီနီယာကျတာကို တွက်ကြည့်ရင်၊ စုန့်လင်းချွမ်ရဲ့ အထောက်အထားတွေက သူ့စီနီယာတွေအနေနဲ့ သတိပြုမိဖို့ မလုံလောက်နိုင်ပေမယ့် သူ့ရဲ့ကျော်ကြားမှုနှင့် ရေပန်းစားမှူတို့က‌တော့ အမြင့်ဆုံးဖြစ်သည်။

တကယ်တော့ လက်ရှိ ဖျော်ဖြေရေးနယ်ပယ်က မင်းသားတွေ၊ သရုပ်ဆောင်တွေနဲ့ ယှဉ်ရင် နာမည်ကြီး idol အနုပညာရှင်တွေရဲ့ ကျော်ကြားမှုနဲ့ရေပန်းစားမှုက ပိုမြင့်သည်။

စုန့်အာ့နန်ကစုန့်လင်းချွမ် အနားတွင် နာနာခံခံနဲ့ရှိနေပြီး အခြား guestတွေကို ရံဖန်ရံခါ ကြည့်နေသည်။သူမရဲ့မျက်နှာမှာ‌တော့ အပြစ်ကင်းပြီး အန္တရာယ်ကင်းတဲ့ အပြုံးမျိုးကို အမြဲချိတ်ဆွဲထားသည်။

သို‌ပေမယ့် တစ်ချိန်တည်းမှာဘဲ သူမက အခြား guest တွေကို တိတ်တဆိတ်အကဲဖြတ်နေသည်။

သို့ပေမယ့် ကျီချိုးပိုင် အပေါ် သူမအကြည့်တွေ ရောက်သွားတဲ့အချိန် မနေနိုင်ဘဲ စက္ကန့်နည်းနည်းအကြာလောက် ကြည့်လိုက်မိသည်။

သူမတို့ရဲ့ကမ္ဘာက ဝတ္ထုထဲမှာ ရှိနေမှန်း သိခဲ့ရကတည်းက စုန့်အာ့နန်ရဲ့ အာရုံစူးစိုက်မှုဟာ အမြှောက်စာဇာတ်ကောင်ဖြစ်တဲ့ စုန့်လင်းချွမ်ပေါ်မှာဘဲ ရှိနေပေမယ့် အဲ့ဒါက မူရင်းစာအုပ်ထဲက အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်တို့ရဲ့ လှုပ်ရှားမှုတွေကို ဂရုမစိုက်ဘူးလို့ မဆိုလိုပေ။

လက်ရှိတွင် သူမရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် စုန့်လင်းချွမ် ဇာတ်လမ်းရဲ့ ဇာတ်ကြောင်းက စာအုပ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု‌ကနေ ရှင်းရှင်းလင်းလင်းကို သွေဖည်သွားပေမယ့် စုန့်အာ့နန်ကို ပိုစိတ်‌အေးစေတဲ့အချက်မှာ အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်ကြား ဇာတ်ကြောင်းတွေက မပြောင်းလဲပါချေ။

အမျိုးသမီးဇာတ်လိုက်က ဝတ္ထုထဲတွင် လွန်ကဲတဲ့ variety show ပါဝင်နေဆဲဖြစ်ပြီး စုန့်လင်းချွမ်နဲ့ နောက်ထပ် ထိတွေ့ရမယ့်ဆက်ဆံမှုမျိုးလည်း မရှိတော့တဲ့ပုံပင်။

အမျိုးသားဇာတ်လိုက်ကတော့၊ စုန့်အာ့နန်တစ်ယောက် မတတ်နိုင်ဘဲ ကျီချိုးပိုင်ကို ကြည့်လိုက်သည်။

အမျိုးသားဇာတ်လိုက် ကျီချိုးပိုင်က လွန်ကဲတဲ့variety show တွင် guestအဖြစ် မပါဝင်ရသေးခင် သူက လူနေမှုဘဝမျိုvariety show တွင် ပါခဲ့သေးကြောင်း ဝတ္ထုထဲတွင်ဖော်ပြထားသည်။

တကယ်တော့ ဒီနေ့အချိန်အထိ စုန့်အာ့နန်အနေနဲ့ ကျီချိုးပိုင်ကို ဒီရှိုးမှာတွေ့ရတာနဲ့ ပတ်သက်ပြီး နည်းနည်း စိတ်မသက်မသာဖြစ်မိနေတုန်းပင်။

သူမရဲ့စိတ်ကူးကတော့ရိုးရှင်းသည်၊ စုန့်လင်းချွမ်ရဲ့စာအုပ်ထဲကအတိုင်း အမျိုးသားဇာတ်လိုက်ရော အမျိုးသမီးဇာတ်လိုက် အပါအဝင် ဘယ်သူနဲ့မှ မဆုံစေချင်ပေ။

ဒါပေမယ့် အခုတော့ သူမ သိလိုက်ပြီ။ ရှောင်လွှဲလို့မရနိုင်တဲ့အတွက် လိုက်လျောညီထွေဖြစ်အောင် နေသင့်သည်။

ဒါ့အပြင်၊ ဝတ္ထုထဲတွင်၊ စုန့်လင်းချွမ်နဲ့ ကျီချိုးပိုင်တို့ကြား ဇာတ်လမ်းတစ်ခုလုံးတွင် သဘောထားကွဲလွဲမျိုး တစ်ခါမျှမရှိခဲ့ပေ။

ထို့ကြောင့် အမျိုးသမီးဇာတ်လိုက် ဒီနေရာမှာ မရှိတဲ့အတွက် အခုချိန်မှာ ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ ပိုလွယ်ကူသည်။

ဒါပေမယ့် စုန့်အာ့နန်က ကျီချိုးပိုင်ကို အနီးကပ်မြင်ဖူးတာ ဒါပထမဆုံးမို့ သူမ မနေနိုင်ဘဲ သူ့ကို အကြာကြီး ကြည့်လိုက်မိသည်။

ဝတ္ထုထဲတွင် အမျိုးသားဇာတ်ဆောင်အဖြစ် ကျီချိုးပိုင်ရဲ့ အသွင်အပြင်ဟာ စွဲမက်ဖွယ်ကောင်းတယ်ဆိုတာ ငြင်းနိုင်စရာမရှိပေမယ့် ချောမောလှပတဲ့လူတွေစုဝေးနေတဲ့ ဖျော်ဖြေရေးနယ်ပယ်မှာတော့ သူ့ရဲ့မျက်နှာကို မယှဉ်နိုင်ကြပါချေ။ စုန့်အာ့နန်ကတော့ ဒီဖော်ပြချက်က နည်းနည်းချဲ့ကားလွန်းသည်ဟု ထင်သည်။

အနည်းဆုံးတော့... စုန့်အာ့နန် ရဲ့စိတ်ထဲ အရင်ဆုံး ဝင်လာတဲ့သူကတော့ ဖေးခွမ်ပင်။

သူ့မျက်နှာက ကျီချိုးပိုင်ထက် အများကြီး ပိုကြည့်ကောင်းသေးတယ်။

ဟုတ်တယ်၊ လင်းချွမ် လည်းမဆိုးဘူး။ နောက်မှ သူမ တွေးလိုက်မိသည်။

ဒါပေမယ့် စုန့်လင်းချွမ်ကို မထုတ်ပြောတာတောင် အကြောင်းပြချက်တစ်ခုခုကြောင့် သူမ နည်းနည်း အပြစ်ရှိသလို ခံစားရပြီး မသိစိတ်ကနေ ဘေးကိုလှည့်ကြည့်လိုက်သည်။

စုန့်လင်းချွမ်က သူမရဲ့အကြည့်ကို သတိပြုမိပြီး ဘေးကို စောင်းငဲ့ကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ အန်တီလေး?"

စုန့်အာ့နန်က မြန်မြန် ခေါင်းယမ်းလိုက်ပြီး ပြန်ဖြေလိုက်သည်။ "ဘာမှမဖြစ်ပါဘူး"

သူမက သူမရဲ့ စူးစမ်းနေတဲ့ အကြည့်ကို တိတ်တိတ်လေး ရုတ်လိုက်ပြီး လင်းချွမ်က ပိုကြည့်ကောင်းတာလို့ သူမ စိတ်ထဲကို တိတ်တိတ် လေးထည့်လိုက်သည်။

သူမရဲ့ အတွေးအမြင်များတွင် ယုံကြည်ကိုးစားမှုထည့်ဖို့ စုန့်အာ့နန်က စိတ်အားထက်သန်စွာနဲ့ ခေါင်းညိတ်လိုက်သည်။

ရှစ်ချင်က စုန့်အာ့နန်အနားမှရှိနေပြီး သဘာဝအလျာက် သူမရဲ့ အပြုအမူသေးသေးလေးကြိတောင် သတိပြုမိပြီး ရယ်မိ‌တော့သည်။

လူတိုင်း အံ့အားသင့်သွားကာ သူမကိုလှည့်ကြည့်လာကြသည်။

"ဆရာမရှစ်က ဘာတွေးမိလို့လဲ? မင်းက အရမ်းပျော်နေတာ" လီယုက မေးလိုက်သည်။

ရှစ်ချင်က သူမလက်ကို ဝှေ့ယမ်းကာ ရယ်မောလိုက်ရင်း သူမရဲ့အကြည့်က စုန့်အာ့နန်ဆီ ရောက်သွားကာ အသံထဲမှာ စနောက်ချင်မှုတွေ အပြည့်နဲ့ပင်။ "မင်းရဲ့တူလေးက အချောဆုံးလို့ မင်းထင်နေသေးတာကြောင့်လား?"

စုန့်အာ့နန်က မယုံကြည်နိုင်စွာနဲ့ မျက်လုံး ပြူးကျယ်လာကာ ရှစ်ချင်ကို အထိတ်တလန့်နဲ့ ကြည့်လိုက်သည်။ သူမရဲ့ မျက်နှာမှာတော့ "ဘယ်လိုသိတာလဲ" ဆိုတဲ့ အမူအရာအပြည့်ပင်။

ရှစ်ချင်မှာ သူမရဲ့ တုံ့ပြန်မှုကြောင့် ခေါင်းငုံ့ကာ အသည်းအသန် ရယ်တော့သည်။

အခြားသူတွေက ဘာဖြစ်နေလဲဆိုတာ မှန်းဆမိပြီး စုန့်အာ့နန်ကိုကြည့်ကာ နောက်တော့ စုန့်လင်းချွမ်ကြည့်လိုက်ပြီး သူတို့ပါအတူ ရယ်လာကြသည်။

စုန့်အာ့နန်မှာ သူမရဲ့ အတွေးတွေကို တစ်စုံတစ်ယောက်က ရုတ်တရက် ဖော်ထုတ်လာလိမ့်မယ်လို့ မမျှော်လင့်ထားမိဘဲ ဖြစ်ပျက်ခဲ့တာကို သိလိုက်ရပြီးတဲ့နောက် သူမရဲ့ မျက်နှာကနေ နားရွက်နောက်ဘက်အထိ နီရဲလာပြီး နည်းနည်း ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။

စုန့်လင်းချွမ်က စုန့်အာ့နန်လက်ကို နှစ်သိမ့်သလို ပုတ်ပေးလိုက်သည်။ "ကျွန်တော့် အန်တီလေးရဲ့Filter က နည်းနည်းကြီးတော့ ပြဿနာဖြစ်စေမိတဲ့အတွက် တောင်းပန်ပါတယ်"

သူကဒီလိုပြောလိုက်ပေမယ့် သူ့အမူအရာက‌တော့ အဲဒီလိုမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းကို ပြနေသည်။ ကန်းနေတာသာမဟုတ်ရင် သူ့ရဲ့စိတ်ကြီးဝင်နေတဲ့ပုံကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။

[ဟာဟား၊ ဒါက အရမ်းရယ်ရတာဘဲ၊ စုန့်လင်းချွမ်က ပိုပြီးတော့ စိတ်ကြီးဝင်တတ်တာလား?]

[စုန့်လင်းချွမ် - ငါလည်း ပိုပြီး နှိမ့်ချချင်ပေမယ့် မတတ်နိုင်ဘူးလေ၊ ငါ့အန်တီလေးက ငါချောလို့ ချီးကျူးတာ]

[Wow ရှစ်ချင်က တကယ်ကို ရွှေဆုသုံးခုမင်းသမီးဘဲ။ သူ့ရဲ့ စူးစမ်းနိုင်စွမ်းက စိတ်ဖတ်စွမ်းရည်နဲ့ကို ယှဉ်နိုင်တယ်]

"တို့ကတော့ filter ကြောင့်လို့ လုံးဝမထင်ဘူး" ရှစ်ချင်က စုန့်လင်းချွမ်ကို ကြည့်ကာ ပြုံးလိုက်ပြီး "အင်း၊ မင်းက တကယ်လည်း အရမ်းချောတာပဲ"

ဒါကိုကြားတော့ တခြားဧည့်သည်တွေလည်း အံ့ဩသွားသည်။

ရှစ်ချင်ဟာ ဖျော်ဖြေရေးနယ်ပယ်တွင် အေးစက်တဲ့ အလှတရားတစ်ပါးအဖြစ် ကျော်ကြားသည်။ သူမရဲ့ အရည်အချင်း၊ ခွန်အားတွေနဲ့ အနုပညာနယ်ပယ်ထဲတွင် အခြားတစ်ယောက်ကို စကားထဲထည့်ပြီး ဘယ်‌တုန်းကမှမချီးကျူးဖူးပေ။ အမျိုးသားသရုပ်ဆောင်တစ်ယောက်ရဲ့ ရုပ်ရည်ကို ပြောင်ပြောင်တင်းတင်း ချီးမွှမ်းဖို့ မပြောနဲ့ဦး ဒီလိုချီးကျူးတာက စုန့်လင်းချွမ်ပထမဆုံးပင်။

[ဟင်? ဒီ ရှစ်သရုပ်ဆောင်က သူတို့တူဝရီးနဲ့ အထူးတလည် ဆက်ဆံရေးရှိတဲ့ပုံပေါက်တယ်လို့ ဘာလို့ငါ ထင်နေမိတာလဲ? သူတို့ မရောက်ခင်ကဆို သူက တခြားဧည့်သည်တွေနဲ့ သိပ်မရင်းနှီးဘူး မဟုတ်လား?]

[ဟုတ်တယ်။ အားလုံး စကားပြောနေကြတုန်းက ရှစ်ချင်တစ်ယောက် သူတို့ကို တချိန်လုံး ကြည့်နေတဲ့ပုံဘဲ]

[ဟီးဟီး၊ ဖျော်ဖြေရေးနယ်ပယ်က တကယ်လက်တွေ့ပဲ၊ ထိပ်တန်းမင်းသားမို့၊ အကောင်းဆုံး မင်းသမီးတောင်မှ မနေနိုင်ဘဲ သူ့ကိုသဘောကျကြတယ်]

[ဟာဟား၊ အဆင်ပြေရဲ့လား? ရှစ်ချင်က ရွှေဆုသုံးဆုရထားတဲ့မင်းသမီးဖြစ်ပြီးတော့ သူ့ယောက်ျားက နာမည်ကြီးဒါရိုက်တာတစ်ယောက်ဘဲ။ သူမအနေနဲ့ နာမည်ကြီးလေး တစ်ယောက်ကို စိတ်ကျေနပ်အောင်လုပ်ဖို့ ကိုယ့်ကိုယ်ကိုနှိမ့်ချဖို့ လိုမယ်ထင်လား?]

[ကောင်းပြီ၊ ရှစ်ချင်အထူးတလည် စိတ်ဝင်စားနေတာ စုန့်လင်းချွမ်ကို မဟုတ်ဘဲ သူ့အန်တီလေးကိုလို့ ငါတော့ထင်တယ်]

အင်တာနက်အသုံးပြုသူတွေက တစ်ခါတစ်လေတွင် စူးရှတဲ့အကြည့်တွေ ရှိသည်ဟု ဆိုရမည်။ ရှစ်ချင်က တကယ်ဘဲ စုန့်အာ့နန်ကို စိတ်ဝင်စားနေတာဖြစ်သည်။

အကြောင်းကြောင်းကြောင့် ရှစ်ချင်က သူမရဲ့အနီးအနားတွင် စကိတ်ဘုတ်ဖြင့် ကစားနေတဲ့ သားဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

ရှစ်ချင်ဟာ အသက် 17 နှစ်တွင် ပွဲဦးထွက်ခဲ့ပြီး အသက် 30တွင် လက်ထပ်ခဲ့သည်။ ဒီနှစ်တွေအတွင်း သူမရဲ့ အသက်မွေးဝမ်းကြောင်းမှာဖြစ်စေ၊ အိမ်ထောင်ရေးမှာဖြစ်စေ ရှစ်ချစ်အတွက် လွယ်ကူတဲ့အချိန်တွေလို့ ယူဆနိုင်သည်။

သို့ပေမယ့် သူမတို့ရဲ့ အိမ်ခေါင်မိုးကိုတောင် လှန်ပစ်နိုင်တဲ့ သူမရဲ့သား ချီမူရှစ်ကတော့ သူမအတွက် ကံဆိုးမိုးမှောင်ပင်။

အရင်ကတော့ မိဘတွေက နာခံတတ်တဲ့ သားသမီးတွေကို သဘောကျလို့ လူတွေပြောကြတာကို မကြာခဏကြားခဲ့ပေမယ့် ရှစ်ချင် ကတော့ သိပ်ပြီး မစဉ်းစားမိခဲ့‌ပေ။ ဒါပေမယ့် သူမကိုယ်တိုင် မိဘဖြစ်လာရတဲ့အခါမှာ‌တော့ အဲ့ဒါက ဘယ်လောက်ခက်ခဲတယ်ဆိုတာ သူမနားလည်လာရသည်။

All Chapters