← Chapters

အခန်း (၂၅)

Vol. 2 Ch. 25

အခန်း (၂၅)

Vol. 2 Ch. 25

ဒီကိုမလာခင် ရှစ်ချင်က စုန့်အာ့နန်အကြောင်းအွန်လိုင်းကနေ စုံစမ်းခဲ့သည်။ သူမဟာ အကျင့်စာရိတ္တကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ ထိပ်တန်းကျောင်းသူတစ်ဦးဖြစ်ကြောင်း သူမတွေ့ရှိခဲ့ရသည်။

"ဟင်္သပဒါးနဲ့ နီးကပ်သူတွေဟာ အနီရောင်စွန်းထင်းကြသည်" လို့ဆိုတဲ့ ဆိုရိုး စကားကို ရှစ်ချင် ယုံကြည်မိပြီး စုန့်အာ့နန်နဲ့ ချီမူရှစ်တို့ အတူတူအချိန်ကုန်ဆုံးပြီးရင် သူလည်း ထိပ်တန်းကျောင်းသူတစ်ယောက်ရဲ့ လွှမ်းမိုးမှုကို ခံလာရလိမ့်မယ်လို သူမတွေးမိသည်။

"ကျွန်‌တော်ကြားလိုက်တယ်နော်! မားက တခြားတစ်ယောက်ကို ချောတယ်လို့ ပြောခဲ့တယ်ဆိုတာ ပါးကို ပြန်တိုင်ပြောမယ်!"

ချီမူရှစ်က စကိတ်စီးနေရင်း ရှစ်ချင်အရှေ့မှာ ' ဖမ်းမိပြီ!' ဆိုတဲ့အမူအရာနဲ့ ရုတ်တရက်ရပ်လိုက်သည်။

ရှစ်ချင်ရဲ့နဖူးကြောတွေထောင်လာပြီး သူမရဲ့အမူအရာကိုမထိန်းလိုက်နိုင်ပေ။

သူမ လက် ယားလာသည်။

ချီမူရှစ်ဟာ ထိန်းမနိုင်သိမ်းမရနဲ့ တစ်နေ့လုံး ပူပင်ကြောင့်ကြမဲ့နေသည်။ သူ့အမေကို ဆွပြီးတဲ့နောက်မှာ သူက စုန့်အာ့နန်ကို ကြည့်လိုက်သည်။

"အစ်မကို ကျွန်‌တော်သိတယ်၊ အစ်မတိုက်ခိုက်တာ တကယ်တော်တယ်"

စုန့်အာနန်က “အာ” ဆိုတဲ့ အသံကို ထုတ်လိုက်ပြီး ဘယ်လိုတုံ့ပြန်ရမလဲ မသိ‌တော့ပေ။

ရှစ်ချင်မှာ မထိန်းနိုင်တော့ဘဲ သူမရှေ့က ကင်မရာကို လျစ်လျူရှုကာ ချီမူရှစ်ရဲ့ကျောကို ရိုက်ပစ်လိုက်သည်။

"ရိုင်းလိုက်တာ! လူတွေကို ဒီလိုနှုတ်ဆက်ရမယ်လို့ ဘယ်သူသင်ထားလဲ?"

ချီမူရှစ်က မျက်မှောင်ကြုတ်သွားပြီး "မား၊ လူတိုင်းကြည့်နေကြတာကို သားကိုရိုက်တယ်"

သူ့မှာ ဘာမျက်နှာမှမရှိတော့ဘူး။

ရှစ်ချင်က သူ့ကို စိတ်မ၀င်စားဘဲ လူတိုင်းကို တောင်းပန်ဟန်ပြုံးပြလိုက်သည်။

သို့ပေမယ့် ချီမင်ရှစ်က ညည်းညူတာကလွဲရင် ရှစ်ချင်ပြောတာ နားထောင်ပြီး စုန့်အာ့နန်ကို လေးလေးနက်နက် နှုတ်ဆက်လိုက်သည်။

" မင်္ဂလာပါ အန်တီလေး၊ ကျွန်တော့်နာမည်က ချီမူရှစ်ပါ၊ ယောက်ျားကြီးနှစ်ယောက်ကို ဖြုတ်ချခဲ့တဲ့ အန်တီလေးရဲ့ ဗီဒီယိုကို ကျွန်‌တော်ကြည့်ရတယ် အရမ်းမိုက်တာ"

အဲ့လိုပြောပြီးတာနဲ့ ချီမူရှစ်က စုန့်အာ့နန်ကို အရမ်းလေးစားအားကျစွာနဲ့ လက်မထောင်ပြလိုက်သည်။

သူ့အသက်အရွယ် ကောင်လေးတိုင်းဟာ ကျားမမခွဲခြားဘဲ သူတို့မှာ မရှိတဲ့ခွန်အားရှိတဲ့ ဘယ်သူမဆို လေးစားကြသည်။

"မင်းစကိတ်စီးတာကလည်း အထင်ကြီးစရာဘဲ"

စုန့်အာ့နန်က ချီမူရှစ်ရဲ့ စကိတ်စီးစွမ်းရည်ကို အစောပိုင်းကတည်းက သတိပြုမိသည်။ စကိတ်က သူ့ခြေထောက်အောက်မှာ အရမ်းနာနာခံခံရှိနေတာ။

ချီမူရှစ်ကဒါကိုကြားတဲ့အခါ သတိပြန်ဝင်လာသည်။ "အန်တီလေးရော စကိတ်ဘယ်လိုစီးရမလဲသိတာလား?"

စုန့်အာ့နန် ခေါင်းခါလိုက်ပြီး "မသိဘူး"

သူမက ဟန်ချက်မထိန်းနိုင်ဘဲ ပြုတ်ကျမှာ ကြောက်တာကြောင့် မစမ်းကြည့်ရဲပေ။

"ဒါဆို ကျွန်တော် သင်ပေးမယ်လေ၊ အန်တီလေးက ကျွန်တော့်ကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ သင်ပေးပေါ့ အဆင်ပြေလားဟင်?" ချီမူရှစ်က မျှော်လင့်ချက်အပြည့်နဲ့ကြည့်‌လာသည်။

စုန့်အာ့နန်က မျက်ခုံးနည်းနည်း တွ့န်ချိုးသွားပြီး လေးလေးနက်နက် ပြောလိုက်သည်။ "ရန်ဖြစ်တယ်ဆိုတာ မကောင်းဘူး"

“ငါက တိုက်ကွမ်ဒိုကို ရန်ဖြစ်ဖို့မဟုတ်ဘဲ ကိုယ်ကာယကြံ့ခိုင်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်စွမ်းမြှင့်တင်ဖို့ သင်ခဲ့တာ" စုန့်အာ့နန်က ဆိုလာသည်။

ရှစ်ချင်လည်း မနေနိုင်ဘဲ ပြောလာသည်။ "ချီမင်ရှစ်၊ နင်အရမ်းအားနေလို့ ရန်ဖြစ်ချင်နေတာလား?"

"အိုး၊ ကျွန်‌တော်ပြောတာမှားသွားတာ" ချီမင်ရှစ်က ပခုံးတွန့်လိုက်ပြီး "ကျွန်‌တော့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတိုးတက်ဖို့ ရည်ရွယ်တာ"

ရှစ်ချင်က လက်ကို ဝှေ့ယမ်းလိုက်ပြီး သူမကို အနှောက်အယှက်မပေးဖို့ အမူအရာပြလိုက်သည်။

ဒုက္ခကနေလွတ်မြောက်လာသူ ချီမင်ရှစ်က စပ်စုကလေးလိုမျိုး အရင်အပိုင်းက ဖြစ်ခဲ့တဲ့ လူကုန်ကူးမှုဖြစ်စဉ်အကြောင်း စုန့်အာ့နန်ကို စမေးမြန်းတော့သည်။

စိတ်ရှည်တတ်တဲ့ စုန့်အာ့နန်က မေးခွန်းတိုင်းကို စိတ်ရှည်လက်ရှည်ဖြေပေးသည်။

သူတို့ စကားစမြည်ပြောရင်းနဲ့ ချီမူရှစ်က စုန့်အာ့နန်ကို သူ စကိတ်စီးတာ ကြည့်ဖို့ ဆွဲခေါ်သွားသည်။

ရှစ်ချင် သက်ပြင်းတစ်ချက်ချကာ သူမသားအား အထင်အမြင်သေးသလို ကြည့်လိုက်သည်။ သူမနှင့် သူမရဲ့ခင်ပွန်းက စကားများတတ်တဲ့သူမဟုတ်တာကြောင့် ဒီလိုသားမျိုး ဘယ်လိုရလာလဲဆိုတာ စဉ်းစားလို့မတတ်ပေ။

"မူရှစ်က အရမ်းသွက်တယ်နော်၊ သူ အခု ဂျူနီယာအထက်တန်း ဒုတိယနှစ် ရောက်နေပြီ မဟုတ်လား?" လီယု က ပြောလာသည်။

ရှစ်ချင်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ ဂျူနီယာအထက်တန်း ပထမနှစ်က စပြီးတော့ ကျောင်းတက်ရတာကို အလေးအနက် မထားတော့ဘူး"

ရှစ်ချင်တစ်ယောက် ချီမူရှစ်အကြောင်း တွေးမိတိုင်း ခေါင်းကိုက်ရသည်။ သူမအတွက် သူ့ဟာ အကြွေးတွေ စုဆောင်းနေတဲ့သူလိုပင်။

လီယုက ရွှတ်နောက်နောက်နဲ့ပြောလိုက်သည်။ "ဆရာမရှီ၊ အခုဆို လူတိုင်းက သူတို့အတွက် ချွေးမတွေ ရှာနေကြတာ။ ဆရာမရော မူရှစ်ကို ထိန်းသိမ်းဖို့ တစ်ယောက်ယောက်နဲ့ စေ့စပ်ကြည့်ဖို့ ဘာလို့မရှာတာလဲ?"

"မူရှစ်ကို စေ့စပ်ပေးဖို့?" ရှစ်ချင်က မနီးမဝေးက သူမရဲ့သားကို ကြည့်လိုက်ပြီး အထင်မြင်သေးစွာနဲ့လိုပြောလိုက်သည်။ "သူ့ရဲ့ စရိုက်နဲ့ဆို သူမိန်းမတောင် ရှာနိုင်ပါ့မလားဆိုတာ ပြောဖို့ခက်တယ်"

သူမသုံးသွားတဲ့ လေသံနဲ့ အမူအရာက သူမကို စိုးရိမ်နေတဲ့ မိခင်တစ်ယောက်အဖြစ် သိသာစေသည်။

"ဒါပေမယ့် ကျွန်မတို့မှာ သင့်တော်တဲ့ ဇနီးလောင်းတစ်ယောက် ရှိတယ်လေ" လီယုက ပြုံးကာ ပြောလိုက်သည်။ "ကြည့်ပါဦး၊ သူကောင်းကောင်းပြုမူနေတာ"

လူတိုင်းက သူတို့ရဲ့ စကားဝိုင်းနောက် လိုက်ကာ လှည့်ကြည့်လိုက်ကြသည်။

သိပ်မဝေးလှတဲ့‌နေရာမှာ၊ ချီမင်ရှစ်က စုန့်အာ့နန်ကို စကိတ်စီးပုံစီးနည်း အထပ်ထပ်အခါခါ သရုပ်ပြနေပြီး အံ့သြစရာကောင်းလောက်အောင်ကို သူက စိတ်ရှည်လက်ရှည်နဲ့ စိတ်အနှောက်အယှက်မဖြစ်နေပေ။

ကလေးနှစ်ယောက်က အရမ်းကို ဆွဲဆောင်မှုရှိပြီး မျက်စိပသာဒရှိလှသည်။

ရိုးရိုးသားသားပြောရရင် ဒီလိုအတူတူ ရပ်နေကြတာက တကယ့်ကို ပြီးပြည့်စုံတဲ့ စုံတွဲတစ်တွဲလိုပင်။

[အိုဘုရားရေ! သူတို့နှစ်ယောက်ကို ဒီလိုမျိုးတွေ့ရတာ၊ ချီမူရှစ်နဲ့ စုန့်အာ့နန်က အရမ်းကို ဓာတုဗေဒမိတာဘဲ] တစ်ယောက်ယောက်က အံ့အားသင့်စွာနဲ့ပြောလာသည်။

[အတိအကျပြောရရင်၊ ချီမူရှစ်ရဲ့ ကိုယ်ရည်ကိုယ်သွေးက သူ့အမေနဲ့ လုံးဝမတူဘူး၊ ဒါပေမယ့် သူ့ရဲ့ရုပ်ရည်ကတော့ ကော်ပီနဲ့ ထားတာကျနေရော]

[အိုး... ဒါပေမယ့် ချီမူရှစ်က ဆယ့်နှစ်နှစ်၊ အန်တီလေးက ဆယ့်ခုနစ်နှစ်၊ နည်းနည်းတော့ မသင့်တော်ဘူး မလား?] တစ်ယောက်ယောက်က ထောက်ပြသည်။

[အဲ့ဒါက ဘာဖြစ်နေလဲ? အချစ်မှာ အသက်အရွယ်က အရေးမကြီးဘူး၊ ငါးနှစ်ကွာတာက အဆင်ပြေတယ်]

[ငိုမိပြီ ... ငယ်ချစ်တွေက အကောင်းဆုံးအချစ်ဇာတ်လမ်းဘဲ ]

ရှစ်ချင်က မျက်ခုံးပင့်ကာ စုန့်လင်းချွမ်ကို လှည့်ကြည့်လိုက်သည်။

စုန့်လင်းချွမ်ရဲ့ မျက်နှာမှာ တစ်ခဏလောက် မဲ့သွားသည်။

ဘာတွေဖြစ်နေတာလဲ? ဒါကို တကယ်စဉ်းစားနေတာလား?

"...ဒါက မသင့်တော်ဘူး" နောက်ဆုံးမှာသူ ပြောလိုက်သည်။

လီယုက အခြားသူတွေရဲ့ အရေးကိစ္စတွေမှာ ပါရတာကို သဘောကျတဲ့သူဖြစ်ကာ သူမက စိတ်အားထက်သန်စွာနဲ့ မေးလိုက်သည်။ “ဘာ ပြဿနာရှိလို့လဲ?"

စုန့်လင်းချွမ်က လူမှုကျင့်ဝတ်နှင့် အထက်အောက် ကျင့်ဝတ်တွေကို နားလည်သူဖြစ်ပြီး မိသားစုဝင်တစ်ဦးက သူတို့ရဲ့ ကလေးကို ကန့်ကွက်ဖို့ တစ်ခုတည်းသော အရာဖြစ်ကာ သူတို့ကို ပြင်ပလူတွေကလည်း ဘာမှပြောပိုင်ခွင့်မရှိပေ။

အချိန်အတော်ကြာ ချီတုံချတုံဖြစ်ပြီးတဲ့နောက်မှာ နောက်ဆုံးတော့ သူပြောလိုက်သည်။ ".....အသက် ကွာတယ်လေ"

လင်းယုက အမြန် ခေါင်းခါလိုက်ပြီး "လင်းချွမ်၊ မင်းနားလည်မှာ မဟုတ်ဘူး။ အခုခေတ်က ငယ်ရွယ်တဲ့ ကောင်လေးတွေနဲ့ ချိန်းတွေ့တာက မိန်းကလေးတွေအတွက် အရမ်းရေပန်းစားတယ်။ နောက်ပြီး တွက်ကြည့်ရင် ကျီချိုးပိုင်ရဲ့ မိန်းမကလည်း ကောရှို့ ထက် ငါးနှစ်ဘဲ ကြီးတာ။ ဒါနဲ့ သူက ရွှေအုတ်ခဲနှစ်ခဲကို ကိုင်ထားတယ်လို့ ပြောလို့ရတယ်!"

စုန့်လင်းချွမ်မှာ သူ့မျက်နှာပေါ်မှာ ဘာခံစားချက်ကိုမှ မပြပေမယ့် မတတ်နိုင်ဘဲ စိတ်ပူပန်လာရသည်။ သူတို့မိသားစုမှာ ရွှေအုတ်ခဲနှစ်ခဲ ရှိကောင်းရှိနိုင်ပေမယ့် သူတို့မိသားစုနဲ့ တိုင်ပင်ဖို့ လိုသေးတယ်။

သူနဲ့ မနီးမဝေးက ချီမူရှစ်ကို လှမ်းလိုက်ပြီး အထင်အမြင်သေးတဲ့ အရိပ်အယောင်တွေ ပေါ်လာသည်။

ချီမူရှစ်က ကလေးသာသာဘဲရှိသေးတာ အန်တီလေးနဲ့ မလိုက်ဖက်ဘူး။

"ကောင်းပြီ၊ လင်းချွမ်က အသက်အရွယ်ကွာခြားချက်က မသင့်တော်ဘူးလို့ထင်တယ်" ကောရှို့က သူ့မိန်းမရဲ့လက်ကို ပုတ်ကာ ပြုံးလိုက်သည်။

"ဒါ့အပြင်၊ အသက်ကြီးတဲ့သူတစ်ယောက်နဲ့ အိမ်ထောင်ပြုဖို့ဆိုတာ ငယ်တဲ့သူအတွက်တော့ မသင့်တော်ဘူး။ လင်းချွမ်ကို ဒီမေးခွန်းမေးလို့ မရဘူး" သူက ဆက်ပြောလိုက်သည်။

ကောရှို့ရဲ့သတိပေးချက်အပြီးမှာ လူတိုင်းက ဒီပြဿနာကို ရုတ်တရက် သဘောပေါက်သွားကြသည်။

ကလေးလေး ချီမူရှစ်ကို ကြည့်လိုက်ပြီး နောက်တော့ စုန့်လင်းချွမ်ကို ကြည့်လိုက်ကာ လူတိုင်းက ရယ်လိုက်ကြသည်။

[ဟားဟား၊ စုန့်လင်းချွမ်က ချီမူရှစ်ကို ဦးလေးလို့ ခေါ်တာကို စဉ်းစားကြည့်ရုံနဲ့တင် ရယ်နေရပြီ]

[OMG! တခြားလူတိုင်းက သူ့ကို 'အန်တီလေး' လို့ ခေါ်ကြတယ်၊ ဒါကြောင့် နာမည်ပြောင်က စွဲမက်စရာ ဖြစ်လာတာ။ ဒါပေမယ့် စုန့်လင်းချွမ် အတွက်ကတော့ မတူဘူး၊ ဒါက သူ့အန်တီလေးအစစ်လေ!]

လက်ထပ်ဖို့ စီစဉ်တယ်ဆိုတဲ့ အကြောင်းက ဟာသ သဘောသာဖြစ်ပြီး ဘယ်သူမှ အလေးအနက်မထားကြပါချေ။ အဖွဲ့က အခြားအကြောင်းအရာတွေဆီ အလျင်အမြန်စွာ ကူးပြောင်းသွားပြီး ပညာရေးအကြောင်း စတင်ပြောတော့သည်။

ကျောင်းမှာ ချီမူရှစ် ရဲ့ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်အကြောင်း တွေးမိတဲ့အခါ ရှစ်ချင်မှာ ပိုပိုပြီး စိုးရိမ်လာရသည်။

သရုပ်ဆောင်ထူးချွန်တဲ့ မင်းသမီးဖြစ်တဲ့ သူမက သူ့သားလေးကို စာသင်ဖို့ ရုန်းကန်နေရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

ဟင်း စာသင်ပေးရတာက ရှစ်ချင် အတွက် သရုပ်ဆောင်ရတာထက် ပိုခက်တယ်၊ အထူးသဖြင့် သူ့စာနဲ့သူ ရုန်းကန်နေရတဲ့ ကျောင်းသားတစ်ယောက်နဲ့ဆိုရင်ပေါ့။

သူမက စုန့်လင်းချွမ် ဘက်လှည့်ပြီး ရိုးသားစွာနဲ့ပြောလိုက်သည်။ " တို့တွေ အိမ်ဝယ်ဖို့ ရွေးတုန်းက ဘာလို့ တို့မိသားစုတွေက အိမ်နီးနားချင်းတွေ မဖြစ်လာရတာလဲ?"

စုန့်လင်းချွမ် အံ့အားသင့်သွားသည်။ "ဟင်? ရုတ်တရက် ဘယ်လိုလုပ် ဒီအကြောင်းအရာကိုရောက်လာတာလဲ?"

တခြားသူတွေလည်း အံ့သြသွားကြသည်။ သူတို့ရဲ့ တုံ့ပြန်မှုက နှေးကွေး‌ပေမယ့် စုန့်လင်းချွမ်အပေါ် ရှစ်ချင်ရဲ့ အပြုအမူက သာမန်မဟုတ်ကြောင်း တွေ့နိုင်သည်။

အရင်က သူတို့တစ်ယောက်နဲ့တစ်ယောက် သိနေကြလားများလား

ဒါမဖြစ်နိုင်ဘူး - သူတို့နှစ်ယောက် အတူတကွအလုပ်လုပ်တဲ့ ကိစ္စမရှိဖူးဘူး။

သူတို့ရဲ့ တုံ့ပြန်မှုတွေကို မြင်တော့ ရှစ်ချင်က လည်ချောင်းရှင်းလိုက်ပြီး ရှက်ရွံ့တဲ့ အရိပ်အယောင် ပြသလိုက်သည်။

"ကျွန်မ အလှောင်ခံရမှာကို မကြောက်ပါဘူး။ ဒီကလေးကို စာသင်ပေးရတာ အရမ်းကြောက်ဖို့ကောင်းတာ၊ အိပ်မက်ဆိုးဘဲ"သူမက ဝန်ခံလိုက်သည်။

ရိုက်ကူးရေးမစခင် သူတို့အားလုံးက သီးခြားအခန်းတွေ မှာနေရသည်။ တူဝရီး အတွဲက အာရုံစိုက်မှု အခံရဆုံးဖြစ်ပေမယ့် ကျန်သုံးယောက်မှာလည်း အညီအမျှ ဖျော်ဖြေရသည်။

လင်းယုနဲ့ ကောရှို့ တို့စုံတွဲဟာ လက်ထပ်ပြီးနောက်ပိုင်း ရယ်စရာကောင်းပြီး ချစ်စရာကောင်းမှုတွေကို လူမှုကွန်ယက်ပေါ် အဆက်မပြတ်တင်ကာ ပျော်ရွှင်မှုတွေကို မျှဝေခဲ့ကြသည်။

ညီအကိုအတွဲဖြစ်တဲ့ ကျီချိုးပိုင်နဲ့ ကျီအန်တို့ဟာလည်း သူတို့ရဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည်နဲ့ ပရိသတ်တွေကို အနိုင်ယူခဲ့ပြီး အမျိုးသမီးပရိသတ် တော်တော်များများက သူတို့ရဲ့ chat room မှာ ပြည့်နေသည်။

ရှစ်ချင်နဲ့ ချီမူရှစ်တို့ သားအမိနှစ်‌ယောက်ကတော့၊ အနည်းဆုံးပြောရရင် သူတို့ရဲ့နေ့စဉ်ပုံမှန်ဘဝက ဖရိုဖရဲနိုင်ကာ ရယ်စရာကောင်းလှသည်။

မငြိမ်မသက်ဖြစ်မှုရဲ့အရင်းအမြစ်မှာ ရှစ်ချင်က ချီမူရှစ်ရဲ့ အိမ်စာတွေကို ကူလုပ်ပေးဖို့ ပြောရာကနေစသည်။ သူ အိမ်စာတွေ စလုပ်တဲ့အခါ အိမ်က ဝရုန်းသုန်းကားဖြစ်လာပြီး ပုံမှန်ဆို တိတ်ဆိတ်တတ်တဲ့ ရှစ်ချင်တောင်မှ အသံထွက်လာရသည်။

ရှစ်ချင်က ထိပ်တန်းကျောင်းသူတစ်ဦးဖြစ်တဲ့ စုန့်အာ့နန်ကို အစကတည်းက အာရုံစိုက်နေမှန်း သိသာလှသည်။ သူမက ချီမူရှစ်ရဲ့ သင်္ချာအိမ်စာကို ကူညီပေးဖို့ စုန့်အာ့နန်ကို တောင်းဆိုချင်ခဲ့တာဖြစ်သည်။

အွန်လိုင်းပေါ်ရှိလူတိုင်းက ရှစ်ချင်ကို ရယ်လိုက်ကြသည်။ အထူးသဖြင့် သူတို့ကလေးရဲ့ အိမ်စာတွေကို ကူညီရာတွင် အလားတူ စိတ်ပျက်စရာတွေကို ကြုံဖူးကြသူများက သူမရဲ့အခက်အခဲကို စာနာကြသည်။

ချီမူရှစ် အိမ်စာလုပ်ရာမှာ ကူညီပေးဖို့ သူမက စုန့်အာ့နန်ကို ဒုက္ခမဖြစ်စေရဘူးလို့ ရှစ်ချီ အာမခံသည်။

"ကျွန်မရဲ့သင်္ချာက အရမ်းညံ့နေလို့လား ဒါမှမဟုတ် အလယ်တန်းကျောင်းသင်္ချာကပဲခက်လို့လား မသိဘူး။ တချို့မေးခွန်းတွေဆို ကျွန်မတောင် နားမလည်ဘူး" ရှစ်ချင် က ကူကယ်ရာမဲ့စွာနဲ့ပြောလာသည်။

လီယုက ရယ်လိုက်ပြီး သူမလည်း သင်္ချာ ညံ့တယ်လို့ ဆိုလာသည်။

သို့ပေမယ့် စုန့်လင်းချွမ်ကတော့ ချက်ချင်းသဘောမတူခဲ့ပေ။ သူ့အန်တီလေးကို အရင်မေးချင်သည်။

စုန့်လင်းချွမ်က စုန့်အာ့နန်ရဲ့ ဆန္ဒမပါဘဲ သူမရဲ့ကိစ္စတွေမှာ ဝင်မစွက်ဖက်လိုကြောင်းကို ရှစ်ချင်က နားလည်မှုဖြင့် ခေါင်းညိတ်လိုက်သည်။

အဲ့ဒီအချိန် စုန့်အာ့နန်က ဒီဘက်ကို လျှောက်လာသည်။ က စုန့်လင်းချွမ် ကို အံ့ဩတဲ့အမူအရာနဲ့ ကြည့်လိုက်သည်။ "ငါ့ကို ဘာမေးချင်လို့လဲ? တစ်ခုခုဖြစ်လို့လား?"

"ဒါက မင်းကို အကူအညီ တောင်းချင်လို့ပါ" ရှစ်ချင်က စကားဝိုင်းကို တာဝန်ယူရင်း ပြောလာသည်။ "အာ့နန်လေးကို နည်းနည်း အနှောင့်အယှက်ပေးလို့ရမလားဟင်?"

စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး နာနာခံခံနဲ့ ပြန်ဖြေလာသည်။ "ဘာလိုချင်လဲဆိုတာ ကျွန်မကို ပြောပါ"

ရှစ်ချင်က ဝမ်းသာစွာနဲ့ စုန့်အာ့နန်လက်ကို ကိုင်ကာ ပွတ်သပ်လိုက်သည်။ "ကျေးဇူးအများကြီးတင်ပါတယ် အာ့နန်!"

စုန့်အာ့နန်က ပြုံးလိုက်ပြီး ဘာပြဿနာမှ မရှိပါဘူးလို့ ပြောလိုက်သည်။

ဒီလိုရိုးရှင်းတဲ့ လဲလှယ်မှုက ပါဝင်ပတ်သက်သူတွေရဲ့ စိတ်မှာ ကြီးကြီးမားမား တုန်လှုပ်ချောက်ချားမှုတွေ မဖြစ်စေဘဲ အခြားသူများ အတွက်ကမူ သူတို့အတွက် အသုံးဝင်တဲ့ ဆက်သွယ်မှုတစ်ခုကို ပေးစွမ်းနိုင်သည်။

ရှစ်ချင်ရဲ့ခင်ပွန်း ချီဟွေ့က ရုပ်ရှင်လောကတွင် အဓိကကျတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ရှစ်‌ချင် ကိုယ်တိုင်လည်း ပါသည်။ စုန့်လင်းချွမ်အနေနဲ့ နောက်ပိုင်းတွင် ရုပ်ရှင်လောကထဲ ဝင်ရောက်လိုပါက၊ သူတို့ဟာ သူ့ကို ကူညီပေးဖို့ ယုံကြည်စိတ်ချရတဲ့ လင့်ခ်တစ်ခု ဖြစ်လာလိမ့်မည်ပင်။

၁၁ နာရီတိတိတွင် "Our dearest us"တတိယ season ရဲ့ ဒုတိယအပိုင်းကို တရားဝင်ထုတ်လွှင့်ခဲ့သည်။

ရိုက်ကူးရေးအဖွဲ့သားတွေက မောင်နှမ guest အသစ်တစ်တွဲ ထပ်တိုးလိမ့်မည်ဟု ကြေညာလာသည်။

စုန့်အာ့နန် ဒါကို အရင်က တစ်ခါမှ မကြားဖူးခဲ့တဲ့အတွက် guest အသစ်တွေ ရောက်လာတဲ့အခါ သူမ မနေနိုင်စွာနဲ့ သိချင်မိသွားသည်။ ဒါပေမယ့် အဲ့ဒါက ဘယ်သူလဲဆိုတာ သူမ မြင်တဲ့အခါ အေးခဲသွားရသည်။

ကျန်းခိုင်!

သူက ဒီအစီအစဉ်မှာ ဘာလာလုပ်တာလဲ? !

All Chapters