← Chapters

အခန်း (၂၆)

Vol. 2 Ch. 26

အခန်း (၂၆)

Vol. 2 Ch. 26

ဒီအချိန်မှာ ကျန်းခိုင်က လွန်ကဲတဲ့ variety show မှာ ပါသင့်တာမဟုတ်ဘူးလား? သူဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ?

စုန့်အာ့နန် ရင်ထဲမှာ ရုတ်တရက် နစ်မြုပ်သွားသည်။

မူရင်းဝတ္ထုတွင် ကျန်းခိုင်သည် အရေးပါတဲ့ အမျိုးသားဇာတ်ကောင်ဖြစ်သည်။ သူနဲ့ အမျိုးသမီး ဇာတ်လိုက်တို့ ဆုံပြီး တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေ တိုးလာခဲ့သည်။ အဲဒီတုန်းက သူတို့နှစ်ယောက်ဟာ ဖျော်ဖြေရေးနယ်ပယ်မှာ မသိကြပေမယ့် ကောင်းမွန်တဲ့ လျှို့ဝှက်ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ကြသည်။

အမျိုးသမီး ဇာတ်လိုက်က လွန်ကဲတဲ့ variety show မှာ ပါဝင်နေချိန် အပိုင်းတစ်ပိုင်းတွင် guest တွေက သူတို့ရဲ့ သူငယ်ချင်း တစ်ယောက်ကို ဖိတ်ဖို့လိုပြီး သူမဖိတ်ခဲ့တဲ့လူမှာ ကျန်းခိုင် ဖြစ်သည်။

စုန့်လင်းချွမ်နဲ့ ကျန်းခိုင်တို့က တီးဝိုင်းတစ်ခုရဲ့ အဖွဲ့ဝင်တွေ ဖြစ်ခဲ့ဖူးတာကြောင့် စုန့်လင်းချွမ် ရုတ်တရက် ဆုံးသွားတဲ့အခါ ကျန်းခိုင်သည် ရှိုးတွက် မူးမေ့လဲသွားကာ နိုးလာတဲ့အခါမှာ‌တော့ ယူကျုံးမရဖြစ်ခဲ့ရသည်။ သူက ခါးခါးသီးသီးနဲ့ ငိုခဲ့ပြီး သူတို့အဖွဲ့ဟာ ပျက်သွားပေမယ့် ဒီနှစ်တွေမှာ သူငယ်ချင်းတွေအဖြစ် ဆက်ဆံ‌ရေးကောင်းရှိခဲ့တယ်လို့ ပြောခဲ့သည်။ သူတို့ရဲ့ နက်ရှိုင်းတဲ့ ညီအစ်ကို ဆက်ဆံရေးကြောင့် ပရိသတ်‌တွေမှာ ရင်ထဲထိသွားရသည်။

အဲ့ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာ ကျန်းခိုင်ဟာ ဂရုဏာတရားကြီးမားပြီး သစ္စာရှိတယ်ဆိုပြီး နာမည်ရလာခဲ့သည်။ သူ့ရဲ့ ကျော်ကြားမှုလှိုင်းက တဟုန်ထိုး ထိုးတက်လာခဲ့သည်။

ဒီလို စိတ်ကောင်း စေတနာကောင်းတွေက မြှင့်တင်ပေးတဲ့အတွက် သူ့ရဲ့ အသက်မွေးဝမ်းကြောင်းဟာလည်း အပြုသဘောဆောင်တဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့သည်။ ထောက်ခံအားပေးမှုတွေ၊ variety show တွေနှင့် သရုပ်ဆောင်ကမ်းလှမ်းမှုတွေကိုလည်း လက်ခံရရှိခဲ့သည်။ နှစ်အနည်းငယ်အတွင်းမှာ သူဟာပထမတန်း အမျိုးသားကြယ်ပွင့်ဖြစ်လာခဲ့သည်။

အစောပိုင်း ဖေးခွမ်ရောက်လာတုန်းက သူနဲ့ စုန့်လင်းချွမ်တို့စကားပြောနေတုန်းမှာ ကျန်းခိုင်အကြောင်းပြောနေတာကို စုန့်အာ့နန်ဖြတ်သွားရင်း ကြားခဲ့ရသည်။

ထူးဆန်းသည်မှာ စုန့်လင်းချွမ်ရဲ့ တုံ့ပြန်မှုဟာ အရမ်းအေးစက်နေပြီး သူ့အကြောင်း များများစားစား မပြောချင်တဲ့ပုံပင်။

ဒါက သူ့ကာရိုက်တာကနေ ကွဲထွက်‌နေသည်။ စုန့်လင်းချွမ်ဟာ ဖေးခွမ်လိုမျိုး စစ်မှန်တဲ့သူငယ်ချင်းအဖြစ် သတ်မှတ်ခံရတဲ့ လူတွေအတွက် သူတို့ကို မကျေမနပ်ဖြစ်မိပေမယ့် စိတ်ထဲမှာ‌တော့ လက်ခံထားသည်။

ဒါ့အပြင်၊ ကျန်းခိုင်နဲ့ စုန့်လင်းချွမ်တို့ ရှိုးတစ်ခုတွင် ဆုံတဲ့အခါ သူတို့က လုံးဝကို မရင်းနှီးနေကြောင်း မူရင်းဝတ္ထုထဲတွင် ဖော်ပြထားသည်။

တကယ်တော့ စုန့်လင်းချွမ်ဟာ ကျန်းခိုင်အပေါ် အေးစက်တာကြောင့် အွန်လိုင်းပေါ်တွင် အချိန်အတော်ကြာ ဝေဖန်ခံခဲ့ရသည်။ လူတွေက သူဟာ မာနကြီးပြီး သူ့ရဲ့အဖွဲ့ဝင်ဟောင်းကို အနိုင်ကျင့်ခဲ့သည်ဟု လူများက ပြောကြသည်။

စုန့်လင်းချွမ် အဖြစ်အပျက်ပြီးတဲ့နောက်မှာ ကျန်းခိုင် တည် ဆောက်ထားတဲ့ နက်ရှိုင်းတဲ့ညီအစ်ကိုဆက်ဆံရေးကနေပြီး လူထုရဲ့ချစ်ခင်မှုကိုရရှိခဲ့သည်။ သူဟာ ဖျော်ဖြေရေးနယ်ပယ်မှာ ဘာမှလုပ်စရာမလိုဘဲ ရှေ့ရောက်လာခဲ့သည်။

ဒီအချက်ကနေပြီး ကျန်းခိုင်ဟာ သတိထားရမယ့်သူဆိုတာ မြင်နိုင်သည်။

ဒါပေမယ့် ဒါက စုန့်အာ့နန်ရဲ့ အကြီးမားဆုံး စိုးရိမ်မှု မဟုတ်ပေ။

သူမပိုစိုးရိမ်တာက မူရင်းဇာတ်လမ်းဇာတ်ကြောင်းက ပြောင်းလဲသွားတာကိုဘဲ - ကျန်းခိုင်ဟာ သူလုပ်သင့်သလိုမျိုး လွန်ကဲတဲ့ variety show ကို မသွားခဲ့ဘဲ အဲ့ဒီအစား စုန့်လင်းချွမ်ရှိနေတဲ့ ဒီရှိုးကိုလာခဲ့သည်။

ဒီဟာက သူမကို စိတ်အနှောက်အယှက်ဖြစ်စေသည်။

စုန့်အာ့နန်ကိုယ်ကို နည်းနည်းလှည့်ပြီး စုန့်လင်းချွမ်ကို စိုးရိမ်သလို ကြည့်လိုက်သည်။

သူ့မျက်လုံးထောင့်ကနေပြီး စုန့်အာ့နန်သူ့ကိုကြည့်နေမှန်း စုန့်လင်းချွမ် သတိထားမိသည်။ သူဒါကိုသိပ်ဂရုမစိုက်ပါချေ၊ အွန်လိုင်းပေါ်ကသတင်းကို မြင်ပြီး ကျန်းခိုင်နဲ့ သူ့ရဲ့ဆက်ဆံရေးမကောင်းမှန်း သူမတွေ့ခဲ့တာဖြစ်လောက်မည်။

သူခေါင်းကို မလှည့်ဘဲ သူမစိတ်အေးရအောင် ဆံပင်လေးကိုဖွဖွလေး ပွတ်ပေးလိုက်သည်။

ဒါပေမယ့် စုန့်လင်းချွမ်ရဲ့ အကြည့်က ကျန်းခိုင်ဆီ ရောက်သွားချိန်မှာတော့ သူ့မျက်လုံးထဲတွင် အေးစက်မှုက သိသိသာသာပေါ်လာသည်။

ယုတ္တိဗေဒအရပြောရလျှင် သူနဲ့ ကျန်းခိုင်က ဆက်ဆံရေးမကောင်းကြဘူးဆိုတာ ဒီနယ်ပယ်တွင် လျှို့ဝှက်ထားခြင်းမရှိပေ။ ရှိုးက အံ့အားသင့်စေမယ့် guest ကို ခေါ်လာမယ်ဆိုရင်တောင် ကျန်းခိုင်တော့ မဖြစ်သင့်ပေ။

ဒါပေမယ့် ပြဿနာကတော့ ကျန်းခိုင်ဟာ ဒီတလော ချမ်းသာတဲ့ အသက်ကြီးကြီး အမျိုးသမီးတစ်ဦးကို တွယ်ကပ်ထားတာဖြစ်သည်။ သူမတွင် သြဇာအာဏာအချို့ရှိပြီး ကျန်းခိုင် ရှိုးပါ ပါရဖို့ ကွန်ရက်အမှုဆောင်အရာရှိတွေဆီကိုပင် သွားရောက်ခဲ့သည်။

ထုတ်လုပ်ရေးအဖွဲ့ဟာလည်း ကူကယ်ရာမဲ့စွာနဲ့ အခြေအနေကို လူကိုယ်တိုင် ရှင်းပြရုံဘဲရှိတော့သည်။ နောက်ခံအကြောင်းအရာကို ကြားပြီးတဲ့နောက်မှာ၊ စုန့်လင်းချွမ်က သူတို့အတွက် ခက်ခဲအောင် မလုပ်တော့ဘဲ ဒီနေ့အဖြစ်အပျက်တွေကို ဖြစ်လာစေတော့သည်။

ကျန်းခိုင် ကင်မရာပေါ်မှာ ပေါ်လာတာနဲ့တပြိုင်နက် တိုက်ရိုက်လွှင့်ခန်းမှာ ပေါက်ကွဲသွားသည်။

[WTF! ထုတ်လုပ်ရေးအဖွဲ့က ကျန်းခိုင်ကို ခေါ်ဖို့လုပ်နေတာလား? သူတို့ စိတ်လွတ်သွားတာဘဲဖြစ်ရမယ်!]

[မဟုတ်ဘူးးးးးး ကျန်းခိုင်‌ထွက်သွား! ငါ့ကောကောနဲ့ဝေးဝေးနေ!]

[ထုတ်လုပ်ရေးအဖွဲ့က ကျန်းခိုင်ကိုခေါ်ပြီး ဒရာမာရိုက်ဖို့ကြိုးစားနေတာလား? သူနဲ့ စုန့်လင်းချွမ်တို့ ဆက်ဆံရေးမကောင်းဘူးဆိုတာ မသိဘူးလား?]

[စုန့်လင်းချွမ်နဲ့ ကျန်းခိုင်က အဆင်မပြေကြဘူးလား? အရင်က သူတို့အဖွဲ့တစ်ခုထဲကဘဲ မဟုတ်ဘူးလား?]

[အဲဒါ မမှန်လောက်ဘူး။ အဲဒီတုန်းက သူတို့မှာ ကြီးကြီးမားမား သဘောထားကွဲလွဲတာတွေရှိခဲ့တယ်လို့ကြားတယ်]

[ဘာဖြစ်ခဲ့လို့လဲ? တစ်ယောက်ယောက်မှာ ပြောပြစရာမရှိဘူးလား? ကြားရတာ အရည်ရွှမ်းလိုက်တာ]

[ဒီဇာတ်လမ်းကို ငါသိတယ်။ သူတို့အဖွဲ့ထဲမှာ အတူတူရှိတုန်းက စုန့်လင်းချွမ်က ပိုနာမည်ကြီးလို့ သူ့အဖွဲ့သားတွေကို အမြဲတမ်း အနိုင်ကျင့်တယ်။ တစ်ခါက သူ စင်နောက်မှာ ကျန်းခိုင်ကို ရိုက်နှက်ခဲ့ပြီး ဖျော်ဖြေဖို့ စင်ပေါ်တက်လာတော့ ကျန်းခိုင် နှုတ်ခမ်းနားမှာ ဒဏ်ရာသိသိသာသာကို ရှိနေတာ]

[ဟာဟား၊ ကောလဟာလတွေက ပျံ့နှံ့လွယ်ပေမယ့် ဖျောက်ဖျက်ရခက်တဲ့ ဂန္တဝင်ဖြစ်ရပ်တစ်ခုဘဲ။ အဲ့ဒီကိစ္စက မမှန်ဘူး! ကျန်းခိုင် ကိုယ်တိုင်က မတော်တဆ ပြုတ်ကျခဲ့တာဆိုပြီး စီမံခန့်ခွဲတဲ့သူတွေက ရှင်းပြခဲ့ပြီသား]

[ကျန်းခိုင်က သူအေဂျင်စီ ဆီကနေ ဖိအားပေးခံရတယ်လို့ နောက်ပိုင်းမှာ အရိပ်အမြွတ် ပေးခဲ့ပေမယ့်လည်း...]

...

တိုက်ရိုက်လွှင့်ခန်းက chat တွင် ကျန်းခိုင်နဲ့ စုန့်လင်းချွမ်တို့ကြားက မကျေလည်မှုတွေကို ပြင်းပြင်းထန်ထန် ဆွေးနွေးနေချိန်မှာ ကျန်းခိုင် ကိုယ်တိုင်ကတော့ ဘာမှမဖြစ်ခဲ့သလိုပင်။ သူကအခြားသူတွေကို နှုတ်ဆက်လို့ပြီးတော့ စုန့်လင်းချွမ်ဆီ တည့်တည့်သွားလိုက်သည်။

"လင်းချွမ်၊ မတွေ့တာကြာပြီ!"

နှစ်ပေါင်းများစွာ ကွဲကွာသွားတဲ့ သူငယ်ချင်းဟောင်းနဲ့ ပြန်တွေ့ရသလိုမျိုး သူ့ပုံစံက အရမ်းကို နွေးထွေးနေသည်။

သူနဲ့ယှဉ်ရင် စုန့်လင်းချွမ်ရဲ့ တုံ့ပြန်မှုက အရမ်းအေးစက်သည်။ သူက အမ်း ဆိုပြီစတော့ဘဲ တုံ့ပြန်လာသည်။

[ဝိုး၊ စုန့်လင်းချွမ်ရဲ့ သဘောထားက ဘယ်လိုကြီးလဲ? သူ့အရင်က အဖွဲ့သားဟောင်းအပေါ်‌ကို အရမ်း အထက်စီးဆန်နေတာလား?]

[Tsk၊ သူက အခု ထိပ်တန်းကြယ်ပွင့်ဖြစ်နေပြီလေ သူ့အဆင့်အတန်းနဲ့ ကိုက်ညီအောင် ခပ်ခွာခွာနေရမှာပေါ့]

[Pfft၊ သူက လူကြိုက်များတဲ့ idol တစ်ယောက်သာသာဘဲလေ၊ အဲလောက်ထိ သွေးကြီးစရာလို လို့လား? ကြောက်စရာကောင်းတဲ့ စရိုက်ရှိပေမယ့် ဖန်တွေကတော့ ရှိနေတုန်းဘဲ၊ ရယ်စရာကောင်းလိုက်တာ]

"ငါတို့ မတွေ့တာ လေးနှစ်လောက်ရှိပြီမဟုတ်လား?" စုန့်လင်းချွမ်ရဲ့ တမင်အေးစက်မှုကို သတိမထားမိဟန်နဲ့ ကျန်းခိုင်က စကားပြောလာသည်။ "အရင်တစ်ခေါက်က မင်းလည်းပွဲထဲမှာ ရှိခဲ့တယ်လို့ ငါကြားတယ်။ ငါမင်းရဲ့ အဝတ်လဲခန်းထဲမှာ မင်းကိုသွားရှာပေမယ့် ကံမကောင်းစွာနဲ့ဘဲ မင်းကိုမတွေ့ခဲ့ရဘူး"

ဒီလိုရိုးရှင်းတဲ့ စကားတစ်ခွန်းက အချက်အလက်အများအပြားကို ထုတ်ဖော်ပြလာသည်။

"တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်တာ လေးနှစ်ရှိပြီ" ဒါက သူတို့ရဲ့ ခပ်တန်းတန်းဖြစ်တဲ့ လျှို့ဝှက်ဆက်ဆံရေးကို သွယ်ဝိုက်ပြောနေတာပင်။

" ငါမင်းရဲ့ အဝတ်လဲခန်းထဲမှာ မင်းကိုသွားရှာပေမယ့် ကံမကောင်းစွာနဲ့ဘဲ မင်းကိုမတွေ့ခဲ့ရဘူး" ဆိုတာက အရင် အဖွဲ့ဝင်ဟောင်းတစ်ယောက်အနေနဲ့ သူက ပတ်သတ်ချင်ပေမယ့် တစ်ဖက်လူက ပြန်တုံ့ပြန်ခြင်းမရှိဘူးဆိုတာကို အရိပ်အယောင်ပြချင်တာပင်။

ဒါပေမယ့် သူဘာလို့ စုန့်လင်းချွမ်ကို မတွေ့ခဲ့ရတာလဲ? အဝတ်လဲခန်းထဲ သူ၀င်ဖို့ အပိတ်ခံခဲ့ရလို့လား ဒါမှမဟုတ် စုန့်လင်းချွမ်က သူ့ကို မတွေ့ချင်လို့လား?

[တစ်ယောက်နဲ့တစ်ယောက်မတွေ့ရတာ လေးနှစ်ရှိပြီတဲ့လား? ဒါက အဖွဲ့ကွဲပြီးကတည်းက မဆုံကြတာလား?]

[အင်း သူတို့ရဲ့ အဆင့်တွေပ အခု ကမ္ဘာနဲ့ချီပြီး ခြားနေပြီးလေ၊ တစ်ယောက်က A-list star တစ်ယောက်၊ နောက်တစ်ယောက်က နာမည်မရသေးဘူး။ သူတို့က တူညီတဲ့ အသိုင်းအဝိုင်းထဲမှာ လည်ပတ်နေတာ မဟုတ်ဘူးဆိုတာ သိသာပါတယ်]

[ဟင်း၊ အဲ့ဒါက showbiz ဘဲ။ မထင်ပေါ်တာက မူလကအပြစ်ဘဲ]

[ showbiz တစ်ခုတည်းတင်မဟုတ်ဘဲ လက်တွေ့ဘဝမှာလည်း အလားတူပဲ။ ပိုက်ဆံနဲ့ အဆက်အသွယ်မရှိရင် ဘယ်သူက မင်းကို နှစ်ခါပြန်ကြည့်မှာလဲ?]

[ဟက်၊ တစ်ခြားသူတွေကို အထင်သေးတတ်တဲ့ စုန့်လင်းချွမ်က သာပေါင်းညာစားတွေနဲ့ ဘာကွာလို့လဲ?။ ရွံစရာဘဲ၊ သူ့ရဲ့ညံ့ဖျင်းတဲ့ စရိုက်က သူ့ကို အောက်ကိုကျသွား‌စေလိမ့်မယ်၊ သူ့ကျော်ကြားမှုက မီးတောက်လိုဘဲ ကျဆင်းသွားတာကို စောင့်ကြည့်နေလိုက်!]

[စုန့်လင်းချွမ် ကျဆင်းသွားပါစေ!]

စုန့်လင်းချွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းခိုင်အပေါ် သူ့ရဲ့ ပုံမှန်သဘောထားနဲ့ ဆန့်ကျင်ပြီး အေးအေးဆေးဆေးပြောလိုက်သည်။ "အိုး၊ အဲဒီတုန်းက ရိုက်ကူးရေးရှိနေလို့လေ၊ အဲ့ဒါနဲ့ ပွဲပြီးပြီးချင်း အဝတ်လဲခန်းထဲ မဝင်တော့ဘဲ သွားလိုက်တာ"

နောက်တော့ သူကထပ်ပြောလိုက်သည်။ "နောက်တစ်ခါ ငါ့ဆီ မက်ဆ့ခ်ျကြိုပို့ထားလိုက်လေ၊ နံပါတ်က တူတူဘဲ"

[LOL၊ ကျန်းခိုင်က ဘယ်လိုမရားမှုကြောင့် လာငိုနေတာလဲ? စုန့်လင်းချွမ်က သူ့နံပါတ်က အရင်နံပါတ်နဲ့တူတူဘဲလို့ ပြော ယပေမယ့် ကျန်းခိုင်က ရှင်းရှင်းလင်းလင်းမသိသလို ဒီလေးနှစ်အတွင်းမှာလည်း သူ့ကိုဆက်သွယ်ဖို့ မကြိုးစားခဲ့ဘူးပေါ့?]

[အင်းးး... ကျန်းခိုင်ကို သံသယဝင်နေတာ ငါတစ်ယောက်ထဲဘဲလား?]

[မဟုတ်ဘူး နင်မှန်တယ်၊ စုန့်လင်းချွမ်ကို နာမည်ဖျက်ပြီး လူကြိုက်များတာကို မြှင့်တင်ဖို့ လူတွေရဲ့စာနာမှုကို နှိုးဆော်ဖို့ သူကြိုးစားနေတယ်ဆိုတာ သိသာနေတာဘဲ]

[ဂန္ထဝင် အနှိမ်ခံရတဲ့နည်းဗျူဟာနဲ့ ပြီးပြည့်စုံအောင် ကစားနေတာဘဲ]

ကျန်းခိုင်ရဲ့ အမူအရာမှာ ပုံမှန်အတိုင်းရှိနေပေမယ့် စိတ်ထဲမှာတော့ အံ့အားသင့်သွားသည်။

နှစ်တွေကြာလာတော့၊ စုန့်လင်းချွမ်လည်း တော်တော်ရင့်ကျက်လာတဲ့ပုံဘဲ။ အရင်တုန်းကဆိုရင်တော့ သူပေါက်ကွဲလိမ့်မှာဘဲ၊ ဒါပေမယ့် အခုတော့ သူက ဒီလိုမျိုးအေးအေးဆေးဆေးနဲ့ တုံ့ပြန်လာတယ်။

"ဒါကိုသိလိုက်ရတော့ ကောင်းတာပေါ့" ကျန်းခိုင်က တိတ်တိတ်လေး ငါးမျှားချိတ်ချလိုက်သည်။

သူ့စကားတွေက အပြစ်ကင်းတယ်လို့ ထင်ရပေမယ့် ကိုယ့်ထက်အဆင့်မြင့်တဲ့သူကို အောက်ကြို့ပြောနေပုံပေါ်စေသည်။

ဒီတစ်ခါတော့ စုန့်လင်းချွမ်က သူ့ကို တစ်ချက်တောင် မကြည့်ဘဲ ဝတ်ကျေတန်းကျေ ခေါင်းညိတ်ပြလိုက်သည်။

တစ်ဖက်လူက သူ့ငါးစာကို လာမဟပ်တာမြင်တော့ ကျန်းခိုင် လွှတ်ပေးချင်စိတ်မရှိတော့ပေ။

Z-liste သရုပ်ဆောင်အဖြစ် နှစ်ပေါင်းများစွာ သူပင်ပန်းခဲ့ရသည်။ သူရဲ့ အရင်က အဖွဲ့ဝင်တွေဟာ ပိုပိုပြီး နာမည်ကြီးလာတာကို ကြည့်ရင်းနဲ့ သူ့အတွက် ဟန်ချက်မညီမှုတွေက ပိုတိုးလာသည်။

ဘာလို့လဲ?!

သူ လူတိုင်းဆီကနေ လျစ်လျူရှုခံထားရတဲ့အချိန်မှာ စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့က ဘာလို့ ထိပ်တန်းကြယ်ပွင့်တွေဖြစ်လာရတာလဲ?

ဖေးခွမ်ရဲ့ အပြောအဆို၊ အပြုအမူတွေဟာ ငါးရှဉ့်လိုမျိုး ချောမွတ်နေတဲ့အတွက် သူ့ကို အခွင့်ကောင်းယူဖို့ အခွင့်အရေးမရှိသလောက်ပင်။

ဒါကြောင့် ဖေးခွမ်အစား စုန့်လင်းချွမ် သူအာရုံစိုက်ထားတာဖြစ်သည်။ သူ ဒီကိုမလာခင် အရာအားလုံးကို စီစဉ်ထားတာဖြစ်သည် - စုန့်လင်းချွမ်က ‌‌ဒေါသကြီးပြီး ရက်စက်တတ်တဲ့ လျှာရှိတာကြောင့် သူ့ကို ဆွရတာ လွယ်လိမ့်မည်။

သူတို့ရဲ့ အဆင့်အတန်း ကွာခြားချက်ကြောင့် သူ့ကိုယ်သူ အွန်လိုင်းပေါ်မှာ ပြီးပြည့်စုံတဲ့ နစ်နာသူအဖြစ် ပုံဖော်နိုင်ပြီး၊ စာနာမှုတွေကို ခိုးယူရင်း စုန့်လင်းချွမ်ရဲ့နာမည်ကိုဖျက်ကာ တုန်လှုပ်ချောက်ချားစရာတွေ ဖန်တီးပြီး ဒီအရာတွေကို သူကိုယ်တိုင်အတွက် လှည့်စားနိုင်လိမ့်မည်။

ထိပ်တန်းကြယ်ပွင့်တစ်ယောက်ရဲ့ ကျော်ကြားမှုကို ကောင်းကောင်းအသုံးချနိုင်ရင် သူ့ကို မြှင့်တင်ပေးနိုင်လိမ့်မည်။

ကျန်းခိုင် အနေနဲ့ ဒီရှိုးကို လာရတာ မလွယ်ဘူးဆိုတာ သူ ရှင်းရှင်းလင်းလင်း သိသည်။ ဒီလိုအခွင့်အရေးမျိုး ဘယ်အချိန်ပြန်ရလာမလဲဆိုတာ မသိတဲ့အတွက် ဒီအခိုက်အတန့်ကို သူဆုပ်ကိုင်ထားရမည်။

All Chapters