အခန်း (၂၇)
Vol. 2 Ch. 27
သူ့အကြည့်တွေက သူတို့ဘေးနားက စုန့်အာ့နန်ဆီ ကူးလူးသွားသည်။ " မင်းက အန်တီလေးဘဲဖြစ်ရမယ်။ မင်းအကြောင်းကို ကြားဖူးပေမယ့် ဆုံဖို့ အခွင့်အရေး မရခဲ့ဘူး"
စုန့်အာ့နန်က ယဉ်ယဥ်ကျေးကျေးနဲ့ ခေါင်းညိတ်ပြလိုက်သည်။ "မင်္ဂလာပါ"
ကျန်းခိုင်က ရင်းနှီးဟန်ဆောင်လာသည်။ "အန်တီလေး၊ မင်္ဂလာပါ! ကျွန်တော်က ကောအာပါ"
ကောအာ? စုန့်အာ့နန် နည်းနည်းနားမလည်နိုင်ဖြစ်သွားရသည်။
နောက်တစ်စက္ကန့်မှာ အဲ့ဒါက စုန့်လင်းချွမ်ရဲ့ သွေးကြောတစ်ခုကို ထိသွားသလိုမျိုး သူက ရှေ့တိုးလာပြီး ကျန်းခိုင်ကို ကို တွန်းလိုက်သည်။ "ကျန်းခိုင် မင်းခေါင်းမကောင်းဘူးလား? !"
ကျန်းခိုင်က 'နစ်နာသူ' အဖြစ် ဟန်ဆောင်ကာ ခြေနှစ်လှမ်း နောက်ဆုတ်လိုက်သည်။ "လင်းချွမ်၊ အတည်မယူပါနဲ့၊ ငါက နောက်နေတာပါ၊ မကောင်းတဲ့စိတ်မရှိပါဘူး"
ဒါပေမယ့် စုန့်လင်းချွမ်က မလွှတ်ပေးဘဲ ကျန်းခိုင်ရဲ့ ကော်လာကို ဆွဲကိုင်လိုက်သည်။
စက္ကန့်အနည်းငယ်ကြာ တုန်လှုပ်သွားကြပြီးတဲ့နောက်မှာ အခြားအမျိုးသား guest တွေက တို့နှစ်ယောက်ကို အမြန်ခွါလိုက်သည်။
[မိန်းကလေးတစ်ယောက်နဲ့ ပတ်သတ်ပြီး ဟာသလုပ်တာက ယုတ်ညံ့တဲ့အပြုအမူဘဲ၊ ကျန်းခိုင်ရဲ့ ကြောက်စရာကောင်းတဲ့ စရိုက်ကို ထင်ထင်ရှားရှားမြင်လိုက်ရတာဘဲ]
[WTF ကျန်းခိုင်က အရမ်းရွံစရာကောင်းတာဘဲ၊ 'အန်တီလေး' က သာမာန်အခေါ်အဝေါ်ဖြစ်ပေမယ့် သူ့ ဟာသနောက်မှာ စုန့်လင်းချွမ်က သူမကို အဲ့လိုမျိုး ဘယ်လိုလုပ်ခေါ်နိုင်တော့မှာလဲ?]
[သေစမ်! ကျန်းခိုင် နင့်ကိုယ်နင် အရမ်းရယ်စရာကောင်းတယ် ထင်နေလား?]
[ဟက်၊ သူ လူကြိုက်မများတာ မအံ့သြတော့ဘူး သူနဲ့တန်တာဘဲ]
[ဝိုး၊ စုန့်လင်းချွမ်က ဘာလုပ်တာလဲ? အဲ့ဒါက တီဗီဒရာမာက ကိုးကားထားတဲ့ဟာသပဲ မဟုတ်ဘူးလား?]
[စုန့်လင်းချွမ်ဖန်တွေရေ သိပ်ပြီး မပိုလို့ရမလား? အဲ့ဒါကို ဒီတိုင်း ဟာသအဖြစ်နဲ့တောင် မမှတ်ပေးနိုင်ဘူးလား?]
[စုန့်လင်းချွမ်က ဒေါသကြီးပြီး မာနကြီးတယ်လို့ ကြားဖူးတာ အခုမှယုံတော့တယ်]
[ဟက်၊ ကင်မရာအရှေ့မှာ အရှက်မရှိ ကြမ်းတမ်းနေတာ စုန့်လင်းချွမ်က ဘယ်လိုတောင် မျက်နှာပြောင်နိုင်ရတာလဲ?]
...
စုန့်အာ့နန်က စုန့်လင်းချွမ်လက်ကိုဆွဲလိုက်ပြီး ခေါင်းယမ်းပြလိုက်သည်။ "လင်းချွမ်၊ သူက နောက်နေတာလို့ ပြောတယ်လေ။ အဆင်ပြေပါတယ်"
စုန့်လင်းချွမ်က တစ်ခုခုပြောဖို့ ပါးစပ်ဖွင့်လိုက်ပေမယ့် ခဏလောက် တုံ့ဆိုင်းသွားပြီး နောက်ဆုံးမှာ ငြိမ်သွားသည်။
ကျန်းခိုင် တိတ်တိတ်လေး ဝမ်းသာသွားသည်။
အဲ့ဒီအချိန် စုန့်အာ့နန်က သူ့ကို ရုတ်တရက် လှည့်ကြည့်လာပြီး ပြောလိုက်သည်။ "တောင်းပန်ပါတယ် ဒါပေမယ့် အဲ့ဒီဟာသကို ကျွန်မတကယ်နားမလည်ဘူး။ ကျွန်မကို ရှင်းပြပေးလို့ရမလား?"
ဒီစကားတွေက ရိုက်ကွင်းထဲက လူတွေကို ကြောင်သွားစေပြီး ပရိသတ်ထဲမှာလည်း ခဏလောက် ထိတ်လန့်သွားရသည်။
ဒါပေမယ့် စုန့်အာ့နန်ကတော့ ကျန်းခိုင်ကို သူမနားမလည်တာ ရှင်းပြပေးဖို့ ဆရာမကို မေးနေတဲ့ ကလေးတစ်ယောက်လိုပင်။
ကျန်းခိုင်ရင်ထဲ တင်းကျပ်လာသည်။
စုန့်အာ့နန်က တကယ်နားမလည်တာလား၊ ဟန်ဆောင်နေတာလားဆိုတာ သူ မသိပေ။
ဒါပေမယ့် မတော်တရော် အဓိပ္ပါယ်သက်ရောက်တဲ့ ဒီဟာသကို သူဘယ်လိုရှင်းပြရမှာလဲ? 'အန်တီလေး' နဲ့ 'ကောအာ' က စုံတွဲတွေမို့လို့ ငါက မင်ကိုအခွင့်အရေးယူလိုက်တာလို့ ရှင်းပြလိုက်သင့်တာလား?
အဲ့ဒါကို သူထုတ်ပြောရဲပါ့မလား?
ကံမကောင်းစွာနဲ့ သူ မပြောရဲဘူး!
ဒီတိုင်း သာမာန်ကာလျှံကာ ပြောလိုက်တဲ့ ဟာသတွေကို ပွင့်ပွင့်လင်းလင်း ရှင်းပြတဲ့အခါ အဲ့ဒီဟာသတွေက အပျက်သဘောဆောင်တတ်သည်။
ကျန်းခိုင်က အကြောင်းပြချက်တစ်ခုပြောဖို့ မဆုံးဖြတ်ခင် နည်းနည်း စေ့စေ့တွေးလိုက်သည်။
အဆိုးဆုံးကတော့ သူက variety show အကျိုးသက်ရောက်မှုအတွက် ဒရာမာက ဟာသကိုကိုးကားထားတယ်လို့သာ ရှင်းပြနိုင်မည်။
ဒါမှဘဲ ပြဿနာက တစ်ဖက်လူကို ဖိအားပေးဖို့ ခက်ခဲစေနိုင်သလို သူ့ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုကိုလည်း ပါးနပ်စွာနဲ့ ပြသနိုင်လိမ့်မည်။
ရှစ်ချင်က ကျန်းခိုင် အတွေးထဲကဟာကို မြင်နေရသလို အေးအေးဆေးဆေး မှတ်ချက်ပေးလိုက်သည်။ "အာ့နန်၊ မင်းက ဒီတလောမှ ၁၇နှစ်ပြည့်ထားတယ်လို့ အွန်လိုင်းမှာ ပြောနေတာ တို့တွေ့ခဲ့တယ် အဲ့ဒါက ဟုတ်လား?"
လေထုက ချက်ချင်း အေးခဲသွားသည်။
ကျန်းခိုင်ရဲ့ မျက်နှာပေါ်မှာလည်း တောင့်တင်းနေတဲ့အပြုံးတစ်ခုပေါ်လာသည်။
ရှစ်ချင်ရဲ့ မသက်ဆိုင်ဘူးလို့ထင်ရတဲ့ မှတ်ချက်ဟာ လူတိုင်းကို တစ်စုံတစ်ခုကိုသတိရသွားစေသည်။
စုန့်အာ့နန်က အသက်မပြည့်သေးဘူး။
[ကျန်းခိုင် နင်က အရွယ်မရောက်သေးတဲ့ မိန်းကလေးတစ်ယောက်ကို ဒီလိုမျိုးဟာသလုပ်ပြတယ်။ ဒါကဘယ်လိုပဲကြည့်ကြည့်၊ လုံးဝမကောင်းဘူး]
[Holy crap! အခုတော့ စုန့်လင်းချွမ်ဘာလို့ အရမ်းဒေါသထွက်ရလဲဆိုတာ ငါသိလိုက်ပြီ]
[အန်တီလေးစုန့်က ရာထူးကြီးပေမယ့် ကလေးပဲရှိသေးတာတော့ အမှန်ပဲ။ နင်က သူ့ကို ဒီလိုမျိုးယောက်ျားနဲ့ မိန်းမကြားက ကိစ္စကို ဟာသလာလုပ်တာ ဒီအပေါ်မှာ ဘယ်သူက စိတ်မတိုဘဲနေနိုင်မှာလဲ?!]
[ဟုတ်တယ်၊ အန်တီလေးကို တန်ဖိုးထားတဲ့ စုန့်လင်းချွမ်က အဲ့ဒါကိုသည်းခံနေမှသာ ထူးဆန်းဦးမှာ]
[တရားမျှတအောင်ပြောရရင် လူတိုင်းက စုန့်အာ့နန်ကို 'အန်တီလေး' လို့ ချစ်စနိုးခေါ်လေ့ရှိပေမယ့် 'အန်တီလေး'ဆိုတာက ဂုဏ်ယူစရာကောင်းတဲ့ အသုံးအနှုန်းဖြစ်နေတုန်းဘဲဆိုတာ ငြင်းလို့မရဘူး။ ကျန်းခိုင် ပြောလိုက်တဲ့စကားက တကယ့်ကို မလျော်ကန်တာဘဲ]
[မလျော်ကန်ဘူး? ဟားဟား၊ အဲ့ဒါက ဒီလောက်ထိ မရိုးရှင်းဘူး။ သွေးဆောင်ဖို့ ကြိုးစားနေတာကို အသေးအမွှားကိစ္စအနေနဲ့ ထားလိုက်ရင်တောင် ကျန်းခိုင်က ဥပဒေကို ချိုးဖောက်ဖို့ ကြိုးစားနေတာလို့ ငါပြောရလိမ့်မယ်!]
[Tsk tsk၊ သူ့ သေတွင်းသူတူးတာဘဲ]
[စုန့်လင်းချွမ် ရုတ်တရက် ထွက်လာတဲ့ ဒေါသက အဲ့ဒါထက် ပိုတယ်လို့ ငါထင်တယ်။ ငါ တိုက်ရိုက်လွှင့်တာကို ငါကြည့်နေခဲ့တာဘဲ၊ သူက ပုံမှန်ဆို ဒီလို စိတ်မြန်တဲ့လူ မဟုတ်ဘူး။ ငါတို့မသိတဲ့ နောက်ကွယ်က အကြောင်းတွေများ ရှိနေမလား?]
[အတိတ်က ရန်ညှိုးတွေရှိနေတယ်လို့ ပြောချင်တာလား? အဲဒါနဲ့ ဆက်စပ် နေလို့များလား?]
[အကြမ်းဖျင်း ခန့်မှန်းချက် - စုန့်လင်းချွမ် ကျန်းခိုင်ကို မထိုးခင် ဒီလိုမျိုး ကောလဟာလတွေ ရှိခဲ့တယ် မဟုတ်ဘူးလား? ဟိုတုန်းကလည်း သူ ဒီလိုမျိုး ပါးစပ်ကစားတာ ရှိနေတာများလား?]
[အဲဒါကြောင့် တကယ်ဆိုရင် ကျန်းခိုင် ဒီလိုအထိုးခံရတာက သူနဲ့လုံးဝ ထိုက်တန်တယ်]
...
စုန့်အာ့နန်နဲ့ ရှစ်ချင်တို့ ထောက်ပြလာတော့ ချီတုံချတုံဖြစ်နေကြတဲ့ အင်တာနက်အသုံးပြုသူတွေဟာလည်း ချက်ချင်းဘဲ တစ်ဖက်ကို ပြောင်းလာကြသည်။
စုန့်လင်းချွမ်အတွက် လုံးဝ အသာစီးရသွားသည်။
ကျန်းခိုင်က အံကြိတ်ထားပေမယ့် မျက်နှာပေါ်မှာ တောင်းပန်တဲ့အပြုံးနဲ့အတူ သူက ဒါကို ဟာသအဖြစ်ပြောလိုက်တာဖြစ်ပြီး အဲ့ဒီလောက်ထိ မတွေးမိလိုက်ဘူးလို့ ပြောလာသည်။
လေထုက တစ်ခဏလောက် မသက်မသာဖြစ်သွားသည်။
ဒါပေမဲ့ ရိုက်ကူးရေးက ဆက်လုပ်ရမှာ ဖြစ်တဲ့အတွက် ဒါရိုက်တာအဖွဲ့အတွက် စိတ်ခံစားချက်တွေ ပေါ့ပါးအောင်လုပ်ဖို့ အချိန်ရောက်လာသည်။
သူတို့က အရင်ဆုံး guestအသစ်ကို မိတ်ဆက်ပေးလာသည် - အသက် ၁၈နှစ်အရွယ် ကျန်းခိုင်ရဲ့ ညီမ ကျန်းယောင်ဟာ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေပြီးသွားပြီဖြစ်ကာ ကောလိပ်ကျောင်းသူတစ်ယောက် ဖြစ်လာတော့မည်ဖြစ်သည်။
ရိုးရှင်းတဲ့ လုပ်ထုံးလုပ်နည်းအချို့ကို လုပ်ပြီးတဲ့နောက်မှာ၊ သူတို့က ဒီနေ့ရဲ့ theme ဆီ ဦးတည်လိုက်သည်။
ဒါရိုက်တာက guestအဖွဲ့ရဲ့ ကိုယ်စားပြုတစ်ယောက်ကို မဲနှိုက်ခိုင်းပြီး test ကိုပြီးအောင်လုပ်ပြီးမှ နေ့လည်စာစားရမည်ဖြစ်သည်။
ချီမူရှစ်က စိတ်အားထက်သန်စွာနဲ့ စေတနာ့ဝန်ထမ်းလုပ်ပေးပြီး ဘယ်သူမှ မကန့်ကွက်ကြပါချေ။
ဒါပေမယ့် သူနှိုက်လိုက်တဲ့ မဲလိပ်ကိုဖွင့်ကြည့်လိုက်တော့ လူတိုင်းအံ့အားသင့်သွားကြသည်။
"ငါးသတ်တာ?" လီယုက မယုံနိုင်စွာနဲ့ ပြောလိုက်သည်။
ချက်ချင်းဆိုသလိုပဲ ဝန်ထမ်းတွေက ရေထဲမှာကူးခတ်နေတဲ့ ငါးတစ်ကောင်ပါတဲ့ ဇလုံကိုယူလာသည်။
အဲ့ဒါက ငါးအကြီးကြီးတစ်ကောင်ဖြစ်ပြီး လီယုရဲ့လက်မောင်းနဲ့ ယှဥ်ကြည့်တော့ ငါးက သူမရဲ့လက်ဖျံအထိရှည်သည်။
"ဒါကို တစ်ယောက်ယောက် လုပ်နိုင်လား?" လီယုက တခြားသူတွေကို မေးလိုက်သည်။
guest တွေက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။
[ဟာဟားဟား၊ ထုတ်လုပ်ရေးအဖွဲ့က လင်းနို့ကိုချက်ချင်း ငါးသတ်ဖို့ မြှောက်ပေးလိုက်တာလား? သွေးထွက်သံယိုတွေ]
[Tsk၊ နာမည်ကြီးတွေက သိမ်သိမ်မွေ့မွေ့တွေ ငါးကိုတောင် မသတ်နိုင်လောက်ဘူး]
[ငေါ့စရာ မလိုပါဘူး၊ ငါက နာမည်ကြီးမဟုတ်တဲ့ သာမာန်လူတစ်ယောက်ပါ၊ ဒါပေမယ့် ငါလည်း မလုပ်နိုင်ဘူး]
[LOL ငါ့အမေလည်း ဟင်းချက်နေတာ ဆယ်စုနှစ်ချီပြီ၊ ငါးတော့ မသတ်နိုင်ဘူး။ ဒါ လုံးဝပုံမှန်ပဲ ဟုတ်တယ်မလား?]
[ဟုတ်တယ်၊ ဒီနေ့ခေတ်မှာ ငါးဝယ်ဖို့ အသားဈေးသွား ဒါမှမဟုတ် စူပါမားကပ်သွားရင်၊ ဈေးသည် ဒါမှမဟုတ်ဝန်ထမ်းတွေက သေချာသန့်ရှင်းထားပေးတာ၊ အရမ်း အဆင်ပြေတယ်!]
...
guest တွေအားလုံးက ဒီဟာက အရမ်းလွန်လွန်းတယ်လို့ဆိုကာ ဒုက္ခရောက်နေကြပြီး အခြားတစ်ခုခုကိုပြောင်း ပေးနိုင်မလားလို့ မေးကြသည်။ ဒါပေမယ့် ထုတ်လုပ်ရေးအဖွဲ့ကတော့ အခိုင်အမာ ပြောလာသည်။
သူတို့ရဲ့ အကြောင်းပြချက်ကတော့ - ဒီအပိုင်းရဲ့ theme က ဘဝကို တွေ့ကြုံခံစားခြင်း ဖြစ်တာကြောင့် ပါဝင်ပစ္စည်းတွေကို ဆီလျော်အောင် ပြင်ဆင်ထားတာလို့ ဆိုကြသည်။
တစ်ခုခုကို သတိရသွားသလိုမျိုး လီယုက သူမယောက်ျား ကောရှို့ကို ကြည့်လိုက်သည်။ "အချစ်၊ ရှင်အရင်က ငါးသတ်ရတဲ့ ရှိုးတစ်ခု ရိုက်ဖူးတယ် မလား?"
ကောရှို့က သူ့နဖူးကို ကိုင်လိုက် ပြီး "မိန်းမ၊ မင်း မှတ်မိတာ မှားနေပြီ။ အဲ့ဒီငါးက အသေ၊ ကိုယ်က အကြေးခွံတွေကို ခြစ်ရုံဘဲ"
လီယုက သက်ပြင်းချလိုက်ပြီး "ဒါပေမယ့် လည်းရှင့်မှာ အတွေ့အကြုံ ရှိသေးတာဘဲလေ၊ စမ်းကြည့်မလား?"
သူ့မိန်းမက ပြောနေမှတော့ ကောရှို့လည်း ရွေးချယ်စရာမရှိတော့ဘဲ အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။
သူက ဇလုံထဲက ငါကိုခပ်လိုက်ပြီး စဉ်းတီတုံးပေါ်တင်လိုက်ကာ အသားလှီးဓားကို ယူလိုက်ပေမယ့် ဘယ်ကနေစရမလဲဆိုတာ မသိပေ။
တစ်စက္ကန့်လောက် စဉ်းစားကြည့်ပြီးတော့ ကောရှို့က သွေးထွက်နည်းမယ့် နည်းလမ်းကို သုံးလိုက်သည်။ သူကငါးသတိလစ်သွားအောင် ဓားနှောင့်ကိုသုံးလိုက်သည်။
သို့ပေမယ့် အင်အားအပြည့်နဲ့ ဓားကိုထိုးချလိုက်ပေမယ့် အနေအထားမှားသွားသည်။ ငါးကအရှုံးမပေးဘဲ အဲ့ဒီအစား ငါးအမှီးနဲ့ ကောရှို့မျက်နှာကို ရေစင်အောင် ခါထုတ်လိုက်သည်။
ဒီငါးကို ထုတ်လုပ်ရေးအဖွဲ့က အထူးတလည် ရွေးထားတာဖြစ်မည်။ အရမ်း တက်ကြွပြီး ဇွဲရှိလွန်းတယ်။
အရမ်းအားအပြည့်ဘဲ။
"တို့တွေ နေ့လည်စာကို ကျော်လိုက်ပြီး ငါးကို အသက်ရှင်ခွင့်ပေးလိုက်ရင်ရော?" လီယုက မျက်တောင်ခတ်ကာ အကြံပြုလိုက်သည်။
အဓိကကတော့ သူတို့ တကယ်မလုပ်နိုင်လို့ဘဲ။
တခြားသူတွေက မနက်စာ နောက်ကျမှစားထားတယ်ဆိုတော့ ဗိုက်သိပ်မဆာသေးပေ။ ဒီတစ်နပ်ကို အဆာခံလိုက်တာ ကြီးကြီးမားမားတော့ ကိစ္စတော့ မဟုတ်ပေ။
စဉ်းတီတုံးပေါ်မှာ လူးလွင့်နေတဲ့ငါးကို ကြည့်ရင်း စုန့်အာ့နန်က တစ်ခုခုကို တွေးနေပြီး နောက်တော့ ထုတ်လုပ်ရေးအဖွဲ့ဘက်ကို လှည့်လိုက်သည်။
"အပ်ချုပ်အပ်တွေရှိလား?" သူမမေးလိုက်သည်။
အပ်လား? ထုတ်လုပ်ရေးအဖွဲ့က နားမလည်သလို ကြည့်လိုက်ပြီး "မရှိဘူး..."
စုန့်အာ့နန်က စဉ်းစားနေပြီး နောက်တော့ သူမတို့ဒီကိုလာတုန်းက ဘေးခြံက အဖွားတစ်ယောက် ဖိနပ်တွေကို ဆူးချွန်တစ်မျိုးနဲ့ ချုပ်တာကို သူမရုတ်တရက် သတိရလိုက်သည်။
အဲ့ဒါနဲ့လည်း အလုပ်ဖြစ်လောက်တယ်။
"ဒီမှာ ခဏစောင့်၊ ကျွန်မ ပြန်လာခဲ့မယ်"
ပြောပြီးတဲ့နောက်မှာ စုန့်အာ့နန်က ခြံအပြင်ကိုပြေးထွက်သွားပြီး ဘေးခြံက အဖွားဆီ တန်းတန်းမတ်မတ်သွားလိုက်သည်။
"အဖွား၊ ဒီအပ်တစ်ချောင်းကို ခဏလောက် ငှားလို့ရမလားဟင်?" စုန့်အာ့နန်က အဖွားဖိနပ်ချုပ်ဖို့သုံးတဲ့ အပ်ကို ညွှန်ပြလိုက်သည်။
အဖွားက ဘာလို့လဲလို့တောင် မမေးဘဲ လွယ်လွယ်ကူကူ သဘောတူလိုက်ပြီး စုန့်အာ့နန်ဆီ အပ် ပေးလိုက်သည်။
စုန့်အာ့နန်က ရှင်းပြလိုက်သည်။ “အဘွား၊ ကျွန်မငါးသတ်ဖို့ ဒီအပ်ကို သုံးရမှာမို့ အဆင်ပြေလားဟင်?"
အဖွားက သူ့လက်ကို ပေါ့ပေါ့တန်တန် ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။ "ငါက ဘာလို့အဆင်မပြေရမှာလဲ? ဒီအဘွားကြီးမှာ စိတ်ဆိုးစရာဘာမှမရှိဘူး၊ သွား ဒါကိုသုံးလိုက်"
စုန့်အာ့နန်က သူမကို ကျေးဇူးတင်ကြောင်းပြောပြီး အပ်နဲ့အတူ ထွက်သွားလိုက်သည်။
စုန့်အာ့နန် ထွက်သွားပုံကို ကြည့်ပြီး အဖွားက မတတ်နိုင်ဘဲ စဉ်းစားကြည့်လိုက်သည်။
ငါးကို အပ်နဲ့ ဘယ်လိုသတ်မှာလဲ?
အဖွားသာမက၊ ခြံထဲရှိ guest တွေနဲ့တိုက်ရိုက်ထုတ်လွှင့်တာကိုကြည့်နေကြတဲ့ သူတွေလည်း အံ့သြနေကြသည်။
စုန့်အာ့နန်က အပ်ကို ဘာအတွက်ယူလာတာလဲ? သူတကယ်ပဲ ငါးကို အဲ့ဒါနဲ့သတ်မှာလား?
စုန့်အာ့နန်က အဓိပ္ပာယ်မရှိတာတွေ စဉ်းစားနေတယ်လို့ လူတိုင်း ခံစားရသည်။ အဲ့ဒီလိုမျိုး ပါးလွှာတဲ့ အပ်တစ်ချောင်းနဲ့ ငါးတစ်ကောင်ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ပါချေ။
စုန့်အာ့နန်က အပ်တစ်ချောင်းနဲ့ စဉ်းတီတုံးပေါ်က ငါးဆီ သွားလိုက်သည်။ နောက်တော့ ငါးခေါင်းပေါ်က အကွက်တစ်ကွက်ကို အပ်ထိပ်နဲ့ တိတိပပထိုးလိုက်သည်။
ခုနတုန်းက အသက်ရှင်နေတဲ့ငါးမှာ ချက်ချင်းဘဲ လှုပ်ရှားနေတာတွေ ရပ်တန့်သွားသည်။
စဉ်းတီတုံးပေါ်မှာ ဒီတိုင်းလဲနေသည်...
လူတိုင်း - "!!!"